ကိုကို့မို့ ချစ်တာလို့ ☹
"ပန်း!မြိုင်!လယ်!!!! မင်းခုချက်ခြင်းဆင်းလာခဲ့!!!"
"ဟင်!"
ကိုကို့ရဲ့အသံက ဗောက်သံတွေနဲ့မို့ သိပ်မကြားရပင်မယ့် ကိုကိုဘာပြောခြင်နေတယ်ဆိုတာ ခခသိနေသည်။ 'ဟင့်အင်း ကိုကို ဒီအခြေကျမှတော့ ခခဆင်းသွားလို့ မဖြစ်တော့ဘူးလေ'
ရေပြင် သူခေါ်နေတာကို သိရဲ့သားနဲ့ သူ့ကို ညင်းဆန်နေတဲ့ မျက်လုံးလေးနဲ့ နေရာမှာ ခက်တောင့်တောင့်လေး ရပ်နေတဲ့သူမလေးကြောင့် ဒေါသကအတိုင်းအထက်အလွန်။
"တောက်! မင်း ငါနဲ့တွေ့မယ်"
စည်သူ ခက်ကြိပ်ကြိပ်အသံနဲ့ မျက်နှာကြီးရဲပြီး ထွက်သွားဖို့ပြင်နေတဲ့ ရေပြင်ကို အမိအရလှမ်းဆွဲလိုက်ပြီး
"ဟျောင့်! မင်းဘာသွားလုပ်မို့လည်း ဟိုမှာ ပါချုပ်ကြီးလည်းရောက်နေပြီ မင်းမဟုတ်တာတွေ ရှောက်လုပ်မနေနဲ့"
ရေပြင် စည်သူ့စကားကို နားထောင်နေပင်မယ့် မျက်ဝန်းတို့က သူမလေးဆီမှာသာ.... ဘာတွေရမှာမို့ ဒီလောက်တောင်ပြိုင်ခြင်နေရတာလည်း
"တောက်! မင်းဖယ်လိုက် စည်သူ"
"ဟာ! ဟျောင်! ရေပြင်! ကျစ် ဟျောင့်!"
စည်သူ သူ့လက်ကို ခက်ကြိပ်ကြိပ်အသံနဲ့ ပုပ်ထုပ်ပြီး ထွက်သွားတဲ့ရေပြင်ကြောင့် သူနောက် ခက်မြန်မြန်ပြေးလိုက်သွားမိသည်။
"ဟင်! ဟင့်အင်း မလာနဲ့ ကိုကို ဟင့်အင်း ဟင့်"
ခခ စင်ပေါ်မှာရပ်နေပင်မယ့် သူမဆီ ဒေါသတကြီး လှမ်းလာနေပြီဖြစ်တဲ့ ကိုကို့ကြောင့် သူမမှာနေစရာမရှိတော့အောင့် ကြောက်လန့်နေမိသည်။
မဟော် သူ့အလှည့်ကိုစောင့်နေရင်း ခခရဲ့ မူပျက်နေပုံကိုကြည့်ပြီး သူမျက်မှောင်ကျုံ့လိုက်မိသည်။ ထို့နောက် ခခမျက်လုံးရဲ့ဦးတည်ရာကိုကြည့်လိုက်တယ်ဆို
"အဟက် ပွဲကတော့ကြည့်ကောင်းပြီ"
"ဟဲ့ မူပို ခခက ဘယ်လိုဖြစ်လို့ ကုပ်ချောင်းချောင်းဖြစ်နေတာလည်း practiceလုပ်တုန်းကတောင် အေးဆေးပါ...."
"အေးလေ ဘယ်လိုဖြစ် ဟာ! ဟယ်! ဆ ဆရာ.....!"
မူပို့တို့ ပွဲခင်းထဲက ဝေဖန်နေကြတုန်း စင်ပေါ်သို့ တက်ချသွားတဲ့ဆရာကြောင့် သူမတို့ မက်တပ်ထရပ်မိလိုက်သည့်အထိပင်။
ခခ ရုပ်တရပ်ဆိုသလို သူ့အမနားရောက်ချလာတဲ့ ကိုကို့ကြောင့် သူမအသနားခံသလို အကြည့်လေးနဲ့
"ကိုကို....."
"မင်းလာခဲ့!!!"
"အ! ကိုကို့! ဖြေးဖြေး!"
ရေပြင် အစီစဥ်ကြေညာတဲ့ ဆရာမ မေးတဲ့အသံတွေ နောက်က ဆူညံပွက်လောရိုက်နေတဲ့ အသံတွေ စတဲ့အသံတွေကို သူ့နားထဲ မဝင်နိုင်တော့ပဲ သူမလေးလက်ကို လွတ်ထွက်သွားမည်ဆိုးသည့်အလား ခက်ကြမ်းကြမ်းဆုပ်ကိုင်ပြီး ထွက်လာလိုက်တော့သည်။
ပွဲခင်းထဲက တောင့်တောင့်လေး ကြက်သေသေနေတဲ့ မူပိုနဲ့ချစ်လွန်းကတော့ ငေးကောင်းဆဲပင်။
"ဒုန်း! ဝင်စမ်း! အ့! ကိုကို!!!"
ရေပြင် ကားထဲရောက်တယ်ဆို သူ့ကို မျက်ထောက်နီလေးနဲ့ တစ်ခါမျှမကြည့်ဘူးတဲ့ နာနာကြီးကြီး အကြည့်လေးနဲ့ ကြည့်နေတဲ့ ခခကြောင့် သူကိုယ်တိုင်ကလည်း ဒေါသတွေ အတိုင်းအထက်အလွန်မို့
"မင်းငါ့ကို ဘယ်လိုအကြည့်နဲ့ကြည့်နေတာလည်း ခခ!!!"
"ကြည့်တက်သလိုကြည့်တာလေ! ဘာလည်း! ဒါလည်းကိုကိုမကြိုက်ပြန်ဘူးလား!"
ရေပြင် ဒေါသထွက်နေရတဲ့အထဲ သူမလေးရဲ့ ခနဲ့တဲ့တဲ့စကားကြောင့် သူ့ဒေါသတို့သည်။
"တောက်! ဒုန်း! မင်းစကားကိုပြင်လိုက်ခခ! မင်းကိုငါဒိထက် ဒေါသပိုမထွက်ခြင်ဘူး ခုတော့နေအုန်း မင်းနဲ့ငါ အိမိရောက်မှတွေ့မယ်"
"ခုတွေ့လည်းရတယ်ကိုကို ခခလည်း ကိုကို့ကိုပြောခြင်နေတဲ့စကားတွေ အများကြီးရှိတယ်"
"တောက်! မင်း!"
"ဟွန့်!"
ရေပြင် သူ့ကိုခနဲ့တဲ့တဲ့မဲ့ပြီး ကားမှန်ဘက် လက်ပိုက်ရက်လေး လှည့်သွားတဒ့သူမလေးကြောင့် သူဒေါသတို့ ပေါက်ကွဲထွက်ခြင်နေပင်မယ့်လည်း ကားပေါ်ဖြစ်နေတာမို့ စိတ်တို့ကိုချုပ်တည်းထားလိုက်သည်။
ခခ ခက်စောင့်စောင့်ထွက်သွားတဲ့ကားလေးနဲ့အတူ သူမပုတ်ခက်ထိန်းနေရင်းက ကြွေသွားတဲ့မျက်ရည်စတစ်ချို့ ' ကိုကို သိပ်အတ္တကြီးတယ်....'
>>>>>>>>>>>>>>>>
"လွှတ်! ခခလက်ကိုလွှတ်! လွှတ်နော်! အ့!"
"တောက်! မင်းငြိမ်ငြိမ်နေလိုက်ခခ!"
"ဟင့်အင်း လွှတ်!"
ဒေါ်မေမီ ရုပ်ရှင်ကြည့်နေတုန်း အိမ်ရှေ့က ရုန်းရင်းစံခက်သံတွေကြောင့် အိမ်ရှေ့ထွက်ကြည့်လိုက်တယ်ဆို
"ဟဲ့! ဟဲ့! ဒါဘယ်လိုဖြစ်ဘာကြတာလည်း! သား! မီးလေးကို ဘာလို့အတင်းဆွဲနေတာလည်း! လွှတ်လိုက်စမ်း!"
ရေပြင် သူ့ကို ရီးလေးခိုပြီး အတင်းခြေစုံကန်နေတဲ့သူမလေးကို ဆွဲနေရတဲ့အထည်း ဧည့်ခန်းထဲ ပြာရိပြာယာထွက်လာတဲ့ မာမီအသံကြောင့် သူ...
"ကျစ် လာခဲ့! မင်းအဲ့လောက် ဆွဲရလွဲရခက်နေတာ.."
"ဟင်! ဟင့်အင်း! မာမီ!!!"
"တောက်! မင်းပါးစပ်ကို ပိတ်ထားလိုက်!"
ခခ ကြောက်အား လန့်အားနဲ့ မာမီလက်ကို လှမ်းဆွဲလိုက်ပင်မယ့် ကိုကို့လက်ပေါ်သို့သာလွှားခနဲပါသွားခြင်လိုက်တာပဲ အဖက်တင်လိုက်လေသည်။
"ဟဲ့! သား! ရေပြင်ညီ! မာမီပြောနေတယ်လေ ဟဲ့! အော်!"
ဒေါ်မေမီ သူတားနေတဲ့ကြားက မီးလေးကို အတင်းပွေ့ပြီး အပေါ်ထက်ကို တဒုန်းဒုန်းတက်သွားတဲ့သားကြောင့် သူမလှေကားထစ်ရင်းမှာပဲ အော်ရင်းကျန်ခဲ့ရတဲ့အဖြစ်။
ဗေဒါနဲ့ဒေါ်ခေမာလည်း ဒေါ်မေမီအသံကြောင့် ပြေးထွက်လာကာ
"ဟဲ့ မေမီ ဘာဖြစ်တာလည်း မထိတ်သာမလန့်သာရှိလိုက်တာအေ"
"ရွှတ် မီလည်းမသိတော့ပါဘူး မယ်မယ်ရယ်.... သားမီးလေးကို အတင်းပွေ့ပြီးခေါ်သွားတာပဲ သားကြည့်ရတာ အရမ်းဒေါသထွက်နေတဲ့ပုံပဲ ဟင့် မီးလေး ဝင်ပြိုင်တာများသိသွားပြီလားမသိဘူးမယ်မယ် သားအရမ်းဒေါသထွက်နေတာ.."
ဒေါ်ခေမာ ဒေါ်မေမီစကားကြားတယ်ဆို မျက်နှာအပျက်ကြီးပျက်သွားပြီး ခြုံပဝါစကို ခက်တင်းတင်းပင့်တင်လိုက်ကာ
"အိုအေ...... ဒါဒီလောက်ဖြစ်စရာလား... တော်ကြီးရောကြီးပေါ့ ညည်းသားကိုက ပိုတာ မီးလေးတော့ ဒုက္ခပါပဲ ဒီတိုင်းကြည့်နေလို့တော့ ဘာမှလုပ်ရမှာမဟုတ်ဘူး ကျုပ်လိုက်သွားမယ်"
"ဟင့်အင်း မလိုက်သွားပါနဲ့ မယ်မယ်ကြီး ခခလေးက အခု ကလေးလေးမဟုတ်တော့ဘူးလေ ထားလိုက်ပါ သူ့မှာ ကာမပိုင်လင်ယောက်ျားရှိနေပြီလေ ရေပြင်ကို ဗေဒါယုံတယ်"
ဒေါ်ခေမာ ဗေဒါစကားကြောင့် လှမ်းလက်စခြေလှမ်းတို့ကို အလိုမကျစွာ ရုပ်လိုက်ရင်း
"အေးဟေ့ ညည်းတို့ပဲ နားလည်မှူတွေရှိနေကြ ကျုပ်ကလည်း ကျုပ်မြေးအကြောင်း ကျုပ်သိနေလို့ ကျုပ်မြေးမလေးတစ်ခုခုဖြစ်မဆိုးလို့ဟေ့ တော်ကြာ အပျက်ပျက်နဲ့ မဖြစ်သင့်တာတွေ ဖြစ်နေမှာဆိုးလို့ ပြောနေတာဟေ့"
"ဒုန်း ဒုန်း ဒုန်း ဒုန်း အီးးးးးးး! ဖွား! မီးကို...!"
"ဒုန်း ဒုန်း ဒုန်း ဒုန်း ဟေ့! ခခ! တော်စမ်း!"
"ဟင့်အင်း! ဖယ်! လွှတ်!"
"ခခ! မင်းဘယ်လိုဖြစ်နေတာလည်း!.."
"ဟင့်အင်း ဖယ်!"
ဒေါ်ခေမာသူမစကားမဆုံးခင်ပဲ အပေါ်ထက်ကနေ တစ်ယောက်ကလည်း အငိုတွေနဲ့ပြေးဆင်းလာ တစ်ယောက်ကလည်း နောက်ကလိုက်ဆွဲနဲ့ ရုန်းရင်ဆန်ခက်ဖြစ်နေကြသော ခခတို့ကို ကြောင်ရပ်သားကြည့်နေပြီးမှ
"ဟဲ့! ဟဲ့! နေကြပါအုန်း! ဒီလောက်တောင် ဘာတွေဖြစ်နေကြတာလည်း ငါတို့လူကြီးတွေရှိတယ်ဆိုတာလည်း မင်းတို့သိရဲ့လား..."
"ဟင့် ခခ ကိုကိုနဲ့ ကွာရှင်းတော့မယ် ဖွား"
"ခခ ကျစ်"
ရေပြင် သူ ချုပ်နှောင်နေရင်းနဲ့ပင် ပြောထွက်လိုက်တဲ့ သူမပါးစပ်လေးကြောင့် သူ စိတ်ပျက်စွာ စုပ်သက်လိုက်မိသည်။
ဒေါ်ခေမာအပါအဝင် အိမ်ရှိလူကုန် ခခအပြောကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး
"ဘယ် ဘယ်လို ဘယ်လိုဖြစ်တာလည်း သမီးရယ်......"
"ဟင့်အင်း ခခကိုကိုနဲ့ တူတူမနေခြင်တော့ဘူး မာမီ ဟင့် ခခအရမ်းမွန်းကျက်နေပြီ"
"ခခ ကျစ် မင်း..."
"သား! မင်းနေစမ်း..."
ဒေါ်မေမီ သူမတို့ရှိနေရပ်နဲ့ ဆွဲလားရမ်းလား လုပ်ခြင်နေတဲ့သားဖြစ်သူကြောင့် သူမျက်နှာထားတည်တည်နဲ့လှမ်းဟမ့်လိုက်ပြီး
"မာမီ့ကို ခုလိုလုပ်ခြင်ရတဲ့အကြောင်းရင်းကိုပြောပြ သမီး.... မာမီ သမီးစကားအရပဲ ဆုံးဖြတ်မယ်"
ရေပြင် မာမီ့စကားက သူ့ခေါင်းကို မိုးဂြိုးဆယ့်နှစ်စင်းပစ်လိုက်သလို ဖြစ်သွားတာကြောင့် ချက်ခြင်ဆိုသလို သူမလေးအနားရောက်သွားခြင်းနဲ့အတူ
"မရဘူးမာမီ! ခခ! မင်းတော်လိုက်တော့!"
"ရေပြင်ညီ!!! မင်းကို မာမီပြောနေတယ်နော်!..."
"ကျစ် မာမီရာ... အဲ့ကောင်မလေး အပိုတွေ လုပ်နေတာ အဲ့လောက်ထိဖြစ်စရာ ဘာအကြောင်းမှမရှိဘူး.. ကျစ်"
"ရှင်ကြီး ကျွန်မကို လက်ပါရတဲ့အထိ ဖြစ်သွားတာတောင် ဘာမှမဖြစ်ဘူးလား ဦးရေပြင်ညီ"
"ဟယ်!""ဟာ!"
လွန်ခဲ့တဲ့ မိနစ်အနည်းငယ်ခန့်က
"မာမီရေ...! မာမီ! အင့် လွှတ်! ချပေး! ရှင်းကြီး ကျွန်မကို ချပေးလို့ပြောနေတယ်နော် အတ္တကြီးတဲ့သူကြီး လွှတ် အရမ်းမုန်းတယ် ရှင်ကြီးကို အရမ်းမုန်းတယ်သိလား.... ဘုတ်! ဘုတ်! မုန်းတယ်! မုန်း... အွတ်"
ခခ မုန်းတယ်ဆိုတဲ့ ဆိုတဲ့စကားလေးမဆုံးလိုက်ခင်မှာပဲ သူမနှုတ်ခမ်းလေး မွန်းကျက်သွားရတော့သည်။ ခခသတိဝင်လာချိန်တွင် ပူထူနေဆဲဖြစ်နေတဲ့နှုတ်ခမ်းလေးကြောင့်
" ဘုတ် ဘုတ် အွန်း...... အင့် ဟင့်အင်း အွန့် ဗြုတ် အွန်းးးးးးး အဟင့် အွတ် အွန်း.... ဟင့်အင်း....."
ရေပြင် အရမ်းခေါင်းတွေခါရမ်းပြီး သူ့ကိုထုရိုက်ကာ သူ့ကြယ်သီးတွေပါ ပြုပ်ထွက်သည်အထိ ဆိုးသွမ်းနေတဲ့ကောင်မလေးကြောင့်
"မင်း ငြိမ်ငြိမ်နေလိုက်ရင်ကောင်းမယ် ခခ!!!"
ခခ သူမနှုတ်ခမ်းက ခဏခွာသွားလို့ အသက်ခိုးရှူမယ်လုပ်မယ် လုပ်တုန်း ထက်အပ်ကျလာတဲ့ ကိုကို့မျက်နှာကြောင့်
"ဟင်! ဟင့်အင်း ဖြန်း! ဟင်!"
"ဟာ!"
ရေပြင် သူ့ပါးပေါ်ရောက်ချလာတဲ့ ပူခနဲခံစားချက်ကြောင့် စိတ်တိုလွယ်တဲ့ သူ့အဖို့
"မင်း!!!..."
"ဟင်!"
ခခ သူမမျက်နှာကြီးကို ကိုကို့လက်ဝါးရိပ်ကြီး သန်းသွားသည်အထိ မန်အပြည့်နဲ့ရွယ်လိုက်တဲ့ ကိုကို့လက်ကြောင့် သူမ တစ်ချက်ရွံ့သွားသလို ခေါင်းလေးငုံ့သွားပြီးမှ သူမကို ကိုကိုပါးရိုက်ရက်တယ်ဆိုတဲ့ အသိနဲ့ မျက်ရည်တို့အတူ ခေါင်းလေးဆက်ခနဲမော့လာကာ
"ရိုက်ပါ! ရှင်ကြီး ခုတော့ ရှင်းကြီးဇာတိပေါ်လာပြီပေါ့! ရိုက်လိုက်ပါ! ရိုက်! အမြဲတမ်း သည်းခံအောင့်အီးလာရတာမှတ်လား ခုရိုက်လိုက်တော့ ရှင်ကြီးမလိုခြင်ပဲ ယူထားရလို့ တစ်ချိန်လုံး ခခကို မကျေနပ်နေတာမှတ်လား ခုရိုက်လိုက်တော့ ဒါဆို ခခတို့အကြောင်းပြချက်တွေပြလို့ရသွားပြီ ခခ ခုနားလည်သွားပြီသိလား ခခကို ရှင်ကြီးဘာလို့လိုက်ချုပ်ချယ်နေလည်းဆိုတာ အဟွန်း အစကတော့ ခခကို ချစ်လို့ ချုပ်ချယ်တယ်ထင်ပြီး ခခမှာ ရူးခဲ့လိုက်ရတာ.... အဟွန်း... ခုသိသွားပြီ ရှင်ကြီး ခခကို တဖြေးဖြေးစိတ်ပျက်လာအောင် လုပ်နေတာ ဟုတ်တယ်မှတ်လား.."
"မဟုတ်ဘူး!!!!!"
ရေပြင် သူစိတ်နောက်ကိုယ်ပါ သတိတချက်လစ်တုန်း လက်လေးရွယ်မိပါတယ် အစကကြောက်မလို ကုတ်သွားတဲ့သူမလေးကြောင့် သူမှားပြီအသိနဲ့ ထွေးပွေ့မို့လုပ်တုန်း ကျားသစ်မလေးအတိုင်း သူ့ပေါ်ပြောလာတဲ့ စကားလုံးကြမ်းကြမ်းတွေ ဘာတဲ့ သူချုပ်ချယ်တာသူမလေးစိတ်ပျက်ဖို့တဲ့
"မဟုတ်ဘူးခခ! မင်းကို ခုလိုတွေ ချုပ်ချယ်နေတာ ချုပ်ချယ်နေတယ်ဆိုတာ...... အာ...ကွာ.... ကျစ်"
ခခ သူမခုချိန်ထိ ကိုကို့အဖြေကို မျှော်လင့်နေမိတုန်းပါ တကယ် မျှော်လင့်နေမိတုန်းပါ သို့သော်..
"အဟွန်း....ပြောလေ ဘာကြောင့်လည်း အဟွန်း ရှင်ကြီး ရှင်ကြီး ဟင့် မပြောနိုင်ဘူးမလား.... သိပါတယ် ခခသိပါတယ်.. ဟင့် ခခ ခခ ဘာကိုမျှော်လင့်နေမိမှန်းကို မသိတာ... အဟွန်း... ခခ ခခ အခု ကိုကို့ရှေ့မှာ ရှက်တက်နေပြီသိလား... အဟွန်း... ခခ တစ်ဖက်သက်ချစ်နေရတာ ရှက်လာပြီ"
ရေပြင် သူဘာကြောင့်ရယ်လို့မပြောနိုင်ပါ ဘာလို့ဆို သူ ချစ်တယ်ဆိုတာကို မရေမရာကိစ္စလေးတွေကြောင့် အကြောင်းပြချက်မခိုင်လုံပဲ ပေါ့ပျက်ပျက်မပြောခြင်ဘူး ပြောမထွက်ဘူး သူမလေးမျက်နှာကို စေ့စေ့ကြည့်ပြီး မရေရာ မလေးနက်တဲ့ အချစ်ကို သူမထုပ်ပြခြင်ဘူး.....
"မဟုတ်ဘူး... မဟုတ်ဘူးကလေးရာ....."
"အဟွန်း... ခု ခု အဆုံးသက်လိုက်တော့မယ်သိလား.... ခခ ခခအရမ်းမွန်းကျက်နေပြီ.... အဟွန်း.."
ရေပြင် သူ့မျက်လုံးနဲ့ သွေဖယ်စွာ အေးဆက်ဆက်အကြည့်တို့နဲ့ သူမလေးအပြောက... မဖြစ်ပါစေနဲ့ သူထင်တာမဖြစ်ပါစေနဲ့..
"ဟင့်အင်း! မင်း! ခခ! မင်းဘာကို ဆိုလိုခြင်တာလည်း! ဟမ်! မင်းဘာကိုဆိုလိုခြင်တာလည်းလို့! ဟမ်!"
ခခ သူမပခုံးနှစ်ဖတ်ကို ခက်တင်းဆုပ်ကိုင်လှုပ်ပြီး မေးနေတဲ့ ကိုကို့ကြောင့် သူမကိုကို့လက်ထဲက အတင်းရုန်းရင်း
"ဟုတ်တယ် ခခ ရှင်းကြီးနဲ့ကွာရှင်းတော့မယ်.... "
"ဘာ!!!"
"ဟုတ်တယ် ခခ ကွာရှင်းတော့မယ် ခုလို လုပ်တာ ခခ ရှင်ကြီးကို မချစ်တော့လို့ မဟုတ်ဘူးနော် ခခ ခခအရမ်းချစ်လို့! ဟင့် ဒါမယ့်..."
"မပြောနဲ့! မပြောနဲ့တော့ မင်းကိုလက်ပါလို့ ချုက်ချယ်လို့ ခုလိုလုပ်တာဆိုရင် ကိုယ်ခုချက်ခြင်း အဲ့အရာတွေကို...."
"တော်ပါတော့!!!!"
ရေပြင် သူ့ရှေ့မှာ နားနှစ်ဖက်ကို ပိတ်လိုက်ပြီး အသံကုန်အော်ချလိုက်တဲ့ ခခကြောင့် သူ့စကားတွေ ရပ်တန့်သွားရပြီး ထို့နောက်
"ဒုန်း! ဂျက်"
"ဟာ! ခခ! ဘယ်လည်း! ဟေ့ မင်းကိုမေးနေတယ်လေ! ဟေ့! ခခ!"
.................................
"အော်........ အဲ့ဒါများသမီးရယ်.... သားက သမီးကို လက်ရွယ်...."
"ရိုက်မို့လေမာမီ အဲ့ဒါ မီးကိုသူကြီး ရိုက်တော့မို့လေ ဟီးးးးးးးး အမြဲလည်း ချုပ်ချယ်တယ် ခုလည်း မီးကျောင်းမှာ အရှက်ကွဲရတယ်.."
"ဟေ့! အဲ့ဒါ မင်းကို အစကတည်းက ကြိုပြောထားပြီးသားကိစ္စလေ"
"ဘာပဲဖြစ်ဖြစ် ရှင်ကြီးနဲ့ မပေါင်းဘူး အရာရာလက်ပါပြီး အတ္တကြီးတဲ့သူကြီး..."
ဒေါ်မေမီ တကယ်လက်တွေ့ရိုက်လိုက်သူက မီးလေးပင်မယ့် အတိုင်ပြောထူပြီး မပေါင်းဘူးပြောနေတာကလည်း မီးလေးပဲမို့ သူမသက်ပျင်းချရင်း
"ကဲကဲ ခုလို သွေးပူနေတုန်းတော့ ချက်ခြင်းကြီးမဆုံးဖြတ်ပါနဲ့အုန်းမီးလေးရယ်... နောက် တစ်ပတ်ပဲ တစ်ပတ်လောက်ပဲနေကြည့်လိုက် ပြီးရင် မီးလေးစိတ်ကြိုက် မာမီစီစဥ်ပေးမယ် ဟုတ်ပြီလား..."
ရေပြင် မီးလောင်ရာ လေပင့်မာမီ့စကားကြောင့် ဟန့်တားသလို..
"အာ... မာမီ"
ဒေါ်မေမီ သူမကို စိုးရိမ်တကြီး ထပြောလာတဲ့ သားစကားကြောင့် မျက်နှာရိပ်မျက်နှာကဲပြလိုက်ကာ
"တော်ပြီ! မင်းအသံမကြားခြင်တော့ဘူး မီးလေး...."
"ဟုတ်"
"ဟွန့်"
ရေပြင် ခုမှ မာမီရင်ခွင်မှာ တွယ်ကပ်နေတာ မသိရင် သူက မတရားရိုက်နက်ထားသည့်အလား..
ခခ ကိုကို့ရဲ့ ဟွန့်ဆိုတဲ့အသံကြောင့် သူမမျက်စောင်းလေး ဝင့်ခနဲ ထိုးလိုက်ကာ
"ဘာလည်း.!."
"ဘာမှမလည်းပါဘူး..."
"ဟွန့်!"
ဒေါ်ခေမာ တစ်ယောက်နဲ့တစ်ယောက် ဟွန့်ဟမ့်လုပ်နေကြတဲ့ပုံကိုကြည့်ပြီး
"ကဲကဲ ခု တစ်ပတ်ခွဲနေမယ်ဆိုတော့ မီးလေးက မြေးနဲ့တစ်ခန်းထဲ မနေတော့ဘူး အဲ့တော့ ဘယ်သူ့အခန်း.."
"ဟေ့ ဟေ့ ခလေးနဲ့ကျွန်တော့်အခန်းတော့မရဘူးနော်"
ခက်မြန်မြန်ဝင်ဖျက်ပြောလိုက်သူက လှိုင်းခက်ထန်ပင်
"အို ကိုကိုကြီးကလည်း ဒါဆို မီးလေးက ဘယ်မှာအိပ်မလည်း..."
"ဟ့ လင်မယားခွဲအိပ်ပေးရတဲ့ထိတော့ သဘောမကောင်းပေးနိုင်ဘူးလေကွာ.."
"အို ဒီလိုတော့ဖြစ်မလား..."
ဒေါ်ခေမာ ခခကို ဟိုပို့ဒီပို့လုပ်နေကြတဲ့ ဗေဒါတို့လင်မယားကိုကြည့်ပြီး သက်ပျင်းချကာ
"ကဲကဲ တော်ပြီ မြစ်လေးအခန်းမှာသွားအိပ်"
"ဟာ....!....."
ဒေါ်ခေမာပြောလိုက်တယ်ဆို မင်းခက်ထန်လေးက စိတ်ပျက်သလို ညီးလိုက်တာကြောင့် ဒေါ်ခေမာသူမ နိုင်သူဆိုလို့ မင်းခက်ထန်လေးပဲရှိတာမို့
"မဟာနဲ့ တီလေးကိုခေါ်အိပ်လိုက် တီလေးက တစ်ယောက်ထဲ မအိပ်ရဲဘူးလေ"
"ကျစ် ခုချိန်ထိ မအိပ်ရဲသေးဘူး ဒါများ ကယ်လေးနဲ့ပဲအိပ်လိုက်ပြီးရော"
"မအိပ်နိုင်ပါဘူး!"
ဒီလိုကျ ထပြောတာ မြန်မှမြန်ခခ
"ကဲကဲ တော်ပြီ ခုကစပြီး ခခစိတ်ပြေတဲ့ထိ အယ်မဟုတ်ပါဘူး မကွာရှင်းခင်ထိ မင်းခန့်လေးနဲ့အိပ်လိုက် ဟုတ်ပြီလား.."
"ဟုတ်"
"ဟွန့်"
ရေပြင် ကလေးဆန်စွာ ဆုံးဖြတ်လိုက်တဲ့ သူမလေးရဲ့ ဆုံးဖြတ်ချက်ကိုကြည့်ပြီး သူ စိတ်မကောင်းတော့ဖြစ်မိသည်။ မင်းပြောစေခြင်တဲ့စကားကို ကိုယ်မပြောထွက်ခဲ့တာ sorryကလေးရယ်...
>>>>>>>>>>>>>>>>>>
"တီလေး... တီဘေးနှုတ်ခမ်းက ဘယဖြစ်နေတာလည်းဟင် ရောင်ရောင်ကြီး"
"ဟင် အော် အင်း အဟင်း တီးလေး နင့်ကယ်လေးကို ဒေါသထွက်လွန်းလို့ အန်ကြိပ်တာလေ အဲ့ဒါ အဲ့ဒါကြောင့် အဟွန်း"
"အော် ဟုတ် ဟို သားသား ဆေးလိမ်းပေးရမလားဟမ်"
"အာ ရတယ် ရတယ် နင်အတော်ကြောရှည်နေပါလား အိပ်တော့"
"ဟွန့် စေတနာနဲ့လည်း ပြောရသေးတယ်"
ခခ သူမကို ပွစိပွစိပြောပြီး တစ်ဖက်လှည့်အိပ်သွားတဲ့မင်းခန့်လေးကိုကြည့်ပြီး ခုထိ ပူထူနေသေးတဲလ မျက်နှာလေးကိုကိုင်ရင်း စောင်ကိုခေါင်းမြီးဆွဲခြုံလိုက်မိသည်။ 'ဟွန့် သူများကိုချစ်တယ်မပြောပဲ သူ့သဘောသူ့စိတ်အမြဲလုပ်တဲ့သူကြီး'
"ရှင်ကြီးကို ခခ အရမ်းမုန်းတယ်သိလား ဦးရေပြင်ညီကြီး"
◾◾◾◾◾◾◾◾◾◾◾◾◾◾◾
စာဖတ်သူအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ပြည့်စုံပြီး တစ်ခဏတာမျှ စိတ်အမောတွေ ပြေနိုင်ကြပါစေရှင်🙏
စာဖတ်သူများကို အစဥ်လေးစားလျှက်
#မြူခိုးဝေဝေ