"ရှင်ကြီးချစ်တဲ့ကျွန်မ"
"ဒေါက်ဒေါက်........"
"ဉီးခမ်း အရိပ်ဝင်လာပြီနော်"
"ဟင်....... မဝင်......."
မဏ္ဏိုင် စကားတောင်မဆုံးသေးခင် အရိပ် မဏ္ဏိုင်ရဲ့ အခန်းထဲသို့ ရောက်လာခဲ့သည်။
"ဟင်...... ဉီးခမ်း အဲ့ဒါ ဘာဖြစ်တာလဲဟင်....."
သူမအခန်းထဲဝင်လိုက်ချင်း အပေါ်ပိုင်းဗလာနှင့် အနီရောင်အဖုလေးတွေက မဏ္ဏိုင်ရဲ့ ခန္ဓာကိုယ် အနှံ့တွင် ပေါက်နေသည်ကို သူမတွေ့လိုက်သည်။ သူမ အခါတိုင်းတုန်းကလို ရှက်မနေဘဲ မဏ္ဏိုင်အတွက် စိတ်ပူသွားသည်။
"ဉီးခမ်း အဲ့ဒါ ဘာဖြစ်တာလဲလို့"
"ဟို....... ဟို......... ဒါက"
"အမြန်ပြောပါ ဉီးခမ်းရယ် အရိပ်စိတ်ပူလို့ သေတော့မယ် သိလား"
အဟွန်း........
မဏ္ဏိုင် အရိပ်ရဲ့စကားကို သဘောကျစွာဖြင့် ပြုံးလိုက်သည်။
"ဟာ....... ဉီးခမ်း ဘာလို့ပြုံးနေတာလဲ အရိပ်မေးတာ ဖြေလေ"
"ဖြေပါ့မယ် အရိပ်လေးရဲ့ အဲ့ဒါက Allergies ထတာ လို့ခေါ်တယ်"
"ဟင်........ ဉီးခမ်းက ဘာနဲ့မတည့်လို့လဲ"
"ဟိုဟာလေ........ ကျစ် ကိုယ်ဘယ်လိုပြောရမှာလဲ"
"ပြောချင်သလိုသာပြော ဘာမှအားမနာနဲ့"
"ဟူး........ တစ်ကယ်တော့ ကိုယ်ကပုစွန်နဲ့မတည့်ဘူး အရိပ်လေးရဲ့"
"ရှင်......... ဉီးခမ်းက ပုစွန်နဲ့မတည့်ဘူး ဟုတ်လား"
"အင်း........"
"ဒါဆိုဘာလို့ စားလိုက်ရတာလဲ ဉီးခမ်းရဲ့"
"ဟိုဟာ....... အဲ့ဒါက ကိုယ်စားကြည့်ချင်လို့ပါ"
"ဉီးခမ်းကတော့ မတည့်တဲ့ဟာကို မှစားချင်ရတယ်လို့ "
အရိပ် စိတ်စိုးသည့် ပုံစံလေး လုပ်ကာပြောလိုက်သည်။
"လာ အရိပ်ဆေးလိမ်းပေးမယ်"
"ရပါတယ် အရိပ်လေးရဲ့ ကိုယ်ဆေးလိမ်းပြီးပါပြီ"
"ဘယ်မှာ လိမ်းပြီးတာလဲ နောက်ကျော်မှာတွေကမြင့် ဘာဆေးမှ မရှိတဲ့ဟာကို လာပါ အရိပ်လိမ်းပေးမယ်"
"အဟွန်း......... ဟုတ်ပါပြီဗျာ အရိပ်လေး သဘောပါဘဲ"
အရိပ် မဏ္ဏိုင်အား ဆေးလိမ်းေပးဖို့ ပြင်လိုက်သည်။
"လိမ်းပြီနော် ဉီးခမ်း"
"ဟုတ်ပါပြီ"
မဏ္ဏိုင် နောက်ကျောသို့ အရိပ်ရဲ့ လက်ဖုဝါးနုနုလေးက နေရာယူလိုက်ပြီး မဏ္ဏိုင်အား ဆေးစတင်လိမ်းပေးနေသည်။ ခဏကြာတော့ ဆေးလိမ်းတာ ပြီးသွားပြီ။
"ပြီးပြီ ခဏနေရင်တော့ သက်သာသွားမှာပါ"
"ဟုတ်ပါပြီ "
"ဒါဆို ဉီးခမ်း အနားယူလိုက်အုံးနော် အရိပ်သွားပြီ"
"နေအုံးလေ အရိပ်လေးရဲ့"
"ရှင်....... ဘာလုပ်ပေးရအုံးမလဲ"
"ဘာမှလုပ်ပေးစရာမလိုပါဘူး အရိပ်လေး ဒီညစာမတင်တော့ဘူလား"
"ဉီးခမ်းကလဲ ဒီလောက်ဖြစ်နေတာတောင် စာသင်ချင်သေးတယ်"
"သင်ရမှာပေါ့ စာဆိုတာ တစ်ရက်ဆိုတစ်ရက်ပြတ် မှကောင်းတာ အရိပ်လေးရဲ့ပြီးတော့ ကိုယ်က သေလောက်တဲ့ ရောဂါရနေတာမှ မဟုတ်တာ"
"ဒါပေမယ့်......."
"ဒါပေမယ့်တွေ လုပ်မနေနဲ့ လာစာကြည့်ခန်းထဲသွားမယ်"
"ဟာ....... ဉီးခမ်းနဲ့တော့ခက်တာဘဲ"
အရိပ် မဏ္ဏိုင်ခေါ်ရာ စာကြည့်ခန်းထဲသာ လိုက်သွားလိုက်ရသည်။
"လာ ထိုင် ဒီနေ့ bio ကျက်မယ်"
"ဟုတ်........"
ဒီလိုနဲ့ စာခဏကျက်ပြီးတော့ အရိပ် မဏ္ဏိုင်ဘက် လှည့်ကြည့်လိုက်သည်။
"ဟင်....... ဉီးခမ်း မျက်နှာက...... ခိခိ...... "
အရိပ် မဏ္ဏိုင် ရဲ့မျက်နှာနီနီကြီးကို ကြည့်ကာ ပါးစပ်ကိုလက်နဲ့အုပ်ပြီး ရီပစ်လိုက်သည်။ အရင်တုန်းက မဏ္ဏိုင်ရဲ့ V
ပံုသဏ္ဍာန် မျက်နှာလေးက အခုတော့ ဖောင်းပြီးရဲနေသည်။
"ဉီးခမ်း ......... ဉီးခမ်းရဲ့ မျက်နှာကို ပြန်ကြည့်လိုက်အုံး ပျားကိုက်ထားတာနဲ့ အရမ်းတူတာဘဲ"
သူမပြုံးလျက်သားလေးဖြင့် မဏ္ဏိုင်အားကြည့်ကာပြောလိုက်သည်။ မဏ္ဏိုင်အရိပ်ရဲ့ စကားကြောင့် သူအရှေ့တွင် ချထားတဲ့ ဖုန်းလေးအား ယူလိုက်ပြီး သူ့မျက်နှာကို ကြည့်လိုက်သည်။
"ဟင်....... ဒီမျက်နှာက ဘယ်သူ့မျက်နှာပါလိမ့်"
"ဒါဉီးခမ်း မျက်နှာဘဲလေ ဟီးဟီး....... "
သူမပြောလဲပြော ရီလဲရီနေသည်။ မဏ္ဏိုင် သူမလေးပျော်နေတာတွေ့တော့ သူလဲဝမ်းသာကာ သူမနှင့်အတူ ရီနေလိုက်သည်။
"ကဲပါ ရီမနေနဲ့တော့ ဉီးခမ်း ဒီနေ့ညတော့ အရိပ်ကို စာသင်တာ နား လိုက်ပါတော့နော် နော် "
သူမ bio ဆက်မကျက်ချင်တော့ သဖြင့် မဏ္ဏိုင်အား လက်မောင်းလေးကိုင်ကာ တောင်းဆိုလိုက်သည်။
"ဟုတ်ပါပြီ အရိပ်လေး သဘောပါဘဲ"
"ဟီး......... အရိပ်က ဉီးခမ်း ပင်ပန်းနေမှာစိုးလို့ပါ တစ်ခြားကြောင့်မဟုတ်ပါဘူး"
အဟွန်း......... ကိုယ်ကလဲ ေမးနေလို့လား
"မမေးပေမယ့်လဲ ပြောပြတာပါ ဒါဆိုရင် အရိပ်စာအုပ်တွေ သိမ်းတော့မယ်နော်"
"သိမ်းစေ"
"ဉီးခမ်း အရင်သွားနှင့်တော့လေ အရိပ်စာအုပ် သိမ်းပြီးရင်း အခန်းထဲဝင်တော့မှာ"
"ဟုတ်ပါပြီ ဒါဆိုရင် ကိုယ်အရင်သွားပြီနော်"
"ဟုတ်........ ဂွတ်နိုက်နော် ဉီးခမ်း"
"ဂွတ်နိုက်ပါဗျာ"
"ဟီးဟီး........ "
မဏ္ဏိုင် စာကြည့်ခန်းထဲမှ ထွက်သွားလိုက်သည်။ အရိပ်ကတော့ စာအုပ်တွေသိမ်းရင်း ကျန်နေသည်။
"ဉီးခမ်း ဉီးခမ်း တော်တော်သဘောကောင်းတာဘဲ "
သူမပြောရင်းဖြင့် စာအုပ်လေးတွေ သိမ်းနေသည်။ ခဏကြာတော့ စာအုပ်တွေ သိမ်းပြီးပြီ ဖြစ်၍ သူမလဲ အခန်းရှိရာ သွားလိုက်ပြီး စောစောအိပ်လိုက်သည်။
နောက်နေ့မနက်
ဒေါက်ဒေါက်.......
"သားရေနိုးပြီလား "
"နိုးပါပြီ အမေရဲ့ ဒါနဲ့ အစောကြီး ဘာကိစ္စရှိလို့လဲ "
"ဘာကိစ္စမှတော့ မရှိပါဘူး သား Allergies ထတာသက်သာပြီးလား ေမးမလို့ပါ"
"သက်သာပါပြီ အမေရဲ့ ဒါနဲ့ အရိပ်လေးကော"
"သမီးလေးက အောက်မှာ မနက်စာစားဖို့ သားကို စောင့်နေတယ်"
"ဒါဆို ကျွန်တော် အခုချက်ချင်းဆင်းလာခဲ့မယ်နော်"
"ဟုတ်ပါပြီရှင် ငါ့သားလဲ အချစ်နဲ့တွေ့မှဘဲ ပြာယာကိုခက်လို့ နောက် ယူပြီးလို့ ကလေးတွေမွေးရင် ဘယ်လိုများလုပ်မလဲ မသိဘူး"
သူ့အမေစသလိုနှင့် မဏ္ဏိုင်အားပြောလိုက်သည်။
"ဟာ....... အမေကတော့ လုပ်ပြီ တိုးတိုးပြောပါ အမေရဲ့ ဟိုကကြားသွားရင် မကောင်းဘူး"
"အဟွန်း....... ဟုတ်ပါပြီ ဒါဆိုလဲ အမြန်ဆင်းခဲ့တော့ ပြီးရင် အမေ့ကိုလဲ လိုက်ပို့ရအုံးမယ်"
"ဟုတ်ကဲ့ပါ"
မဏ္ဏိုင် အခန်းထဲပန်ဝင်သွားပြီး ရေအမြန်ချိုးကာ အဝတ်အစား အမြန်လဲ လိုက်သည်။
"အဟွန်း....... အမေပြောသလိုဘဲ ငါလဲ အချစ်နဲ့တွေမှ ပျာယာတွေကို ခက်လို့ အရိပ်လေးရယ် ကိုယ်လဲ မင်းနဲ့တွေ့မှ လန်းဆန်းပြီးတက်ကြွနေတော့တာဘဲ အဟွန်း......... "
မဏ္ဏိုင် မနက်စာစားဖို့အောက်သို့ ဆင်းလာခဲ့သည်။
"ေမာနင်းပါ အမေကော အရိပ်လေးကော"
"ဟုတ်"
"ကဲပါ လာစားတော့ သားရဲ့ မင်း အမေ့ကိုလဲ အိမ်ပြန်လိုက်ပို့ရအုံးမှာနော် ပြီးတော့ အရိပ်လေးကိုလဲ ကျောင်းလိုက်ပို့ရအုံးမယ် ကြားလား "
"ဟုတ်ကဲ့ပါ"
ဒီလိုနဲ့ သုံးယောက်သား မနက်စာစားလိုက်ကြပြီး မဏ္ဏိုင်သူရဲ့ အမေအား အိမ်ပြန်လိုက်ပို့လိုက်သည်။ ထို့နောက်အရိပ်လေးအား ေကျာင်းသို့ လိုက်ပို့ပေးသည်။
"အရိပ်လေး ရော့မုန့်ဖို့း"
မဏ္ဏိုင် အရိပ်အား တစ်သောင်းတန်တစ်ရွက် ထုတ်ပေးလိုက်သည်။
"ရပါပြီ ဉီးခမ်းရဲ့ အရိပ် ဟိုတစ်နေ့က ပေးထားတဲ့ ဟာတောင်သုံးလို့မကုန်သေးပါဘူး"
"မရပါဘူး သုံးကုန်တာမကုန်တာက အရိပ်အပိုင်းဘဲ ရော့ ယူလိုက်ပါ အရိပ်လေးရဲ့ "
"ဟာ ဉီးခမ်းနဲ့တော့ ခက်ပြီ"
"မခက်ပါဘူး ကိုယ်ပေးနေတာလေးကို ယူလိုက်ရုံဘဲ ရော့ပါ အမြန်ယူနော် မဟုတ်ရင် ကိုယ်အရိပ်လေးကို ကျောင်းအခန်းထဲထိ ပွေ့ပြီးခေါ်သွားမှာ"
"ရှင်........ "
မဏ္ဏိုင် ပြောလဲ ပြောရင်း အရိပ်အားပွေ့ဖို့ ပြင်လိုက်သည်။
"အရိပ်....... အရိပ်....... ယူပါ့မယ် ဉီးခမ်း"
"အဟွန်း ဒီလိုမှပေါ့ ရော့"
အရိပ်လဲ မဏ္ဏိုင်ပေးတဲ့ တစ်သောင်းတန် ေလးအား ယူလိုက်ပြီး ကျောင်းထဲသို့ ဝင်လာခဲ့သည်။
"ဟိတ် မြရိပ်"
လရိပ်မေ အရိပ်ရဲ့ အနောက်ကနေ အရိပ်အား ခေါ်လိုက်သည်။
"ဘာလဲဟ"
"ဟိုဘက်နားမှာလေ မုန့်ဆိုင်အသစ်ဖွင့်တယ် သိလား"
"အဲ့တော့"
"မုန့်သွားဝယ်ရအောင် လိုက်ခဲ့ပေးလေနော် မြရိပ်ရယ် "
"မလိုက်ပါဘူး ကိုယ့်ဟာကိုယ်သွားဝယ်"
"ဘာလဲ နင်ပြောပြောနေတဲ့ ဉီးခမ်းဆိုတဲ့ သူကြီးကနင့်မုန့်စားဖို့ ပိုက်ဆံမပေးလို့လား"
"ဘာလို့မပေးရမှာလဲ ပေးတာပေါ့"
"ဟုတ်လား ဘယ်လောက်ပေးတာလဲ ပြောပြစမ်းပါအုံး"
အရိပ် လက်တစ်ချောင်း ထောင်ပြလိုက်သည်။
"ဟင်...... တစ်ရာလေးဘဲ"
"မဟုတ်ဘူး"
"အဲ့ဒါဆိုတစ်ထောင်လား"
"ဟင့်အင်း"
"ဒါဆိုရင်........ အမ်........ တစ်သောင်းပေါ့"
"အင်း......."
လရိပ်မေ မျက်လုံးလေးပြူးကာ လန့်သွားသည်။
"တစ်ကယ်ကြီး တစ်သောင်းပေးတာလား "
"အေးပါဆို"
"ငါတောင်မှ မုန့်ဖိုးဆိုပြီး တစ်သောင်းတောင် တစ်ခါတစ်လေမှရတာ နင်ကတော့ တစ်ရက်ကို တစ်သောင်းရတယ်ပေါ့ ဟုတ်လား မြရိပ်"
"အေးဆို ဘယ်နှစ်ခါပြောရမှာလဲ"
"ဒါဆိုရင် ဒီနေ့တော့ နင်ငါ့ကို မုန့်ဝယ်ကျွေးရမယ် မြရိပ် ဘယ်လိုလဲ ဝယ်ကျွေးမှာလား"
"ဝယ်ကျွေးပါ့မယ်ရှင်"
"ဟီးဟီး........ ဒါမှပေါ့"
ဒီလိုနဲ့ နှစ်ယောက်သား မုန့်ဆိုင်ရှိရာသို့သွားလိုက်ကြသည်။
""""""""""""""""""""""""""""""""""""""""""
တစ်ဖက်မှာတော့
ဒီနေ့ အရိပ်ကို ကျောင်းပို့ပြီး အပြန် ဟိုတယ် အခန်းသုံးခန်းနီးပါး မီးလောင်သွားသည်ဟု မင်းစက် စီမှဖုန်းဆက်လာသဖြင့် မဏ္ဏိုင်ဟိုတယ်ဘက်သို့ အမြန် မောင်းလာခဲ့သည်။ ဟိုတယ်ရောက်တော့ ဟိုတယ်က တစ်ချို့ ဧည့်သည်များ ထွက်သွားကုန်ကြသည်ကို မဏ္ဏိုင်တွေ့လိုက်သည်။
"ဘယ်မှာလဲ မီးလောင်သွားတဲ့ အခန်း"
"ငါးလွှာမှာပါ သူဌေး"
မဏ္ဏိုင် ငါးလွှာသို့ အမြန်တက်လာခဲ့သည်။ ငါးလွှာရောက်တော့ သူမြင်တွေ့လိုက်တာက အခန်းသုံးခန်းလောက်နှင့် အပေါ်ထပ်တွေက မီးခိုးမှိုင်းဆွဲနေသည်။
"တောက်........ ဒါဘယ်ကနေစဖြစ်တာလဲ မင်းစက်"
"လျှပ်စစ် ဝါယာတစ်ခုက ရှော့ရိုက်ပြီး ဖြစ်သွားတာပါ"
"ဒီအခန်းမှာ ဘယ်သူေနသွားတာလဲ"
"ဟိုဟာ........ မသိလိုက်ပါဘူး"
"တောက်......... မင်းကွာ ငါကမင်းကို စိတ်ချလို့ ဟိုတယ်ဘက်ကို ယုံယုံကြည်ကြည်နဲ့ လွယ်ခဲ့တာကွ အခုတော့ကွာ........ မင်း........."
မဏ္ဏိုင် ဒေါသအရမ်းထွက်နေပြီး မင်းစက်အားထိုးဖို့ လုပ်လိုက်စဉ်
"သား မင်းအဲ့လိုမလုပ်ရဘူး"
မဏ္ဏိုင်ရဲ့ အမေအနောက်မှ ရောက်လာခဲ့သည်။ ထိုအချိန်မှ မဏ္ဏိုင် မင်းစက်အား ထိုးဖို့ရွယ်နေတဲ့ သူ့ရဲ့လက်ရုတ်သိမ်းလိုက်သည်။
"သားရယ် ဒီဟိုတယ် အခန်းသုံးခန်းကို အမေပြင်ပေးပါ့မယ် ကိုယ့်ရဲ့ လက်အောက်ငယ်သား ဝန်ထမ်းတွေကိုတော့ လက်မပါပါနဲ့"
" ဒီအခန်းတွေကို ပြန်ပြင်ဖို့ ကုန်ကျစရိတ်ကြောင့် ကျွန်တော် ဒေါသထွက်နေတာ မဟုတ်ဘူးအမေရဲ့ အခုဟာက ဒီအခန်းကို ဘယ်သူနေသွားတာလဲ တောင်မသိဘူးဆိုတဲ့ အဲ့တော့ ဒါက ဒေါသထွက်ချင်စရာမကောင်းဘူးလား အမေ ဟမ် ဖြေပါအုံး"
"ဟုတ်ပါတယ် သားရယ် ဒါပေမယ့် လက်တော့မပါပါနဲ့ ဆူစရာရှိတာဆူလိုက်ပါနော်"
"မင်းစက် မင်းငါ့နောက်လိုက်ခဲ့"
"ဟုတ်....."
မင်းစက်ကော ဒေါ်သက်ထားခင်ကော မဏ္ဏိုင်သွားရာ လိုက်သွားကြသည်။ မဏ္ဏိုင် ဟိုတယ်မှ ဝန်ထမ်းများအားလုံးကို စုလိုက်သည်။
"ငါမင်းတို့အားလုံးကို မေးစရာရှိတယ်"
"မင်းတို့တွေ အခုမီးစလောင်တဲ့ အခန်းမှာ နေသွားတဲ့ သူကို တစ်ကယ်မသိတာလား ဒါမှမဟုတ် ငါ့ကိုဘဲ မသိဘူးဆိုပြီး လိမ်နေကြတာလား........ ဟို ဧည့်ကြိုတဲ့ နှစ်ယောက်က အဲ့အချိန်မှာ ဘာလုပ်နေကြတာလဲဟမ် ပြီးတော့ အဲ့နေသွားတဲ့မှတ်ပုံတင်ကိုကော မယူထားကြဘူးလား ဟမ်"
"ဟို........ ဟို........."
"ဘာမှ ဟိုမနေနဲ့ ဒီနေ့တစ်နေ့လုံး မင်းတို့ကို အဲ့အခန်းမှာနေသွားတဲ့လူ ဘယ်သူလဲ ဆိုတာ ရအောင်စုံးစမ်း မစုံးစမ်းနိုင်ရင်တော့ စားဖိုဆောင် လူတွေကလွဲလို့ ကျန်တဲ့သူ အကုန်လုံး အလုပ်ထုတ်ခံရမယ် မင်းစက်မင်းက အဓိကနော်"
"ဗျာ.......... ဟုတ်"
"ပြီးတော့ cctv အားလုံးကိုစစ်ထား အဝင်အထွက်တစ်ယောက်ချင်းစီအတိုင်းကို သေချာလိုက်ကြည့်ထား ပြီးရင် ငါ့ကိုလာတင်ပြ ကြားလားအားလုံး"
"ဟုတ်ကဲ့ပါ သူဌေး"
"အခုတော့ ငါ ကမ္ပဏီ သွားတော့မယ် ငါမသွားခင် မင်းတို့ကို ငါမှာခဲ့အုံးမယ် ဟိုတယ်ကို လာတဲ့ ဘယ်ဧည့်သည်ကိုမှ မလက်ခံနဲ့ ပြီးတော့ ဟိုတယ် မှာကျန်ခဲ့တဲ့ ဧည့်သည်တွေကိုလဲ အကျိုးအကြောင်းသွားပြောထားလိုက်အုံး ပြီးတော့ မီးလောင်သွားတဲ့ အခန်းကို ပြန်ပြင်ဆင်လိုက်အုံး ကြားလားအားလုံး"
"ဟုတ်"
"တောက်........"
မဏ္ဏိုင် တောက်တစ်ချက်ခေါက်လိုက်ပြီး ထွက်လာခဲ့သည်။ ကားထဲရောက်တော့ သူ့ရဲ့အမေပါ ကားထဲဝင်ထိုင်လိုက်သည်။
"သားရယ် မင်းကလဲ စိတ်ကြီးဘဲ"
"အမေက ဒီအဖြစ်ကို ဘယ်လိုထင်လို့လဲ"
"ဒီတိုင်းဘဲ မတော်လို့ ဖြစ်သွားတာဘဲလေ သားရဲ့"
"အမေက ဒါကို မတော်တဆလို့ထင်နေတာလား "
"ဟုတ်တယ်လေ"
"ဒါက မတော်တဆမဟုတ်ဘူး အမေရဲ့ ဒါကတစ်မင်သက်သက် ကျွန်တော်တို့ ဟိုတယ်ကို ဧည့်သည်တွေမလာအောင်လုပ်သွားတာ......... အမေကြည့်ထားလိုက်ပါ ခဏနေရင် သတင်းထဲပါလာလိမ့်မယ် "
"ဒါဆို အမေတစ်ခုမေးမယ် ဘယ်လိုတစ်မင်သက်သက် ကိုပြောချင်တာလဲ"
"အမေ စဉ်းစားကြည့်လေ ကျွန်တော်တို့ ဟိုတယ်က ဖွင့်ခဲ့တာဆို ကျွန်တော် အသက်၂၂လောက်ကဆိုတော့ အခုနဲ့ဆို ၈နှစ်လောက်ရှိနေပြီ အဲ့၈နှစ်အတွင်း ပြဿနာဆိုလို့ ဘာမှတောင်မရှိခဲ့ဖူးဘူး ဒါကို အခုမှ ဝါယာရှော့ဖြစ်ရတယ်လို့ ပြီးတော့ ဟိုတယ်ကို ဧည့်သည်တစ်ယောက် နေပြီးတိုင်း အဲ့တစ်ခန်းလုံးကို ပြန်စစ်နေကြ အခုဟာက တောက်........ ဘယ်သူလဲကွာ ......... "
"သားရယ် အချိန်တန်ရင် သိမှာပေါ့ ဘာမှစိတ်ပူမနေနဲ့ ကြားလား"
"ဟုတ်ကဲ့ပါ အမေ ဒါနဲ့ အမေကဘယ်လိုလုပ် ရောက်လာတာလဲ"
"မင်းစက် အမေ့ကို အကြောင်းကြားလိုက်လို့ပေါ့ သားရဲ့"
"မင်းစက်ကတော့ သေချင်တော့တာ"
"သားနော် ကိုယ့်လက်အောက်ငယ်သား ဝန်ထမ်းတွေအပေါ် ဘယ်တော့မှ လက်မပါရဘူးနော် ကြားလား"
"ဟုတ်ပါပြီ ဒါဆိုကျွန်တော် ကမ္ပဏီသွားတော့မယ် အမေလဲ ပြန်တော့လေ ကျွန်တော်လိုက်ပို့ပေးလိုက်မယ်လေ"
"ရပါတယ် အမေမှာ ကားပါပါတယ်"
"ဟင်....... အမေကိုယ့်ဟာကိုယ် မောင်းခဲ့တာလား "
"ဘယ်ကသာ အိမ်က ကားဒရိုင်ဘာနဲ့ လာရတာပေါ့သားရဲ့"
"အော်.......ဟုတ်ပါပြီ ဒါဆိုကျွန်တော်သွားတော့မယ်နော်"
"အင်းပါ ဘယ်တော့မှ စိတ်လိုက်မာန်ပါ မလုပ်ရဘူးနော် အရာရာကို စိတ်အေးအေးထားပြီးမှ ဆုံးဖြတ်ကြားလား သား"
"ဟုတ်......"
"အေးအေး သွားတော့ နောက်ကျနေလိမ့်မယ်"
ဒီလိုနဲ့ မဏ္ဏိုင်လဲ ကမ္ပဏီ သို့ ပြန်လာခဲ့သည်။ ကမ္ပဏီ ကလဲသူမရှိရသ် မဖြစ်တာမို့ ပြန်လိုက်သည်။
စာဖတ်သူများအားလုံး ရောဂါဘေး လက်နက်ဘေးမှ ကင်းဝေးကြပါစေ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါရှင့်။🙏🏻🙏🏻