"ရှင်ကြီးချစ်တဲ့ကျွန်မ"
"ရွာထဲကလူတွေအကုန်လုံး ဘုန်းကြီးကျောင်းသွားကြတာလား"
"ဟုတ်တယ် "
"ဘုန်းကြီးကျောင်း သွားတာလေးကို ဘာလို့ အိမ်တံခါးတွေ အကုန်လုံးပိတ်သွားကြတာလဲ"
"အဲ့ဒါက သူခိုးဝင်မှာစိုးလို့လေ အရိပ်တို့ရွာက ပွဲတွေဘာတွေရှိရင် တစ်ရွာလုံး သွားကြတာလေ အဲ့ချိန်ဆို ရွာထဲက ပိုက်ဆံရှိတဲ့အိမ်ကော မရှိတဲ့အိမ်ကော အကုန်းလုံးကို သူခိုးတွေက ပတ်ခိုးကြတာ အဲ့ဒါကြောင့်မို့"
"အော်......."
ဒီလိုနဲ့ နှစ်ယောက်သား ရွာထဲအနှံ့ လမ်းလျှောက်လာခဲ့ကြသည်။ ခဏကြာတော့ အိမ်တစ်အိမ် ရဲ့အပေါ်ထပ်သို့ လူနှစ်ယောက် ခိုးကြောင်ခိုးဝှက်ဖြင့် တက်သွားသည်။
"ဟိုမှာကြည့်ကြည့် ဉီးခမ်း "
သူမလေးလက်ညိုးထိုးပြရာသို့ မဏ္ဏိုင် ကြည့်လိုက်သည်။
"ဘယ်သူတွေလဲ"
"အဲ့ဒါသူခိုးတွေဘဲ အခုသူတို့လုပ်ငန်းစပြီထင်တယ်"
"အဲ့လိုလုပ်လို့ရမယ်ထင်နေလား"
ဆိုကာ မဏ္ဏိုင် သူခိုးဝင်နေတဲ့ အိမ်သို့ လျှောက်လာခဲ့သည်။
"ဟိတ် လူကြီး ဘယ်သွားမလို့တုန်း ပြန်လာခဲ့ သူတို့မှာလက်နက်ပါတယ်ရှင့်"
မဏ္ဏိုင် ဘာမှပြန်မပြောဘဲ ထိုအိမ်သို့သာ လျှောက်လာသည်။ ထိုအိမ်ရှေ့ရောက်တော့
"သူခိုးကောင်တွေ ထွက်လာစမ်း အလုပ်ကမလုပ်ချင်ဘူး အချောင်စားချင်တဲ့ကောင်တွေ အခုချက်ချင်းထွက်လာခဲ့"
"ဟာ ဒီဉီးလေးကြီးနဲ့တော့ အရိပ်ပြောတာမကြားဘူးလား သူတို့မှာ ဓား တွေပါတယ် တစ်ခါတစ်လေဆို သေနတ်တွေတောင်ပါသေးတယ် လာပါနော် တစ်ခုခုဖြစ်သွားရင်မလွယ်ဘူး"
ဆိုကာ အရိပ် မဏ္ဏိုင် လက်မောင်းလေးကိုဆွဲခေါ်နေသည်။ ခဏကြာတော့ အိမ်ထဲမှ လူသုံးယောက်လေးယောက်လောက်ထွက်လာသည်။ လက်ထဲတွင်လဲ ဓားတွေကိုင်ထားသေးသည်။
"သွားစို့ ဉီးခမ်း ဒီမှာဆက်နေနေရင် သေသွားလိမ့်မယ် အရိပ်က ငယ်သေးတယ်နော် မသေချင်သေးဘူးရှင့်လာပါ"
"ကိုယ်လဲမသေချင်သေးပါဘူး မိန်းမယူရအုံးမှာ"
"အဲ့ဒါဆိုရင်သွားရအောင်နော် လာပါ ဟိုမှာလာနေကြပြီး"
ဓားတွေနှင့် ထိုလူလေးယောက် သူမတို့ရှိရာလာနေကြသည်။ သူမလဲ မဏ္ဏိုင်လက်လေးကို ကိုင်လိုက်ပြီး ထွက်ပြေးလာခဲ့သည်။ ထိုလူ လေးယောက်လဲ သူမတို့နောက် အမှီလိုက်လာကြသည်။ မဏ္ဏိုင် ထိုလူလေးယောက်အား မကြောက်ပေမယ့် သူမလေး သူ့လက်ကိုကိုင်ကာပြေးနေသဖြင့် သူလဲ ဘာမှပြန်မပြောဘဲ သူမနောက်မှ သူမလက်လေးကို တင်းကျပ်စွာကိုင်ထားလိုက်ပြီး လိုက်လာခဲ့သည်။ အချိန်အနည်းငယ်ကြာတော့ လယ်ကွက်တွေရှိတဲ့ဘက် ရောက်လာခဲ့သည်။ သူမအကြံရသွားကာ လယ်ကွက်နားလေးတွင် အစုလိုက်ရှိနေတဲ့ ချံုတွေကြားထဲ ဝင်ပုန်းဖို့ ချုံတွေနား ကပ်သွားလိုက်ပြီး မဏ္ဏိုင်လက်ကလေးကိုကိုင်ကာ ခုန်ချလိုက်သည်။
ဗုတ်......
သူမကိုယ်လေး မဏ္ဏိုင် ရင်အုပ်ကျယ်ကျယ်ပေါ် ရောက်သွားသည်။ သူမထဖို့ပြင်လိုက်ပေမယ့် မဏ္ဏိုင် သူမခါးလေးကနေ မထဖို့အတွက်ကိုင်ထားလိုက်သည်။ ခနနေတော့ သူမတို့နောက်လိုက်လာသည့် သူခိုးတွေ သူတို့နားရောက်ကြသည်။ သူတို့ချုံထဲတွင်ပုန်းနေသဖြင့် မတွေ့ပေ။ သူမလေး အရမ်းကြောက်ကာ မျက်လုံးလေးကို တင်းနေအောင်မှိတ်ထားသည်။
"တောက်...... ဘယ်ရောက်သွားတာလဲကွာ ဒီနားလေးတင်ကို တောက်..... ဟိတ်ကောင်တွေ မင်းတို့နှစ်ယောက်ဟိုဘက် ခွဲရှာစမ်း ငါဒီဘက်မှာ ရှာလိုက်မယ်"
ဆိုကာ သူခိုးများသူတို့အနားမှ ထွက်သွားကြသည်။ သူခိုးတွေထွက်သွားမှ သူမလဲ လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး ထဖို့ပြင်လိုက်သည်။
သူထဖို့ လုပ်လိုက်ပေမယ့် မဏ္ဏိုင် သူမလက်ကောက်ဝတ် ကိုကိုင်လိုက်ပြီး သူ့ကိုယ်ပေါ်သို့ ပြန်ကျသွားအောင်ဆွဲလိုက်သည်။
"ဗုတ်...... ဘာလို့လက်ကိုဆွဲလိုက်တာလဲ ဖယ်ပေးပါ"
"မဖယ်ပါဘူး ကိုယ့်ရင်ခုန်သံတွေ ဘယ်လောက်မြန်နေလဲ နားထောင်ခိုင်းချင်လို့"
"အို....... မနားထောင်နိုင်ပါဘူး ဖယ်ပေးပါ "
အရိပ်ပြောရင်း ရှိုက်သံလေးပါလာသည်။
"ဟင်...... ငိုတော့မှာလား ကိုယ်က စတာပါကွာ ထတော့ အခုလွှတ်ပေးလိုက်ပြီ"
မဏ္ဏိုင် အရိပ်လက်လေးကို အမြန်လွှတ်ပေးလိုက်သည်။ သူမလဲ အမြန်ထလိုက်ပြီး တစ်ဖက်သို့ လှည့်ထားသည်။ မဏ္ဏိုင် လဲထလိုက်ပြီး သူ့ကိုယ်ပေါ် ကပ်နေတဲ့ အမှိုက်အနည်းငယ်နှင့် ဖုန်တွေအား ခါလိုက်သည်။
"ဟိတ် ချာတိတ် ဘာလုပ်နေတာလဲ သွားမယ်လေ"
ရှင်......
သူမ မဏ္ဏိုင်ဘက် လှည့်လိုက်သည်။
"အဟွန်း ချာတိတ် မျက်နှာကြီးက ဘာဖြစ်နေတာလဲ"
"ရှင်....."
"မျက်နှာကြီးကရဲနေတယ်လို့ ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား"
"ရှင်.....အော်......မ...မဟုတ်ပါဘူး အရိပ်နေကောင်းပါတယ်"
အဟွန်း.......
မဏ္ဏိုင်တစ်လျက် ပြုံးလိုက်ပြီး သူမခေါင်းလေးပေါ်က ဆံနွယ်တွေပေါ် တွယ်ကပ်နေတဲ့ အမှိုက်တစ်ချို့အား ဖယ်ပေးလိုက်သည်။ အရိပ် မဏ္ဏိုင်အား မျက်လုံးအဝိုင်းသာ ငေးကြည့်နေသည်။ သူ့ရဲ့ ပြောင်လက်နေသော မျက်နှာက နေရောင်အောက်တွင် အတော် ချောမောခန့်ညားနေသည်။ သူမစိတ်ထဲတစ်မျိုးလေးဖြစ်သွားပြီး မျက်နှာလေးလဲ ပိုရဲသွားသည်။
"ဘာဖြစ်နေပြန်ပြီလဲ မျက်နှာလေးက ခဏကထက်ပိုရဲလာသလိုဘဲ"
မဏ္ဏိုင်သူမလေးနှင့် မျက်နှာချင်းဆိုင် ဖြစ်သွားအောင် ဒူးကွေးလိုက်ပြီး ဒူးပေါ်လက်ထောင်ကာ ပြောလိုက်သည်။
"ရှင်......ဟို....ဟို.....အဲ့ဒါက နေအရမ်းပူလို့ပါ"
အရိပ် သူမပါးလေးကိုတစ်ဖက်ချင်းစီကိုင်လိုက်ပြီး ခေါင်းလေးငုံ့ကာ ဖြေလိုက်သည်။
"အဟွန်း.....ဟုတ်ပါပြီ လာသွားမယ်"
"ဟုတ်....."
အဲ့ဒါနဲ့ မဏ္ဏိုင် လယ်ကွက်တွေရဲ့ အပေါ်သို့ ပုဆိုးလေးမကာ တက်လိုက်သည်။ သူသာ အပေါ်ရောက်သွားတာ။ သူမကတော့ တက်မလာသေး။
မဏ္ဏိုင် သူမအပေါ်သို့ မရရအောင် တက်နေတဲ့ သူမပုံလေးအား လက်လေးပိုက်ကာပြုံးလျက် ကြည့်နေသည်။
"ပေး လကျ"
"ရှင်....."
"ချာတိတ် ရဲ့လက်ပေးလို့ အပေါ်တက်လို့ရအောင် ကိုယ်ကူညီပေးမလို့"
"ဟုတ်....."
သူလဲ ကိုယ့်ဘာသာတက်နေသော်လဲ မရတာနှင့် လက်လှမ်းပေးလိုက်သည်။ မဏ္ဏိုင် သူမလက်လေးကို လှမ်းဆွဲလိုက်ပြီး အပေါ်သို့ရောက်အောင်ထိန်းထားပေးသည်။ သူမအပေါ်သို့ ရောက်လာတော့ သူမကိုယ်လေး မထိန်းနိုင်ကာ အောက်ကျတော့မလို ဖြစ်သွားစဉ် မဏ္ဏိုင် သူမခါးကနေကိုင်လိုက်ပြီး ထိန်းထားပေးလိုက်သည်။ သူမကျသွားပြီထင်ကာ မျက်လုံးလေးသာ မှိတ်ထားပြန်သည်။
"ချာတိတ် မျက်လုံးဖွင့်ပါအုံး "
မဏ္ဏိုင် အပြောကြောင့်သူ မျက်လုံးဖွင့်လိုက်ချိန် နေရောင်အောက်မှာ တောက်ပနေတဲ့ သူ့မျက်နှာလေးအား တွေ့လိုက်ပြန်သည်။
"ဒီလူတော်တော်ချောတာဘဲ"
သူမစိတ်ထဲကနေပြောလိုက်ပြီး မဏ္ဏိုင်အား အချိန်အတော်ကြာ ငေးကြည့်နေမိသည်။
"ဟိတ် ချာတိတ် ကိုယ်ဒီလောက်တောင်ချောတာလား"
"ရှင်......"
ထိုအချိန်မှ သူမအသိပြန်ဝင်လာကာ သူမကိုယ်လေးကို ပြန့်တည့်လိုက်သည်။
"သွားမယ်လေ......"
သူမရှက်ရှက်ဖြင့် မျက်နှာလေး အောက်ငုံ့ပြီး ပြောလိုက်သည်။
"သွားမယ်....."
အဲ့ဒါနဲ့ သူတို့နှစ်ယောက် ဘုန်းကြီးကျောင်းရှိရာ လာခဲ့ကြသည်။
"ရောက်ပြီလားသား "
"ဟုတ်အမေ......"
"လာဒီမှာလာထိုင်စား"
သူတို့လာခဲ့တဲ့ အချိန်က ရွာထဲရှိလူများ နေ့လယ်စာ စားနေကြပြီ။
"အော်......သမီးအရိပ်လေးကော တစ်ခါတည်းလာထိုင်စားလိုက်ပါလား"
"ရပြီအန်တီရဲ့ သမီးသူငယ်ချင်း စောင့်နေလို့ပါ"
"အော်.....အေးပါကွယ်..... အဲ့ဒါဆိုသား လာလေ"
"အော်.....ဟုတ်....."
မဏ္ဏိုင် မသွားချင်သွားချင်ဖြင့်သာ သွားလိုက်ရသည်။ သူမကတော့ သူမသူငယ်ချင်းရှိရာဘက်သို့ ပြုံးပျော်စွာဖြင့်သွားလိုက်သည်။
ဒီလိုနဲ့ ညနေစောင်းတောင်ရောက်ခဲ့ပြီ။ မဏ္ဏိုင် သူမလေးအား လိုက်ရှာနေမိသည်။ ခဏနေဆို မဏ္ဏိုင် ရန်ကုန်ကိုပြန်ရတော့မည်။ မပြန်ခင် သူမမျက်နှာအား တစ်ဝကြီးကြည့်သေးသည်။ နှုတ်ဆက်စကားလဲပြောချင်သေးသည်။
"ဟူး.......ဘယ်တွေသွားနေတာလဲ ချာတိတ်ရယ် ကိုယ်က ပြန်ရတော့မှာ...."
မဏ္ဏိုင်စိတ်ထဲ ပြန်ရမှာကို စိုးရိမ်နေမိသည်။ ခဏကြာတော့
"သား သွားစို့လေ အဲ့မှာဘာရပ်လုပ်နေတာလဲ"
"အော်.....ဘာမှမလုပ်ပါဘူး အဲ့ဒါဆိုလဲ သွားမယ်လေ"
"အေးအေး......"
သူ ညောင်ပင်ကြီးအား ရေလောင်းနေသော မိန်းကလေးအဖွဲ့ကို ကြည့်လိုက်ပေမယ့် သူမတွေ့ခဲ့ပေ။
အဲ့ဒါနဲ့ မဏ္ဏိုင်စိတ်မကောင်းစွာဖြင့်သာ ထွက်လာခဲ့သည်။
"ဟွန့်.....ဉီးလေးကြီး ငါ့ကို ရှာနေတယ်ပေါ့ ဘုန်းကြီးကျောင်းထဲမှာဘဲကို ဘယ်တွေရှာနေမှန်းမသိဘူး "
အရိပ် ေကျာင်းကြီးပေါ်မှ မဏ္ဏိုင် ထွက်သွားသည်ကို ကြည့်နေသည်။ သူကြည့်နေရင်း စိတ်ထဲ ဝမ်းနည်းလာသည်။
"ဘယ်လိုခံစားချက်ကြီးပါလိ်မ့် ဟူး...... တစ်ခါလေးဘဲတွေ့ခဲ့ရတဲ့လူနဲ့ ခွဲရမှာကို ဘာဖြစ်နေမှန်းလဲမသိဘူး"
သူမပြောလဲပြီးရော ဘုန်းကြီးကျောင်းမှ အိမ်သို့ ပြန်လာခဲ့သည်။ သူမအိမ်ရှေ့လဲရောက်ရော တစ်ဖက်ရွာက သူဌေးလင်မယား သူမတို့အိမ်ထဲမှ ထွက်လာကြသည်။
"သမီးအရိပ်ပြန်လာပြီလား အမလေး ချစ်စရာကောင်းလိုက်တာနော် နောက်ဆိုသမီး ချောလေးကို ချွေးမတော်ရတော့မှာဘဲ"
"ရှင်.....အန်တီဘာပြောေနတာလဲ အရိပ်နားမလည်ဘူးရော်"
"ဒေါ်ခင်လေးရေ ရှင်ဘဲပြောလိုက်တော့နော် "
"ဟုတ်ပါပြီရှင်"
"အဲ့ဒါဆိုကျွန်မတို့သွားပြီနော် "
"ဟုတ်ကဲ့ပါ ဖြည်းဖြည်းနော်"
"ပြန်ပြီနော် သမီး"
ဟုတ်......
သူတို့လဲြပန်သွားသည်နှင့် သူမ ဒေါ်ခင်လေးအား မေးလိုက်သည်။
"အန်တီခင်လေး သူတို့တွေက"
"လာ အထဲဝင်ပြီးမှ ပြောရအောင် "
ဒေါ်ခင်လေးခေါ်နေသည်နှင့် သူမလဲ အထဲသို့ဝင်သွားသည်။
"လာ ထိုင်.....ငါပြောမှာကို သေချာနားထောင်ကြားလား"
"ဟုတ်"
"သူတို့သားနဲ့ ညည်းနဲ့ကိုပေးစားချင်လို့ အဲ့ဒါ လာပြောတာ"
"ရှင်....."
"ရှင်မနေနဲ့ သူတို့ဘက်က အမျိုးကောင်းတွေဟဲ့ ညည်းသာ သူ့သားကိုယူလိုက်ရင် သူဌေးကတော် ဖြစ်သွားမှာသိလား "
"ဒါပေမယ့် အရိပ်......"
"ဘာမှပြောမနေနဲ့ ငါလက်ခံလိုက်ပြီ"
"အရိပ်ကျောင်းတက်ရအုံးမယ်လေ ပြီးတော့ အရိပ်ကအသက်၁၆နှစ်တောင်မပြည့်သေးဘူးလေ ဟိုကအသက်ကြီးကြီးနဲ့ အရိပ်သူ့ကိုမယူချင်ဘူး"
"ယူရမှာဘဲ ငါပြောတောင်ပြောထားပြီးပြီ ပြီးတော့ သူကလဲ အသက်အဲ့လောက်မကြီးပါဘူး ၂၃ ဘဲရှိပါသေးတယ်"
ထိုလူအသက်၂၃သာဆိုပေမယ့် အသားမည်းမည်း ပိန်ပိန်ရှည်ရှည်ကြီး ကြောင့် အသက်၃၀လောက်ရှိပြီဟုထင်ရသည်။
"အရိပ် လုံးဝလက်မထပ်နိုင်ဘူးနော် "
"ညည်းလက်မထပ်ချင်ရင် ၁၀တန်းဆက်တက်ဖို့မစဉ်းစားနဲ့ ငါဒါဘဲပြောလိုက်မယ် ညည်းသာ သူ့ကိုလက်ထပ်ရင် ညည်းကို ငါကိုယ်တောင် ၁၀တန်းအောင်အောင်ထားပေးမယ်"
အဟင့်......
သူမမျက်ရည်များ အတားအဆီးမဲ့စွာ ပါးပြင်ထက်သို့ကျဆင်းလာသည်။ ထို့နောက် သူမအခန်းလေးရှိရာ လာခဲ့ပြီး ကုတသ်ပေါ် တက်ထိုင်းပြီး ငိုနေလိုက်သည်။
"အမေရေ အမေ့သမီးကိုလာကြည့်ပါအုံး အသက်မပြည့်သေးဘဲ ယောကျာ်း ယူခိုင်းနေပြီအမေရဲ့ သမီးအမေ့ဆီလာခဲ့ရမလားဟင်.....အဟင့်......"
သူမငိုနေရင်း စဉ်းစားမိလိုက်တာက သူမအိပ်ရာဘေးနားက စားပွဲသေး လေးပေါ်တွင်ခေါက်လျက်တင်ထားတဲ့ ဖုန်းနံပါတ် တစ်ခုရေးထားတဲ့စာရွက်လေးပင်။ ထိုစာရွက်လေးကိုတွေ့သည်နှင့် သူမခဏက ဝမ်းနည်းအနည်းငယ်ပျောက်သွားသည်။ သူမမျက်နှာတွင် အပြုံးလေးများပေါ်လာသည်။