ကိုကို့မို့ ချစ်တာလို့ ☹
"အေး အေး ဒါဆို မနက်အဖြူရောင်နော် ဟီး... ရင်တုန်လိုက်တာဟာ ငါမနက်ဆေးကျောင်းတက်ရမှာ ယုံတောင်မယုံနိုင်ဘူး..."
"ယုံလိုက်တော့မိခမ ငါတော့မြင်ယောင်သေးတယ် မိခမတို့ကျောင်းရောက်ရင် ဝိုင်းဝိုင်းလည်နေမှာ"
"ဟယ် ချစ်လွန်းမ ဘယ်လိုပြောနေတာလည်း.. ငါ့မှာကိုကိုရှိပါတယ်နော် ဟွန့်"
"အဟွန်း... ဟုတ်ပါတယ်ဟယ်... ငါကစတာပါ ဒါနဲ့ ဟိုနေက နင့်ကိုမိတ်ဆက်ပေးတဲ့ နင့်ကယ်တင်ရှင်ကြီးလေ ငါ့အထင် နင့်များကြိုက်လားမသိဘူး သိလား ခခ"
ခခ ချစ်လွန်းက ဖုန်းထဲကပြောပင်မယ့် သူမမှာ အလန့်တထိပ်နဲ့ နောက်ကျောဘက်ကတံခါးကိုလှမ်းကြည့်လိုက်ပြီး အသံခက်ကြိပ်ကြိပ်ဖြင့်
"ချစ်လွန်းမ... နင်ဘာဖြစ်နေတာလည်း အဲ့လူကြောင်းမပြောနဲ့တော့ဟာ... ကြားလား..."
"ဟယ်... နင်ကလည်းခခရယ်... ငါကငါ့အထင်ပြောတာပါဟယ်... နင်ကလည်း ချက်ခြင်းပဲ အရင်တုန်းကတော့ သူပဲကယ်တင်ရှင်လေးကို တွေ့ခြင်လိုက်တာ ဘာလားနဲ့ တွေ့တုန်းကလည်းအဆင်ပြေပါတယ် ခုမှ ဘာဖြစ်သွားရတာလည်း..."
"ကိုကို့ကြောင့်ပေါ့ဟာ... ငါ့ကိုလာကြိုတဲ့နေ့က အကိုမဟာနဲ့ငါ့ကိုတွေ့သွားလို့ သွားတွေ့တာလားဆိုပြီ ငါ့ကိုအသေဟောက်တာသိလား တကယ်ကြောက်ဖို့ကောင်းတယ် မျက်နှာက နီရဲပြီး မသိရင် ငါ့ကိုထရိုက်တော့မယ့်အတိုင်းပဲ"
"ဟယ်... ဟုတ်လား.... ကမ်းခြေမှာတုန်းကလည်းအဲ့တိုင်းပဲသိလား.. အကိုမဟာက နင့်ကိုကယ်ထားတာတောင် အတင်းတွန်းထုပ်ပြီး နင့်ကိုခေါ်သွားတာ ငါတို့ဖြင့် အကိုမဟာကိုအားနာလိုက်ဟာ ပြောမနေနဲ့ သူ့မှာ နင့်ကိုလည်းကယ်ရသေးတယ် ဆရာရေပြင်ရဲ့လုပ်ရပ်ကြောင့်လည်း နည်းနည်းတော့ရှက်သွားမှာပေါ့ဟာ..."
ခခ ချစ်လွန်းစကားကြောင့် မျက်နှာလေးညှိုးသွားပြီး
"အကိုမဟာကိုအားနာလိုက်တာချစ်လွန်းရယ်...."
"အေးဟယ်... အဲ့တုန်းက ငါတို့လည်းတောင်းပန်တဲ့အကြောင်းပြောအုန်းမို့ပဲဟ့ အကိုမဟာက မျက်နှာတင်းတင်းကြီးနဲ့ ချက်ခြင်းကြီးထထွက်သွားတော့ ငါတို့လည်း မလိုက်ရဲတော့ဘူးလေ"
"အွန်း...."
ချစ်လွန်း တစ်ဖက်က အသံပျော့သွားတဲ့ ခခကြောင့် စိတ်မကောင်းဖြစ်နေပြီဆိုတာသိလိုက်တာမို့
"ကဲ ကဲ ထားလိုက်တော့ ပြီးသွားပြီပဲဟာ... မနက်သေချာဝတ်ခဲ့နော် အဖြူရောင်နော် ငါတို့သုံးယောက်အဲ့နေ့ကျ ဆေးတက္ကသိုလ်ရဲ့အလှတွေအားလုံးကို အပိုင်းသိမ်းပစ်ရမယ် ဒါနဲ့ နင်ထမိန်နဲ့နေတက်ပြီလား.."
ခခ ချစ်လွန်းစကားကြောင့် သူမဝတ်ထားတဲ့ ထမိန်ကိုငုံ့ကြည့်လိုက်ပြီး
"အွန်း... အဆင်ပြေတော့ပြေသွားပြီ မာမီက ထမိန်စကပ်တွေပဲချုပ်ပေးထားတော့အဆင်တော့နည်းနည်းပြေတယ်"
"အန်တီမေမချုပ်ပေးလည်းမရဘူးလေ မဟုတ်ရင် နင်ကျောင်းမှာ... ခွီး...."
ခခ တစ်ဖက်က သူမကိုလှောင်ပြီး ခွီးခနဲရယ်ချလိုက်တဲ့ချစ်လွန်းကြောင့် အလိုလိုမျက်စောင်းလေးခဲပြီး
"ဟဲ့ ကောင်မစုပ် ချစ်လွန်းမနော်... နင်ကပ်ရယ်ထား နင့်အလှည့်ကျတွေ့မယ်သိလား..."
"အဟွန်း... ငါတို့ကအေးဆေးပါ ခခလေးရယ်... ကိုယ့်အတွက်ကိုယ်ပူ! ဟွန့်!"
"အေးပါ... အေးပါ... ပြောထားပါ မနက်တွေ့မှ နင်သေပြီမှတ်"
"ဟားးဟားး ကြောက်ရမှာလား... ကိုယ့်အကောင်ကဖြင့် ဘာရယ်... ခွေပစ်တဲ့ ဘာဆိုလား......"
"အား.!.. ချစ်လွန်းမ.!...."
"ဒေါက် ဒေါက် ခခ လော့ချထားတာလား... တံခါးဖွင့်စမ်း.."
"ဟားးးဟားးး ဟိုမှာ နင့်ကိုကိုလာနေပြီမဟုတ်လား... သွားတော့လေ ဘာလုပ်နေတာလည်း.."
ခခ သူမအပျက်ပြောမို့ အားခဲတုန်း အခန်းပြင်က ကိုကိုအသံကြောင့် မို့တက်လာတဲ့ရင်ဘက်လေးက သက်ပြင်းချခြင်းနဲ့အတူ နိမ့်ကျသွားပြီး ဖုန်းကို ပြန်ကြည့်လိုက်ကာ အသက်ခက်ကြိပ်ကြိပ်ဖြင့်
"နင့်နဲ့မနက်မှတွေမယ် ကျီးကန်းမ.."
"အယ်..နင်.. တီ!"
ခခ တစ်ဖက်က ချစ်လွန်းစကားမဆုံးခင်ချလိုက်ပြီး အောင်နိုင်သူလို မဲ့ပြုံးနဲ့အတူ
"ဟွန့် ချစ်လွန်းမ မနက်မှတွေ့မယ် ကျီးကန်းမ!"
"ဒေါက် ဒေါက် ခခ! မင်းဘာလုပ်နေတာလည်း...! တံခါးဖွင့်ဆို ဟေ့!"
ခခ ကိုကို့ရဲ့အငံကျယ်ကျယ်ကြားတော့မှ ဖုန်းကိုခေါင်းဦးအောက်ထိုးထည့်ပြီး အသံပေးရင် တံခါးပြေးဖွင့်ရတော့သည်။
"အယ် လာပြီ လာပြီကိုကိုရေ...... ကလစ်, ဟီး... ဘာလာလုပ်တာလည်းကိုကို"
ရေပြင်တံခါးပွင့်လာခြင်းနဲ့အတူ ရှိသမျှသွားအကုန်ဗြဲပြီး ရယ်ပြနေတဲ့သူမလေးကြောင့် သူမျက်နှာတည်တည်နဲ့ပဲ
"ကိုယ့်အခန်း ကိုယ်ပြန်လာတာ ဘာလာလုပ်ရမှာလည်း..."
"ဟင် အော် ဟီး... လာ လာ ဝင်ပါရှင့်"
ခခ အခန်းထဲဝင်သွားတဲ့ကိုကို့နောက်ကိုလိုက်သွားရင်း
"ကိုကို့ မနက်ကျရင် မီးဆေးကျောင်းတက်ရတော့မယ်နော် ခိ ပျော်လို့သေတော့မယ်သိလား...."
"ကျောင်းစစဖွင့်ခြင်းစာမသင်ဘူး မသွားနဲ့ "
ခခ ရေပြင်စကားကြောင့် ရယ်နေတာလေးတန့်သွားပြီး ရေပြင့်ရှေ့သွားကာ
"ဟင်! ဟုတ်လားကိုကို... ဘာလို့မသင်တာလည်းဟင်ကိုကို ကျောင်းဖွင့်ရင်စာသင်ရမှာပဲလေ"
"ကျစ် ကျောင်းစစဖွင့်ခြင်းစာစသင်တဲ့တက္ကသိုလ်မရှိဘူး ကျစ် မသွားနဲ့ဆို မသွားနဲ့ပေါ့ကွာ.."
"ဟင် ဟင့်အင်း မရတော့ဘူး မီးကချစ်လွန်းတိူ့မူပိုတို့နဲ့ချိန်ထားပြီးပြီ မနက်ဆင်တူဝတ်ဖို့ အဖြူရောင်လေးတောင်ရွေးထားပြီးပြီဟာ..."
"ကျစ် ပြန်ပြောလိုက် မနက်မသွားဘူးလို့"
ခခ ရေပြင့်စကားကြောင့် အနားမှာရှိတဲ့ကုတင်ပေါ်စောင့်ထိုင်ချလိုက်ပြီး မျက်နှာလေးမဲ့ရှုံ့ပြီး
"ဟာ... ကိုကိုကလည်း.. မီးကမနက်ဖြန်ရောက်ဖို့ကို လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက လက်ချိုးရေလာရတာသိလား ခုနလေးတင် မနက်ဝတ်ဖို့အဝတ်အစားတောင်ရွေးပြီးပြီဟာ ရောက်ခံနီးမှ မျှော်လင့်ချက်ကိုရိုက်ချလိုက်ရလားလို့ စာမသင်လည်းသွားမှာပဲ မရဘူး..."
ရေပြင်ညီ ရေချိုးဖို့ အင်္ကျီချွတ်ပြီးပြီမို့ ပုဆိုးဝတ်ထားရပ်နဲ့ ခခရှေ့သွားရပ်လိုက်တယ်ဆို
"ဟွန့်"
ရေပြင် သူရှေ့လာရပ်မှ နှုတ်ခမ်းပိုစူပြီး မျက်နှာဆက်ခနဲလွှဲလိုက်တဲ့သူမလေးကြောင့် သူလှစ်ခနဲပြုံးလိုက်ပြီး
"မနက်မင်းဘာလို့သွားမရတာလည်းဆိုတာ တကယ်မသိတာလား.."
ခခ သူမကိုမသွားစေခြင်လို့ ကြောင်းပြချက်တွေလာနေပြီဆိုတာသိလိုက်တာမို့ နှုတ်ခမ်းလေးမဲ့လိုက်ပြီး မျက်နှာသေလေနဲ့
"သိစရာကိုမလိုတာ"
ရေပြင် သူ့ရှေ့မျာ မျက်တောင်လေးစင်းပြီး သူ့ကိုမထင်မဲ့မြင်ပုံလေးလုပ်ပြနေတဲ့သူမလေးကြောင့် သူအသည်းတကယ်ယားနေပြီဖြစ်သည်။
"ဒါဆိုလည်း ကိုယ်ပဲပြောပြလိုက်တော့မယ် မနက်မင်း ရာသီစက်ဝန်းအစနော် ကိုယ့်အကြောင်းကိုယ်သိ"
"ဟင်! အာ.... ဟင့် ဘာလို့သွားတိုက်ရတာလည်း... ဟင့် မရဘူးခခကတော့သွားမှာပဲ"
"ကျစ် ကိုယ့်အခြေအနေကိုယ်သိခခ ကိုယ်ကသူများတွေနဲ့တူတာမဟုတ်ဘူး နေရာတကာလိုက်ပြောနေရရင် မကောင်းဘူး.."
ဟုတ်သည် သူမက ထိုချိန်တွေကို သူများတွေလို အလွယ်တကူဖြတ်သန်းရတယ်ဆိုတာ တစ်ချိန်တောင်မရှိဘူး ဆေးအမြဲသောက်နေရပြီး မသောက်မိတဲ့အချိန်ကဆို သတိလစ်သွားသည်အထိ ခခတို့က အဲ့လောက်ရာဇဝင်ကြီးသူဖြစ်သည်။ ဒါကြောင့်လည်း တစ်အိမ်သားလုံး သူမအကြောင်းသိနေသည်မို့ သူဒီလိုအချိန်ဆိုဂရုစိုက်ကြမြဲမို့...
"ဟင့် ကိုကိုရယ်.. မီးဆေးသောက်ပြီးသွားမယ်လေနော်.."
"ကျစ် မင်းပြောလေဆိုးလေမလုပ်နဲ့နော်ခခ မသွားရဘူး..."
"ဟို မီး..."
"ထပ်မပြောနဲ့"
ခခ ရေချိုးခန်းမဝင်ခင် သူမကိုလှည့်ပြီး သတိပေးသွားတဲ့ကိုကိုကြောင့် သူမမျက်နှာလေစူပုပ်ပြီးကျန်နေခဲ့သည်။
"ဟင်း.... ဘာလို့အဲ့နေ့မှ ဖြစ်ရတာလည်းလို့.... ဟင့် သွားခြင်ပါတယ်ဆို..."
ခခ အတော်ကြာအောင် ကုတင်ထပ်မှာ ခြေတွဲလောင်းချရပ်လေးနဲ့စဥ်းစားပြီးနောက် မျက်နှာထပ်မှာအပြုံးတစ်ခုဖြစ်သွားပြီး အခန်းအပြင်ဘက်ပြေးထွက်သွားလိုက်သည်။
ခခအောက်ထက်ရောက်တာနဲ့ မာမီ့အခန်းကိုရှ်ရာပြေးသွားလိုက်ပြီး
"ဒေါက် ဒေါက် မာမီရေ... မာမီချစ်တုန်းလေးရေ....."
"ဝင်ခဲ့မီးလေးရေ...!... မာမီအဝတ်စားလဲနေလို့...!..."
"ခိ ဟုတ် ဟုတ်"
ခခ အခန်းထဲရောက်တာနဲ့ မာမီအင်္ကျီကြယ်သီးတက်ရပ်နဲ့ထွက်လာကာ
"ကဲ ပြောပါအုန်း... မလာစဖူး အလာထူးလို့ပါလား....မာမီမီးလေး...ဟွန်"
"ဟီး.. အမှန်တိုင်းပြောရရင်တော့ ဟုတ်တော့ဟုတ်တယ် ဒါမယ့် အဲ့လိုကြီးပဲလည်းမဟုတ်ဘူး.."
"အဟွန်း... ဟုတ်တာတွေရော အဟုတ်တာတွေရော အရှုပ်ထုပ်လေး ပြော ဘာချွဲအုန်းမို့လည်း..."
"ဟီး... ဟိုလေ မီးမနက်ကျောင်းသွားခြင်တယ်မာမီ"
"ဟင် သွားလေ မီးလေးရဲ့"
"အဲ့ဒါပြောတာပေါ့ မာမီရယ်... မီးကို ကိုကိုက မနက်ကျောင်းမသွားရဘူးတဲ့ မီးက ချစ်လွန်းတို့နဲ့တောင်အင်္ကျီဆင်တူဝတ်ပြီးသွားကြမို့ တိုင်ပင်ပြီးပြီသိလား.. အဲ့ဒါ ဟင့် ကိုကိုကမသွားရဘူးတဲ့ အဲ့ဒါ... မာမီပြောပေးပါနော်... ဟင့်"
ဒေါ်မေမီ သားက အကြောင်းမရှိပဲ ကျောင်းမသွားခိုင်းမှာတော့မဟုတ်တာကြောင့် မီးလေးကို သေချာကြည့်လိုက်ပြီး
"မာမီကိုမှန်မှန်ပြော ဘာအကြောင်းရှိလို့ သားကမသွားခိုင်းတာလည်း.."
ခခ မာမီစကားကြောင့် မျက်လုံးလေးဝိုင်းသွားပြီး
"ဟင် ဟို ဟိုလေ အဲ့ဒါက..."
"မာမီကို အမှန်တိုင်းပြော မာမီသေချာစဥ်စားပေးမယ်"
ခခ မာမီမှ မပြောရင်လည်း အားကိုစရာလူမရှိတော့တာမို့
"ဟင့် မနက်မီးအစနေ့"
ဒေါ်မေမီသူမရှေ့မှာ အားရုတ်သလိုလေးပြောလိုက်တဲ့ မီးလေးကြောင့် သူမပြုံးလိုက်ပြီး
"အဟွန်း.... အဲ့ဒါကြောင့် သားကမသွားခိုင်းတာလား..."
"ဟင့် ဟုတ်တယ် မီးကိုမသွားရဘူးတဲ့ မာမီရယ်... မီးပြောပြမယ်သိလား..."
"အွန်း.."
"မီးက အဲ့လိုနေ့တိုင်းမသွားရင် စာမေးပွဲရပ်တွေဆို ဘယ်လိုလုပ်မလည်းနော် မီးပြောခြင်တာက အကျင့်လုပ်ထားမှရမှာပေါ့ မီးကမရဘူးဆိုပြီးမသွားရင် မီးတစ်သက်လုံး ဒီလိုကြီးပဲနေရမှာလေ နော် ဟုတ်တယ်မှတ်လားမာမီ"
ဒေါ်မေမီ သူမကို ချက်ချက်ချာချာ မသွား သွားရအောင် ရှင်းပြသွားတဲ့မီးလေးကြောင့် သူမခေါင်းညိမ့်ပြုံးလိုက်ပြီး
"ဟုတ်ပါပြီကွယ်... သွားရမယ် ဟုတ်ပြီလား.. ဒါမယ့် ဆေးသောက်သွားရမယ် ဆေးယူသွားရမယ် မာမီထည့်ပေးလိုက်မယ့် ဆေးရည်လည်းသောက်ရမယ် ဟိုရောက်ရင် အိမ်ကထည့်ပေးလိုက်တာကလွဲရင် ဘာမှမစားရဘူး ဒါဆို ရပြီ သဘောတူလား..."
ခခ များပြားလွန်းလှတဲ့မာမီအမှာစကားတွေကြောင့် အားပျက်သွားသလို ခေါင်းလေးငိုက်ကျသွားပြီး နှုတ်ခမ်းစူရက်လေးနဲ့
"မာမီရယ်... နည်းနည်းလောက်ရှော့ပေးလို့မရဘူးလားဟင်"
"မရဘူး... မာမီက ဒါဆိုဒါပဲ"
"ဟွန့် မာမီလည်းကိုကို့အတိုင်းပဲ"
"ဘယ်လို မီးလေးနော်..."
ခခ သူမတိုးတိုးလေးပြောလိုက်တာကို ကြားသွားတဲ့မာမီကြောင့် သူမချက်ခြင်းဆိုသလို ခေါင်းခါရယ်ပြရင်း
"ဟီး... မဟုတ်ဘူး မဟုတ်ဘူး မှားလို့ အဟွန်း... မာမီပြောတာတွေကို မီးအကုန်လိုက်လုပ်ပါ့မယ်လို့ အဟွန်း... ရွှတ် မာမီချစ်လေးကလည်း.."
"ဟွန်းနော်... မီးလေးနော်.. သိပ်တက်နေ ဟွန့် ကောင်မစုပ်လေး..."
"ခိ ချစ်လို့စတာပါ မာမီရ အဟွန်း..."
"လူကြီးကို စစရာလားပြော.. ဟွန်း..."
"ဟိ ခိ ရွှတ်"
>>>>>>>>>>>>>>>
"မြေး.... မနက်ဆို ကျောင်းတွေဖွင့်ပြီနော်... မင်းအသံတွေဖွားမကြားခြင်ဘူးနော်..."
"အဟွန်း... ကျွန်တော်ထိန်းပင်မယ့် သူပါသူအသံထွက်သွားရင်တော့ မတက်နိုင်ဘူးဖွား..."
"မဟာ!"
"ကျစ် ကျွန်တော်အိပ်ပြီဖွား goodnight"
"မင်းကိုငါထက်မပြောဘူးနော်မဟာ....."
>>>>>>>>>>>>>
"ကျစ် ခခ မင်းဘယ်ချိန်ထိပြင်နေအုန်းမှာလည်း... ဒါကျောင်းသွားမှာ မယ်ရွေးပွဲသွားမှာမဟုတ်ဘူး..."
"အာ.... ခနလေးပါကိုကိုရယ်... ပြီးပြီ ပြီးပြီ မီးလှလားကိုကို ခိ"
ရေပြင်ညီသူပြောင်းဝတ်ခိုင်းထားလို့ ချင်းမိုင်အနက်ခံဝမ်းစက်လေးနဲ့ အလှကြီးလှနေတဲ့သူမလေး ဆံပင်ချတာမကြိုက်တာကြောင့် စီးခိုင်းထားပြန်တော့လည်း ရှင်းလင်းသွားတဲ့ လည်တိုင်ကျော့ကျော့လေးကြောင့် စိတ်ကမသက်သာခြင် မြန်မာဝတ်စုံလေးဝတ်တာ သူ့မျက်လုံးထဲ အမြင်အေးလှပင်မယ့် ကျောင်းကိုသွားမယ်ဆိုတော့ အမြင်ကမကြည်ခြင်ပါ။ ရေပြင်ညီတစ်ယောက် ခခကိုယ်လုံးလေးကို စုံဆန်တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကုပ်ကာ ခခရှေ့ကထွက်သွားလိုက်ပြီး
"နှုတ်ခမ်းနီဖျက်ခဲ့"
"ဟင်! အာ... ကိုကိုကလည်း... နှုတ်ခမ်းနီမပါရင်...."
"မဖျက်ခြင်ရင် မလိုက်နဲ့တော့"
"အာ... ဖျက်ပြီကိုကို ဖျက်ပြီ ဟွန့်"
ခခ အခန်းပြင်ဘက်ရောက်တဲ့ထိ သူမကိုလှမ်းအော်အမိန်းပေးနေတဲ့သူကြီးကြောင့် မှန်တင်ခုဲရှေ့သွားလိုက်ပြီး ခက်မြန်မြန်ဖြတ်လိုက်ရသည်။
"ဟွန့် အကျင့်ပုပ်တဲ့သူကြီး"
ရေပြင်ညီ သူအောက်ထက်ရောက်ပြီး သိပ်မကြာခင်သူမလေးစူပုပ်ပုပ်လေးနဲ့ရောက်လာကာ ဧည့်ခန်းကထိုင်စောင့်နေတဲ့ မာမီတို့ ချီးကျူးထောပဏာပြုနေတာကို သူအတော်ကြာစောင့်နေရသေးသည်။နှုတ်ခမ်းထက်မှာ နှုတ်ခမ်းနီလေးမရှိတော့ပင်မယ့် ပင်ကိုယ်ရဲနေတာလေးကိုလည်း သူအမြင်မကြည်ခြင်ပါ။ ဘာလို့ အဲ့လောက်လှနေရတာလည်း....
"ကျစ် သွားမယ် အချိန်မရှိတော့ဘူး"
"အွန်း အွန်း မီးလေး မာမီထည့်ပေးလိုက်တဲ့ဆေးရည်ကိုသောက်ဖြစ်အောင်သောက်နော် တစ်ခုခုဆိုလည်း ဖုန်းဆက်အုန်း..."
"ဟီး.. ဟုတ်မာမီ"
"အွန်း အွန်း သွားတော့ သွားတော့ နောက်ကျနေအုန်းမယ်"
"ဟုတ် သွားပြီမာမီ"
"ဟယ် အဲ နေအုန်း နေအုန်း မီးလေး နှုတ်ခမ်းနီဆိုသွားအုန်းလေး မေ့နေတာလား.."
"မဟုတ်ဘူး ကျွန်တော်မဆိုးခိုင်းတာ တက်ကားပေါ်"
ဒေါ်မေမီ ရေပြင်ရဲ့ဘောက်ဆက်ဆက်အသံကြောင့် ပြုံးလိုက်ခြင်းနဲ့အတူ သူမသက်ပျင်းချလိုက်မိသည်။ ဒီပုံစံနဲ့ မိန်းမနဲ့တစ်ကျောင်းထဲဘယ်လိုနေကြမည်မသိ။
◾◾◾◾◾◾◾◾◾◾◾◾◾◾◾
သည်းခံပြီး စောင့်မျှော်ဖတ်ပေးကြတဲ့ စာဖတ်သူတစ်ဦးခြင်းစီကိုကျေးဇူးအထူးထူးပါရှင့်🙏 အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒတွေပြည့်ကြပါစေရှင်🙏 မင်္ဂလာရှိတဲ့ ညချမ်းလေးပါနော် အိမ်မက်လှလှလေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်🙏❤
စာဖတ်သူများကိုအစဥ်လေးစားလျှက်🙏
#မြူခိုးဝေဝေ
ကိုကို့မို့ ချစ်တာလို့ ☹
အပိုင်း (၁၁)
"အေး အေး ဒါဆို မနက်အဖြူရောင်နော် ဟီး... ရင်တုန်လိုက်တာဟာ ငါမနက်ဆေးကျောင်းတက်ရမှာ ယုံတောင်မယုံနိုင်ဘူး..."
"ယုံလိုက်တော့မိခမ ငါတော့မြင်ယောင်သေးတယ် မိခမတို့ကျောင်းရောက်ရင် ဝိုင်းဝိုင်းလည်နေမှာ"
"ဟယ် ချစ်လွန်းမ ဘယ်လိုပြောနေတာလည်း.. ငါ့မှာကိုကိုရှိပါတယ်နော် ဟွန့်"
"အဟွန်း... ဟုတ်ပါတယ်ဟယ်... ငါကစတာပါ ဒါနဲ့ ဟိုနေက နင့်ကိုမိတ်ဆက်ပေးတဲ့ နင့်ကယ်တင်ရှင်ကြီးလေ ငါ့အထင် နင့်များကြိုက်လားမသိဘူး သိလား ခခ"
ခခ ချစ်လွန်းက ဖုန်းထဲကပြောပင်မယ့် သူမမှာ အလန့်တထိပ်နဲ့ နောက်ကျောဘက်ကတံခါးကိုလှမ်းကြည့်လိုက်ပြီး အသံခက်ကြိပ်ကြိပ်ဖြင့်
"ချစ်လွန်းမ... နင်ဘာဖြစ်နေတာလည်း အဲ့လူကြောင်းမပြောနဲ့တော့ဟာ... ကြားလား..."
"ဟယ်... နင်ကလည်းခခရယ်... ငါကငါ့အထင်ပြောတာပါဟယ်... နင်ကလည်း ချက်ခြင်းပဲ အရင်တုန်းကတော့ သူပဲကယ်တင်ရှင်လေးကို တွေ့ခြင်လိုက်တာ ဘာလားနဲ့ တွေ့တုန်းကလည်းအဆင်ပြေပါတယ် ခုမှ ဘာဖြစ်သွားရတာလည်း..."
"ကိုကို့ကြောင့်ပေါ့ဟာ... ငါ့ကိုလာကြိုတဲ့နေ့က အကိုမဟာနဲ့ငါ့ကိုတွေ့သွားလို့ သွားတွေ့တာလားဆိုပြီ ငါ့ကိုအသေဟောက်တာသိလား တကယ်ကြောက်ဖို့ကောင်းတယ် မျက်နှာက နီရဲပြီး မသိရင် ငါ့ကိုထရိုက်တော့မယ့်အတိုင်းပဲ"
"ဟယ်... ဟုတ်လား.... ကမ်းခြေမှာတုန်းကလည်းအဲ့တိုင်းပဲသိလား.. အကိုမဟာက နင့်ကိုကယ်ထားတာတောင် အတင်းတွန်းထုပ်ပြီး နင့်ကိုခေါ်သွားတာ ငါတို့ဖြင့် အကိုမဟာကိုအားနာလိုက်ဟာ ပြောမနေနဲ့ သူ့မှာ နင့်ကိုလည်းကယ်ရသေးတယ် ဆရာရေပြင်ရဲ့လုပ်ရပ်ကြောင့်လည်း နည်းနည်းတော့ရှက်သွားမှာပေါ့ဟာ..."
ခခ ချစ်လွန်းစကားကြောင့် မျက်နှာလေးညှိုးသွားပြီး
"အကိုမဟာကိုအားနာလိုက်တာချစ်လွန်းရယ်...."
"အေးဟယ်... အဲ့တုန်းက ငါတို့လည်းတောင်းပန်တဲ့အကြောင်းပြောအုန်းမို့ပဲဟ့ အကိုမဟာက မျက်နှာတင်းတင်းကြီးနဲ့ ချက်ခြင်းကြီးထထွက်သွားတော့ ငါတို့လည်း မလိုက်ရဲတော့ဘူးလေ"
"အွန်း...."
ချစ်လွန်း တစ်ဖက်က အသံပျော့သွားတဲ့ ခခကြောင့် စိတ်မကောင်းဖြစ်နေပြီဆိုတာသိလိုက်တာမို့
"ကဲ ကဲ ထားလိုက်တော့ ပြီးသွားပြီပဲဟာ... မနက်သေချာဝတ်ခဲ့နော် အဖြူရောင်နော် ငါတို့သုံးယောက်အဲ့နေ့ကျ ဆေးတက္ကသိုလ်ရဲ့အလှတွေအားလုံးကို အပိုင်းသိမ်းပစ်ရမယ် ဒါနဲ့ နင်ထမိန်နဲ့နေတက်ပြီလား.."
ခခ ချစ်လွန်းစကားကြောင့် သူမဝတ်ထားတဲ့ ထမိန်ကိုငုံ့ကြည့်လိုက်ပြီး
"အွန်း... အဆင်ပြေတော့ပြေသွားပြီ မာမီက ထမိန်စကပ်တွေပဲချုပ်ပေးထားတော့အဆင်တော့နည်းနည်းပြေတယ်"
"အန်တီမေမချုပ်ပေးလည်းမရဘူးလေ မဟုတ်ရင် နင်ကျောင်းမှာ... ခွီး...."
ခခ တစ်ဖက်က သူမကိုလှောင်ပြီး ခွီးခနဲရယ်ချလိုက်တဲ့ချစ်လွန်းကြောင့် အလိုလိုမျက်စောင်းလေးခဲပြီး
"ဟဲ့ ကောင်မစုပ် ချစ်လွန်းမနော်... နင်ကပ်ရယ်ထား နင့်အလှည့်ကျတွေ့မယ်သိလား..."
"အဟွန်း... ငါတို့ကအေးဆေးပါ ခခလေးရယ်... ကိုယ့်အတွက်ကိုယ်ပူ! ဟွန့်!"
"အေးပါ... အေးပါ... ပြောထားပါ မနက်တွေ့မှ နင်သေပြီမှတ်"
"ဟားးဟားး ကြောက်ရမှာလား... ကိုယ့်အကောင်ကဖြင့် ဘာရယ်... ခွေပစ်တဲ့ ဘာဆိုလား......"
"အား.!.. ချစ်လွန်းမ.!...."
"ဒေါက် ဒေါက် ခခ လော့ချထားတာလား... တံခါးဖွင့်စမ်း.."
"ဟားးးဟားးး ဟိုမှာ နင့်ကိုကိုလာနေပြီမဟုတ်လား... သွားတော့လေ ဘာလုပ်နေတာလည်း.."
ခခ သူမအပျက်ပြောမို့ အားခဲတုန်း အခန်းပြင်က ကိုကိုအသံကြောင့် မို့တက်လာတဲ့ရင်ဘက်လေးက သက်ပြင်းချခြင်းနဲ့အတူ နိမ့်ကျသွားပြီး ဖုန်းကို ပြန်ကြည့်လိုက်ကာ အသက်ခက်ကြိပ်ကြိပ်ဖြင့်
"နင့်နဲ့မနက်မှတွေမယ် ကျီးကန်းမ.."
"အယ်..နင်.. တီ!"
ခခ တစ်ဖက်က ချစ်လွန်းစကားမဆုံးခင်ချလိုက်ပြီး အောင်နိုင်သူလို မဲ့ပြုံးနဲ့အတူ
"ဟွန့် ချစ်လွန်းမ မနက်မှတွေ့မယ် ကျီးကန်းမ!"
"ဒေါက် ဒေါက် ခခ! မင်းဘာလုပ်နေတာလည်း...! တံခါးဖွင့်ဆို ဟေ့!"
ခခ ကိုကို့ရဲ့အငံကျယ်ကျယ်ကြားတော့မှ ဖုန်းကိုခေါင်းဦးအောက်ထိုးထည့်ပြီး အသံပေးရင် တံခါးပြေးဖွင့်ရတော့သည်။
"အယ် လာပြီ လာပြီကိုကိုရေ...... ကလစ်, ဟီး... ဘာလာလုပ်တာလည်းကိုကို"
ရေပြင်တံခါးပွင့်လာခြင်းနဲ့အတူ ရှိသမျှသွားအကုန်ဗြဲပြီး ရယ်ပြနေတဲ့သူမလေးကြောင့် သူမျက်နှာတည်တည်နဲ့ပဲ
"ကိုယ့်အခန်း ကိုယ်ပြန်လာတာ ဘာလာလုပ်ရမှာလည်း..."
"ဟင် အော် ဟီး... လာ လာ ဝင်ပါရှင့်"
ခခ အခန်းထဲဝင်သွားတဲ့ကိုကို့နောက်ကိုလိုက်သွားရင်း
"ကိုကို့ မနက်ကျရင် မီးဆေးကျောင်းတက်ရတော့မယ်နော် ခိ ပျော်လို့သေတော့မယ်သိလား...."
"ကျောင်းစစဖွင့်ခြင်းစာမသင်ဘူး မသွားနဲ့ "
ခခ ရေပြင်စကားကြောင့် ရယ်နေတာလေးတန့်သွားပြီး ရေပြင့်ရှေ့သွားကာ
"ဟင်! ဟုတ်လားကိုကို... ဘာလို့မသင်တာလည်းဟင်ကိုကို ကျောင်းဖွင့်ရင်စာသင်ရမှာပဲလေ"
"ကျစ် ကျောင်းစစဖွင့်ခြင်းစာစသင်တဲ့တက္ကသိုလ်မရှိဘူး ကျစ် မသွားနဲ့ဆို မသွားနဲ့ပေါ့ကွာ.."
"ဟင် ဟင့်အင်း မရတော့ဘူး မီးကချစ်လွန်းတိူ့မူပိုတို့နဲ့ချိန်ထားပြီးပြီ မနက်ဆင်တူဝတ်ဖို့ အဖြူရောင်လေးတောင်ရွေးထားပြီးပြီဟာ..."
"ကျစ် ပြန်ပြောလိုက် မနက်မသွားဘူးလို့"
ခခ ရေပြင့်စကားကြောင့် အနားမှာရှိတဲ့ကုတင်ပေါ်စောင့်ထိုင်ချလိုက်ပြီး မျက်နှာလေးမဲ့ရှုံ့ပြီး
"ဟာ... ကိုကိုကလည်း.. မီးကမနက်ဖြန်ရောက်ဖို့ကို လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက လက်ချိုးရေလာရတာသိလား ခုနလေးတင် မနက်ဝတ်ဖို့အဝတ်အစားတောင်ရွေးပြီးပြီဟာ ရောက်ခံနီးမှ မျှော်လင့်ချက်ကိုရိုက်ချလိုက်ရလားလို့ စာမသင်လည်းသွားမှာပဲ မရဘူး..."
ရေပြင်ညီ ရေချိုးဖို့ အင်္ကျီချွတ်ပြီးပြီမို့ ပုဆိုးဝတ်ထားရပ်နဲ့ ခခရှေ့သွားရပ်လိုက်တယ်ဆို
"ဟွန့်"
ရေပြင် သူရှေ့လာရပ်မှ နှုတ်ခမ်းပိုစူပြီး မျက်နှာဆက်ခနဲလွှဲလိုက်တဲ့သူမလေးကြောင့် သူလှစ်ခနဲပြုံးလိုက်ပြီး
"မနက်မင်းဘာလို့သွားမရတာလည်းဆိုတာ တကယ်မသိတာလား.."
ခခ သူမကိုမသွားစေခြင်လို့ ကြောင်းပြချက်တွေလာနေပြီဆိုတာသိလိုက်တာမို့ နှုတ်ခမ်းလေးမဲ့လိုက်ပြီး မျက်နှာသေလေနဲ့
"သိစရာကိုမလိုတာ"
ရေပြင် သူ့ရှေ့မျာ မျက်တောင်လေးစင်းပြီး သူ့ကိုမထင်မဲ့မြင်ပုံလေးလုပ်ပြနေတဲ့သူမလေးကြောင့် သူအသည်းတကယ်ယားနေပြီဖြစ်သည်။
"ဒါဆိုလည်း ကိုယ်ပဲပြောပြလိုက်တော့မယ် မနက်မင်း ရာသီစက်ဝန်းအစနော် ကိုယ့်အကြောင်းကိုယ်သိ"
"ဟင်! အာ.... ဟင့် ဘာလို့သွားတိုက်ရတာလည်း... ဟင့် မရဘူးခခကတော့သွားမှာပဲ"
"ကျစ် ကိုယ့်အခြေအနေကိုယ်သိခခ ကိုယ်ကသူများတွေနဲ့တူတာမဟုတ်ဘူး နေရာတကာလိုက်ပြောနေရရင် မကောင်းဘူး.."
ဟုတ်သည် သူမက ထိုချိန်တွေကို သူများတွေလို အလွယ်တကူဖြတ်သန်းရတယ်ဆိုတာ တစ်ချိန်တောင်မရှိဘူး ဆေးအမြဲသောက်နေရပြီး မသောက်မိတဲ့အချိန်ကဆို သတိလစ်သွားသည်အထိ ခခတို့က အဲ့လောက်ရာဇဝင်ကြီးသူဖြစ်သည်။ ဒါကြောင့်လည်း တစ်အိမ်သားလုံး သူမအကြောင်းသိနေသည်မို့ သူဒီလိုအချိန်ဆိုဂရုစိုက်ကြမြဲမို့...
"ဟင့် ကိုကိုရယ်.. မီးဆေးသောက်ပြီးသွားမယ်လေနော်.."
"ကျစ် မင်းပြောလေဆိုးလေမလုပ်နဲ့နော်ခခ မသွားရဘူး..."
"ဟို မီး..."
"ထပ်မပြောနဲ့"
ခခ ရေချိုးခန်းမဝင်ခင် သူမကိုလှည့်ပြီး သတိပေးသွားတဲ့ကိုကိုကြောင့် သူမမျက်နှာလေစူပုပ်ပြီးကျန်နေခဲ့သည်။
"ဟင်း.... ဘာလို့အဲ့နေ့မှ ဖြစ်ရတာလည်းလို့.... ဟင့် သွားခြင်ပါတယ်ဆို..."
ခခ အတော်ကြာအောင် ကုတင်ထပ်မှာ ခြေတွဲလောင်းချရပ်လေးနဲ့စဉ်းစားပြီးနောက် မျက်နှာထပ်မှာအပြုံးတစ်ခုဖြစ်သွားပြီး အခန်းအပြင်ဘက်ပြေးထွက်သွားလိုက်သည်။
ခခအောက်ထက်ရောက်တာနဲ့ မာမီ့အခန်းကိုရ်ှရာပြေးသွားလိုက်ပြီး
"ဒေါက် ဒေါက် မာမီရေ... မာမီချစ်တုန်းလေးရေ....."
"ဝင်ခဲ့မီးလေးရေ...!... မာမီအဝတ်စားလဲနေလို့...!..."
"ခိ ဟုတ် ဟုတ်"
ခခ အခန်းထဲရောက်တာနဲ့ မာမီအင်္ကျီကြယ်သီးတက်ရပ်နဲ့ထွက်လာကာ
"ကဲ ပြောပါအုန်း... မလာစဖူး အလာထူးလို့ပါလား....မာမီမီးလေး...ဟွန်"
"ဟီး.. အမှန်တိုင်းပြောရရင်တော့ ဟုတ်တော့ဟုတ်တယ် ဒါမယ့် အဲ့လိုကြီးပဲလည်းမဟုတ်ဘူး.."
"အဟွန်း... ဟုတ်တာတွေရော အဟုတ်တာတွေရော အရှုပ်ထုပ်လေး ပြော ဘာချွဲအုန်းမို့လည်း..."
"ဟီး... ဟိုလေ မီးမနက်ကျောင်းသွားခြင်တယ်မာမီ"
"ဟင် သွားလေ မီးလေးရဲ့"
"အဲ့ဒါပြောတာပေါ့ မာမီရယ်... မီးကို ကိုကိုက မနက်ကျောင်းမသွားရဘူးတဲ့ မီးက ချစ်လွန်းတို့နဲ့တောင်အင်္ကျီဆင်တူဝတ်ပြီးသွားကြမို့ တိုင်ပင်ပြီးပြီသိလား.. အဲ့ဒါ ဟင့် ကိုကိုကမသွားရဘူးတဲ့ အဲ့ဒါ... မာမီပြောပေးပါနော်... ဟင့်"
ဒေါ်မေမီ သားက အကြောင်းမရှိပဲ ကျောင်းမသွားခိုင်းမှာတော့မဟုတ်တာကြောင့် မီးလေးကို သေချာကြည့်လိုက်ပြီး
"မာမီကိုမှန်မှန်ပြော ဘာအကြောင်းရှိလို့ သားကမသွားခိုင်းတာလည်း.."
ခခ မာမီစကားကြောင့် မျက်လုံးလေးဝိုင်းသွားပြီး
"ဟင် ဟို ဟိုလေ အဲ့ဒါက..."
"မာမီကို အမှန်တိုင်းပြော မာမီသေချာစဉ်စားပေးမယ်"
ခခ မာမီမှ မပြောရင်လည်း အားကိုစရာလူမရှိတော့တာမို့
"ဟင့် မနက်မီးအစနေ့"
ဒေါ်မေမီသူမရှေ့မှာ အားရုတ်သလိုလေးပြောလိုက်တဲ့ မီးလေးကြောင့် သူမပြုံးလိုက်ပြီး
"အဟွန်း.... အဲ့ဒါကြောင့် သားကမသွားခိုင်းတာလား..."
"ဟင့် ဟုတ်တယ် မီးကိုမသွားရဘူးတဲ့ မာမီရယ်... မီးပြောပြမယ်သိလား..."
"အွန်း.."
"မီးက အဲ့လိုနေ့တိုင်းမသွားရင် စာမေးပွဲရပ်တွေဆို ဘယ်လိုလုပ်မလည်းနော် မီးပြောခြင်တာက အကျင့်လုပ်ထားမှရမှာပေါ့ မီးကမရဘူးဆိုပြီးမသွားရင် မီးတစ်သက်လုံး ဒီလိုကြီးပဲနေရမှာလေ နော် ဟုတ်တယ်မှတ်လားမာမီ"
ဒေါ်မေမီ သူမကို ချက်ချက်ချာချာ မသွား သွားရအောင် ရှင်းပြသွားတဲ့မီးလေးကြောင့် သူမခေါင်းညိမ့်ပြုံးလိုက်ပြီး
"ဟုတ်ပါပြီကွယ်... သွားရမယ် ဟုတ်ပြီလား.. ဒါမယ့် ဆေးသောက်သွားရမယ် ဆေးယူသွားရမယ် မာမီထည့်ပေးလိုက်မယ့် ဆေးရည်လည်းသောက်ရမယ် ဟိုရောက်ရင် အိမ်ကထည့်ပေးလိုက်တာကလွဲရင် ဘာမှမစားရဘူး ဒါဆို ရပြီ သဘောတူလား..."
ခခ များပြားလွန်းလှတဲ့မာမီအမှာစကားတွေကြောင့် အားပျက်သွားသလို ခေါင်းလေးငိုက်ကျသွားပြီး နှုတ်ခမ်းစူရက်လေးနဲ့
"မာမီရယ်... နည်းနည်းလောက်ရှော့ပေးလို့မရဘူးလားဟင်"
"မရဘူး... မာမီက ဒါဆိုဒါပဲ"
"ဟွန့် မာမီလည်းကိုကို့အတိုင်းပဲ"
"ဘယ်လို မီးလေးနော်..."
ခခ သူမတိုးတိုးလေးပြောလိုက်တာကို ကြားသွားတဲ့မာမီကြောင့် သူမချက်ခြင်းဆိုသလို ခေါင်းခါရယ်ပြရင်း
"ဟီး... မဟုတ်ဘူး မဟုတ်ဘူး မှားလို့ အဟွန်း... မာမီပြောတာတွေကို မီးအကုန်လိုက်လုပ်ပါ့မယ်လို့ အဟွန်း... ရွှတ် မာမီချစ်လေးကလည်း.."
"ဟွန်းနော်... မီးလေးနော်.. သိပ်တက်နေ ဟွန့် ကောင်မစုပ်လေး..."
"ခိ ချစ်လို့စတာပါ မာမီရ အဟွန်း..."
"လူကြီးကို စစရာလားပြော.. ဟွန်း..."
"ဟိ ခိ ရွှတ်"
>>>>>>>>>>>>>>>
"မြေး.... မနက်ဆို ကျောင်းတွေဖွင့်ပြီနော်... မင်းအသံတွေဖွားမကြားခြင်ဘူးနော်..."
"အဟွန်း... ကျွန်တော်ထိန်းပင်မယ့် သူပါသူအသံထွက်သွားရင်တော့ မတက်နိုင်ဘူးဖွား..."
"မဟာ!"
"ကျစ် ကျွန်တော်အိပ်ပြီဖွား goodnight"
"မင်းကိုငါထက်မပြောဘူးနော်မဟာ....."
>>>>>>>>>>>>>
"ကျစ် ခခ မင်းဘယ်ချိန်ထိပြင်နေအုန်းမှာလည်း... ဒါကျောင်းသွားမှာ မယ်ရွေးပွဲသွားမှာမဟုတ်ဘူး..."
"အာ.... ခနလေးပါကိုကိုရယ်... ပြီးပြီ ပြီးပြီ မီးလှလားကိုကို ခိ"
ရေပြင်ညီသူပြောင်းဝတ်ခိုင်းထားလို့ ချင်းမိုင်အနက်ခံဝမ်းစက်လေးနဲ့ အလှကြီးလှနေတဲ့သူမလေး ဆံပင်ချတာမကြိုက်တာကြောင့် စီးခိုင်းထားပြန်တော့လည်း ရှင်းလင်းသွားတဲ့ လည်တိုင်ကျော့ကျော့လေးကြောင့် စိတ်ကမသက်သာခြင် မြန်မာဝတ်စုံလေးဝတ်တာ သူ့မျက်လုံးထဲ အမြင်အေးလှပင်မယ့် ကျောင်းကိုသွားမယ်ဆိုတော့ အမြင်ကမကြည်ခြင်ပါ။ ရေပြင်ညီတစ်ယောက် ခခကိုယ်လုံးလေးကို စုံဆန်တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကုပ်ကာ ခခရှေ့ကထွက်သွားလိုက်ပြီး
"နှုတ်ခမ်းနီဖျက်ခဲ့"
"ဟင်! အာ... ကိုကိုကလည်း... နှုတ်ခမ်းနီမပါရင်...."
"မဖျက်ခြင်ရင် မလိုက်နဲ့တော့"
"အာ... ဖျက်ပြီကိုကို ဖျက်ပြီ ဟွန့်"
ခခ အခန်းပြင်ဘက်ရောက်တဲ့ထိ သူမကိုလှမ်းအော်အမိန်းပေးနေတဲ့သူကြီးကြောင့် မှန်တင်ခဲုရှေ့သွားလိုက်ပြီး ခက်မြန်မြန်ဖြတ်လိုက်ရသည်။
"ဟွန့် အကျင့်ပုပ်တဲ့သူကြီး"
ရေပြင်ညီ သူအောက်ထက်ရောက်ပြီး သိပ်မကြာခင်သူမလေးစူပုပ်ပုပ်လေးနဲ့ရောက်လာကာ ဧည့်ခန်းကထိုင်စောင့်နေတဲ့ မာမီတို့ ချီးကျူးထောပဏာပြုနေတာကို သူအတော်ကြာစောင့်နေရသေးသည်။နှုတ်ခမ်းထက်မှာ နှုတ်ခမ်းနီလေးမရှိတော့ပင်မယ့် ပင်ကိုယ်ရဲနေတာလေးကိုလည်း သူအမြင်မကြည်ခြင်ပါ။ ဘာလို့ အဲ့လောက်လှနေရတာလည်း....
"ကျစ် သွားမယ် အချိန်မရှိတော့ဘူး"
"အွန်း အွန်း မီးလေး မာမီထည့်ပေးလိုက်တဲ့ဆေးရည်ကိုသောက်ဖြစ်အောင်သောက်နော် တစ်ခုခုဆိုလည်း ဖုန်းဆက်အုန်း..."
"ဟီး.. ဟုတ်မာမီ"
"အွန်း အွန်း သွားတော့ သွားတော့ နောက်ကျနေအုန်းမယ်"
"ဟုတ် သွားပြီမာမီ"
"ဟယ် အဲ နေအုန်း နေအုန်း မီးလေး နှုတ်ခမ်းနီဆိုသွားအုန်းလေး မေ့နေတာလား.."
"မဟုတ်ဘူး ကျွန်တော်မဆိုးခိုင်းတာ တက်ကားပေါ်"
ဒေါ်မေမီ ရေပြင်ရဲ့ဘောက်ဆက်ဆက်အသံကြောင့် ပြုံးလိုက်ခြင်းနဲ့အတူ သူမသက်ပျင်းချလိုက်မိသည်။ ဒီပုံစံနဲ့ မိန်းမနဲ့တစ်ကျောင်းထဲဘယ်လိုနေကြမည်မသိ။
◾◾◾◾◾◾◾◾◾◾◾◾◾◾◾
စောင့်မျှော်ဖတ်ပေးကြတဲ့ စာဖတ်သူတစ်ဦးခြင်းစီကိုကျေးဇူးအထူးထူးပါရှင့်🙏 အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒတွေပြည့်ကြပါစေရှင်🙏 မင်္ဂလာရှိတဲ့ ညချမ်းလေးပါနော် အိမ်မက်လှလှလေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်🙏❤
စာဖတ်သူများကိုအစဉ်လေးစားလျှက်🙏
#မြူခိုးဝေဝေ