book

Index 4

အပိုင်း(၄)

ရှင်ကြီးချစ်တဲ့ကျွန်မ"


"ငါ့မှာ ကြီးကြီးသန်းရှိသေးတာဘဲ ဟိုနေ့ကတောင် ငါ့ကို အကူအညီလိုရင် ဖုန်းဆက်ဖို့ပြောထားသေးတယ် ဟုက်ပြီ ငါကြီးကြီးသန်းကို ဖုန်းသွားဆက်ပြီး အကူအညီတောင်းရမယ်"
ဆိုကာ သူမဆက်ငိုမနေတော့ဘဲ အိပ်ယာပေါ်မှ ထလိုက်ပြီး စားပွဲပေါ်က ဖုန်းနံပါတ် လေးရေးထားတဲ့ စာရွက်သေးသေး​​လေး နှင့်အတူ ပိုက်ဆံအကြွေ အနည်းငယ်ကို လက်ထဲကျစ်ကျစ်ပါအောင် ဆုတ်ကိုင်လိုက်ပြီး ဒေါ်ခင်လေးမသိအောင် ရွာထိပ်က ဖုန်းဆိုင်သို့ တိတ်တိတ်လေးထွက်လာခဲ့သည်။
ဖုန်းဆိုင်သို့ရောက်သော်

"အန်တီ သမီးဖုန်းလေးခေါ်ချင်လို့ပါ"

"အော် ...... အရိပ်လေးပါလား လာခဲ့"

"ဟုတ်....."
သူမဆိုင်ထဲဝင်သွားလိုက်ပြီး ထိုဖုန်းနံပါတ်လေးအား ခေါ်လိုက်သည်။

"ဟယ်လို ကြီးကြီးသန်းလား"

"ဟုတ်တယ်ကွယ် ဒါနဲ့ဘယ်သူတုန်း"

"သမီးအရိပ်ပါ မြရိပ်လေ"

"ဟင်....သမီးမြရိပ်အလင်္ကာ လား"

မဏ္ဏိုင် ခရီးကပြန်လာချင်း ခဏအနားယူနေကာ ဗိုက်ဆာလာသဖြင့် ညစာစားဖို့ အောက်ဆင်းလာချိန် ဧည့်ခန်းထဲမှ သူ့ရဲ့ချာတိတ်နာမည်လေးကြားလိုက်သဖြင့် သူအရမ်းပျော်သွားကာ ဧည့်ခဲထဲ၌ ​ပြောသံများကိုရပ်၍နားထောင်နေသည်။

"ဟုတ်ပါတယ် သမီးပါ"

"သမီးအရိပ်လေး ဘာကိစ္စရှိလို့လဲ "

"ကြီးကြီးသန်း အန်တီခင်လေးက သမီးကို ယောကျာ်း ပေးစားတော့မယ်တဲ့ သူစီစဉ်ပေးထားတဲ့ ယောကျာ်း ကိုမယူရင် အရိပ်ကို ၁၀တန်းမတက်ခိုင်းဘူးတဲ့ အဲ့ဒါဘယ်လိုလုပ်ရမှာလဲ ကြီးကြီးသန်း "

ကြီးသန်း သူမလေးပြောစကားကြောင့် တွေဝေသွားသည်။ သူမလေးကိုသနားလို့ ဒီအိမ်ခေါ်ထားချင်ပေမယ့် ဒီအိမ်က သခင်​လေးက ဘယ်မိန်းကလေးကိုမှ အိမ်ပေါ်ခေါ်တင်တာမကြိုက်ပေ။ အိမ်က အိမ်အကူတွေတောင် ယောကျာ်း လေးတွေကြီးထားထားသည်။ ကြီးသန်း ကတော့ သူ့အဖေရှိကတည်းက နေခဲ့တာမို့ အိမ်ကိုခေါ်တင်ထားသည်။

"ကြီးကြီးသန်း သမီးဘယ်လိုလုပ်ရမလဲဟင်....."

"ခက်သာဘဲ သမီးအရိပ်ရယ် အန်တီကခေါ်ထားချင်ပေမယ့်လဲ အန်တီနေတဲ့ ဒီအိမ်ပိုင်ရှင်သခင်​​လေးက ဘယ်မိန်းကလေးကိုမှအိမ်ပေါ်ခေါ်တင်တာမကြိုက်ဘူးကွယ် အန်တီဘယ်လိုလုပ်ပေးရမှာလဲ"

"ဘာဖြစ်နေတာလဲ ကြီးသန်း"

ရှင်.....

"ဘာဖြစ်နေတာလဲ ကျွန်တော်ကျွန်တော်ကူညီနိုင်ရင် ကူညီပေးပါမယ်"

"ဟိုဟာ......သခင်လေးကိုပြောရမှာအားတော့နာပါတယ် "

"ပြောပါ"

"ဒီလိုပါ ....... "
ကြီးသန်း အရိပ်လေးပြောခဲ့သမျှကို မဏ္ဏိုင်အားတစ်လုံးမကျန်ပြန်ပြောပြလိုက်သည်။

"ကြီးသန်း တူမလေးက ဘယ်သူလဲ ပြီးတော့ဘယ်မှာနေတာလဲ"

"တူမလေးနာမည်က မြရိပ်အလင်္ကာ ပါ ........ရွာမှာနေတာပါ"

"အဟွန်း......."
မဏ္ဏိုင် သူရဲ့ချာတိတ်လေးဖြစ်နေတာကြောင့် အလွန်ပျော်သွားသည်။

"ကျွန်တော်ခွင့်ပြုပါတယ် ခေါ်ထားလိုက်ပါ ပြီးတော့ သူ့ကိုပြောလိုက်အုံး ကျွန်တော်ခိုင်းတာ အကုန်လုပ်ရမှာလို့"

"ဟုတ်....ဟုတ်ကဲ့ပါ ပြောထားလိုက်ပါမယ် ကျေးဇူးအများကြီးတင်ပါတယ်နော် သခင်လေး"

"မဟုတ်တာ ရပါတယ်"

"ဟုတ်....."

"ဒါနဲ့ ချာတိတ်ကို.....အော်.....မှားသွားလို့ ကြီးသန်းတူမလေးကိုပြောလိုက်အုံး ကျောင်းကဖွင့်တော့မယ်လို့ လာမှာဆို မြန်မြန်လာခဲ့လို့"

"ဟုတ်...."

"အဲ့လိုတွေပြောမနေပါနဲ့တော့ မနက်ဖြန် မနက်၅နာရီ ရွာထိပ်မှာစောင့်နေလို့ ကျွန်တော်ကိုယ်တိုင် လာခေါ်မယ်လို့သာ ပြောလိုက်ပါ"

"ရှင်......"
ကြီးသန်း မဏ္ဏိုင်စကားကြောင့် အံဩသွားရသည်။ သူ့အမေကလွှဲလို့ ဘယ်မိန်းကလေးကိုမှ သွားခေါ်တာတို့ မလုပ်ဖူးချေ။ အခုကြတော့ အရိပ်လေးကို သူကိုယ်တိုင်သွားခေါ်မယ်ဆိုတော့ တော်တော်အံဩသွားသည်။

"နားမလည်လို့လား ကြီးသန်း"

"မ...မဟုတ်ပါဘူး နားလည်ပါတယ်"

"အဲ့ဒါဆိုကျွန်တော်သွားတော့မယ် ကြီးသန်းတူမလေးကိုဖုန်းပြန်ဆက်လိုက်အုံး ကျွန်တော် ဗိုက်အရမ်းဆာနေပြီမို့သွားပြီနော်"

"ကျေးဇူးအများကြီးတင်ပါတယ်ကွယ်"

မဏ္ဏိုင်သူ့အတွေးတွေနှင့်သူပျော်နေသည်။

ကြီးသန်း အရိပ်လေးအား ဖုန်းပြန်ခေါ်လိုက်သည်။

"ဟယ်လို အရိပ်"

"အော်.....ခဏကိုင်ထားအုံးနော်"

"ဟုတ်"

"ဟိတ် အရိပ် အရိပ်ရေ ဒီမှာ ညည်းနဲ့ပြောချင်လို့တဲ့"

"ဟုတ်လာပြီ"
ဆုကာ သူမအမြန်ပြေးသွားလိုက်သည်။

"ဟယ်လို ကြီးကြီးသန်း "

"အေး သမီးရေ သမီးလေးကတော့ ကံကောင်းတာဘဲသိလား ကြီးသန်းတို့ သခင်လေးက သမီးလေးကို အိမ်မှာလာနေတဲ့"

"တစ်ကယ်လား...."

"တစ်ကယ်ပေါ့ သမီးရဲ့ ဒါတင်မဟုတ်သေးဘူး သမီးလေးကို သူကိုယ်တိုင် မနက်ဖြန်လာခေါ်မယ်တဲ့ အဲ့ဒါ သမီးလေး ရွာထိပ်မှာ မနက်စောစော စောင့်နေလိုက် သူက၅နာရီအရောက် လာခဲ့မယ်တဲ့"

"ဟုတ်......ကျေးဇူးအများကြီးတင်တယ်လို့ ပြောပေးပါအုံးနော်"

"အင်းပါ သမီးရဲ့ ဒေါ်ခင်လေး မသိအောင်ထွက်လာနော်ကြားလား"

"ဟုတ်ကဲ့ပါ"

"အေးပါကွယ် ဒီရောက်ရင်တော့ သခင်လေးခိုင်းတာ တစ်ခုမကျန်လုပ်ပေးရမှာနော်"

"လုပ်ပေးမှာပါ မကြာခင်သူက သမီးကျေးဇူးရှင်ဖြစ်တော့မှာလေ"

"ဟုက်ပါပြီ ဒါဆိုကြီးကြီးဖုန်းချပြီနော်"

"ဟုတ်....."

ကြီးသန်း ဖုန်းချလိုက်သည်နှင့် သူမလဲဖုန်းချလိုက်ပြီး ပြုံးပျော်စွာဖြင့် ဆိုင်ထဲမှ ထွက်လာခဲ့သည်။

"အရှင်ဘုရားရေ ေကျးဇူးအများကြီးတင်ပါတယ် "
ဆိုကာ သူမလက်အုပ်ချီရင်း ကောင်းကင်ပေါ်ကို မော့ကြည့်နေသည်။

""""""""""""""""""""""""""""""""""""""""""""""

"ဒီနေ့ ချာတိတ် ကိုသွားခေါ်ရမှာဘဲ ထရတော့မယ် "
ဆုိကာမဏ္ဏိုင်အိပ်ယာပေါ်မှ ထလိုက်သည်။ ဒီနေ့သူ စိတ်တွေတစ်အားတက်ကြွနေသည်။ သူနာရီကို ကြည့်လိုက်တော့ မနက်၂ နာရီဘဲရှိသေးသည်။ ဒီအချိန်သွားမှသာ ၅နာရီဟိုအရောက်ဖြစ်မည် ဆိုကာ အမြန်ထလိုက်ပြီး ရေချိုး အဝတ်စားလဲကာ ထွက်လာခဲ့သည်။ ကြီးသန်းအိပ်ယာမှ မထသေးသည်နှင့် ကြီးသန်းအားသွားမပြောတော့ဘဲ ထွက်လာခဲ့သည်။

"""""""""""""""""""""""""""""""""""""""""""""

"ထရတော့မယ်"
ဆိုကာ အရိပ် အိပ်ယာပေါ်မှ အမြန်ထလိုက်ပြီး ဒေါ်ခင်လေးမသိအောင် မျက်နှာသစ်လိုက်ပြီး မနေ့ညက အသင့်ပြင်ထားတဲ့ အဝတ်ထုတ်အား ယူကာ ရွာထိပ်ကိုလာခဲ့သည်။ ရွာထပ်ရောက်တော့ သူမ လာမခေါ်သေးသဖြင့် ရွာဆိုင်းဘုတ်နားတွင် သူမအဝတ်ထုတ်လေးကို ပွေ့ထားလိုက်ပြီး ဆိုင်းဘုတ်ကို ကျောမှီကာ ခဏမှေးနေလိုက်သည်။

'"""""""""""""""""""""""""""""""""""""""""""

အချိန်အတော်အတန်ကြာ မောင်းနှင်လာပြီး အရိပ်ရှိရာ ရွာလေးဆီရောက်လာခဲ့သည်။ မဏ္ဏိုင် သူမအားမတွေ့သဖြင့်လှည့်ပတ်ရှာနေသည်။ ခဏကြာတော့....တွေ့ပါပြီ အဝတ်ထုတ်လေးကို ပွေ့ထားကာ ဆိုင်းဘုတ်လေးအား ကျော်မှီပြီးအိပ်မောကျနေတဲ့ သူရဲ့ချာတိတ်လေး။
မဏ္ဏိုင် သူမအနားသွားလိုက်ပြီး သူအားနိုးလိုက်သည်။

"ချာတိတ်.....ချာတိတ်"
သူခေါ်နိုးပေမယ့်မနိုးလာတဲ့ ချာတိတ်ကြောင့် မဏ္ဏိုင် သူမကိုယ်လေးအား အသာလေးပွေ့ကာ ကားနောက်ခန်းတွင် တင်ပေးလိုက်သည်။

"အဟွန်း...... ဘယ်လိုတွေတောင် အိပ်မောကျနေရတာလဲချာတိတ်ရယ်"ဆိုကာ မဏ္ဏိုင် သူမလေးအား တစ်ချက်ကြည့်လိုက်ပြီး ကားဆက်မောင်းလာခဲ့သည်။
အချိန်အနည်းငယ်ကြာတော့ သူတို့မောင်းလာတဲ့ကားလေး ရန်ကုန်မြို့အတွင်းသို့ ရောက်လာခဲ့သည်။ ကားသံ ဆိုင်ကယ်သံတွေနှင့် ဆူညံနေတာကြောင့် အိပ်မောကျနေတဲ့ အရိပ်လေးနိုးလာသည်။

"နိုးလာပြီလား ချာတိတ်"

"ရှင်....."

သူမတွေ့လိုက်တာက သူမကို နောက်ကြည့်မှန်ကနေကြည့်နေသည့် မဏ္ဏိုင်ဉီးခမ်းပင်။

"ဉီး.....ဉီးခမ်း ဘယ်လိုလုပ်"

"ဒါတွေနောက်မှပြောမယ် အခုလောလောဆယ် ကိုယ်ဗိုက်ဆာနေပြီ တစ်ခုခုသွားစားရအောင် ချာတိတ် ကော ဗိုက်ဆာပြီလား"

"အရိပ်ကမဆာပါဘူး ဒါနဲ့ ဉီးခမ်းက"

"အဟွန်း...... ကြီးသန်းပြောတဲ့ သခင်လေးဆိုတာ ဉီးခမ်းဘဲ ချာတိတ်ရဲ့"

"ရှင်......"

"ဟုတ်တယ် နောက်ဆို ကိုယ်ပြောတာ နားထောင်ရမယ်နော် ကြားလား"

"ရှင်.....အော်.....ဟုတ်နားထောင်ပါ့မယ်"

"ဟုတ်ပြီ......ဒါဆို အရိပ် ကိုယ်နဲ့ တစ်ခုခုသွားစားရအောင် "


"ဟုတ်....."

အဲ့ဒါနဲ့ မဏ္ဏိုင် သူမလေးအား ရှမ်းခေါက်ဆွဲဆိုင်သို့ခေါ်လာခဲ့သည်။

"လာဆင်း....."

"ဟုတ်...."
မဏ္ဏိုင်နှင့်အရိပ် ကားပေါ်မှဆင်းလာပြီး ဆိုင်ထဲသို့ဝင်လာခဲ့သည်။ ဆိုင်းထဲသို့ ရောက်တော့ မဏ္ဏိုင် ရှမ်းခေါက်ဆွဲမှာလိုက်သည်။ သူမကတော့ ဆိုင်ကြီးအား အံံဩစွာကြည့်နေသည်။

"ဘာဖြစ်လို့လဲ ချာတိတ်"

"ရှင်......ဘာမှမဖြစ်ပါဘူး ဒီဆိုင်က အတော်စျေးကြီးမဲ့ပုံဘဲနော် "

"အဲ့လောက်လဲမဟုတ်ပါဘူး"

ဇန် မနက်စာစားဖို့ ထိုဆိုင်ထဲဝင်လာခဲ့သည်။ ဆိုင်ထဲဝင်ဝင်ချင်းတွေ့လိုက်တာက ဆိုင်ထောင့်နားတွင် ပျော်ရွှင်စွာဖြင့် ထိုင်နေသော မဏ္ဏိုင်ဉီးခမ်း။ သူ့ဘေးတွင် ကောင်မလေးတစ်ယောက်လဲထိုင်နေသေးသည်။

"ဟွန့်....ဘယ်က လူတွေနဲ့စကားပြောနေတာလဲမသိဘူး မျက်နှာကြီးကိုက ပြုံးလို့ ဇန်နဲ့စကားပြောရင်တော့ကွာပ မပြောချင်ဘူး"
ဇန်ပြောလဲပြောရင်း သူတို့ထိုင်နေရာ ဝိုင်းသို့ လာခဲ့သည်။

"မဏ္ဏိုင် "

"ဘာကိစ္စ ရှိလို့လဲ"

"ဘာကိစ္စ မှတော့မရှိပါဘူး ဒီတိုင်းတွေ့လို့ခေါ်လိုက်တာပါ ဒါနဲ့သူက စာပွဲထိုးလား စာပွဲထိုးဆိုလဲ သွားတော့လေ "
ဇန်အရိပ်အား တစ်ကိုယ်လုံးကြည့်လိုက်ပြီး မေးလိုက်သည်။

"ဘာ.....မင်းဘယ်လိုပြောလိုက်တယ်....တောက် နောက်တစ်ခါ ငါရဲ့ချာတိတ်ကိုမင်းဘာမှပြောပိုင်ခွင့်မရှိဘူးကြားလား.....လာထချာတိတ် ဒီကနေအမြန်ဆုံးထွက်သွားရအောင်"
ဆိုကာ မဏ္ဏိုင် သူမလက်လေးအားဆွဲလိုက်ပြီး ထွက်လာခဲ့သည်။

"အဟွန့်.....ဘာလဲဟ ချာတိတ်တဲ့လား..... ဘယ်မိန်းကလေးနဲ့မှမပတ်သက်တဲ့ မဏ္ဏိုင်လို ရေခဲတုံးကြီးကို ဒီတောသူမက ဘယ်လိုများပြုစားလိုက်ပါလိမ့် အဟွန်း...... ချာတိတ်ရေမင်းကံဆိုးသွားပြီတာမှတ်လိုက်တော့ "
ေဇန် ကောက်ကျစ်သော အပြုံးများဖြင့် သူတို့နှစ်ယောက်အားကြည့်နေသည်။

စာဖတ်သူလေးများအားလုံး ဂရုစိုက်​ြကနော် ။
ဝါသနာအရရေးတာမို့ အမှားပါရင်ခွင့်လွှတ်ပါရှင့်။ 🙏🏻🙏🏻



rate now: