book

Index 20

အပိုင်း (၂၀)

ကိုကို့မို့ ချစ်တာလို့ ☹


"ဟျောင် ရေပြင် မင်းဇနီးလေး ရန်ဖြစ်လို့တဲ့ကွ"


"ဘာ!!!"


>>>>>>>>>>>>>>>


"ဒါဆို အကိုမဟော်က ပါချုပ်ရဲ့အချစ်တော်မြေးလေးပေါ့"


"အဟွန်း... ထင်လို့ပါ ကိုယ်က ဖွားတွက်အဲ့လောက်ချစ်ဖို့မကောင်းဘူး.."


"အာ... မဟုတ်တာ... ချစ်ဖို့ကောင်ပါတယ်..."


"အဟက် တကယ်လား..."


မဟော်ရဲ့ အဓိပ္ပါယ်ပါပါ အမေးကို ခခတစ်ယောက် ရိုးရှင်းစွာ ပါးမို့လေးတွေမို့တက်သည်ပထိ ရယ်ပြလိုက်ပြီး


"အဟွန်း တကယ်ပြောတာပါဆို"


"အဟွန်း..... ဟုတ်ပါပြီကွာ.... ဒါဆို ခခတို့အဖွဲ့နဲ့ သူငယ်ချင်းဖြစ်ပြီလို့မှတ်လိုက်ပြီနော်..."


"ခိ ဟုတ်"


ခခက ဟုတ်လို့ပြောနေပင်မယ့် ချစ်လွန်းကတော့ လက်မခံခြင်ပါ။ ကိုကြီးပြောထားတယ် အကိုမဟော်က အရမ်းလျှို့ဝှက်ပြီး မိန်းကလေးကိစ္စနဲ့ပတ်ရင်လည်း အတော်ပွေတဲ့သူတဲ့ ခုလည်း ခခကိုကြည့်နေတဲ့မျက်လုံးတွေက ရိုးရှင်းမနေဘူး။ ဒါကို ဟိုမိန်းမကလည်း သွားအဖြီးသားနဲ့... ဒါကို ဆရာသာမြင်ကြည့် 


"ဟင်း......"


ချစ်လွန်းရဲ့ ဟင်းဆိုတဲ့သက်ပျင်းချသံကြီးက ခခတို့ စကားရပ်သွားသည်အထိပင်။


"ဟဲ့ ချစ်လွန်း နင်ဘာဖြစ်နေတာလည်း.. သက်ပြင်းကြီးကလည်း.."


ချစ်လွန်း ကိုယ့်အတွေးနဲ့ကိုယ်သက်ပြင်ချပြီးမှ သူမကိုခက်စူးစူးကြည့်နေတဲ့ အကိုမဟော်နဲ့မျက်လုံးခြင်ဆုံတော့မှ ဆက်ခနဲဆိုသလို မျက်နှာလွှဲလိုက်ပြီး


"ဘာ! ဘာမှမဖြစ်ပါဘူး ဟို စကားပြောလို့ပြီးရင် ငါတို့သွားရအောင် နောက်တစ်ချိန်စတော့မယ်"


ချစ်လွန်းပြောမှ ခခနဲ့မူပို သတိရသွားဟန်နဲ့ အိပ်တွေထဆွဲပြီး


"ဟုတ်တယ် ဟုတ်တယ် သွားမှ သွားမှ ကြည့်စမ်းမေ့နေတာ.. တီချယ်ဝင်နေပြီလားမသိဘူး... ကျစ်..."


ခခ ချစ်လွန်းနဲ့မူပိုတို့ ရှေ့ကထွက်သွားပြီမို့ သူမလည်း သွားမို့ပြင်ပြီးမှ အေးဆေးထိုင်နေဆဲဖြစ်တဲ့ အကိုမဟော်ကြောင့် 


"ဟင်! အကိုမဟော်ဘာလုပ်နေတာလည်း... သွားမယ်လေ အတန်းစတော့မယ်"


မဟော် သွားမို့ဆဲဆဲ ခုမှသတိရသွားပုံရှိတဲ့ကောင်မလေးကြောင့် သူခက်ဟဟရယ်လိုက်ပြီး


"အဟွန်း သွားတော့ အကိုမတက်တော့ဘူး ဒီနေ့မတက်ဖြစ်လောက်တော့ဘူး"


"ဟင်! ဟုတ် ဒါဆို ခခသွားပြီနော်"


"အင်းအင်း"


ခခ အစကအပါခေါ်အုန်းမို့ပင်မယ့် အချိန်ကလည်းနီးနေတာမို့ ဟုတ်တလုံးနဲ့ မူပိုတို့ကိုမှီအောင်ပြေးလိုက်ခဲ့တော့သည်။


ထိုမြင်ခွင်းကိုကြည့်နေတဲ့ ရေပြင်မျက်နှာကတော့ ပြိုတော့မယ့် မိုးလိုအုံ့မှိုင်းနေခဲ့ ဖြစ်နိုင်ရင် သူပြေးဆွဲဆောင့်ခေါ်လိုက်ခြင်ပင်မယ့် ဆရာဂုဏ်ရှိနေတာမို့ ဆန္ဒတို့ကို သိက္ခာနဒ့ ခဝါချလိုက်ရသည်။ 'မင်းအိမ်ရောက်မှ တွေမယ်ခခ'


မဟော် သူ့ကိုပြောပြီတာနဲ့ ပြေးထွက်သွားတဲ့ ခခ ကျောပြင်ကိုကြည့်ရင်း မျက်လုံးထောင့်က ခုထိရှိနေဆဲအရိပ်ကိုကြည့်ပြီး မဲ့ပြုံးတစ်ချက်ဖြစ်သွားမိသည်။


"Sorry ဦးရေပြင်ညီ ခခကသိပ်ချစ်ဖို့ကောင်းလွန်းနေလို့"


"ဒီးးးးးဒီးးးးဒီးးးးးး"


မဟော် သူ့စကားဆုံးတယ်ဆို စာပွဲပေါ်ကတုန်ခါလာတဲ့ဖုန်းကြောင့် သူစုပ်သက်လိုက်ရင်း


"ကျစ် ပြော"


".............."


"အဟက် ထားလိုက်တော့ မလိုတော့ဘူး အဲ့ကိစ္စကို ထက်မစုံစမ်းနဲ့တော့ အဲ့မှာရှိတဲ့ မဟော်groupကိုပဲ မင်းသေချာထိန်းထား သိပ်မကြာခင် ငါပြန်လာခဲ့မယ်.... တီ..........."


မဟော် ကျသွားပြီဖြစ်တဲ့ဖုန်းကို အကြောင်းမဲ့ငေးကြည့်ရင်း လက်ထဲမှာ လိုသလိုလှည့်နေကာ


"အစကတော့ မင်းကို ဒယ်ဒီအတွက်လက်စားချေမို့ပဲ ဒါမယ်..... အဟက် မင်းအရမ်းချစ်ဖို့ကောင်းနေတယ်ပန်းမြိုင်လယ်...."


>>>>>>>>>>>>>>


"ဖွားရေ...! မာမီ...!.. မမ...! မီးပြန်ရောက်ပြီနော်... ဟူး... မောတာ......"


ဒေါ်မေမီနဲ့ဗေဒါ သိုးမွှေးထိုးနေတုန်း အ​လောတကြီးပြေးကာ ဒေါ်မေမီကိုပြေးဖက်လိုက်တဲ့ ခခကြောင့်


"အမလေး.. လေး... ဘယ်လိုဖြစ်လာတာလည်းမီးလေးရယ်.... ဖြေးဖြေးလုပ်ပါ ကိုယ်ကမိန်းကလေးလေကွယ်...."


ဒေါ်မေမီစကားကြောင့် ခခဖက်ထားတဲ့လက်လေးကို ခက်စောင့်စောင့်လေးဖြုပ်လိုက်ကာ နှုတ်ခမ်းလေးဆူနေရင်း


"ဟွန့် ခခဘာလုပ်လုပ် အကုန်ပြောနေကြတာပဲ ခြေလှုပ်ခြေပြော လက်လှုပ်လက်ပြော ကြာလာတော့ မီးမာမီတို့ကို မချစ်ခြင်တော့ဘူးသိလား..."


"အမလေး လေး မချစ်ပဲနဲ့တော်မနေပါနဲ့တော်... ဒီကမာမီတို့ကမနေနိုင်လို့ပါတော့ အဟွန်း.... ကဲကဲ မောလာပြီမှတ်လား... ရဲရဲရေ! ရဲရဲ!"


"အမလေး လာပြီတော်.... ဒီမှာ ခခလေးကြိုက်တဲ့ ဘလူးဘယ်ရီလေး......"


ခခ ပြောပြောဆိုဆိုနဲ့ ဘလူဘယ်ရီခွက်လေးကိုင်ပြီး လိမ်ဖယ်လိမ်ဖယ်နဲ့ ထွက်လာတဲ့ ရဲရဲစကားကြောင့် မျက်လုံးလေးတွေ မှိတ်စင်းသွားသည်အထိ အစွမ်းကုန်ပြုံးပြလိုက်ပြီး


"ဟီး... အဲ့ဒါမို့ ရဲရဲကိုချစ်နေရတာ ရဲရဲကို ယောက်ျားတောင်မပေးစားခြင်တော့ဘူး မီးနားမှာပဲနေရမယ်နော်..."


ပုဆိုးကြီးဝတ်ထားတဲ့ရဲရဲတစ်ယောက် မီးလေးအပြောကြောင့် ပါးကုပ်နားကုပ်ဖြစ်ကာ


"အို.... မီးလေးကလည်း... ဘယ်လိုတွေပြောနေတာလည်း ရဲရဲက ယောက်ျားကြီးလေ ဘယ်လိုယူလိုရမှလည်းလို့ တကယ်ပဲ အဟွန်း..."


ခခ သူမရှေ့မှာ နွဲ့နွဲ့နောင်းနောင်းရှက်ပြနေတဲ့ရဲရဲကြောင့် သူမရယ်နေရင်း


"အမလေး... ရရင်တော့ ယူမယ်မဟုတ်လား..."


"ယူမှာပေါ့လို့... အို မီးလေး..."


"အဟွန်း... ပြောသားပဲ..."


"ကဲကဲ တော်တော် ရေသွားချိုးတော့ မီးလေး နောက်ကျနေအုန်းမယ် တော်ကြာ အအေးပတ်နေအုန်းမယ်"


"ဟီး ဟုတ် ဒုန်း ဒုန်း ဒုန်း ဒုန်း ဒုန်း"


"အို လှေကားကို ပြေးမတက်နဲ့လေ မီးလေးရဲ့ ချော်လဲမှဖြင့် အော်... ဒီကလေးနဲ့...."


ရေပြင် အပေါ်ထက်မှာ စာတမ်းပြုစုနေရင်း အောက်ထပ်က သူမလေးအသံဆာဆာကြောင့် နာရီကြည့်လိုက်တော့၄နာရီပင်ထိုးတော့မှာမို့ သူမျက်နှာတင်းကနဲဖြစ်သွားပြီး လုပ်လက်စ စာတန်းကိုပဲ စိတ်နှစ်ပြီးလုပ်နေလိုက်သည်။ သို့သော် မနက်က မြင်ကွင်းကိုတော့ သူအာရုံထဲက မထုပ်နိုင်သေးပေ။ အတော်ကြာတော့ အပေါ်ထပ်ပြေးတက်လာတဲ့ သူမလေးအသံနဲ့အတူ သီချင်းသံကြောင့် သူ့ဒေါသတို့ကအတိုင်းထက်အလွန်မို့ ဖတ်လက်စ စာအုပ်ကို ခက်ကြမ်းကြမ်း ပိတ်လိုက်မိသည်အထိပင်။


"လိုတာတွေ ဖြည့်ဆည်းပေးတဲ့ တို့ကိုကြီးရေ အိုးအိုအို..🎼🎼🎼🎼." 


"လူတကာကိုယုံတက်လို့ကွယ် စိတ်ပူရတယ်🎼🎼🎼🎼..."


 " ဝိုင်းဝိုင်းလည်နေတဲ့.... အမလေး! ဒုန်း! ဟင် ရှင်ကြီး!"


ခခ ရုပ်တရင်ဆိုသလို ဖြစ်ပျက်သွားတဲ့ အဖြစ်ပျက်တွေကြောင့် သူမဘာမှမပြင်ဆင်လိုက်ရခင်ပဲ သူကြီးအခန်းထဲရောက်နှင့်နေပြီဖြစ်သည်။


"ဟုတ်တယ် ငါ မင်းယောက်ျား ရေပြင်ညီ!"


"ဘာယောက်ျားလည်း! ရှင်ကြီးနဲ့ခခနဲ့ ဘာဆိုင်လို့လည်း!"


ရေပြင် သူ့ကို အရင်နဲ့ခြားနားစွာ မျက်လုံးတောက်တောက်လေးတွေနဲ့ ပြန်ပြောနေတဲ့သူမလေးကြောင့် သူတကယ်အံသြမိတာတော့အမှန်ပါ။ 'မင်းအရင်နဲ့မတူတော့ဘူး ခခ...'


"တောက်! မင်းပါးစပ်က အဲ့စကားထပ်ပြောရဲပြောကြည့်ခခ!"


ခခ မျက်နှာကြီးနီရဲပြီး လည်ချောင်းရိုးကြီးတွေထောင်နေတဲ့အထိ အံကြိပ်သံကြီးနဲ့ပြောနေတဲ့ကိကိုကြောင့် သူမကြောက်တော့ ကြောက်မိသည်။ ကိုကိုဘာကိအလိုမကျဖြစ်နေတာလည်း....


"ရှင်ကြီး ခခလက်ကို ကိုင်ထားတဲ့လက်တွေလွှတ်လိုက်တော့နော် ကောင်းကောင်းပြောလို့ရတယ် ရှင်ကြီးဘာဖြစ်ခြင်နေတာလည်း.."


ရေပြင် တရှင်တည်းရှင်နေတဲ့သူမလေးကြောင့် သူမဲ့ပြုံးနဲ့အတူ


"မင်း ဒီနေ့သိပ်ပျော်နေတယ်မှတ်လား... အဟက် ဒါကြောင့် ငါ့ကိုမင်းကွာခြင်တာလား.. ဒီလောက်ထိဖြစ်နေရင်တော့ အခုမှစတဲ့ဇာတ့လမ်းမဟုတ်နိုင်ဘူး ဘာလည်း ဇာတ်လမ်းတွေက ငါတို့ဟမ်းနီးမွန်းမှာကတည်းက စခဲ့တာလား..."


ခခ နံရံမှာချုပ်ထားတဲ့ သူမလက်တွေကိုလည်းမလွှတ်ပေးသေးပဲ ခနဲ့တဲ့တဲ့ပြောနေတဲ့ ဟန်းနီမွန်းကတည်းကဆိုတဲ့စကားနဲ့အတူ ဒီနေ့သူမအကိုမဟာနဲ့တွေ့ခဲ့တာကို ပြန်မြင်ယောင်ပြီး အမြဲသူမပေါ်အထင်သေးတက်တဲ့ကိုကိုကြောင့်


"ဟုတ်တယ်! ဟုတ်တော့ဘာဖြစ်ခြင်လည်း... အဲ့ဒါမို့လည်း ရှင်ကြီးနဲ့တစ်ပတ်အတောအတွင်းကွာမယ်လို့ပြောတာပေါ့ အခုရှင်ကြီးမကျေနပ်ပြီလား...."


ရေပြင် ခခကပြောနေသလောက် သူကတော့  မာန်ဝင်စွာကြည့်နေတဲ့ မျက်လုံးလေးတွေနဲ့အတူ ထွက်ကျလာတဲ့ စကားလုံးလှလှလေးတွေရဲ့ မူရင်းနှုတ်ခမ်းလေးကိုသာ မျက်တောင်မခက်တမ်းကြည့်နေရင်း တဖြေးဖြေးနိမ့်ကျလာတဲ့ခေါင်းနဲ့အတူ


"ထက် ထက်ပြီးတော့မပြောပါနဲ့တော့ကွာ.. ဒီနှုတ်ခမ်းလေးတွေက...."


ခခ သူမကိုပြောလည်းပြော နိမ့်ကျလာတဲ့ကိုကို့မျက်နှာကြောင့် သူမခေါင်းငဲ့ရှောင်လိုက်ပင်မယ့်


"အွန်း...... အွန့် ဟင့်အင်း... လွှတ် ကို.. အင့် အွန်း... အွန်း!!!... ဟင့်အင်း... လွှတ် အွန့်"


ခခ သူမကိုနမ်းနေရင်းနဲ့ ဆွေ့ခနဲပွေ့လိုက်ခြင်းနဲ့အတူ အိပ်ယာဘက်သွားနေတဲ့ ကိုကို့ရဲ့ဦးတည်ချက်ကြောင့် 


"ဟင့်အင်း.. လွှတ်! ချပေး ခုချပေး.. ဟင့်အင်း နော်လို့... ဟီးးးးးးးး အွန့် အွန်းးးးးးး"


'Sorry ကလေး... မင်းကို ကိုယ်ဘယ်သူ့ရင်ခွင်ထဲမှ ထည့်မပေးနိုင်လို့ပါ ကလေးရယ်....' ရေပြင် ရင်ထဲမှတိုးတိပ်စွာပြောရင်း ထိမ်းချုပ်မှူကင်းမဲ့နေတဲ့စိတ်တို့နောက်ကိုလိုက်နေမှိရင်း........


◾◾◾◾◾◾◾◾◾◾◾◾◾◾◾


စာဖတ်သူအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ပြည့်စုံပြီး တစ်ခဏတာမျှ စိတ်အမောတွေ ပြေနိုင်ကြပါစေရှင်🙏


စာဖတ်သူများကို အစဥ်လေးစားလျှက် 

#မြူခိုးဝေဝေ


rate now: