book

Index 15

အပိုင်း (၁၅)

ကိုကို့မို့ ချစ်တာလို့ ☹


(Wow သူက The water world groupရဲ့ ချွေးမပဲ အားကျလိုက်တာ)


(အား.... ဆရာက အချစ်ခံလေးတော့)


(ဆရာက သူ့မိန်းမဆို မီးသေပုံရတယ်)


(ဆရာ့ဇနီး အူတိုပုံလေးက ချစ်စရာလေး ဘယ်သူလေးလည်းမသိဘူး)


(အေးလေ ဆရာကလည်း အနေအထိုင် ဆင်ခြင်သင့်တာပေါ့)


(အာ ငါသိပြီ အဲ့နေ့တုန်းက တီချယ်ကြီးအချိန်ကို အစားထိုးလိုက်လို့နေမှာ)


(ဇနီးလောင်းလေးက ဘယ်သူလေးလည်းမသိဘူး သိခြင်လိုက်တာ)


"ဟာ! ကျစ် ခခတို့တော့မွှေလိုက်ပြန်ပြီ မိုးတောင်မလင်းသေးဘူး ဒုက္ခပဲ ဆရာသိသွားပြီလားမသိဘူး သေချာတာတော့ မသိလောက်သေးပုံပဲ နေအုန်း အရင်းဆုံးဖုန်းဆက်ရမယ် ဟုတ်တယ် ဖုန်းဆက်ရမယ်"


ချစ်လွန်းတစ်ယောက် မျက်နှာတောင်မသစ်ကသေ NFမှာပေါ်လာတဲ့ hotနေတဲ့သတင်းကြောင့် ခေါင်းမီးတောက်နေမိသည်။ အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ...


"ဒီးးးးးးး ဒီးးးးးး ဒီးးးးးးး ဒီးးးး"


"အာ........ ဟွန့် အိပ်နေပါတယ်ဆို"


ခခ ခေါင်းဦးအောက်က ဖုန်းရဲ့တုန်ခါနှုန်းကြောင့် ဆက်မအိပ်နိုင်တော့ပဲ ဖွင့်မရဆဲဖစ်နေတဲ့ မျက်လုံးတို့နဲ့အတူ ဖုန်းကိုင်လိုက်တယ်ဆို


"ဟယ်လ....."


"ဟဲ့! ဘာလို့ခုမှကိုင်တာလည်း! ငါခေါ်နေတာ လေဖြတ်တော့မယ် မိခ! နင်အခုလိုင်းပေါ်တက်ခဲ့ ငါနဲ့ မူပိုရှိတယ် နင်အတော်မွှေသိလား... ဟဲ့ ဒါနဲ့ နင်ကိုကို နိုးပြီလား.."


ခခ သူမ ဟယ်လိုတောင်မဆုံးသေး တရဆက်ပစ်လွှတ်လာတဲ့ ချစ်လွန်းမ စကားလုံးတွေကို ယောင်နနလေးနားထောင်နေရင်း ကိုကိုဆိုတော့မှ ဘေးကိုကြည့်လိုက်ပြီး


"ဟင် မနိုးသေးဘူး ဘာလို့လည်း.."


ချစ်လွန်း ခုထိ အိမ်မက်ကမ္ဘာထဲက မထွက်သေးပုံရတဲ့ ခခအသံကြောင့် အသဲတယားယားနဲ့ပဲ


"ဟဲ့! မိခမ! သတိဝင်စမ်း! နင့်ကိုကိုမနိုးသေးဘူးဆို နင်လုပ်ထားတဲ့ ကိစ္စ လက်စပြန်သက် အခု အတော်ပြန့်နေပြီ အဲ့postကို ရအောင်ဖြတ်ခဲ့နော် နင့်ကိုကိုတွေ့သွားရင် နင်သိတယ်မဟုတ်လား အာ... ပြောနေတာတောင်ကြာနေပြီ လုပ်တော့ နင့်ကိုကိုမနိုးခင် တွေ့သွားရင် နင်တော့ မြွေပွေးကိုက်ပြီးပဲ မြန်မြန်ထတော့ တီ!............."


ခခ ကျသွားပြီဖြစ်တဲ့ ဖုန်းသံရှည်ကြီးကြားမှ သတိကပ်လာကာ ချစ်လွန်းစကားတွေ ပြန်ကြားလာပြီး


"ဟင်! မဖြစ်ဘူး!! ဘုန်း!"


"ဟ့! ဘာဖြစ်တာလည်းကွာ ကျစ်"


ရေပြင် ရုပ်တရပ် ဘေးနက ဘုန်းဆိုတဲ့အသံအတူ ဆက်ခနဲထထိုင်လိုက်တဲ့သူမလေးကြောင့် သူပါ လန့်နိုးရတဲ့အဖြစ်။


ခခ သတိလက်လွတ် ထထိုင်လိုက်ပြီးမှ ကိုကို နိုးသွားပြီအသိနဲ့ ခေါင်းမီးတောက်ကာ မျက်လုံးအဝိုင်းသားနဲ့ ကြောင်နေမိသည်။


ရေပြင် သူ့ကို မမြင်ဖူးတဲ့သူလို မျက်လုံးအဝိုင်းသားနဲ့ကြောင်ကြည့်နေဆဲသူမလေးကြောင့် သူထထိုင်မို့လုပ်လိုက်တယ်ဆို


"မထနဲ့!!!!"


"ဟ့! လန့်တာကွာ... ကျစ် ခခ မင်းဘာဖြစ်နေတာလည်း..."


ခခ ဒီတစ်ခါလည်းမှားပြန်ပြီဆိုတဲ့အသိနဲ့ ခေါင်းခါလိုက်ပြီး နောက် မျက်လုံးတို့က ကို့ကိုခေါင်းဦးအောက်က တစ်ပိုင်းတစ်စထွက်နေတဲ့ ဖုန်းလေးကို တွေ့လိုက်တယ်ဆို


"ကို ကိုကို နိုး... နိုးပြီလား... အဟွန်း... မျက်နှာ သွားသစ်တော့လေ"


ရေပြင် သူ့ကို သွားသေးသေးလေးတွေကို အတင်ဖြဲကာ ရယ်ပြနေတဲ့သူမလေးကြောင့် မျက်မှောင်ကျုံ့လိုက်ပြီး


"နိုးမှာပေါ့ မင်းဒီလောက် ဝုန်းဒိုင်းလုပ်နေတာကို"


"အဟွန်း... ကိုကိုကလည်း......"


".............."


"ထ ထတော့လေ သွား အဟွန်း... ရေချိုးတော့ ကျောင်းသွားရအုန်းမယ့်ဟာ အဟွန်း..."


ရေပြင် ခါတိုင်း သူကားပေါ်ရောက်မှ ​ထတက်တဲ့သူမလေးက အစောကြီးနိုးပြီး သဘောတွေကောင်းပြနေတာကြောင့် စိတ်ထဲဘဝင်မကျပင်မယ့် ရေချိုးခန်းဘက်ထွက်လာလိုက်သည်။


ခခ ကိုကိုရေချိုးခန်းထဲဝင်သွားတာသေချာပြီဆိုတော့မှ ဆက်ခနဲဆိုသလို ခေါင်းဦးအောက်က ကိုကို့ဖုန်းကို ဆွဲယူလိုက်ပြီး


"ဟူး...... တော်သေးလို့ ကိုကိုက မနက်မိုးလင်းတာနဲ့ ဖုန်းတန်းမကိုင်တက်လို့ ဟင်! ဟာ! အီး...... ဘာလို့လည်း....လို့ ဟင့်"


ခခ မနေကညကထိ pwမခံထားတဲ့ ကိုကို့ဖုန်းက ခုချက်ခြင်ကြီး pwပေးပါလုပ်နေတာကြောင့် ငိုခြင်စိတ်ပေါက်သွားမိသည်။


"ဘယ်လိုလုပ်ရမလည်း... ကိုကို တွေ့သွားလို့မဖြစ်ဘူး... ငါရေးထားတဲ့ postကိုသာ ကိုကိုတွေ့သွားရင်.... အား....... ရှက်လိုက်တာ... ရှက်လို့သေတော့မယ်...."


ခခ လုပ်တုန်းက လုပ်ပြီးမှ ခုမှ ပြန်တွေးပြီး ရှက်နေမိသည်။'ဘာတဲ့ မီးနဲ့တွေ့မယ်ဆိုပြီးတောင် ခြိမ်းခြောက်ထားသေးတယ်'


"အား.... ရှက်လိုက်တာ.... ဟင့်"


"ဟေ့! ခခ!"


"အမလေး!!!"


ခခ ရုပ်တရပ် ရေချိုးခန်းထဲက ထွက်လာတဲ့ ကိုကို့မျက်နှာကြီးကြောင့် လက်ထဲကဖုန်းကို စောင်ပုံထဲတက်ခနဲထည့်လိုက်တာ လျှပ်စီးလက်သလိုပင်။


"အဲ့ဒါဘာဖြစ်နေတာလည်း နိုးနေတာဖြင့်ကြာပြီ ခုထိ စိတ်နဲ့လူနဲ့မကပ်သေးတာလား.... ထ ရေသွားချိုးတော့ မာမီတို့ ဘရိတ်ဖက်စားဖို့စောင့်နေလိုက်မယ်"


"ဟင် ဟုတ် ဟို...."


ရေပြင် ဟုတ်လို့သာပြောပြီး ထိုင်တော့မလို ထတော့မလိုနဲ့ ခုထိပေးကပ်ကပ်လေးနေနေသေးတဲ့သူမလေးကြောင့်


"ကျစ် ဟုတ်ဆိုလည်းထတော့လေကွာ"


"ဟုတ် ကိုကိုကလည်း ဆူဖို့ကြီးပဲ အိပ်ယာသိမ်းအုန်းမယ်လေ"


"အပိုတွေလုပ်မနေနဲ့ ဘယ်တုန်း​က အိပ်ယာသိမ်းဘူးလို့လည်း ထ သွားတော့"


"ဟုတ် ဟို"


"ကျစ် ခခ..."


"သွားပြီ သွားပြီ ကိုကိုကလည်း စိတ်ကြီးပဲ..."


ခခ ရေချိုးခန်းရောက်တဲ့ထိ စိတ်မဖြောင့်နိုင်ပါ ကိုကိုဖုန်းဖွင့်ကြည့်လိုက်ရင်ဆိုတဲ့အသိက ရေတောင်ဘယ်လိုချိုးလို့ချိုးလိုက်မှန်းပင်မသိပေ။ သေချာတာကတော့ ဖြစ်လာသမျှ အကုန်ခံယူဖို့ စိတ်ကို အဆုံးထိပြင်ဆင်ထားလိုက်တော့သည်။

'ကိုကို ဆူခြင်လည်း ဆူပါစေတော့......'


ရေပြင် ခခရေချိုးခန်းထဲဝင်သွားတဲ့ ကြိပ်ပြုံးလိုက်မိသည်။ တကယ့် အမွှေစိန်လေး သူညက သူမလေးအိပ်ပျော်သွားသည်အထိ မအိပ်ပျော်သေးတာမို့ ဖုန်းခဏထုပ်ကြည့်လိုက်တာဖြစ်သည်။ စစတွေ့တုန်းက စိတ်ထောင်းခနဲထသွားပင်မယ့် သူမတင်ထားတဲ့ ပိုင်စိုးပိုင်နင်းစာလေးတွေကြည့်ပြီး သူမလေး အတော်ကလေးဆန်ပါလားလို့တွေးရင်း စိတ်ဖြေခဲ့ရတာပင်။ ဒါမယ့် သူမလေးကို ညှင်းဆဲဖို့ သူတမင်မပေါက်ကွဲဘဲ ဘေးကထိုင်ကြည့်ပရိတ်သက်လုပ်ဖို့ စီစဥ်လိုက်တာဖြစ်သည်။ အမှန်ဆို သူမလေးနဲ့ ချစ်လွန်းတို့ဖုန်းစပြောနေကတည်းက သူနိုးနေတာပင်။ စိတ်ဆင်းရဲမှူအပေါင်းနဲ့ မပြုံးခြင်းပဲ အစွမ်းကုန်ပြုံးပြနေတဲ့ သူမလေးမျက်နှာကြည့်ပြီး သူရယ်ခြင်စိတ်ကိုမနည်းထိန်းထားရတာပင်။ နေပါစေ ဒီလောက်မွှေတဲ့ ခခ မင်းကို မှတ်လောက်သားလောက်အောင်တော့ပညာပေးရအုန်းမယ်။


"ကိုကို.........."


'ဟော ထွက်လာပါပြီး မက်မင်းကြီးမလေ လုပ်နေတဲ့ရုပ်လေးက အစားမစားရလို့ အားပျက်နေတဲ့ ယုံပေါက်လေးအတိုင်း' ရေပြင် တစ်ချက်သာလှည့်ကြည့်ပြီး ခက်တည်တည်နဲ့ နက်တိုင်ဆက်ချည်နေလိုက်သည်။


ခခ သူမခေါ်တာကို နက်တိုင်တက်ရင်း တစ်ချက်သာလှည့်ကြည့်ပြီး ပြန်လှည့်သွားတဲ့ကိုကိုမျက်နှာ တင်းတင်းကြောင့် မျက်နှာလေးမဲ့ကျသွားပြီး ခေါင်းလေးအလိုလိုငုံ့ကာ


"ဟို မီး မီးမှားမှန်းသိပါတယ်ကိုကိုရယ်.... ဟို မီးကို မဆူပါနဲ့နော်... ဟင့်"


ရေပြင် စလာကတည်းက အငိုလေးနဲ့မို့


"ဟေ့ ဟေ့ ငိုစရာဘာကြောင်းမှမရှိဘူးနော် ကိုယ်လုပ်ထားတဲ့အပြစ်ကိုယ်သိ"


"အီး........... မငိုပါနဲ့ပြောပြီး သူကြီးကျ အရမ်းဆူနေပြီတော့ ဟီး......"


"ဟာ ငါမင်းကို ဘယ်မှာဆူရသေးလိုလည်း...."


"အီး....... မင်းတွေ ငါတွေနဲ့ပါ မီးကိုပြောနေပြီ ဟီး...... သူကြီးကိုချစ်လွန်းလို့ အမှားသေးသေးလေးလုပ်မိတဲ့ဟာကို သူများကို တအားဆူနေတယ် ဟီး..... မာမီရေ...."


"ဟေ့ ခခ မင်းငိုစရာအကြောင်းမရှိပဲ မငိုပဲနော် မင်းအဲ့ကိစ္စမလုပ်ခင် နည်းနည်းလေးမှ မစဥ်းစားဘူးလား ခုတော့ ကျစ် အားလုံးမျက်နှာ ပူစရာတွေဖြစ်ကုန်ပြီ တီချယ်ကြီးနဲ့တွေ့ရင် ငါဘယ်လိုမျက်နှာပြရမလည်းပြော ကျစ်"


"ဟွန့် ဒါကတော့ မီးကအဲ့လိုဖြစ်မယ်မှန်း မသိလို့ပေါ့လို့ သိမှဖြင့် အဲ့လိုလုပ်ပါ့မလားလို့ ဟင့်"


"အော်...ဟော်.... ခခ မင်းစကားတွေ သိပ်တက်နေပေါ့ မင်းပြောသလိုသာဆို ဘယ်သူမှ အမှားတောင်လုပ်ကြတော့မှာမဟုတ်ဘူးလေ အမှားမလုပ်မိခင် ကြိုစဥ်းစားဖို့ ကိုယ်ကပြောနေတာ ခု မင်းကို ဆူပူနေတာလည်းမဟုတ်ဘူးနော် တော်ပြီ တိပ်တော့ ကိုယ့်အမှားကိုယ်ပြန်စဥ်ခြင် နောက်ဒီလိုမဖြစ်စေနဲ့"


"ဟင့် ဟုတ်"


ရေပြင် အစကတော့ သူမလေးကို အတော်လေး ညှင်းဆဲအုန်းမို့ပါ ဒါမယ့် သူမလေးရဲ့ လေသံပျော့ပျော့လေးကြားလိုက်တာနဲ့ တင်းထားသမျှတို့ ဘယ်လိုက်ကောက်ရမှန်းမသိတော့ပေ။


"အွန်း အအေးပတ်အုန်းမယ် အဝတ်စားမြန်မြန်လဲတော့"


"ဟုတ်....."


ရေပြင် ဟုတ်ပြောပြီ မထွက်သွားသေးပဲ နေရာမှာတင် တွန့်ဆုပ် တွန့်ဆုပ်လုပ်နေတဲ့ သူမလေးကြောင့်


"ဘာပြောဖို့ ကျန်သေးလို့လည်း"


"ဟုတ် ဟို မီး မီးကို တကယ်စိတ်မဆိုးတော့ဘူးမှတ်လားဟင်"


ရေပြင် ခုမှ မျက်နှာငယ်လေးနဲ့ မျက်လုံးဝိုင်းလေးတွေနဲ့ သူ့အဖြေကိုမျှော်လင့်နေတဲ့သူမလေးကိုကြည့်လိုက်ပြီး 


"စိတ်ဆိုးရအောင် ကိုယ်က ကလေးမှမဟုတ်တာ ဘာလို့ဆိုးရမှာလည်း.."


ခခ စောင်းသလိုချိတ်သလို ကိုကို့စကားကြောင့် ဘဝမကျပင်မယ့်လည်း စိတ်မဆိုးဘူးဆိုတာကြောင့်


"ဟီး..... ဟုတ် ဒါဆို မီး အင်္ကျီသွားလဲလိုက်အုန်းမယ်နော် ၃မိနစ်ပဲစောင့်"


ရေပြင် ချက်ခြင်ဆိုသလို ပြောင်းလွယ်သွားတဲ့ ခခမျက်နှာကြောင့် သူကိုယ်တိုင်လည်း အပြုံးတို့ကူစကအခံလိုက်ရသည်။ 'မင်း အရာရာကို ခုလို ပြောင်းလည်းလွယ်မှာ ကိုယ်ကြောက်တာ ခခ'


>>>>>>>>>>>>>>>>>>


"မောနင်းပါဆရာ"


မူပိုနဲ့ချစ်လွန်း ကားပေါ်တက်တယ်ဆို အပြုံးတို့နဲ့ မောနင်းလုပ်လိုက်ပင်မယ့် ခြေလွန်းတဲ့ သူမတို့သူငယ်ချင်းရဲ့ချစ်ချစ်ကြီးက ခက်ရေးရေး ပြုံးပြရုံနဲ့ အသိမှတ်ပြုတာခံလိုက်ရသည်။ မူပိုနဲ့ချစ်လွန်း ခခရဲ့ ဘေးတစ်ဖက် တစ်ချက်မှာထိုင်လိုက်ပြီး ချစ်လွန်းက အခြေအနေဘယ်လိုလည်းဆိုတဲ့သဘောနဲ့ ခခကို တတောင်နဲ့တွတ်လိုက်တယ်ဆို ခခက ချိုအီသောအပြုံးတို့နဲ့ လက်နဲ့ပဲ okလုပ်ပြလိုက်သည်။


"ဟူး....."


"ဟဲ့" "ဖျက်"


ချစ်လွန်း အသံကျယ်သွားတဲ့ သူမရဲ့ သက်ပျင်းကြောင့် သူမကိုယ်ပေါ်ရေယက်လာတဲ့ ရိုက်ချက်တွေကြောင့် ကြိပ်ပြီး sorry လုပ်နေမိသည်။


ရေပြင် ကျောင်းသွားတဲ့လမ်းတစ်လျှောက် သူမလေးရဲ့ သက်ဝင်လှတဲ့အပြုံးတွေကိုကြည့်ရင် သူ့ရဲ့မနက်ခင်က စိုပြည်နေလျှက်။ သူမလေးနဲ့ နှစ်ယောက်တည်း စီးခြင်ပင်မယ့် သူမလေးခုလိုပြုံးပျော်ဖို့ သူမလေးအလိုလိုက်ပြီး နေ့တိုင်း တံတားတစ်လမ်း သံတစ်လမ်းက သူမလေးရဲ့ အမွှေစိန်သူငယ်ချင်းတွေကို သွားကြိုပေးနေရတာကလည်း သူ့ရဲ့ အလုပ်တစ်ခုပင်ဖြစ်နေပြီဖြစ်သည်။


>>>>>>>>>>>>>>>>>>>>


"ခ ခခ လူတွေ ငါတို့ကို ကြည့်နေသလိုပဲနော် ဟို တစ်မျိုးကြီးပဲ"


လာပြီ ဇီဇာကြောင်တဲ့ မူပိုမ


"ကြည့်ပါစေပေါ့ဟာ မျက်လုံးပါလို့ကြည့်တာပဲ"


"မဟုတ်ဘူး တစ်ခုခုပဲ ဟို နင်တင်တဲ့ postကြောင့်ထင်တာပဲ"


"ဟုတ်တယ် ခခ ငါလည်း အဲ့လိုတော့ထင်တယ် ဒါမယ့် ထားလိုက်ပါ ငါ့သူငယ်ချင်းက သူ့ကိုကိုကလွဲရင် ကျန်တာအကုန် လျစ်လျှူရှူ့နိုင်တယ် ဟုတ်တယ်မလား ခခ"


"အဟွန်း ချစ်လွန်းတောင် တော်လာပြီနော် ဘယ်ဆိုးလို့လည်း"


"အပိုတွေ လုပ်မနေနဲ့ ဟိုမှာ ဆရာမဝင်လာပြီ"


"မ င်္ဂ လာ ပါ ဆ ရာ မ"


"မင်္ဂလာပါကွယ်... တီချယ်နာမည်က ဒေါ်သက်သက်ဆိုင်ပါ တီချယ်က ဒီအတန်းရဲ့ အတန်းမှူးပါကွယ် မနေ့က တီချယ်မလာဖြစ်လို့ သားရေပြင်ညီနဲ့ လွှဲပေးလိုက်ရလို့ တီချယ်အားနာမိပါတယ ကွယ်..................................

..................."


"ဟဲ့ ခခ အားတော့နာစရာကြီးနော်...."


ခခ သူမကိုယ်တိုင်လည်း မျက်နှာပူနေတာမို့ တိပ်တိပ်လေးနေပါတယ်ဆို အလိုက်ကန်းဆိုမသိတဲ့ ချစ်လွန်းမက လက်ကုပ်ပြီး လာပြောနေသေးတာကြောင့် အသံကြိပ်ကြိပ်နဲ့ပဲ


"နင် တိပ်တိပ်နေလိုက်ရင် ပိုကောင်မယ်ချစ်လွန်းမ နင်လုပ်မှ သူများတွေသိမယ်"


"ခိ ဆော ဆောရီးသူငယ်ချင်း အဟွန်း..."


"ကဲ ကဲ ဒီနေ့တီချယ် ပြောခြင်တဲ့ အဓိကအကြောင်းရင်းကတော့ နှစ်တိုင်း ကျင်းပမြဲဖြစ်တဲ့ အတန်းရဲ့ ကင်းကွင်းရွေးချယ်ပွဲအကြောင်းပဲဖြစ်တယ်..."


"ဟေးးးးးးးးး ဘုန်း ဘုန်း ဘုန်း"


ဆရာမ စကားစလိုက်တယ်ဆိုအုတ်အော် သောင်းနင်း ဖြစ်သွားတဲ့ ကျောင်းသားလူအုပ်ကြီးက နည်းသည်မဟုတ်


"ဘုန်း! ဘုန်း! တီချယ်ပြောတာ ဆုံးအောင် နားထောင်ကြအုန်းလေကွယ် တအောင့်နေ တို့မေဂျာရဲ့ ကျောင်းသားခေါင်းစောင် အကိုအမတွေလာလိုက်မယ် အရင်နှစ်က ကင်းကွင်းပါလာလိုက်မယ် အဲ့ကျ မင်းတို့ ပါဝင်ဆင်နွှဲခြင်သူတွေ နာမည်ပေးလို့ရတယ်နော် နောက် သူတို့လည်း သင့်တော်သူတွေကို ရွေးလိုက်မယ် ကျင်းပမယ့်ရက်က ဒီတစ်ပတ် သောကြာနေ့နော် ခန်းမထဲမှာ တီချယ့်အခန်းက လူတွေအကုန်တွေ့ခြင်တယ်နော် လာကြမှာလား..."


"လာ ပါ မယ် တီ ချယ်...."


"အေးအေး ဒါဆို တီချယ်သွားပြီနော်"


ချစ်လွန်းနဲ့မူပိုတို့ တီချယ် အခန်းထဲက ထွက်သွားပြီဆိုတာနဲ့


"ဟဲ့ ဟဲ့ ခခ နင်ဝင်ပြိုင်ဟာ နော် စာရင်းပေးရအောင်လေနော်"


ခခ အမှန်တိုင်းပြောရရင် ဒီလိုပျော်ပွဲ ရွှင်ပွဲကို တက်ကြည့်ခြင်တာတော့အမှန်ပါ ဆယ်တန်းလောက်ကတည်းက ကြာဖူးနေကြဖြစ်တဲ့ တက္ကသိုလ်ရဲ့ ကင်းကွင်းဆိုတာကို အခုသူမကိုယ်တိုင် ပါဝင် ဆင်နွဲဲခြင်တာတော့ အမှန်ပါ။ သို့သော်


"ဟင် ဟို ကိုကိုကြိုက်မှာ မဟုတ်ဘူးဟ့"


ချစ်လွန်းနဲ့မူပို မျက်နှာလေးညှိုးသွားတဲ့ ခခကိုကြည့်ပြီး နှစ်ယောက်သား သက်ပျင်းချကာ


"နင်ကလည်း ကျောင်းက ပျော်ပွဲရွှင်ပွဲပဲဟာ နင်ဝင်ပြိုင်ဟာနော် နင်ဝင်ပြိုင်ရင် သေချာတယ် နင်ကွင်းရမှာ"


"အာ... မဟုတ်တာ ချစ်လွန်းရာ... ငါအဲ့လိုကြီး လိုခြင်တာမဟုတ်ပါဘူး ဒါမယ့် တစ်ခါမှ ခုလိုပွဲ​တွေ မပြိုင်ဖူးတော့ ဝင်ပြိုင်ကြည့်ခြင်တယ်"


"အေးပေါ့ဟ့ နင်ကိုယ်တိုင်ဝင်ပြိုင်ခြင်စိတ်ရှိနေတာပဲဟာ ဝင်သာပြိုင်"


"ဟင် ဒါမယ့် ဟို ကိုကိုက...."


"အာ.... ရအောင်ပြောပေါ့ဟာ ဆရာက နင်ပြောရင် ရပါတယ် ဟုတ်တယ်မှတ်လား...."


"အင်း.... ရမလားမသိဘူး ပြောကြည့်ကြည့်မယ်လေ"


"ဟေး..... ဒါမှ ငါ့တို့သူငယ်ချင်းကွ"


ခခ မူပိုနဲ့ချစ်လွန်းမတို့ ပျော်နေသလောက် သူမမှာတော့ စိတ်ထဲမရွှင်မလန်နိုင် 'ကိုကို့ကို ဘယ်လိုပြောရပါ့မလည်း သေချာတာကတော့ ဝင်ပြိုင်ခိုင်းလောက်မယ်မထင်ဘူး.... အို ဘာပဲ ဖြစ်ဖြစ် မာမီနဲ့ဖွားကို အပူကပ်ရမယ် ဟုတ်တယ် မိခ ညည်းဘာမှ အားမငယ်နဲ့ ညည်းဘက်မှာ မာမီနဲ့ဖွားရှိတယ်'


ခခတို့အဖွဲ့ လက်ခုပ်လက်ဝါးတီပြောနေသလောက် တစ်ဖက်က ညိုမီတို့အဖွဲ့ကတော့


"ဟဲ့ မီ ငါ့အထင် ဟိုကြောင်ဂျီးမှ ဝင်ပြိုင်မယ့်ပုံပဲ"


"အဟွန်း... ပြိုင်ပါစေပေါ့ သူရမယ်လို့ ဆုမှာ တံဆိပ်တက်ထားတာမှမဟုတ်တာ"


"ဟင် အေးနော် ဘာပဲပြောပြော ငါတို့ညိုမီက အတော်ဆုံးပဲ"


"အဟွန်း.."


ညိုမီနဲ့ခခတို့အဖွဲ့အခြေအနေကို အခန်းထောင့်ကနေ ကြည့်နေတဲ့ မဟာကတော့ နှုတ်ခမ်းခက်မဲ့မဲ့နှင့်


"ကြီးမားတဲ့ အညိုးဖြစ်ဖို့ ကောင်းချီးပေးမယ့်ပွဲထင်တယ် အဟက်"


"ဟျောင် ဘာတွေ ပြုံးနေတာလည်း မင်းလည်း ဝင်ပြိုင်မှာမဟုတ်လား.."


"အဟက် ငါက ပြိုင်ရအောင် ဒီအတန်းမှာ ငါနဲ့ ယှဥ်လို့ရတဲ့ အရည်အချင်းမျိုး ဘယ်သူရှိလို့လည်း..."


မျိုးချစ်တစ်ယောက် မဟာစကားကြောင့် အောင့်သက်သက်ဖြစ်သွားပင်မယ့် သူ့သူငယ်ချင်းဆိုတော့လည်း


"အဟွန်း... ဒါလည်း ဟုတ်တာပဲ"


◾◾◾◾◾◾◾◾◾◾◾◾◾◾◾


ကဲကဲ ဂျစ်တူးလေးတစ်ယောက်တော့ အိမ်ပြန်ရောက်ရင် ဘယ်လို ကိုကို့ကို ဂျစ်စိန်လေးလုပ်မလည်းမသိဘူးနော်😁


ကျန်းမာရေးကို အထူးထူးဂရုစိုက်ကြပါရှင်🙏


စာဖတ်သူတစ်ယောက်ခြင်းဆီတိုင်း သောကကင်းဝေးပြီး အပူအပင်ကင်း အထိတ်တလန့်ကင်းတဲ့ အချိန်လေး အမြန်ဆုံး ပိုင်ဆိုင်နိုင်ကြပါစေရှင်🙏


စာဖတ်သူများကို အစဥ်လေးစားလျှက်


#မြူခိုးဝေဝေ


rate now: