"ရှင်ကြီးချစ်တဲ့ကျွန်မ"
မဏ္ဏိုင် ဟိုတယ်သွားဖို့ အဝတ်အစားလဲလိုက်ပြီး မနက်စာစားဖို့အောက်ဆင်းလာသည်။
သူအောက်ဆင်းလာချိန် အရိပ်ကိုမတွေ့သဖြင့် ကြီးသန်းအားမေးလိုက်သည်။
"ကြီးသန်း အရိပ်ကော"
"မဆင်းလာသေးဘူးကွယ်"
"ကျွန်တော်သွားခေါ်လိုက်အုံးမယ်"
"အေးပါကွယ်"
မဏ္ဏိုင် သူမအား ခေါ်ဖို့အပေါ်ထပ်သို့တက်လာခဲ့သည်။
ဒေါက်....ဒေါက်.....
တံခါးခေါက်သံကြားသည်နှင့် သူမချက်ချင်းသွားဖွင့်လိုက်သည်။
"ဉီးခမ်း....."
"မနက်စာစားဖို့လာခေါ်တာ ချာတိတ်ရဲ့"
"ရှင်.....ဟုတ် အရိပ်အခုချက်ချင်းဆင်းလာခဲ့ပါ့မယ်"
"ကိုယ်နဲ့တစ်ခါတည်းလိုက်ခဲ့လေ"
"ရပါတယ် ဉီးခမ်း အရင်သွားနှင့်လိုက်ပါ အရိပ်အနောက်ကနေ လိုက်လာပါ့မယ်"
"မရပါဘူး ကိုယ်နဲ့တစ်ခါတည်းလိုက်ခဲ့"
"လုပ်စရာရှိသေးလို့ပါ"
"မနက်စာစားဖို့ထက် အရေးကြီးတာ ရှိသေးတယ်ပေါ့......လာပါ ကိုယ်နဲ့တစ်ခါတည်းလိုက်ခဲ့ပါ"
သူမလေး မလိုက်ဘဲ ငုတ်တုတ်လေးသာရပ်နေသည်။
"ရတယ်လေ"
ဆိုကာ မဏ္ဏိုင်သူမကိုယ်လေးအား ပွေ့ချီလိုက်သည်။
"ဉီးခမ်း ဘာလုပ်တာလဲ ပြန်ချပေးပါနော်"
"မချပေးပါဘူး ကိုယ်ပြောသားဘဲ ကိုယ်နဲ့တစ်ခါတည်းလိုက်ခဲ့ပါဆို လိုက်မှမလိုက်တာ"
"အခု လိုက်ခဲ့ပါမယ် ချပေးပါနော် အမြင်မသင့်လို့ပါ"
"ဘယ်သူမြင်လို့လဲ"
"ကြီးကြီးသန်း မဟုတ်လဲ ဒီအိမ်က လူတစ်ယောက်ယောက်မြင်ရင်မကောင်းပါဘူး အရိပ်ကို အမြန်ချပေးပါနော်"
"အဟွန်း သူများတွေမြင်သွားမှာကို ကြောက်နေတာဘဲ ဘာမှမကြောက်နဲ့ ဒီအပေါ်ဆုံးအထပ်ကို ဘယ်သူမှတက်လို့မရဘူး ကိုယ့်အမေရယ် ချာတိတ်ရယ်ဘဲ တက်ခွင့်ရှိတာ ကြားလား"
"ဟုတ်......အခုလောလောဆယ်တော့ အမြန်ချပေးပါနော် "
"ဟုတ်ပါပြီဗျာ "
ဆိုကာ မဏ္ဏိုင်သူမကိုယ်လေးကို ချပေးလိုက်သည်။
"သွားမယ် အဲ့ဒါဆိုရင်"
"ဟုတ်......"
အဟွန်း.....
မဏ္ဏိုင်တစ်ချက်ပြုံးလိုက်ပြီး သူမနှင့်အတူ မနက်စာစားဖို့ထွက်လာခဲ့သည်။ ဒီလိုနဲ့ မနက်စာစားပြီး မဏ္ဏိုင် သူမလေးအား ဧည့်ခန်းမှ ထိုင်စောင့်နေသည်။ ခဏကြာတော့ အရိပ် ဧည့်ခန်းထဲသို့လာခဲ့သည်။
"ချာတိတ် ကိုယ်အခု ဟိုတယ်သွားမှာ အဲ့ဒါချာတိတ်ကော လိုက်ခဲ့ရမယ်နော်"
"ရှင်......"
"ဘာလို့ရှင်..... ကြီးဘဲပြောနေတာလဲ ကိုယ်ပြောတာနားမလည်လို့လား"
"မဟုတ်ပါဘူး.....ဉီးခမ်းက ဟိုတယ်သွားမယ်ဆိုတော့...... "
"ကိုယ်နားလည်ပါပြီ ကိုယ်က ဟိုတယ်ကို အလုပ်ကိစ္စ ကြောင့်သွားမှာ အဲ့ဒီကနေအပြန် အရိပ်ကျောင်းတက်ဖို့ ကိုယ့်သူငယ်ချင်းရဲ့ကျောင်းမှာ အပ်ပေးမလို့ပါ "
"အော်..... ဟုတ်......အဲ့ဒါဆိုအရိပ် အင်္ကျီ သွားလဲလိုက်အုံးမယ်"
"ဘာကိုလဲအုံးမှာလဲ ဒီတိုင်းလဲြကည့်ကောင်းနေတာဘဲဟာ......ကဲ.....လာပါ.....ချာတိတ် ကဘယ်လိုဘဲနေနေ လှပြီးသား လာကိုယ့်မှာအချိန်သိပ်မရှိဘူး အခုသွားစို့"
"ဟုတ်......"
ဒီလိုနဲ့ သူတို့နှစ်ယောက် ဟိုတယ်ဘက်သို့လာခဲ့သည်။ မဏ္ဏိုင် သူမအားကားပေါ်ကဆင်းဖို့ ခိုင်းနေသည်။
"ဟိုဟာ..... ဉီးခမ်း ကိုယ့်ဘာသာကိုယ်သွားလိုက်ပါလား အရိပ်မလိုက်တော့ဘူး ဒီကနေဘဲစောင့်နေလိုက်မယ်"
"မရပါဘူး ကိုယ်မင်းတစ်ယောက်ထဲဘဲ ဒီမှာစောင့်နေမှာကိုမလိုလားဘူး လာပါလိုက်ခဲ့ပါ"
သူအတင်းခေါ်နေသဖြင့် သူမလဲလိုက်သွားလိုက်ရသည်။
မဏ္ဏိုင်ဟိုတယ်ထဲသို့ ဝင်သွားချိန် ဟိုတယ်မှ ဝန်းထမ်းများက တန်းစီကြိုဆိုနေကြသည်။ မဏ္ဏိုင် ကတော့ တစ်ဇိုက်မတ်မတ် ဝင်သွားပေမယ့် သူမကတော့ မဏ္ဏိုင် အနောက်မှ ကုတ်ကုတ်လေးလိုက်လာခဲ့သည်။
သူတို့လဲ ဓာတ်လေကားထဲ ဝင်သွားရော ဝန်းထမ်းများစီမှ
"ငါတို့ရဲ့ သူေဌးကြီးနောက်ဆုံးတော့ သူချစ်တဲ့ကောင်မလေး တွေ့ပြီနဲ့ တူတယ်"
"ဟုတ်လောက်တယ် ကောင်မလေးက အသက်အတော်ငယ်မဲ့ပုံဘဲ"
"ဟုတ်တယ်ဟ"
"ဟိတ် အားလုံးတိတ်ကြစမ်း ကိုယ့်အလုပ်ကိုယ်လုပ်တာမဟုတ်ဘူး"
ဝန်ထမ်းများ စကားပြောနေရာမှ မင်းစက်အော်သံ ကြောင့်လန့်သွားကာ ပြာပြာသလဲဖစ်သွားကြသည်။ ထို့နောက် မင်းစက် မဏ္ဏိုင်တို့နောက်အမှီလိုက်သွားသည်။
သူတို့အားလုံး အပေါ်ဆုံးထပ်ရှိရုံခန်းထဲသို့ တက်သွားကြသည်။
"ဘယ်လိုလဲ အဆင်ပြေလား မင်းစက်"
"ပြောပါတယ် သူဌေး "
"အေးပါ အဆင်ပြေရင်လဲပီးသာဘဲ ငါကတော့ဒီရက်ပိုင်း ဟိုတယ်ဘက်မလာနိုင်သေးဘူး အဲ့တော့ ဒီဘက်ကို မင်းတာဝန်ယူထားလိုက်အုံး"
"ဟုတ်........ "
"ဒါဆိုငါသွားတော့မယ် ဝန်ထမ်းတွေ အဆင်မပြေတာဘဲြဖစ်ဖြစ် ဘာဘဲဖြစ်ဖြစ် ငါ့ကို ချက်ချင်း ဆက်သွယ်လိုက်ပါ"
"ဟုတ်ကဲ့ပါ သူဌေး"
အင်း.....
ဒီလိုနဲ့ သူတို့အားလုံး အောက်သို့ပြန်ဆင်းလာသည်။ ပြန်ဆင်းလာတော့လဲ ဝန်ထမ်းများအားလုံး မဏ္ဏိုင်အား ခေါင်းငုံ့ကာ နှုတ်ဆက်နေကြပြန်သည်။
"ချာတိတ် အခု ကျောင်းသွားအပ်ရအောင်"
"၂၅ရက်တောင် ကျော်သွားပြီ အပ်လို့ရမှာလား"
"ကိုယ့်သူငယ်ချင်းရဲ့ကျောင်းက ever အပ်လို့ရတယ်"
"ဟုတ်......"
ဒီလိုနဲ့ သူတို့နှစ်ယောက် ပညာစံရိပ် ကိုယ်ပိုင်အထက်တန်းကျောင်းသို့ လာခဲ့ကြသည်။ ကျောင်းကြီးက ကြီးလဲြကီး သန့်လဲသန့်ရှင်းသည်။
သူတို့နှစ်ယောက် ကျောင်းဝန်ထဲသို့ ဝင်လာကြပြီး ကျောင်းရဲ့ပိုင်ရှင်ဖြစ်တဲ့ မဏ္ဏိုင်၏ မူလတန်းကတည်းက ပေါင်းလာခဲ့သည့် သူငယ်ချင်း ထက်မြတ်ထွန်းရှိရာ အဆောင်သို့လျှောက်လာခဲ့သည်။
"ဟိတ်ကောင် ငထွန်း...."
"ဟာ.....ေခါ်ပုံကိုက ကျက်သရေမရှိ လိုက်တာကွာ ....... ဒါနဲ့ ဘာကိစ္စရှိလို့လဲ "
"ဒီမှာ ၁၀တန်းတက်မလို့ ကျောင်းလာအပ်တာ"
"မင်းဘယ်တုန်းက ကလေးရသွားတာလဲ ဘခမ်း ပြောစမ်း"
"ဟာ.....မင်းတော့နောက်ပြီ"
"မနောက်ပါဘူး မင်းဘယ်တုန်းက ကလေးရသွားတာလဲ ငါ့ကိုပြောစမ်း......"
ဆိုကာ မဏ္ဏိုင်ေကျာ်အနောက်မှာ ပုန်းရပ်နေတဲ့ သူမလေးအား ထက်မြတ်ထွန်း ခေါင်းလေးစောင်းကာ ကြည့်လိုက်သည်။
"အဟွန်း......သေချာနေပြီ ဒါမင်းကလေးတော့ မဟုတ်လောက်ဘူး ဘယ်ကမိန်းကလေးခေါ်လာတာလဲ ပြောစမ်း ဘခမ်း......"
"ဒါငါ့ရဲ့ အနာဂတ်ဇနီးလောင်းဟ"
မဏ္ဏိုင် သူမ မကြားအောင် ထက်မြတ်အနား တိုး၍ပြောလိုက်သည်။
"အော်....... နောက်ဆုံးတော့ လူပျိုကြီး....."
"ဟိတ်ကောင်......ငထွန်း မင့်ပါးစပ် ပိတ်ထားစမ်း"
ဆိုကာ မဏ္ဏိုင် ထက်မြတ် ပါးစပ်အား လက်ဖြင့်အုပ်၍ပိတ်နေသည်။
"မင်းတော့ နာတော့မယ် သိလား ငထွန်း"
"အဟင်း...အဟင်း....."
ထက်မြတ် ချောင်းဟန့်ပြနေသည်။
"ကဲ.....ထားပါ..... ညီမနာမည်ကဘာလဲ"
"နာမည်ပြောဖို့လိုလို့လားဟ"
"လိုတာပေါ့ မင်းကလဲ ဘာဖြစ်နေတာလဲ"
"သူမနာမည်က မြရိပ်အလင်္ကာ အသက်က ၁၆ပြည့်တော့မှာ အုပ်ထိန်းသူ နာမည်ကတော့ ငါနာမည်ဘဲထည့်ထားလိုက် ကြားလား ငထွန်း"
"ကြားပါတယ်ဟ "
"အဲ့ဒါဆို ငါကျောင်းအပ်ပြီးပြီလို့ မှတ်ထားလိုက်မယ်နော်"
"ဒီလိုလွယ်လွယ်နဲ့ ကျောင်းအပ်လို့ရတယ်ပေါ့"
"မင်းကလဲကွာ အချင်းချင်းဘဲဟာကို"
"ထားလိုက်ပါ ဒါနဲ့ သူမက ဒီမှာဘဲနေမှာလား "
"မနေဘူး....မနေဘူး....ငါအကြိုအပို့ လုပ်ပေးမှာ"
"အေးပါဟာ.......ဒီကောင်နဲ့တော့....."
"မင်းကလဲ....... ချာတိတ် ကျောင်းအပ်ပြီးပြီနော် "
"ရှင်......ဟုတ်......"
"ဒါဆိုငါသွားပြီနော်...."
"ဒါနဲ့ ညကြရင် barလာအုံးမှာလား"
"မလာတော့ဘူ ကိုယ့်ဟာကိုသွား ငါမှာအဲ့လိုတွေ သွားဖို့အချိန်မရှိဘူး"
"အောင်မှာ.....မင်းကဘဲ ပြောရတယ်လို့ ငါကကြတော့ တော်တော်အားနေတာဆိုတော့"
"ထားလိုက်ပါကွာ ငါသွားပြီ.....ငထွန်း"
"