"ရှင်ကြီးချစ်တဲ့ကျွန်မ"
"ကိုယ့်အမေနဲ့ တွေ့ရတာ ဘယ်လိုလဲ ချာတိတ်"
"အန်တီက ဖော်ရွေပါတယ် ခဏကဆို အရိပ်ငိုတောင် ငိုချင်မိတယ်"
"ဟင်......ဘာလို့လဲ"
"ဉီးခမ်း အမေကို တွေ့တော့ အရိပ်အမေကို သတိရမိသွားလို့ပါ "
"အော်...... ဘာမှအားမငယ် နဲ့ နောက်ဆို ကိုယ့်အမေက ချာတိတ်အမေ ဖြစ်လာမှာဘဲသိလား......"
"ရှင်......."
မဏ္ဏိုင်စကားကြောင့် သူမကြောင်သွားသည်။
"ဟိုဟာလေ......ကိုယ်ပြောချင်နာက ကိုယ့်အမေကို ချာတိတ်ရဲ့ အမေလိုဘဲ သဘောထားလို့ရတယ်လို့ပြောတာပါ "
"အော်....... ဒါနဲ့ ဉီးခမ်းက အရိပ်ကို ဂိုက်ပြပေးမှာဆို"
"ဟုတ်တယ်လေ ချာတိတ်ရဲ့ ဘာဖြစ်လို့လဲ"
"အရိပ်ကဘာမှ မဖြစ်ပါဘူး ဉီးခမ်း သာ ကမ္ပဏီ တစ်ဖက်နဲ့ ဆိုတော့ အလုပ်ရှုပ်နေမှာစိုးလို့ပါ"
"အလုပ်တွေအကုန်လုံးကို ကိုယ်တစ်ယောက်ထဲ လုပ်ရတယ်လို့ ထင်နေတာလား"
"ရှင်......အဲ့ဒါတော့ အရိပ်လဲမသိဘူးလေ"
"အလုပ်တွေက ကမ္ပဏီ ကဝန်ထမ်းတွေကို ကိုယ့်တာဝန်နဲ့ကိုယ် ခွဲပေးထားလေ ကိုယ်ကတော့ သိပ်လုပ်စရာမလိုပါဘူး ကိုယ်တို့ ကမ္ပဏီ ကိုဧည့်သည်တို့ ရင်းနှီးမြုပ်နှံသူတွေ တစ်ခြားနိုင်ငံက ခရီးသွားဧည့်သည်တွေ လာမှသာ ကိုယ်က အလုပ်ရှုပ်တာ တစ်ခြားအချိန်ဆိုရင် ကမ္ပဏီ မှာ ဒီတိုင်းဘဲထိုင်နေရတာ....... "
တစ်ကယ်တော့ မဏ္ဏိုင် ကမ္ပဏီ တွင်အလုပ်အများဆုံးသူသာ ဖြစ်သည်။ ဒါပေမယ့်လဲ သူမလေး ဒါတွေကိုသိရင် စာသင်ပေးရမှာ အားနာနေမည်စိုး၍ လိမ်ပြောခဲ့ရသည်။နောက်ပြီး မဏ္ဏိုင် သူမလေးကို တစ်ခြားသူတွေနှင့် ဂိုက်ထားပေးရမှာကို စိတ်မချပေ။ သူမလေးအား တစ်ခြာမိန်းကလေးဖြစ်စေ ယောကျာ်း လေးဖြစ်စေ သူကလွှဲလို့ ကျန်တဲ့သူနှင့် ရင်းရင်းနှီးနှီး ပြောနေတာကိုပင် မဏ္ဏိုင်မကြိုက်ပေ။
"အော်........ ဒါနဲ့ ဉီးခမ်း ကဘာယူထားတာလဲ"
"ဘာကိုပြောတာလဲ ချာတိတ်"
"ဟိုဟာလေ bio လား eco လား "
"အော်......ဒါလား......ကိုယ်က bio ယူတာ တစ်ကယ်တမ်းတော့ ကိုယ်က လူ့အသက်တွေကို ကယ်ပေးချင်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့တာ ဒါပေမယ့် ကိုယ် ၁၀တန်းလောက်မှာ ကိုယ့်အဖေက ဆုံးသွားတာလေ အဲ့ဒါနဲ့ဘဲ ကိုယ်က အဖေချန်ထားခဲ့တဲ့ ကမ္ပဏီ ကိုဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်ရတာ"
"အော်......ဒါဆို ဉီးခမ်းက ကိုယ်လုပ်ချင်တဲ့အရာကို မလုပ်ခဲ့ရဘူးပေါ့"
"အင်းပေါ့......ဒီလိုဘဲ ပြောရမှာတော့ ဒါပေမယ့်လဲ စီးပွားရေး ဘက်သွားလိုက်တော့ စီးပွားရေးလုပ်ရတာကို သဘောကျလာတာပါဘဲ အခုဆိုကိုယ် ကမ္ပဏီ အများကြီး တည်ထောင်နိုင်ခဲ့ပြီလေ ဟိုတယ်တွေလဲ အများကြီးဖွင့်နိုင်ခဲ့ပြီ......"
"ဒါက ကြိုးစားမှုရလဒ်ပေါ့"
"ဒါပေါ့ ကိုယ်က အခုသာ ချမ်းသာနေတာ ငယ်ငယ်တုန်းကဆို ကိုယ်တို့က တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဘဝလေ"
"တစျကယျွကီးလား"
"အင်း....... ငယ်ငယ်တုန်းက ကိုယ့်အဖေက ကမ္ပဏီ တစ်ခုမှာ ဝန်ထမ်းအဖြစ်လုပ်တာ ဒီလို ကမ္ပဏီ ပိုင်ရှင် ဖြစ်လာဖို့ ကိုယ့်ရဲ့ အဖေအများကြီး ကြိုးစားခဲ့ရတာလေ"
"ေအာ်......"
"ကိုယ့်အမေနဲ့ ကိုယ့်အဖေနဲ့က ၁၈နှစ်နဲ့ယူလိုက်ကြတာလေ ကိုယ့်အမေက ရွာသူဆိုတော့၇ တန်းထိဘဲ ကျောင်းတက်ခဲ့ရတာ ကိုယ့်အဖေကတော့ စီးပွားရေးဘွဲ့ရအောင် ယူခဲ့တာလေ ဒီလိုနဲ့ ကမ္ပဏီတစ်ခုမှာ ဝန်ထမ်းလုပ်ပြီး ကိုယ်တို့မိသားစုကို ရှာကျွေးခဲ့တာလေ ကိုယ့်အမေက အဖေနဲ့ ရွာကနေခိုးရာ လိုက်ပြေးခဲ့တာ ပြီးတော့ မြို့တက်ပြီး အဖေက ဝန်ထမ်းလုပ် အမေကတော့ အိမ်မှာနေပြီး အိမ်ရှင်မလုပ်တာပေါ့"
"အော်......ဒါဆို ဘယ်လိုလုပ် ကမ္ပဏီ ထောင်နိုင်သွားတာလဲဟင်"
"ဘာလို့လဲဆိုတော့ ချာတိတ်သိလား ချာတိတ် ပထမဆုံးဒီကို ရောက်တုန်းက ကိုယ်တို့ ရှမ်းခေါက်ဆွဲဆိုင်ဝင်ထိုင် တုန်းကလေ"
"အင်း........"
"အဲ့တုန်းက ချာတိတ် ကို စားပွဲထိုးလို့ ပြောသွားတဲ့ လူလေမှတ်မိလား ချာတိတ် "
"ဟုတ်.......မှတ်မိပါတယ်"
"သူတို့ဘဲလေ ကိုယ်တို့ကို အခုလိုဖြစ်အောင်ကူညီခဲ့တာ သူတို့က ဆောက်လုပ်ရေး ကမ္ပဏီပိုင်ရှင် လေ ကိုယ်က ဟိုတယ်ဆောက်ရင် သူတို့ဆီမှာဘဲ အပ်တာ"
"ဒါဆို သူတို့ဆီမှာ ဉီးခမ်း ကျေးဇူးကျွေးတွေ အများကြီးရှိတာပေါ့"
"မဟုတ်ဘူး...... တစ်ကယ်တမ်း ပြောရရင် သူတို့ဆီမှာ တင်နေတဲ့ ကျေးဇူးတွေအားလုံး နီးပါး လူတစ်ယောက်က ဆပ်ပေးလိုက်ပြီ "
"အော်......ဒါနဲ့ အဲ့မမက တော်တော်ချောတယ်နော်"
"အဟွန့် ........ ကိုယ့်မျက်စိထဲမှာတော့ သူ့ကို ကြည့်လို့ကိုမရဘူး"
"ဟိုဟာလေ...... အရိပ်ကြားဖူးတာတစ်ခုရှိတယ် သိလား"
"ပြောပါအုံး......"
"ကိုယ့်ရန်သူက ကိုယ့်အနားမှာဘဲရှိသလို ကိုယ့်ရဲ့ ဖူးစာကလဲ ကိုယ့်အနားမှာဘဲရှိတာနော် ပြီးတော့ ကိုယ်အမုန်းဆုံးလူ ကိုယ်အမြင်ကပ်ဆုံးလူက တစ်ခါတစ်လေ ကိုယ်အချစ်ဆုံးလူ ဖြစ်လာနိုင်တယ်နော် ဉီးခမ်း"
သူမပြုံးစိစိ လေးနှင့်ဉီးခမ်းအားပြောနေသည်။
"ဟာ.......ချာတိတ်ကတော့လုပ်ပြီ ကိုယ်မှာက ချစ်ရမဲ့သူရှိတယ်ချာတိတ်ရဲ့"
"ဟင်.........တစ်ကယ်ပေါ့"
"အင်း...... သူမက ကိုယ့်အနားမှာဘဲ အမြဲတမ်းရှိတယ် ဒါပေမယ့် ကိုယ်ဖွင့်ပြောလို့ မဖြစ်သေးပါဘူး"
"ဟင်..... ဘာလို့လဲ ချစ်တယ်ဆို ဖွင့်ပြောလိုက်ပေါ့ နောက်မှ တစ်ခြားတစ်ယောက်နောက်ပါသွားမှနော် "
"အင်း.....ဟုတ်တာပေါ့ ချာတိတ် နောက်တစ်ယောက်နောက်ပါသွားမှာ ကိုယ်အစိုးရိမ်ဆုံးဘဲ "
မဏ္ဏိုင်သူမမကြားအောင် စိတ်ထဲကနေသာ ပြောလိုင်မိသည်။
"ကိုယ်လဲ ဖြစ်နိုင်ရင် အခုချက်ချင်းတောင် သူမကို ဖွင့်ပြောပစ်လိုက်ချင်တာပေါ့ ဒါပေမယ့် သူ့ကိုဖွင့်ပြောဖို့ အချိန်တစ်ခုတော့ စောင့်ရအုံးမှာ "
"ဘာလို့လဲ ဉီးခမ်းရဲ့..... ဉီးခမ်းလို လူမျိုးကို ဘယ်မိန်းကလေးက ငြင်းမှာမို့လဲ ဉီးခမ်းက ဒီလောက်ချောနေတာ ပြီးတော့ ဉီးခမ်းကလေ အသက်၃၀ပြည့်တော့မှာဆိုတာ ဘယ်သူမှ ယုံနိုင်မှာမဟုတ်ဘူး အရိပ်တောင် ဉီးခမ်းကို စတွေ့တုန်းက အသက်၂၃ ၂၄ ေလာက်ဘဲရှိသေးတယ်ထင်တာ"
"အဟွန်း..... မြှောက်နေပြီ"
"မမြှောက်ပါဘူး တစ်ကယ်ပြောတာပါ ဉီးခမ်းက အရိပ်မြင်ဖူးသမျှ အသက်၃၀ အရွယ်လူတွေထဲမှာ အချောဆုံးဘဲသိလား"
အဟွန်း......
"ချာတိတ်လဲ သိလား ကိုယ့်နှလုံးသားလေးက ချာတိတ်နဲ့တွေ့မှ ရင်ခုန်တက်လာတယ်ဆိုတာ"
မဏ္ဏိုင် စိတ်ထဲမှ ပြောလိုက်သည်။ ခဏကြာတော့ သူတို့ အိမ်ကြီးဆီရောက်လာခဲ့ကြသည်။ ဒီနေ့ သူနဲ့အရိပ် စကားတွေအများကြီးပြောဖြစ်ခဲ့ကြတာပေါ့။
"ချာတိတ် ရောက်ပြီ"
"ဟုတ်.......ဒါနဲ့ ဉီးခမ်း ညစာစားတော့မလား "
သူမတို့ အိမ်ပြန်ရောက်တော့ ညနေ၆နာရီခွဲလောက်ရှိနေပြီ။
"အင်း.......စားတာပေါ့ချာတိတ်လဲ တစ်ခါတည်းစားမှာလား"
"ဟုတ်......."
"အင်း....... ဒါဆို ကိုယ် အပေါ်ခဏတက်လိုက်အုံးမယ် ပြီးမှ စားကြတာပေါ့"
"ဟုတ်.......ဒါဆို အရိပ် ထမင်းစားခန်းမှာ စောင့်နေပါ့မယ်"
"အင်းပါ....... "
ဒီလိုနဲ့ မဏ္ဏိုင် အပေါ်ထပ်သို့ တက်သွားသည်။ အရိပ်လဲ ထမင်းစားခန်းဘက်ဝင်လာပြီး ကြီးသန်းတို့နှင့် ညစာအတွက် ဝိုင်းကူလုပ်ပေးနေသည်။
"ဟူး...... အချိန်တွေကို ကျော်ပစ်လို့ရရင် သိပ်ကောင်းမှာဘဲ ချာတိတ်ရာ "
မဏ္ဏိုင် တစ်ယောက် အခန်းထဲရှိ အိပ်ယာပေါ်တွင် ငုတ်တုတ်လေးထိုင်ပြီး စီးကရက် တစ်လိပ် ထုတ်ဖွာကာ စိတ်ညစ်မှုတွေကို ဖြေဖျောက်နေသည်။
ခဏကြာတော့ အောက်သို့ ဆင်းလာပြီး ညစာစားပြီး အရိပ်ကိုခေါ်ကာ ခြံထဲဆင်းလာခဲ့သည်။
"ချာတိတ်......"
"ရှင်........"
"ကိုယ်......ချာတိတ် ပေါ်ပေါ် ခဏအိပ်မယ်နော်ရလား"
"ရှင်......"
မဏ္ဏိုင်စကားကြောင့်သူမ လန့်သွားရသည်။ ဒီလိုသာ သူမပေါင်ပေါ် အိပ်နေလျက် အိမ်ထဲရှိ လူတစ်ယောက်ယောက် တွေ့သွားလျှင်မကောင်းပေ။
"ဘာလဲ ကိုယ့်ကို ဒီလောက်လေးတောင် မလုပ်ပေးဘူးပေါ့"
"ရှင်......အော်.......အဲ့.....အဲ့လိုမဟုတ်ပါဘူး အရိပ်က တစ်ခြားလူတွေမြင်"
"ဘာလို့တစ်ခြားလူတွေကို ချာတိတ် ဒီလောက်ဂရုစိုက်ကတာလဲ တစ်ခြားလူက တစ်ခြားလူဘဲ ချာတိတ်က ချာတိတ်ဘဲ ကြားလား တစ်ခြားလူတွေကို ဂရုမစိုက်နဲ့"
မဏ္ဏိုင်ပြောရင်း သူမပေါင်ပေါ် လှဲအိပ်လိုက်သည်ည်။
"ချာတိတ်......"
"ရှင်....... ဘာဖြစ်လို့လဲဟင်....."
"ဘာမှ မဖြစ်ဘူး ကိုယ်လေ ဒီချာတိတ်ဆိုတဲ့နာမည်ကို အရမ်းကြိုက်တာဘဲသိလား"
"ဟိုဟာ........ဒါပေမယ့် အရိပ်ကတော့ မကြိုက်ဘူး "
"ဟင်.......ဘာလို့လဲ"
"ဘာလို့မှတော့ မဟုတ်ပါဘူး အရိပ်က အရိပ်ကို အရိပ်လို့ဘဲခေါ်တာမှ ကြိုက်တာ"
"အော်......နောက်ဆို ကိုယ် ချာတိတ် ကိုအရိပ်ေလးလို့ ခေါ်မယ်လေ ရလား"
"ရပါတယ် လေးတစ်ခုဘဲပိုလာတာ"
"အဟွန်း ဟုတ်ပါပြီ......"
ဒီလိုနဲ့ မဏ္ဏိုင် အောက်ကနေမှ သူမမျက်နှာလေးကို မပြတ်တမ်း ကြည့်နေသည်။ သူမလေးကတော့ ကောင်းကင်ပေါ်ရှိ ကြယ်လေးတွေသာ ကြည့်နေသည်။ ခဏကြာတော့
"ဟင်.....ဉီးခမ်း ဟိုမှာကြည့် ဟိုမှာကြည့်......ကြယ်ကြွေသွားပြီ"
အရိပ် အပြောကြောင့် မဏ္ဏိုင်လဲ ကောင်းကင်ပေါ်ကို ကြည့်လိုက်သည်။
"ဘာကြည့်နေတာလဲ ဉီးခမ်းရဲ့ ဆုတောင်းလေ ကြယ်ကြွေရင် ဆုတောင်းရမယ်တဲ့ အဲ့ဒါဆို ဆုတောင်းပြည့်တယ်"
"အော်......အဲ့လို့လား"
"အင်း......အမြန်ဆုတောင်းလိုက်"
ဒီလိုနဲ့ မဏ္ဏိုင်လဲ "အရိပ်လေးနှင့် အမြန်ဆုံးအတူနေရပါစေ"ဆိုကာ ဆုတောင်းလိုက်သည်။
"အရိပ်လေး ဘာဆုတောင်းလိုက်တာလဲ ကိုယ့်ကို ပြောပြပါလား"
"မရပါဘူး secret လေ ဉီးခမ်းရဲ့"
"အဲ့လိုပေါ့ ရပါတယ်....."
မဏ္ဏိုင် ဝမ်းနည်းသလို လုပ်လိုက်ပြီး တစ်ဖက်သို့ လှည့်သွားသည်။
"စတာပါ ဉီးခမ်းရဲ့ အရိပ်ပြောပြပါ့မယ်"
"အဲ့ဒါဆိုပြောလေ......"
"ဘာဆုတောင်းလိုက်လဲဆိုတော့ ဉီခမ်းချစ်နေတယ်ဆိုတဲ့မိန်းကလေးနဲ့ အမြန်ဆုံး ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်တာ"
"တစ်ကယ်လား"
"တစ်ကယ်ပေါ့....."
ဟား......
မဏ္ဏိုင် သဘောကျစွာ အားရပါးရ ရယ်ပစ်လိုက်သည်။
"ဒီဆုတောင်းအမြန်ဆုံးပြည့်ပါစေ"
"ပြည့်မှာပေါ့ ဉီးခမ်းရဲ့ ဒါနဲ့ ဉီးခမ်းကကော ဘာဆုတောင်းလိုက်တာလဲ"
"မပြောပြဘူး ကိုယ်ဆုတောင်းလိုက်တာက အရိပ်လေးကို ပြောပြလို့ မဖြစ်ဘူး"
"ဟာ......ဉီးခမ်း ဒါသက်သက်မဲ့ညစ်တာဘဲ အရိပ်ကတော့ ပြောပြရတယ် ဉီးခမ်းကကြတော့ မပြောဘူးပေါ့"
"ကိုယ် ပြောပြလို့ မဖြစ်လို့ပါ"
"ရပါတယ် အရိပ်က ဒီတိုင်းဘဲ ပြောလိုက်တာပါ"
"အဟွန်း.......သိပါတယ်"
ဒီလိုနဲ့ ဒီတစ်ညကူးသွားပြီ။
နောက်တစ်နေ့မနက်က မိုးစက်မိုးပေါက်ကလေး များဖြင့် ကြိုဆိုလျက်။
"ဒေါက် ဒေါက်....... "
"ဉီးခမ်း.....မနက်စာ စားလို့ရပြီနော်"
တံခါး ေခါက်သံကြောင့် မဏ္ဏိုင် အိပ်ယာမှ ထလာပြီး တံခါးဖွင့်လိုက်သည်။
"ဟင်......ချာတိတ် အော်.....မှားသွားလို့ အရိပ်လေး ဘာကိစ္စရှိလို့လဲ "
"ဟိုဟာ......ဉီးခမ်း......မနက်စာ စားလို့ရပြီလို့ လာပြောတာပါ"
သူမခေါင်းလေးငုံ့ကာ ပြောနေသည်။ မဏ္ဏိုင်ကတော့ သူမလေးအား တံခါးကိုလက်နှစ်ဖက်ဖြင့် ထောက်ကာ အပေါ်စီးမှ ငုံ့မိုးကြည့်နေသည်။
"ဘာလို့ ခေါင်းကငုံ့ထားတာလဲ အရိပ်လေးရဲ့ ကိုယ့်ကို ကြောက်လို့လား"
"မ......မဟုတ်ပါဘူး......ဉီး......ဉီးခမ်း အင်္ကျီ....... "
အင်္ကျီ ဆိုမှ မဏ္ဏိုင်သူ့ကိုယ်သူ ပြန်ကြည့်လိုက်မိသည်။ အပေါ်ပိုင်း ဗလာနှင့် ။
"အော်......ကိုယ်ညအိပ်တုန်းက ပူလွန်းလို့ အပေါ် အင်္ကျီ ချွတ်ပြီး အိပ်လိုက်လို့ပါ"
"ဟုတ်.....ဒါဆို အရိပ် သွားလိုက်အုံးမယ်"
"နေအုံးလေ အရိပ်လေး ကိုယ့်အတွက် အင်္ကျီ မထုတ်ပေးတော့ဘူလား"
"အော်......ဟုတ်သားဘဲ"
"ဟုတ်တယ်ဆို ဘာလို့ အဲ့မှာဘဲ ရပ်နေတာလဲ အရိပ်လေးရဲ့ ဝင်ခဲ့လေ "
"ဟိုဟာ......ဉီးခမ်းက ပိတ်ရပ်ထားတယ်လေ"
"အော်......ဟုတ်သားဘဲ လာ အခုဖယ်လိုက်ပြီ"
ဆိုကာ မဏ္ဏိုင် သူမရှေ့မှ ဖယ်လိုက်သည်။ သူမအခန်းထဲ ဝင်သွားလိုက်ပြီး အဝတ်ဗီရို ထဲမှ အင်္ကျီ ထုတ်နေသည်။
မဏ္ဏိုင်မျက်နှာ အမြန်သစ်လိုက်ပြီး သူမလေးအနောက်မှာ ရပ်နေသည်။
"ဉီးခမ်း....ဒီဝတ်စုံ လေးဝတ်မလား"
"အင်း....... အညိုရောင်လေးဆိုတော့......."
မဏ္ဏိုင် ထိုဝတ်စုံ ကိုကြည့်နေရာမှ အရိပ်ဘက် လှည့်ကြည့်လိုက်သည်။
အရိပ် ဝတ်ထားသည်က ကြက်သွေးရောင် ဂါဝန်လေးပင်။
"ဟိုဟာ......ကိုယ့်ကို ဟိုဘက်က ကြက်သွေးရောင် ဝတ်စုံလေးဘဲ ထုတ်ပေးလိုက်တော့"
သူမလဲ ထိုအညိုရောင် အနောက်တိုင်းဝတ်စုံလေးကို ဗီရိုထဲ ပြန်ထည့်ထားလိုက်ပြီး ကြက်သွေးရောင် ဝတ်စုံလေးထုတ်လိုက်သည်။
"ဉီးခမ်း ဒီမှာ ထားခဲ့လိုက်မယ်နော်"
"ဘယ်မှာ ထားခဲ့မှာလဲ"
"ဒီမှာလေ"
သူမလေး အိပ်ယာပေါ့်သို့ ထိုးပြနေသည်။
"ဘယ်မှာမှ မထားခဲ့နဲ့ ကိုယ့်ကို တစ်ခါတည်းဝတ်ပေးသွားပါလား အင်္ကျီ ဘဲပြောတာပါ"
"ရှင်......."
"ဘာလို့လဲ ဒါလေးတောင် မလုပ်ပေးချင်ဘူးပေါ့"
မဏ္ဏိုင် စိတ်မကောင်းသလိုနှင့် ပြောလိုက်သည်။ သူမ မဏ္ဏိုင်စိတ်မကောင်းဖြစ်သွားသည်ကို မနေနိုင်ကာ
"ဟို....ဟို......မဟုတ်ပါဘူး.....အရိပ်ဝတ်ပေးပါ့မယ် ဉီးခမ်းရဲ့"
"အဟွန်း....."
မဏ္ဏိုင် သဘောကျစွာ ပြုံးလိုက်သည်။ အရိပ် မဏ္ဏိုင် အား shirt အဖြူရောင်လေးအား အရင်ဆုံး ဝတ်ပေးနေသည်။ သူမအရပ်ကအနည်းငယ် ပုသဖြင့် မဏ္ဏိုင်အား ခြေဖျားလေးထောက်ကာ ကြယ်သီး သွယ်ပေးနေရသည်။ မဏ္ဏိုင် အကြံတစ်ခုရသွားကာ သူ့ခန္ဓာကိုယ် အား အနောက်သို့ ဆုတ်လိုက်သည်။
သူမ မဏ္ဏိုင်ကိုယ်လေးကို အားယူကာ ခြေဖျားထောက်ပြီး ကြယ်သီးသွယ်ပေးနေရသည်။ ဒါကို သိတဲ့ မဏ္ဏိုင်က အနောက်ဆုတ်လိုက်သည်မို့ သူမကိုယ်လေး မထိန်းနိုင်ကာ မဏ္ဏိုင် အင်္ကျီ ကိုဆွဲလျက် ကုတင်ပေါ်သို့ ပြုတ်ကျသွားသည်။
"အမလေး.......ဗုတ်......"
မဏ္ဏိုင် အပေါ်စီးမှ သူမ မျက်နှာလေးအား ခဏတာ ငေးကြည့်နေသည်။ သူမကတော့ မျက်လုံးလေးကို ကျစ်ကျစ်မှိတ်လျက်.....
ခဏကြာတော့ သူမ မျက်လုံးများဖွင့်ကြည့်လိုက်သည်။
"ဟင်......ဉီး.....ဉီးခမ်း.....ဖယ်ပါအုံး"
သူမ သူ့ရင်အုပ်ကို သူမလက်သေးသေးလေးများဖြင့် တွန်းကာ ဖယ်နေသည်။ ထိုအချိန်မှ မဏ္ဏိုင် အသိပြန်ဝင်လာကာ သူမအပေါ် အုပ်မိုး ထားရာမှ ဖယ်လိုက်သည်။ သူမကတော့ ရှက်သွေးဖျာနေကာ ပါးလေးနှစ်ဖက်မှာ ရဲနေသည်။
"ဟိုဟာ....... ဉီးခမ်း အင်္ကျီ ဆက်ဝတ်လိုက်တော့နော် အရိပ် သွားတော့မယ်"
"နေအုံးလေ.......ဒီshirtလေးကတော့ ပီးအောင်ဝတ်ပေးသွားပါနော်"
မဏ္ဏိုင် တောင်းဆိုနေသည်မို့ သူမ မငြင်းသာကာ ကြယ်သီး ဆက်သွယ်ပေးဖို့ လုပ်လိုက်ရသည်။ သူမ ရှက်ရှက်ဖြင့်သာ ကြယ်သီးများအားသွယ်ပေးနေသည်။သူမ ကြယ်သီးတစ်လုံးသွယ်တိုင်း မဏ္ဏိုင် ရင်ဘက်အား သူ့လက်ကလေးဖြင့်သွားသွားထိမိနေသည်။ ခဏကြာတော့ ကြယ်သီးသွယ်ပြီးသွားပြီ ဖြစ်၍ သူမ မဏ္ဏိုင်အခန်းမှ ထွက်သွားဖို့ပြင်လိုက်သည်။
"ဉီးခမ်း.....အရိပ်သွားပြီနော် "
"ကျေးဇူးဘဲနော် အရိပ်လေး"
"ရှင်......အော်.......ရ......ရပါတယ်"
သူမအရှက်မပြေသေးကာ စကားများပင်ထစ်နေလျက်။
"အဟွန်း....... "
မဏ္ဏိုင် သူမအားတွေ့လျှင် စချင်သောစိတ်က ထိန်းချုပ်လို့ မရပေ။
ဒီလိုနဲ့ မဏ္ဏိုင် အောက်ဆင်းသွားပြီး မနက်စာ ဝင်စားလိုက်သည်။ သူမနက်စာစားနေရင် အရိပ်အား တစ်ချက်တစ်ချက် ကြည့်နေသည်။ အရိပ်မှာတော့ မျက်နှာပူပူဖြင့်သာ ဆက်စားနေရသည်။ ခဏကြာတော့ မနက်စာ စားပြီးသွား၍ မဏ္ဏိုင် ကမ္ပဏီ သွားဖို့ အိမ်ရှေ့ ကားရှိရာသို့ ထွက်လာသည်။
"အရိပ်လေး......ကိုယ်သွားပြီနော် ဒီနေ့ မိုးအေးတယ် အနွေးထည်လေး ထပ်ဝတ်ထား ကြားလား"
"ဟုတ်......"
သူမခေါင်းလေး ငုံ့လျက်သားပြန်ဖြေနေသည်။
မဏ္ဏိုင်လဲ သူမရှက်နေသေးသည်ကို သိ၍ ဘာမှ မပြောတော့ဘဲ ပြုံးလျက်သား ထွက်လာခဲ့သည်။
"အဟွန်း...... ဒီတောသူမ သခင်လေးကို ဘာဆေးတွေများ တိုက်ထားလဲမသိဘူး သခင်လေးကလဲ ဒီတောသူမကိုဘဲ ကြည့်နေတာ မျက်တောင်တောင် မခက်ဘူး အဟွန်း......ဒီညနေ တော့နင် ငါ့အကြောင်း ကောင်းကောင်းသိစေရမယ် မိအရိပ် ဒီနေ့ ညနေ ကြီးသန်းကော ဝတ်ရည်သန့်ကော မရှိဘူး အဲ့အချိန်ကြမှ နင့်ကို ငါလက်စွမ်းပြရသေးတာပေါ့ "
ငုဝါဖူး အိမ်ထဲမှနေ၍ အရိပ်အား ကြည့်ကာ စိတ်ထဲမှပြောနေသည်။
စာဖတ်သူလေးများအားလုံး ဂရုစိုက်ကြနော်။
ဝါသနာအရရေးတာမို့အမှားပါရင်ခွင့်လွှတ်ပါရှင့်။🙏🏻🙏🏻