"ရှင်ကြီးချစ်တဲ့ကျွန်မ"
မဏ္ဏိုင်နဲ့အရိပ် ညစာစားပြီး အပေါ်သို့တက်သွားကြသည်။
"ဉီးခမ်း ဒီနေ့တော့ စောစော အနားယူလိုက်တော့နော်"
"ဘာလို့လဲ အရိပ်လေးရဲ့"
"ဉီးခမ်း ဒီနေ့ အရမ်းပင်ပန်းနေတယ်ဆိုတာ အရိပ်သိပါတယ် ပြီးတော့ လိုင်းပေါ်က သတင်းတွေလဲ အန်တီပြောလို့ သိပြီးပါပြီ ဒါကြောင့် ဒီနေ့တော့ နားလိုက်တော့နော်"
"ဒါပေမယ့် စာကမနေ့ကလဲ မလုပ်ရဘူးလေ နောက်ပြီး ဒီနေ့ကော မလုပ်ဘူးဆိုရင် စာတွေထပ်ကုန်မှာပေါ့"
"အရိပ်က ဒီနေ့ စာမလုပ်တော့ဘူလို့ ပြောတာမဟုတ်ပါဘူး "
"ဒါဆို အရိပ်က ဘာကိုပြောတာလဲ "
"ဒီနေ့ အရိပ် ကိုယ့်ဟာကို စာလုပ်လိုက်တော့မယ်လို့ ပြောတာပါ "
"ဟုတ်ပါပြီ ဒါဆို ကိုယ် သွားနားတော့မယ်နော်"
"ဉီးခမ်း ခဏလေး"
"ပြောလေ"
"ဟိုဟာ........ အရိပ် ဒီနေ့ခြံထဲ မှာစာသွားလုပ်လို့ရလား"
"ကြိုက်တဲ့နေရာမှာ စာသွားလုပ်လို့ရတယ် ဟုတ်ပြီလား ဒါပေမယ့် ကိုယ့်အိမ်မှာဘဲရမယ်နော် တစ်ခြားလူအိမ်မှာတော့မရဘူး "
"ဟုတ်ပါပြီ ဒါဆို အရိပ်သွားပြီနော် "
"အင်းပါ"
အရိပ်စာအုပ်တွေသယ်ပြီး ခြံထဲသို့ ဆင်းသွားသည်။
မဏ္ဏိုင်လဲ ဒီနေ့ အရမ်းပင်ပန်းနေပြီမို့ အိပ်ရာပေါ်တွင် ပစ်လဲလိုက်သည်။
"ဟူး.......... ကောင်းလိုက်တာ"
အေးမြပြီးလတ်ဆတ်တဲ့ လေကိုရှူရှိုက်ရင်း စာကျက်ရတဲ့ feelက သူမအတွက် ဘယ်အရာနဲ့မျှ မနိှုင်းရက်လောက်အောင် ေကာင်းလှသည်။
သူမလေအေးအေးလေးကို ရှူရှိုက်ရင်း စာကျက်လာတာ အချိန်အနည်းငယ် ကြာသွားပြီ။ ဒါကြောင့် သူမခဏနားဖို့ ပြင်လိုက်စဉ် အနောက်မှ သူမရဲ့ခေါ်သံကို ကြားလိုက်သည်။
"အရိပ်......"
သူမလဲ အသံကြားရာ နောက်ကို လှည့်ကြည့်လိုက်သည်။
"မမသန့်ပါလား ဘာကိစ္စရှိလို့လဲဟင်....."
"ဟိုဟာ......... အရိပ်ကို မမသန့်တစ်ခုလောက် မေးချင်လို့ပါ "
"ဟုတ်မေးလေး မမသန့်"
"မမသန့် မေးရင် အရိပ်စိတ်မစိုးရဘူးနော်"
"မစိုးပါဘူး မမသန့်ရဲ့ မေးမှာသာမေးပါ"
"ဟိုဟာလေ........... အရိပ်နဲ့ သခင်လေးက ဘယ်လိုပတ်သက်တာလဲဟင်"
"အော်......... ဒါလေးများ တစ်ကယ်တော့ အရိပ်နဲ့ ဉီးခမ်းနဲ့က ဘာမှမပတ်သက်ပါဘူး အရိပ်က ကြီးသန်းရဲ့ တူမလေ အဲ့ဒါအရိပ်ကို ရွာကနေခေါ်ပြီး ၁၀တန်းဆက်တက်လို့ရအောင် ဉီးခမ်းက ကူညီပေးထားတာ တစ်ကယ်ဆို ဉီးခမ်းက အရိပ်ပေါ်မှာကျေးဇူးတွေ အများကြီးရှိတယ် မမသန့်ရဲ့"
"အော်......... မမက အရိပ်ကို သခင်လေးရဲ့ ညီမလေးထင်နေတာ"
"ညီမအရင်း မဟုတ်ပေမယ့်လဲ ဉီးခမ်းက အရိပ်ကိုသူ့ရဲ့ညီမေလး အရင်းလို ဂရုစိုက်ပေးပါတယ်"
"ဟုတ်ပါပြီ ဒါဆို အရိပ် စာပြန်ကျက်လိုက်အုံးနော် မမကြောင့်မို့လို့ စာကျက်ချိန်တွေတောင် ကုန်တော့မှာဘဲ"
"ရပါတယ် မမသန့်ရဲ့ ဒါဆို အရိပ် စာပြန်လုပ်တော့မယ်နော်"
"အင်း.........."
အရိပ်လဲ လုပ်စရာရှိတဲ့ စာတွေကို ပြန်လုပ်နေလိုက်သည်။ ဝတ်ရည်သန့်ကတော့ သိချင်တဲ့ဟာကို သိလိုက်ရသဖြင့် ပျော်နေရှာသည်။
"အဟွန်း.......... နောက်ဆုံးတော့ သိသွားပြီပေါ့ ဟုတ်ပြီ ငါမမဇန်ကို သွားပြောပြရမယ်"
ဆိုကာ ဝတ်ရည်သန့် ဖုန်းထုတ်လိုက်ပြီး ဧကရီဇန် အားခေါ်လိုက်သည်။
"ဟယ်လို........ မမဇန်လား"
"ဘာကိစ္စရှိလို့လဲ ဝတ်ရည်သန့် "
"မမဇန် စုံစမ်းခိုင်းထားတဲ့ အကြောင်း စုံစမ်းပြီးပါပြီ"
"ဟုတ်လား ပြောပါအုံး သူတို့နှစ်ယောက်က ဘယ်လိုပတ်သက်တာတဲ့လဲ"
"ဘယ်လိုမှ မပတ်သက်ပါဘူး "
"ဒါဆို အဲ့တောသူမက ဘယ်လိုလုပ် မဏ္ဏိုင်အိမ်မှာ ရောက်နေတာလဲ"
"သူက သခင်လေးအိမ်က ကြီးသန်းရဲ့ တူမလေးတဲ့ သူ့ကို သခင်လေးက ရွာကနေခေါ်ပြီး ၁၀တန်းဆက်ထားပေးထားတာတဲ့"
"ဘယ်မိန်းကလေးမှ အနာသလာကပ်တာမကြိုက်တဲ့သူက အခုတော့ အဲ့ဘာမဟုတ်တဲ့ တော့သူမကို အိမ်ခေါ်ထားတယ်ပေါ့.......... အဟွန်း.........တွေ့ကြသေးတာပေါ့ တောသူမရယ်"
ဒါဆို ဝတ်ရည်သန့် ဖုန်းချပြီနော်
"ခဏနေအုံး မင်း သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို သေချာစောင့်ကြည့်ထား တစ်ခုခုထူးခြားတာ ရှိရင်ငါ့ကို ချက်ချင်းဖုန်းဆက်လိုက် ကြားလား ဝတ်ရည်သန့်"
"ဟုတ်........ ဒါဆိုဖုန်းချပြီနော်"
"အင်း.........."
ဧကရီဇန် အတွေးများစွာနှင့် အလုပ်ရှုပ်နေသည်။
""""""""""""""""""""""""""""""""""""""""""""""""""""
"ဟူး.......... ၉နာရီတောင်ခွဲနေပြီဘဲ ငါဒီနေ့တော့ စောစောအိပ်လိုက်ပါမယ်"
ဆိုကာ အရိပ် စာအုပ်တွေ သိမ်းလိုက်ပြီး အပေါ်ထပ်ရှိ သူမ၏အခန်းရှိရာသို့ ဝင်သွားလိုက်သည်။
""""""""""""""""""""""""""""""""""""""""""""""""""""""
တီ........တီ.........
မဏ္ဏိုင် ဖုန်းသံကြောင့် အိပ်ရာမှ နိုးလာပြီး ဖုန်းကိုင်လိုက်သည်။
"ဟယ်လို အမေ အစောကြီးပါလား"
"အေးဟုတ်တယ်သားရဲ့ မနေ့က ကိစ္စဘယ်လိုဖြစ်သွားပြီလဲဆိုတာ သိချင်လို့ သားရဲ့"
"အင်း......... မနေ့က ကိစ္စမှာတရားခံကို ကျွန်တော်သိပါပြီ အမေ"
"ဟင်.........တစ်ကယ်လား"
"ဟုတ်.......... သူ့ကိုအမေလဲ သိမှာပါ "
"ဘယ်သူလဲ သားရဲ့"
"ဒါကတော့ ကျွန်တော် နေ့လယ်ကြရင် သတင်းထောက်တွေ ခေါ်ပြီးမှ ပြောဖို့လုပ်ထားပါတယ် အမေလဲ အဲ့အချိန်ကြမှ ကြည့်လိုက်တော့ပေါ့"
"ဟုတ်ပါပြီ ဒါဆို အမေဖုန်းချပြီနော်"
"ဟုတ်အမေ"
မဏ္ဏိုင် ဖုန်းချလိုက်ပြီး ရေမိုးချိုးကာ အဝတ်လဲပြီး အောက်သို့ဆင်းလာခဲ့သည်။ အောက်သို့ရောက်တော့ အရိပ် မနက်စာစားဖို့ စောင့်နေပြီ။
"ဉီးခမ်း နိုးပြီလား"
"အင်း......... အရိပ်လေး စောင့်နေရတာကြာပြီလား"
"မကြာသေးပါဘူး အခုလေးတင်ဘဲ ရောက်တာ"
"အဟွန်း......... ဟုတ်ပါပြီ ဒါဆိုလဲ စားရအောင်လေ"
"ဟုတ်......... "
ဒီလိုနဲ့ နှစ်ယောက်လုံး မနက်စာအမြန်စားလိုက်ကြပြီး မဏ္ဏိုင် အရိပ်လေးအား ကျောင်းသို့ လိုက်ပို့ပေးသည်။
"ဉီးခမ်း ဖိုက်တင်းနော်"
သူမ မဏ္ဏိုင်အား ချစ်စရာကောင်းသော အမူအရာလေးနှင့် ပြောလိုက်သည်။
"အဟွန်း.......... ဟုတ်ပါပြီဗျာ ဖိုက်တင်းပါ"
မဏ္ဏိုင်လဲ သူမခေါင်းလေးကို အသာဖွပေးလိုက်ပြီး ပြောလိုက်သည်။
"ဒါဆို အရိပ်သွားပြီနော် တာ့တာ........."
"တာ့တာ.........."
ဒီလိုနဲ့ အရိပ် ကျောင်းထဲဝင်သွားလိုက်သည်။ မဏ္ဏိုင်လဲ ဟိုတယ်ရှိရာဘက်သို့ မောင်းလာခဲ့သည်။ ဟိုတယ်ရောက်တော့ မင်းစက်က မဏ္ဏိုင်အား ထွက်၍စောင့်နေသည်။
"မောနင်း သူဌေး"
"အင်း......... မောနင်းပါ......... မင်းစက် ဒီနေ့ နေ့လယ်၁နာရီလောက် ကြရင်သတင်း ဌာနအစုံက သတင်းထောက်တွေကို ဟိုတယ်ကို လာခဲ့ဖို့ ခေါ်လိုက်ပါ............ "
"ဟုတ်......... ဒါနဲ့ ဟိုတယ်မှာ လာတည်းတဲ့လူတွေ တော်တော်ကျသွားပါတယ် သူဌေး အခုဆို ကျွန်တော်တို့ ဟိုတယ်ကို ဧည့်သည်တွေ မတည်းကြတော့ဘဲ ဇန်ဟိုတယ်မှာဘဲ ကျွန်တော်တို့ ဧည့်သည်တွေ ရောက်သွားပါပြီ"
"ထားလိုက်ပါ ဒီနေ့ နေ့လယ်ရောက်ရင် သတင်းအမှန်ထွက်တော့မှာဘဲဟာ ဘာမှ စိုးရိမ်မနေနဲ့"
"ဟုတ်.......... "
"ဒါဆိုရင်ငါ မနေ့က ပြင်ထားတဲ့ ဟိုတယ်အခန်းတွေ သွားကြည့်ချင်တယ်"
"အကုန်လုံး တော့မပြီးသေးပါဘူးသူဌေး"
"တစ်ရက်လေးနဲ့ အကုန်လုံး ပြီးစရာလား မက်းကလဲ"
"အော်......... ဟုတ်သားဘဲ "
မဏ္ဏိုင်နဲ့ မင်းစက် ပြင်နေစဲ အခန်းသုံးခန်း ဘက်ကို သွားကြည့်လိုက်သည်။
ဒီလိုနဲ့ နေ့လယ် မွန့်တည့်ချိန်ရောက်လာခဲ့သည်။
မဏ္ဏိုဂ် မင်းစက်အား ဖုန်းခေါ်လိုက်သည်။
"ဟယ်လို မင်းစက် ဘယ်လိုလဲ သတင်းထောက်တွေ ေရာက်ပြီလား"
"ေရာက်ပါပြီ သူဌေး ပြီးတော့ သူဌေး ပြင်ခိုင်းထားတဲ့ ဟာတွေလဲ အားလုံးပြင်ပြီးသွားပါပြီ"
"ကောင်းပြီ ဒါဆိုငါအခုလာခဲ့တော့မယ်"
"ဟုတ်ကဲ့ပါ သူဌေး"
မဏ္ဏိုင် ပြုံးရင်ဖြင့် ဟိုတယ်ဘက်သို့ ရောက်လာခဲ့သည်။
"ဘယ်မှာလဲ"
"ဒီဘက်မှာပါ"
မင်းစက် မဏ္ဏိုင်အား သတင်းထောက်တွေ ရှိရာဘက်ကို လမ်းပြပေးလိုက်သည်။
"ဟူး........"
မဏ္ဏိုင် လေပူတစ်ချက်မှုတ် ထုတ်လိုက်ပြီး အခန်းထဲသို့ ဝင်သွားသည်။
"အားလုံးဘဲ မင်္ဂလာပါ ကျွန်တော်ကတော့ ဒီမဏ္ဏိုင်ဟိုတယ်ရဲ့ ပိုင်ရှင် မဏ္ဏိုင်ဉီးခမ်းပါ ကျွန်တော် ဒီနေ့ သတင်းထောက်တွေကို ဒီနေရာခေါ်လိုက်ရတာကတော့ ကျွန်တော်တို့ မနေ့က ဖြစ်သွားတဲ့ မီးလောင်မှုရဲ့ နောက်ကွယ်က အမှန်တရားကို ပြောပြချင်လို့ပါ........... မနေ့မနက်က ၆နာရီခွဲလောက်ပေါ့ အဲ့အချိန်မှာ ကျွန်တော်တို့ ဟိုတယ် ကိုလူနှစ်ယောက် ဝင်လာပါတယ် ဒီမှာကြည့်ကြည့်လိုက်ပါ"
မဏ္ဏိုင် သူ့ရဲ့အနောက်က projector ပေါ်က လူနှစ်ယောက်ပုံကို ပြပေးလိုက်သည်။
"ဒီနှစ်ယောက်မှာ တစ်ယောက်က မိန်းကလေးဖြစ်ပြီး နောက်တစ်ယောက်က ယောကျာ်းလေးဖြစ်တယ်လို့လဲ သိရပါတယ် ပြီးတော့ သူ့တို့နှစ်ယောက်က ဘယ်သူမှမသိအောင် စားဖိုဆောင်ဘက်က ခိုးဝင်ခဲ့တာပါ နောက်ပြီး မီးစလောင်တဲ့ ဝါယာရှော့က ကျွန်တော်တို့ဟိုတယ်ရဲ့ ပေါ့ဆမှုကြောင့်မဟုတ်ဘဲ တစ်မင်မီးထလောင်အောင် အကွက်ကျကျ လုပ်ထားတာပါ အရေးကြီးဆုံးပြောပြချင်တာကတော့ ထိုလူနှစ်ယောက်ထဲက အင်္ကျီအနီနဲ့တစ်ယောက်ရဲ့ ညာဘက်လက်ကောက်ဝတ်မှာ ထူးထူးခြားခြား မှဲ့ပါနေတယ်လို့ သိရပါတယ် ဒီလောက်ဆိုရင်တော့ အဲ့လူက ဘယ်သူလဲဆိုတာ ဒီမှာရှိကြတဲ့လူတွေလဲ ခန့်မှန်းမိလောက်ပြီ ထင်ပါတယ် နောက်ပြီး ကျွန်တော်တို့ ဟိုတယ်ရဲ့ ပြိုက်ဘက်ဟိုတယ်ကိုလဲ အားလုံးသိကြမှာပါနော်"
"ဒါဆိုရင် ကိုမဏ္ဏိုင်ဉီးခမ်း ပြောချင်တာက တစ်ဖက်က ဇန်ဟိုတယ်ရဲ့ အကွက်ကျကျစီစဉ်မှုပေါ့"
"ဒါကတော့ ကျွန်တော်တို့ ဟိုတယ်ကို ဒီလိုဖြစ်အောင် လုပ်သွားတဲ့ လူဘဲသိမှာပေါ့ "
ထိုလူအုပ်စုထဲ တွင်ဧကရီဇန်လဲ ရောက်နေသည်ကို မဏ္ဏိုင်သိသဖြင့် မဏ္ဏိုင်သူမဘက်ကို မထိတစ်ထိကြည့်လိုက်သည်။
"ဒီကိစ္စ ရဲ့တရားခံအစစ်ကို ဖော်ထုတ်ဖို့ ရှိသေးလားရှင် ကိုမဏ္ဏိုင်ဉီးခမ်း တစ်ချက်လောက်ဖြေပေးပါအုံး"
"တစ်ဖက်က သူ့အပြစ်ကို အရင်လာဝန်ခံရင်တော့ ကျွန်တော်ခွင့်လွှတ်ဖို့ စီစဉ်ထားပါတယ် နောက်ပြီး ကျွန်တော် အဲ့လူကို အချိန်သုံးရက်ပေးလိုက်ပါမယ် အဲ့အချိန် သုံးရက်အတွင်း အဲ့လူကိုယ်တိုင် သူ့အပြစ်ကိုသူလာဝန်မခံရင်တော့ ကျွန်တော်ကိုယ်တိုင် ဖော်ထုတ်ဖို့ စဉ်းစားထားပါတယ်"
"ဟုတ်ကဲ့ပါ ဒီလိုအချိန်ပေးပြီး လာဖြေပေးလို့ ကိုမဏ္ဏိုင်ဉီးခမ်းကို ကျေးဇူးတင်ပါတယ်ရှင်"
"ကျွန်တော့ဘက်ကလဲ အားလုံးကို ကျေးဇူးတင်ပါတယ် ဒါဆိုရင်တော့ ဒီနေ့သတင်းစာရှင်းလင်းပွဲက ဒီလောက်နဲ့ ပြီးသွားပြီထင်ပါတယ်နော်......... ဒါကြောင့်မို့ ကျွန်တော့်ကို ခွင့်ပြုကြပါအုံး"
"ဟုတ်ကဲ့ပါ"
ဒီလိုနဲ့မဏ္ဏိုင်လဲ မင်းစက်အား နှုတ်ဆက်လိုက်ပြီး ကမ္ပဏီ သို့ထွက်လာခဲ့သည်။ ထို့နောက် ကမ္ပဏီ တွင် ခဏနေလိုက်ပြီး ညနေ၃နာရီခွဲတွင် အရိပ်ကို ကြိုဖို့ အတွက်ထွက်လာခဲ့သည်။
""""""""""""""""""""""""""""""""""""""""""""""""
"မြရိပ် နင်အိမ်ပြန်ရောက်ရင် ငါရေးပေးလိုက်တဲ့ ဖုန်းနံပါတ်လေးခေါ်လိုက်နော် ငါနင့်ကိုရင်ဖွင့်စရာရှိလို့"
"ဟုတ်ပါပြီ ခေါ်လိုက်ပါ့မယ်"
"အခုလောလောဆယ်တော့ လာကြိုနေပြီမို့ ငါအိမ်ပြန်တော့မယ်"
"တာ့တာ့နော်"
"အင်း........တာ့တာ့"
ဒီလိုနဲ့ အရိပ် လရိပ်အား နှုတ်ဆက်လိုက်ပြီး မဏ္ဏိုင်လာကြိုတဲ့ကားနောက် လိုက်သွားသည်။
"ဉီးခမ်း........အရိပ်ကို အိမ်ပြန်ရောက်ရင်လေ ဖုန်းတစ်ခေါ်လောက် ခေါ်ခိုင်းပါလား"
"ယောကျာ်းလေးလား မိန်းကလေးလား"
"မိန်းကလေးပါ ဉီးခမ်းရဲ့"
"ဟုတ်ပါပြီဒါဆို အိမ်ရောက်ရင် ကိုယ့်ရဲ့ဖုန်းပေးမယ် ခေါ်လိုက်နော်"
"ဟုတ်........."
ဒီလိုနဲ့ သူတို့အိမ်ပြန်ရောက်သွားကြသည်။ မဏ္ဏိုက်သူမလေးအား သူ့ရဲ့ဖုန်းထုတ်ပေးလိုက်သည်။ အရိပ်လဲ လရိပ်မေပေးခဲ့တဲ့ ဖုန်းနံပါတ်လေးကို နှိပ်လိုက်ပြီး လရိပ်မေအား ဖုန်းခေါ်လိုက်သည်။
"ဟယ်လို လရိပ်မေလား"
"ဟုတ်တယ် မြရိပ်"
"ပြော ဘာကိစ္စရှိလို့လဲ ေကျာင်းမှာကြတော့ မပြောဘူး"
"ဒီလိုပါဟာ မင်းထက်လေ နင်နဲ့တွေ့ပြီးကတည်းက ငါ့နဲ့စကားမပြောတော့ဘူသိလား"
"အဲ့တော့"
"အဲ့တော့ ငါကသူနဲ့စကားမပြောရရင်မနေတက်ဘူးဟ သူစိတ်ကောက်နေရင်းလဲ ငါမနေတက်ဘူး"
"မနေတက်လဲ လဲသေလိုက်ဟေ့ ဘာမဟုတ်တဲ့ လူအတွက်နဲ့ ဝမ်းနည်းနေရတယ်လို့ "
"ဘာ ဘာမဟုတ်တဲ့လူလဲ သူကငါဟိုး ငယ်ငယ်လေးကတည်းက ကြိုက်လာရတဲ့လူသိလား"
"မသိပါဘူး အခုမှ ငယ်ငယ်လေးရှိသေးတယ် ဟိုလူ့ကြိုက်လိုက် ဒီလူ့ကြိုက်လိုက်နဲ့ အရူးမကြီး"
"နင်ငါ့ကို့ အဲ့လိုမပြောနဲ့နော် ငါကဘယ်သူ့ကိုမှ မကြိုက်ဖူးဘူး မင်းထက်တစ်ယောက်ထဲကိုဘဲ ကြိုက်ခဲ့တာ သိလား"
"အဲ့ဒါနင်စိတ်ကစားလို့ပါ"
"ဘာမှစိတ်ကစားတာမဟုတ်ဘူး အတည်ဟအတည်"
"အေးပါ နင်ဒါဘဲပြောမလို့မလား"
"မဟုတ်ဘူး ကျန်သေးတယ်"
"ဘာပြောအုံးမလို့လဲ မြန်မြန်ပြော"
မဏ္ဏိုင် အရိပ်လဲ အိမ်ထဲမဝင်လာသေးသဖြင့် ခြံထဲသို့ အရိပ်လေးရှိရာသို့လာခဲ့ချိန်
"ဟိုဟာလေ နင့်မှာစိတ်ကစားပြီး ကြိုက်နေတဲ့လူများမရှိဘူးလား"
"ဘာရယ် ငါ့မှာကြိုက်တဲ့လူ ဟုတ်လား"
"အင်း ရှိရင်ပြောပြပါနော် ငါလဲနင့်ကိုပြောပြတာဘဲလေ နော်ပါနော်"
"အင်းပါ ဒါပေမယ့် နင်ဘယ်သူမှ သွားမပြောရဘူးနော်"
"မပြောဘူး"
"အင်း........... တစ်ကယ်တော့ ငါ့မှာလဲ တစ်ဖက်သက်ကြိုက်နေရတဲ့လူရှိတယ်ဟ"
အရိပ်ရဲ့စကားကိုကြောင့် မဏ္ဏိုင်ထိုနေရာတွင် ငုတ်တုတ်လေးရပ်ပြီး နာထောင်နေမိသည်။
"သူ့ကို နင်လဲသိမှာပါ သူ့အသက်က ငါ့ထက် တော်တော်ကြီးတယ်ဟ ငါသူ့ကို ဘယ်အချိန်ကြိုက်သွားလဲတောင် ငါမသိလိုက်ဘူးဟ "
"ဘာလဲ အရိပ်လေး ကြိုက်နေတဲ့လူက မဟုတ်မှလွှဲရော......... ထက်မြတ်ထွန်းများလား"
မဏ္ဏိုင် စိတ်ထဲမှပြောလိုက်သည်။
ဒီနေ့တင်တာ နောက်ကျသွားရင်တောင်းပန်ပါတယ်။
စာဖတ်သူလေးများအားလုံး ေရာဂါဘေး လက်နက်ဘေးမှ ကင်းဝေးကြပါစေ။
ဝါသနာအရရေးတာမို့အမှားပါရင် ခွင့်လွှတ်ပါ။ 🙏🏻🙏🏻