book

Index 5

အပိုင်း(၅)

"ရှင်ကြီးချစ်တဲ့ကျွန်မ"

"အခုဘယ်သွားနေတာလဲဟင်"

"Times City သွားမလို့"

သူမ မဏ္ဏိုင် ပြောသော Times Cityကိုမသိသဖြင့် ဘာမှ မပြောတော့ဘဲ ငုတ်တုတ်လေးထိုင်ကာ လိုက်လာခဲ့သည်။
အချိန်အနည်းငယ် မောင်းလာပြီးနောက် Times City တို့ရောက်လာသည်။ လူများစွာ ဖြတ်သန်းသွားလာနေကြသည်။

"လူတွေကအများကြီးဘဲ ချာတိတ်ပုံစံနဲ့တော့ မဖြစ်သေးပါဘူး သူများတွေပြောစရာဖြစ်နေလိမ့်မယ် တစ်ခြားစီသွားတာဘဲကောင်းမယ်"
ဆိုကာ မဏ္ဏိုင် ထိုနေရာမှ ထွက်လာလိုက်ပြီး အင်္ကျီ သီးသန့်သာ ရောင်းသည့် သူ့အမေ၏သူငယ်ချင်းဆိုင်သို့ လာခဲ့သည်။

"ရောက်ပြီ...... ဆင်းတော့လေချာတိတ်"

"အော်.....ဟုတ်....."
မဏ္ဏိုင် သူမအား ကားတံခါးဖွင့်ပေးလိုက်သည်။ သူမလဲကားပေါ်ကဆင်းလိုက်ကြီး နှစ်ယောက်သား ဆိုင်ကြီးထဲဝင်လာခဲ့သည်။

ဝိုး......
သူမမွေးကတည်းက ဒီလိုဆိုင်ကြီးမျိုး မရောက်ဖူးပေ။ အင်္ကျီပုံစံအမျိုးမျိုး အရောင်အမျိုးမျိုး ချိတ်ဆွဲထားသော ဒီဆိုင်ကြီးက သူမအတွက် အံဩစရာဖြစ်နေသည်။

"ဒီက ညီမ သူမအတွက် လိုက်ဖက်မယ့် အဝတ်အစားမျိုး ရှာပေးပါ "

"ဟုတ်......လာခဲ့ ညီမကိုယ်လုံးက သေးသေးလေးဆိုတော့ ရော့ ဒီဂါဝန်လေးဝတ်ကြည့် အရမ်းလှသွားမှာ"
ဆိုကာ ဆိုင်ထဲမှ အစ်မတစ်ယောက် သူမအား ပန်းစီရောင် ဒူးအထိရှိတဲ့ ဂါဝန်လေးပေးလိုက်သည်။
သူမထိုဂါဝန်လေးကို အရင်မယူဘဲ မဏ္ဏိုင်အနားသွားလိုက်သည်။

"ဟိုဟာ.... ဉီးခမ်း အရိပ် ဒီဟာတွေ မဝတ်တက်ဘူးရှင့် ပြီးတော့ အရိပ်အိမ်ကနေ လာတုန်း အင်္ကျီ တွေ ထည့်ခဲ့ပါတယ် အဲ့ဒါကြောင့် အရိပ်ကို ဒီ အင်္ကျီ တွေ ဝယ်ပေးစရာမလိုပါဘူး"

"မရပါဘူး ဆိုင်ထဲတောင်ရောက်နေပြီလေ မဝယ်ဘဲ ပြန်သွားရင် ဆိုင်ပိုင်ရှင်ကစိတ်ဆိုးမှာပေါ့"

"အဲ့ဒါဆိုဘယ်လိုလုပ်ရမလဲဟင်..... "

"သွားပါ နှစ်ထည်သုံးထည်လောက်ဝယ်လိုက်ပါနော် ဝတ်ပြီးရင်လဲ လာပြအုံး သွားသွား"
မဏ္ဏိုင် သူမအားအတင်းသွားခိုင်းနေသဖြင့် သူမလဲ အင်္ကျီ ကိုင်ထားတဲ့ထိုအမနားသို့ သွားလိုက်သည်။

"ရော့ ညီမလေး ဝတ်ကြည့်လိုက် ဒါလေးက ညီမလေးနဲ့ တစ်ကယ်လိုက်တယ်"

"ဟိုဟာ...... အမ ဂါဝန်နည်းနည်းရှည်တာလေးပြပေးပါလား အရိပ်က ဒီလိုအတိုတွေမဝတ်တက်လို့ပါ"

"ဟုတ်ပါပြီ ညီမလေးလို လူရှိသေးတာ ဂုဏယူရမှာဘဲ"

"ဘာလို့လဲဟင်....."

"ဘာလို့ဆိုတော့ အခုရက်ပိုင်း အမတို့ဆိုင်မှာ အင်္ကျီ လာဝယ်တဲ့ လူတွေဆို တိုတာမှပြပေးဘဲ ပြောနေကြတာလေ ညီမလေးလို ရှည်တာမှ ပြပေးလို့ ပြောတဲ့လူ တစ်ယောက်မှ မရှိဘူး"

"အော်......."

"ကဲ.....ရော့.... ဒီအဝါရောင်ဂါဝန်လေးဝတ်ကြည့်လိုက် ရှည်လဲ ရှည်တယ် "

"ဟုတ်......"
သူမလဲ ထိုအဝါရောင်ဂါဝန်ရှည်လေးအား ယူလိုက်ပြီး သွားဝတ်ကြည့်နေသည်။ ခဏကြာတော့သူမထွက်လာသည်။

"ချစ်စရာကောင်းလိုက်တာ ဒါလေးနဲ့ တစ်အားလိုက်တယ်သိလား"

"ဟုတ်......ဒါဆိုဉီးခမ်းကိုသွားမေးကြည့်လိုက်အုံးမယ်"

"အေးပါ....."

"ဉီးခမ်း ဒီဝတ်စုံနဲ့ဆို အဆင်ပြေတယ်မလား"
သူမလေးစကားသံ​ကြောင့် မဏ္ဏိုင် လှည့်ကြည့်လိုက်သည်။ မဏ္ဏိုင် အဝါရောင်ဂါဝန်ရှည်လေးကိုဝတ်ထားသည့် သူမအား မျက်တောင်မခက်တမ်းကြည့်နေသည်။
"လှလိုက်တာ ချာတိတ်ရာ လှတာထက်ကို မင်းလေးက ချစ်စရာအရမ်းကောင်းသာဘဲ" မဏ္ဏိုင်စိတ်ထဲမှ ဆိုလိုက်သည်။

"ဉီးခမ်း အဆင်ပြေရဲ့လား "

"ဟင်.....အော်.....အရမ်းအဆင်ပြေတယ် အရမ်းချစ်စရာကောင်းတာဘဲသိလား ချာတိတ်"

"ရှင်......"

"ဘာ....မဟုတ်တော့ဘူး လာခဲ့ ဒီ အင်္ကျီ ဝတ်ထားလိုက်တော့...... ဟိုဟာ....ဒီကညီမ "

"ဟုတ်...."

"ဒီလိုမျိုး ပုံစံ နောက်ထပ်ရှိသေးလား"

"ဟုတ်ကဲ့ ရှိပါတယ်"

"အဲ့ဒါဆို ဂါဝန်ရှည်ရှည်လေးတွေ ပုံစံတစ်မျိုးစီထည့်ပေးလိုက်ပါနော်"

"ဟုတ်....."

"ပြီးတော့ ကျောင်းဝတ်စုံရောင်းတယ်မလား"

"အဖြူအစိမ်း ကိုပြောတာလား"

"အင်း......"

"အဖြူအစိမ်းက ရောင်းတော့မရောင်းဘူး ကိုယ်တိုင်ပေးပြီးတော့ ချုပ်ပေးပါတယ်"

"အဲ့ဒါဆို သူမအတွက် အဖြူအစိမ်း များများလေးချုပ်ပေးပါ ၇စုံ၈စုံလောက်ပေါ့"

"ဟုတ်...... ဒါဆို ညီမလေး ကိုယ်တိုင်းရအောက်လာခဲ့လေ"

"ဟုတ်....."

"ခဏလေး....."

"ဟုတ်ဘာလိုသေးလဲရှင်"

"သူမက ဖိနပ်အမြင့်မစီးတက်ဘူးဆိုတော့ ဖိနပ်အပါးလေး လောလောဆယ် နှစ်ရံလောက်ထည့်ပေးလိုက်ပါ"

"ဟုတ်....."

အဲ့ဒါနဲ့ မဏ္ဏိုင် သူမလေးအတွက်ပြင်ဆင်ပေးပြီးနောက် ဆိုင်ထဲမှ ထွက်လာခဲ့သည်။ သူမကတော့ မဏ္ဏိုင် ဝယ်ပေးနေတာတွေကို မျက်နှာပူပူဖြင့်သာ လက်ခံခဲ့ရသည်။

"မုန့်တစ်ခုခုသွားစားကြတာပေါ့"
ဆိုကာမဏ္ဏိုင် မနက်စာစားဖို့ ဆိုင်တစ်ဆိုင်သို့ ေမာင်းလာခဲ့သည်။
သူမလေးကတော့ ကားပြတင်းပေါက်မှန်ကနေ အပြင်သို့ ကြည့်နေသည်။
"အတော်လှတဲ့ ရန်ကုန်မြို့ကြီးပါလား ငါတို့ရွာလေးနဲ့တော့ကွာပ"
အရိပ် စိတ်ထဲမှ ဆိုလိုက်သည်။ အခုချိန်ဆိုရင် သူမရဲ့မိထွေး ဘယ်လိုတွေဖြစ်နေမလဲဟု သူမတွေးနေမိသည်။ ပြီးတော့ သူမရဲ့အချစ်ဆုံးသူငယ်ချင်း စံပယ်ကို မနှုတ်ဆက်ဘဲလာခဲ့ရသည်မို့ သူမ ဝမ်းနည်းနေမိသည်။

"ရောက်ပြီ"
မဏ္ဏိုင် ဆိုင်ရှေ့ကားပါကင်လေးမှာ ကားကိုရပ်လိုက်ပြီး သူမကို ပြောလိုက်သည်။

"ဆင်းလေ ချာတိတ် အထဲဝင်ရအောင်"

"ဟုတ်......"
အဲ့ဒါနဲ့ သူတို့နှစ်ယောက် ဆိုင်ထဲသို့ ဝင်လာခဲ့သည်။ ဆိုင်ထဲသို့ဝင်လိုက်ချင်း မနက်စာ စားနေကြသော လူအများမျက်လုံးက သူနှင့် ချာတိတ်ထံရောက်လာသည်။ သူ့ကို ကြည့်နေကြတာက ခပ်နည်းနည်းရယ်။ သူမကိုကြည့်နေသူကပိုများနေသည်။ စားပွဲထိုးများကအစ သူမအလှအားကြည့်နေကြသည်။ သူမကလဲ ထိုသို့ငေးကြည့်ရအောင်ကို လှပလွန်းနေသည်။ အရိပ်ထိုလူတို့ရဲ့ အကြည့်များကို မခံနိုင်၍ခေါင်းလေးငုံ့နေသည်။ ထိုအချိန်

"ကျစ်......ဘာလဲမသိဘူး လာသွားစို့ ချာတိတ် မနက်စာ အိမ်မှာဘဲစားစို့"ဆိုကာ မဏ္ဏိုင် သူမလက်လေးအား ကိုင်လိုက်ပြီးထွက်လာခဲ့သည်။ထို့နောက် သူတို့နှစ်ယောက်လုံး ကားပေါ်တက်သွားကြသည်။

"ဘယ်လိုလူတွေလဲမသိဘူး ကျစ်..... နောက်ဆို အပြင်မှာစားရဖို့ စားသောက်ဆိုင်တစ်ခုလုံးငှားရမယ်ထင်တယ်"
မဏ္ဏိုင် စိတ်တိုနေကာ တစ်လမ်းလုံး ပွစိပွစိ ပြောရင်း မောင်းလာခဲ့သည်။ခဏကြာတော့
အချိန်အနည်းငယ်မောင်းလာပြီးနောက် စီးပွားရေးသမားများသာ နေတဲ့ လူချမ်းသာရပ်ကွက်ထဲသို့ ကားမောင်းဝင်လာခဲ့သည်။

ဝိုး.....

အဆောက်အဦးလှလှလေးတွေအား သူမအံဩစွာဖြင့်ကြည့်နေသည်။ ခဏကြာတော့ နန်းတော်ကြီးသဖွယ် ဆောက်လုပ်ထားတဲ့ အိမ်ကြီးရှေ့သို့ မဏ္ဏိုင်ကားရပ်လိုက်ပြီး ကားဟွန်းတီးလိုက်သည်။

တီ....တီ.....
မဏ္ဏိုင်ကားဟွန်းတီးလိုက်ပြီးနောက် ခြံထဲမှ အသက် ၅၀အရွယ်လောက်ရှိမည့် လူတစ်ယောက်ထွက်လာပြီး ခြံတံခါးအားဖွင့်လိုက်သည်။

ဝိုး.....
ကားမောင်းလာရာ လျှောက်လမ်းတစ်လျှောက် သစ်ပင်များက တောအုပ်သဖွယ် စိမ်းစိုပြီး အုပ်ဆိုင်းနေသည်။ အနည်းငယ်မောင်းလာပြီးတော့ နန်းတော်သဖွယ် ဆောက်လုပ်ထားတဲ့ သုံးထပ်တိုက် ထိုအိမ်ကြီးရှေ့တွင် ကားကို ရပ်လိုက်သည်။ အရိပ် တအံတဩဖြင့် ထိုအိမ်ကြီးအား ကြည့်ရှုနေသည်။ အိမ်ရဲ့အရှေ့တွင်လဲ နှင်းဆီပန်းပင်များ များစွာစိုက်ပျိုးထားသည့် နှင်းဆီခြံကြီးလဲရှိ​သည်။ ထိုနှင်းဆီခြံနားတွင် ထိုင်လို့ရအောင် စားပွဲတစ်လုံးနှင့် ထိုင်ခုံသုံးခုံချထားသေးသည်။ ဒီလိုအိမ်ကြီးနှင့် ဒီလိုခြံဆိုသည်မှာ သူမ နေရဖို့မပြောနဲ့ စိတ်ကူးထဲတောင် မထည့်ခဲ့ဖူးပေ။

"သမီး အရိပ်လေး ရောက်ပြီလား"

"ကြီးကြီးသန်း"
သူမကားပေါ်က အမြန်ဆင်းလိုက်ပြီး ကြီးသန်းအား ပြေးဖက်လိုက်သည်။

"ကြီးသန်းနေကောင်းတယ်နော်"

"ကောင်းပါတယ် သမီးရဲ့......အော်......ဒါနဲ့ သခင်လေးကို ေကျးဇူးအများကြီးတင်ပါတယ်ရှင်"

"ရပါတယ်ဗျာ...... ေအာ်.....ဒါနဲ့ ဉီးဘသက် ကျွန်တော်ပြောစရာရှိတယ်"

"ဟုတ်ကဲ့.....ပြောပါသခင်လေး"

"ကျွန်တော် အိမ်အကူသုံးယောက်လောက် ခေါ်ချင်လို့ "

"ဟုတ်....ဘယ်လိုလူမျိုးရှှာပေးရမလဲ"

"အသက်၂၅လောက်ရှိမဲ့ မိန်းကလေးအိမ်အကူနှစ်ယောက်ရယ် အသက်၅၀လောက် ဉီးဘသက်တို့အရွယ်လောက်ရှိမဲ့ အိမ်အကူတစ်ယောက်ရယ်ရှာပေးပါ"

"ဟုတ်ကဲ့ပါ ဉီးဘသက်မနက်ဖြန်ရအောင်ရှာပေးပါမယ်"

"ဟုတ်ပါပြီ ပြီးတော့ မောင်မြင့်ကို ကျွန်တော့ရဲ့ ဟိုတယ်ကိုပို့ပေးလိုက်ပါ သူဒီနေ့ကစပြီး ဒီမှာအလုပ်လုပ်စရာမလိုတော့ပါဘူး ကျွန်တော့ ဟိုတယ်မှာ အလုပ်လုပ်ပါလိမ့်မယ် ကျွန်တော် မင်းစက်ကို ပြောထားလိုက်ပါမယ်"

"ဟုတ်ကဲ့ပါသခင်လေး"

မောင်မြင့်ဆိုတဲ့ အသက် ၁၈လောက်ရှိမဲ့ကောင်လေးအား ဟိုတယ်မှာ အလုပ်လုပ်ခိုင်းရချင်မှာ အရိပ်လေးအား စိတ်မချချင်းဖြစ်သည်။ ထိုကောင်းလေးနှင့်သာ အရိပ် အနေနီးသွားလျှင် တစ်ခုခုဖြစ်သွားမှာကိုစိုးရိမ်နေချင်းဖြစ်သည်။ ဒါကြောင့် သူ့ရဲ့အတွင်းရေးမှူးဖြစ်တဲ့ မင်းစက် အားထိုကောင်လေးနှင့်သင့်တော်မည့်နေရာသို့ အလုပ်ရှာခိုင်းထားသည်။

"ဟုတ်ပြီ ဒါဆို ကျွန်တော် အပေါ်သွားလိုက်အုံးမယ်...... အော်.....ဒါနဲ့ ချာတိတ်မင်းကော လိုက်ခဲ့"

"ဟုတ်"

"ဒါနဲ့ ကြီးသန်း သူမအတွက်အခန်းပြင်ပြီးသွားပြီလား"

"အခုလောလောဆယ် တော့ကြီးသန်းနဲ့အတူတူ အိပ်ဖို့လုပ်ထားပါတယ်"

"ဘာလို့ ကြ​ီးသန်းနဲ့ အိပ်ရမှာလဲ သူမကို သပ်သပ်အခန်းစီစဉ်ပေးလိုက်ပါ ဒီအိမ်မှာ အခန်းတွေဒီလောက်များတာကို ကြီးသန်းတို့ကတော့ "

"ဟုတ်ကဲ့ပါ.....ဘယ်အခန်းစီစဉ်ပေးလိုက်ရမလဲ သခင်လေး"

"ကျွန်တော်နေတဲ့ အခန်းရဲ့ ဘယ်ဘက်ကအခန်း"

"ရှင်......."
သူ​့အမေမှ လွှဲ၍ ဘယ်မိန်းကလေးကိုမှ အပေါ်ဆုံး အထပ်သို့ မတက်ခိုင်းခဲ့သော မဏ္ဏိုင်က အခုတော့ ကြီးသန်းတူမလေးကို သူရဲ့အခန်းရဲ့ ဘယ်ဘက်ကအခန်းမှာနေခိုင်းတယ်ဆိုတော့ ကြီးသန်း အတော်အံဩသွားသည်။ "အရိပ်လေး အတော်ကံကောင်းပါတယ်အေ" ဆိုကာကြီးသန်း စိတ်ထဲမှပြောလိုက်သည်။

"ပြန်ပြောရအုံးမှာလား ကြီးသန်း"

"မလိုတော့ပါဘူး ကြီးသန်းနားလည်ပါတယ် "

"ဟုတ် ဒါဆိုကျွန်တော် အပေါ်တက်တော့မယ် မနက်စာပြင်ထားလိုက်ပါ "

"ဟုတ်ကဲ့ပါ....."

မဏ္ဏိုင်အိမ်ထဲဝင်ဖို့ ပြင်လိုက်စဉ် အနောက်မှ သူ့ရဲ့ချာတိတ်ကလိုက်မလာဘဲ ကြောင်တောင်တောင်ဖြင့်ရပ်နေသည်။

"ဟိတ်......ချာတိတ်ဘာရပ်လုပ်နေတာလဲ လိုက်ခဲ့လေ"

"သွားလိုက်လေ သမီးရဲ့ ဘာရပ်လုပ်နေတာလဲ"



"ရှင်....အော်.....ဟုတ်...."
သူမပြာပြာသလဲ ဖြစ်သွားကာ မဏ္ဏိုင်နောက်လိုက်သွားသည်။ သူမ မဏ္ဏိုင် အနောက်ကနေ တစ်အိမ်လုံး ပတ်ကြည့်နေသည်။ မီးဆိုင်အကြီးကြီးတွေနှင့် ထိန်လင်းနေသည်။ မနက်ဆိုပေမယ့်လဲ ထိုအိမ်ကြီးတွင် မီးများက ထွန်းထားစဲ။ သူမလေး မဏ္ဏိုင်နောက်မှ မျက်တောင်မခက်ဘဲ တစ်ခုချင်းစီကြည့်ပြီး အပေါ်သို့ တက်သွားသည်။

ဗုတ်........

"အမလေး......ဘုရားရေ...."
သူမငေးကြည့်လာရင်း မဏ္ဏိုင် သူရှေ့မှာရပ်လိုက်သည်ကို မသိဘဲ သူ့ရဲ့ ရင်အုပ်ကျယ်ကျယ်အား ခေါင်းဖြင့်တိုက်မိသွားသည်။

"ဘာတွေငေးနေတာလဲ ချာတိတ်ရဲ့"

"ရှင်......ဘာမှမငေးပါဘူး"

"အဟွန်း......ဟုတ်ပါပြီ လာကိုယ့်အခန်းထဲဝင်ခဲ့"

"ရှင်......"

"ဘာတွေရှင်နေတာလဲ ကိုယ်ချာတိတ် ဘာလုပ်ရမလဲဆိုတာ ပြောပြမယ် အဲ့ဒါကြောင့်အထဲ ဝင်ခဲ့လို့ပြောတာ"

"ဟုတ်......"

"နောက်ဆိုရှင်ဆိုတာကြီးကို ခဏခဏမသုံးနဲ့ကြားလား"

"ဟုတ်....."
မဏ္ဏိုင်သူ့ရဲ့ အခန်း password နံပါတ် ကိုရိုက်နှိပ်လိုက်ပြီးအထဲဝင်လာခဲ့သည်။

"နောက်ဆို ချာတိတ်က ကိုယ့်ရဲ့ အခန်းကို သန့်ရှင်းရေးလုပ်ရမယ်နော် ကြားလား"

"ဟုတ်....."

တစ်ခြားဟာ ဘာမှလုပ်စရာမလိုဘူး ကိုယ့်အခန်းကိုဘဲ သန့်ရှင်းရေးလုပ် ပြီးတော့မနက်ဆို ကိုယ်ရုံးသွားတော့မယ့်အချိန်ကြရင် ကိုယ့်အခန်းထဲက အဝတ်ဗီရိုထဲကနေ ကိုယ်ရုံးသွားဖို့ အဝတ်တစ်စုံထုတ်ထားပေး"

"ဟုတ်......."

"ဒါဆို......ချာတိတ်အခန်းထဲသွားလို့ရပြီနော် ချာတိတ်က ကိုယ့်ရဲ့ ဘယ်ဘက်ခြမ်းနော်"
ဆိုကာ မဏ္ဏိုင် သူ့ရဲ့ ဘယ်ဘက်ရင်အုပ်ကို လက်ဖြင့် ရိုက်ပြနေသည်။

"ရှင်......"
သူမ ကြောင်သွားကာ မျက်လုံးအဝိုင်းသား ကြည့်နေသည်။

"အော်......ကိုယ်မှားသွားလို့ ချာတိတ်အခန်းက ကိုယ့်အခန်းရဲ့ ဘယ်ဘက်ကအခန်းလို့ပြောမလို့"

"အော်......ဟုတ် ဒါဆို အရိပ်သွားပြီနော်"

အင်း......
မဏ္ဏိုင် သူမထွက်သွားသည်ကို လိုက်ကြည့်နေသည်။
"အဟွန်း......တော်တော်စလို့ကောင်းတဲ့ ချာတိတ်ဘဲ အရှက်ကလဲပိုသေး မင်းလေးက ဘာလို့ တစ်ခြားလူတွေနဲ့မတူနေရတာလဲကွာ ချာတိတ်ရေ မင်းတစ်ခြားလူတွေနဲ့ မတူလေ ကိုယ်မင်းကို ပိုချစ်လေဘဲ သိလားမင်း ကိုယ့်နှလုံးသားလေးကို အပိုင်သိမ်းလိုက်တာဘဲ အဲ့ဒါကြောင့် မင်းကိုလဲကိုယ်ဘဲ ပိုင်စေရမယ်ချာတိတ်ရေ"

စာဖတ်သူလေများအားလုံး ဂရုစိုက်​ြကနော်။

ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါရှင့်​။ 🙏🏻🙏🏻


rate now: