book

Index 17

အပိုင်း (၁၇)

ကိုကို့မို့ ချစ်တာလို့ ☹


"အွန်း... ခိ ဒါလေးနဲ့ဆို ငါလေးနဲ့ လိုက်လောက်မယ်"


"အာ... လှလည်းမလှဘူး ထင်းထင်းကြီး ဟွန့်"


ရေပြင် သူရေချိုးခန်းထဲက ထွက်လာတဲ့အထိ ဖျက်လိုက် ဆိုးလိုက်နဲ့ မှန်တင်ခုံရှေ့က မထွက်နိုင်တဲ့သူမလေးကြောင့် ရေပြင် မျက်မှောင်ကျုံလိုက်ပြီး


"ခခ ဘာလို့ မင်းနှုတ်ခမ်းနီဆိုးနေတာလည်း... မဆိုးရဘူး ခုပြန်ဖျက်"


ခခ ကိုကို့အသံကြားလိုက်တယ်ဆို နှုတ်ခမ်းဖူးဖူးလေးထက် တင်ထားဆဲဖြစ်တဲ့ နှုတ်ခမ်းနီတောင့်လေး တုန့်ခနဲဖြစ်သွားပြီး စိတ်ညစ်သလို မျက်နှာလေး ရှုံ့မဲ့လိုက်ပြီး


"အာ.... ကိုကိုကလည်း မီးဆိုးခြင်လို့ပါဆို ချစ်လွန်းတို့ဆို အမြဲဆိုးနေတာ ကိုကိုမတွေ့ဘူးလား မီးကျ နှုတ်ခမ်းရှင်းရှင်းကြီးနဲ့ဟင့်"


"ကျစ် အပိုတွေ လုပ်မနေနဲ့ မင်းဘယ်တုန်းက နှုတ်ခမ်းနီဆိုးလို့ရဘူးလို့လည်း မဆိုးရဘူး ခုအဲ့လက်ကို ပြန်ချလိုက်"


ခခ ပြောပြောဆိုဆိုနဲ့ သူမဆီလှမ်းလာပြီဖြစ်တဲ့ကိုကိုကြောင့် ထိုင်ရပ်လေးနဲ့ ခြေထောက်တို့ကို တွန်းထိုး စောင့်လိုက်ပြီး လက်ထဲက နှုတ်ခမ်းနီတောင့်ကို မချပဲ လက်ထဲခက်တင်းတင်းဆုပ်လိုက်ပြီး


"ဟင့် မရဘူး မီးဒီတစ်ရက်ပဲဆိုးမယ်ကိုကိုရာ နော် ဒီတစ်ရက်လေးပဲလေနော် နော် ကိုကိုနော်..."


ရေပြင် သူ့ကိုဂျစ်ကန်ကန်နဲ့ နှုတ်ခမ်းဆူပုတ်ပုတ်လေးပြောနေတဲ့ သူမလေးကို သူသေချာကြည့်လိုက်တယ်ဆို ဟင်! ခုမှကြည့်မိတယ် ကြည့်စမ်း မျက်နှာမှာ ကာလာစုံနဲ့..


"ခခ! သွား.!.. ခုမျက်နှာ သွားသစ်လိုက်! မင်းရုပ်က ဘာရုပ်ဖြစ်နေတာလည်း မင်းအတက်ကောင်းတွေ တက်နေတယ်ပေါ့ ဟုတ်လား ခုမှ ပထမနှစ်ရှိသေးတယ် သွား! အရင်တုန်းကတိုင်း သနပ်ခါးပဲလူးခဲ့! သွား.!. ငါနောက်တစ်ခါ ထက်မပြောရစေနဲ့ သွား မျက်နှာသွားသစ်!"


"အီးးး!းးးး မတရားဘူး! ကိုကိုမတရားဘူး! မီးလည်း သူများတွေလို လှခြင်တော့ပေါ့လို့ ဆိုးမှာပဲ ဟီးးးး!းးး"


ရေပြင် သူ့ရှေ့မှာ တစ်ကိုယ်လုံး တွန့်လိမ်ပြီး ကောက်စိန်လုပ်ကာ အော်ငိုပြနေတဲ့ သူမလေးကြောင့် သူ အလိုလိုက်ခြင်ပင်မယ့်လည်း.... ' သူမလေး အရမ်းလှလွန်းနေတယ်လေ.......' ထို့ကြောင့်


"လာခဲ့! မင်းဒီလောက်လှခြင်နေတာ"


ခခ ရုပ်တရပ် ခါးလယ်က ဖြစ်သလို လှမ်းပွေ့လိုက်ခြင်းခံလိုက်ရတာကြောင့် ရုပ်တရပ်ကြောင်နေပြီမှ နောက်မှ ရေချိုးခန်းဘက်သွားနေမှန်းသိလိုက်ရတာမို့


"အားးးးးးးး! ဘာလုပ်တာလည်း! ကိုကို! လွှတ်! ဘုတ်! ဘုတ်! ကိုကို့!!! "


"ဒုန်း! "


"အမလေး! ဟင်! ဘာလုပ်တာလည်း ဖူး.... ဖလူး... ဟင့်အင်း.... အား... ဖူး.... ဟင့်အ... ကို့ကို!!"


ခခ ရေချိုခန်းတံခါးပွင့်သွားပြီဆိုတာသိလိုက်တာနဲ့ တစ်ဆက်ထဲ သူမကို ဘေစင်ပေါ်တင်ပြီး သူမမျက်နှာပေါ် ခက်မြန်မြန်ရောက်ရှိလာတဲ့ ကိုကို့လက်နဲ့အတူ ရေတစ်ချို့ကြောင့် ခခ တင်းရုန်းကန်အော်ဟစ်နေမိသည်။ သို့သော် သူမဒူးလေးတွေကို အတင်းညှပ်ယူထားတဲ့ ကိုကို့ခြေထောက်တွေကြောင့် သူမ မလူးသာမလန့်သာ။ နောက်ဆုံး သူမ လှုပ်ရှားမှူတို့ ရပ်တန့်သွားချိန်တွင် သူမမျက်နှာလေးတစ်ခုလုံးပူထူးသွားရပြီး


"ဟင့် အဟင့် ကိုကိုမကောင်းဘူး..! ဘုတ်! ဟင့် အဟင့် ဟီးးးးး!းးး"


ရေပြင် သူ့ကို အားမပါတဲ့ လက်သီးစုပ်လေးနဲ့ ထုလိုက်ပြီး အိကနဲ ပြိုကျလာတဲ့ မျက်ရည်တွေကြောင့် သူ ခုမှ သတိဝင်သွားပြီး နီရဲနေတဲ့မျက်နှာလေးကို လက်လှမ်းလိုက်တယ်ဆို


"မထိနဲ့! လာမထိနဲ့! သူများမျက်နှာကို မညှာတာ သူလက်ကြီးနဲ့ အတင်းလိုက်ဖျက်နေပြီတော့ ခုမှလာမထိနေနဲ့ ဟီးးးးးးးးး"


ရေပြင် သူ့ကိုအတော်စိတ်ဆိုးနေပြီဖြစ်တဲ့ ကလေးကြောင့် သူခုမှ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတာ လက်တို့က ဘယ်နားချထားရမှန်းမသိအောင်ပင် 


"အာ... ကျစ် sor sorryပါကလေးရာ.... အရမ်းနားသွားလား... ကျစ်  ကိုယ်... ကျစ် အာ.. အရမ်းနာနေလား... ကလေး... တကယ်ကွာ.... sorry... အားးးးးးးး ကျစ် ကလေး....."


ရေပြင် မပြောမဆိုနဲ့ သူ့လက်ကို ဖက်ကိုက်ချလိုက်တဲ့ ကလေးကြောင့် သူအသည်းခိုက်အောင်နာသွားပင်မယ့် အသာလေးတင်းခံနေလိုက်သည်။ နောက် ကိုက်လို့ဝမှ မျက်နှာလေးချီပြီးပြန်မော့လာတဲ့ သူမလေးကြောင့်


"အဟွန်း.... ကျေနပ်ပြီလား... အာဝုလေး....."


ခခ ဒီလောက် လက်မှာ အကွင်းလိုက်ဖြစ်နေတာတောင် သူများကို စနေနိုင်တဲ့ သူကြီးကြောင့်


"လာမထိနဲ့နော်....  လူကို အသက်ငယ်ငယ်လေးနဲ့ယူထားပြီး သူနဲ့တူအောင်အဖိုးကြီးဆိုဒ်သွင်းခြင်နေတဲ့သူကြီး သွား လာမလုပ်နဲ့ အဲ့မှာ မှတ်ထားလိုက် နောက် ဒိထက်ဆိုးမယ် ဟွန့် ဖယ်"


"အဟား... စိတ်ပြေသွားပြီလားကွာ... တေယ်လိုက်တဲ့ ကိုယ်ကလေးလေး"


"ဘာ ကလေးလည်း လာမခေါ်နဲ့နော်.... ဖယ် သွား.. အ့ ကျစ်"


ရေပြင် သူ့ကိုတွန်းပြီး ဘေစင်ပေါ်က ဆင်းလိုက်တယ်ဆို ခွေကျမလိုဖြစ်သွားတဲ့ကလေးကြောင့် သူလှမ်းပွေ့လိုက်ခြင်နဲ့အတူ


"ဘာဖြစ်တာလည်းကလေး မူးလို့လား..."


"ဟင့် ဘာကိုမူးရမှာလည်းလို့ သူများဒူးလေးတွေကို ရှင်ကြီးခြေထောက်ကြီးတွေနဲ့ ညှပ်ထားတုန်းက ညှပ်ထားပြီးတော့ ဟင့် ခုနာနေပြီပေါ့လို ဟင့်"


"အာ... ကျစ် sorryကွာ... လာ ကိုယ်ပွေ့သွားမယ်"


"ဟင့် သူများ​ခြေထောက်လေးတွေ ကျိုးပြီလားမသိဘူး ဟင့် အဲ့ဒါ ရှင်ကြီးကြောင့်သိလား... ဟင့်"


"အဟွန်း.... ကျိုးတော့ မကျိုးပါဘူးကွာ... လာကိုယ်ကြည့်ပေးမယ်"


ခခ ကိုကို့အပြောကြောင့် စားပွဲခုံပေါ်က နာရီလေးကို ကြည့်လိုက်တယ်ဆို ၈ခွဲနေပြီဖြစ်သည်။ မဖြစ်ဘူး.....


"ဟင့်အင်း မကြည့်နဲ့တော့ ကျောင်းမမှီပဲနေလိုက်မယ် မီး သနပ်ခါးလိမ်းရအုန်းမယ်"


"ဘာမှမဖြစ်တာသေချာလို့လား.."


"ဟီး.... ဟုတ် ကိုကို့ကို စိတ်ဆိုးလို့ပြောလိုက်တာ အဟွန်း..."


"ခုရော စိတ်ဆိုးပြေပြီလား.."


"အဟွန်း... နည်းနည်း... ကြာတယ်ကိုကိုရာ တော်ကြာ ကျောင်းမမှီပဲနေမယ်"


"Ok Ok"


ရေပြင် ပါးကွပ်လေးတွေကို သေချာကွပ်နေတဲ့သူမလေးကို ကြည့်ပြီးသူစိတ်ထဲတော့တစ်မျိုးပါ။ တော်ရုံ စိတ်ဆိုးမပြေတက်တဲ့သူမလေးက ဘာလို့ဒီနေ့မှ.......


"ဟယ် မီးလေး သနပ်ခါးကြီးနဲ့ ဘယ်လိုဖြစ်တာလည်းကွယ်"


ရေပြင် သူတို့အောက်ရောက်တယ်ဆို မစုံစဖူး လူစုံတက်စုံဖြစ်နေတဲ့ မာမီတို့ကြောင့် သူမျက်မှောင်တော့ကျုံလိုက်မိသည်။


"ဟင့် အဲ့ဒါကိုကို့ကြောင့်ပေါ့ မီးကို သနပ်ခါးပဲ လူးရမယ်တဲ့ သူများလိမ်းထားပြီးသွားတာတောင် အကုန်ပြန်ဖျက်ပစ်တယ်လေ ဟင့်"


ဒေါ်မေမီ သူမခါးကိုဖတ်ပြီး အတိုင်းပြောထူနေတဲ့ သူမခြွေးမလေးကြောင့် ပြုံးလိုက်ပင်မယ့် သားဖြစ်သူဆီရောက်သွားတဲ့အခါ


"သား!"


"ကျစ် သူနဲ့က သနပ်ခါးနဲ့ပဲလိုက်ပါတယ်မာမီရာ... ဟေ့! သွားမယ် ခုနပြောတော့ ကျောင်းနောက်ကျမယ်လေး ဘာလေးနဲ့ မြန်မြန်"


ဒေါ်မေမီ ပြောပြောဆိုဆို အိမ်ရှေ့ အရင်ထွက်သွားနှင့်တဲ့သားဖြစ်သူကြောင့်


"ဟဲ့! အော်... ဒီကလေးနဲ့..."


"ဟင့် တွေ့လားမာမီ အဲ့ကိုကိုက မီးကိုဆို အဲ့တိုင်းပဲသိလား... ဟင့် အမြဲနိုင်ကျင့်တယ်..."


"အေးပါကွယ်.... နေပါစေအုန်း ​ပြန်လာမှ မာမီနဲ့တွေ့မယ် ဘာပဲပြောပြော ဒီနေ့ သမီးလေး အဆင်ပြေပါစေနော်"


"ဟီး ဟုတ် မာမီ မွ"


" ဖွားဖွားရောပဲ မွ "


"လာလေ မမ..."


"ဟေ့! ဟေ့! ငါ့ခလေးကို မပေးနဲ့တော့"


ခခ မမဆီ လက်လှမ်းတုန်းရှိသေး နောက်ဘေးခမ်းက ထွက်လာတဲ့  ကိုကိုကြီးကြောင့် သူမမျက်နှာလေးမဲ့လိုက်ပြီး


"အင့်ဟယ် အင့်ဟယ် ရွှတ် ရွှတ် မှတ်ပြီလား.. သွားပြီ ဖွားရေ မင်းလေး သွားပြီနော်..."


လှိုင်းခတ်ထန် သူပြောလိုက်တယ်ဆို သူ့ခလေးကို ဘယ်ပြန်ညာပြန်တောင်နမ်းပြီး ပြေးထွက်သွားတဲ့ အိမ်ကမနိုင်စိန်လေးကြောင့် သူ လက်တကာကာနဲ့ပဲ ကျန်ခဲ့ရတဲ့အဖြစ်ပေ။


"ကျစ် အဲ့ကောင်မလေးအမြဲအဲ့တိုင်းပဲ.... ဗေဒါ မင်းလည်း သိပ်မပြောခြင်ဘူး"


"ကိုကိုကြီးကလည်း...."


"ကျစ် လာ..."


ဒေါ်မေမီ သူမသားကြီးရဲ့ အဖြစ်သည်းပုံကိုကြည့်ပြီး ပြုံးလိုက်ကာ


"မြေး မင်းဖေဖေနဲ့မေမေကိုကြည့်စမ်း မင်းတောင် သတိရသေးရဲ့လားမသိဘူး"


မင်းခတ်ထန်လေး အဖွားဖြစ်သူအပြောကြောင့် သူ့ကိုကျောခိုင်းသွားပြီဖြစ်တဲ့ ဖေနဲ့မေကိုကြည့်ိလိုက်ပြီး


"သားက လူကြီးဖြစ်နေပြီလေ ဖွား..."


"အမလေး... ဟုတ်ပါပြီတော်... ဖွားမြေးလေးက ကလေး လူကြီးလေးပါတော်"


"အာ... လူကြီးပါဆို..."


ဒေါ်မေမီ သူ့အဖေတိုင် အကျင့်ဇရိုက်ကတူနေတာမို့ သူမကျေနပ်စွာ ပြုံးလိုက်ပြီး


"အဟွန်း ဟွန်း... ဟုတ်ပြီပါကွယ် ဟုတ်ပါပြီ"


>>>>>>>>>>>>


"ခခ နေလည်စာ စားချိန်ရောက်ရင် ကိုယ့်ရုံးခန်းလာခဲ့လိုက်နော် ကိုယ်ဒီနေ့ အလုပ်နည်းနည်းရှုပ်မှာမို့"


ခခ ကားပေါ်ကမဆင်းခင် ကိုကို့စကားကြောင့် ခဏတော့ တွေဝေသွားမိသည်။'ဘာလည်း ဒီနေ့ welcomeနေ့လေ အားလုံးfreeကို ကိုကိုက ဘာလို့ အလုပ်ရှုပ်မယ်တဲ့လည်း.. အို ဘာဖြစ်ဖြစ် ပိုတောင်ကောင်းသေး အဟွန်း'


"ဟုတ် ဒါဆို မီးသွားပြီနော်"


"အွန်း အွန်း"


ခခ သူမကို အဆောင်ရှေ့ချထားခဲ့ပြီး မောင်းထွက်သွားတဲ့ ကိုကို့ကားလေးကို မျက်စိတစ်ဆုံးကြည့်ပြီးတယ်ဆို


"အမလေး မေ့တော့မို့ နောက်ကျတော့မယ် သွားမှ ခုလောက်ဆို ချစ်လွန်းနဲ့မူပို ငါ့ကို မေတ္တာပို့နေလောက်ပြီ"


>>>>>>>>>>>>>>


"ခခရယ် တကယ့်နေ့ကျမှ နင့်ပုံစံကလည်း အရင်နေ့တွေ့ကတိုင်းပဲ ဘာမှထူးမလာဘူး နည်းနည်းပါးပါး ပြင်ခဲ့ပါလားဟာ တကယ်ပဲ"


"အေးလေ သနပ်ခါးကြီးနဲ့ ဟိုမှာ ညိုမီတို့ကိုကြည့် သူ့ကိုယ်သူ ရှူတင်သွားမယ့်ပုံနဲ့"


"အေးလေ နင့်ကျကြည့်အုန်း ဒီပုံစံကြီးပဲ"


ခခ စရောက်ကတည်းက သူမကိုပဲ ဝိုင်းပြောနေကြတဲ့ မူပိုမတို့ကြောင့် ကိုကို့ပေါ်မပုံချလိုက်ရတဲ့ စိတ်တို့သည်။


"နင်တို့နော် ငါမပြောဘူးဆိုပြီး ငါ့ကို ဖိဟောက်နေကြတယ် ငါလည်း ဒီလိုဘယ်လုပ်ခြင်ပါ့မလည်း ကိုကိုက အတင်းမလိမ်းရဘူးဆိုလို့ ဟင့်"


"ဟယ် ဆရာကလည်း အဲ့လောက်တောင်ပဲလား.."


"ဟုတ်တယ် ကြာလာတော့ ငါစိတ်တောင်ညစ်လာပြီ ခု ဝင်ပြိုင်တာလည်း ကိုကိုမသိဘူး သိရင်ဘာတွေဖြစ်အုန်းမလည်းမသိဘူး ငါ့ကို တက္ကသိုလ်စတက်ကတည်းက မပြိုင်ဖို့ပြောထားတာ"


"အော် ဘာဖြစ်လည်းဟာ သိတော့လည်း ရှင်းလိုက်ပေါ့"


ချစ်လွန်းရဲ့ ဖြစ်တာဖြစ်စကားကြောင့် မူပို မျက်စောင်းလေးနဲ့အတူ.


"ဟဲ့ သူများကို မြှောက်ပေးမနေနဲ့ ဆရာဒီလောက်ကြောက်ဖို့ကောင်းတာ နင်ဆိုရင်ရော ပြောရဲမလားပြော"


"အာ.... ဒါတော့ ငါကခခမှမဟုတ်တာကြီးကို"


"ပြောသားပဲ..."


"ဟွန့်"


"ကဲပါ ငါတို့က ဒီတိုင်းပြောတာ ငါတို့သူငယ်ချင်းလေးက ဘာမှမပြင်ထားတာတောင် အားလုံးထဲမှာထင်းလို့ အဟွန်း.."


"အပိုလုပ်မနေနဲ့ ငါမရလောက်ဘူးထင်တယ်နော်"


"ရမှာပါဟာ မယုံရင်လောင်းမလား.."


"အလောင်းစားမလုပ်ရဘူးလို့ ကိုကိုပြောထားတယ်"


"အမလေးဟယ်.... ချစ်လွန်းရေ သွားမပြောနဲ့ခခမကို သူက ဆေးမိနေပြီ"


"ဟုတ်တယ် ဟုတ်တယ် ပြောမိတဲ့ ငါအမှား"


"အဟွန်း နင်တို့ကလည်းဟာ ငါက ကိုကို့ကိုချစ်တာကိုဟ့"


"အေးပါဟယ် အေးပါ.."


"အဟွန်း"


ထို့နောက် ခခတို့အဖွဲ့လေး အချိန်အတော်ကြာအောင် တိတ်ဆိပ်သွားပြီးနောက်


"ဟဲ့ king selectionတစ်ယောက် မလာသေးဘူးတဲ့ ဘယ်သူလည်းမသိဘူးနော်..."


ခခတို့ ခန်းမထဲစောင့်နေကြတုန်း မူပိုစလိူက်တဲ့စကားကို နှုတ်ခမ်းနီဆိုးနေတဲ့ချစ်လွန်းက မဲ့လိုက်ပြီး


"အမယ်လေးဟယ် လိုက်မေးမနေနဲ့ ကိုယ့်အတွက်ကြောင့် သူများတွေစောင့်နေရတာ အချိန်မလေးစားတဲ့သူပဲနေမှာပေါ့ ဒါများ ငါတို့မေဂျာရဲ့ kingဖြစ်ခြင်သေးတယ် အဲ့ကောင်လာရင် ငါ့ပြစမ်းပါ သေချာကို သူ့ကိုမထည့်ဘူး"


"အေးအေး"


ခခ ချစ်လွန်းရဲ့ မဲ့ကာရွဲ့ကာပြောနေတဲ့ပုံကိုကြည့်ပြီး ဗိုက်နှိပ်ပြီးရယ်နေမိသည်။ မူပိုကတော့ မျက်မှန်လေး တပင့်ပင့်နဲ့ ငေးကောင်းဆဲ။ သိပ်မကြာလိုက်ပါ သူမတို့နောက်မှ....


"ဟားးးး! မင်းပေါ်လာသေးတယ်နော် မဟော် ဒီမှာ မင်းဖွားအေ ငါတို့ကိုတောင်ဖုန်းနံပါတ်တောင်နေသေးတယ် မင်းကလည်း ကိုယ့်အဘွားကို ဖုန်းနံပါတ်တောင်မပေးထားဘူးလား.."


"ကျစ် မင်းတိတ်တိတ်နေလိုက်တော့ ငါဒီမှာ ဒေါသထွက်နေတာ"


"ဟမ် အော် အေးအေး ဟို မင်းရောက်ရင် လာခဲ့တော့တဲ့ တီချယ်မှာသွားတယ်"


"မသွားသေးဘူး ချစ်လွန်းဆိုတဲ့ကောင်မလေး ဘယ်မှာလည်း မင်းတွေမိလား.."


"ဟင်!"


ဒီတစ်ခါ အသံထွက်လိုက်သူက ချစ်လွန်းပင် အူပိုနဲ့ခခလည်း စကားသံတွေနားထောင်နေရာက ချစ်လွန်ဘက်ကို လှည့်ကြည့်ပြီး ဘာတွေလည်းဆိုတဲ့သဘောနဲ့ မေးဆက်ပြတော့ ချစ်လွန်လည်း ကြောင်တောင်တောင်လေးနဲ့ ခေါင်းခါလိုက်မိသည်။


မျိုးချစ် အဆက်ဆက်မရှိတဲ့ မဟော်စကားကြောင့် ကြောင်သွားပြီမှ 


"ဟမ် အာ ဟိုရှေ့မှလေ ဟိုမှာ မင်းဘာလုပ်.. အာ သွားပြီဒီကောင် ဟျောင့် နေအုန်း"


မျိုးချစ်တစ်ယောက် သူ့စကားမဆုံးခင် ချစ်လွန်ဆိုတဲ့ကောင်မလေးတို့အဖွဲ့ဆီထွက်သွားလိုက်တဲ့ မဟော်ကြောင့် သူပါပြေးလိုက်တဲ့အဖြစ်


"ဟေ့! ဒီမှာ"


"ဟင်!"


ချစ်လွန်းတို့ ရုပ်တရပ် သူမတို့ခုံတန်းကို လှမ်းပုပ်ပြီးရောက်ချလာတဲ့ အကိုမဟော်ကြောင့် သုံးယောက်သား ပြူးကြောင်ကြောင်လေးနဲ့


"ဘာ ဘာလာလုပ်တာလည်းဟင်"


"မင်းက ငခန့်ညီမမှတ်လား မင်းညက ဘာလို့ငခန့်ကို ငါပြောခိုင်းတာ မပြောတာလည်း..."


"ဟင်!"


ချစ်လွန်း မဟော်ပြောမှ ခုမှ သူမ memoryပြန်ခေါ်နေသည်။ 


"ဟင်! ဒါ ဒါဆို ည ညက အကို အကိုမဟော်လား.."


မဟော် ခုမှ သူ့ကိုဝတ်လည်ချောင်ပတ်ပြောနေတဲ့ ကောင်မလေးကြောင့် 


"မင်း ခုမှ ဝတ်လယ်ချောင်ပတ်လုပ်မနေနဲ့ မင်းကြောင့် ငါညကဘယ်လောက် ဒုက္ခရောက်ခဲ့လည်း မင်းသိလား.."


"ဟို...."


"သား! မဟော် အခန်းနားစတော့မယ် ခခလေး လာတော့သမီး"


"ဟုတ် ဟုတ်ကဲ့ တီချယ်"


"မင်းနဲ့ငါ နောက်မှ တွေ့မယ်! ပန်မြိုင်လယ် လာလေ"


"ရှင် အော် ဟုတ် ဟုတ်"


ချစ်လွန်း ခခကိုပြုံးပြလိုက်ရပင်မယ့် သူမကို ခက်ကြိပ်ကြိပ် ကျိမ်းသွားတဲ့ အကိုမဟော်ကြောင့် သူမမျက်နှာငယ်လေးနဲ့ ကျန်နေခဲ့ရသည်။ အက်ုမဟော်ဆိုတာ ကိုကြီး သူငယ်ချင်းဆိုပင်မယ့် နှစ်ခါလောက်ပဲသိသူပါ။ အရင်ကတည်းက မျင်နှာတည်လို့ ရှိန်ရတဲ့အထဲ ခုလိုကြီးဆိုတော့...


"အီးးးးး အဲ့လိုမှန်းသိရင် ကိုကြီးကို ပြောပေးလိုက်ပါတယ်... မူပိုရေ ငါတော့သေပြီသိလား....ဟင့်"


>>>>>>>>>>>>>>>


"ဟာ! ရေပြင် မင်းဒီမှာ ဘာလုပ်နေတာလည်း တီချယ်ကြီးက ပါချုပ်ဘာတော့မယ်တဲ့ သွားရအောင်"


ရေပြင် စာတမ်းပြုစုဖို့ ရှာဖွေးရေးလုပ်နေတုန်း စည်သူ့စကားကြောင့်


"ကျစ် ဘာကိစ္စရှိလို့လည်းကွာ... အရေသိပ်မကြီးရင် မင်းအ​ကြိုးကြောင်းပြောပြလိုက်ပါ ငါဒီမှာ နည်းနည်းအလုပ်ရှုပ်နေလို့"


စည်သူ သူ့ကိုပြောပြီတယ်ဆို စာရွက်တွေ ပြန်လှန်နေတဲ့ ရေပြင်ကြောင့် သူစုပ်သက်လိုက်ပြီး


"ကျစ် ဒီနေ့ ငါတို့မေဂျာwelcomeနေ့လေကွာ မတက်လို့မရဘူး လာကွာ ကြာတယ် ကျစ်"


"ငါမတက်တော့..... နေဦး သွားမယ်အခု"


စည်သူ မသွားတော့ဘူးလိုလိုနဲ့ ချက်ခြင်းထထွက်သွားတဲ့ ရေပြင်ကြောင့် ခေါင်းကုက်ရပ်နဲ့ နောက်က လိုက်လာလိုက်ရသည်။


"ဟင် အော် အေးအေး သွားမယ်"


ရေပြင် အစောတုန်းက မတက်တော့ဘူးလို့ပြောမို့ပါ နောက်မှ ဒီမနက်မှ သူမလေးရဲ့ ထူးထူးဆန်းဆန်းလုပ်ရပ်တွေကို ပြန်တွေးလိုက်ပြီး သူစိုးရိမ်စိတ်တို့သည်။ 'မင်းဝင်မပြိုင်ရဘူး ခခ'


>>>>>>>>>>>>>>


"ဒီတစ်ခါ အလှည့်ကျသူလေးကတော့ ခါးနံပါတ်၄ မပန်းမြိုင်လယ်ပဲဖြစ်ပါတယ်ရှင်"


"ဟေးးးးးး ဖြောင်း!ဖြောင်း!ဖြောင်း! ခခ! ခခ! ခခ!"


ပန်းမြိုင်လယ် သူမနာမည်ခေါ်နေတဲ့ လူအုပ်ကြီးကြောင့် တုန်ရင်နေတဲ့ ကိုယ်ကို မနည်းထိန်းရင် အပြုံးတို့နဲ့အတူ လျှောက်လှမ်းအတိုင်း လျှောက်ခဲ့ပင်မယ့် သူမမျက်ဝန်းအစုံ လူအုပ်ကြီးရဲ့ ထောင့်တစ်နေရာကိုအရောက်


"ဟင်! ကိုကို!"


"ပန်း!မြိုင်!လယ်!!!! မင်းခုချက်ခြင်းဆင်းလာခဲ့!!!"


◾◾◾◾◾◾◾◾◾◾◾◾◾◾◾


စာဖတ်သူအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ပြည့်စုံပြီး တစ်ခဏတာမျှ စိတ်အမောတွေ ပြေနိုင်ကြပါစေရှင်🙏


စာဖတ်သူများကို အစဥ်လေးစားလျှက် 

#မြူခိုးဝေဝေ


rate now: