"ရှင်ကြီးချစ်တဲ့ကျွန်မ"
မဏ္ဏိုင် ကမ္ပဏီ ကိုရောက်ရောက်ချင်း ဖုန်းဝင်လာသည်။ မဏ္ဏိုင် ချက်ချင်းပင် ကိုင်လိုက်သည်။
"ဟယ်လို "
"သူဌေး ကျွန်တော်ပါ မင်းစက်"
"ဘာတဲ့လဲ မင်းစက်"
"ကျွန်တော်တို့ ဟိုတယ်ထဲ မတင်ကာတဲ့ လူနှစ်ယောက် ဝင်လာတာ တွေ့လို့ပါ"
"ငါအခုချက်ချင်းလာခဲ့မယ် "
"ဟုတ်ကဲ့ပါ သူဌေး"
မဏ္ဏိုင် ဖုန်းချလိုက်ပြီး ကမ္ပဏီ ထဲခဏဝင်သွားသည်။
"မောနင်းပါ boss"
"မောနင်း........ ဒါနဲ့ သံစဉ်မေ ကော"
"အထဲမှာပါ"
"အင်း........"
ကမ္ပဏီရှိ လူအများစုက မဏ္ဏိုင်အား boss ဟုခေါ်ကြသည်။ ဟိုတယ်က လူတွေကတော့ သူဌေးဟုသာခေါ်ကြသည်။
မဏ္ဏိုင် ကမ္ပဏီ အယုံကြည်ရဆုံး ဖြစ်တဲ့ သံစဉ်မေ ဆိုသည့် မိန်းကလေးရှိရာ လာခဲ့သည်။
"သံစဉ်မေ"
"ရှင် boss"
"ငါလုပ်ခိုင်းထားတဲ့ projet ကိုပြီးအောင်လုပ်ထားလိုက် ပြီးသွားရင် ငါ့ရုံခန်းထဲက စားပွဲပေါ်မှာ တင်ထားလိုက် ငါပြန်လာရင် စစ်လိုက်မယ် အခု ငါဟိုတယ်ဘက် သွားမလို့ ကြားလား သံစဉ်မေ"
"ဟုတ်ကဲ့ပါ boss "
"ဒါဆိုရင် ငါသွားတော့မယ် ဝန်ထမ်းတွေကို သေချာကြည့်ပေးလိုက်အုံး ကြားလား"
"ဟုတ်"
"အင်း......."
မဏ္ဏိုင် ကမ္ပဏီ ထဲကထွက်လာခဲ့ပြီး ဟိုတယ် ဘက်သွားဖို့ ပြင်လိုက်သည်။
"ဒီနေ့တော့ အရိပ်လေးကို မကြိုနိုင်တော့ဘူ ထင်တယ် ဉီးဘသက်ကို သွားကြိုခိုင်းလိုက်ရမယ်"
မဏ္ဏိုင် ဖုန့း ကောက်ကိုင်လိုက်ပြီး ဉီးဘသက်အား ဖုန်းခေါ်လိုက်သည်။
"ဟယ်လို ဉီးဘသက်"
"အော်......... သခင်လေး ပြောပါ"
"ညနေကြရင် အရိပ်လေးကို သူ့ကျောင်းမှာ သွားကြိုပေးလိုက်ပါအုံး ကျွန်တော် ဒီနေ့မအားလို့"
"ဟုတ်ကဲ့ပါ သခင်လေး ကျွန်တော် သွားကြိုလိုက်ပါ့မယ် "
"ဒါဆိုကျွန်တော် ဖုန်းချပြီ"
မဏ္ဏိုင် ဟိုတယ်ရှိရာဘက် အမြန်ဆုံးမောင်းလာသည်။ ဟိုတယ်ရောက်တော့
"ဘယ်မှာလဲ cctv"
"ဒီဘက်မှာပါ သူဌေး"
မဏ္ဏိုင်အား cctv ရှိရာသို့ မင်းစက် လမ်းပြပေးလိုက်သည်။
"ဒီမှာပါ သူဌေး ဒီအင်္ကျီ အနီနဲ့တစ်ယောက်နဲ့ အနက်နဲ့တစ်ယောက်ပါ အတူတူဝင်လာကြတာပါ mask ကော ဉီးထုပ်ကော ဆောင်းထားပါတယ်"
"ဘယ်အချိန်လဲ"
"မနက်၆နာရီခွဲလောက်ပါ "
"၆နာရီခွဲ အဲ့အချိန်တုန်းက ဘယ်သူများလာတာပါလိမ့် ဒါနဲ့မှတ်ပုံတင်ကော"
"မှတ်ပုံတင်က မတွေ့ပါဘူး ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်က ကမ္ပဏီ အနောက်ဘက် စာဖိုးဆောင်ဘက်က ဝင်လာတာပါ ဟိုဟာ........ ကျွန်တော်တစ်ခုလောက် ပြောလို့ရမလား"
"ပြော"
"ဟိုဟာ........ ဒီနှစ်ယောက်ကို ကြည့်ရတာ ဟိုတယ်ရဲ့ အစိတ်အပိုင်းအားလုံးကို ကောင်းကောင်းကြီးသိတဲ့လူထင်တယ် ပြီးတော့ မီးလောင်တာက မတော်တဆမဟုတ်ဘူးတဲ့ ဝါယာရှော့ကို တစ်မင်မီးထလောင်အား လုပ်ထားတာတွေ့ပါတယ်တဲ့"
"တောက်......... ပြီးတော့ကော"
"ပြီးတော့ လာတဲ့လူနှစ်ယောက်မှာ အနီနဲ့တစ်ယောက်က မိန်းကလေး အနက်နဲ့တစ်ယောက်က ယောကျာ်းလေးလို့ထင်ရပါတယ်"
"အဲ့ဒါဆို သူတို့နှစ်ယောက်က ဟိုတယ်အခန်းထဲ ဘယ်လိုဝင်လာတာလဲ"
"ဒါကတော့ မသိရသေးပါဘူး ပြီးတော့ ၅လွှာက cctvတွေပျက်နေပါတယ်"
"တောက်........ ဒါအကွက်ကျကျ စီစဉ်တာဘဲ.......... ကဲပါ အရင်ဆုံး အခန်းတွေပြင်လိုက်အုံး ဒီလူနှစ်ယောက်ကိုတော့ ငါစုံစမ်းလိုက်မယ် မင်းစက် နောက်ဆို သေချာဂရုစိုက်ပါ ကြားလား"
"ဟုတ်ကဲ့ပါ သူဌေး"
"ဒါဆို ငါသွားပြီ"
"ဟုတ်........"
မဏ္ဏိုင် အောက်သို့ ဆင်းလာချိန် တံခါးပေါက်ရှေ့တွင် သတင်းထောက်များ ရောက်နေသည်ကိုတွေ့လိုက်သည်။
"သူဌေး အဆင်ပြေပါ့မလား"
မင်းစက် အနောက်မှ လိုက်လာ၍ မေးလိုက်သည်။
"ရတယ် ငါအဆင်ပြေအောင်ပြောလိုက်ပါမယ် ဟူး..........."
မဏ္ဏိုင် လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး ေအာက်သို့ဆင်းလာခဲ့သည်။
"ဟိုမှာ မဏ္ဏိုင်ဉီးခမ်း ဆင်းလာပြီ"
"ကိုမဏ္ဏိုင်ဉီးခမ်း ဒီကိစ္စမှာ ဟိုတယ်ဘက်က ချို့ယွင့်မှုကြောင့်လား ရှင်းပြပေးပါ"
"အားလုံးကို ကျွန်တော် တစ်ခုဘဲ ပြောလိုက်မှာမိုလို့ သေချာနားထောင်ပေးပါ ဒီကိစ္စက ကျွန်တော်တို့ဟိုတယ်ကို အကွက်ကျကျစီစဉ်ပြီး လုပ်လိုက်တာပါ အဲ့ဒါကြောင့် ကျွန်တော်တို့ ဟိုတယ်က ချို့ယွင်းမှုကြောင့် မဟုတ်ပါဘူး နောက်ပြီး ကျွန်တော်မကြာခင် ဟိုတယ်ကို အပုတ်ချတဲ့ လူကိုရအောင်ဖော်ထုတ်မှာမို့လို့ အချိန်ခဏလောက် စောင့်ပေးကြပါ ဒီလောက်ပါဘဲ ကျွန်တော့်ကို ခွင့်ပြုပါအုံး"
မဏ္ဏိုင်ပြောလဲ ပြီးရော လူအုပ်စုထဲမှ ထွက်သွားလိုက်သည်။
"ခဏနေပါအုံး လိုင်းပေါ်မှာတက်နေတဲ့ သတင်းတွေကကော အမှန်ဘဲလား ရှင်ပြသွားပါအုံး"
"လိုင်းပေါ်က ကိစ္စပြောသွားပါအုံး"
မဏ္ဏိုင် ထိုလူတွေရဲ့စကားတွေကို နားမထောင်ဘဲ ကားပေါ်သို့သာ တက်သွားပြီး ကမ္ပဏီ ဘက်ကို မောင်းလိုက်သည်။
"တောက်........ ဘယ်လိုင်းပေါ်ကဟာတွေလဲ စိတ်ညစ်လိုက်တာ"
မဏ္ဏိုင် ကမ္ပဏီ လဲရောက်ရော သူ့ရုံးခန်းထဲဝင်ကာ လိုင်းပေါ်က သတင်းတွေကို တစ်ချက်ကြည့်လိုက်သည်။
မဏ္ဏိုင်ဆိုသည့် နိုင်ငံခြားခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ အလေးထားရာ ဟိုတယ်တွင် ယနေ့ မနက်စောစော ၈နာရီဝန်းကျင်ခန်. တွင် ဝါယာရှော့ဖြစ်၍ မီးလောင်သည်ဟု သိရပါသည်။ ဒီဖြစ်ရပ်ဟာ ဟိုတယ်ရဲ့ ပေါ့ဆမှုကြောင့် ဖြစ်သည်ဟုလဲ သတင်းရပါသည်။ အခန်းပေါင်းသုံးခန်း ပျက်စီးသွား၍ ၆လွှာထပ်တွင်လဲ မီးခိုးမှိုင်းများ ဆွဲသွားသည်ဟု သိရပါသည်။ ယုခုဆို မဏ္ဏိုင် ဟိုတယ်ကြီးတွင် ဧည့်သည်အနည်းငယ်မျှသာ ရှိတော့သည်ဟုလဲ သိရပါသည်။
သတင်းပေးသူ-သတင်းထောက် မောင်ပြည့်စုံဉီး
"တောက်......... "
မဏ္ဏိုင် မင်းစက်အားဖုန်းခေါ်လိုက်သည်။
"ဟယ်လို မင်းစက် မင်းလိုင်းပေါ်မှာ တွေ့ပြီးလောက်ပြီထင်တယ်"
"တွေ့ပြီးပါပြီ အဲ့မှာ သတင်းပေးသူက သတင်းထောက် ပြည်စုံဉီးတဲ့ ကျွန်တော် ဘာဆက်လုပ်ရမလဲ"
"ဘာလုပ်ရမှာလဲ အဲ့လူကို ရှာပေါ့ဟ ငါနေ့လယ်ရောက်တာနဲ့ အဲ့သတင်းထောက်နဲ့တွေ့ချင်တယ် မင်း ဟိုတယ်ဘက်ကို တစ်ယောက်ယောက်နဲ့ လွှဲထားလိုက် မင်းကတော့ အဲ့သတင်းထောက်ကို သွားရှာပေါ့ ကြားလား"
"ဟုတ်ကဲ့ပါ သူဌေး"
"ဒါဆိုငါဖုန်းချပြီ"
မဏ္ဏိုင် ဖုန်းချလိုက်ပြီး မျက်လုံးမှိတ်ထားကာ ခဏအနားယူနေလိုက်သည်။
"ဘယ်သူလဲ ဘယ်သူလဲ ငါ့ဟိုတယ်ကို မကောင်းကြံတဲ့လူ မင်းကိုငါ မိလို့ကတော့ အသေပါဘဲ တောက်.........."
ဒီလိုနဲ့နေ့လယ်ရောက်သွားပြီ။
မဏ္ဏိုင် သူ့အမေလာပို့တဲ့ နေ့လယ်စာကို စားဖို့ပြင်နေစဉ် ဖုန်းဝင်သံကြားလိုက်သည်။ မဏ္ဏိုင် ချက်ချင်းပင် ကိုင်လိုက်သည်။
"ဘယ်လိုလဲ"
"ကျွန်တော်တို့ ဟိုတယ်မှာရောက်နေပါပြီ သူဌေး"
"ငါအခုချက်ချင်းလာခဲ့မယ်"
"ဟုတ်ကဲ့ပါ သူဌေး"
မဏ္ဏိုင် နေ့လယ်စာကို ဒီတိုင်းဘဲ ထားထားလိုက်ပြီး ဟိုတယ်ဘက် အမြန်ထွက်လာခဲ့သည်။
ဟိုတယ်ရောက်တော့
"ဘယ်မှာလဲ ပြည့်စုံဉီးဆိုတဲ့ သတင်းထောက်"
"ဒီဘက်မှာပါ သူဌေး"
မဏ္ဏိုင် ထိုလူရှိရာသို့ ရောက်လာခဲ့သည်။
"ပြည့်စုံဉီး ဆိုတဲ့လူက မင်းလား"
"ဗျာ.......ဟုတ်........ဟုတ်ပါတယ် "
"မင်းက ဘာသိလို့ ငါ့ဟိုတယ်မီးလောင်တဲ့ ကိစ္စကို ဟိုတယ်ရဲ့ ပေါ့စမှုကြောင့်လို့ပြောရတာလဲ"
"ဟို........ဟို........အဲ့ဒါက လူတစ်ယောက်ပြောခိုင်းလို့ပါ"
"ဘယ်သူလဲ ငါ့ကိုအမှန်တိုင်းပြောစမ်း"
"အဲ့ဒါက ဟို........."
"ငါနောက်ဆုံးအခွင့်အရေးပေးမယ်နော် ဒါကိုမှ မဖြေဘူးဆိုရင် မင်းနောက်ထပ်သတင်းထောက်လုပ်ဖို့ မစဉ်းစားနဲ့"
"ဟို.....ဟို.......အဲ့လိုတော့မလုပ်ပါနဲ့ဗျာ ကျွန်တော့်ကို အဲ့အစ်မက ၁၀ပိုက်ဆံသိန်းပေးမယ်ဆိုလို့ အဲ့သတင်းကို မဟုတ်လဲ တင်ပေးလိုက်ရတာပါ ပြီးတော့ ဒီသတင်းလေး တင်ရုံနဲ့ ၁၀သိန်းရမယ်ဆိုတော့ ကျွန်တော်ဘာမှ မစဉ်းစားဘဲ လုပ်ခဲ့မိလို့ပါ"
"ဒါဆိုမင်းအဖြေက"
"ကျွန်တော် သူ့ကိုသေချာတော့ မသိလိုက်ဘူးဗျ ဘာလို့လဲဆိုတော့ သူက maskကော ဉီးထုပ်ကော ဆောင်းထားလို့ပါ"
"ငါမင်းကို ပုံတစ်ပုံပြမယ် သူနဲ့နည်းနည်းတူတယ်လို့ ထင်မိလား ရော့ကြည့်ကြည့်လိုက်"
ထိုသတင်းထောက်လဲ မဏ္ဏိုင်ပေးတဲ့ ဓာတ်ပုံလေးအား ယူကြည့်လိုက်သည်။
"ဒီလူဟုတ်လောက်တယ် ဘာလို့လဲဆိုတော့ ကျွန်တော့ဆီလာတဲ့မိန်းကလေးကလဲ ဒီလက်ကောက်ဝတ်နားမှာ မှဲ့ပါတယ်ဗျ "
"အဟွန်း......... ဒါဆို သေချာနေလောက်ပါပြီ ကျေးဇူးတင်တယ် ငါ့ညီ မင်းဘာလိုချင်လဲ "
"ရပါတယ်ဗျာ ကျွန်တော်ဘက်ကတောင် ပြန်တောင်းပန်ရအုံးမှာ ဒီလိုမျိုး သတင်းအမှားတွေ တင်ပေးခဲ့မိတာ"
"အဟွန်း......... ရပါတယ် ဒီကိစ္စကမကြာခင် အမှန်ထွက်တော့မှာပါ "
"ဟုတ်......."
"ဒါဆိုရင် မင်းဒီမှာဘဲ ခဏလောက်နေလိုက်အုံး အခုချိန် မင်းပြန်သွားရင် မင်းအတွက် အန္တာရယ် ရှိတယ် ကြားလား"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"
"ရပါတယ် ဒါဆို ငါသွားပြီ မင်းစက် မကြာခင်သတင်းအမှန်ထွက်တော့မှာပါ"
"ဟုတ်........ "
မဏ္ဏိုင် ပျော်ရွှင်စွာဖြင့် ကမ္ပဏီ သို့ပြန်သွားသည်။ ထို့နောက် နေ့လယ်စာစားလိုက်ပြီး အိမ်စောစောပြန်ဖို့ လုပ်လိုက်သည်။
"ငါဒီနေ့ စောစောပြန်တော့မယ် မင်းတို့လဲ ခနနေရင် ရုံးဆင်းလိုက်ကြတော့ ကြားလား "
"ဟုတ်ကဲ့ပါ boss"
ဒီလိုနဲ့ မဏ္ဏိုင် သူ့ရဲ့အိမ်သို့ ပြန်လာခဲ့သည်။
"၄နာရီ ခွဲနေပြီဆိုတော့ အရိပ်လေးလဲ အိမ်ပြန်ရောက်နေလောက်ပြီ ဟူး......... အရိပ်လေးကို တွေ့မှဘဲ အမောဖြေရတော့မယ်"
ဒီလိုနဲ့ အိမ်ရောက်လာခဲ့သည်။
"ဉီးခမ်း........ ဒီနေ့ ပြန်ရောက်တာ နောက်ကျတယ်နော်"
"ဟုတ်တယ် အရိပ်လေးရဲ့ ဒီနေ့ ဟိုတယ်မှာ အလုပ်နည်းနည်းရှုပ်သွားလို့လေ"
"အော်........ လာလာ ဉီးခမ်း ရေအရင်သွားချိုးလိုက်အုံး အရိပ်ညစာ ပြင်ထားလိုက်မယ်နော်"
"ဟင်.........အခုမှ ညနေဘဲရှိသေးတယ်လေ"
"ဒါပေမယ့် ဉီးခမ်း ဗိုက်ဆာနေပြီဆိုတာ အရိပ်သိပါတယ် ဘာလို့လဲဆိုတော့ ဉီးခမ်းရဲ့ အမေဒီနေ့ ဖုန်းဆက်တယ် ဉီးခမ်း ဒီနေ့ အလုပ်တွေ အရိမ်းပင်ပန်းထားလို့တဲ့ အဲ့ဒါအိမ်ရောက်ရင်ဂရုစိုက်ပေးလိုက်ပါအုံးစိုလို့"
"ဟုတ်ပါပြီဗျာ ဒါဆိုလဲ ညစာပြင်ထားလိုက်ပါတော့"
"ဟုတ်......"
မဏ္ဏိုင် ပြောပြီး အပေါ်တက်သွားသည်။ အရိပ်ကတော့ ညစာအတွက် ကြီးသန်းတို့နှင့်အတူ ပြင်နေသည်။
ဒီနေ့ နှစ်ပိုဒ် တင်ပေးလိုက်တယ်နော်။
နောက်အပိုင်း၂၀ လောက်ဆိုရင် အroခန်းစပါတော့မယ်ေနာ်။😊
စာဖတ်သူလေးများအားလုံး ရောဂါဘေး လက်နက်ဘေးမှ ကင်းဝေးကြပါစေ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။ 🙏🏻🙏🏻