ရှင်ကြီးချစ်တဲ့ကျွန်မ
ရွာတစ်ရွာမှာမိထွေးနဲ့အတူတူနေရတဲ့ကောင်မလေးတစ်ယောက်ရှိတယ် သူနာမည်ကမြရိပ်အလက်ာဆိုတဲ့ကောင်မလေးပါ သူဘဝက မိခင်ဆုံးပါးပြီးမကြာခင်မှာဘဲဖခင်ဖြစ်သူကနောက်အိမ်ထောင်ပြုခဲ့တယ် ဖခင်းလဲမြို့ကိုသွားရင်းကားတိုက်ပြီး အသက်ဆုံးရူံးသွားခဲ့တယ် အများအမြင်မှာတော့မိထွေးကသူအရိပ်ပေါ်အရမ်းကောင်းတယ်လိုထင်ကြတယ်အ ရိပ်ကိုမိထွေးက လယ်ထဲမှာအလုပ်လုပ်ခိုင်းတယ် ပိုက်ဆံပေးမှထမင်းကျွေးခဲ့တယ် အဲ့ဒါကိုပတ်ဝန်းကျင်ကမသိပေမဲ့အရိပ်သူငယ်ချင်းကတော့သိခဲ့တယ် အရိပ်တို့ရွာမှာအလှူရှိလို အရိပ်ကိုဘုန်းကြီးကျောင်းမှာတယ်ကူလုပ်ခိုင်းခဲ့တယ် အလှူရှင်မဏ္ဏိုင်ဦးခမ်းတို့သားအမိရောက်လာခဲ့တယ် မဏ္ဏိုင်ကအရိပ်ကိုမြင်မြင်ချင်းပင်သေဘာကြခဲ့တယ် မဏ္ဏိုင်အမေကလဲချွေးမလေးကိုတော်ချင်သွားခဲ့တယ် အလှူမှာဘဲမဏ္ဏိုင်နဲ့အရိပ် ခင််မင်သွားခဲ့တယ် မဏ္ဏိုင်ကအရိပ်ထက်အသက်၁၃နှစ်လောက်ကွာခဲ့ ဘယ်မိန်းမကိုမှအနားကပ်မခံခဲ့ပေမဲ့အရိပ်ကိုတော့တကယ်ချစ်မိသွားခဲ့တယ်အလှူပြီးတော့မဏ္ဏိုင်ဦးခမ်းတို့လဲရန်ကုန်ကိုပြန်လာခဲ့ကြတယ် နောက်နေ့မှာတော့အရိပ်လေးကိုမိထွေးက အသက်ကြီးကြီးလူတစ်ယောက်နဲ့ပေးစားဖို့စီစဥ်ခဲ့ကြတယ် အရိပ်မလိုချင်တာနဲ့ သူရဲ့အဒေါ်ကြီးသန်းကိုဖုန်းဆက်ပြီးပြောခဲ့တယ် ကံကောင်းချင်တော့ကြီးသန်းကမဏ္ဏိုင်ရဲ့အိမ်မှာအိမ်ဖော်လုပ်နေခဲ့ ဖုန်းပြောနေတာကိုမဏ္ဏိုင်လဲကြားရာကြီးသန်းတူမလေးကိုသူအိမ်မှာနေခွင့်ပြုတယ်လိုပြောလိုက်တယ် နောက်နေ့မနက်ဘဲသူကိုယ်တိုင်ကားနဲ့အရိပ်ကိုသွားခေါ်ခဲ့တယ် ရန်ကုန်ရောက်တော့အရိပ်ကိုမြို့ထဲသို့အလည်ပတ်ခေါ်ပြီး အဝတ်စားတွေဝယ်ပေးပြီးခေါ်ခဲ့တယ် အရိပ်လေးကိုသူရဲ့ဘေးအခန်းမှာနေခိုင်းခဲ့တယ် အိမ်အကူတွေကိုလဲအရိပ်ကိုဘာအလုပ်မှ မခိုင်းဖို့မှာထားခဲ့တယ် အရိပ်ကိုမဏ္ဏိုင်က သူ့သူငယ်ချင်းထက်မြတ်ရဲ့ကိုယ်ပိုင်ကျောင်းတစ်ခုမှာဆယ်တန်းကိုတက်ခိုင်းခဲ့တယ်ကျောင်းကအပြန်ဂိုက်ဆရာကတော့သူကိုယ်တိုင်ပေါ့ မဏ္ဏိုင်ကဟော်တယ်လုပ်ငန်းတွေလဲလုပ်ကိုင်သလို ကုမ္ပဏီတွေလဲရှိခဲ့ တယ် မဏ္ဏိုင်ကလုပ်ငန်းတွေကိုအောင်မြင်အောင်လုပ်ကိုင်နေတဲ့သူဆိုတော့ကောင်မလေးတွေလဲဝိုင်းနေခဲ့တယ် ဒါပေမဲ့ဦးခမ်းကတော့အရိပ်မှအရိပ်ဖြစ်နေခဲ့တယ်ဦးခမ်းကိုစိတ်ဝင်စားတဲ့မိန်းမတွေထဲမှာ ဦးခမ်းရဲ့ကျေးဇူးရှင်ရဲ့သမီးဧကရီဇန်ကတော့အဆိုးဆုံးပင်ဖြစ်တယ် သူရဲ့အခိုင်းစေတွေကို မဏ္ဏိုင်အိမ်မှာ အိမ်ဖော်အဖြစ်နဲ့ ငုဝါခိုင်တို့ကိုလွတ်ထားခဲ့တယ် အရိပ်နဲ့ဥိီးခမ်းကိုစောင့်ကြည့်ဖို့အတွက် ထားခဲ့တယ် ဧကရီကဦးခမ်းရဲ့ဟော်တယ်အခန်းတွေကိုလဲ မီးလောင်အောင်လုပ်ခဲ့တယ် ဦးခမ်းကတော့ဧကရိီအဖေတောင်းပန်မူကြောင့်ခွင့်လွှတ်ပေးခဲ့တယ်ဆယ်တန်းအောင်စာမေးပွဲဖြေပြီးတော့အရိပ်နဲ့ ဦးခမ်း ချစ်သူတွေဖြစ်သွားခဲ့ကြတယ် ဦးခမ်းရဲ့အမေကလဲ သဘောအတူခဲ့တယ် အရိပ်စာမေးပွဲအောင်စရင်းထွက်မဲ့ညမှာအားလုံးကရင်ခုန်နေကြတယ် အရိပ်ကဆယ်တန်းကိုဂုဏ်ထူး၄ဘာသာဖြင့်အောင်ခဲ့တယ် အရိပ်ကနယ်ကကောလိပ်တစ်ခုမှာပညာရေးကောလိပ်တစ်ခုတက်ပြီးဆရာမလုပ်မယ်လိုဦးခမ်းကိုပူဆာခဲ့တယ်ဦးခမ်းလဲခွင့်ပြုခဲ့တယ်အရိပ်ပြန်လာရင်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုမင်မင်တို့ရဲ့ Book cubicleမှာဆက်လက်ဖတ်ရူနိုင်ပါပြီနော်