"ရှင်ကြီးချစ်တဲ့ကျွန်မ"
"အမှတ်စားရင်းလဲ ထွက်ပြီဆိုတော့ ခလေး ဘာတက်မှာလဲ"
"အရိပ် စစ်ကိုင်းမှာတက်ချင်တယ်"
"ဟမ်........"
"ဘာလို့လဲ ဦး"
"ခလေးက စစ်ကိုင်း မှာတက်ပြီးဘာလုပ်မှာလဲ"
"စစ်ကိုင်းပညာရေး တက္ကသိုလ် မှာတက်မှာလေ "
"အဲ့တော့ ခလေးက စစ်ကိုင်းမှာတက်ပြီး ဆရာမလုပ်မှာပေါ့"
"အဲ့မှာ ကျောင်းတက်ပြီးရင်တော့ ရန်ကုန်မှာ ဘဲဆရာမ ရအောင် လုပ်မှာပေါ့"
"ဒီမှာလဲတက်လို့ရတာဘဲလေ"
"ဟိုမှာက အရိပ်ရဲ့ သူငယ်ချင်းလဲတက်မှာမို့လို့ နောက်ပြီးသူက အရိပ်ကို အဲ့မှာ တက်ဖို့ခေါ်ထားလို့ "
"ဒါဆို ခလေးက သူတက်ချင်တာနဲ့ ခလေးပါ သွားတက်မှာပေါ့"
"အဲ့လိုလဲ မဟုတ်ဘူးလေ"
"ထားပါ ခလေးတက်ချင်တယ်ဆိုရင် ကိုယ်မတားပါဘူး သွားတက်ပါ ဒါနဲ့ စစ်ကိုင်း ပညာရေး တက္ကသိုလ် က၄နှစ်တက်ရတာမလား"
"ဟုတ်"
"ဒါဆို ကိုယ်ကခလေးနဲ့ ၄နှစ်ကြီးတောင် ခွဲနေရမှာပေါ့"
"မနေရပါဘူး အရိပ်က ဦးကို နေ့တိုင်းတစ်ရက်မှ မပြတ်အောင် ဖုန်းခေါ်မှာပါ ပြီးတော့ အရိပ် ကျောင်းပိတ်တဲ့ရက်တိုင်း ဦးစီ ပြန်လာမှာပေါ့"
"ဟူး..........ဟုတ်ပါပြီ ခလေး ဟိုမှာ စာကောင်းကောင်း သင်ယူခဲ့ ကိုယ်ကတော့ ဒီမှာ လွမ်းနာကျပြီးသေသွားရင်လဲ ခလေးကိုယ့်ကို စိတ်မပူနဲ့ ကြားလား "
"ကျစ်.......... ဦးနော် ဘာလို့အဲ့လိုတွေ ပြောနေရတာလဲ ဦးမသွားခိုင်းစေချင်ရင် အရိပ်မသွားတော့ပါဘူး"
"ဟာ........အဲ့လိုကြီးတော့ မလုပ်ရဘူးလေ ကိုယ်က ဒီတိုင်း စလိုက်တာပါ"
"ဟွန့်......."
အရိပ် မဏ္ဏိုင်အား မျက်စောင်းလေး ထိုးပစ်လိုက်သည်။
"ဘာလဲ စိတ်ကောက်တယ်ပေါ့ ရတယ်လေ မွ"
မဏ္ဏိုင် စိတ်ကောက်သွားတဲ့ သူ့ရဲ့ခလေးအား ပါးသို့ အနမ်းပေးလိုက်သည်။
"ဟာ........ဦး"
"ဗျ"
"ဘာဗျလဲ ဘာလို့ အရိပ်ရဲ့ ပါးကိုလာနမ်းရတာလဲ"
"အရိပ်က စိတ်ကောက်နေလို့လေ"
"စိတ်ကောက်နေတဲ့လူကို အနမ်းပေးပြီး ချော့ရတယ်ပေါ့ ဟုတ်လား"
"ဟုတ်တယ်"
"သွား........အခုပို စိတ်စိုးသွားပြီ"
"ရတယ်လေ မွမွ"
ဒီတစ်ခေါက်တော့ မဏ္ဏိုင် သယမရဲ့ ပါးနှစ်ဖက်လုံးကို နမ်းလိုက်သည်။
"ဟာ........ဦး ဘယ်လိုဖြစ်နေတာလဲ"
"ခလေး စိတ်ကောက် မပြေမချင်း ကိုယ်က ထပ်နမ်းနေမှာ အခုတစ်ခါတော့ ပါးဘဲနော် နောက်တစ်ကြရင် နှုတ်ခမ်းလေးလာမယ်"
မဏ္ဏိုင်ရဲ့ စကားကြောင့် အရိပ် ထိုနေရာမှ ထွက်သွားဖို့ ပြင်လိုက်စဉ်
"အမယ်လေး!......."
မဏ္ဏိုင် သူမလက်လေးအား ဆွဲချလိုက်ရာ အရိပ် မဏ္ဏိုင်ရဲ့ ရင်ခွင်ထဲသို့ ရောက်သွားရသည်။
"ဦး လွှတ်"
"မလွှတ်ဘူး"
"လွှတ်လို့"
"မလွှတ်ပါဘူးဆို"
"မလွှတ်ရင် ဦးကို အရိပ် မချစ်တော့ဘူ"
"ခလေးကို ကိုယ်က လွှတ်လိုက်ရင် ခလေးက ကိုယ့်ကို စိတ်ကောက်အုံးမှာလား"
"မကောက်ဘူး"
"ဒါဆိုလဲ လွှတ်ပြီ"
ဆိုကာ မဏ္ဏိုင် သူမကိုယ်လေးကို လွှတ်ပေးလိုက်သည်။ မဏ္ဏိုင်လွှတ်ပေးလိုက်သည်နှင့် အရိပ် သူ့အနားလေးမှ ချက်ချင်းပြေးထွက်သွားပြီး ခပ်ဝေးဝေးလောက်ရောက်တော့
"ဦး အရိပ်ကို လွှတ်ပေးရင်လဲ အရိပ် စိတ်ကောက်မပြေသေးဘူးနော် bye ......."
အရိပ် မဏ္ဏိုင်အား လျှာလေးထုတ်ပြကာ ပြောင်ပြလိုက်ပြီး လက်ပြကာ ထွက်သွားလိုက်သည်။
"ဒီခလေးကတော့ အဟွန်း......... "
ဒီလိုနဲ့ တစ်နေ့တာ ကုန်ဆုံးသွားပြီး အရိပ် စစ်ကိုင်းသွားရမယ့် အချိန်ကို ရောက်လာသည်။
"ပြီးပြီလား ခလေး "
"ပြီးပါပြီ"
"ဒါဆို သွားရအောင်"
"ဟုတ်"
ဒီလိုနဲ့ အရိပ်ကော လရိပ်မေကော မဏ္ဏိုင်ရဲ့ ကားပေါ်တက်လိုက်ကြသည်။
"သမီး ကျန်းမာရေးဂရုစိုက်နော်"
"ဟုတ်ကဲ့ အန်တီ"
"အမေလို့ ခေါ်ပါဆို အန်တီလို့ ခေါ်ပြန်ပြီသမီးကတော့"
"ဟီး........အဲ့ဒါဆို သမီးသွားပြီနော် အမေ"
"အဟွန်း........ဟုတ်ပါပြီရှင်"
ဒီလိုနဲ့ အရိပ်ကားထဲကနေ ဒေါ်သက်ထားခင်အား ဖတ်လိုက်ပြီး ခြံထဲမှ ကားလေး ထွက်သွားသည်။
"ခလေး ဟိုရောက်ရင် ကိုယ်ပြောထားတာတွေ မမေ့နဲ့နော်"
"အကုန်လုံး မှတ်ထားပါတယ် ဦးရယ်"
"တစ်နှစ်ကြီးတောင် ခလေးမရှိဘဲ ကိုယ်ဘယ်လို နေရမှာလဲ"
"အရိပ် ညတိုင်း ဖုန်းခေါ်ပါမယ်ဆို ဦးကလဲ"
"ဖုန်းခေါ်ရုံနဲ့ ကိုယ့်အလွမ်းတွေက မပြေဘူး ခလေးရဲ့"
အဟွတ်.......
လရိပ်မေ ရေသောက်နေရာမှ မဏ္ဏိုင်ရဲ့ စကားကြောင့် သီးသွားရသည်။
"လရိပ် ရလား"
"အင်း ......... ရတယ် ရတယ် နင်တို့သာ အလွမ်းကြောင်း ဆက်ပြောကြ"
"လရိပ်......"
လရိပ်မေ စကားကြောင့် မဏ္ဏိုင်ကော အရိပ်ပါ ရှက်သွားရသည်။
"ငါပြောတာ မဟုတ်လို့လား "
"နင်ကတော့ တော်ပြီဟာ ဆက်မပြောတော့ဘူ"
"ခလေး"
"ဘာတုန်း ဦးကလဲ "
"ခလေး ကိုယ့်အပေါ် အချစ်တွေ လျော့လာတယ်နော်"
"ဟာ........ဦးကလဲ အနောက်မှာ လရိပ်ရှိတယ်နော်"
"ဘယ်သူဘဲ ရှိရှိ ခလေးနဲ့ ကိုယ်နဲ့က အခုဘဲစကားပြောလို့ရမှာ"
"အရိပ်က မပြန်လမ်းသွားတာ ကြနေတာဘဲ"
"ဟာ........ အဲ့လိုတွေ မပြောရဘူးလေ ခလေးရဲ့"
"ဦးဘဲ အချစ်တွေ လျော့သွားပြီဆို"
"ဒါပေမယ့်လဲ အဲ့လိုမပြောရဘူးလေ"
"ထားပါ ဦးလဲ အရိပ်မရှိဘူးဆိုပြီး မဟုတ်တာတွေ လျှောက်မလုပ်ရဘူးနော်"
"အဟွန်း........လုပ်စရာလား ခလေးရဲ့ ကိုယ်ပြောပြီးပြီဘဲ ကိုယ့်ခလေးမကြိုက်တာဆို ဘာတစ်ခုမှ မလုပ်ဘူးလို့"
"အဲ့စကား တည်ပါစေနော်"
"တည်ပါတယ်ဗျာ"
"ပြီးသာဘဲ"
"ခလေးလဲ ဟိုရောက်ရင် ဘယ်ယောင်္ကျားလေးနဲ့မှ စကားမပြောရဘူးနော်"
"မပြောပါဘူး အရိပ်က ဦးကလွှဲရင် ဘယ်ယောင်္ကျားလေးကိုမှ လူလို့မမြင်ဘူး"
"အဟွန်း........ဒီခလေး လူကို ဒီစကားတွေနဲ့ဘဲ ချုပ်နေတာ"
"ချုပ်မှာဘဲ"
အဟွန်း........
အဟွတ်.........
လရိပ်မေ ချောင်းဟက်လိုက်တော့ အရိပ်အနောက်လှည့်ကြည့်လိုက်သည်။ မျက်နှာက မချိုမချဉ်နှင့် သူတို့အား ကြည့်နေသည်။ အရိပ် လရိပ်မေ ဘာဖြစ်နေလဲဆိုတာ သိနေသဖြင့် ဘာမှမပြောဘဲ ပြန်လှည့်လာသည်။
ဒီလိုနဲ့ ခဏကြာမောင်းလာပြီးတော့ စစ်ကိုင်းမြို့ရဲ့ပညာရေး တက္ကသိုလ် သို့ ရောက်လာခဲ့သည်။
"လာ ကိုယ်အဆောင်ထဲထိ လိုက်ပို့ပေးမယ်"
"လုံချည်တွေ ဘာတွေပါတယ် ဦးရဲ့ အဲ့ဒါကြောင့် ဦးအရိပ်ရဲ့အဝတ်ထုတ်တွေမရင် ငရဲကြီးနေအုံးမယ် "
"မလိုပါဘူး ပေးပါ"
ဆိုကာ မဏ္ဏိုင်သူမရဲ့ အဝတ်ထုတ်အား မလိုက်ပြီး သူတို့ရဲ့ အဆောင် အခန်းထဲသို့ ဝင်သွားလိုက်သည်။
"နင်ရဲ့ ဦးကလဲ ပိုကိုပိုလွန်းတယ်"
"ချစ်လို့ပိုတာဘဲဟာ ဘာဖြစ်လဲ ဟွန့်........"
အရိပ် နှုတ်ခမ်းလေးစူလိုက်ပြီး လရိပ်မေကို ကျော်တက်ကာ အဆောင်ထဲသို့ ဝင်သွားလိုက်သည်။
"လိုက်ဖတ်ပါပေတယ်"
လရိပ်မေ ခေါင်းခါလိုက်ကာ သူတို့နောက် အမှီလိုက်သွားလိုက်သည်။
"ရပြီဦး ကျေးဇူးဘဲနော်"
"ကျေးဇူးဆိုပြီး ပါးစပ်ကဘဲ ပြောတော့မှာလား"
"အရိပ်က ဘာလုပ်ပေးရမလဲ"
"ဒီမှာ"
မဏ္ဏိုင် သူ့ရဲ့ ပါးလေးကို ပုတ်ပြလိုက်သည်။
"ပါးကို နမ်းရမယ်ပေါ့"
အင်း.......
"လရိပ် တွေ့သွားရင် ဘယ်လိုလုပ်မလဲ"
"သူမှမလာသေးတာ လာပါ အပြန်ကြရင် အားရှိအောင် အနမ်းပေးနော်"
"အင်းပါ မွ"
"ပါးလေးဘဲဆို မလုံလောက်သေးဘူး နှုတ်ခမ်းလေးကော နမ်းမှ အားရှိမှာ ခလေး ကိုယ်ဘယ်လို လုပ်ရမလဲ"
"ဘယ်လိုလုပ်လုပ်"
"အမ်....... ကိုယ် ဘယ်သူ့ကို နမ်းခိုင်းလိုက်ရမလဲ ခလေးကော ကိုယ့်ကိုမနမ်းချင်ဘူးလား"
"မနမ်းချင်ဘူး"
"ဒါဆိုလဲ တစ်ခြားမိန်းကလေးကိုဘဲ နမ်းခိုင်းရတာပေါ့"
"ဟင်........ မရဘူး လာ"
ဆိုကာ အရိပ် မဏ္ဏိုင် ကော်လန်စလေးကို ဆွဲလိုက်ပြီး အနမ်းပေးလိုက်သည်။ ထိုအချိန် လရိပ်မေ အခန်းထဲသို့ ဝင်လာခဲ့သည်။
ဟင်.........
လရိပ်မေ မျက်လုံးလေးပြူးကာ အခန်းတံခါးရှေ့၌ ရပ်ကြည့်နေသည်။ အရိပ် လရိပ်မေကို တွေ့လိုက်မှ မဏ္ဏိုင်အား နမ်းနေသည်ကို ရပ်ပစ်လိုက်သည်။
"ဆောရီး သူများကြည်နူးနေတာကို ဖျက်စီးမိလို့"
"နင်ကတော့နော် လရိပ်"
"ကဲပါ ကိုယ်ပြန်တော့မယ်"
"အရိပ်လိုက်ပို့ပေးမယ်"
"ဟုတ်ပါပြီဗျာ"
"မကြာစေနဲ့အုံးနော်"
"အင်းပါ နင်ကလဲ"
"ဟုတ်တယ်လေ နင်တို့ကပြောမဖြစ်ဘူး ခဏနေ အလွမ်းမခံနိုင်လို့ ရန်ကုန်ကို ပြန်လိုက်သွားမှဖြင့်"
"နင်တော့ နာတော့မယ်နော် လရိပ်"
"ဟိုမှာ နင့်ရဲ့ ဦးကသွားချင်နေပြီ သွားတော့"
ထိုအချိန်မှ အရိပ် မဏ္ဏိုင်ဘက် လှည့်ကြည့်လိုက်သည်။
"သွားမယ် ဦး "
"လာ"
ဒီလိုနဲ့ နှစ်ယောက်သား အောက်ရှိ ကားရပ်ထားတဲ့နေရာသို့ လာခဲ့ကြသည်။
"ဖြေးဖြေးပြန်နော် ဦး"
"ဟုတ်ပါပြီဗျ"
မဏ္ဏိုင် ပြုံးစိစိလေးဖြင့် ပြောလိုက်သည်။
"ပြုံးမနေနဲ့ သူများသွားမှာ အတော်ပျော်နေတယ်ပေါ့"
"မပျော်ရပါဘူးဗျာ ဒီကခလေးကို လွမ်းလွန်းလို့ ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတာ ကမ္ပဏီကိုဘဲ စစ်ကိုင်းသာ ပြောင်းပစ်လိုက်ချင်တယ်"
"အဟွန်း......... ဦးကတော့"
"ကိုယ့်ကိုချစ်တယ်လို့ပြော"
"ချစ်တယ် ဦးကို အရမ်းချစ်တယ် ဦးလဲပြောအုံးလေ "
"ခလေးကို ကိုယ်အရမ်းချစ်တယ် "
ဆိုကာ မဏ္ဏိုင် သူမကိုယ်လေးအား ဆွဲဖတ်ထားလိုက်သည်။
"ဟူး........ခလေး အစားပုံမှန်စားနော် "
"ဟုတ်"
"ပုံမှန်လဲအိပ် စာလဲကောင်းကောင်းလုပ် ကိုယ့်ရဲ့ခလေးကို ကျက်သရေရှိတဲ့ ဆရာမလေးအဖြစ် မြင်ချင်တယ် သိလား"
"ဟုတ်"
"ဒါဆို ကိုယ်သွားပြီ"
မဏ္ဏိုင် သူမကိုယ်လေးကို ဖတ်ထားရာမှ လွှတ်ပေးလိုက်ပြီး နဖူးလေးကို အနမ်းပေးကာ ကားထဲဝင်သွားတော့သည်။
"သွားပြီနော် ခလေး"
"ဟုတ်"
တာ့တာ......
တာ့တာ.......
"အရမ်းချစ်တယ်"
"ဒီကလဲ ချစ်ပါတယ်ဆို"
"အင်းပါ ဒါဆို ကိုယ်သွားပြီ ညကြရင်လဲ ကိုယ့်ကို ဖုန်းဆက်အုံးနော်"
"ဟုတ်"
ဒီလိုနဲ့ မဏ္ဏိုင်ကားလေး အဆောင်ရှေ့မှ ထွက်သွားတော့သည်။ အရိပ် မဏ္ဏိုင်သွားလိုက်မှ အောင့်အီထားတဲ့ မျက်ရည်လေးများ ထွက်လာတော့သည်။
လရိပ်မေ အပေါ်ကနေ သူတို့ကို ကြည့်နေရာမှ အရိပ်ငိုလာသဖြင့် အောက်သို့ဆင်းလာခဲ့ ပြီးအပေါ်သို့ သူမအားခေါ်သွားတော့သည်။
မဏ္ဏိုင်ကား မှန်ထဲမှ သူမလေးအား ကြည့်နေသည်။ သူထွက်သွားမှ ငိုလာတဲ့ အရိပ်အား မဏ္ဏိုင်ကြည့်ရင်းဖြင့် သူပါ မျက်ရည်များ ဝဲတက်လာသည်။
"တစ်လနှစ်လဆို ကိုယ်နေသာပါတယ် ခလေးရယ် တစ်နှစ်နေမှ တစ်ခါပြန်လာမှာဆိုတော့ ကိုယ်ဘယ်လိုနေပြီး ဘယ်လို စောင့်ရမှာလဲ ခလေးရယ်"
စာဖတ်သူလေးများအားလုံး ရောဂါဘေး လက်နက်ဘေးမှ ကင်းဝေးကြပါစေ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါနော်။🙏🙏