"ရှင်ကြီးချစ်တဲ့ကျွန်မ"
"ငါသိတဲ့လူ ဆိုတော့ ဘယ်သူများလဲ"
"ဟိုဟာလေ......... ငါ့ကို ကျောင်းလိုက်လိုက်ပို့တဲ့လူလေ"
"ဟင်........"
မဏ္ဏိုင် သူမလေးစကားကြောင့် ေဇာချွေးတွေတောင် ကျလာရသည်။
"အော်....... ငါသိပြီ နင်ပြောပြောနေတဲ့........... ဉီးခမ်းဆိုတဲ့ တစ်ယောက်"
"အင်း........ ဟုတ်တယ်"
"ကျစ်....... ဘယ်သူပါလိမ့် "
speaker ပိတ်ထားသဖြင့် တစ်ဖက်မှပြောသံကို မဏ္ဏိုင်မကြားရပေ။
"အဲ့လူကြီးက နင်နဲ့အသက်ဘယ်လောက် ကွာတာလဲ"
"၁၄"
"၁၄ဆိုတော့ အခုဆို အဲ့လူကြီးက အသက်၃၀ရှိပြီပေါ့"
"အင်း......... ငါဉီးခမ်းကို မကြိုက်သင့်ဘူးဆိုတာ သိပါတယ်........."
"ဘာရယ်........ အရိပ်လေးက ငါ့ကိုကြိုက်နေတာလား "
မဏ္ဏိုင် အပျော်လွန်ကာ ထိုနေရာတွင် လဲကျတော့မလိုပင် ဖြစ်နေရှာသည်။
"ဒါပေမယ့်လဲ ငါဉီးခမ်းကို ဘယ်လိုကြိုက်သွားမှန်းကို မသိတော့ဘူဟာ"
"ဒါနဲ့ဟိုကကော နင့်ကိုကြိုင်မယ်ထင်လား"
"အော် အဲ့ဒါတော့ ငါဘယ်သိပါ့မလဲ "
"ဟုတ်ပါပြီ .......... နင်အဲ့လူကို လုံးဝလက်မလွတ်နဲ့နော် တစ်ကယ်လို့ သူကနင့်ကို မဖွင့်ပြောဘူးဆိုရင် နင်ကသူ့ကို အရင်ဖွင့်ပြောလိုက်ကြားလား"
"ရူးနေလား ဟိုက ငါ့ကိုကြိုက်မှန်းမသိ မကြိုက်မှန်းမသိနဲ့ ငါကအရင် သွားဖွင့်ပြောလိုက်ရင် ငါကအရှက်မရှိတဲ့ မိန်းကလေး ဖြစ်သွားမှာပေါ့ နင်ကလဲ"
"အရိပ်လေး ကိုယ့်ကိုအရင် လာဖွင့်ပြောစရာမလိုပါဘူး ကိုယ်ကဘဲ အရိပ်လေးကို အရင်လာဖွင့်ပြောမှာ ဒါကြောင့်မို့ အရိပ်လေး ကိုယ့်ကိုစောင့်နေပါ "
မဏ္ဏိုင် ပီတိတွေ ဖြာကာ စိတ်ထဲမှ ဆိုလိုက်သည်။
"အမယ်လေး ဟုတ်ပါပြီ အရှက်ကြီးတဲ့မမရယ် "
"လရိပ် ငါဖုန်းချတော့မယ်နော်"
"ဟင် ဘာလို့လဲ"
"သူများဖုန်းနဲ့ ဆက်တာဆိုတော့ အကြာကြီး ပြောနေရင် မကောင်းဘူး အဲ့ဒါကြောင့်မို့ ငါဖုန်းချတော့မယ်နော်"
"ဟုတ်ပါပြီ"
"ဒါနဲ့ နင်ဒီအကြောင်းကို ဘယ်သူ့ကိုမှ သွားအမပြောရဘူးနော်"
"မပြောပါဘူးနော် "
"ကျေးဇူးပါ သူငယ်ချင်းရယ် ဒါဆိုငါဖုန်းချပြီနော်"
"အင်း......... "
အရိပ် သူ့ရင်ထဲက စကားတွေကို ရင်ဖွင့်လိုက်ရသဖြင့် စိတ်ပေါ့ပါးကာ ပျော်ရွှင်နေသည်။ သူမဖုန်းလဲ ချပြီးရော တစ်ဖက်သို့ လှည့်လာချိန် လက်လေးပိုက်ကာ သူမအားပြုံးပြနေသော မဏ္ဏိုင်။
"ဟင်........ ဉီးခမ်း........... ဘယ်......... ဘယ်အချိန်ကတည်းက ရောက်နေတာလဲဟင်"
"ကို်ယ် အခုလေးတင်ရောက် လာတာပါ အရိပ်လေးရဲ့ ဒါနဲ့ အရိပ်လေး ပါးတွေကရဲနေတယ်နော်"
"ရှင်........."
အရိပ် မဏ္ဏိုင်ရဲ့အပြောကြောင့် ပို၍ပင် မျက်နှာလေး နီရဲသွားသည်။
"ဟို.......... ဟို........... အရိပ် သွားနှင့်တော့မယ်နော်"
"အင်း........ ဖြေးဖြေးသွားနော်"
"ရှင်....... ဟုတ်"
"အမလေး ဉီးခမ်းငါပြောတာတွေတော့ မကြားသွားလောက်ဘူး ထင်ပါရဲ့ ဟူး.........."
အရိပ် ကိုယ့်ဟာကို မလုံမလဲဖစ်နေသည်။
"အဟား.......... "
မဏ္ဏိုင် အရိပ်ထွက်သွားမှ အားရပါးရ ရီလိုက်ပြီး မျက်ခင်းပြင်ပေါ် ခုံပေါက်နေသည်။
"ဟူး......... ဉီးခမ်းနဲ့ ဘယ်လိုမျက်နှာချင်းဆိုင်ရမှာပါလိမ့်........... ဒါနဲ့ ဉီးခမ်း ငါပြောတာတော့ မကြားလောက်ဘူးထင်ပါတယ် ဟာ........ဘယ်လိုလုပ်ရမလဲ ငါကိုကမလုံမလဲနဲ့ ဟိုကမြင့် သိတောင်သိမှာမဟုတ်ဘူး "
အရိပ် ကုတင်ထက်၌ တစ်ယောက်ထဲ တွေးရင် အလုပ်ရှုပ်နေသည်။
ခဏကြာတော့ သူမရဲ့အခန်း တံခါးပေါက် ခေါက်သံလေးကြားလိုက်သည်။
"ဒေါက်ဒေါက်........ အရိပ်လေး ညစာစားရအောင်လေ"
"ရှင်........ ဟုတ် အရိပ်လာခဲ့ပါ့မယ်"
"မရဘူး အခုထွက်လာခဲ့ ကိုယ်စောင့်နေမယ်"
"ဟာ....... ဉီးခမ်းနဲ့တော့ မျက်နှာချင်းမဆိုင် ချင်ပါဘူးဆိုနေမှ"
"အရိပ်လေး ဘာတွေပြောနေတာလဲ ကိုယ်ပြောတာ အခုထွက်လာခဲ့လို့"
"ဟုတ်ကဲ့ပါ ဉီးခမ်းရဲ့ အရိပ်အခုထွက်လာပါပြီ"
"အဟွန်း........."
မဏ္ဏိုင် တစ်ချက်ပြုံးလိုက်သည်။
အရိပ်ခဏကြာတော့ အခန်းထဲမှ ထွက်လာခဲ့သည်။
"ထွက်လာပြီပေါ့"
"ရှင်........."
"ဘာမှဟုတ်တော့ပါဘူး ညစာသွားစားမယ်လို့ ဒါပြီးရင် စာလုပ်ရမယ်နော်"
"ရှင်........."
"သေပါပြီ စာကလုပ်ရအုံးမယ် ဟူး......... မလုပ်လို့ကလဲမရ "
အရိပ် ကိုယ့်ဟာကိုယ်တစ်ယောက်ထဲ မဏ္ဏိုင်မကြားအောင် တိုးတိုးလေး ပြောနေသည်။
"ဘာတွေပြောနေတာတုန်း အရိပ်လေးရဲ့"
"ရှင်........ ဟို ဘာမှမပြောပါဘူး...... ဉီးခမ်း ညစာသွားစားစို့လေ"
"အင်း........."
ဒီလိုနဲ့ နှစ်ယောက်လုံး ညစာအတူတူစားလိုက်ကြပြီး အပေါ်တက်ကာ စာစလုပ်ဖို့ ပြင်လိုက်သည်။
"အရိပ်လေး ေကျာင်းမှာ စာလိုက်နိုင်တယ်မလား"
"ဟုတ် လိုက်နိုင်ပါတယ်"
"အင်းပါ ဒါဆိုလဲ ပြီးတာပါဘဲ"
"ဟုတ် "
ဒီလိုနဲ့ အချိန်တွေကုန်လာခဲ့တာ အရိပ်ကျောင်းနောက်ဆုံးရက်ရောက်လာခဲ့ပြီ။ မဏ္ဏိုင်ရဲ့ ဟိုတယ် ကိစ္စကတော့ ဧကရီဇန် ရဲ့လက်ချက်ဖြစ်နေသည်။ ဧကရီဇန် ရဲ့အဖေ မဏ္ဏိုင်အား လာတောင်းပန်သဖြင့် မဏ္ဏိုင်လဲ တရားမစွဲတော့ဘဲ ကျေအေးပေးခဲ့သည်။
အခုဆိုရင် မဏ္ဏိုင် စောင့်နေတဲ့ အချိန်ကို ရောက်လာခဲ့ပါပြီ။ မနက်ဖြန် အရိပ်လေးအား ဖွင့်ပြောဖို့အတွက် မဏ္ဏိုင် စီစဉ်ထားသည်။
"အရိပ်လေး ပြီးပြီလား နောက်ကျနေမယ်နော်"
"ဟုတ်....... ပြီးပါပြီ ဉီးခမ်းရဲ့"
"စာမေးပွဲကို သေချာဖြေခဲ့နော် အရိပ်လေး"
"ဟုတ် ဉီးခမ်း"
"bioဆိုတော့ ပုံတွေပါမှာနော် သေချာဆွဲခဲ့ ကြားလား"
"ဟုတ်.........."
"စာမေးပွဲမှာ ကောင်းကောင်းမွန်မွန်နဲ့ ဖြေနိုင်ပါစေနော်"
"ဉီးခမ်း သင်ပေးထားတာဘဲ ဘာလို့မဖြေနိုင်ရမှာလဲ"
"အဟွန်း......... ဟုတ်ပါပြီ အရိပ်လေးရဲ့ ဒါဆို ကိုယ့်တို့ သွားရအောင်လေ"
"ဟုတ်......... အော်........ဒါနဲ့ ကြီးသန်းအရိပ်သွားပြီနော် "
"ကောင်းကောင်းမွန်မွန် လျှောလျှောရှူရှူ အနှေင့်အရှက်မရှိ ဖြေနိုင်ပါစေကွယ်"
"ဟုတ်........ ပေးတဲ့ဆုနဲ့ပြည့်ပါစေ ကြီးသန်း ဒါဆို အရိပ်တို့သွားပြီနော်"
"အေးကွယ်"
မဏ္ဏိုင်နဲ့အရိပ် အိမ်ကြီးထဲမှ ထွက်လာခဲ့ကြသည်။
"အရိပ်လေး ဒီနောက်ဆုံးဘာသာက အရေးကြီးတယ်နော် သေသေချာချာနဲ့ ဂရုတစ်စိုက်ဖြေခဲ့နော် ဟုတ်ပြီလား "
"ဟုတ်"
"ေနာက်ပြီးတော့ မေးခွန်းတွေလဲ သေချာဖတ်နော် ရတဲ့ဟာကို အရင်ဖြေ မရတဲ့ဟာကို နောက်မှဖြေကြားလား နောက်ပြီးစိတ်မလောနဲ့ကြားလား စိတ်လောနေရင် စာတွေလျှံကုန်လိမ့်မယ်ကြားလား"
"ဟုတ်ပါပြီ ဉီးခမ်းရဲ့ ဉီးခမ်း မှာနေတာနဲ့ဘဲ အရိပ်ကျက်ထားတဲ့ စာတွေမေ့ကုန်တော့မှာဘဲ"
မဏ္ဏိုင် ဒီလိုမျိုးမှာနေခဲ့တာ ဒီနေ့နဲ့ဆို ခြောက်ရက်ရှိနေပြီ။ အရိက်လဲ မဏ္ဏိုင်ရဲ့ စကားတွေကို အလွတ်တောင်ရတော့မည်။ ဒီလိုမှာနေတာကလဲ သူမလေးကိုသူ စာမေးပွဲမှာ ကောင်းကောင်းမဖြေနိုင်မှာကို စိတ်ပူလို့ဘဲ မဟုတ်လား။ ဒီလိုနဲ့ ခဏကြာမောင်းနှင် လာပြီးနောက် ကျောင်းကြီးရှိရာသို့ ရောက်လာခဲ့သည်။
"ဉီးခမ်း အရိပ်ကျောင်းထဲ ဝင်တော့မယ်နော်"
"အရိပ်လေး ဉီးခမ်းပြောတာတွေကို မမေ့နဲ့နော် "
"မမေ့ပါဘူး......... အော်........ ဒါနဲ့ အရိပ်ကို ဒီနေ့နည်းနည်း နောက်ကျမှ လာကြိုနော် ဉီးခမ်း"
"ဟုတ်ပါပြီဗျ ဒါဆိုလဲဝင်တော့လေ "
"ဟုတ် တာ့တာ......"
"တာ့တာ"
"ခဏလေး ခဏလေး ဉီးခမ်း"
"ဘာပြောမလို့လဲ အရိပ်လေး"
"ဟိုဟာ ဉီးခမ်း ဒီနေ့ အရိပ်ကို ခေါင်းမပွတ်ရသေးဘူးလေ"
"အဟွန်း.......... ဟုတ်သားဘဲ ကဲလာ"
အရိပ်လဲ သူမရဲ့ခေါင်းလေးကို မဏ္ဏိုင်ရဲ့ အရှေ့သို့ ထိုးပေးလိုက်သည်။ မဏ္ဏိုင်လဲ သူမခေါင်းလေးအား အသာအယာပွတ်ပေးလိုက်သည်။
"ရပြီလား"
"ဟုတ်......... အခုမှဘဲ စာမေးပွဲဖြေဖို့ အားရှိတော့တယ် အဟီး......."
သူမ မျက်လုံးလေးတွေ မှိတ်သွားသည်အထိ မဏ္ဏိုင်အား ပြုံးပြလိုက်ပြီး ကျောင်းထဲသို့ ဝင်သွားသည်။
"ဒီကောင်မလေး လူကိုနည်းအမျိုးမျိုးနဲ့ လာသတ်နေတယ် အဟွန်း........ အသဲယားလိုက်တာကလေးရယ်"
မဏ္ဏိုင် ပြောလဲပီးရော ကားထဲဝင်သွားပြီး ကမ္ပဏီ ဘက်သို့ မောင်းလာခဲ့သည်။ ကမ္ပဏီ ရောက်တော့လဲ အရိပ် အတွက် စိုးရိမ်ရတာက တစ်မျိုးနှင့် ဘာမှမလုပ်နိုင် ဖြစ်နေသည်။
""""""""""""""""""""""""""""""""""""""""""""""
"မြရိပ် ဒီနေ့စာမေးပွဲဖြေပြီးရင် မုန့်သွားစားရအောင်နော်"
"အင်းပါ......... "
"ဟူး........ စာမေးပွဲမှာ ကျက်ထားတဲ့ ဟာဘဲပါပါစေ အရှင်ဘုရား"
"အခုမှ ဘုရားလာတနေ"
"နင်ကလဲ"
ခဏကြာတော့ စာမေးပွဲဖြေဖို့ အချိန်ရောက်လာသည်။ အရိပ် စိတ်အေးအေးထားပြီး စာမေးပွဲအခန်းသို့ ဝင်သွားသည်။
မဏ္ဏိုင်လဲ ကမ္ပဏီ တွင် မထိုင်နိုင်လောက်အောင်ကို အရိပ်အတွက် စိတ်ပူနေသည်။
"ဟူး........ အရိပ်လေးနဲ့ ကျွန်တော်နဲ့အတူတူ ကျက်ခဲ့တာတွေဘဲ ပါပါစေ အရှင်ဘုရား ဟူး........"
ဒီလိုနဲ့ အချိန်အနည်းငယ်ကြာတော့ စာမေးပွဲ ပြီးချိန်ရောက်လာခဲ့သည်။
"အေြဖစာရွက်ပေးချင်တဲ့လူတွေ လာပေးလို့ရပြီနော်"
ဆရာမရဲ့ အပြောကြောင့် အရိပ်သူမရဲ့ အဖြေစာရွက်လေး သွားပေးလိုက်သည်။ ခဏကြာတော့ လရိပ်မေလဲ စာရွက်သွားပေးလိုက်သည်။ ၁၂နာရီလဲထိုးရော အားလုံး၏ အဖြေစာရွက်က whiteboard နားမှာရပ်နေတဲ့ ဆရာမထံရောက်သွားပြီ။
"အားလုံးဆင်းလို့ရပြီ"
"ရေး........ ပြီးပြီကွ ၁၀တန်း"
"လွတ်လပ်ပြီဟေ့"
"ဟားဟား ရည်းစား ထားလို့ရပြီ"
လရိပ်မေ ဘေးနားလေးကလူတွေကြားအောင် တစ်မင်ပြောလိုက်သည်။
"ဟိတ် လရိပ် ဘာတွေလျှောက်ပြောနေတာလဲ"
"ေဘးက ကောင်မတွေကို အမြင်ကတ်လို့"
"နင်ကတော့ ပြောကိုမပြောချင်ဘူး"
"လာပါ သွားရအောင် "
"အင်းပါ"
အရိပ်နဲ့ လရိပ်မေ ကျောင်းနားလေးရှိ မုန့်ဆိုင်အစုံကို ပတ်၍မုန့်စားခဲ့ကြသည်။ ခဏကြာတော့ အရိပ် ကျောင်းသို့ပြန်လာခဲ့သည်။
"မြရိပ်စောင့်ကူပေးရအုံးမလား"
"ရပါတယ် ခဏနေရင် လာကြိုတော့မှာ"
"အင်းပါ ဒါဆိုငါပြန်ပြီနော်"
"တာ့တာနော် အရမ်းချစ်တယ် သိလား"
"အတူတူပါဘဲ မြရိပ်ရယ်"
လရိပ်မေ မျက်ရည်များပင် ဝဲနေရှာသည်။ အရိပ်လဲ သူမနှင့်အတူတူပင်။
အရိပ် တစ်ခဏကြာ ဉီးခမ်းလာမည့် အချိန်ကို စောင့်နေသည်။ ထိုအချိန်တွင် အအရိပ်မထင်မှတ်ထားသည့် လူတစ်ယောက် သူမဆီတည့်တည့်သို့ လျှောက်လာနေသည်။
"ဟင်........ ဒါ.........ဒါ အန်တီခင်လေးမလား မဖြစ်ဘူး ငါထွက်ပြေးရမယ်"
ဆိုကာ အရိပ်ပြေးဖို့ လုပ်လိုက်စဉ် ဒေ.်ခင်လေး သူမ၏လွယ်အိတ်အား ဆွဲလိုက်သည်။
"အဟွန်း......... ညည်းငါ့လက်ထဲကနေ လွတ်မယ်ထင်နေတာလား မိအရိပ်"
"ရှင်........."
"ညည်း အခုငါ့နောက် လိုက်ခဲ့ရမယ့် အချိန်ကျလာပြီ မိအရိပ်"
"ရှင်........ အရိပ်.......အရိပ် မလိုက်ဘူး အရိပ်ကို လွတ်ပေးပါနော် အရိပ်တောင်းပန်ပါတယ် အန်တီခင်လေး ကယ်ကြပါအုံးရှင်........ "
လမ်းသွားလမ်းလာတွေ သူမတို့ကို ကြည့်သွားပေမယ့် သူမ၏မိထွေးဖြစ်သူ ဒေါ်ခင်လေးရဲ့ သရုပ်ဆောင်ကောင်းမှုကြောင့် မည်သူမှ သူမတို့ ကိစ္စကို လာမရှုပ်ကြပေ။
သူမအရိမ်းကြောက်ကာ မျက်ရည်လေးများပင် သူမပါးမို့မို့ထက်သို့ စီးကျလာသည်။
သူမမဏ္ဏိုင်နှင့် ခွဲရမည်ကိုစိုးရိမ်နေသည်။ နောက်ပြီး သူမသာရွကိုပြန်လိုက်သွားရင် ရွာက ဟိုလူကြီးနှင့် လက်ထပ်ရမည်ကိုလဲ ကြောက်နေမိသည်။
"အဟင့်.......... ဒီအချိန်မှာ ငါ့ကိုကူညီမဲ့ လူမရှိတော့ဘူလား"
"နင့်ကို ဘယ်သူမှ မကယ်နိုင်တော့ဘူ မိအရိပ် အဟွန့်.......... ညည်းငါ့နောက် လိုက်ခဲ့ရတော့မှာဘဲ"
"မလိုက်ဘူး မလိုက်ဘူး အရိပ်ဘယ်တော့မှ အဲ့ရွာကို ပြန်မလိုက်ဘူး အဟင့်........ အရိပ်ကို လွတ်ပေးပါ"
အရိပ် ငိုယိုကာ ဒေါ်ခင်လေးအား တောင်းပန်နေရာသည်။ ထိုအချိန်တွင် သူမှတို့နှင့် မလှမ်းမကမ်းကနေ သူမတို့ဆီ ဉီးတည်ပြီးလာနေသူက
"ခင်ဗျားရဲ့ လက်ကိုအခုချက်ချင်းလွှတ်လိုက်စမ်း"
"ဟင်.........."
ဒီနေ့ ro ပေးမယ်လို့ပြောထားတာ အချိန်မရလို့ မroပေးတော့ဘူးေနာ်။
စာတိုသွားရင်လဲ တောင်းပန်ပါတယ်။
စာဖတ်သူများအားလုံး ေရာဂါဘေး လက်နက်ဘေးမှ ကင်းဝေးကြပါစေ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။ 🙏🏻🙏🏻