book

Index 29

အပိုင်း(၂၉)

"ရှင်ကြီးချစ်တဲ့ကျွန်မ"


"ရောက်ပါပြီဗျ လာဆင်း"

"ဟုတ် "

မဏ္ဏိုင် ကားတံခါး ဖွင့်ပေးလခုက်ပြီး အရိပ်လဲ ကားပေါ်မှဆင်းလာခဲ့သည်။

"ခလေး လမ်းလျှောက်နိုင်ရဲ့လား"

"လျှောက်နိုင်ပါတယ် ဉီးကလဲ"

"အဟွန်း....... ဟုတ်ပါပြီဗျာ ဒါဆိုလဲ ဝင်ရအောင်"

ဒီလိုနဲ့ သူတို့ ကမ္ပဏီ ထဲဝင်သွားလိုက်ကြသည်။
ကမ္ပဏီ ထဲမှဝန်ထမ်းတွေ သူတို့အား ထူးဆန်းသောမျက်လုံးများနှင့် ကြည့်နေကြသည်။ မဏ္ဏိုင်ကတော့ သူတို့ရဲ့အကြည့်ကို ဂရုမစိုက်ကာ ဓာတ်လှေကားစီသို့ ဝင်သွားလိုက်သည်။

"ဉီး.......ခဏက မမတွေက အရိပ်တို့ကို ဘာလို့ကြည့်နေတာလဲဟင်"

"အဲ့ဒါက ကိုယ့်ရဲ့ခလေးချောလို့ ကြည့်နေကြတာတဲ့"

"ဟွန်း........နောက်ပြီ"

"မနောက်ရပါဘူးဗျာ "

"ကဲ အဲ့ဒါတွေထားပါ အရိပ်၁၀တန်းဖြေထားတဲ့ အောင်စာရင်း တောင်ထွက်တော့မယ်"

"ဟုတ်သားဘဲ ကိုယ့်ခလေးကတော့ ဂုဏ်ထူးပါမှာ သေချာပြီးသား"

"မပါခဲ့ရင်ကော"

"ဂုဏ်ထူးမပါခဲ့ရင် ခလေးကို ကိုယ်က အပြစ်ပေးမှာ"

"ဘာအပြစ်ပေးမှာလဲ"

"အမ်........ အပြစ်က သိပ်မကြီးပါဘူး ခလေးရဲ့ ဒီပါးဖောင်းဖောင်းလေးတွေကို ကိုယ်က ကိုက်ပစ်မှာ"

"ဟာ....... အဲ့ဒါဆို ဉီးက ခွေးဖြစ်သွားမှာပေါ့"

"ဖြစ်ချင်ဖြစ်ကွာ "

"ဉီးကတော့ ဘာတွေပြောမှန်းမသိဘူး"

"ဒီလိုတွေကလဲ ခလေးနဲ့တွေ့မှပြောတက်လာတာပါ"

"ဒါဆို ဉီးက အရိပ်ကို အရမ်းချစ်တာပေါ့"

"ဘယ်လိုများမေးလိုက်တာပါလိမ့် ချစ်တာပေါ့ ကိုယ့်ရဲ့အချစ်က ကဗျာတွေ စာတွေဖွဲ့လို့ကို မှီမှာမဟုတ်ဘူး ကိုယ်က ခလေးကို အသက်နဲ့ရင်းပြီးကို ချစ်တာပါဗျာ"

ဆိုကာ မဏ္ဏိုင် သူမလေးကို ဘေးတိုက်အနေဖြင့် ဖတ်ပစ်လိုက်သည်။ ထိုအချိန် တိုက်တိုက်ဆိုင်ဆိုင် ဓာတ်လှေကားတံခါးက ပွင့်သွားပြီး ဝန်ထမ်းနှစ်ဉီး သူတို့ရဲ့အ​ေရ​ှ့မှ ဖြတ်လျှောက်လာသည်။

ဟင်.......

မဏ္ဏိုင် အရိပ်လေးအား ဖတ်နေသည်ကို ထိုဝန်ထမ်းကောင်မလေးနှစ်ယောက် အံဩကာ ကြည့်သွားကြသည်။

"ဉီးကလဲ လူတွေရှိနေတာကို ဖတ်ထားသေးတယ်"

"ဘာဖြစ်လဲ ကိုယ့်ချစ်သူကို ကိုယ်ဖက်တာဘဲ"

"တစ်ခြားလူကိုလဲ ဖတ်လို့မရပါဘူးနော် ဖတ်လို့ကတော့ ဒီဗိုက်ခေါက်ကို လိမ်ဆွဲပစ်မှာ"

"အဟား........ ကြောက်ပါတယ်ဗျာ"

"ကြောက်ရင်လဲ ပြီးသာဘဲ သွားမယ်"

"ဟုတ်"

မဏ္ဏိုင် သူမလေးအနောက်မှ ကုပ်ကုပ်လေး လိုက်သွားလိုက်သည်။

မဏ္ဏိုင်ရဲ့ ရုံးခန်းထဲရောက်တော့ အရိပ် ဆိုဖာပေါ်တွင် ထိုင်နေလိုက်သည်။ မဏ္ဏိုင်ကတော့ သူမရှိတဲ့ ရက်တွေအတွင်း လုပ်ရမည့် အလုက်များကို လုပ်နေလျက် ဖုန်းသံကြောင့် ဖုန်းလှမ်း ကိုင်လိုက်သည်။

"ဟယ်လို......"

"ဟယ်လို........ငါ ထက်မြတ်"

"အော်....... မင်းဘာပြောမလို့လဲ ထက်မြတ်"

"မင်းသိပြီးပြီလား "

"ဘာကိုလဲ"

"ဧကရီဇန် သူ့အဖေ ကမ္ပဏီ ဒုက္ခရောက်နေတယ်ဆိုတာလေ"

"အင်း........ ကြားတော့ကြားမိပါတယ်"

"အဲ့ဒါ ဧကရီဇန် သူအဖေရဲ့ ကမ္ပဏီ ကိုကယ်ဖို့ နိုင်ငံခြားကို ၂နှစ် ၃နှစ်လောက် သွားဖို့ရှိတယ်တဲ့"

"ဟုတ်လား"

"ဟုတ်တယ် "

"ဒါနဲ့ မင်းကဘယ်လိုသိတာလဲ"

"ဒီလိုပါဘဲ ငါ့အဖေတွေစီက ပြောသံကြားလို့"

"အေးပါ ဒါဆိုငါဖုန်းချပြီနော်"

"အေးအေး"

မဏ္ဏိုင် ပြုံးလျက်သားနှင့် ဖုန်းကို ချပစ်လိုက်သည်။

"ဉီး ဆရာကဘာတဲ့လဲ"

"ဧကရီဇန် နိုင်ငံခြားကို ၂နှစ်၃နှစ်လောက် သွားမလို့တဲ့"

"အော်........"

အရိပ်အတွက်ကတော့ ဘာမှမထူးဆန်းပေမယ့် ထိုစကားက မဏ္ဏိုင်အတွက်ကတော့ သတင်းကောင်းပေ။

ဒီလိုနဲ့ လအနည်းငယ်ကြာတော့ ဧကရီဇန် လဲအလုပ်ကိစ္စနှင့် နိုင်ငံခြားသို့ ထွက်သွားလိုက်သည်။ နောက်ပြီး ဒီနေ့ဟာဆိုရင် အရိပ်ရဲ့ ၁၀တန်း ဖြေဆိုထားသည့် အမှတ်စာရင်း များထွက်မည့်နေ့ပင်။ အရိပ်အပါအဝင် မဏ္ဏိုင်ကော အိမ်ရှိတစ်အိမ်လုံးနှင့် မဏ္ဏိုင်ရဲ့ အမေပါမကျန်ည ၁၂နာရီကျော်တွင် ထွက်လာမည့် အမှတ်စာရင်းကို ညလုံးပေါက်ထိုင်စောင့်နေကြသည်။

"ဉီးရယ် ထိုင်ပါအုံး ဘာလို့မတ်တပ်ကြီးဘဲ ရပ်နေရတာလဲ"

"ကိုယ် အရမ်းစိတ်လှုပ်ရှားနေတယ် သိလား"

"ဉီးကလဲနော် အရိပ်က ပိုပြီး စိတ်လှုပ်ရှားရမှာကို ဉီးက အရိပ်ထက်ပိုပြီး စိတ်လှုပ်ရှားနေရတယ်လို့"

"ဟူး........"

မဏ္ဏိုင်လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး အရိပ်ဘေးတွင် ထိုင်နေလိုက်သည်။
ဒီလိုနဲ့ ခဏကြာထိုင်စောင့်နေပြီး ၁၂နာရီထိုးသွားသည်။ ထိုအချိန် ထက်မြတ်စီမှ ဖုန်းဝင်လာသည်။

"ဟိတ်ကောင် ထက်မြတ် ဘာ.....ဘာတဲ့လဲ"

"အမ်...... အရိပ်........"

"ဟာ....... မင်းအမြန်ပြောစမ်းကွာ"

"အေးပါဟ မင်းကလဲစိတ်လျော့ကာ ပြောပါမယ်"

"အမြန်ပြော"

"ဒါနဲ့ မင်းနေကောင်းလား"

ထက်မြတ် မဏ္ဏိုင် အကြောင်းသည်သဖြင့် တစ်မင် စလိုက်သည်။

"ခွေးကောင်ရဲ့"

"ဘာ ရတယ်လေ မပြောတော့ဘူ"

"ဟာ....... အဲ့လိုမလုပ်ပါနဲ့ဟာ ​ပြောပါ ငါ့ကောင်ရာ နော် "

"အေးပါ....... အရိပ် ဂုဏ်ထူး ၄ဘာသာပါတယ်"

"ဘာ.......၄ဘာသာ ဟုတ်လား ထက်မြတ်"

"ဟုတ်တယ်"

မဏ္ဏိုင် ထက်မြတ်စီမှ သိချင်တာသိရသည်နှင့် ချက်ချင်းဖုန်းချပစ်လိုက်ပြီး အရိပ်အား ဆွဲဖတ်ပစ်လိုက်သည်။

"ဉီး ဘာတဲ့လဲ"

"အရိပ် ဂုဏ်ထူး ၄ဘာသာပါတယ်တဲ့"

"ဟင်......."

သူမလဲ အရမ်းပျော်သွာကာ မဏ္ဏိုင်အား ဖတ်ထား ပစ်လိုက်သည်။

"၄ဘာသာကြီးတောင် တော်လိုက်တာ ခလေးရာ"

"အဟင့်....... ကျေးဇူးပါ ဉီး"

"ဘာကိုလဲ"

"အရာရာအားလုံးအတွက်"

"မလိုပါဘူး ခလေးရာ တိတ်တော့"

"ဟုတ်...... ကြီးသန်းလဲ ကျေးဇူးတင်ပါတယ်နော်"

"မလိုပါဘူး သမီးရယ်"

အရိပ် ကြီးသန်းအား ဖတ်လိုက်သည်။

"ဒါဆို သမီးသွားအိပ်တော့လေ"

"ဟုတ်......."

"လာခလေး"

ဒီလိုနဲ့ သူတို့အပေါ်ထပ်ရှိ အရိပ်ရဲ့ အခန်းသို့ တက်သွားလိုက်ကြသည်။

"အိပ်တော့နော် ခလေး"

"ဟုတ်....... ဒါနဲ့ အရိပ် အရိပ်ရဲ့ သူငယ်ချင်းကို ဖုန်းဆက်ပြီးမေးရအုံးမယ် နောက်ပြီး ဉီးရဲ့ အမေကိုလဲဖုန်းဆက်ရအုံးမယ် အော်......... မေ့နေတာ အရိပ် သူငယ်ချင်း ဖုန်းနံပါတ်မှ အရိပ်စီမှာ မရှိတာ"

"ထားလိုက်ပါတော့ ခလေးရယ် အိပ်ပါတော့ဟုတ်ပြီလား မနက်ကြရင် ကိုယ် ခလေးသူငယ်ချင်းရဲ့ ဖုန်းနံပါတ်ရအောင် ရှာပေးမယ် နောက်ပြီး အမေ့ကိုလဲ ကိုယ်ဖုန်းဆက်ပြီး ပြောထားလိုက်မယ် ဟုတ်ပြီလား"



"ဟုတ်....... ဒါဆို အရိပ် အခန်းထဲဝင်ပြီနော်"

"နေအုံးလေ"

"ဘာဖြစ်လိုလဲ"

"ဒီမှာ"

မဏ္ဏိုင် သူ့နှုတ်ခမ်းလေးကို လက်ညိုးနှင့် ထိကာအနမ်းပေးဖို့ လုပ်​ြပနေသည်။

"အဟွန်း........ ဉီးကတော့"

ဆိုကာ အရိပ် ခြေဖျားလေးထောက်လိုက်ပြီး မဏ္ဏိုင်ရဲ့ ကော်လံလေးကို ကိုင်ကာ ခေါင်းငုံ့ခိုင်းလိုက်ပြီး မဏ္ဏိုင်အား အနမ်းပေးလိုက်သည်။ ထိုအနမ်းများက အရင်ကထက် ပို၍ရှည်ကြာနေသည်။ ခဏကြာတော့ အရိပ် နှုတ်ခမ်းလေး ခွာလိုက်သည်။

"အဟွန်း........အရမ်းချစ်တယ်ခလေး"

"အရိပ်လဲ ဉီးကို အရမ်းချစ်တယ်"

"ဒါဆို ပါးကိုအာဘွားပေး"

"ဟွန်း...... ဇာတ်လမ်းက စလာပြီ"

"မစပါဘူးဗျ လုပ်ပါ ပါးကိုဘဲ နော် "

"ဒီနေ့ စိတ်ကောင်းနေလို့နော် မဟုတ်လို့ကတော့ အဟင်း....."

သူမပြောရင်းဖြင့် မဏ္ဏိုင်အား မျက်စောင်လေး ထိုးကာ ကြည့်လိုက်သည်။

"အဲ့လိုကြီး မကြည့်ပါနဲ့ဗျာ ခလေးကလဲ"

"လာပါ ရွှတ်........"

အရိပ်မဏ္ဏိုင် ပါးလေးအား ရွှတ်ကနဲ နမ်းပေးလိုက်သည်။

"ဒါဆိုသွားပြီ ဂွတ်နိုက်"

"ဂွတ်နိုက်ပါဗျ"

အရိပ် အခန်းထဲဝင်သွားပြီး အိပ်လိုက်သည်။ မဏ္ဏိုင်လဲ ပြုံးလျက်နှင့် အခန်းထဲသို့ ဝင်သွားလိုက်သည်။ ခဏကြာသည်အထိ မဏ္ဏိုင် သူ့အမေနှင့် အရိပ်အကြောင်း ဖုန်းပြောနေကြသည်။ ဖုန်းပြောပြီးမှ မဏ္ဏိုင်လဲ အိပ်ရာဝင်လိုက်တော့သည်။

ဒီနေ့ စာအရမ်းကို တိုသွားပါတယ်နော်။ ဒီနေ့ ကျွန်မ မအားလို့ နည်းနည်းဘဲရေးပေးလိုက်တာပါ ။ နောက်ပြီး ဉီးနဲ့ခလေးကို အမြန်ဇာတ်သိမ်းပေးလိုက်ပါတော့မယ်နော်။ ဘာလို့လဲဆိုတော့ ဝတ္ထု အသစ်လေး ရေးတော့မှာမို့လို့ပါ​နော်။

စာဖတ်သူလေးများ အားလုံး လက်နက်ဘေး ရောဂါဘေး မှကင်းဝေးကြပါစေ။

ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။ 🙏🏻🙏🏻


rate now: