ကိုကို့မို့ ချစ်တာလို့ ☹
"သမီးဗေဒါရေ မီးလေးတို့ကို သွားခေါ်ပါအုန်းကွယ်... ညစာစားဖို့ချိန်တောင်နောက်ကျနေပြီ ခုထိမဆင်းကြသေးဘူး...."
ဗေဒါ ဒေါ်မေမီအပြောကြောင့် လူစုံနေပြီဖြစ်တဲ့ ထမင်းဝိုင်းမှထလိုက်ပြီး ခက်သုပ်သုပ်အပေါ်ထပ်ကိုတက်လာလိုက်တော့သည်။
"ဒေါက် ဒေါက် သား..... မင်းခက်လေး... မီးလေးရေ.... ဒေါက်ဒေါက်......."
"ချက်, ဟင် မေမေလား... သားက တီလေးလားလို့"
ဗေဒါ တံခါးပွင့်လာတယ်ဆို ပြောလိုက်တဲ့သားစကားကြောင့် အခန်းထဲ တစ်ချက်ဝေ့ကြည့်လိုက်ပြီး
"သားတီလေးရော... ရေချိုးနေတာလား..."
"ဟင် သိဘူးလေ သားကျောင်းကပြန်လာကတည်းက တီလေးသားအခန်းထဲ မရောက်သေးဘူး"
ဗေဒါ မသိနားမလည်သလိုလေး မေးနေတဲ့ သားလေးကြောင့် သူမရင်ထဲ ထိပ်ခနဲဖြစ်သွားမိသည်။ မီးလေးဒီပေါ်တက်လာပါတယ် ဒီမှာမဟုတ်ရင်.... ဗေဒါမျက်ဝန်းတို့က ရေပြင်အခန်းဘက်ရောက်သွားခြင်းနဲ့အတူ ခက်သုပ်သုပ်ခြေလှမ်းတို့ဖြင့်
"ဒေါက်ဒေါက် ရေပြင်! ရေပြင်ရေ! ရေပြင်!"
"ကလစ်, အွန်း ဗေဒါပြော"
ဗေဒါ တစ်ကိုယ်စာသာ တံခါးဟထပြီး ခက်တည်တည်နဲ့မေးနေတဲ့ ရေပြင်ကြောင့် အခန်းထဲကို လှမ်းကြည့်ခြင်ပင်မယ့် ရေပြင်အရပ်ကိုမကျော်နိုင်တာမို့ အခန်းထဲ လည်တဆန့်ဆန့်နဲ့
"ဟိုလေ မီးလေးနင့်အခန်းထဲမှာလားလို့"
"ဟုတ်တယ်"
"ဟမ်! ဘယ်လို"
ရေပြင် သူ့ရှေ့မှာ ပြူးတုပြဲတည်းနဲ့ အံ့သြပြနေတဲ့ ဗေဒါကြောင့် သူစိတ်မရှည်သလို စုပ်သက်လိုက်ပြီး
"ဘာတွေ အံ့သြနေတာလည်း လင်အခန်းထဲမယားရှိတာ ဘာဖြစ်သွားလို့လည်း..."
ရေပြင် အသံခက်ဆက်ဆက်လေးနဲ့ပြောလိုက်တော့မှ ဗေဒါ အင်တင်တင် အားနာသလိုလေးနဲ့
"ဟို နင် နင်နဲ့မီးလေးက မ မပေါင်းတော့ဘူးဆို အဲ့ဒါမို့ ငါ..."
"ဘယ်သူပြောလည်း မပေါင်းဘူးလို့ သွားတော့ ထမင်းစားဖို့လာခေါ်တာမလား မစောင့်နဲ့တော့လို့ နောက်မှ ဆင်းစားမယ်ပြောလိုက်"
ဗေဒါ ညီမလေးရှိတယ်လည်းပြောသေး အသံလေးတစ်သံတောင်မကြားရတာမို့ ဝင်ကြည့်ချင်ပင်မယ့် မျက်နှာတည်တည်ကြီးနဲ့ရေပြင်ကြောင့် သားသားလက်ကိုဆွဲပြီးပဲ ထွက်လာခဲ့လိုက်တော့သည်။ အောက်ရောက်တယ်ဆို
"ဟော မီးလေးတို့ရော တစ်ခါတည်းမပါလာဘူးလား သမီး"
"ဟင် အော် ဟို သူ သူတို့နောက်မှဆင်းစားမယ်တဲ့မာမီ"
"အော် ခက်တော့တာပဲ ဒီကလေးတွေ မစားတောလည်းအတူတူ ဒါများ ကွဲမယ်ကွာမယ်လုပ်နေသေးတယ် တကယ်ပါပဲ...."
လှိုင်းခက်ထန် စကားအထစ်ထစ်ငေါ့ငေါ့နဲ့ ခေါင်းလေးငုံ့ပြီးပြောနေတဲ့ သူခလေးကြောင့် သူမျက်မှောင်ကျုံ့လိုက်ပြီး သူအနားဝင်ထိုင်လိုက်တယ်ဆို
"ခလေး ဘာဖြစ်လို့လည်း မျက်နှာလည်းမကောင်းဘူး.."
ဗေဒါ ဦးရဲ့ ခက်ကြိပ်ကြိပ်အမေးကြောင့် သူမဦးဘက်ကိုလှည့်ပြီး ခက်ဖြေးဖြေးသာ ခေါင်းခါလိုက်မိသည်။
"အွန်း အွန်း ဘာမှမဖြစ်ရင်လည်း စားတော့ ခလေးကြိုက်တဲ့ဟင်းပါတယ်"
"ဟုတ်"
ဗေဒါ ဦးကိုဟုတ်လို့ပြောလိုက်ရပင်မယ့် စိတ်တို့က ညီမလေးဆီမှာပါ။ ဟိုရပ်ပိုင်းကထိ ခါးခါးသီးသီးမပေါင်းနိုင်ပါဘူးလုပ်နေတဲ့ ညီမလေးက ခုချက်ခြင်းပြန်ပေါင်းမယ်ဆိုတာဟုတ်ရဲ့လား ခုလည်းညီမလေးကို သူမမတွေ့ခဒ့ရပေ။ ဗေဒါ တစ်အိမ်သားလုံး ညီမလေးကို ရေပြင်နဲ့ပြန်ပေါင်းစေခြင်ကြပင်မယ့်။ ဗေဒါကို အတ္တကြီးတယ်ပဲပြောပြော ဗေဒါသဘောထားက ညီမလေး စိတ်ချမ်းသာဖို့ပဲမို့ ညီမလေးဘက်က ရပ်တည်ခြင်သည်။ အိမ်ထောင်ရေးဆိုတာ အပြင်ဘက်က ကြည့်နေတဲ့ ပွဲကြည့်ပရိတ်သက်ထက် တကယ့်ပါဝင်လှုပ်ရှားသူတွေကသာ အသိဆုံးမို့ သူမညီမလေးဆန္ဒကို လွန်ဆန်ပြီး မဆုံးဖြတ်ခြင်ပါ။ ညီမလေး အဆင်မှပြေရဲ့လား....
အောက်ထပ်မှာတိပ်ဆိပ်နေသလောက် အပေါ်ထက်က ရေပြင့်အခန်းထဲတွင်တော့
"လူယုပ်မာကြီး!.... အယုပ်တမာကောင်ကြီး!.... မင်းရက်စက်ကြီး.!.... သူများကို ဟီးးးးးးး ဘုတ်! ဘုတ်! လူယုပ်မာကြီး... အရှက်ကိုမရှိတဲ့သူကြီး...! ရှင်ကြီးကိုမုန်းတယ်သိလား...!... ဟီးးးးးးး"
ရေပြင် စောင်ထူကြီးကို ခေါင်းထိ ထိုင်ရပ်လေး ခြုံထားပြီး သူမဘေးနားကရှိသမျှ အရာတွေနဲ့ သူ့ကိုကောက်ပေါက်ရလွန်းလို့ ကုတင်ပေါ်မှ သူမခြုံထားတဲ့စောင်တစ်ထည်သာရှိတော့သည့်အထိပင်။ ရေပြင်အတော်ကြာအောင် စောင့်နေသည်အထိ ငိုနေတာ မတိတ်သေးတဲ့သူမလေးကြောင့် သူထိုင်နေရာကထိလိုက်ပြီး
"မင်း ဒီနေ့တိပ်ရော တိပ်အုန်းမှားလားခခ"
"မတိပ်ဘူး ငိုအုန်းမှာ တစ်ညလုံးလည်းငိုအုန်းမှာ မနေနိုင်ရင် ရှင်ကြီးခခကို ကွာပေးလိုက်လေ"
"ကျစ် မင်းဒီစကားထပ်ပြောပြန်ပြီလား..."
"ပြောမှာပဲ ရှင်ကြီးအကျင့်မကောင်းတာ မီးခုသိနေပြီသိလား... အရင်က ရှင်ကြီးကို အပိုင်လိုခြင်ခဲ့တဲ့ ခခကိုလည်း မုန်းတယ် ရှင်ကြီးကိုမုန်းတယ်သိလား...!.... ဟီးးးးးးးး"
ရေပြင် မုန်းတယ်ကြီး အထပ်ထပ်ပြောကာ အငိုသန်နေသူလေးကြောင့် သူမှားများ မှားပြီလားဆိုတဲ့အတွေးနဲ့ ဝရံတာဘက်ထွက်လာလိုက်တော့သည်။ ဘယ်တော့မှ မသောက်တက်တဲ့ စီးကရက်ကိုအဖော်ပြုရင်းပေါ့
ခခ သူမကို စုပ်သက်ပြီး ဝရံတာဘက်ထွက်သွားတဲ့ ကိုကို့ကြောင့် သူမငိုအားကို ပိုကြီးလိုက်မိသည်။ စောနက မမအသံကြားလို့ အော်ခေါ်မယ်လုပ်တုန်း သူမကို မညှာမတာ အော်မရအောင် အဝတ်နဲ့စည်းထားပြီး နောက် သူကပဲပြောရတယ်ရှိသေး မင်းအမသိသွားမှာ မင်းမရှက်ဘူးလားတဲ့....
"ဟင့် အဟင့် ဟီးးးးးး ရှင်ကြီးကိုမုန်းတယ်သိလား.... အမြဲ ရှင်ကြီးစိတ်တိုင်းကျပဲနေနေရတဲ့ ခခကိုယ် ခခလည်း မုန်းလာပြီသိလား... ဟီးးးးးး"
ခခ ပါးစပ်ကသာ မုန်းတယ်ကြီးအထပ်ထပ်ဆိုနေပင်မယ့် လက်တွေ့မှာတော့ သူမနှလုံးသားတွေက သူမစကားတွေကို ညင်းဆိုနေခဲ့သည်လေ....
ရေပြင် သူ့အတွေးတို့က ဘယ်လောက်ထိကြားသွားသည်မသိ သူသတိပြုမိချိန် ကောင်းကင်မှာ ကြယ်တွေ ဟိုတစ်လုံးဒီတစ်လုံးထွက်နေပြီဖြစ်သည်။ လက်ထဲက ရဲနေဆဲဖြစ်တဲ့ စီးကရပ်ကို ဝရံတာမှာ ဖိခြေလိုက်ရင်း....
"ဟူး............. ကျစ်"
ရေပြင် သက်ပျင်းမောကြီးနဲ့အတူ ပွရောင်းပြီးသားဖြစ်နေတဲ့ဆံပင်တို့ကို ထိုးဖွ စုပ်သက်ရင်း သူ့ခြေလှမ်းတို့ကို အခန်းထဲဘက်ဦးတည်လိုက်လေသည်။ အခန်းထဲရောက်တယ်ဆိုရင်ပဲ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်
"ကျစ် မင်းအတော်ဆိုးနေပါခခ...."
ရေပြင် တစ်ခန်းလုံး ခေါင်းအုန်းထဲကငှက်မွှေးတွေနဲ့ပြန့်ကျဲနေအောင်လုပ်ထားပြီး သူမလေးကတော့ စောနကအတိုင်း သူ့အင်္ကျီကြီးနဲ့ မွေ့ယာပေါ်မှာ မြုပ်နေအောင်အိပ်လို့ပင်။
"ကျစ်"
ရေပြင် စုပ်သက်ခြင်းနဲ့အတူ ရေမချိုးနိုင်သေးပဲ တံမြက်စည်းတစ်ခေါင်းနဲ့ဂေါ်ပြားကိုင်ကာ သူမလေးမွှေထားသမျှ လိုက်ရှင်းနေရသည့်အဖြစ်ပင်။ အတော်ကြာအောင် ရှင်းလင်းပြီးနောက် သန့်ပြန့်သွားတဲ့အခန်းကို စိတ်ကျေနပ်သလို တစ်ချက်ဝေ့ကြည့်လိုက်ပြီး သူမလေးဆီမျက်လုံးအရောက်...
"အဟက် ဘယ်လိုလေးလည်းကွာ..."
ရေပြင် ကုတင်ကိုတစ်ယောက်ထဲအပိုင်းစီးပြီး ခြေကားယားလက်ကားယားနဲ့အိပ်နေတာ အသံပိစိလေးပါ ထွက်နေသည်အထိပင်။ ငိုထားရလွန်းလို့လားမသိ နီးမြန်းမြန်းနဲ့မို့မို့အစ်အစ်လေးမျက်နှာလေးက တစ်မျိုးလေးချစ်စရာကောင်းနေတာတော့အမှန်ပါ။
"အဟွန်း"
ရေပြင် မျက်တောင်လေးတွေ ရှုပ်ယှပ်ခက်နေတဲ့မျက်ဝန်းအစ်အစ်လေးကို ခက်ဖွဖွနမ်းလိုက်ကာ ကန့်လန့်ဖြစ်နေတဲ့သူမကိုယ်လုံးလေးကို သေချာနေရာပြန်ရွှေ့ပြီး စောင်လေးနဲ့ထွေးထားပေးလိုက်သည်။
"ဖရော......."
ရေပြင် ရေပန်းဖွင့်လိုက်တယ်ဆို တရဆက်ကျရောက်လာတဲ့ ရေစက်တွေကို ခေါင်းမော့ကာ အသင့်ခံယူရင်း နားထဲ ပဲ့တင်ထက်နေတာက သူမလေးရဲ့ မုန်းတယ်ဆိုတဲ့စကားတွေပင်။ ရေပြင် နံရံကို လက်တစ်ဖက်ထောက်ကာ ခေါင်းငိုက်စိုက်နဲ့ မျက်ဝန်းတို့ကိုပိတ်ယှပ်ကာ နှုတ်ခမ်းတို့က တိုးတီးစွာ ဆိုလိုက်သည်က...
"မမုန်းပါနဲ့...."
>>>>>>>>>>>>>>>>>>
"ကလင် ကလင်" " ရဲရဲရေ အိမ်ရှေ့မှာ ဂျာနယ်သွားယူလိုက်ပါအုန်းကွယ်" "ဟေးးး ဒါမှ သားဖိုးဖိုးကွ"" သားသားရေ... သားသား..."
ခခ နားထဲရောက်လာတဲ့ အောက်ထပ်ကအသံတွေကြောင့် မျက်ခုံးလေးတွေ တွန့်ချိုးသွားမိသည်။ သို့သော် အခန်းထဲမှာ မှောင်နေတုန်းလို့ သူမခံစားမိနေသည်။ ထို့နောက် သူမကိုယ်က ခက်လေးလေးပြီးဖြစ်နေတာမို့ တစ်ဖက်သို့ လှိမ့်လိုက်မယ်အလုပ်
"ကျစ် ငြိမ်ငြိမ်နေလေကွာ...."
"ဟင်!"
ခခ သူမနားနားက အသက်ခက်သြသြကြောင့် ကိုယ်လုံးလေးတုန်ခနဲဖြစ်သွားခြင်းနဲ့အတူ ချာခနဲ ခေါင်းကိုလှည့်ကြည့်လိုက်တယ်ဆို
"ဒုတ်! အ့! ဟင်! အား...... ကျွတ် ကျွတ် ခခ မင်း... အ့! ကျစ်.."
ရေပြင် မရှူ့မလှခံစားလိုက်ရတဲ့ နှာခေါင်းကို လက်နဲ့အုပ်ရင်း ထထိုင်လိုက်ရသည့်အဖြစ်ပေ။
ခခ သူမခေါင်းနဲ့စောင့်မိပြီး အတော်နာသွားပုံရှိတဲ့ကိုကိုကြောင့် သူမစိုးရိမ်သွားသလိုရှိပင်မယ့် သတိဝင်လာပြီး
"ခခတွေ ဘာတွေလုပ်မနေနဲ့ ရှင်ကြီး သူများကို အသားယူနေတုန်းက ယူနေပြီးတော့ ဖြစ်တာတောင်နည်းသေးတယ်.. ဟွန့်"
ရေပြင် ခုထိ မွှန်နေတုန်းဖြစ်တဲ့ နှာခေါင်းကို ကိုင်ရင်း မျက်နှာမဲ့ရှုံကာ
"ကျစ် ခခ မင်းတော်တော် အကြင်နာတရားမရှိတဲ့သူပဲ ကျစ်"
"မရှိဘူး... မရှိဘူး... ကိုယ့်ပါကိုယ်သာဆေးထည့်လိုက်တော့ ဟွန့်"
ရေပြင် သူ့ကိုပြောပြီးတယ်ဆို တံခါးဘက်သွားနေတဲ့ခခကြောင့် သူ ခက်မြန်မြန်ခြေလှမ်းလိုက်ရင်း...
"ဟေ့! ဟေ့! ဒါဘယ်လည်း!..."
ခခ နောက်ကအသံကြီးကြောင့် အခန်းပြင်ပြေးထွက်လိုက်ပြီး တံခါးပိတ်မို့ပြင်လိုက်ပင်မယ့် ဆက်ခနဲ တံခါးရွက်ို ဆုပ်ကိုင်လိုက်တဲ့သူကြီးကြောင့်
"ဘာလည်း!... ဘာလည်း.!.. ခခရေမချိုးရတော့ဘူးလား.!.. ခခ မနက်စာစားရအုန်းမယ် ရှင်ကြီးအခန်းထဲမှာ ခခအသုံးဆောင်တွေ ဘာမှမရှိဘူးလေ! ဘာလည်း ခခဒီပုံတိုင်း အောက်ထပ်ဆင်းရမှာလား.."
ရေပြင် သူ့ကိုရန်တွေ့သလို အသံစာစာလေးနဲ့ပြောနေတဲ့သူမလေးစကားကြားမှ နှုတ်ခမ်းတွန့်ပြုံးလိုက်ပြီး
"အဟွန်း.. ဒါဆိုလည်းမြန်မြန်လုပ်လိုက် breakfastစားဖို့ကိုယ်လာခေါ်..... ဒုန်း!"
ရေပြင် သူ့စကားမဆုံးခင် ဒုန်းခနဲပိတ်သွားတဲ့ တံခါးကြောင့် သူခက်ပြုံးပြုံးစုပ်သက်လိုက်ရင်း
"ကျစ် ဘယ်လိုကောင်မလေးလည်းမသိဘူး.."
ခခ အခန်းထဲရောက်တယ်ဆိုတာနဲ့ ဘုန်းခနဲ မွေ့ယာပေါ်ပစ်လှဲလိုက်ပြီး
"ဟွန့်! သူခေါ်တာနဲ့ အပြီးလုပ်ထားရမယ့်စတိုင်နဲ့ အမြဲဆရာကြီးလုပ်တဲ့သူကြီး မုန့်ဖို့ကောင်းလိုက်တာ.. ဘုတ် ဘုတ် ဘုတ် ဟွန့်"
ခခ နှုတ်ခမ်းလေးဆူပြီး ဘေးနားကရှိတဲ့ ခေါင်းဦးလေးကို ထုရိုက်နေရင်း... အတွေးတစ်ခုခေါင်းထဲရောက်လာကာ....
"ဟင်! ငါ ငါ့ရဲ့ပထမဆုံးလေးကိုပေးလိုက်ရပြီလား.... ဟုတ် ဟုတ်တယ်.... ဟင့် အဟင့် အီးးးးးး ငါ့ရဲ့ပထမဆုံးလေး......... ဟီးးးးးး ချစ်လွန်းမတို့နဲ့ငါက မတူတော့ဘူးပေါ့ ဟီးးးးးးးး အဲ့ဒါ ဟိုလူကြီးကြောင့် ဟီးးးးးး"
"လိုတာတွေဖြည့်ဆည်းပေးတဲ့ တို့ကိုကြီးရေ အိုးအိုအို..🎼🎼🎼... လူတကာကို ယုံတက်လို့ရယ် စိတ်ပူရတယ်..🎼🎼... တီ! အေး!..ပြော! ရွှတ်!"
ခခ ငိုလို့အရှိန်ကမသေသေးပဲ ချစ်လွန်းမဆီကဖုန်းကြောင့် ခက်စောင့်စောင့်ကိုင်လိုက်မိသည်။
ချစ်လွန်း ဖုန်းကိုင်လိုက်တယ်ဆို တစ်ဖက်က ခက်စောင့်စောင့်အသံနဲ့ ခခကြောင့် သူမ လန့်ပြီး ဖုန်းကိုပြန်ကြည့်လိုက်မိသည်အထိပင်။ နောက်မှ
"ဟဲ့! မိခမ ဘာဖြစ်တာလည်း... လန့်တာဟယ်.."
ခခ တစ်ဖက်ကအမေးကိုပြန်မဖြေနိုင်သေးပဲ တီရှူးစလေးကို နှာခေါင်းမှာတေ့လိုက်ပြီး
"ရွှတ် ဟင့် ဘာမှမဖြစ်ဘူး...."
"ဟင် နင့်ဘာမှမဖြစ်ဘူးဆိုတာကြီးကလည်း... ငိုသံပါကြီးနဲ့ ပြောမှာသာပြော ဘာဖြစ်နေတာလည်း မနက်စောစော"
"ဟင့် အဟင့် ဟီးးးး ဘားမှမဖြစ်ပါဘူးဆို!..... ထက်မမေ့နဲ့! ထက်မေးရင် နင့်ကိုblပစ်လိုက်မှာ ဟီးးးး"
ချစ်လွန်းလည်း တစ်ဖက်က အသံပြဲကြီးနဲ့ထငိုချလိုက်တဲ့ ခခကြောင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားကာ
"ဟမ် အော် အေးအေး အေးပါဟယ်.. ဒါ ဒါဆို ငါပြောစရာရှိတာတော့ပြောမယ်နော်..."
"ပြော! ရွှတ်"
"ဟင် အေးအေး ဟိုလေ အကို အကိုမဟော်က ဒီနေ့ပိတ်ရက်ဆိုတော့ ငါတို့ကို ရုပ်ရှင်လိုက်ပြမယ်တဲ့ ထိုင်းကနာမည်ကြီးသရဲကားရုံတင်တယ်တဲ့ အဲ့ဒါနင်လိုက်မလားလို့...."
ခခ အကိုမဟော်ဆိုတဲ့ အသံကြောင့် သူမတစ်ချက်တွေသွားပင်မယ့်' အို.... သူကြီးမသိလောက်ပါဘူး....'
"အွန်း... လိုက်မယ် ဘယ်တော့လည်း... အခုပဲ ငါတောင်ပြင်ဆင်ပြီးပြီ လျှောက်လည်အုန်းမှာတဲ့"
"ဟဲ့! အခုသွားမှာကို ဒီချိန်မှ ဖုန်းဆက်ရလား... ညနေမှဆက်လိုက်ပါတော့လား..."
"အဟွန်း... နင်ကလည်း ငါမေ့တက်တာသိရဲ့သားနဲ့"
"အွန်း... အခုနင့်အိမ်ကနေ ထွက်လာလိုက်တော့ ငါအသင့်ပြင်ထားလိုက်မယ်"
"အေးအေး"
>>>>>>>>>>>>>>
ရေပြင် သူကိုယ်တိုင်လည်း ရေချိုးပြင်ဆင်ပြီးပြီမို့ သူမလေးအခန်းကို သွားခေါ်ပင်မယ့် သူမလေးမရှိတော့တာမို့ အောက်ထက်ကိုဆင်းလာတော့လည်း အရိပ်အယောင်တောင်မတွေ့တာကြောင့်
"မာမီ ခခကိုတွေ့မိသေးလား..."
"အော်... ခုနကပဲ ချစ်လွန်းလေးတို့လာခေါ်သွားတယ်လေကွယ်...."
"ဗျာ!"
"ဟုတ်တယ်လေကွယ်... ရုပ်ရှင်သွားကြည့်ကြမို့ဆိုလား..."
"ကျစ်"
ဒေါ်မေမီ စုပ်သက်ပြီးထွက်သွားတဲ့ သားကိုကြည့်ပြီး သူမခေါင်းခါနေမိသည်။ နေနိုင်တာလည်း မဟုတ်ပဲနဲ့ ဒီနှစ်ယောက်ကတော့.....
◾◾◾◾◾◾◾◾◾◾◾◾◾◾◾
စာဖတ်သူအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ပြည့်စုံပြီး တစ်ခဏတာမျှ စိတ်အမောတွေ ပြေနိုင်ကြပါစေရှင်🙏
စာဖတ်သူများကို အစဥ်လေးစားလျှက်
#မြူခိုးဝေဝေ