ကိုကို့မို့ ချစ်တာလို့ ☹
ခခ သူမနိုးလာတယ်ဆို မနေ့က အဖြစ်တွေကို ခေါင်းထဲမှာ တစ်ခုပြီးတစ်ခု အစီအရီပေါ်လာကာ ' ဟင့် ကိုကိုမကြိုက်တာကို ငါအရင်လုပ်လိုက်တာ.... ငါများမှားသွားလား.......'
' အို မိခ နင်ဘာဖြစ်နေတယလည်း နင့်ကို ချစ််တယ်တောင်ပြောမထွက်ပဲ လက်ပါ ပါတဲ့ လူကြီးကို နင်ကခုထိချစ်နေတုန်းလား...'
"မချစ်ဘူး!!! ဝုန်း!!"
"ဟင်! တီလေး! တီလေး! တီလေးဘာဖြစ်တာလည်း! တီလေး!"
ခခ တစ်ယောက်ထဲ ညင်းဆန်ရင်း ဝုန်းခနဲထရပ်လိုက်တာကြောင့် ဘေးမှာ အိပ်ခြင်မူးတူးနဲ့ မင်းခက်ထန်လေးအသံကြားတော့မှ အသိဝင်သွားပြီး
"ဟင်! ဟင့်အင်း တီလေး တီလေးဘာမှမဖြစ်ဘူး အဟွန်း... အိမ် အိမ်မက်တာ အဟွန်း..."
ခခ ပြောလိုက်တော့မှပဲ ရှုံ့မဲ့နေတဲ့ မျက်နှာလေးနဲ့အတူ ဆံပင်တို့ကိုထိုးဖွရင်း
"ကျစ် တီလေးလုပ်တာနဲ့ သား အိပ်ရေးပျက်ပြီး နောက်နေ့ကျ ဖွားကိုပြောရမယ် သားတီလေးနဲ့အိပ်ခြင်ဘူး..."
"အောင်းမား...... နင်ကများ.... လူကြည့်တော့ လက်တောက်လောက်လေးနဲ့ အိပ်ရေးပျက်တယ်လေး ဘာလေးနဲ့ နာရီကိုကြည့် ဘယ်အချိန်.... ဟာ! သွားပြီ! ၈နာရီခွဲတော့မယ်!... နောက်ကျနေပြီ နောက်ကျနေပြီ ငါတော့သေပြီ ဝုန်း! ဒုန်း! အမလေး! အား!.. ကျစ် ဟဲ့ မင်းခက် တီလေးကို တီလေးဝတ်နေကျ ဖိနပ်ပန်းရောင်လေး ထုပ်ပေးထားနော် အမလေး နောက်ကျပြီ.... နောက်ကျပြီ...."
မင်းခက်ထန် နောက်ကျပြီ နောက်ကျပြီနဲ့ တစ်ချိန်လုံးရွတ်ပြီး အပြေးအလွှား လုက်နေတဲ့ သူ့တီလေးကိုကြည့်ပြီး စိတ်ပျက်သလို ခေါင်းခါလိုက်ခါ
"အဲ့ဒါမို့လည်း ကယ်လေးနဲ့ အဆင်မပြေတာ..."
"ဟွင်းဟက်ဟန်! ဟင်ဟောဟေဟာဟေ ဟာအဟုန်ဟားဟယ်ဟော်! ဖူး...! အဟမ်း! ငါ့အတွက် ဖိနပ်ထုပ်ထားလား..! အဟွတ် အဟွတ် အဟမ်း အရေးတည်း ဒီသွားတိုက်ဆေးကတစ်မျိုး"
မင်းခက်ထန် ရေချိုးခန်းထဲက ဗလုံးဗထွးနဲ့ ပြောပြီး တစ်ယောက်ထဲ ဝုန်းဒိုင်းကျဲနေတဲ့ တီလေးအသံကို စိတ်ပျက်သလိုလေးနဲ့
"ဘယ်မှာရှိလို့ ဘယ်မှာထုပ်ရမှာလည်း..! တီလေးပစ္စည်းတွေအကုန် ကယ်လေးအခန်းက မထုပ်ရသေးဘူးလေ"
"ဘာ!!!!"
...............
ခဏကြာပြီနောက်
"မင်းခက်ထန်! ငါပြောနေတယ်နော်! သွားယူပေးလို့!"
ရေချိုးခန်း ဝတ်စုံလေးနဲ့ ခါးထောက်ပြီး ကုတင်ပေါ်အေးဆေးထိုင်နေတဲ့ တူဖြစ်သူကို အမိန့်ပေးနေသူလေးက ခခပင်။
"အာ.... မယူခြင်ပါဘူးဆိုဗျာ.... တီလေးဘာသာသွားယူပါလား..."
"ဟဲ့ ငါကယူလိုမရလို့ပေါ့ဟဲ့ သွားယူဟာ.... နော်"
"မယူခြင်ဘူး ကယ်လေးသားကိူဆူမှာပေါ့"
"အောင်းမား.... ဆူရဲဆူကြည်ပါလား!.... သွားယူဟာ နော်....."
"အာ.. မယူပေးခြင်ပါဘူးဆို!"
"အေး နင် ဂျယ်လီချိုချဥ်မစားခြင်ဘူးလား အရသာတစ်မျိုးအသစ်ထွက်နေပြီနော် နင်ကြိုက်တဲ့........."
"Noပဲ..."
"ငါက ဝယ်တောင်ပြီးသွားပြီ ငါ့တူလေး စားရပါစေဆိုပြီ.... ခုတော့လည်း... ဟိုဘက်အိမ်က...... တီချောသမီးဘေးကိုပဲ..."
"တော်ပြီ! ခုသွားပြီ! ရပြီလား... သူ့ကိုတော့မပေးနဲ့နော် တီလေး..."
"အဟွန်း... အဟွန်း... စိတ်ချ တီလေးတူလေးအတွက်ပဲ အဟွန်း.."
"ဟုတ်"
ခခ သူမကိုသွားလေးတွေစီတန်းနေအောင်ပြုံးပြသွားပြီး လှစ်ခနဲပြေးထွက်သွားတဲ့ မင်းခက်ထန်လေးကိုကြည့်လိုက်ကာ ဆရာကြီးအထာတဲ့ မေးလေးကိုပွတ်လိုက်ရင်း
"အဟွန်း ခခပါ.. အပိုင်ရင် ခြင်တောင် ဘက်တန်နဲ့ရိုက်တာ... အဟွန်းဟွန်း..."
"ဒေါက်ဒေါက် ကယ်လေး... ကယ်လေး..."
ရေပြင် ရေချိုးခန်းထဲက ထွက်လိုက်တာနဲ့ အခန်းရှေ့က မင်းခက်ထန်လေးခေါ်သံကြောင့် သူ့အကြည့်တို့က သူမလေးဘီရိုဆီအကြည့်ရောက်သွားပြီး သူမျက်မှောင်ကျုံ့လိုက်ကာ
"ကလစ်, ဘာလည်း......"
"Wow........... ကယ်လေး ဗိုက်ကမိုက်လိုက်တာ! ခစ်"
ရေပြင် မေးနေတာကိုမဖြေဘဲ သူ့ဗိုက်ကို ထိုးဖို့ပြင်နေတဲ့ လက်ညိုးပိစိလေးကြောင့် ခက်မြန်မြန်ဖမ်းစုပ်လိုက်ရင်း...
"လာရင်းကိုပြောဟျောင်"
ခက်ထန်လေး ကယ်လေးဗိုက်ကအဖုအထစ်တွေကိုကြည့်ပြီး သူအားကျလို့မဆုံးဖြစ်နေမိသည်။ ငါကြီးလာရင် ကယ်လေးလိုဗိုက်ဖြစ်အောင်လုပ်မယ်။
ရေပြင် သူမလေးလွှတ်လိုက်တယ်ဆိုတာသိနေပင်မယ့် အခြေအနေအရမေးရမှာမို့ မေးနေပင်မယ့် မျောလွင့်ခြင်းနယ်ပယ်ထဲရောက်နေတဲ့ တူဖြစ်သူကြောင့် သူစုပ်သက်လိုက်ပြီး
"ကျစ် မင်းခက်ထန်!"
"ဟမ်! ဗျာ ဗျာ"
"မင်းဘာလာလုပ်တာလည်းလို့ မေးနေတယ်လေ"
ရေပြင်အော်လိုက်တော့မှ လာခြင်ကိစ္စ သတိရသွားပုံရှိတဲ့ မင်းလက်ထန်းလေး သွားလေးတွေကို အစွမ်းကုန်ပြုံးလိုက်ကာ
"ဟီး..... ဟို တီ တီလေး ခိုင်းလိုက်လို့"
"ဘာခိုင်းလိုက်တာလည်း..!. သူကကိုယ်ပါသာမလာနိုင်ရအောင်! ဘာဖြစ်နေလို့လည်း!"
ရေပြင် တစ်ဖက်အခန်းက လှစ်ခနဲတွေ့လိုက်တဲ့ မျက်လုံးဝိုင်းလေးတွေကြောင့် အသံကိုတမင်မာအောင်မေးလိုက်တာဖြစ်သည်။
တစ်ဖက်အခန်းက ခိုးနားထောင်နေတဲ့ ခခကတော့
"အောင်းမား... သူကြီးကများငါ့ကို့ ဟွန်း.... စိတ်ရှော့ခခ စိတ်ရှော့...."
နှစ်ယောက်ကြားက မင်းခက်ထန်လေးကတော့ သူ့ကယ်လေးရဲ့အသံမာမာကြောင့်
"ဟို ဟို ဒါ ဒါဆို သားသား သားသားတီလေးကိုပဲ လာယူခိုင်းလိုက်တော့မယ်နော်..."
ပြောလည်းအပြီး သူ့ရှေ့ကလှစ်ခနဲပျောက်သွားတဲ့ တူဖြစ်သူကိုကြည့်ပြီး ရေပြင်လှစ်ခနဲပြုံးလိုက်မိသည်။
တစ်ဖက်အခန်းက ခခကတော့
"ကျစ် ဟိုကဘာမှမပြောရသေးဘူး ပြန်ပြေးလာပြီ ကျစ်"
"တီလေး....!"
"ကြားတယ် ကြားတယ် ငါ့ပါသာပဲသွားတော့မယ် ဟွန့် အားကိုမကိုးရဘူး..."
"တီလေးကလည်း သားသားလည်း ပြောပေးတာပဲကို"
"ဘာပြောပေးတာလည်း ဘာမှတောင်မပြောရသေးဘူး နင်ပြန်လာတာလေ တော်ပြီ ငါပဲသွားတော့မယ်"
မင်းခက်ထန်လေး စောင့်ကြီးအောင့်ကြီးနဲ့ ထွက်သွားတဲ့ တီလေးကျောပြင်ကိုကြည့်ပြီး မျက်နှာလေးမဲ့လိုက်ပြီးမှ တစ်ခုခုသတိရသွားကာ
"အာ... တီလေး... အင်္ကျီမဝတ်ရသေးဘူးလေ"
ခခ ဟိုလူကြီးအခန်းရှေ့ရောက်တာနဲ့ မျက်နှာကို တီတင်းလိုက်ပြီး တံခါးခေါက်ဖို့ကို လက်ချာရွယ်ပြီးမှ မျက်နှာလေးကို ချီပြီး ဘေးတစောင်းလွှဲနေလိုက်ကာ
"ဒေါက် ဒေါက် ဒေါက် ဒေါက်"
"ဘယ်သူလည်း!"
ရေပြင် သူမလေးမှန်းသိရဲ့နဲ့ တမင်မေးလိုက်ခြင်းပါ
ခခသူမမှန်းသိရဲ့သားနဲ့ အကိုလုပ်ပြီးမေးနေတဲ့ လူကြီးကြောင့် ဒေါသပိစိလေးနဲအတူ
"ဒုန်း ဒုန်း ဒုန်း ဒုန်း"
"ဟ့! တံခါးကို ဘာလို့အဲ့လောက်ထုနေတာလည်း ဘယ်သူလည်းလို့မေးနေတယ်လေ! ကလစ်, အော်... မင်းကို.. ဘာကိစ္စငါ့အခန်းကို လာတာလည်း ပြောထားတာ တစ်ပတ်နော်... ခုမှ တစ်ရက်စမှာလေ"
ခခ တံခါးဖွင့်လာတာနဲ့ ရန်စကားစပြောတဲ့ လူကြီးကြောင့် သူမရဲ့မခံခြင်းစိတ်တို့သည်။
"အို! ဘယ်သူကရော ရှင်ကြီးအခန်းကို လာခြင်ပါတယ်ပြောနေလို့လည်း! တစ်ပတ်မဟုတ်ဘူး တစ်သက်သိလား..! ခုလည်း ခခပစ္စည်းတွေလာယူတာ ဖယ်!"
"ဟ! မင်း!"
ရေပြင် ပိုင်ဆိုးပိုင်နင်း သူ့ကိုတွန်းတိုက်ကာ သူမဘီရိုဆီသွားနေတဲ့သူမလေးကြောင့် သူဒေါသထွက်ပြီးပြောမို့ရှိသေး.. သူခုမှသေချာကြည့်မိတယ် သူမလေး ရေချိုးခန်းဝတ်စုံခုထိမလည်းရသေးတာလားမသိ ရေချိုးခန်းဝတ်စုံကလည်း သူ့ဆိုဒ်မဟုတ် ကလေးအရွယ်လေးပေ ထို့ကြောင့် ပေါင်းရင်းနားရောက်တော့မည့် အင်္ကျီအောက်ဆက်က မြင်လို့ရှူ့လိုမကောင်း ဧကန်န မင်းခက်ထန်လေး ဝတ်စုံများလား.... ကလေးဝတ်စုံနဲ့တောင် တော်တဲ့သူမကိုယ်လုံးလေး.... ရေပြင်ညီ သူ့အတွေးနဲ့သူ ပြုံးလိုက်ပြီး
"မတော်ရင်လည်း.... မဝတ်နဲ့ပေါ့ကွာ.... ဘယ့်နဲ့ ကလေးအင်္ကျီကိုမှလား... ဟားဟား ဒါမယ့် တစ်ချို့လူတွေကျ ဆိုဒ်စုံဝတ်လို့ကိုရနေတာ အဟက်"
ခခ အင်္ကျီတွေ အိပ်ထဲထည့်နေတုန်း နောက်ကနေပြောနေတဲ့ ဟိုလူကြီးလေသံတွေက သူမကိုရည်ညွှန်းနေသလိုမို့ အစက မသိသလိုလေးနေလိုက်ပင်မယ့် နောက်မှ သတိရသွားပြီး သူမကိယ် သူမငုံ့ကြည့်လိုက်ပြီး အာ.... သေပြီ မိခ မေ့ခြင်အုန်း... ရှက်လိုက်တာ... မြန်မြန် မြန်မြန်ထည့်မှ
"ခွက်! ဒေါက်! ဝေါ!..... အာ.... ကျစ် အမြန်လိုခြင်ပါတယ်ဆို..."
ရေပြင် သူပြောလိုက်မှ မျက်နှာလေးအောက်ငုံပြီး အဝတ်အိပ်နှစ်ထုပ်နဲ့ နောက်ဂိုင်းအိပ်တစ်ခုထဲ မှန်တင်ခုန်ပေါ်က ပစ္စည်တွေကို အတင်းတွန့်ချနေတာမို့ မှောက်တာမှောက် ပြုပ်ကျတာပြုပ်ကျနဲ့ တစ်ရောက်ထဲ အလုပ်တွေ ရှုပ်နေတဲ့သူမလေးကို ကြည့်ပြီး သူပြုံးလိုက်မိသည်။ ထို့နောက် သူကိုယ်တိုင်လည်း အင်္ကျီမလည်းရသေးတာမို့ ဘီရိုးနားသွားလိုက်ပြီး...
ခခ ကျသွားတဲ့ပစ္စည်းတွေကောက်နေတုန်း လှုပ်ရှားမှူတစ်ခုကိုတွေလိုက်ရတာမို့ ဆက်ခနဲကည့်လိုက်တယ်ဆို ဘုပ်ခနဲ သူမရှေ့ပြုပ်ကျလာတဲ့ ရေသပတ်ဖြူလွှလွှကြီးကြောင့်
"အားးးးးးး! လူယုပ်မာကြီး! အကျင့်မကောင်းတဲ့သူကြီး! ဒုန်း!"
ရေပြင် သူဘောင်းဘီဝတ်ပြီးသွားလို့ သပတ်ပစ်ချလိက်ရုံရှိသေး အသံကုန်အော်ပြီး ပြေးထွက်သွားတဲ့သူမလေးကြောင့် သူနားမလည်သလို မျက်မှောင်ကျုံ့လိုက်မိသည်။
"ကျစ် ဘယ်လိုကောင်မလေးလည်း... တံခါးကိုတောင် ဖြေးဖြေးမပိတ်သွားဘူး "
ရေပြင် အလိုမကျစွာ ပြောလိုက်ပင်မယ့် အင်္ကျီဝတ်ခြင်း နက်ကတိုင်တက်ခြင်းတို့ကို တစ်ဆက်တည်းလုပ်ကိုင်နေရင်း သူပြုံးနေမိသည်။ ဘယ်လိုအရူးမလေးပါလိမ့် ဖြစ်နိင်ရင် သူအသည်းယားစွာ သူမလေးမွန်းကျက်သွားသည်အထိ သူထွေးပွေ့လိုက်ခြင်သည်။ သူ ညက တစ်ညလုံး အိပ်မပျော်ခဲ့ပေ။ အမြဲသူ့ရင်ခွင်ထဲ တိုးဝင်အိပ်ပျော်နေတက်တဲ့သူမလေး ရုပ်တရပ် ပျောက်ရှသွားတဲ့ ရင်ခွင်လွတ်ကြီးက လေဟာနယ်သဖွယ်ပင် ထွေးပွေ့စရာ ကိုယ်နွေးနွေးအိအိလေး ပျောက်ဆုံးနေခဲ့သည်။ သူအကျင့်ဖြစ်သွားခဲ့တာလား... ဖြစ်နိုင်ရင် သူပြေးတွေလိုက်ခြင်ပင်မယ့် သူ့ဘက်က လိုက်လေ ပြေးလေ မာန်လေ ကဲလေသူမလေးကြောင့် သူ့ဆန္ဒတို့ကို ဝရမ်တာမှာ ဆေးလိပ်သောက်ခြင်းနဲ့ပဲ အချိန်ကုန်ဆုံးခဲ့သည်။ တစ်ခါမျှ မသောက်ဖူးတဲ့ ဆေးလိပ်ကို ကိုယ်သောက်တက်နေပြီ ခခ မင်းအရမ်းဆိုးလွန်းနေတယ် ခခရယ်....
>>>>>>>>>>>
"အမလေး.... ကျက်သီးထလိုက်တာနော်.... ကပ်သီးလေး.... တော်သေးလို့.... ငါလေးတွေ့တော့မို့... အမလေး.. ပြောရင်းနဲ့ ကျက်သီးတောင်ထလာပြီ လူယုပ်မာကြီး ငါ့ကို လာဖျားယောင်းနေတယ် ဟွန့်"
မင်းခက်ထန် လက်မှာလည်း အထုပ်တွေက အဆွဲတစ်မျိုး အလွယ်တစ်မျိုးနဲ့ ဗြုန်းစားကြီးဝင်လာပြီး အခန်းတံခါးကိုကျောမှီရပ်နဲ့ တစ်ကိုယ်လုံးတွန့်လိမ်ပြီး မဲ့ရွဲ့ပြောနေတဲ့ သူ့တီလေးကို အထူးအဆန်းကြည့်နေရင်း...
"တီလေး... ဘာဖြစ်လာတာလည်း.... ကယ်လေး ရိုက်လိုက်ပြန်ပြီလား..."
ခခ မင်းခက်ထန်လေး အသံကြားမှ သတိဝင်လာကာ သူမကိုယ်သူမအိန္ဒြေစယ်လိုက်ပြီး
"မရိုက်ပါဘူး ရိုက်ရဲ့ရိုက်ကြည့်ပါလား နင့်တီလေးပဲဟာ ပြန်ခံသက်လိုက်မှာပေါ့ ဟွန့်"
"ဟုတ် ဒါဆိုလည်း မြန်မြန်လုပ်တော့ အောက်မှာ ဖွားဖွားကြီးနဲ့ဖွားဖွားစောင့်နေတယ် ကျောင်းကို သားသားနဲ့တူတူလိုက်မှာလားတဲ့ ဖေဖေက ဆေးရုံချိန်နီးနေလို့ မြန်မြန်လုပ်ပါတဲ့"
ခခ ကျောင်းသွားဖို့ ဖီးလိမ်းပြီး အဆင်သင့်ဖြစ်နေတဲ့ တူတော်မောင်ကိုကြည့်ပြီး အထုပ်တွေနေရာချကာ
"အေးအေး တီလေးလာခဲ့မယ်လို့ပြောလိုက်"
"ဟုတ်"
ခခ မင်းခက်ထန်လေး အခန်းထဲက ထွက်သွားပြီဆိုတော့မှ သက်ပျင်းမောလေးချကာ...
"ဟူးးးးးးး တော်သေးတယ် ကလေးရှေ့မှာ မဟုတ်တာတွေ မပြောမိလို့ ငါကတော့လေ အရာရာနဲ့ အကြောင်းကြောင်းပဲ ကျစ်"
>>>>>>>>>>>>>>
ရေပြင် အားလုံးပြင်ဆင်ပြီး အောက်ဆင်းလာတယ်ဆို breakfastဝိုင်းမှာ သူမလေးရှိမနေတာမို့ ခုလောက်ဆို ပြာလောင်ခတ်နေလောက်ပြိီ
"အာ... သားလာ သမီးလေး.... အာ sorry"
ရေပြင် ဒယ်ဒီရဲ့ နှုတ်ကျိုးနေတဲ့စကားကြောင့် သူပြုံးလိုက်ပြီး
"အဟွန်း... ရပါတယ် ဒယ်ဒီ သူခုလောက်ဆို ယောက်ယပ်ခက်နေလောက်ပြီ"
"ခိ ဟုတ်တယ် ကယ်လေး သားတောင် ဝင်တိုက်မိမှာဆိုးလို့ ထွက်လာတာအဟွန်း..."
"မင်းခက်လေးနော် ကိုယ့်တီလေးကို"
"အာ... မေမေကလည်း သားသားတကယ်ပြောတာကြီးကို.."
"သားသားနော်..."
ဒေါ်မေမီ ဗေဒါလေးနဲ့မင်းခက်လေးတို့ အနိုင်ပြောနေကြတာကိုကြည့်ပြီးပြုံးလိုက်ကာ
"အဟွန်း..... မီးလေးတို့ထုံးစံလေ ကဲ ထိုင်ပါအုန်း... သားရယ် သွားတော့မို့လား.."
"ဟုတ် မသွားသေးပါဘူးမာမီ breakfastစားသွားအုန်းမှာ"
"အေးအေး သား သမီးလေးကို စိတ်မဆိုးဘူးဆိုတာ မာမီတို့သိပါတယ်ကွယ်... ဟို သား..."
"ထားလိုက်အုန်းမာမီ သူ့စိတ်ကြိုက်နေပါစေ ဆွဲထားလွန်းတော့ ထွက်ပြေးခြင်နေတာ သူဒိထက်ဆိုးလာရင် ထိန်းရခက်မယ် မာမီ သူ့ကိုခနလွှတ်ထားလိုက်ပါ"
ဒေါ်မေမီ သူမဆိုလိုခြင်တာနဲ့ တစ်ထပ်တည်းကျနေတာမို့ ကျေနပ်သောအပြုံးတို့နဲ့အတူ
"အဟွန်း.. သားသဘောပါပဲကွယ်... မာမီတို့ လူကြီးတွေအနေနဲ့ကတော့ အဆိုးဘက်မရောက်အောင် အတက်နိုင်ဆုံးထိန်းညှိပေးနေတာပဲ မီးလေးကလည်း အဲ့လောက်ကြီးထိတော့မဟုတ်ဘူးနော်သား သားကိုအရမ်းခင်တွယ်ရှာတဲ့ကလေးပါကွယ်..."
"အဟွန်း... ကျွန်တော်သိပါတယ်မာမီ ဒါဆို ကျွန်တော်သွားပြီနော် ကားကိုဂရုစိုက်မောင်းဟျောင်"
လှိုင်းခက်ထန် မသွားခင် အညွှန့်ကလေးအတက်ကလေးလုပ်သွားသေးတဲ့ ညီဖြစ်သူကြောင့် အရွဲ့တိုက်တိုက်နဲ့ပဲ
"နေ့တိုင်း ဂရုစိုက်မောင်နေတာ ဒီနေ့မှ ပရမ်းပတာမောင်းခြင်လာသလိုပဲ"
"အို.... မြေးကလည်း..."
"ရွဲ့ပြောတာဖွား အဲ့ကောင် အကဲကိုင်လွန်းလို့"
"အဟွန်း..."
"အား.... နောက်ကျနေပြီ နောက်ကျနေပြီ ကိုကိုရေ...... ကိုကို့ အယ်..."
ခခ မနက်တိုင်း နှုတ်ကျိုးနေတဲ့စကားကြောင့် သူမယောင်ခေါ်မိပြီးမှ တိပ်ဆိပ်နေတဲ့ breakfastဝိုင်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး
"ဟီး... sorry"
"အဟွန်း... သားကသွားပြီမီးလေးရဲ့ သားကြီးလိုက်ပို့လိုက်မယ်"
"ဟုတ် မီးကလည်း အဲ့လူကြီးကို လိုက်မပို့ခိုင်းပါဘူး ဟွန့်"
"မီးလေး...."
ဗေဒါ လူကြီးတွေရှေ့မှာမို့ ညီမဖြစ်သူကိုလှမ်းထောက်လိုက်ခြင်းဖြစ်သည်။
"အဟွန်း... ဟုတ်ပါပြီကွယ်... ကဲကဲ နောက်ကျနေတော့မယ် ၈နာရီတောင်ခွဲပြီးပြီနော်.."
"အယ် ဟုတ်တယ်တော့ ကိုကိုကြီး ထထ မီးနောက်ကျတော့မယ် အမလေး ဒုက္ခပါပဲ....."
ဒေါ်မေမီအပါအဝင် အိမ်ရှိလူကုန် မီးလေးတို့ ဝရုန်းသုံးခါး ထွက်သွားပုံကိုကြည့်ပြီး သက်ပျင်းချ ခေါင်းခါနေမိသည်။ ခခတစ်ယောက်တွက် ရင်လေးသေးတယ်.....
>>>>>>>>>>>>>>
"ဟင် သွားပြီ ကျစ် သူကြီးအချိန်ကျမှ ကျစ်"
ခခ အတန်းထဲ စာသင်နေပြီဆိုတာသိတာမို့ အမောတကောပြေးလာခဲ့ပင်မယ့် အတန်းဝရောက်တဲ့ချိန် သူကြီးအချိန်ဖြစ်နေတာမို့ စိတ်ညစ်သွားမိသည်။
"ကျစ် ဘယ်လိုလုပ်ရင်ကောင်းမလည်း..."
"ဟေ့ အဝမှာရပ်နေတဲ့တစ်ယောက် ဘာလုပ်နေတာလည်း ဝင်လေ"
ခခ သူမတွေးနေတုန်း သူမကိုလှမ်းခေါ်လိုက်တဲ့ သူကြီးကြောင့် အခန်းရှိလူကုန် သူမဘက်လှည့်လာတာမို့ ခက်မြန်မြန် အတန်းထဲဝင်ပြီး ချစ်လွန်းနားရောက်တယ်ဆို ထိုင်မို့လုပ်တုန်း
"ဟေ့! မင်းကို ဘယ်သူက ထိုင်ခိုင်လို့လည်း! မထိုင်နဲ့အုန်း.... ငါပြောတဲ့စကားဆုံးအောင်နားထောင်ပြီးမှထိုင်"
ရှင်ကြီးအလှည့်ဆိုတော့ လုပ်ထားလိုက်အုန်းပေါ့ ဦးရေပြင်ညီကြီး
"ဟုတ်"
ခခစိတ်တိုတိုနဲ့မို့ ဟုတ်ဆိုတဲ့အသံလေးက ခက်စပ်စပ်ဖြစ်သွားခဲ့ရသည်။
"ဘာလို့နောက်ကျနေတာလည်း ငါ့အချိန်မှာ အချိန်မတိကျတာကိုမကြိုက်ဘူးဆိုတာမသိဘူးလား.."
'ရှင်ကြီးမသိဘူးလားလို့' မေးလိုက်ခြင်ပင်မယ့် ဂျစ်ကန်ကန်လေးနဲ့ပဲ
"ဟုတ် သိပါတယ် ခခအိပ်ရာထနောက်ကျသွားလို့ပါ"
ရေပြင် ဆူပုပ်ပုပ်လေးနဲ့သူမလေးကြောင့် သူ့ကိုကျိမ်ဆဲနေပြီဆိုတာသိလိုက်တာမို့ ပြုံးခြင်နေပင်မယ့် ခက်တည်တည်နဲ့ပဲ
"မင်းအမှားကို မင်းပြန်ဆင်ခြင် နောက်ဒီလိုမဖြစ်စေနဲ့ကြားလား.."
"ဟုတ်ကဲ့ပါ ဆရာ"
ရေပြင် သူ့ကိုခက်ရွဲ့ရွဲ့ဖြေနေတဲ့သူမလေးကိုကြည့်ပြီး အသည်းယားနေမိသည်။ သို့သော်
"အွန်း ထိုင်လို့ရပြီ"
"ဟုတ်ကဲ့ပါ ဆရာ"
ရေပြင် အတော်ကြာအောင် စာသင်ပြီး အချိန်စိလို့ ပြန်ထွက်သွားချိန်တွင်တော့....
"ဟဲ့ ခခ နင်နဲ့ဆရာ အခြေနေက တင်းမာနေတယ်နော် အခြေနေဘာ်လိုလည်း မနေ့က နင်တို့ဘာဆက်ဖြစ်လိုက်လည်း ငါတို့လည်း...."
"ကဲ ကဲ တော်ပါတော့ဟယ် နင်တို့မေးခွန်းတွေက အသက်တောင်မရှူရဲတော့ဘူး... ငါနဲ့အဲ့လူကြီး နောက်တစ်ပတ်နေရင် ကွာတောင်ရှင်းတော့မှာ"
"ဘာ!!! ဆ ဆရာနဲ့"
"ဟုတ်တယ်..."
"ဘယ် ဘယ်လိုဖြစ်ပြီး...."
"ဒီလို ငါ့ကိုဒီကဆွဲခေါ်သွားပြီးတော့.................."
ခခရဲ့ ရှည်လျှားတဲ့ ရှင်းပြချက်တို့အပြီး
"ဟယ်...... နင်လွန်တာပေါ့ခခရယ် နင်ကအရင် ပါးချလိုက်တာလေ"
"ဟဲ့ အဲ့ဒါ ငါချခြင်ချတာမဟုတ်ဘူးလေ သူကြီးက အတင်း......."
"ဟဲ့ ဒါက လင်နဲ့မယား..."
"မပြောနဲ့! အဲ့လင်နဲ့မယားကြီးမပြောနဲ့ ခုပြီးပြီ သူကြီးနဲ့ငါ"
"ဟယ်.... မဟုတ်တာဟယ်... နင်ကလည်း... သူကနင့်ကို အမှန်ဆို အရှက်ကွဲပါစေဆိုပြီးလုပ်တာမှမဟုတ်တာ သူနင့်ကိုချစ်လို့လေ... အဲ့ဒါကြောင့် ခုလိုတွေ လုပ်လိုက်တာနေမှာပါ..."
မူပိုရဲ့ သူနင့်ကိုချစ်လို့လေစကားကြောင့် ခခမျက်နှာလေး နာနာကြီးကြီးမဲ့လိုက်ပြီး
"အဟွန်း... ထင်လို့ပါ နင်တို့ထင်လို့ပါ သူကြီးငါ့ကို မချစ်ပါဘူး သက်သက်စိတ်ပျက်အောင်လုပ်နေတာ.... အဟွန်း.. ဒါတွေနင်တို့မသိပါဘူး.... ကဲပြော! မနေ့က ဘယ်သူတွေ ကင်းရပြီး ကွင်းတွေရကြလည်း.."
မူပိုတို့လည်း ခခ စကားလမ်းကြောင်းလွှဲလိုက်တာမှန်သိပင်မယ့် ဒီချိန်မှာ သူမတို့ပြောလည်းနားမဝင်မှာမို့ အလိုက်သင့်လေးပဲ...
"အမလေးဟယ်... ဘယ်သူကမှာလည်း.. ညိုမီပေါ့ အစက နင်လေ နောက်သူ့ကိုပေးလိုက်တာ ကင်းကတော့ အကိုမဟော်ရတယ်"
"အော်.... ကောင်းပါတယ် သူတို့ရသင့်လို့ရသွားတာပဲဟာ.."
"ဟဲ့ ဒါမယ့် ညိုမီထက် နင်ကပိုပြီးရသင့်တယ်လေ နင်သာပြန်သွားတာကို အဲ့အကြောင်းဆို အခု ကျောင်းထဲမှာ အရမ်းhot......"
"ဟဲ့!"
မူပို အလိုက်မသိတက်လွန်းတဲ့ ချစ်လွန်းမစကားကြောင့် တံတောင်နဲ့တွပ်ပြီး သတိပေးရတဲအဖြစ်လေ။ ဟိုက မုန်းနေပါတယ်ဆို ပိုစွပေးမိသလို...
"အဟွန်း... ရပါတယ် မူပိုရယ်... ငါလည်း သိပါတယ်.."
"တော်ပြီ တော်ပြီ မနေ့က အကြောင်းတွေမပြောတော့ဘူး ထ ကန်တင်သွားရအောင်"
"ဟုတ်တယ် ငါလည်း ဗိုက်ဆာနေတာ မာမီထည့်ပေးလိုက်တာလေးကို အဝဆွဲရမယ်"
"အေးအေး ဆွဲဆွဲ ငါကတော့ ကြေးအိုးသောက်ရမယ် မသောက်ရတာကြာပြီ"
"ဟဲ့ ယောက်ျားနဲ့ဒီလောက်ပျက်မလိုဖြစ်နေတာတောင် စားနိုင်သောက်နိုင်သေးတဒ့သူတွေရှိသေးတယ်နော်"
"အေးဟယ် အံသြပါ့"
ခခ သူမတို့နားကနေ မကြားတကြားနဲ့ပြောသွားတဲ့ ညိုမီမတို့အဖွဲ့ကြောင့် လက်သီးလေးကျစ်နေအောင်စုပ်ပြီး
"ဟဲ့! ညိုပြာမ! နင်ခုနဘယ်သူ့ပြောသွားတာလည်း.."
ညိုမီတို့အဖွဲ့လည်း သူမတို့ကိုစေ့စေ့ကြည့်ပြီး ပြောချလိုက်တဲ့ ခခကြောင့် ဆက်ဆက်ထိမခံဖြစ်သွားပြီး
"ဘာ! ဘာ! နင် နင်ဘယ်သူ့ကိုညိုပြမလို့ခေါ်လိုက်တာလည်း.."
"နင့်ကိုလေ နင့်အမေတွေပေးထားတဲ့ နာမည်အလွဲကို ပြန်တည့်ပေးလိုက်တာ"
"ဘာ! လင်ဒယူးမကများ ငါ့ကို"
"အောင်းမား... နင်ကရူးတာလား... ငါကရူးတာလား... သူများလင်မယား ဘယ်တော့ကွဲမလည်း ရင်တထိပ်ထိပ်နဲ့ ဆွဲကောက်ဖို့စောင့်နေတဲ့ကောင်မကများ"
"ဟဲ့! ကောင်မ! နင်ဘာစကားပြောတာလည်း!"
"ပြောတာ နင်မကြားဘူးလား ညိုပြာမ"
"ကောင်မ...."
"ဟေ့! ဟေ့! မီ! မင်းတော်တော့ ပန်းမြိုင်လယ် မင်းလည်းတော်တော့ အတန်းထဲမှာဆိုတာလည်းသတိထားအုန်း.."
"မထားနိုင်ဘူး သူအရင် ခခကိုလာစောင်းပြောတာ"
"ဟဲ့ နင့်နာမည်တက်ပါနေလို့လား.."
"နာမည်ပါမှ သိရအောင် အရင်က နင့်အဘခေတ်မဟုတ်ဘူးဟဲ့"
"ပန်းမြိုင်လယ်! နင်!"
"ဘာဖြစ်ခြင်လည်း...!"
"ကဲ့ ပန်းမြိုင်လယ် ငါပြောနေတယ်တော်တော့ ချစ်လွန်းတို့! ခေါ်ထုပ်သွားလေ ဘာလုပ်နေကြတာလည်း! ညိုမီ နင်လည်းတော်တော့ နင်တို့လည်းကိုယ့်လူကိုယ်ခေါ်သွားတော့ တော်ကြာ ပါချုပ်ဆီရောက်နေမယ်"
မဟော်ပေါမှ ချစ်လွန်းနဲ့မူပိုလည်း မဟာကယ်တင်ရှင်ကြီးအလား ကျေးဇူးတင်းမဆုံးကြည့်နေတဲ့အကြည့်တွေကို အပြန် ဘရိတ်အုပ်ပြီး ခခကို ဘေးတစ်ဖက်ဆီက ဆွဲပြီး ခေါ်ထုပ်လာလိုက်တော့သည်။
>>>>>>>>>>>>
"ညိုပြာမ! ငါမကျေနပ်ဘူးသိလား ချစ်လွန်း.. အဲ့ဒါ ဟိုလူကြီးကြောင့်ဖြစ်ရတာ သူ့ကြောင့် ဟင့်"
ချစ်လွန်းတို့ ကန်တင်းရောက်တဲ့အထိ မပြီးနိုင်ပဲ ဘာမှမဆိုင်တဲ့ ဆရာကိုပါ အပြစ်ဖို့ပြီး ငိုနေတာ ခုနက စပ်စပ်ကျဲခခမဟုတ်တဲ့အတိုင်းပင်
"အေးပါဟယ်.... ခုလည်းပြီးသွားပြီပဲ ထားလိုက်ပါ လူတွေကအဲ့တိုင်းပဲ ပြောမနေနဲ့"
"ပြောမှာပဲ ဟင့် ရွှတ် တစ်ခါကွဲပြီးလို့ မရှိတော့ပါဘူးဆိုတဲ့ ငါ့အရှက်လေး ခုထက်ကွဲတော့ ရစရာကိုမရှိတော့ဘူးလေ ဟင့် ရွှတ် အဲ့ဒါ အဲ့လူကြီးကြောင့်ပေါ့"
"အဟွန်း... အဲ့လိုရှက်တက်နေရင် ခုနဘာလို့ ရန်ဖြစ်သေးလည်း..."
"မခံခြင်လို့ပေါ့လို့ ဟမ်! အကိုမဟော်..."
ခခ သူမစကားကို ဖြတ်မေးလိုက်တာမို့ ယောင်ပြီးဖြေလိုက်ပင်မယ့် အကိုမဟော်မှန်းသိလိုက်ချိန် ရုပ်ပျက်စင်းပျက်ဖြစ်နေတဲ့ ကိုယ့်မျက်နှာကြောင့် ရှက်သွားမိတာတော့အမှန်ပါ။
"ကျစ် ထောင့်ကျတဲ့ဝိုင်းမှာထိုင်ပါတယ်ဆို...."
မဟော် သူ့ရှေ့မှာ တွတ်ပွတွတ်ပွပြောနေတဲ့ ခခက်ိုကြည့်ပြီးပြုံးလိုက်ကာ
"အဟွန်း မရှက်ပါနဲ့ အဲ့လောက်ကြီး အလှမပျက်သွားပါဘူး"
"ဟင် ဟုတ်လား..."
ဒါကျ ဆက်ခနဲမော့ပြီးဖြေတဲ့ ခခကြောင့် သူထိုင်လိုက်ခြင်းနဲ့အတူ
"မင်းတို့အဖွဲ့နဲ့ မိတ်ဆွေဖြစ်တဲ့အနေနဲ့ ဒီတစ်ဝိုင်းကိုယ်ရှင်လိုက်မယ်နော်"
"ရှင်!!!"
အသံထွက်သွားသည်က ခခတို့သုံးယောက်လုံးပင်
>>>>>>>>>>>>
"ဟျောင် ရေပြင် မင်းဇနီးလေး ရန်ဖြစ်လို့တဲ့ကွ"
"ဘာ!!!"
◾◾◾◾◾◾◾◾◾◾◾◾◾◾◾
စာဖတ်သူအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ပြည့်စုံပြီး တစ်ခဏတာမျှ စိတ်အမောတွေ ပြေနိုင်ကြပါစေရှင်🙏
စာဖတ်သူများကို အစဥ်လေးစားလျှက်
#မြူခိုးဝေဝေ