book

Index 26

အပိုင်း(၂၆)

"ရှင်ကြီးချစ်တဲ့ကျွန်မ"

"ဒေါက်ဒေါက်.......... boss boss မှာထားတဲ့ ဖုန်းရပါပြီ"

"အေး......... ဝင်လာခဲ့"

ဒီမှာ boss မှာထားတဲ့ဟာပါ

"ဒီပေါ်မှာတင်ထားခဲ့လိုက် "

"ဟုတ်........."

ဖုန်းလာပို့တဲ့ကောင်လေး ဖုန်းကိုစားပွဲပေါ်မှာ တင်ထားလိုက်ပြီ မဏ္ဏိုင်တို့အခန်းထဲမှထွက်သွားလိုက်သည်။

"လာခဲ့ ခလေး"

အရိပ် ဆိုဖာပေါ် ထိုင်နေရာမှ မဏ္ဏိုင်အနားသွားလိုက်သည်။

"ဒီမှာ ခလေးအတွက် ဖုန်း"

"ဟင်........."

"ရော့ ယူလိုက်"

"မယူပါဘူး အရိပ်ပြောပြီးပြီလေ အရိပ်ဖုန်းလိုချင်လို့ အဲ့လိုပြောခဲ့တာ မဟုတ်ဘူးလို့"

"ကိုယ်သိပါတယ် ဖုန်းပေးတယ်ဆိုတာက ခလေးတစ်ခုခုဖြစ်တာတို့ ဘာတို့ဆို ကိုယ့်စီ ဖုန်းဆက်လို့ရအောင် မို့လို့ပါ နောက်ပြီး ခလေးလိုအရွယ်တွေဆို ဖုန်းကိုယ်စီနဲ့လေ အဲ့တော့ ခလေးက ဖုန်းမရှိဘူးဆို မျက်နှာငယ်ရလိမ့်မယ် ခလေးရဲ့"

"ဟာ........ ဒါပေမယ့်"

"ဘာမှ ဒါပေမယ့်တွေ လုပ်မနေနဲ့တော့ ကိုယ်ကယူဆိုယူလိုက်မှနော် မဟုတ်ရင် လူမြင်ကွင်းလဲ မရှောင်ဘူး"

ဆိုကာမဏ္ဏိုင် သူမနားလေးတိုးကပ်လာသည်။ ထိုအချိန် သူမ မျက်လုံးလေးပြူးသွားပြီ အနောက်သို့ ဆုတ်လိုက်ကာ

"ယူမယ် ယူမယ် ဟုတ်ပြီလား"

"ဘာကိုယူမှာလဲ"

"ဉီးဘဲဖုန်းယူဆို အဲ့ဒါကြောင့် ဖုန်းယူမလို့လေ"

"လူကိုကော မယူချင်ဘူးလား"

"ဟာ....... ဉီးနော်"

"အဟွန်း......... ဟုတ်တယ်လေ ကိုယ်ပြောတာ ဘာမှားသွားလို့လဲ ဖုန်းကတော့ယူပြီး လူကိုတော့ မယူဘူးပေါ့"

"ဖုန်းက ဉီး အတင်းပေးလို့ ယူရတာနော် လူကိုတော့ အရိပ်ဘာသာအရိပ် ရအောင် ယူမှာ ဟွန့်........."

"အဟွန်း........စကားတွေ တက်နေတယ်ပေါ့ ကိုယ့်ရဲ့ခလေးက"
ဆိုကာမဏ္ဏိုင် သူမကိုယ်လေးကို ဆွဲဖတ်လိုက်သည်။

"သွားပါ "

"အော်.......ဒါနဲ့ခ​လေးကို facebook ဖွင့်ပေးရအုံးမှာဘဲ "

ဆိုကာမဏ္ဏိုင် ဖုန်းလေးအား ကောက်ကိုင်လိုက်ပြီး ဖွင့်လိုက်သည်။
ခဏကြာတော့

"ရော့ ရပြီ profile ကတော့ ဒီပုံလေး ထားထားတယ် ရတယ်မလား"

အရိပ် ဖုန်းလေးယူလိုက်ပြီး ကြည့်လိုက်သည်။

"လာပြန်ပြီ ဒီပုံကြီးဘဲ"

မဏ္ဏိုင် ဘုရားပေါ်တွင် ရိုက်ထားတဲ့ပုံကိုသာ profile ထားထားပေးသည်။

"ကိုယ်နဲ့ခလေးနဲ့ အတူတူ ရိုက်ထားတာဆိုလို့ ဒီပုံတစ်ပုံဘဲရှိတာလေ ခလေးကလဲ"

"ဟုတ်ပါပြီ "

"ဒီမှာ ဒါက ကိုယ့်အကောင့် နောက်ပြီး ဒါက ကိုယ့် password တစ်ခါတည်း ယူထားလိုက်"

"ဉီးရဲ့ အကောင့်မှာ လူလဲမရှိဘူး "

"ရှိပါတယ် ခလေးရဲ့"

"၃ယောက်လေးဘဲ"

"၄ယောက်ပါ သေချာကြည့်လိုက်အုံး"

"အရိပ်ရော ပါမှ ၄ယောက်ဘဲ ရှိတာလား"

"ဟုတ်တယ်လေ ဒါက personal အကောင့်လေ အဲ့ဒါကြောင့် အရေးကြီးတဲ့ လူတေွဘဲ ထားထားတာ ကမ္ပဏီ ကဝန်းထမ်းတွေနဲ့တော့ massenger group ဖွဲ့ထားတယ်လေ"

"အော်......... ဒါပေမယ့် အပ်တဲ့လူတွေက အများကြီးဘဲနော် "

"အင်း........"

"ဟင်......... ဒီတစ်ယောက်က"

"ဘာဖြစ်လို့လဲ"

"ဒီတစ်ယောက်လေ ဉီးနားလေး အမြဲလိုက်ကပ်နေတဲ့မမ"

"ဧကရီဇန် လား"

"ဟုတ်တယ် ဟုတ်တယ် ဘာလို့ လက်မခံထားတာလဲ"

"အမြင်ကပ်လို့ ကိုယ့်အကောင့်ထဲမှာ မိန်းကလေးဆိုလို့ ခလေးရယ် ကိုယ့်အမေရယ်ဘဲ ရှိခိုင်းစေချင်တာ သိလား"

"သိပါတယ်"

သူတို့နှစ်ယောက် စကားပြောနေချိန် မဏ္ဏိုင်ဖုန်းမှ ဖုန်းသံမြည်လာသည်။ မဏ္ဏိုင်လဲ ချက်ချင်းပင် ကိုလိုက်သည်။

"ဟယ်လို "

"ဟယ်လို မောင်မဏ္ဏိုင်လား"

"ဟုတ်ပါတယ် ဒါနဲ့ ဘယ်သူပါလဲ"

"uncle ပါ ပြင်ဉီးလွင်မှာ ဆောက်မဲ့ ဟိုတယ်အတွက် လာပြောတာပါ"

"ဟုတ် ဘာပြဿနာရှိလို့လဲ uncle"

"ဒီလိုကွ uncleတို့ တစ်ဘက်ခါ စဆင်းချင်တယ် ဒါကြောင့်မို့ အဆင်ပြေလား မေးချင်လို့ပါ"

"အဆင်ပြေပါတယ် uncle စောစောဆင်းတော့ စောစောပြီးတာပေါ့ ကောင်းပါတယ်"

"ဒါနဲ့ မောင်မဏ္ဏိုင် မနက်ဖြန်မဟုတ်ရင် တစ်ဘက်ခါလောက် ပြင်ဉီးလွင် လာခဲ့ရင် ကောင်းမယ် ထင်တယ်"

"ဗျာ!. ..."

တစ်ဖက်မှ ပြောသံအပြီး မဏ္ဏိုင်ရဲ့ ဗျာ ဆိုသည့်အသံက အရိပ်ပါလန့်သွားရသည်။

"ဘာဖြစ်လို့လဲ မအားလို့လား"

"ဟို........အဲ့လိုတော့ မဟုတ်ဘူး "

"အဲ့ဒါဆို လာခဲ့လိုက်ပါ လူကိုယ်တိုင်လာတော့ ပိုကောင်းတာပေါ့ မဟုတ်လား မောင်မဏ္ဏိုင်"

"ဟုတ်ပါတယ် ဒါနဲ့ ဘယ်နှစ်ရက်လောက်နေရမှာလဲ"

"uncle အားမနာတမ်း ပြောရရင်တော့ တစ်လလောက်တော့နေခိုင်းချင်မိတယ်"

"တစ်လလောက်တော့ မဖြစ်ဘူးနော်"

"သိပါတယ် တစ်လလောက်မဖြစ်ဘူးဆိုရင် နှစ်ပတ်လောက် ​ေနလိုက်ပေါ့"

"တစ်ပတ်ဘဲနေလို့မရဘူးလား uncle "

"အမ်...... တစ်ပတ်ဘဲလား"

"ဟုတ် ကျွန်တော် တစ်ပတ်ဘဲ အချိန်ရလို့ပါ မဟုတ်ရင် မလုပ်တော့ဘူဗျာ"

"အဲ့......အဲ့လိုကြီးတော့ စိတ်မလောလိုက်ပါနဲ့ကွယ် တစ်ပတ်ဆိုလဲ တစ်ပတ်ပေါ့ နေလို့ရပါတယ် တစ်ပတ်အတွင်း အကြမ်းလေး အမြန်ပြီးအောင် လုပ်ရမှာပေါ့"

"ဟုတ်ပါပြီ ဒါဆိုကျွန်တော် ဖုန်းချပြီ"

"ခဏနေပါအုံး မောင်မဏ္ဏိုင် မနက်ဖြန်လာခဲ့လို့ရတယ်မလား"

"မနက်ဖြန်လား"

"ဟုတ်ပါတယ် ဒါလေးတော့ uncle အကြိုက် လိုက်လိုက်ပါနော်"

"ဟုတ်ပါပြီ ဒါဆိုကျွန်တော် မနက်ဖြန် ဟိုအရောက်လာခဲ့မယ် နေ့ဖို့စားဖို့ကတော့ ကြိုပြင်ပေးထားနော်"

"ပြင်ထားလိုက်ပါ့မယ်ကွယ်"



"ဟုတ်"

ဒီလိုနဲ့မဏ္ဏိုင်လဲ ဖုန်းချပစ်လိုက်သည်။

"ဘာတဲ့လဲ ဉီး"

"မနက်ဖြန် ကိုယ်ပြင်ဉီးလွင်သွားရမယ် ခလေးရဲ့"

"ဟင်......... တစ်ကယ်ကြီးလား ဘယ်နှစ်ရက်ကြာမှာလဲ"

"တစ်ပတ်ပါဘဲ ခလေးရယ် ကိုယ်လဲ မသွား"

"ဘာကိုမသွားချင်တာလဲ သွားရမှာပေါ့ အလာကားသွားတာမှ မဟုတ်တာ ဉီးရဲ့ အလုပ်ကိစ္စကြောင့် သွားရမှာလေ"

သူတောင် စကားမဆုံးခင် သူ့အား ဆူလိုက်တဲ့ အရိပ်ကြောင့် မဏ္ဏိုင် ရီလိုက်သည်။

"အဟွန်း........ ဟုတ်ပါပြီ ကိုယ်သွားပါမယ် ဒါနဲ့ ကိုယ်သာ ပြင်ဉီးလွင် သွားရင် ခလေးက ကိုယ့်ကို လွမ်းပါ့မလား"

"ဉီးရယ် ဘယ်လိုပြောလိုက်တာလဲ လွမ်းတာပေါ့လို့ အခုတောင် နေ့လယ်ခင်းလေး မတွေ့ရရင် မနေနိုင်လို့ ဉီးရဲ့ ကမ္ပဏီ ကို နေ့လယ်စာပို့ရင်း လာခဲ့တာပါဆို တစ်ပတ်တာဆိုရင်တော့ အရိပ်ကမလွမ်းဘဲနေမလား တစ်ပတ်ဆို ၇နှစ်ရက် ၇နှစ်ရက်ဆို ၁၆၈ နာရီ အဲ့လောက်ကြီးတောင် အရိပ်က ဘယ်လိုနေခဲ့ရမှာလဲ ၁နာရီ ၂နာရီလေး မတွေ့ရင်တောင် မနေနိုင်တဲ့ဟာ"

"ညတိုင်း video call ပြောမယ်လေ"

"အင်းပါ ရုပ်ကလေး မြင်ရရင်လဲ မဆိုးပါဘူး"

"အဟွန်း......... ဘာလဲကိုယ့်ကို စိတ်မချလို့လား"

"မချဘူး ဉီးက လူချောကြီး အဲ့တော့ ဟိုမှာ မမချောချောလေးတွေနဲ့ သွားချိတ်နေရင် ဘယ်လိုလုပ်မလဲ"

"ကိုယ်က ခလေးရယ် ကိုယ့်အမေရယ်ကလွှဲရင် ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားပါဘူး "

"အဟီး........ ဟုတ်ပါပြီ"

"လာထ ၄နာရီ ကျော်နေပြီ ပြန်စို့"

"ဟုတ်"

ဒီလိုနဲ့ သူတို့အိမ်ပြန်လာခဲ့ကြသည်။ မဏ္ဏိုင် သူ့အမေကို အရိပ်လေးဆီ လာလည်ဖို့လဲ ဖုန်းဆက်မှာထားသေးသည်။ အိမ်ရောက်တော့လဲ ထည့်စရာရှိတဲ့ အဝတ်တွေထည့် လုပ်စရာရှိတာလေးတွေ လုပ်ပြီး တစ်နေ့တာ ကုန်ဆုံးသွားသည်။ ဒီလိုနဲ့ဘဲ နောက်တစ်နေ့မနက်ရောက်လာခဲ့သည်။

"ခလေး ကိုယ်သွားပြီနော်"

"အင်းပါ ဂရုစိုက်သွွားနော် ဟိုရောက်ရင်လဲ အရိပ်ကို ဖုန်းဆက်အုံးကြးလား"

"ကြားပါတယ် ခလေးရဲ့"

"ကျန်းမာရေးလဲ ဂရုစိုက် ဟိုက ရာသီဉတုက ဒီကနဲ့မတူဘူးသိလား "

"ဟုတ်ပါပြီ ခလေးရဲ့ မနေ့ကတည်းကစ ဒီစကားတွေဘဲ ပြောနေတာ မမောဘူးလား"

"စိတ်ပူလို့လေ ဉီးကလဲ"

"အဟွန်း........ လာကိုယ့်ကို ဖတ်ပါအုံး"

အရိပ် ခေါင်းလေး ငြိမ့်လိုရ်ပြီး မဏ္ဏိုင်ရဲ့ ရင်ခွင်ကျယ်ကြီးကို ဖတ်ပစ်လိုက်သည်။

"တစ်ပတ်ကြီးတောင် ကိုယ့်ရဲ့ခလေးကိုလွမ်းနေရတော့မှာဘဲ နောက်ပြီး ညညဆို ခလေးရဲ့ အနမ်းတွေကိုလဲ သတိရနေတော့မှာပါလား ညဆိုရင် အိပ်တောင်ပျော်ပါမလား မသိဘူး........ ခလေးက ကိုယ်သွားမှာကို ဝမနည်းဘူးနဲ့တူတယ်"

"ပိုပြန်ပြီနော် ဉီးကတော့"

"ချစ်လို့ ပိုရတာပါ"

"ပိုမနေနဲ့တော့........ နောက်ကျနေလိမ့်မယ်... သွားတော့"

"အင်း........ သွားချင်ပါတယ် ဒါပေမယ့်....... "

အရိပ် မဏ္ဏိုင်ရဲ့ အကြောင်းသိနေသဖြင့် သူစကားမဆုံးခင် သူ့ရဲ့နှုတ်ခမ်းလေးအား စုပ်ယူ နမ်းပစ်လိုက်သည်။ ခဏကြာတော့ ကြီးသန်းတို့ လာနေပြီ ဖြစ်၍ အနမ်းများကို ရပ်ပစ်လိုက်သည်။

"ဒီအနမ်းချိုချို​ေလးတွေကိုလဲ လွမ်းနေမိတော့မှာပါလား "

"လုပ်ပြန်ပြီ သွားတော့ သွားတော့ "

"အင်း.......ညတိုင်းဖုန်းခေါ်နော်"

"အင်း....... ခေါ်ပါမယ်ဆို သွားတော့"

"အဟွန်း........"

မဏ္ဏိုင်ကားပေါ် တက်ဖို့ ခြေထောက်များက တွန့်နေသည်။ ဒါပေမယ့်လဲ တက်လိုက်ရသည်။

"တာ့တာ........ "

"အရမ်းချစ်တယ်နော် ခလေး တာ့တာ fly kiss"

"လုပ်ပြန်ပြီ ခလေးလိုလိုနဲ့"

"အဟွန်း........"

မဏ္ဏိုင် အရိပ်လေးအား ရီပြလိုက်ပြီး ထွက်လာခဲ့သည်။

"သမီး"

"ရှင်ကြီးသန်း"

"သမီး နေ့လယ်စာစားမယ်ဆိုရင် ကြီးသန်းကိုပြောနော် ဟုတ်ပြီလား"

"အင်းပါ ဉီးမရှိတော့ နေ့လယ်စာတောင်မစားချင်တော့ဘူ ဒါနဲ့ ကြီးသန်းကော သမီးနဲ့အတူတူစားရမယ်နော်"

"စားပါ့မယ်ကွယ်"

"ဟူး........ "

အရိပ် သက်ပြင်းတစ်ချက်ချလိုက်ပြီး အပေါ်ထပ်ရှိအခန်းထဲသို့ ဝင်သွားလိုက်သည်။ ထို့နောက် ဖုန်းလေးကိုင်ကာ မဏ္ဏိုင်ခေါ်လာမည့်အချိန်ကို စောင့်နေလေသည်။

စာတိုသွားရင်လဲ တောင်းပန်ပါတယ်။

စာဖတ်သူလေးများအားလုံး လက်နက်ဘေး ရောဂါဘေးမှ ကင်းဝေးကြပါစေ။

ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။ 🙏🏻🙏🏻


rate now: