"ရှင်ကြီးချစ်တဲ့ကျွန်မ"
တီ..........
အရိပ် ဖုန်းသံကြောင့် အိပ်ပျော်နေရာမှ ထလိုက်သည်။ ထို့နောက် သူမဖုန်းလေးကို တစ်ချက်ကြည့်လိုက်သော မဏ္ဏိုင်ဖြစ်နေသဖြင့် သူမ ချက်ချင်းပင်ကိုင်လိုက်သည်။
"ဟယ်လို ဉီး"
"ဟူး....... ခလေးရဲ့အသံ ကြားမှဘဲ အမောပြေသွားတော့တယ်"
"အပိုတွေ ဒါနဲ့ ဉီး ဟိုရောက်ပြီလား"
"အင်း......... အခုဘဲရောက်တာ ရောက်ရောက်ချင်း ကိုယ်ခလေးရဲ့ အသံလေးနားထောင်ချင်လို့ ဖုန်းဆက်လိုက်တာ"
"ထားပါ ဟိုမှာအဆင်ပြေတယ်မလား"
"ပြောပါတယ်"
"အခုေကာဘယ်ရောက်နေတာလဲ"
"ကလပ်"
မဏ္ဏိုင် အရိပ်လေး သဝန်တိုတက်သည်ကို သိ၍ တစ်မင်ပြောလိုက်သည်။
"ဘာရယ်....... "
အရိပ် မဏ္ဏိုင်ရဲ့ အပြောကြောင့် ဒေါသထွက်သွားရသည်။
"ဉီး ပြောတော့ ဟိုရောက်တာနဲ့ အရိပ်ကို ချက်ချင်းဖုန်းခေါ်တာဆို အခုတော့ "
"ကိုယ်ရဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေနဲ့ေတွ့လို့ သူတို့အတင်းခေါ်လို့ပါ ခလေးရဲ့"
"ဒါဆို အခုဘေးမှာ ဘယ်သူရှိလဲ"
"အမ်....... မိန်းကလေးသုံးလေးယောက် လောက်တော့ရှိတယ် တော်တော်ချောတယ် အရပ်ကရှည်ရှည်နဲ့ ပေါင်းတံကလဲ သွယ်သွယ်ဖြူဖြူလေးတွေ သိလား"
"ဘာ........ အဟင့် "
အရိပ် မဏ္ဏိုင်ရဲ့ စကားတွေကြောင့် ဝမ်းနည်းကာ ငိုသွားလေသည်။
"ဉီး နာဘူးကြီး အဟင့်........"
အရိပ် ဝမ်းနည်းတာကော ဒေါသထွက်တာကော ပေါင်းကာ မျက်ရည်များကျပြီး ဖုန်းချပစ်လိုက်သည်။
"ဟင်........ ခလေး ငိုသွားတာလား.........ဟာ........ ကိုယ်ကစလိုက်တာကို မဖြစ်ဘူး ပြန်ချော့ရမယ်"
ဆိုကာ မဏ္ဏိုင် အရိပ်ကို video call ခေါ်လိုက်သည်။
"ကြည့်ကြသေးတာပေါ့ ဘယ်လိုမိန်းကလေးနဲ့ နေနေတာလဲဆိုတာ"
အရိပ် မျက်ရည်များအား သုတ်လိုက်ပြီး ဖုန်းကို ပြန်ကိုင်လိုက်သည်။
"ခလေး ကိုယ့်ကို ကြည့်ပါအုံး ကိုယ် ကလပ်မှာ မဟုတ်ပါဘူး ဟိုတယ်မှာပါ ခလေးရဲ့"
ထိုအချိန်မှ အရိပ် ဖုန်းမျက်နှာပြင်လေးအား ကြည့်လိုက်သည်။
"ဒါဆို ဘာလို့ လိမ်တာလဲ "
"ချစ်လို့ စကြည့်တာပါ"
"ဒါဆိုလဲ တစ်ခြားဟာ စလေ ဘာလို့ ဒီလိုကြီးစရတာလဲ အဟင့်........"
သူမပြောရင်းဖြင့် ပြန်ငိုသွားသည်။
ဟင်.........
မဏ္ဏိုင် သူမပြန်ငိုသွားသဖြင့် သူ့ခမျာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားရသည်။
"ခလေးရယ် ကိုယ်တောင်းပန်ပါတယ်နော် မငိုပါနဲ့တော့ ကိုယ်မှားတာပါ ကိုယ်ခလေးကို အဲ့လိုမစခဲ့သင့်ဘူး မငိုပါနဲ့တော့နော် နော် ခလေး"
"နောက်ဆို ဘယ်တော့မှ အခုလိုမစပါနဲ့ "
"ဟုတ်ပါပြီဗျာ "
"နောက်ပြီး ကလပ်တွေ bar တွေမသွားရဘူးနော် အရိပ်မရှိဘူးဆိုတိုင်း ဟိုမှာ ဆေးလိပ်တွေလဲ ခိုးမသောက်ရဘူးနော်"
"အဟွန့်......... ကိုယ့်ခလေးသဘောတိုင်းပါဘဲဗျာ ခလေးက ဒါမလုပ်နဲ့ဆို ကိုယ်က ဘယ်တော့မှ မလုပ်ပါဘူး အခုလဲ ကိုယ်တည်းနေတဲ့ ဟိုတယ်က မိန်းကလေးတွေကိုတောင် လှည့်မကြည့်ခဲ့ဘူး ဟုတ်ပြီလား"
"အင်းပါ ဒါဆို ဉီးလဲ အိပ်တော့နော် အရိပလဲ အိပ်ပြီ ကလပ်တွေ bar တွေမသွားရဘူးနော် ဆေးလိပ်တွေလဲ မသောက်ရဘူးနော်"
"ဟုတ်ပါပြီဗျ "
"အဟွန်း........"
"ကိုယ့်ကို အနမ်းပေးသွားအုံးလေ"
အရိပ် ဖုန်းမှန်နားလေး ကပ်လိုက်ပြီး မဏ္ဏိုင်ရဲ့ နှုတ်ခမ်းလေး ရှိရာကို ဉီးတည်လိုက်ပြီး အနမ်းတစ်ပွင့်ပေးလိုက်သည်။
"အိပ်ပြီ ဂွတ်နိုက်"
"အဟွန်း........ ဂွတ်နိုက်"
အရိပ် ဖုန်းကိုချလိုက်ပြီး လုပ်စရာရှိတာလေးတွေ လုပ်လိုက်ပြီး အိပ်ရာဝင်လိုက်သည်။
ဒီလိုနဲ့ မဏ္ဏိုင် သွားလိုက်တာ ဆိုရင်ဖြင့် ၆ရက်တောင်ရှိသွားလေပြီ။ ၆ရက်အတွင်း တစ်ရက်မျှ မပျက် မဏ္ဏိုင် အရိပ်လေးအား နေ့တိုင်းဖုန်းခေါ်သည်။
"မနက်ဖြန်ဆို ဉီးပြန်လာတော့မယ် "
သူမ ဧည့်ခန်းထဲတွင် ထိုင်ကာ တစ်ယောက်တည်းပြောနေချိန် ဝတ်ရည်သန့်ရောက်လာခဲ့သည်။
"ဟင်....... မမသန့် ဘယ်သွားမလို့လဲ"
"စျေးသွားမလို့လေ"
"အရိပ်လဲ လိုက်ချင်တယ်ရလား"
"သခင်လေးက ခွင့်ပြုပါ့မလား"
"ဉီးမှ မရှိတာ ဘာမှမဖြစ်ပါဘူး အရိပ် လိုက်ခဲ့မယ်နော်"
"ဒါနဲ့ ကြီးသန်းကို သွားပြောလိုက်အုံးလေ "
"ရတယ် ကြီးသန်းက အရိပ်သဘောအတိုင်းဘဲ"
"မမက taxi နဲ့သွားမှာနော် "
"ရတယ် အရိပ်လဲ taxi နဲ့လိုက်မယ်"
"ဒါဆိုလဲ သွားရအောင်လေ ခဏနေရင် မိုးတွေက ရွာတော့မှာ"
အရိပ် အပြင်ထွက်ကာ ကောင်းကင်ကို တစ်ချက်ကြည့်လိုက်သည်။ ကောင်းကင်တစ်ခုလုံး အံမှိုင်းနေသည်ကို သူမတွေ့လိုက်သည်။
"ဟုတ်သားဘဲ အဲ့ဒါဆိုရင်လဲ မြန်မြန်သွားရအောင်လေနော် မမ"
"အင်း......."
အရိပ် အရှေ့မှ ဉီးဆောင် ထွက်သွားလေသည်။ ဝတ်ရည်သန့်ကတော့ အနောက်မှနေ၍ သူမလေးအား ဒုက္ခ ပေးဖို့ စဉ်းစားနေရဲ့။
"အဟွန်း........ အရိပ် အရိပ် ကိုယ့်ဒုက္ခကိုယ် ရှာတာ တွေ့ကြသေးတာပေါ့"
ဒီလိုနဲ့ သူတို့ လမ်းထိပ်ထိ လျှောက်လာပြီး taxi ငှားလိုက်သည်။ ထို့နောက် စျေးဘက်သို့ မောင်းလာခဲ့သည်။ ခဏကြာတော့ စျေးကိုရောက်လာကြသည်။
"အရိပ် အပြင်ကနေဘဲ စောင့်နေလိုရ်တော့နော် "
"ဟင်....... ဘာလို့လဲ အရိပ်လဲ အထဲထိလိုက်ခဲ့မယ်လေ"
"အထဲမှာက အသားစိမ်း ငါးစိမ်း အနံတွေ အရမ်းနံတယ် အရိပ်ရဲ့ အဲ့ဒါကြောင့် မလိုက်ခဲ့နဲ့တော့နော်"
"ဒါပေမယ့်"
"သွားပါ ဟိုနားက သစ်ပင်အောက်မှာ ထိုင်စောင့်နေနော် မမ မိုးမရွာခင် အရိပ်စီ ပြန်လာခဲ့မယ် ဟုတ်ပြီလား"
"ဟုတ်"
ဒီလိုနဲ့ဘဲ အရိပ်လဲ မလှမ်းမကမ်းနားက သစ်ပင်တစ်ပင်အောက် သွားထိုင်စောင့်နေလိုရ်သည်။ဒီလိုနဲ့ အရိပ် ထိုနေရာတွင် စောင့်နေခဲ့ရတာ အတော်ကြာနေပြီ ။ ဝတ်ရည်သန့်နှင့်တူသည့်လူတစ်ယောက်မျှ ပင်သူမအနား မဖြတ်သွားပေ။ အခုဆို မိုးတောင် အနည်းငယ် ရွာနေပြီ။ ဘေးနားမှာလဲ လူတွေ သိပ်မရှိတော့ပေ။
"မမသန့်က ဘာလို့ ပခုချိန်ထိ မရောက်သေးတာလဲ ကျစ်........"
သူမ ဝတ်ရည်သန့် ထွက်လာမည့် စျေးပေါက်ဝလေးကိုသာ ကြည့်ပြီးမျှော်နေရှာသည်။ ခဏကြာတော့ မိုးတွေ ဝုန်းခနဲဖင့် ရွာသွန်းတော့သည်။ လေတွေကလဲ တစ်ဖြူးဖြူးနှင့် လျှပ်စီးတွေကလဲ လျှပ်နေသည်။
အဟင့်.......
အရိပ် သစ်ပင်အောက်တွင် ကုတ်ကုတ်လေးထိုင်ကာ ငိုနေသည်။ သစ်ပင်အောက်တွင်မို့ မိုးကလဲ မလှုံပေ။ လျှပ်စီးတွေတစ်ဝင်းဝင်းနဲ့မို့ သူမအတော်လေး ထိတ်လန့်ကာ ဘာလုပ်ရမှန်းကို မသိဖြစ်နေသည်။ ဘေးနားမှ ဖြတ်သွားဖြတ်လာ များကလဲ သူမကို ကြည့်သာကြည့်သွားကြသည်။ အချိန်အနည်းငယ် ကြာတော့ မိုးရေကြောင့် သူမတစ်ကိုယ်လုံးလဲ ရွှဲကာစိုနေသည်။ သူမချမ်းကာ တစ်ကိုယ်လုံးလဲ တုန်ယင်နေသည်။ မျက်လုံးများကလဲ မှေးစင်းကာ သတိလစ်တော့မလို ဖြစ်နေသည်။ ထိုအချိန်တွင် သူမအနား ရောက်လာသည်က ထက်မြတ်ပင်။ ထက်မြတ် သူ့ညီနှင့် လရိပ်မေတို့ ကိစ္စ အတွက် လရိပ်မေတို့အိမ်တွင် သွားပြီး အပြန် သူမလေးကို သစ်ပင်အောက်၌ မိုးရေတွေစိုကာ ကုတ်ကုတ်လေးထိုင်နေသဖြင့် သူမအနား လာခဲ့ပြီး အိမ်အမြန်ပြန်ပို့ဖို့ လုပ်လိုက်သည်။
"ဟိတ်....... အရိပ် အရိပ် မျက်လုံးဖွင့်ပါအုံး"
ထက်မြတ်လဲ အရိပ်နား ရောက်တော့ သူမလေးက သတိလစ်နေပြီ။
"ဟာ......... မဖြစ်သေးပါဘူး ဆေးရုံအမြန်မောင်းရမယ်"
ဆိုကာ ထက်မြတ်သူမကိုယ်လေးကို ပွေ့ချီလိုက်ပြီး ဆေးရုံသို့ အမြန်မောင်းလာခဲ့သည်။ ဟိုရောက်တော့ nurse များ ထွက်လာပြီး သူမလေးကို ခေါ်သွားလိုက်ကြသည်။ ထက်မြတ်လဲ သူတို့အနောက်မှ အပြေးလေး လိုက်လာခဲ့သည်။
ဆေးရုံခန်းထဲရောက်တော့ ဆရာဝန်က ဆေးပိုက်တွေ ချိတ်ပေးပြီး အားဆေးသွင်းပေးလိုက်သည်။
"ဒေါက်တာ အခြေအနေ ဘယ်လိုလဲဟင်"
"အားအရမ်းနည်းနေတာပါ နောက်ပြီး အဖျားလဲ အတော်တက်နေတယ် ကောင်မလေးက မိုးမိထားတာ ထင်တယ်"