"ရှင်ကြီးချစ်တဲ့ကျွန်မ"
"အားလုံး.....ပြောစရာရှိတယ်"
"ဟုတ်......"
"ဒီနေ့ ရုံးစောစော ဆင်းပေးမယ် ၄နာရီခွဲဆို အားလုံးပြန်လို့ရပြီ"
မဏ္ဏိုင် စကားကြောင့် ဝန်ထမ်းများ အားလုံးပျော်သွားကြသည်။ မဏ္ဏိုင် ဒီနေ့ သူ့အမေဆီသွားရမည်။ မဏ္ဏိုင် ဝန်းထမ်းများအား ပြောပြီး ကားပါကင် ဆီသို့ ထွက်လာခဲ့သည်။
"မဏ္ဏိုင်...... "
ကားပါကင် ဆီရောက်တော့ အနောက်မှ ချွဲ့ချွဲ့နွှဲ့နွှဲ့ အသံဖြင့်မဏ္ဏိုင်အား ခေါ်လိုက်သော ဇန်။ မဏ္ဏိုင် သူမခေါ်သံ ကြားပေမယ့် လှည့်မကြည့်ဘဲ ကားပေါ်သို့ တက်ရန်ပြင်လိုက်ချိန်
"မဏ္ဏိုင် ဇန်ခေါ်နေတယ်လေ ဘာလို့မကြားသလို လုပ်နေတာလဲ"
ဆိုကာ မဏ္ဏိုင်လက်မောင်းကို ကိုင်ထားသည်။
"ကျစ်....... ဖယ်စမ်းပါ.....မင်းကို ပြောထားတယ်လေ ငါ့ဆီကို ကိစ္စ မရှိဘဲ မလာနဲ့လို့"
"ဇန်ပြောစရာရှိလို့ပါ အဲ့ဒါကို ဒီက ဘာအဆင့်မှ မရှိတဲ့ လုံခြုံရေးတွေက ဇန်ကိုမဝင်ခိုင်းကြဘူးသိလား သူတို့ကိုအလုပ်ထုတ်ပစ်လိုက်ပါလား "
"တောက်..... မင်းငါ့ဝန်ထမ်းတွေကို စောစောကားကား ပြောစရာမလိုဘူး ဒါကငါ့ဝန်ထမ်း ပြောစရာရှိရင် ငါပြောမယ် အလုပ်ထုတ်စရာရှိရင်လဲ ငါ့ထုတ်မယ် မင်းနဲ့ ဘာမှ မဆိုင်ဘူး ကြားလား ဧကရီဇန် "
"ကြားပါတယ် မဏ္ဏိုင်ကလဲ ဒါနဲ့ မဏ္ဏိုင်အခု အိမ်ပြန်တော့မလို့လား"
"ငါ့ဟာငါ ဘယ်ဘဲြပန်ပြန် မင့်အပူမပါပါဘူး....
ဒါနဲ့ မင်း.....ဘာကိစ္စရှိလို့လဲ "
"ဘာမှတော့ မဟုတ်ပါဘူး ဒီတိုင်းဘဲ ဝင်လာတာ"
"ဝင်ချင်တိုင်းဝင်လာရအောင် ဒါငါ့ ကမ္ပဏီ မင့်အဖေအိမ်မဟုတ်ဘူး"
"ဟာ.....မဏ္ဏိုင်ကလဲ ဘာလို့ အဲ့လိုတွေပြောနေတာလဲ"
"ကျစ်......"
"မဏ္ဏိုင်...... ဇန်ကို ကမ္ပဏီ ထဲဝင်ခွင့်ပေးမယ်မလား"
"မင်းတော်တော် ဝင်ချင်တယ်ပေါ့"
"ဝင်ချင်တာပေါ့ ကမ္ပဏီ ကဝန်ထမ်းတွေနဲ့ ရင်းနှီးအောင်မို့လေ"
"ဟုတ်ပြီလေ....."
ဆိုကာ မဏ္ဏိုင် ဖုန်းထုတ်လိုက်သည်။ ထို့နောက် ကမ္ပဏီ ကအရေးပေါ် လိုအပ်ရင် ခေါ်ဖို့ ထားထားတဲ့ ဖုန်းကို ဆက်လိုက်သည်။
"ဟယ်လို......"
"ငါ.....မဏ္ဏိုင်"
"ရှင်......သူဌေး ဘာကိစ္စ ရှိလို့လဲ"
"မင်းတို့ အားလုံး ရုံးဆင်းလို့ရပြီ"
"တစ်ကယ်လားရှင်....."
"ငါစကားကိုနှစ်ခုမပြောချင်ဘူး......"
"အော်......ဟုတ် ကျေးဇူးပါ သူဌေး"
မဏ္ဏိုင်ပြောလဲ ပြီးရော ဖုန်းကို တန်းချလိုက်သည်။ ထို့နောက် သူကားပေါ်သို့ ခဏတာထိုင်နေလိုက်ပြီး ေဘာင်းဘီအိတ်ကပ်ထဲမှ ဆေးလိပ်တစ်လိပ်အား ယူလိုက်ပြီး သောက်နေသည်။ ဇန်ကတော့ မဏ္ဏိုင် ဘေးမှ ဆေးလိပ်သောက်နေသည့် သူ့ပုံအား ငေးမောကာ ကြည့်နေသည်။
"မဏ္ဏိုင်ရယ် ရှင်က ဒီလိုဆေးလိပ်သောက်နေချိန်ဆို ဘာလို့ ဒီလောက်ကြည့်ကောင်းနေရတာလဲ"
ဇန်စိတ်ထဲမှ ပြောလိုက်ပြီး သူ့အား မျက်တောင်မခက်တမ်း ကြည့်နေသည်။ ခဏကြာတော့ ရုံးထဲမှ ဝန်ထမ်းများအားလုံး ထွက်သွားကြသည်ကို ဇန်ကော မဏ္ဏိုင်ပါ တွေ့လိုက်သည်။
"ရပြီ မင်းငါ့ ကမ္ပဏီ ကိုကြည့်ချင်တယ်ဆို အခုသွားကြည့်လို့ရပြီ...... အော်.....ဒါနဲ့ မင်းတစ်ယောက်ထဲ သွားကြည့်ရမှာ ကြောက်ရင် ဒီမှာ သူ့ကို ခေါ်သွားလိုက် သူအခု ကမ္ပဏီ ထဲသွားမလို့"
မဏ္ဏိုင် ဇန်အား မေးမော့ပြကာ ပြောနေသည်။
"ဒီကိုလာခဲ့အုံး"
မဏ္ဏိုင် လုံခြုံရေးဝန်ထမ်းအား လှမ်းခေါ်လိုက်သည်။
"ဝန်ထမ်းတွေ အားလုံး ပြန်သွားပြီဆိုတော့ မင်း ကမ္ပဏီ ထဲဝင်ပြီး မီးခလုတ်တွေဘာတွေ အားလုံး တစ်ခုမကျန်သွားစစ်ချေ ကြားလား"
"ဟုတ်ကဲ့ပါ သူဌေး"
"အော်......ဒါနဲ့ သူလိုက်ချင်တယ်ဆို ခေါ်သွားလိုက်နော် .....ငါတော့သွားပြီ"
"ဟုတ်......"
"မောင်းတော့ ဉီးဘသက်"
"ဟုတ်......"
ဒီလိုနဲ့ မဏ္ဏိုင် ထိုနေရာမှ ထွက်သွားသည်။ ဇန်မှာတော့ ဒေါသထွက်ကာ ကျန်နေခဲ့သည်။
"တောက်.......မဏ္ဏိုင် တော်တော် ဘဝင်လေဟပ်နေတယ်ပေါ့ အဟွန်း......ကြီးထားအုံးပေါ့ မာန တစ်နေ့ကြမှ အဲ့မာနကို ငါကိုယ်တိုင် ရိုက်ချိုးပြမယ် စောင့်ကြည့်နေလိုက်....."
သူ့အရှေ့မှ ထွက်သွားသော မဏ္ဏိုင်ရဲ့ကားကို ကြည့်ကာ ဇန်ပြောနေသည်။ ထိုအချိန်
"ဒီမှာ......ဒီမှာ......"
လုံခြုံရေးဝန်ထမ်း တစ်ယောက်သူမအား လှမ်းခေါ်လိုက်သည်။
"ဘာလဲ....."
သူမ ငေါက်ငေါက်ဖြင့် ပြန်ထူးလိုက်သည်။
"ဟိုဟာ.....ကျွန်တော်တို့နဲ့ လိုက်အုံးမှာလား"
"မင်းတို့ ငါ့ကိုလာရွှဲ့နေတာလား..."
"မဟုတ်ပါဘူး..... ကျွန်တော်တို့က အတည်ပြောတာပါ"
"တောက်......ဘယ်လိုဟာတွေလဲ မသိဘူး ဖယ်စမ်း....."
ဇန် ဒေါသထွက်ကာ ခြေစောင့်ပြီး ထွက်လာခဲ့သည်။
မဏ္ဏိုင်ကတော့ အရိပ်လေးကို တွေ့ရမည်ဖြစ်၍ ပျော်နေရှာသည်။
"""""""""""""""""""""""""""""""""""""""""""""
ဇန် ကားပေါ်တက်လိုက်ပြီး မဏ္ဏိုင်အိမ်သို့ အိမ်ကူဖြင့် လွှတ်ထားတဲ့ ငုဝါဖူးအား ဖုန်းခေါ်လိုက်သည်။
တီ......
"ဒီမှာ ဘယ်သူ့ဖုန်းလာနေလဲ မသိဘူး လာကြည့်ကြအုံး"
"ငါ့ဖုန်းလာတာ ထင်တယ် ငါသွားကိုင်လိုက်အုံးမယ်"
ငုဝါဖူး ဝတ်ရည်သန့်အား ပြောလိုက်ပြီး ထွက်လာခဲ့သည်။
"ဟယ်လို......မမဇန်လား"
"ဟုတ်တယ်....... ငါစုံစမ်းခိုင်းထားတဲ့ဟာ ဘယ်လိုလဲ"
"ကျွန်မလဲသူတို့နှစ်ယောက် ဘယ်လိုပတ်သက်လဲ သေချာမသိသေးဘူး...... ဒါပေမယ့် သခင်လေးက သူမကို သူကလွှဲလို့ ဘယ်သူမှ ဘာအလုပ်မှ မခိုင်းရဘူးတဲ့ ပြီးတော့ သူမက ဒီကို ပညာသင်ဖို့လာတာတဲ့ အလုပ်ခိုင်းဖို့ မဟုတ်ဘူးလို့လဲ ပြောပါတယ်"
"နောက်ဆို သူတို့နှစ်ယောက်ကို သေချာစောင့်ကြည့်ထားကြားလား"
"ဟုတ်......ဒါပေမယ့်......"
"ဒါပေမယ့် ဘာဖြစ်လို့လဲ"
"ဘာလို့လဲဆိုတော့ သူတို့က အပေါ်ထပ်မှာဘဲ နေကြတာ အောက်ကို သိပ်မဆင်းဘူး"
"အဲ့ဒါဆို အပေါ်ထပ်မှာ အလုပ်လုပ်သလိုနဲ့ သွားကြည့်ပေါ့"
"ကျွန်မလဲ တက်ကြည့်ချင်ပါတယ် ဒါပေမယ့် အပေါ်ဆုံးထပ်ကို ဟိုကောင်မလေးနဲ့ သူ့အမေကလွှဲလို့ ဘယ်သူမှ တက်မကြည့်ရဘူးလို့ မှာထားလို့ပါ"
"ဘာ......"
"ဟုတ်တယ် ပြီးတော့ ဒုတိယထပ်တောင် သန့်ရှင်းရေး လုပ်မှ တက်တဲ့ အကြောင်းမရှိဘဲမတက်ရဘူးတဲ့"
"အဟွန်း.......မဏ္ဏိုင်က ဘာတွေများဖုံးကွယ်ထားတာပါလိမ့်......."
"အဲ့ဒါတော့ ကျွန်မလဲ မသိဘူး"
"ထားလိုက်ပါ......မိဖူး.....ငါပြောတာ သေချာနားထောင်ကြားလား"
"ဟုတ်....."
"မင်း......သူတို့နှစ်ယောက် ဘယ်လိုပတ်သက်လဲဆိုတာကို သိအောင်လုပ်ကြားလား"
"ဟုတ်......"
"အေး......ဒါဘဲ ငါဖုန်းချပြီ"
"ဟုတ်....မမဇန်....."
ဒီလိုနဲ့ ဇန်လဲ ဖုန်းချသွားသည်။ ငုဝါဖူးလဲ ဖုန်းချလိုက်ပြီး မီးဖိုခန်းထဲ ဝင်လာခဲ့သည်။ မီးဖိုခန်းထဲဝင်လာချိန် ဝတ်ရည်သန့် နှင့် အရိပ် စကားပြောနေသည်ကို တွေ့လိုက်သည်။
"ဝတ်ရည်သန့် ဘာလုပ်နေတာလဲ"
"ဒီမှာလေ အရိပ်လေးက ငါ့နာမည်မေးလို့ ပြောပြနေတာ"
"အော်.......ဒါနဲ့ မမရဲ့နာမည်ကကော"
"ငါ့နာမည်လား"
"ဟုတ်......."
" ငုဝါဖူး"
"အော်......နောက်ဆို မမဖူးလို့ ခေါ်မယ်နော်"
"ခေါ်ချင်သလိုခေါ်......"
"ဟုတ်...... "
သူတို့ စကားပြောနေချိန် ခြံရှေ့မှ ကားဝင်လာသံကြားလိုက်သည်။
"ဉီးခမ်း ပြန်လာပြီဘဲ....."
သူမ ပါးစပ်ကနေ ရွတ်လိုက်ပြီး အိမ်ရှေ့သို့ ထွက်လာခဲ့သည်။
မဏ္ဏိုင် သူမလေးအား စိုက်ကြည့်နေသည်။
မနက်က အတိုင်း ပါးပေါ်သို့ သနပ်ခါးလေးက ရှိနေစဲ။
"ချာတိတ် တက်"
"ရှင်......"
"လာ.....ကားပေါ်တက်လို့....ကိုယ့်အမေက ဒီနေ့အိမ်လာဖို့ ခေါ်ထားလို့ အဲ့ဒါ ချာတိတ်ကိုပါ ခေါ်ခဲ့တဲ့ အဲ့ဒါကြောင့်မို့"
"အော်.......ဟုတ်......"
ဲ
"ဉီးဘသက် နေရစ်ခဲ့ လိုက်တော့လေ ကျွန်တော်ဘဲ မောင်းသွားတော့မယ်"
"ဟုတ် သခင်လေး"
မဏ္ဏိုင် ကားရှေ့ခန်း တံခါးအား ဖွင့်လိုက်ပြီး အရိပ်အား ဝင်ခိုင်းနေသည်။
"တက်လေ ချာတိတ်ရဲ့"
ဒီလိုနဲ့ သူမလဲ ကားပေါ်သို့ တက်သွားသည်။ မဏ္ဏိုင် ကားမောင်းသူ နေရာမှာ ဝင်ထိုင်လိုက်ပြီး ကားစတင်မောင်းထွက်သွားသည်။
"ချာတိတ်....."
"ရှင်....."
"ချာတိတ်ကို ကိုယ်တစ်ခုလောက်မေးမယ်နော်"
"ဟုတ်....မေးပါ"
"ချာတိတ် မိဘတွေက ဘယ်ရောက်သွားတာလဲ"
"အရိပ်မိဘတွေက ဆုံးသွားတာ ကြာပါပြီ အရိပ်အမေကတော့ အရိပ်မူလတန်းလောက်ကစ ဆုံးသွားတာပါ အမေဆုံးသွားတော့ အဖေက နောက်မိန်းမယူလိုက်တာလေ "
"နောက်မိန်းမက ချာတိတ်အပေါ် ကောင်းလား"
"အဲ့ဒါက ဘယ်လိုပြောရမလဲ"
"ပွင့်ပွင့်လင်းလင်းပြောပါ ကိုယ်ကဘယ်သူ့ကိုမှ ပြန်သွားမပြောပါဘူး"
"ဟုတ်.......တစ်ကယ်တော့ အဖေယူလိုက်တဲ့ မိန်းမက အကျင့်မကောင်းဘူးလို့ ပြောရမှာဘဲ ဘာလို့လဲဆိုတော့ အဖေက အရိပ်၈တန်းလောက်မှာ မြို့မှာ အလုပ်သွားလုပ်ပြီး အပြန် ဆုံးသွားတာလေ အဲ့အချိန်ကစပြီး အရိပ်ပေါ် အန်တီခင်လေးက အကျင့်မကောင်းတော့တာဘဲ အရိပ်ကို အလုပ်လုပ်ခိုင်းပြီး ပိုက်ဆံရှာခိုင်းတယ် မနက်မိုးလင်းတာနဲ့ အရိပ် တစ်နေကုန် အလုပ်ရှိတဲ့နေရာသွားရှာပြီး အလုပ်လုပ်ရတယ် အလုပ်ကပြန်လို့ ပိုက်ဆံမပါလာရင် အန်တီခင်လေးက အရိပ်ကို ညစာမကျွေးဘူး ပိုက်ဆံပါမှ သူစားပြီးတာ အကျန်ကျွေးတာ"
သူမပြောရင်း မျက်ရည်များ ဝဲနေသည်။ မဏ္ဏိုင် သူမအား သနားမိသည်။
"တစ်ခါတစ်လေ ဆို အရိပ် အမေ့နောက်သာ လိုက်သွားလိုက်ချင်တယ် ဘာလို့လဲဆို အရိပ်တစ်ခုတစ်လေ အရမ်းအထီးကျန်တယ်လို့ တွေးမိတယ် အဖေလဲမရှိ အမေလဲမရှိ အမျိုးလဲမရှိ ကြီးသန်းတောင်မှ အရိပ်ဉီးလေးရဲ့မိန်းမ ဖြစ်နေလို့ မဟုတ်ရင် အရိပ်မှာ ဆွေမရှိမျိုးမရှိ တစ်ကောင်ကြွက်ဘဝဖြစ်နေမှာ"
"အဲ့လိုတွေ မတွေးရဘူးလေ ချာတိတ်ရဲ့ အခုဆို ကိုယ်ကော ကြီးသန်းကော ပြီးတော့ ကိုယ့်အမေကော ရှိတယ် ကြားလား ဘာမှအားမငယ်နဲ့ ကိုယ်ကချာတိတ်ကို အသက်နဲ့ရင်းပြီး တော့ကို ကာကွယ်ပေးမှာသိလား"
မဏ္ဏိုင် ပြောရင်း သူမခေါင်းလေးကို ဖွဖွလေး ပွတ်ပေးလိုက်သည်။
"ဉီးခမ်း...... အရိပ်လေး ဉီးခမ်းကို ကျေးဇူးအများကြီးတင်တယ် ဉီးခမ်း ကအရိပ်အပေါ် ကျေးဇူးတွေ အများကြီးရှိတယ်သိလား ဉီးခမ်းကို အရိပ်ဘယ်လိုကျေးဇူးပြန်ဆပ်ရမလဲတောင်မသိတော့ဘူ"
"ဘယ်လိုမှ ကျေးဇူးပြန်ဆပ်စရာမလိုဘူး ကိုယ်တစ်နေ့ကြရင် ချာတိတ်ဆီက တောင်းစရာရှိတယ် အဲ့အချိန်ကြရင် ကိုယ်တောင်းမဲ့ဟာကို ချာတိတ် ပေးနိုင်ပါ့မလား မသိဘူး"
"ဉီးခမ်း ကဘာတောင်းမှာလဲ အရိပ်ပေးနိုင်ရင် ပေးမှာပေါ့ "
"ဘာတောင်းမလဲဆိုတာကတော့ secret ပေါ့ ချာတိတ်ပေးနိုင်မလားဆိုရင်တော့ ချာတိတ်ခံစားချက်ပေါ်မူတည်တာပေါ့ "
သူမ မဏ္ဏိုင်ရဲ့စကားကြောင့် စဉ်းစားနေသည်။
"ခံစားချက်ပေါ် မူတည်တယ်ဆိုတော့ ဘာများလဲ"
သူမစိတ်ထဲကနေ ပြောလိုက်သည်။ ဒီလိုနဲ့ မဏ္ဏိုင်ရဲ့ အမေ ဒေါ်သက်ထားခင် အိမ်သို့ ရောက်လာခဲ့သည်။ ခြံကြီးက မဏ္ဏိုင် ရဲ့အိမ်လိုပင် အကျယ်ကြီးဖြစ်သည်။ သူမတို့ကားလေး အိမ်ထဲဝင်လာကြသည်။ အိမ်ထဲဝင်လာတဲ့ တစ်လျှောက် အိမ်အကူများရေတွက်လို့မရအောင် ရှိနေသည်။ ဒီလိုနဲ့ ကားလေး အိမ်ကြီးရှေ့ ရပ်လိုက်သည်။
"သားတို့ လာကြပြီလား"
"ဟုတ်အမေ ဒီမှာ အရိပ်လေးကောပါတယ်"
လာလာ.....သမီးဆင်း...."
"ဟုတ်......."
သူမ ကြောက်ကြောက်ဖြင့် သာအိမ်ထဲသို့ ဝင်သွားသည်။
"လာ သမီးထိုင်....."
"ဟုတ်......"
"မိဝေရေ လာအုံးဟေ့"
"ဟုတ်ကဲ့ ကြီးကြီးခင် လာပါပြီ"
"ဒီမှာ သမီးလေးနဲ့ သားသောက်ဖို့ အအေးလေး ဖျော်လာခဲ့"
"ဟုတ်....."
"သမီးလေး ကြီးကြီးကို မှတ်ထားနော် ကြီးကြီးက ဒီက မဏ္ဏိုင်ဉီးခမ်း ရဲ့အမေ ဒေါ်သက်ထားခင်တဲ့ နောက်ဆို မေေမခင်လို့ ခေါ်ကြားလား သမီး"
"ဟုတ်....ဟုတ်ကဲ့"
"အေးအေး....."
ခဏကြာတော့ မိဝေဆိုသည့်ကောင်မလေး အအေးခွက်များူယလာကာ စားပွဲပေါ်တွင်ချပေးလိုက်သည်။
"မိဝေ နောက်ထပ် သမီးလေး စားဖို့ ဘာလေးညာလေး စီစဉ်ခဲ့စမ်း"
"ဟုတ်....."
"ဟိုဟာ.....အန်တီ.....ေအာ်.....မှားသွားလို့ မေမေခင် အရိပ်စားဖို့ ဘာမှ မလုပ်ပါနဲ့တော့ အရိပ်ဗိုက်ပြည့်နေလို့ပါ"
"အော်......အေးပါ......ဒါဆိုလဲ မိဝေဘာမှ မပြင်နဲ့တော့"
"ဟုတ်......"
ဒေါ်သက်ထားခင် အိမ််အကူကောင်မလေး မိဝေဘက် လှည့်ပြောလိုက်ပြီး အရိပ်လေးဘက် လှည့်လာသည်။
"သမီးလေးက တော်တော်ချစ်စရာကောင်းတာဘဲ ဒါနဲ့သမီးက ဘယ်နှစ်တန်းတက်မှာ"
"အရိပ်က ၁၀တန်းတက်မှာပါ အန်....မေမေခင်"
"အော်......သားနဲ့ဆို တော်တော် အသက်ကွာတာပေါ့ ဒါနဲ့ အန်တီကိုမှတ်မိတယ်မလား"
"ဟုတ်.....မှတ်မိပါတယ်ရှင့်"
"အဟွန်း......စကားပြောတာလေးကလဲ ယဉ်ကျေးလိုက်တာ ရုပ်ကလေးကလဲ ချစ်စရာလေး သမီးကို ဘယ်ချိန်ထိစောင့်ရမှာပါလိမ့်"
"ရှင် ......"
ဒေါ်သက်ထားခင် စကားကြောင့် သူမလေး နားမလည်ဖြစ်သွားသည်။
"အမေကလဲ ကလေးကို ဘာတွေပြောနေတာလဲ"
"အော်......အေး......ဟုတ်သားဘဲ သမီးဘာမှ စိတ်ထဲမထားနဲ့နော်"
"အော်......ဟုတ်......"
"အမေ ကျွန်တော်တို့ ပြန်တော့မယ်နော်"
"ဟင်......အခုလေးတင်လာတာ အခုလေးတင်ပြန်တော့မယ် ဟုတ်လား"
"ဟုတ်တယ် အမေရဲ့ ကျွန်တော် လုပ်စရာလေးတွေရှိသေးလို့ပါ"
"အေးပါကွယ် ဒါနဲ့ သမီးလေးကို ဘယ်ကျောင်းမှာ အပ်ပေးထားတာလဲ ပြီးတော့ ကျူရှင်တွေ ဂိုက်တွေကကော"
"ကျောင်းကတော့ ကျွန်တော့ သူငယ်ချင်း ထက်မြတ်ထွန်း ဆီမှာ အပ်ထားတယ် ဂိုက်ကတော့ ကျွန်တော်ကိုယ်တိုင် ပြပေးမှာပါ"
"အဟွန်း......ကောင်းပါတယ် ဘာလိုလိုနဲ့ သားတောင် ဂိုက်ဆရာဖြစ်တော့မယ်"
မဏ္ဏိုင်တစ်ချက်ပြုံးလိုက်ပြီး သူ့အမေအားနှုတ်ဆက်လိုက်သည်။
"ဒါဆို သွားတော့မယ်နော် အမေ"
"အေးအေး......ဖြည်းဖြည်းသွားနော် တာ့တာနော်သမီး......နောက်တစ်ခါလဲလာခဲ့နော်"
"ဟုတ်...... ဒါဆိုအရိပ်ပြန်ပြီနော်"
"အေးကွယ်......"
ဒီလိုနဲ့ ကားလေး ဒေါ်သက်ထားခင် အိမ်ထဲမှ ထွက်သွားတော့သည်။ ဒေါ်သက်ထားခင် ကတော့ သူတို့နှစ်ယောက်ကို ကြည့်ကာ ပြုံးလျက်သား ကျန်ခဲ့လေသည်။
စာဖတ်သူလေးများအားလုံး ဂရုစိုက်ကြနော်။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါရှင့်။ 🙏🏻🙏🏻