ကိုကိုမို့ ချစ်တာလို့ ☹
"ဟင့် ကိုကိုရေ..!.. မာမီနဲ့မမကိုပြောပါအုန်း... မီးကို ထမိန်ကြီးအတင်းဝတ်ခိုင်းနေကြတယ်..!... မီးမဝတ်တက်ပါဘူးဆို! ဟင့် ပြောပေးနော် နော် နော်လို့ကိုကို နော်..."
ရေပြင်ညီ ကျောင်းပိတ်ရက် အေးဆေးနားရမလားမှတ်တယ် ဧည့်ခန်းမှာ ဖုန်းသုံးနေတုန်း လာဂျီတိုက်နေတဲ့သူမလေးကြောင့် သုံးလက်စဖုန်းကို စိတ်ပျက်စွာချလိုက်ပြီး
"ကျစ် မာမီတို့က မင်းကျောင်းတက်ရင် အဆင်ပြေအောင် အခုကတည်းကဝတ်ခိုင်းတာနေမှာပေါ့ကွာ... ဝတ်လိုက်ပေါ့"
ခခ အားကိုရမလားလို့ ကိုကို့လာပြောကာမှ ကိုကိုကလည်း သူမဘက်မပါတာမို့ ဆွဲထားတဲ့ကိုကိုလက်ကို စောင့်ချလိုက်ပြီး စိတ်ပျက်သလို ဆိုဖာနောက်ကျောလေးမှီချလိုက်ကာ
"ဟူး....... လောကကြီးက တကယ်စိတ်ကုန်စရာကောင်းတာပဲ.... မဟုတ်ဘူး.... ဒီက ပန်းမြိုင်လယ်ဆိုတဲ့ ခခဘဝကမှ စိတ်ကုန်ဖို့ကောင်းတာ... ဟူး........ ကိုယ့်ကိုချစ်မယ့်လူလည်းမရှိ... ကိုယ့်ကိုဂရုစိုက်မယ့်သူဆိုတော့လည်း လူမပြောနဲ့ အနံ့တောင်ရှာမရဘူး... ငါလေးလည်းနော်... ဟွန်း....."
ရေပြင်ညီ သူ့ရှေ့မှာ စကားကြီးစကားကျယ်တွေပြောနေတဲ့ အကောင်ပေါက်သေးသေးလေးကြောင့် မတ်တပ်ရပ်လိုက်ခြင်းနဲ့အတူ မျက်နှာမဲ့လိုက်ပြီး
"ဒါဆိုလည်း သီလရှင်သာဝတ်လိုက်တော့ပေါ့ကွ လူ့ဘဝက စိတ်ကုန်ဖို့ကောင်းနေပြီပဲ ဟုတ်တယ်မဟုတ်လား..."
ခခ သူမကိုအရွဲ့တိုက်ပြောသွားတဲ့ ကိုကို့နောက်ကျောကိုကြည့်ပြီး စူပုပ်ပုပ်လေးနဲ့မျက်စောင်းထိုးလိုက်ပြီး
"ကြီးကြီးကျယ်ကျယ် သိပ်ပြောတဲ့သူကြီး ညတုန်းကအတင်းတောင်းပန်နေတဲ့သူကြီးက သူကြီးမဟုတ်တဲ့အတိုင်း နေ့ဘက်တစ်မျိုးညဘက်တစ်မျိုးနဲ့လူကြီး ဟွန့်"
"ဘာတွေအလိုမကျဖြစ်နေတာလည်းမီးလေး... ပြောတုန်းက ခနအောက်ဆင်းမို့ပါဆို လာ ခုလာဝတ်"
"ဟင်!"
ခခ မာမီနောက်ကထမိန်လေးမြင်လိုက်တယ်ဆို မျက်လုံးလေးဝိုင်းသွားပြီး ထိုင်နေရာက ဆက်ခနဲထရပ်တယ်ဆို
"ဟယ်! မီးလေး...! မရဘူး ခုလာဝတ်နော်မီးလေး...! မာမီ တစ်ခြားနေရာမှာအလိုက်မယ် ခုမရဘူး... ! လာဝတ်နော်မီးလေး...!..."
ဗေဒါတစ်ယောက် မာမီရဲ့ ထမိန်ခေါက်လေးကိုင်ပြီး ထွက်ပြေးသွားတဲ့မီးလေးကိုလှမ်းအော်နေတာကြည့်ပြီး သူမသက်ပျင်းချလိုက်ကာ
"ပေးပေးမေ့ ဗေဒါပဲရအောင်ဝတ်ခိုင်းလိုက်မယ်... ဒီကောင်မလေးသိပ်ဆိုးနေပြီ"
ဒေါ်မေမီ ဗေဒါပြောလိုက်တော့မှပဲ အော်ပြောလိုက်ရတာအတော်မောသွားပြီမို့ သူမနားကဆိုဖာပေါ်ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး...
"ဟင်း... မောတာ သမီးရယ်... ရော့ ဝတ်ခိုင်းဖြစ်အောင်ဝတ်ခိုင်း.... မဝတ်တက်လို့မရဘူး..... ခုကတည်းကဝတ်ထားမှ သူထမိန်နဲ့နေသားကျမှာ... ဒါမှ ဟိုရောက်ရင် အဆင်ပြေမှာ... ဟင်း... မောတာအေ..."
"မေမေရယ် ဒီလောက်ကြီးလည်း အရမ်းစိတ်ပူမနေနဲ့ မီးလေးလည်း အရွယ်ရောက်နေပါပြီ ကျောင်းတက်ရင် သူပါသာအဆင်ပြေးသွားမှာပါ"
"အမယ်လေး... သမီးရယ်... မီးလေးလားအဆင်ပြေမှာ ခုထိ မာမီဆင်သမျှ ဘောင်းဘီဂါဝန်နဲ့နေခဲ့ရတာ ထမိန်ဆိုတာ ယောင်လို့တောင်ကိုင်ဖူးလို့လား သမီးဝတ်တာတောင် မပူဘူးလား မေးနေတာ... ဟုတ်ပါတယ်လေ... ဒါတွေကလည်း မာမီအပြစ်တွေပါ မာမီကိုကလည်း မီးလေးကိုဆင်ပေးသမျှ ထမိန်ဆိုတာတောင် ယောင်လို့မကိုင်မိတာကို..."
>>>>>>>>>>>>>>>
"အမယ်လေး...! ဟင့် တွေ့လားကိုကို မီးမဝတ်တက်ပါဘူးဆို.. ဟင့်"
ကြမ်းပြုစုနေတဲ့ ရေပြင်တစ်ယောက် တစ်ချိန်လုံးအခန်းထဲလာပြီး လာငြီးပြနေတဲ့သူမလေးကြောင့် အစကသည်းခံနေကြည့်ပင်မယ့် စာထဲလုံးဝအာရုံစူးစိုက်လို့မရတော့တာမို့
"ကျစ် မင်းကိုဘယ်သူက အတင်းဝတ်ခိုင်းနေလို့လည်း မဝတ်ခြင်ချွတ်ထားလိုက် ဒီမှာ ငါအလုပ်ရှုပ်နေတယ်ခခ မင်းနည်းနည်းတော့ သိတက်ဖို့ကောင်းတယ်"
ခခ ရုပ်တရက် ဘာရယ်မဟုတ်တဲ့ သူမစကားကို ထပြီး စိတ်မရှည်တဲ့လေသံမာမာနဲ့ဟောက်ချလိုက်တာကြောင့် သူမမျက်နှာလေးအလိုလိုမဲ့ကျသွားပြီး ကုထင်ထက် ခြေတွဲလောင်းထိုင်နေရာကနေ ကုတင်ပေါ်လှဲလိုက်ပြီး စောင်ပါခေါင်းမြှီခြုံနေလိုက်သည်။ ခခ နင်ဘာလို့ဝမ်းနည်းနေတာလည်း ကိုကိုပေးထားတဲ့ ကိုကိုကတိမတည်အောင်နင်လုပ်နေတာလား.. မကျစမ်းနဲ့ဒီမျက်ရည်တွေ နည်းနည်းလေးပြောလိုက်တာနဲ့ မျက်ရည်ကျမယ်ဆိုတာကြီးပဲ... ဟင့် အွန့် အွန့်
ခခတစ်ယောက် ငိုသံတို့မထွက်အောင်ကြိုးစားနေလိုက်သည်။
ရေပြင် အချိန်ဘယ်လောက်ကြာသည်အထိ စာထဲနစ်မြောသွားသည်မသိ သူနာရီကြည့်လိုက်ချိန် နေ့လည်စာစားချိန်ပင်ကျော်နေပြီးမို့ စာအုပ်ပိတ်လိုက်ပြီး ထမို့အလုပ် ကုတင်ပေါ်အကြည့်ရောက်သွားမှ သူမလေးစိတ်ကောက်သွားတာကို သတိရသွားမိသည်။ သူသိတုန်းက ကုတင်ပေါ်မှာရှိနေတုန်းပါ... ခုတော့ လုံးထွေးပုံထားတဲ့ စောင်ပုံပဲရှိတော့တာမို့ သူစောင်ကိုသေချာပြန်ခေါက်ပြီး အောက်ထက်ဆင်းလာလိုက်သည်။ စိတ်ပြေသွားလို့များလား.....
ရေပြင်အောက်ထက်ရောက်တယ်ဆို ထမင်းဝိုင်နဲ့တိုးနေတာမို့
"အာ.. မာမီတို့စားနှင့်နေပြီလား..."
"အွန်း..."
ရေပြင် ခက်တည်တည်နဲ့ မာမီရဲ့အသံကြောင့်သူစိတ်ထဲတော့တစ်မျိုးဖြစ်သွားမိသည်။ နောက် သူ့ခုံမှာထိုင်မယ်အလုပ် သူ့ခုံဘေးက နေရာကွတ်လပ်လေးကြောင့် သူမလေးကိုရှာလိုက်တယ်ဆို ပုံမှန်သူ့ဘေးမှာထိုင်ကြသူမလေးက ဒီနေ့မှ မာမီဘေးသွားထိုင်နေတာမို့ သူမျက်မှောင်တော့ကျုံ့သွားမိသည်။ သေချာတာကတော့ စိတ်မပြေသေးတာ အမှန်ဆိုတာပင်။
"ဖွား အင့် ဒါရဲရဲချက်ထားတဲ့ မယမ်းထောင်းချက်လေး..."
"အမယ်လေး... မီးလေးတို့များနော်... သူများဟင်းနဲ့မျက်နှာလုပ်နေတယ် မပြောခြင်ဘူး မပြောခြင်ဘူး.."
"ခိ ခခမှမချက်တက်တာရဲရဲရဲ့"
"အို မချက်တက်ရင် ဗေဒါလေးဆီကသင်ထားလေ မီးလေးရဲ့ မီးလေး ကိုကိုလေးကို ဟင်းမချက်ကျွေးခြင်ဘူးလား.."
ရေပြင် ရဲရဲစကားကြောင့် သူပြုံးလိုက်မိသည်။ သူမလေးဘယ်လိုဖြေလာမည်ဆိုတာ သူစောင့်စားနေတုန်း..
"ဟင့်အင်း မီးချက်မကျွေးခြင်ဘူး..."
ရေပြင်ညီ ခခစကာကြောင့် မျက်နှာကြီးတည်တင်းသွားကာ ထမင်းကိုသာအာရုံစိုက်နေလိုက်သည်။
ရဲရဲ ကိုကိုလေးနဲ့မီးလေးကြား လမ်းဖောက်ပေးလိုက်ပင်မယ့် မီးလေးရဲ့အတိုင်ထောက်မညီလှတဲ့စကားကြောင့် သူမေးလိုက်တဲ့စကားမှားသွားတာမို့ သူကိုယ်တိုင်လည်း နေရခက်နေမိတော့သည်။ ထိုချိန်ကို ရပ်တန့်လိုက်သူက
"မြေး... ထမင်းစားပြီးရင် မြေးမလေးနဲ့အဖော်လိုက်သွားလိုက်ပါလားကွယ် စောနက ရေခဲ့မုန့်စားခြင်လို့ပြောနေတယ် အဲ့ဒါ အိမ်မှာလည်းကနေပြီဆိုတော့"
"ဟို ရပါတယ်ဖွား... မီးမစားခြင်တော့ဘူး ထမင်းစားလိုက်လို့လည်း ပြည့်သွားပြီဆိုတော်"
"ကျစ် ဘယ်တုန်းကညင်းဘူးလို့လည်း... အပိုတွေလုပ်မနေနဲ့ ထမင်းစားပြီရင် ကျွန်တော်လိုက်ပို့လိုက်မယ်ဖွား.."
"အဟွန်း... အေး အေး မြေးတို့အဆင်ပြေရင်ပြီးရော..".
"ဟင် ဟို........ မီး...."
ခခတစ်ယောက် သူမမသွားခြင်ကြောင်း ပြောမို့အစခြည်လိုက်ပင်မယ့် ရေပြင်ညီရဲ့အကြည့်စူးစူးကြောင့် ပြောခြင်နေတဲ့စကားတို့ပင် တိုးလျပိတ်သိမ်းသွားတော့သည်။
>>>>>>>>>>>>
ရေပြင် ပုံမှန်အပြင်ထွက်ရင် စကားတို့ဖောင်ဖွဲ့အောင်ပြောတက်တဲ့သူမလေးက ခုလမ်းတစ်ဝက်ရောက်သည်အထိ ကားပေါ်မှာ ညိမ်ညိမ်လေးလိုက်လာတာမို့ သူစိတ်ထဲတော့အလိုမကျလာတာကြောင့်
"မနက်က ကိစ္စကိုကောက်နေတာလား...."
"............"
"........"
ရေပြင်သူမေးနေတာကို ပြန်မဖြေပဲ အပြင်ဘက်ကိုပဲတွေတွေလေးကြည့်နေတဲ့သူမလေးကြာင့် သူစိတ်တိုသွားပြီး
"ကျစ် ငါမေးနေတယ်လေ ခခ ဘာလည်း ခုထိစိတ်ဆိုးမပြေသေးတာလား..... ကိုယ်မချော့တက်ဘူးနော်ခခ အဲ့လိုစိတ်ဆိုးစိတ်ကောက်လွယ်တာတွေ ကိုယ်မကြိုက်ဘူး ကိုယ်မေးရင် ပြန်ဖြေမှကြိုက်တယ်"
"သိတယ်! သိတယ်! ကိုကိုက အမြဲအတ္တကြီးတယ်! ကိုကိုကပဲအမြဲအနိုင်လိုခြင်တယ်! မီးစိတ်ဆိုးနေလည်း.. ဘယ်တော့မှမချော့ဘူး..!. ပြောလိုက်ရင်မချော့တက်ဘူးတဲ့! ဘယ်သူကများ မွေးကတည်းက ချော့တက်မှာလည်း... ကိုကိုမချစ်တက်သေးလို့သိလား.. အဲ့ဒါမို့မချော့တက်တာ ဟင့် သူကျ နည်းနည်းလေးစိတ်ဆိုးတာနဲ့ သူများက အမြဲလိုက်ပြီးတော့ သူကျမချော့ခြင်ဘူး... ဟင့် အင့်ဟယ် ဘုတ် ဘုတ် မကျေနပ်ဖူးသိလား.. ဘုတ် ဘုတ် ဟ့ ခခ ကျစ်ညကားမောင်းနေတယ်လေကွာ... သိတယ် တမင်ပြန်မလုပ်နိုင်မှန်းသိလို့ထုတာ အင့်ဟယ် အင့်ဟယ် အဲ့ဒါ သူများကို မချော့ခြင်အုန်း.. ဟင့်"
ရေပြင် သူပြန်မလုပ်နိုင်လို့ ထုတာဆိုတဲ့ ကလေးဆန်လွန်းတဲ့သူမလေးကို မှန်ထဲကပြန်ကြည့်ပြီးရယ်နေမိကာ
"ကျေနပ်ပြီလားခု"
"မကျေနပ်ခြင်သေးဘူးသိလား... ဒေါသထွက်ခြင်သေးတာဒီက"
"ဒါဆိုဆက်ထွက်လို့ရသေးတယ် တစ်ခုတော့ရှိတယ် ကားမမောင်းနိုင်တော့ရင် လမ်းလျှောက်ပြန်ရမှာနော်"
"ဟွန့် လူကိုလာညာမနေနဲ့ မောင်းမြန်မြန်ရောက်အောင် မဟုတ်ရင် ထကိုက်မိတော့မယ်.."
"အဟက် ခုမှပဲသိတော့တယ်... ကိုယ်ယူထားတဲ့မိန်းမလေးက လူလေးမဟုတ်ပဲ ခွေးပေါက်လေးပဲ"
"အာ..... ကိုကိုနော်... အင့်ဟယ် အင့်ဟယ် ဟားးဟားးးးး ဟေ့ တကယ်နာတာနော်... ဟေ့ ခွေးပေါက်........"
>>>>>>>>>>>>>
"ခလေး ကိုယ်ဒီည dinnerသွားမို့ လိုကခဲ့ရမယိနော်..."
"ဟင် ဟို..."
"မရဘူး လိုက်ဆိုလိုက်ခဲ့ရမယ်.. သွားဖို့ဝတ်စုံတောင်ရောက်နေပြီ"
"ဟင် ဝတ်စုံ ဗေဒါမှာ အသစ်တွေရှိတယ်လေ ဦးရဲ့"
"ကျစ် တစ်ခါလာလည်းဒီအသစ် ဒါဆို တစ်သက်လုံးနောက်ထက်အဝတ်စားမခပေ်တော့ဘူးလား..."
"ဟင် ဟို အဲ့ဒါက..."
"ကျစ် ထားလိုက်တော့ ရေချိုးရအောင် တော်ကြာသွားရတော့မယ်"
"ဟို ဗေဒါ တကယ်မလိုက်ခြင်တာဦး.. ဗေဒါ ကားမူးမှာလည်းဆိုးတယ်"
"မမူးစေရဘူးကွာ.. ကိုယ်အာမခံတယ် မာမီနဲ့ဖွားကိုတောင်ပြောထားပြီးပြီ လာပါကွာ..."
"ဟင် ဘာလုပ်မို့လည်းဦး..."
"အဟွန်း... ရေချိုးမို့လေ"
"ဟင် ဦးချိုးတာ ဘာလို့ဗေဒါက...."
"အဟွန်း... ဘာလို့လို့ထင်လည်း.."
"ဟင်! အာ... ဦး...."
"အဟွန်း...မရတော့ဘူး... လာ..."
"ဒယ်ဒီ..."
"ဟင်! ဟယ်!.. အာ... ကျစ် မင်းတကယ်ငရှုပ်ကောင်ပဲ ကဲဘာလည်းပြော"
မင်းခက်ထန် သူဝင်ဘာလို့ ဖြစ်သွားတဲ့အဖေဖြစ်သူရုပ်ကိုကြည့်ပြီး မတည်နိုင်တဲ့အဆုံး
"ခွီး........... ဒယ်ဒီကဗျာ...."
"ဟျောင် အကြောရှည်မနေနဲ့ လိုရင်းကိုပြော..."
"အဟွန်း... ဟို ဖွားက မာမီအစား ကျွန်တော့်ကိုခေါ်သွားလိုက်ပါတဲ့ ကျွန်တော်တွေ့အကြုံရအောင်တဲ့"
"ဟာကွာ.. ကျစ် မလိုက်ရဘူး... မင်းနေခဲ့"
"အို မဟုတ်တာ သား... သွားသွား သွားပြင်ဆင်တော့... တအောင့်နေ ဒယ်ဒီလာခေါ်လိုက်မယ်"
"အာ... ခလေး..."
"ဦး!... သား... သွား သွား... သွားလုပ်တော့"
"ဟီး... ဟုတ်မာမီ"
လှိုင်းခက်ထန်တစ်ယောက် ဒီညခလေးအတူပွဲတက်ပြီး အပျက်ကြွားမယ်လုပ်ထားပင်မယ့် ငရှုပ်လေးကြောင့် ပျက်စီးသွားရတာမို့ မျက်နှာမကြည်မသာနဲ့ ရေချိုးခန်းထဲ ဝင်သွားလိုက်တော့သည်။
"ဦး... ဗေဒါ ဝတ်စုံရွေးထားလိုက်မယ်နော်"
"နေ ထားလိုက်"
"ဟုတ်"
"ကျစ် ဒီမိန်းမ အဲ့လိုတွေ့ကြောင့် နည်းနည်းပါးပါး ညင်းပါလား... တစ်ခါတည်းတန်းဟုတ်တော့တာပဲ"
လှိုင်းလက်ထန် ရေချိုးခန်းထဲ တစ်ယောက်ထဲတီးတိုးဆိုရင်း.. ခဏအကြာ
"ခလေး..."
"ဟုတ် ဦး..."
"ရွေးထားလိုက်"
"ဟင် အော် ဟုတ်ဟုတ်ဦး... ဦးကအမျိုးမျိုးပဲ"
လှိုင်းခက်ထန် တုံးအ့တဲ့မိန်းမပဲပြောပြော ဘယ်လိုဆိုရမယ်တောင်မသိတော့ပါ။ သူ့အဖြစ်ကငယ်ရွယ်တဲ့မိန်းမရထားလို့ သူ့အပေါ်ဆိုးနွဲ့ခြင်းအလျှင်းမရှိသလို သူစိတ်ဆိုးနေရင်တောင် ဆိုးမှန်းမသိတာမို့ သူကပဲ အချစ်တွေသစ်လွင်နေအောင်ကြိုးစားနေရသည်။ ဒါတောင် ဟိုခွေးကောင်လေးက အနှောက်။
◾◾◾◾◾◾◾◾◾◾◾◾◾◾◾
ဒီနေ့စာက ဟိုမရောက်ဒီမရောက်ကြီးနော်...
သည်းခံဖတ်ပေးကြတဲ့စာဖတ်သူတစ်ဦးခြင်စီကိုကျေးဇူးအထူးပါရှင့်🙏 အားလုံးပဲ မင်္ဂလာညချမ်းလေးပါရှင့်🙏 အိမ်မက်လှလှလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်❤
စာဖတ်သူများကို အစဥ်လေးစားလျှက်
#မြူခိုးဝေဝေ
ကိုကိုမို့ ချစ်တာလို့ ☹
အပိုင်း (၁၀)

"ကျစ် တစ်ခါလာလည်းဒီအသစ် ဒါဆို တစ်သက်လုံးနောက်ထက်အဝတ်စားမခပ်ေတော့ဘူးလား..."
"ဟင် ဟို အဲ့ဒါက..."
"ကျစ် ထားလိုက်တော့ ရေချိုးရအောင် တော်ကြာသွားရတော့မယ်"
"ဟို ဗေဒါ တကယ်မလိုက်ခြင်တာဦး.. ဗေဒါ ကားမူးမှာလည်းဆိုးတယ်"
"မမူးစေရဘူးကွာ.. ကိုယ်အာမခံတယ် မာမီနဲ့ဖွားကိုတောင်ပြောထားပြီးပြီ လာပါကွာ..."
"ဟင် ဘာလုပ်မို့လည်းဦး..."
"အဟွန်း... ရေချိုးမို့လေ"
"ဟင် ဦးချိုးတာ ဘာလို့ဗေဒါက...."
"အဟွန်း... ဘာလို့လို့ထင်လည်း.."
"ဟင်! အာ... ဦး...."
"အဟွန်း...မရတော့ဘူး... လာ..."
"ဒယ်ဒီ..."
"ဟင်! ဟယ်!.. အာ... ကျစ် မင်းတကယ်ငရှုပ်ကောင်ပဲ ကဲဘာလည်းပြော"
မင်းခက်ထန် သူဝင်ဘာလို့ ဖြစ်သွားတဲ့အဖေဖြစ်သူရုပ်ကိုကြည့်ပြီး မတည်နိုင်တဲ့အဆုံး
"ခွီး........... ဒယ်ဒီကဗျာ...."
"ဟျောင် အကြောရှည်မနေနဲ့ လိုရင်းကိုပြော..."
"အဟွန်း... ဟို ဖွားက မာမီအစား ကျွန်တော့်ကိုခေါ်သွားလိုက်ပါတဲ့ ကျွန်တော်တွေ့အကြုံရအောင်တဲ့"
"ဟာကွာ.. ကျစ် မလိုက်ရဘူး... မင်းနေခဲ့"
"အို မဟုတ်တာ သား... သွားသွား သွားပြင်ဆင်တော့... တအောင့်နေ ဒယ်ဒီလာခေါ်လိုက်မယ်"
"အာ... ခလေး..."
"ဦး!... သား... သွား သွား... သွားလုပ်တော့"
"ဟီး... ဟုတ်မာမီ"
လှိုင်းခက်ထန်တစ်ယောက် ဒီညခလေးအတူပွဲတက်ပြီး အပျက်ကြွားမယ်လုပ်ထားပင်မယ့် ငရှုပ်လေးကြောင့် ပျက်စီးသွားရတာမို့ မျက်နှာမကြည်မသာနဲ့ ရေချိုးခန်းထဲ ဝင်သွားလိုက်တော့သည်။
"ဦး... ဗေဒါ ဝတ်စုံရွေးထားလိုက်မယ်နော်"
"နေ ထားလိုက်"
"ဟုတ်"
"ကျစ် ဒီမိန်းမ အဲ့လိုတွေ့ကြောင့် နည်းနည်းပါးပါး ညင်းပါလား... တစ်ခါတည်းတန်းဟုတ်တော့တာပဲ"
လှိုင်းလက်ထန် ရေချိုးခန်းထဲ တစ်ယောက်ထဲတီးတိုးဆိုရင်း.. ခဏအကြာ
"ခလေး..."
"ဟုတ် ဦး..."
"ရွေးထားလိုက်"
"ဟင် အော် ဟုတ်ဟုတ်ဦး... ဦးကအမျိုးမျိုးပဲ"
လှိုင်းခက်ထန် တုံးအ့တဲ့မိန်းမပဲပြောပြော ဘယ်လိုဆိုရမယ်တောင်မသိတော့ပါ။ သူ့အဖြစ်ကငယ်ရွယ်တဲ့မိန်းမရထားလို့ သူ့အပေါ်ဆိုးနွဲ့ခြင်းအလျှင်းမရှိသလို သူစိတ်ဆိုးနေရင်တောင် ဆိုးမှန်းမသိတာမို့ သူကပဲ အချစ်တွေသစ်လွင်နေအောင်ကြိုးစားနေရသည်။ ဒါတောင် ဟိုခွေးကောင်လေးက အနှောက်။
◾◾◾◾◾◾◾◾◾◾◾◾◾◾◾
သည်းခံဖတ်ပေးကြတဲ့စာဖတ်သူတစ်ဦးခြင်စီကိုကျေးဇူးအထူးပါရှင့်🙏 အားလုံးပဲ မင်္ဂလာညချမ်းလေးပါရှင့်🙏 အိမ်မက်လှလှလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေနော်❤
စာဖတ်သူများကို အစဉ်လေးစားလျှက်
#မြူခိုးဝေဝေ