"ရှင်ကြီးချစ်တဲ့ကျွန်မ"
"ဉီးလေး သွားမယ်လေ"
"ဘာ..... ကိုယ့်ကိုဘယ်လိုခေါ်လိုက်တယ်"
သူမ မဏ္ဏိုင်ရဲ့အမေးကို ပြန်မဖြေဘဲ ဒီတိုင်းသာ ရပ်နေမိသည်။
"ထားလိုက်ပါ ကိုယ့်နာမည်က မဏ္ဏိုင်ဉီးခမ်း နောက်ဆို မှတ်ထား ကြားလား ချာတိတ် "
"ဟုတ်...."
"ဒါနဲ့ ချာတိတ် နာမည်ကကော"
"အရိပ်နာမည်က မြရိပ်အလင်္ကာပါ အများစုကတော့ အရိပ်လို့ဘဲခေါ်ကြတယ်"
"ကိုယ်ကတော့ ချာတိတ်လို့ဘဲခေါ်တော့မယ် ဒီလိုမျိုး ဘယ်သူမှ မခေါ်ဖူးဘူးမလား......."
"ဟုတ်......"
"ခေါင်းလေးမော့ပါအုံး ကိုယ်မကိုက်စားပါဘူး"
"ဟုတ်....."
သူမခေါင်းလေးမော့လိုက်ရော တွေ့လိုက်ရတာက ရင်အုပ်ကျယ်ကျယ်နှင့် six pack အထစ်လိုက်ကို သူမတွေ့လိုက်သဖြင့် မျက်လုံးလေးပြူးသွားကာ တစ်ဖက်သို့ လှည့်လိုက်ပြီး မျက်လုံးလေး တင်းကျပ်စွာပိတ်ထားလိုက်သည်။
"အဟွန်း ဘာဖြစ်လို့ ဟိုဘက်လှည့်သွားတာလဲ"
"ဟိုဟာ......ဉီးလေး ဘာလုပ်မလို့လဲ ဘာလို့ အင်္ကျီ ချွတ်လိုက်တာလဲ"
"ရေချိုးမလို့လေ ချာတိတ်ရဲ့ ဘာဖြစ်လို့လဲ "
"ဒါဆို အရိပ်သွားပြီနော်"
သူမပြောလဲပြီးရော ထွက်သွားဖို့ ပြင်လိုက်စဉ် သူမလက်လေးကို မဏ္ဏိုင် လှမ်းဆွဲလိုက်သည်။
"နေအုံးလေ ရေချိုးတဲ့နေရာ လိုက်ပြအုံးလေ"
"အော်......ဟုတ်သားဘဲ "
သူစိတ်ထဲမှပြောလိုက်ပြီး ထွက်လာခဲ့သည်။ မဏ္ဏိုင် ကတော့ အနောက်မှ ပြုံးရင်း လိုက်လာသည်။
"ရောက်ပြီ ဉီးလေး ေရလဲဖြည့် ထားတယ် "
အင်း......
သူမအမှောင်ထဲမှနေ၍ မဏ္ဏိုင်အား ခိုးကြည့်နေသည်။
"ဒါဆို အရိပ်သွားပြီနော် "
"စောင့်ပေးအုံးလေ"
ရှင်......
"six packတွေ ကြွက်သွားတွေနဲ့ကို တစ်ယောက်ထဲရေချိုးရမှာ ကြောက်နေတာထင်တယ်"
ခိခိ......
သူမစိတ်ထဲကနေတွေးလိုက်ရင်း ပါးစပ်ကို လက်လေးဖြင့်အုပ်ကာ ရယ်လိုက်သည်။
"ချာတိတ်......"
"ရှင်......"
"ဒီမှာထိုင်မစောင့်နဲ့လေ ဟိုဘက်နားမှာထိုင်နေပါလား အဲ့ဒါဆို ချာတိတ်ရေမစိုတော့ဘူ"
"ရှင်......ဟိုဟာ အရိပ် ဉီးလေးတို့ စားဖို့ညစာပြင်ရအုံးမှာမို့ အရင်သွားနှင့်ပြီနော် "
သူမ မဏ္ဏိုင်အနားမှ ထွက်ပြေးသွားသည်။
"အဟွန်း ဒီချာတိတ်နဲ့တော့ ဟူး.....
ဒါတွေကြောင့် ငါဒီရွာလေးသွားရမှာ ပျော်နေပါတယ်လို့ထင်ေနတာ တစ်ကယ်တမ်းတော့ ချာတိတ်ရှိနေလို့ကို အဟွန့် ငါ့နှလုံးသားလေးကို အရည်ပျော်အောင် မင်းလုပ်ခဲ့တာဘဲ ချာတိတ်....... မင်းကိုကြည့်ရတာ ငယ်သေးတယ်ထင်တယ် ကိုယ်မင်းကို ဘယ်ချိန်ထိစောင့်ရပါ့မလဲဟူး......"
"""""""""""""""""""""""""""""""""""""
"အန်တီ ညစာပြင်ပြီးပါပြီ"
"အော်.......အေးအေး.....သမီး...."
ဟုတ်......
"ဘုန်းဘုန်း တပည့်တော်မကို သွားခွင့်ပြုပါအုံး"
"အေးကွယ်..... "
အဲ့ဒါနဲ့ သူမတို့နှစ်ယောက် ထမင်းစားဆောင်ဘက်သို့ ထွက်လာခဲ့သည်။
"သမီး...... အန်တီ့သားကော"
"ခဏကတော့ ရေချိုးမလို့တဲ့ အခုတော့ချိုးပြီးလောက်ပြီ"
"အဲ့ဒါဆို အန်တီသားကို သွားခေါ်ပေးပါလာ သမီးရယ်"
"ရပါတယ် သမီးသွားခေါ်လိုက်ပါမယ်"
"ကျေးဇူးပါကွယ်"
"ရပါတယ်"
ဆိုကာ သူမ မဏ္ဏိုင်ရှိရာ အခန်းသို့လာခဲ့သည်။
"ဉီးလေးရှင့် ဉီးလေးအမေက ညစာစားဖို့ ခေါ်ခိုင်းလိုက်လို့ပါ"
တစ်ဖက်မှ ဘာမှပြောသံမကြားသဖြင့် သူမဝင်လာလိုက်သည်။
ဟင်......
မဏ္ဏိုင် ရေချိုးပြီး အပေါ်ဝတ်မဝတ်ဘဲ အိပ်နေသည်။ နှာတံချွန်ချွန် ဖြူဖွေးလွန်းသည့် သူ့အသားအရည်နှင့် နီမြန်းနေသောသူ့နှုတ်ခမ်း နက်မှောင်လွန်းသည့် မျက်ခုံး တို့က လိုက်ဖက်စွာနှင့်ဆွဲဆောင်နေသည်။ ဆံပင်များက ခြောက်လုစဲစဲဖြစ်နေပြီး ဖွာနေသည်။ သူမ မဏ္ဏိုင်အား အချိန်ကြာမြှင့်စွာကြည့်နေမိသည်။
ခဏကြာတော့ မဏ္ဏိုင်နိုးလာပြီး သူ့ဘေးနားတွင်ရပ်နေတဲ့ချာတိတ်ကို ကြောင်ကြည့်နေသည်။
"ဟိတ် ချာတိတ်.... "
"ဟင်....."
သူမလန့်သွားပြီး ခေါင်းလေး ငုံ့သွားသည်။
"ကိုယ့်ကိုဒီလောက်တောင် ကြွေေနတာလား မျက်တောင်တောင်မခက်ဘဲ ကြည့်နေတာ"
"မ....မ..မဟုတ်ပါဘူး.....ဉီးလေးရဲ့ အမေက ထမင်းစားဖို့ခေါ်ခိုင်းလိုက်လို့ပါ"
"အဟွန်း......ဟုတ်လား...ဒါနဲ့ကိုယ့်ကို ဉီးလေးလို့ မခေါ်ပါနဲ့လား ကိုယ် အသက်ကအဲ့လောက်မကြီးသေးပါဘူး အခုမှ ၂၉ဘဲရှိသေးတယ်"
"ဟုတ်......အဲ့ဒါဆို ဘယ်လိုခေါ်ရမှာလဲ"
"ချာတိတ် ကဘယ်လိုခေါ်ချင်လဲ"
"ဉီးခမ်း....."
"အဟွန်း...... ကြိုက်တယ် အဲ့ဒါဆိုသွားစို့လေ"
"ဟုတ်....."
သူမ မဏ္ဏိုင်နှင့်အတူ ထွက်လာခဲ့သည်။
"ချာတိတ် ကပြီးရင် အိမ်ပြန်တော့မှာလား"
"ဟုတ်....."
"အော်.....ဒါနဲ့ ချာတိတ်အသက်ကဘယ်လောက်ရှိပြီလဲ"
"လာမဲ့၇လပိုင်းကြရင် အသက်၁၆နှစ်ပြည့်မှာ"
"အော်....ဒါဆို၁၀တန်းတက်မှာပေါ့"
"ဟုတ်......."
"ကိုယ်နဲ့ဆို အသက်တော်တော်ကွာတာဘဲ ကိုယ်က နောက်နှစ်ပါတ်လောက်နေရင် အသက်၃၀ပြည့်ပြီလေ"
"အဲ့ဒါဆို၁၄နှစ်လောက်ကွာတာပေါ့"
"ဟုတ်တယ် ဘယ်လိုလုပ်ရမလဲမသိဘူး"
"ဘာကိုလဲ"
" ကိုယ့်အသက်သာ၂၃ နှစ်လောက်ဆိုရင် ကောင်းမှာဘဲ"
"ဘာလို့လဲ"
"ဒါဆို ချာတိတ် နဲ့ အသက်သိပ်မကွာတော့ဘူလေ"
အော်.....
သူတို့စကားပြောရင်းလာခဲ့တာ ထမင်းစားဆောင်ဘက်ရောက်လာခဲ့သည်။ နှစ်ယောက်လုံး အပေါ်တက်လိုက်ကြသည်။ မဏ္ဏိုင် သူ့အမေဘေးနားတွင်ထိုင်လိုက်သည်။ သူမကတော့ ယပ်တောင် တစ်ချောင်းယူပြီး ဘေးနားမှ ယပ်ခက်ပေးနေသည်။
"သမီးအန်တီတို့နဲ့ တစ်ခါတည်းစားလိုက်ပါလား "
"ရပါတယ် အရိပ်ဗိုက်မဆာပါဘူး"
"လာပါ ချာတိတ်ရဲ့ စားဆိုစားလိုက်ပေါ့ လာ"
မဏ္ဏိုင် သူမလက်လေးကိုဆွဲလိုက်ပြီး ထိုင်ခိုင်းလိုက်သည်။
"ရော့ထည့်စား "
မဏ္ဏိုင် သူမပန်းကန်ထဲသို့ ဟင်းများခပ်ထည့်ပေးနေသည်။ ဒေါ်သက်ထားခင် မှာတော့ သားဖြစ်သူရဲ့ ထူးဆန်းမှုကြောင့် အံဩနေမိသည်။
"ဘယ်မိန်းကလေးကိုမှ ဟင်းမခပ်ပေးဖူးပါဘူး ဒီမိန်းကလေးနဲ့တွေ့မှ..... မဟုတ်မှ ငါမနေ့ကဆုတောင်းများပြည့်တော့မှာလားမသိဘူး "
ဒေါ်သက်ထားခင်တစ်ယောက် တွေးရင်း ပြုံးနေမိသည်။
ခဏကြာတော့ သူတို့အားလုံး ထမင်းစားပြီးသွားပြီ။
"အန်တီတို့ သွားနားတော့လေ အရိပ် ပန်းကန်တွေဆေးလိုက်ပါမယ်"
"ရပါတယ်သမီးရဲ့ အန်တီဆေးကူပေးပါ့မယ်"
"မဟုတ်တာ အန်တီရယ် သွားနားလိုက်ပါ အရိပ်ဆေးလိုက်ပါမယ် သွားပါ"
"ွဟုတ်ပါပြီ ဒါနဲ့ သမီးနာမည်က"
"မြရိပ်အလင်္ကာ ပါအရိပ်လို့လဲခေါ်လို့ရပါတယ်"
"ဟုတ်ပါပြီ သမီးအရိပ်က အရမ်းလိမ်မာလိုက်တာ အန်တီတို့စားခဲ့တဲ့ ဟင်းတွေအားလုံး သမီးတစ်ယောက်ထဲချက်ထားတာလား"
"ဟုတ်"
"လိမ်မာလိုက်တာ သမီးရယ် ဟင်းချက်ကလဲကောင်းလိုက်တာ အန်တီ ချွေးမတောင်တော်ချင်လာပြီ"
"ရှင်....."
"အမေကလဲဗျာ ဘာလို့ကလေးကိုစ နေရတာလဲ လာပါ ကျွန်တော်အိပ်ခန်းလိုက်ပို့ပေးမယ်"
ဆိုကာ မဏ္ဏိုင် သူ့အမေအားခေါ်ပြီး ထွက်လာခဲ့သည်။
"ဟူး......ဘာတွေဖြစ်နေတာပါလိမ့် သားကတစ်မျိုး အမေကလဲတစ်မျိုးနှင့် "
သူမသက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး ပန်းကန်အမြန်ဆေးကာ ဘုန်းဘုန်းအားသွားကန်တော့လိုက်ပြီး အိမ်ပြန်လာခဲ့သည်။
"ရောက်ပြီလား "
"ဟုတ်...."
"ဘုန်းဘုန်း ကဘာပြောလိုက်သေးလဲ"
"မနက်ဖြန် အဒေါ်နဲ့အတူ လာခဲ့ကြတဲ့"
"အင်း....... အခန်းထဲမှာ အင်္ကျီ ဝမ်းဆက်တင်ထားတယ် မနက်ဖြန်ဝတ်ဖို့ "
"ဟုတ်....."
သူမအခန်းထဲမှာ တင်ထားတဲ့ အင်္ကျီ ေလးအား တစ်ချက်သာကြည့်လိုက်ပြီး အိပ်လိုက်တော့သည်။
"""""""""""""""""""""""""""""""""""""""
"ချာတိတ် ဘယ်ရောက်သွားတာပါလိမ့် အိမ်မြန်းပြန်သွားတော့တာလား "
မဏ္ဏိုင် တစ်ကျောင်းလုံးပတ်ရှာပြီး မတွေ့သဖြင့် ပြန်လာခဲ့သည်။
"မအိပ်ခင်လေးတွေ့ချင်ပါတယ်ဆိုမှ အိမ်ပြန်သွားလိုက်ရတယ်လို့"
""""""""""""""""""""""""""""""""""""""""""
မနက်မိုးလင်းနေပြီ ဖြစ်၍သူမအိပ်ရာမှ ထလိုက်သည်။ ရေးချိုးပြီး မနေ့ကပေးထားတဲ့ အပြာရောင်ဝမ်းဆက်လေးကို ဝတ်လိုက်သည်။ ပါးပြင်ပေါ်သို့ သနပ်ခါး ပါးပါးလေး လိမ်းလိုက်ပြီ နက်မှောင်နေသော ဆံပင်များအား ဆံကျစ်နှစ်ဖက်ခွဲကျစ်လိုက်ပြီး ရှေ့ဆံမြိတ်နည်းနည်းချလိုက်သည်။ ထို့နောက် သူမ မိထွေးရှိရာလာခဲ့သည်။
"ပြီးပြီလား"
"ဟုတ်...."
"သွားမယ်....."
သူမနှင့် ဒေါ်ခင်လေး တို့ဘုန်းကြီးကျောင်းရှိရာလာခဲ့ကြသည်။
"""""""""""""""""""""""""""""""""""""
"ဒီနေ့တော့ချာတိတ်ကို ကြွေအောင်လုပ်ရမယ်"
ဆိုကာ သူအဝတ်အိတ်ထဲမှ ယောပုဆိုး အပြာလေးနှင့် shirtအဖြူလေးကိုဝတ်လိုက်သည်။ ကေနည်းနည်းသန့်လိုက်ပြီးမှန်ထဲ၌ တစ်ကိုယ်လုံးကို လှည့်ပတ်ကြည့်နေသည်။
"ချောသားဘဲ"
သူ့ဘာသာသူချီးကျူးလိုက်ပြီး ထွက်လာခဲ့သည်။ ထို့နောက် သူမအမေနှင့်ဘုန်းဘုန်းရှိရာဆီလာခဲ့သည်။
"ဒေါ်သက်ထားခင် သားလား"
"ဟုတ်ပါတယ်ဘုန်းဘုန်း"
"တော်တော်လေးကြီးလာပြီးဘဲ အသက်၂၅လောက်ရှိပြီထင်တယ်"
"ဘယ်ဟုတ်မှာလဲ ဘုန်းဘုန်း သားကအသက်၃၀ပြည့်တော့မှာဘုန်းဘုန်းရဲ့"
"ဟုတ်လား မထင်ရဘူးကွယ် ဒေါ်ခင်သားက တော်တော်ချောနေတာကို"
မဏ္ဏိုင်ဘုန်းဘုန်းကို ရီပြလိုက်ပြီး သူ့ရဲ့ချာတိတ်ကိုရှာနေသည်။
ဟော.....တွေ့ပါပြီဗျာ ရင်ဖုံးအပြာဝမ်းဆက်လေးနှင့် လှချင်တိုင်းလှနေသည့်သူမ။ မဏ္ဏိုင်သူမကို တွေ့လိုက်ချင်း ဘက်ဘက်ရင်အုံမှ နှလုံးသားတစ်စုံက ပေါက်ထွက်မတက်ခုံနေသည်။
သူမ ဘုန်းဘုန်းကို ကန့်တော့ဖို့ လျှောက်လာခဲ့သည်။
ဒေါ်ခင်လေးကတော့ ရောက်တာနှင့် သူ့သူငယ်ချင်းများနှင့် စကားများနေကြသည်။
"လာလေ သမီးအရိပ် ဘယ်မှာတုန်းသမီး ဒေါ်ခင်လေး"
"မလိုက်လာသေးဘူးတဲ့ဘုန်းဘုန်း သူငယ်ချင်းတွေနဲ့ တွေ့လို့စကားပြောနေကြတယ်"
"ဟုတ်လား....."
"ဟုတ်........"
"သမီးအရိပ်လေးက အတော်ချစ်စရာကောင်းတာဘဲ"
ဒေါ်သက်ထားခင်သူမအား ကြည့်ကာပြောလိုက်သည်။ သူမ ဒေါ်သက်ထားခင်အား ပြန်ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။ ထို့နောက် သူမ မဏ္ဏိုင်ဘက်လှည့်ကြည့်လိုက်သည်။ သူမအား သွားကြီးဖြီးကာပြုံးပြနေသည်။ ခဏကြာတော့
"ဘုန်းဘုန်းဘုရား.....ကျွန်တော်အခုမှ ဒီရွာရောက်ဖူးတာဆိုတော့ကျွန်တော် ရွာကိုလျှောက်ပတ်ကြည့်ချင်လို့ဘုရား အဲ့ဒါ အရိပ်ကိုလိုက်ပြခိုင်းလို့ရလား"
"ရတာပေါ့ သွားလိုက်ပြလိုက်နော်အရိပ်"
"ဟုတ်ကဲ့ဘုန်းဘုန်း"
"အမေ့ကျွန်တော်သွားလိုက်အုံးမယ်"
"အေးအေး ဖြည်းဖြည်းသွားနော်"
"ဟုတ်......."
အဲ့ဒါနဲ့ သူတို့နှစ်ယောက်ထွက်လာခဲ့ကြသည်။ မိန်းကလေးအားလုံး ကြီးငယ်မရွေး မဏ္ဏိုင်အား ကြည့်နေကြသည်။ ပါးစပ်ကလဲချောသည်ဟု ပြောနေကြသည်။
"ဒီလူကြီးကလဲ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးဘဲ ဟုတ်မှာပေါ့ တော်တော်ချောတာကြီးကို ယောပုဆိုးလေးနဲ့ဆိုတော့ ပိုတောင်ကြည့်လို့ကောင်းသွားသေးတယ်"
အရိပ် စိတ်ထဲမှ ချီးကျူးလိုက်ပြီး ထွက်လာခဲ့သည်။ မဏ္ဏိုင်ကတော့ ဘယ်မိန်းကလေးမှမကြည့်ဘဲ သူမကိုသာ ငေးကြည့်နေမိသည်။
"ဘယ်လိုလုပ်ရမလဲ ချာတိတ်ရေ ကိုယ်မင်းကိုချစ်မိနေပြီထင်တယ် ဟူး...... ဒီရွာကနေတောင်မပြန်ချင်လာတော့ဘူ"
မဏ္ဏိုင်စိတ်ထဲမှပြော လိုက်ပြီထွက်လာခဲ့ကြသည်။
ဝါသနာအရရေးတာမို့အမှားပါရင်ခွင့်လွှတ်ပါေနာ်။ 🙏🏻🙏🏻