"ရှင်ကြီးချစ်တဲ့ကျွန်မ"
"ဒေါက် ဒေါက်......... သမီး အရိပ် ကြီးသန်းဝင်ခဲ့မယ်နော်"
ဆိုကာ ကြီးသန်း အရိပ်သောက်ဖိုြ ဆန်ပြုတ်ပန်းကန်နှင့် ဆေးတွေအား ယူလိုက်ပြီး အရိပ် အခန်းထဲသို့ ဝင်သွားလိုက်သည်။
"သမီး......အရိပ် ထအုံးလေ သမီးရဲ့ ည၁၀နာရီထိုးနေပြီ သမီး ဆန်ပြုတ်ပူပူလေးသောက်ပြီး ဆေးသောက်ရအောင် ထသမီး"
"ဒီည ဆေးမသောက်လို့ မရဘူးလားဟင် အရိပ် အရမ်းအိပ်ချင်နေလို့ပါ"
"သောက်ပြီးတော့ ပြန်အိပ်လိုက်ပေါ့ သမီးရယ် လာပါ ထ သမီးက လိမ်မာတယ် သခင်လေးသာ ပြန်လာလို့ သမီးနေမကောင်းဘူးဆိုရင် သူစိတ်စိုးနေလိမ့်မယ် "
"ဟူး........ အင်းပါ........ ဒါနဲ့ အရိပ်ရဲ့ ဖုန်းတွေ့မိလား ကြီးသန်း"
"မတွေ့မိဘူးကော သမီး အပေါ်မှာ ထင်တယ်"
"ဟာ........ ဉီးကတော့ အရိပ်ကို ဖုန်းတွေ ဘယ်လောက်ခေါ်ထားမလဲ မသိဘူး "
"ဘာမှမဖြစ်ပါဘူး သမီးရယ် သခင်လေးက သမီး အိပ်ပျော်သွားလို့ ဖုန်းမကိုင်ဘူးလို့ဘဲ ထင်မှာပါ"
"ဟုတ်........"
ဒီလိုနဲ့ အရိပ်လဲ ဆန်ပြုတ်နည်းနည်းသာ ေသာက်လိုက်ပြီး ဆေးသောက်ကာ ပြန်အိပ်လိုက်တော့သည်။
"ကျွတ်ကျွတ်........ ခေါင်းတွေ အရမ်းမူးတာဘဲ"
အရိပ် သူမနားထင်နားလေးကို နှိပ်လိုက်ပြီး အိပ်ရာမှ ထလာခဲ့သည်။ ထို့နောက် မျက်နှာသစ် သွားတိုက်လိုက်သည်။ အဝတ်တွေက အပေါ်မှာမို့ မနေ့က ဝတ်ထားတဲ့ အဝတ်တွေသာ ပြန်ဝတ်ထားလိုက်သည်။
"သမီး ထလာပြီလား"
"ဟုတ်"
"ဒီနေ့ သခင်လေး ပြန်လာမှာနော် သမီး"
"အော်........ ဟုတ်သားဘဲ"
"ဒါနဲ့ သမီးနေလို့ကောင်းပြီလား"
"ခေါင်းတွေ အရမ်းမူးပြီး အိပ်ချင်နေတယ်"
"အော်........ ကြီးသန်း ကြက်သားဆန်ပြုတ် ပြုတ်ထားတယ် သမီးအဲ့ဒါလေး သောက်ပြီး ဆေးသောက်လိုက်နော် ပြီးမှ ပြန်အိပ်လိုက် ဟုတ်ပြီလား"
"ဟုတ် "
"လာပါအုံး "
ကြီးသန်း ခေါ်နေသဖြင့် အရိပ် ကြီးသန်း နားလေး သွားလိုက်သည်။ သူမကြီးသန်းနားရောက်လာသည်နှင့် ကြီးသန်း သူမနဖူးလေးကို စမ်းကြည့်လိုက်သည်။
"အိုး....... သမီး ကိုယ်တွေက ပူနေတုန်းကော"
"ဟုတ်"
"လာလာ ဆန်ပြုတ်အမြန်သောက် ပြီးရင် ဆေးသောက်ရအောင်နော် ဒါမှ ကိုယ်ပူကျမှာ"
"ဟုတ်"
အရိပ် နဲ့ကြီးသန်း မီးဖိုခန်းထဲ သို့် ဝင်သွားလိုက်ကြသည်။ ထို့နောက် ကြီးသန်း သူမအတွက် ကြက်သားဆန်ပြုတ်ပူပူလေး ထည့်ပေးလိုက်သည်။ သူမလဲ မသောက်ချင် သောက်ချင်ဖြင့်သာ သောက်နေသည်။
ခဏကြာတော့ အမ်ရှေ့မှ ကားဟွန်းတီးသံ ကြားလိုက်ရသည်။
"ဟင်......... ဉီးပြန်လာပြီ ထင်တယ် "
သူမပြုံးရိပ်လေး သန်းသွားပြီး သောက်နေလျက် ဆန်ပြုတ်ပန်းကန်ကို ချထားလိုက်ပြီး အိမ်အရှေ့သို့ အပြေးလေး လာခဲ့သည်။
"ဟင်....... ဉီး......"
သူမ မဏ္ဏိုင်စီ အပြေးလာခဲ့ပြီး သူရဲ့ ရင်ခွင်ထဲ တိုးဝင်ကာ ဖတ်ထားလိုက်သည်။ မဏ္ဏိုင်လဲ သူမကိုယ်လေးကို ပြန်ဖတ်ထားလိုက်သည်။
"အဟွန့်........ ကိုယ့်ကို ဒီလောက်တောင် မျှော်နေတာလာ"
ဉီးကိုမျှော်နေရသည်မှာ ဉီးကိုတွေ့လိုက်သည်နှင့် ခဏကအိပ်ချင်နေတဲ့ စိတ်တောင် ဘယ်နားရောက်သွားလဲ မသိလိုက်ပေ။
"မျှော်နေတာပေါ့"
"ဒါနဲ့ ခလေးရဲ့ ကိုယ်က ပူနေတယ်နော် နေပါအုံး "
မဏ္ဏိုင် သူမရဲ့ နဖူးလေးကို စမ်းကြည့်လိုက်သော်
"ဟင်........ ခလေး ကိုယ်တွေဘာလို့ ဒီလောက် ပူနေတာလဲ မဖြစ်ဘူး ခလေးတစ်ခုခုဖြစ်နေပြီ ဆရာဝန်ခေါ်ရမယ်......
.ဒါနဲ့ ခလေးကိုယ့်ကိုပြောစမ်း ဘာဖြစ်နေတာလဲ"
"ဟို........ အရိပ်နေမကောင်းဖြစ်ေနတာပါ"
သူမမဏ္ဏိုင်ရဲ့ ရင်ခွင်ထဲကနေ မျက်နှာလေး ညိုးကာ ပြောလိုက်သည်။
"ဘာ....... ခလေးက နေမကောင်းဘူး ဟုတ်လား "
"ဟုတ်"
"ခလေး ဒီကို စရောက်ကတည်းက တစ်ခါမှ နေမကောင်းမဖြစ်ဖူးပါဘူး အခုဟာက ဘယ်လိုဖြစ်ပြီး နေမကောင်းဖြစ်ရတာလဲ ကိုယ့်ကိုပြောစမ်း ဘာလဲ အစားကောင်းကောင်းမစားလို့လား"
"မဟုတ်ဘူး"
"အဲ့ဒါဆို ရေချိုးမှားသွားလို့လား"
"မဟုတ်ဘူး"
"ဒါဆိုရင်........ အမ်........ခလေး မနေ့က ကိုယ်ဖုန်းတစ်ချိန်လုံး ခေါ်နေတာ တစ်ခါမှ လာမကိုင်ဘူးဆိုတော့ ခလေး မနေ့ကစဖျားနေတာမလား ဟမ် ခလေး ကိုယ်မေးနေတယ်လေ"
"ဟုတ်"
"မဟုတ်မှ ခလေး မိုးမိတာလား"
မဏ္ဏိုင် လေသံ ခပ်ပြင်းပြင်းဖြင့် ေမးလိုက်ရာ
"ရှင်......."
အရိပ်မှာ မဏ္ဏိုင်ရဲ့ အသံကြောင့် မျက်ရည်လေးပင် ဝဲတက်လာရသည်။
"ဟာ.......ခလေး မငိုရဘူးနော် ကိုယ်ကစိတ်ပူလို့ အော်မေးသလိုဖြစ်သွားတာပါ ကိုယ်တောင်းပန်ပါတယ်နော် မငိုရဘူးနော် ခလေး"
"ဟုတ်"
"လာအထဲ ဝင်ရအောင်နော် အပြင်မှာ ေလစိမ်းတွေ တိုက်တယ်"
"ဟုတ်"
မဏ္ဏိုင် သူမကိုယ်လေးအား ပွေ့ချီလိုက်သည်။
"ကိုယ့်ခလေးရဲ့ ကိုယ် နည်းနည်းပေါ့သွားတယ်နော်"
"အင်း......"
"အခု ခလေးဘာလုပ်နေတာလဲ"
"ဆန်ပြုတ်သောက်နေတာ"
"သောက်ပြီးပြီလား"
"ပြီးသေးဘူး"
"ဒါဆိုကိုယ့်ခွံပေးမယ် သောက်မယ်မလား"
"ဟုတ်"
"အဟွန်း....... လိမ်မာတယ်"
ဒီလိုနဲ့ မဏ္ဏိုင် အရိပ်ကို ပွေ့လျက်သားနှင့် ထမင်းစားခန်းထဲရှိ ထိုင်ခုံပေါ်၌ ထိုင်ချလိုက်သည်။
"လာ ဟ"
အရိပ် ပါးစပ်လေးဟလိုက်ချိန် မဏ္ဏိုင် သူမလေးအား ဆန်ပြုတ်မခွံဘဲ သူမမျက်နှာနားလေးကပ်ကာ အချိန်အတော်ကြာအောင် သူမနှုတ်ခမ်းလေးအား စုပ်ယူနမ်းရှိုက် လိုက်သည်။ ခဏကြာတော့မှ နှုတ်ခမ်းချင်းခွာလိုက်သည်။
"ဉီး...... သူများက နေမကောင်းဘူးလေ"
"နေမကောင်းတော့ ဘာဖြစ်လဲ ဘယ်သူက နေမကောင်းတဲ့သူကို မနမ်းရဘူးလို့ ပြောထားလဲ"
"ဒါပေမယ့်"
"လာပါ ဟ ဟ"
"ဒီတစ်ခါ ထပ်မနမ်းရဘူးနော် "
"ထပ်နမ်းရင် ခလေးက ကိုယ့်ကို ဘာလုပ်မှာဘဲ"
"ဉီးကိုတော့ ဘာမှ မလုပ်ဘူး အရိပ်ကတော့ ဆန်ပြုတ်လဲ ဆက်မစားတော့ဘူ ဆေးလဲ ထပ်မသောက်တော့ဘူ"
ဉီးက သူ့ကိုယ်သူ နာကျင်မှာထက် အရိပ်နာကျင်မှာကို ပိုပြီး စိုးရိမ်သဖြင့် အရိပ်တစ်မင် ပြောလိုက်ချင်းပေ။
"ဟာ....... အဲ့လိုတော့ မလုပ်ရဘူးလေ"
"အဲ့ဒါဆို အရိပ်ကို ထပ်မနမ်းနဲ့တော့"
"ဟုတ်ပါပြီဗျာ မနမ်းတော့ပါဘူး လာပါ ဟ"
ဒီလိုနဲ့ မဏ္ဏိုင်လဲ နေကောင်းလျက်နှင့် သူမနှင့်အတူ ဆန်ပြုတ်သာ သောက်လိုက်သည်။ ထို့နောက် သူမလေးကို ဆေးတိုက်လိုက်သည်။
"လာ ကိုယ်တို့ အပေါ်သွားရအောင်နော်"
"အရိပ် အပေါ်မတက်နိုင်ဘူး"
"ဘယ်သူကကော ခလေးကို အပေါ်တက်ခိုင်းလို့လဲ ကိုယ်ကပွေ့ပေးမှာပေါ့"
"ပြီးသာဘဲ ရော့ အဲ့ဒါဆို ချီ"
"အဟွန်း......."
မဏ္ဏိုင် သူမချိုင်းလေးကနေ မြှောက်လိုက်ပြီး တင်လေးကနေ မကာ ပွေ့ချီလိုက်သည်။ ထို့နောက် သူတို့အပေါ်ထပ်သို့တက်လာခဲ့သည်။
"အရိပ်အခန်းထဲကို ပို့ပေး"
"ဟုတ်ပါပြီဗျာ"
မဏ္ဏိုင် သူမလေးကို အခန်းထဲသို့ ပွေ့ခေါ်သွားပြီး ကုတင်ထက်၌ ချလိုက်သည်။
"ဉီးလဲ အခုမှ ပြန်ရောက်တာ ပင်ပန်းနေရောပေါ့ သွားနားလိုက်တော့လေ"
"မပင်ပန်းပါဘူး ဒီနေ့ ကိုယ်ခလေးနားမှာဘဲ နေမှာသိလား"
"အရိပ်က တစ်ယောက်ထဲလဲ နေလို့ရပါတယ် ဉီးသာ ပင်ပန်းရင် နားလိုက်နော်"
"မရဘူး ကိုယ်ခလေးကို မေးစရာတွေ အများကြီးရှိတယ် ခလေး........ "
ရှင်.........
"ခလေး မနေ့တုန်းက ဘယ်လိုဖြစ်ပြီး ဖျားသွားတာလဲ ကိုယ့်ကို အမှန်တိုင်းပြော"
"အဲ့ဒါက.......ဟို........ မနေ့က........ အရိပ် မမသန့်နဲ့ စျေးအတူ သွားတာ အပြန်ကြတော့ ကားငှားတာ ဘယ်ကားမှ မရပ်ပေးဘူး အဲ့ဒါနဲ့ မိုးရွာထဲ အရိပ်ကော မမသန့်ကော အတူတူ ပြန်လာကြတာ"
"ဒီအဖြေက ကိုယ့်အတွက် မပြည့်စုံဘူး ခလေး"
"ရှင်........"
"ကဲပါ ထားလိုက်ပါတော့ နောက်မှဘဲ ကိုယ့်ဟာကို စုံစမ်းတော့မယ် ခလေးအခု အိပ်ချင်နေပြီလား"
"ဟုတ်"
"လာဒါဆို ကိုယ့်ကိုဖတ်အိပ်"
"အဲ့လိုအိပ်လို့ရတယ်ပေါ့"
"ဘာလဲ ခလေးက ကိုယ့်ကို ဖတ်မအိပ်ဘဲ ဘယ်လိုအိပ်ချင်တာလဲ ဒါမှမဟုတ်"
မဏ္ဏိုင် သူမမျက်နှာနားလေး တိုကပ်လာချိန်
"ဟို......ဟို......အရိပ်က မေးကြည့်တာပါ "
"အဟွန်း....... ကိုယ် ခလေးကို ဘာမှမလုပ်ပါဘူး နောက်ပြီး ဖတ်အိပ်ရုံနဲ့လဲ ဘာမှမဖြစ်ဘူး ဟုတ်ပြီလား "
"ဟုတ်......"
"လာ......အဲ့ဒါဆိုလဲ အိပ်တော့"
အရိပ် မဏ္ဏိုင် ရင်ခွင်ထဲ တိုးဝင်ကာ ဖတ်ထားလိုက်ပြီး အိပ်ပျော်သွားသည်။ မဏ္ဏိုင်လဲ ပင်ပန်းနေသဖြင့် အိပ်လိုက်သည်။
""""""""""""""""""""""""""""""""""""""""""""""""""
"ကျစ်....... ဒီကိစ္စသာ ငါလုပ်တယ်ဆိုတာကို သခင်လေး သိသွားရင် ဘာ်လိုလုပ်မလဲမသိဘူး ဟိုအရိပ်ကတော့ ဘာမှမပြောလောက်ဘူး ထင်ပါရဲ့.......ဟူး........ ငါလုပ်တာ များမြန်းများသွားပြီလားမသိဘူး ကျစ်........ မသိဘူးကွာ"
ဝတ်ရည်သန့် ပန်းကန်ဆေးရင်ဖြင့် တွေးနေလျက် အနောက်မှ ကြီးသန်းရောက်လာခဲ့သည်။
"ဟိတ် ဝတ်ရည်သန့် ဘာလုပ်နေတာလဲ ပန်းကန်ကမဆေးဘဲ ေခါင်းတွေကြီး ကုပ်နေတာဘဲ ခေါင်းယားရင်လဲ ခေါင်းသွားလျှော်ချေလေ ညည်းကလဲ"
"ဟုတ်ပါပြီ ကြီးသန်းကလဲ ဒါပြီးရင် သွားလျှော်လိုက်ပါ့မယ်"
"ပြီးသာဘဲ ဒါဆိုလဲ အမြန်ဆေး"
"ဟုတ်"
ဝတ်ရည်သန့် စိတ်ညစ်ညစ်ဖြင့်သာ ပန်းကန်တွေကို ဆက်ဆေးနေလိုက်သည်။
အချိန်ခဏကြာအောင် အိပ်ပြီးတော့ အရိပ် အိပ်ရာမှ နိုးလာခဲ့သည်။
သူမ မဏ္ဏိုင်နိုးသွားမည်စိုး၍ မထသေးဘဲ မဏ္ဏိုင်ရဲ့ မျက်နှာလေးသာ ငေးကြည့်နေသည်။
မွှေးညှင်း စိမ်းပါးပါးလေးနှင့် ထူထဲပြီး နီမြန်းနေတဲ့ ဉီးရဲ့ နှုတ်ခမ်း။ ဖြူဖွေးလွန်းလှတဲ့ ဉီးရဲ့အသားအရည်။ ထို့နောက် ၆ပေကျော်ရှိတဲ့ သူ့အရပ်က အရိပ်အား ပိုပြီးဆွဲဆောင်နေသည်။ ခဏတာ မဏ္ဏိုင်ရဲ့ မျက်နှာလေးကို ေငးကြည့်နေချိန် မဏ္ဏိုင်နိုးလာခဲ့သည်။ အရိပ်မဏ္ဏိုင်အား ခိုးကြည့်နေတာကို မဏ္ဏိုင်သိသွားသဖြင့် အရိပ်ရှက်သွားကာ ခေါင်းလေးငုံ့ထားသည်။
"ဘာလဲ ကိုယ့်ကိုခိုးကြည့်တုန်းကတေ့ာ ခိုးကြည့်ပြီး အခုမိသွားတော့ ရှက်နေပြီပေါ့"
"မရှက်ပါဘူး"
"ဒါဆိုဘာလို့ ခေါင်းငုံ့သွားတာလဲ"
"ဉီးကို မော့ကြည့်နေရတာ ညောင်းလာလို့ "
"အဟွန်း.......ဒီကောင်မလေးကတော့"
ဆိုကာမဏ္ဏိုင် သူမရဲ့ နှာခေါင်းလေးအား ဆွဲညှစ်ပစ်လိုက်သည်။
"အား....... နာတယ်ဉီးရဲ့"
"ချစ်လို့"
"လာပြန်ပြီ ချစ်လို့် ချစ်လို့ဆိုပြီး သူများကိုဘဲ လာနမ်းလိုက် လာဖတ်လိုက်နဲ အခုလဲ နှာခေါင်းကို လာဆွဲြပန်ပြီ"
"ခလေး ကိုယ့်ကိုချစ်လား"
"မေးပြန်ပြီ ဒီမေးခွန်း ချစ်ပါတယ်လို့ ဘယ်နှစ်ခါပြောရမှာတုန်း"
"ဘယ်နှစ်ခါပြောပြော ကိုယ့်အတွက် မလုံလောက်ဘူး "
"မလုံလောက်ရင်လဲ မပြောတော့ဘူ"
"စတာပါ........ ကိုယ်က ခလေးတစ်နေ့နေ့ကြရင် ကိုယ့်ကိုမုန်းတယ်လို့ ပြောပြီး ထားသွားမှာ အကြောက်ဆုံးဘဲ သိလားခလေး"
"အဲ့နေ့ကတော့ ဘယ်တော့မှရှိလာမှာ မဟုတ်ဘူး စိတ်ချ"
"ခလေးဘဲကိုယ့်ကို ပြောထားတာနော် "
"အင်း......."
"ကတိနော်"
"ကတိကတိ ဟုတ်ပြီလား"
"အဟွန်း........ ဟုတ်ပါပြီ လာဒါဆို ထတော့ ခဏနေကြရင် ကိုယ် ကမ္ပဏီ သွားမှာ ခလေးကော လိုက်ခဲ့နော်"
"ဟမ်.......ပြောတော့ ကမ္ပဏီ မသွားတော့ဘူဆို"
"ခလေး စိတ်ပြေလက်ပျောက်ဖြစ်သွားအောင်မို့လို့ပါ"
"ဟုတ်ပါပြီ ဒါဆို အရိပ် အဝတ်လဲလိုက်အုံးမယ် ဉီးလဲ သွားတော့"
"ဟုတ်ပါပြီ"
ဒီလိုနဲ့မဏ္ဏိုင်လဲ သူ့အခန်းသူ ပြန်သွားသည်။ အရိပ်လဲ အဝတ်စားလဲဖို့ ပြင်လိုက်သည်။
"ခလေး ပြောတဲ့စကား တည်ပါစေ ဟူး....... ခလေးကတော့သိပါ့မလား ကိုယ်ကတော့ အဲ့နေ့ရောက်လာမှာကို အကြောက်ဆုံးဘဲ ခလေးရေ အဲ့အချိန်ကြရင် ကိုယ်ခလေးကို ဘယ်လိုရှင်းပြရပါ့မလဲ "
မဏ္ဏိုင် အဝတ်လဲရင်းနှင့်ပင် ထိုနေ့အတွက် ကြိုပြီး စိုးရိမ်နေရသည်။
စာကအရှည်ကြီး မရေးနိုင်လို့ တောင်းပန်ပါတယ်ေနာ်။
စာဖတ်သူလေးများအားလုံး ရောဂါဘေး လက်နက်ဘေး မှကင်းဝေးကြပါစေ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။ 🙏🏻🙏🏻