"ရှင်ကြီးချစ်တဲ့ကျွန်မ"
မနက်ခင်း နေရောင်ခြည်က မှန်တံခါးကနေ အရိပ် မျက်နှာသို့ လာထိုးနေသည်။ သူမ အိပ်ယာပေါ်မှ ထလိုက်ပြီး တစ်ခန်းလုံးကို လှည့်ပတ်ကြည့်နေသည်။
"အခုမှဘဲ သေချာကြည့်မိတော့တယ် ဒီအခန်းက ငါတို့ အိမ်တစ်အိမ်စာလောက်ရှိတာဘဲ အဟီး.....ငါတော်တော် ကံကောင်းတာဘဲ ဉီးခမ်းကျေးဇူးကိုလဲ ဘယ်တော့မှမမေ့ပါဘူး ညတိုင်းလဲ ဉီးခမ်းကို ကန်တော့တယ်နော် သိလားဉီးခမ်း"
သူမ ပါးစပ်ကနေ ပြောနေရင်း ရေချိုးခန်းထဲသို့ ဝင်သွားသည်။
သူမ မျက်နှာသစ် သွားတိုက်ပြီး ပြန်ထွက်လာသည်။ ထို့ေနာက် နက်ြပာရောင် ဂါဝန်လေးကို ယူပြီး ဝတ်လိုက်သည်။ ကျောလယ်လောက်ရှိတဲ့ ဆံပင်များအား နှစ်ဖက်ခွဲကာ ဆံကျစ်ကျစ်ထားလိုက်သည်။ သူမ သနပ်ခါးသာ လိမ်းတက်သည်ကို သိနေသော ဉီးခမ်းက မနေ့ကတည်းက သူမအခန်းသို့ သနပ်ခါးသွေးဖို့် ကျောက်ပြင်နှင့် သနပ်ခါးတုံး လာထားပေးသွားသည်။ သူမ သနပ်ခါးသွေးလိမ်းကာ အခန်းပြင်သို့ ထွက်လာခဲ့သည်။
"ဟင်....ဉီးခမ်း...."
မနက်စောစောစီးစီး သူမအခန်းရှေ့က လှေကား လက်ရမ်းတန်းနားမှာ ကျောမှီကာ ရပ်နေတဲ့ ဉီးခမ်းအား အံဩစွာကြည့်လိုက်သည်။
"နိုးပြီလား ချာတိတ်"
"ဟုတ်......ဒါနဲ့ ဉီးခမ်းက မနက်အစောရီး အရိပ်အခန်းရှေ့မှာ ဘာလာလုပ်တာလဲဟင်....."
"ဘာမှမလုပ်ပါဘူး ဒီတိုင်းဘဲ....... ချာတိတ် မထွက်လာသေးလို့စောင့်နေတာ အခုတော့ ချာတိတ် ထွက်လာပြီဆိုတော့ မနက်စာသွားစားရအောင်လေ"
"ဟုတ်ကဲ့...."
အဲ့ဒါနဲ့သူတို့နှစ်ယောက် အတူတူ အောက်ဆင်းလာခဲ့သည်။ မဏ္ဏိုင် ရိုးရိုးလေးနဲ့ လှနေသော သူမလေးအား တစ်ချက်တစ်ချက်ကြည့်နေသည်။ အရိပ်လဲ မဏ္ဏိုင်အား မသိအောင်ခိုးခိုးကြည့်နေသည်။ shirt အဖြူနှင့် အနက်ရောင် ဘောင်းဘီရှည်ကို လိုက်ဖက်စွာဝတ်ဆင်ထားသည်။ အင်္ကျီ လက်ကိုလဲ ပင့်တင်ထားပြီး ရှေ့ကြယ်သီးနှစ်လုံးအား ဖြုတ်ထားသေးသည်။
"ဒီဉီးလေးကြီး အတော်ချောတာဘဲ ဒါတောင်အခုချိန်ထိ မိန်းမမရသေးဘူး"
သူမ စိတ်ထဲမှပြောလိုက်ပြီး ပြုံးနေသည်။ သူမပြုံးနေတာ သိတဲ့ မဏ္ဏိုင်က သူမအား ကြည့်လိုက်ကာ
"ဘာတွေသဘောကျနေတာလဲ ချာတိတ်"
"ရှင်.......အော်......ဘာမှ သဘောမကျပါဘူး"
"ဟုက်ပါပြီ......"
ဒီလိုနဲ့ ကြီးသန်း ပြင်ထားတဲ့ မနက်စာကို.စားလိုက်ကြပြီး ဧည့်ခန်းဘက်သို့ ထွက်လာခဲ့သည်။
"သခင်လေး..... အိမ်အကူသုံးေရာက် ရောက်ပါပြီ"
"ဝင်ခိုင်းလိုက်ပါ "
ဒီလိုနဲ့ အသက်၂၅နှစ်အရွယ်လောက် ရှိတဲ့မိန်းကလေး နှစ်ဉီးနှင့် အသက် ၅၅လောက်ရှိတဲ့ ယောကျာ်း လေးတစ်ဉီး သူတို့ထိုင်နေရာ ဧည့်ခန်းထဲသို့ ဝင်လာခဲ့သည်။
"ရောက်ပါပြီ သခင်လေး"
"ထိုင်လေ...... အားလုံး အရှုပ်အရှင်း ကင်းကြတယ်မလား"
"အားလုံး ကင်းပါတယ် ဒီဘက်က ဉီးကြည်ထွန်းပါ ဒီဘက်က ဝတ်ရည်သန့်ပါ ဒီဘက်ကတော့ ငုဝါဖူးပါ"
"အင်း....... ဉီးလေးကတော့ ခြံသန့်ရှင်းရေးနဲ့ အိမ်လုံခြုံရေးကို ဉီးဘသက်နဲ့ အတူတူလုပ်ပေါ့ ဒီဘက်က နှစ်ယောက်ကတော့ ထမင်းဟင်းချက် အိမ်သန့်ရှင်းရေးကို အတူတူလုပ်ပေါ့ "
"ဟုတ်....."
"အော်.......ဒါနဲ. ဒီကသုံးယောက်ကို ပြောထားမယ်နော် ဒုတိယအထပ်ကို သန့်ရှင်းရေးလုပ်တာကလွှဲလို့ ကျန်တဲ့အချိန် ဘယ်အချိန်မှ မလာရဘူး......တတိယအထပ်ကတော့ သန့်ရှင်းရေးလဲ လုပ်စရာ မလိုဘူး ပြီးတော့ တတိယအထပ်ကို မြရိပ်အလင်္ကာ နဲ့ ကျွန်တော့အမေနဲ့ဘဲ တက်ခွင့်ရှိတာမို့ တတိယအထပ်ကို အားလုံး ခြေဉီးလှည့်ဖို့မစဉ်းစားပါနဲ့ ကျွန်တော် ပြောချင်တာ ဒါပါဘဲ ကျန်တဲ့ အိမ်စည်းကမ်းတွေကိုတော့ ကြီးသန်းက ဆက်ပြောပြလိမ့်မယ် "
"ဒါဆို ကျွန်တော့ကို ခွင့်ပြုပါအုံး"
မဏ္ဏိုင်သွားဖို့ ပြင်လိုက်စဉ် သူတစ်ခုပြောဖို့ ကျန်နေသေးသည်ကို သတိရကာ ပြန်လှည့်လာသည်။
"ကျွန်တော် တစ်ခု ပြောဖို့ ကျန်နေသေးလို့....... ဒါကအရေးကြီးတယ်နော် အားလုံး သေချာမှတ်ထား....... ဘာလဲဆိုတော့ ဒီက အရိပ်ကို ကျွန်တော်ကလွှဲလို့ ကျန်တဲ့သူ ဘယ်သူမှ အလုပ် မခိုင်းရဘူး သူမက အရမ်းလုပ်ချင်နေတယ် ဆိုရင်တောင် အရင်ဆုံး ကျွန်တော့ ကိုဆက်သွယ်ပေးပါ....... သူမ ဒီအိမ်ကိုရောက်လာတာက ပညာသင်ဖို့ပါ အလုပ်လုပ်ဖို့ မဟုတ်ပါဘူး ဒီလောက်ဆို နားလည်ပြီ ထင်ပါတယ်......."
"ဟုတ်......."
"ဒါဆို ကျွန်တော်သွားပြီ....... သွားမယ်လေ ချာတိတ်"
"ရှင်......ဟုတ်....... "
သူမကို လက်လှမ်းပြကာ ခေါ်နေတဲ့ မဏ္ဏိုင်နောက် သူမလိုက်သွား လိုက်သည်။
" ဒီတောသူမက မမဇန်ပြောသလိုဘဲ သခင်လေးကို အထာတွေပေးနေတာဘဲ အဟွန်း...... အားနာပါတယ် တောသူမရယ် ဒီနေရာက မင့်နေရမဲ့ နေရာမဟုတ်ဘူး မမဇန်နေရမယ့်နေရာ မင်းတော့ကံဆိုးပြီထင်ပါတယ်ရဲ့ အဟွန်း....."
ဇန်လွှတ်လိုက်သည့် ငုဝါဖူး ဆိုသည့် အိမ်အကူကောင်မလေးက အရိပ်အား မဲ့ပြုံး တစ်ချက်ပြုံးကာ ကြည်နေလေသည်။
"ချာတိတ် ကိုယ် ကမ္ပဏီ သွားတော့မှာ အဲ့ဒါ အဝတ်အစား ပြင်ပေးအုံးလေ"
"အော်......ဟုတ်...... ဉီးခမ်း.....ဒီနေ့ ဘယ်ဟာဝတ်မှာလဲ....."
"အရမ်းလှတယ်"
မဏ္ဏိုင် သူမလေးအား ကြည့်ကာ ပြောလိုက်သည်။
"ရှင်....... "
းေတာတစ်ခြား ဖြေတာတစ်ခြား ပြောလာတဲ့ မဏ္ဏိုင်ကြောင့် အရိပ် ရှက်သွားကာ မျက်နှာလေးအား အောက်သို့ ငုံ့ထားသည်။
"အော်......ကိုယ်ပြောတာ ချာတိတ် ဝတ်ထားတဲ့ ဂါဝန်အပြာလေး အရမ်းလှတယ်လို့"
"အော်......ဒီအင်္ကျီ ကဉီးခမ်းဝယ်ပေးထားလို့ လှတာနေမှာ"
သူမအဝတ်ဗီရို ထဲမှ အနောက်တိုင်းဝတ်စုံ နက်ပြာလေး ထုတ်နေရင်း ပြောနေသည်။
သူမ အင်္ကျီ လေးထုတ်ပြီးတော့ မဏ္ဏိုင်ဘက် လှည့်လိုက်ချိန် သူမရဲ့ ကျောနောက် ကပ်လျက်နားမှ ရပ်နေတဲ့ မဏ္ဏိုင်အား မမြင်ဘဲ တိုက်မိသွားသည်။
"အမလေး......"
"ချာတိတ်က တော်တော် နမော်နမဲ့နိုင်တာဘဲ"
"ရှင်......"
"စတာပါ....... ပေးဒီ အင်္ကျီ ဝတ်ရမှာလား"
"ဉီးခမ်း မကြိုက်လို့လား"
"မဟုတ်ပါဘူး ဒီအင်္ကျီ ဝတ်လိုက်တော့ ကိုယ်နဲ့ couple ဖြစ်သွားတာပေါ့"
ထိုအချိန်မှ သူမစဉ်းစားမိလိုက်သည်။ သူမဝတ်ထားတာလဲ နက်ပြာဂါဝန်လေးဖြစ်နေသည်။ ပြီးတော့ မဏ္ဏိုင်အား ထုတ်ပေးလိုက်သည့် အင်္ကျီကလဲ နက်ပြာလေးဖြစ်နေသည်။
"ဟိုဟာ....... အရိပ်က ဘာသဘောနဲ့မှ မဟုတ်ပါဘူး..... ဒီအင်္ကျီ လေးက ဉီးခမ်းနဲ့ ပိုလိုက်မယ်ထင်လို့ပါ"
"အဟွန်း....... ဘာမှ မဖြစ်ပါဘူး...... ကိုယ်ကစတာပါ ဒါဆို ကိုယ် အင်္ကျီ သွားလဲလိုက်အုံးမယ်"
"ဒါဆို အရိပ်အခန်းထဲသွားပြီနော်"
"အင်းပါ....... ကိုယ်ကမ္ပဏီ မသွားခင် ချာတိတ်ကို မြင်ချင်သေးတယ်နော် အဲ့ဒါကြောင့်မို့ ကိုယ်မသွားခင် ေအာက်မှာ စောင့်နေကြားလား"
"ဟုတ်.......ဒါဆို အရိပ်သွားပြီနော်......"
"အင်း......"
"ဟိုဟာ အရိပ် ဉီးခမ်းကို ကျေးဇူးအများကြီး တင်တယ်နော်"
"မလိုပါဘူးချာတိတ်ရဲ့......သွားသွား......"
"ဟုတ်......"
ဒီလိုနဲ့ သူမလေး မဏ္ဏိုင်အခန်းထဲမှ ထွက်သွားသည်။
"ဒီချာတိတ်နဲ့တော့ လုပ်နေတဲ့ အမူအရာလေးတွေကိုက အသည်းယားအောင်မို့ စိတ်မထိန်း နိုင်ရင်တော့ ဖက်နမ်းပစ်လိုက်မှာ......အဟွန်း....."
မဏ္ဏိုင် တစ်ယောက်ထဲ သဘောကျစွာပြောရင်း ရီနေသည်။
""""""""""""""""""""""""""""""""""""""""""
"စံပယ်.......ဟဲ့မိစံပယ်"
"ဘာတုန်း အန်တီခင်လေးရဲ့"
"ညည်းတို့ အခုချိန်ထိ ကျုပ်သမီးကို မတွေ့ကြသေးဘူးလား"
"မတွေ့သေးဘူး"
"ကျစ်......စိတ်ညစ်တာဘဲ ဒီကောင်မလေး ဘယ်တွေများသွားလိုက်တာပါလိမ့် ညည်းကိုရော ဘာမှ မပြောသွားဘူးလား"
"ဘာမှမပြောသွားဘူး"
ဒေါ်ခင်လေး စိတ်ညစ်ကာ အိမ်သို့ပြန်လာခဲ့သည်။
"မိအရိပ် မိအရိပ် လူကြီးက ကောင်းလို့ စီစဉ်ပေးတာကို ညည်းက ထွက်ပြေးရပေရဲ့ အခုတော့ ဘယ်လို လုပ်ရမလဲ မသိတော့ဘူ စကားဉီးက သန်းပြီးသွားပြီ ညည်းကတော့ တွေ့လို့တော့အသေဘဲ မိအရိပ်ရေ "
ဒေါ်ခင်လေး အရိပ်အား ကြိမ်ဆဲကာ ပြန်လာခဲ့သည်။ ဒေါ်ခင်လေး အိမ်ပြန်ရောက်ရောက်ချင်း အရိပ်လေးနှင့်ပေးစားမည့်ဘက်က မိဘများ အိမ်သို့ရောက်နေကြသည်။ ဒေါ်ခင်လေးအားတွေ့သည်နှင့်
"ဘယ်လိုလဲ ဒေါ်ခင်လေး ခင်ဗျား ရဲ့ သမီးဘယ်မှာလဲ "
"ဟိုဟာ.......အဲ့ဒါက သမီး သူ့အ...."
"သူ့အမျိုးတွေရှိတဲ့ရွာ သွားတာ ၂ရက်တောင်ရှိနေပြီနော် ပြောစမ်း ဒေါ်ခင်လေး ခင်ဗျား သမီးဘယ်မှာလဲ"
"ဟိုဟာ......"
"ဘာမှဟိုမနေနဲ့ ဒေါ်ခင်လေး ခင်ဗျား ကတိမတည်တဲ့လူဘဲ ကျုပ်တို့ ဘက်ကလဲ ကတိမတည်တဲ့လူနဲ့ဆို ကျုပ်သားနဲ့ လက်မထပ်ပေးနိုင်ဘူး သွားပြီ ဒေါ်ခင်လေး"
"ဟိုဟာ......နေပါအုံး......ဟာ......မိအရိပ် ဒင်းကတော့ ကျုပ်ကို အရှက်ပါခွဲသွားတယ်ပေါ့ တွေ့လို့ကတော့ အသေဘဲ မိအရိပ်ရေ"
"""""""""""""""""""""""""""""""""""""""""""""
"ချာတိတ် ကိုယ် သွားတော့မယ်နော် အိမ်မှာကောင်းကောင်းနေခဲ့"
"ဟုတ်......ဉီးခမ်း ဖြည်းဖြည်းသွားနော် "
"အင်းပါ......"
မဏ္ဏိုင် သူမခေါင်းလေးအား ဖွဖွလေးပွတ်လိုက်ပြီး ကားထဲဝင်သွားသည်။
"သွားပြီ တာ့တာနော်"
မဏ္ဏိုင် သူမလေးအား မျက်တောင်မခက်တမ်းကြည့်နေပြီး တာ့တာပြနေသည်။ အရိပ်လဲ မဏ္ဏိုင် အား လက်ပြလိုက်သည်။
"ဟူး....... ချာတိတ်ကို ကမ္ပဏီ မှာခေါ်ထားလို့ ရရင်ခေါ်တာထားလိုရ်ချင်တယ် ချာတိတ်ရယ် ကိုယ်တော့ လွမ်းနေရတော့မှာဘဲ"
မဏ္ဏိုင် သူမလေးနှင့် တစ်စက္ကန့် လေးမျှ မခွဲနိုင်ဖြစ်နေသည်။
"""""""""""""""""""""""""""""""""""""""""""""
"ကြီးသန်း အရိပ် ဘာကူပေးရအုံးမလဲ"
သူမလေး ကြီးသန်း ထမင်းချက်နေသည့်နေရာသို့ လာကာမေးလိုက်သည်။
"မလိုပါဘူး အရိပ်ရယ် သွားသွား ကိုယ့်ဟာကိုယ် နေ"
"ဟုတ်......"
အဲ့ဒါနဲ့ သူမလဲ ခြံထဲဆင်းကာ လမ်းလျှောက်နေသည်။ တစ်ကယ်တော့ ဉီးခမ်းရှိနေမှာသာ သူမပျော်ရသည်။ အခုတော့ ဉီးခမ်း မရှိတော့ သူမပျင်းနေသည်။ ဒီလိုနဲ့ ခြံထဲတွင် ဉီးခမ်း ပြန်လာမည့် အချိန်ကိုသာ စောင့်နေလေသည်။
🙏🏻🙏🏻
စာဖတ်သူလေးများဂရုစိုက်ကြပါ။🙏🙏🙏