book

Index 16

အပိုင်း(၁၆)

"ရှင်ကြီးချစ်တဲ့ကျွန်မ"

"ဉီးခမ်း အခုဘယ်သွားမှာလဲ"

"ခိုစာ သွားကျွေးမယ်လေ"

"ကောင်းပါတယ် အဲ့ဒါဆို သွားမယ်လေ"

နှစ်ယောက်သား ခိုစာကျွေးဖို့အတွက် ထွက်လာခဲ့ကြသည်။ မဏ္ဏိုင် ခိုစာသွားယူလိုက်ပြီးအရိပ်အနား ေလျှာက်လာခဲ့သည်။

"ရော့ အရိပ်လေး အရင်ကျွေးနှင့် ကိုယ်ဟိုဘက် ခဏသွားလိုက်အုံးမယ်"

"ဟုတ်........"
မဏ္ဏိုင် သူတို့နှင့် မလှမ်းမကမ်းနားမှာရပ်နေတဲ့ အသက်၂၀ ဝန်းကျင် ကောင်လေးနား သွားလိုက်သည်။

"ငါ့ညီ အစ်ကို အကူအညီတစ်ခုလောက်တောင်းချင်လို့ပါ"

"ဟုတ် ရပါတယ် ကျွန်တော်ဘာကူညီပေးရမလဲ"

"ဓာတ်ပုံလေး ရိုက်ခိုင်းချင်လို့ပါ"

"ဟုတ်ရပါတယ် ဘယ်နားမှာ ရိုက်မှာလဲဗျ"

"ဟိုနားမှာ ခိုစာကျွေးနေတဲ့ ကောင်မလေးနဲ့ အတွဲပုံလိုမျိုး ရိုက်ပေးပါလား"

"ဟုတ် ရပါတယ် "

ဒီလိုနဲ့ ထိုကောင်လေးနဲ့ မဏ္ဏိုင် အရိပ်ရှိရာသို့လာခဲ့ကြသည်။

"အစ်ကို့ ဖုန်းနဲ့ရိုက်မှာမလား"

"ဟုတ်တယ် ရော့"
မဏ္ဏိုင် သူ့ရဲ့ဖုန်းအား ထိုကောင်လေးအားပေးလိုက်သည်။

"ဉီးခမ်း ဘာလုပ်မလို့လဲဟင်"

"ကိုယ်တို့နှစ်ယောက်ကို ဓာတ်ပုံရိုက်ပေးမလို့လေ"

"အော်....... "

"အစ်ကို ကောင်မလေးဘက် နည်းနည်းတိုးလိုက်အုံး ဟုတ်ပြီ ကင်မရာ ကိုမကြည့်နဲ့နော် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ထား သဘာဝဆန်ဆန်လေးနော် Ok ရိုက်ပြီနော်"

မဏ္ဏိုင်နဲ့အရိပ် ခိုလေးတွေကြားထဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြပြီး ခိုစာကျွေးနေသည့်ပုံက သဘာဝဆန်ဆန်နှင့်လှပစွာထွက်လာသည်။ထိုကောင်လေး နောက်ထပ် လေးပုံ ငါးပုံလောက်ရိုက်ပေးပြီးတော့ မဏ္ဏိုင်တို့အနား လာခဲ့သည်။

"အစ်ကို ဒီမှာ ကြည့်ကြည့်လိုက်အုံး"

မဏ္ဏိုင်လဲ ထိုကောင်လေး ပေးလာသည့်ဖုန်းကို ယူကာ ဖုန်းထဲမှ ပုံများအား ကြည့်ကြည့်လိုက်သည်။

"ငါ့ညီမင်းရိုက်ပေးထားတာတော်တော်လှတာဘဲ ဒါနဲ့မင်း လိုချင်တာဘဲရှိရှိ လုပ်ချင်တာဘဲရှိရှိ အစ်ကို့ကို ပြောပါလား အစ်ကို ကျေးဇူးတင်တဲ့အနေနဲ့ တက်နိုင်သလောက် လုပ်ပေးမယ်လေ"

"ရပါတယ်ဗျာ ကျွန်တော်က စေတနာနဲ့ ရိုက်ပေးတာပါ.......... လောလောဆယ်တော့ အစ်ကို့ ကောင်မလေးကို ဂရုစိုက်လိုက်အုံး"

"ဘာလို့လဲဟ"

"ဟိုမှာလေ အစ်ကို့ ကောင်မလေးကို ကြည့်သွားတဲ့အကြည့်တွေက မရိုးသားကြဘူး တွေ့လား အဲ့ဒါကြောင့် တစ်ခြားလူနောက်ပါသွားမှာစိုးလို့ ပြောပြတာပါ အခုခေတ်က သိတဲ့အတိုင်းဘဲလေ လှတဲ့သူကိုဆို ယောကျာ်းတွေက တမ်းတမ်းဆဲွဲဖြစ်နေကြတာ အဲ့ဒါကြောင့်မို့ "

"အေးပါ ကျေးဇူးဘဲနော် ငါ့ညီ"

"ဟုတ် ရပါတယ် အစ်ကိုတို့နှစ်ယောက် သက်ဆုံးတိုင် ပေါင်းဖက်နိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပေးတယ်နော်"

"အဟွန်း........ ဟုတ်ပါပြီ ပေးတဲ့ဆုနဲ့ပြည့်စေကွာ"

"ဟုတ် ဒါဆိုကျွန်တော် သွားတော့မယ်နော်"

"အေးအေး"

ထိုကောင်လေးလဲ သူတို့အနားမှ ထွက်သွားသည်။ အရိပ်ကတော့ ရှက်ပြီး မျက်လွှာလေးချကာ ရပ်နေသည်။

"အဟွန်း........ ဘာလဲ ရှက်နေပြီလား"

"ဉီးခမ်းနော်"

"လာပါ ဒီမှာနေပူတယ် ဟိုဘက်မှာ ရေခဲမုန့်ဆိုင်ရှိတယ် သွားစားရအောင်"

"ဟုတ်"

အရိပ် မဏ္ဏိုင်ခေါ်ရာ နောက်လိုက်လာခဲ့သည်။
ဆိုင်ရောက်တော့

"ဉီးခမ်း ဘာအရသာစားမှာလဲ "

"ဘာဘဲဖြစ်ဖြစ် အရိပ်လေး စားချင်သာတာဝယ်ခဲ့"

"ဟုတ် "

အရိပ်ရေခဲမုန့်ဆိုင်သို့ ဝင်သွားလိုက်သည်။ မဏ္ဏိုင် ဆိုင်ရှေ့တွင် ရပ်နေလိုက်ပြီး ဖုန်းထဲမှ ခဏကရိုက်ခဲ့တဲ့ ဓာတ်ပုံများအား တစ်ပုံချင်းစီ သေချာကြည့်နေသည်။

"ဟုတ်ပြီ ဒီတစ်ပုံလေး လှတယ် wallpaper ထားရမယ်"

မဏ္ဏိုင် ပုံတွေအများကြီးထဲမှ အလှဆုံးပုံလေးကို wallpaper တွင်ထားလိုက်သည်။

"အဟွန်း တော်တော်ကြည့်ကောင်းတဲ့ ဓာတ်ပုံ​ေလ​းဘဲ"

မဏ္ဏိုင် ထိုပုံလေးကို တစ်စိမ့်စိမ့်ကြည့်နေသည်။
ခဏကြာတော့

"ဉီးခမ်း ဘာတွေဒီလောက်ကြည့်နေရတာလဲ"

"ဟင်........ အော်........ ဘာမှမကြည့်ပါဘူး အရိပ်လေး ဝယ်ပြီးသွားပြီမလား"

"ဟုတ်"

"လာဟိုနားမှာ သွားထိုင်ရအောင်"

"ဟုတ်"

ဆိုင်နှင့်မလှမ်းမကမ်းနားက ထိုင်ခုံလေးပေါ်တွင် နှစ်ယောက်သား ရေခဲမုန့်စားရင်း ထိုင်နေလိုက်ကြသည်။

"ဉီးခမ်းကလေ ရေခဲမုန့်စားနေတာတောင် တော်တော်ကြည့်လို့ကောင်းတယ်သိလား"

"အဟွန်း........ လာမြှောက်နေပြန်ပြီ"

"မမြှောက်ပါဘူး အရိပ်ကအတည်ပြောတာ ဉီးခမ်းက အခါတိုင်းဆို ေဘာင်ဘီရယ် shirtရယ်ဘဲ ဝတ်တာလေ အဲ့တော့ အခုလိုယောပုဆိုးလေးနဲ့ တိုက်ပုံလေး ဝတ်လိုက်တော့ တစ်မျိုးလေး ကြည့်လို့ကောင်းသွားတာသိလား အခါတိုင်းထက် ပိုချောတယ်သိလား"

"အရိပ်လေးကတော့ကွာ ကိုယ့်ကို ဒီလောက်ထိမမြှောက်နဲ့လေ ကိုယ်မနေတက်တော့ဘူ"

"ယောကျာ်းကြီး ဖြစ်ပြီးရှက်နေသေးတယ်"

"ဟာ ယောကျာ်းကြီး ဖြစ်တော့ မရှက်ရတော့ဘူပေါ့"

"အဲ့လိုလဲ မဟုတ်ပါဘူး "

"အဟွန်း......... ဟုတ်ပါပြီ စားစား ဒါပြီးရင် ကိုယ့်အမေစီ သွားရအောင်"

"ဟုတ်"

"မင်းလေးကတော့ တစ်ကယ့်အ​ြပစ်ကင်းဆင်တဲ့ ကောင်မလေးဘဲ ကိုယ်ကတော့ မင်းလေးကိုတစ်နေ့ထက်တစ်နေ့ ပိုပိုအချစ်တွေ တိုးလာပြီ သိရဲ့လား အရိပ်လေးရဲ့"
မဏ္ဏိုင် ပြုံးလျက်သား စိတ်ထဲမှ ပြောလိုက်သည်။ သူတို့ပျော်ရွှင်နေသည်ကို လာနှောင့်ရှက်သူက။

"မဏ္ဏိုင် ဒီညအိမ်မှာ ပါတီမလုပ်ဘူးလားဟင်"

"မလုပ်ဘူး"

မဏ္ဏိုင် ဧကရီဇန် အား ခက်ပြတ်ပြတ်သာပြောလိုက်သည်။

"ဒါနဲ့မဏ္ဏိုင် ဒီနေ့ ဘယ်မှမသွားဘူးလားဟင်"

"ကျစ်.......... မမြင်ဘူးလား မြင်ရဲ့သားနဲ့ လာမေးနေတာလား"

ဧကရီဇန် မဏ္ဏိုင်ရဲ့ အဖြေကို သဘောမတွေ့ပေ။

"အစ်မ ထိုင်အုံးမလား"
အရိပ် ဖော်ရွေစွာဖြင့် ဧကရီဇန်အား ခေါ်လိုက်သည်။

"အဟွန်း..........တော်ပါပြီ မထိုင်ခိုင်းစေချင်တဲ့ လူတစ်ချို့ကြား တို့မထိုင်တော့ပါဘူး "

ဆိုကာ ဧကရီဇန် မဏ္ဏိုင်တို့အနားက ထွက်သွားဖို့ ပြင်လိုက်စဉ် ။

"အော်......... ဒါနဲ့မေ့နေတာ မဏ္ဏိုင်ရှင့်ကို ကျွန်မ တစ်ခုလောက်ပြောခဲ့မယ်နော် ရှင်ကျွန်မအပေါ် စိမ်းစိမ်းကားကား သိပ်မဆက်ဆံပါနဲ့ ဘာလို့လဲဆိုတော့ ရှင့်ဘဝကိုပါ ပျက်သွားစေနိုင်တဲ့ secret တစ်ချို့ကို ကျွန်မဘဲ ကောင်းကောင်းကြီးသိနေတာဆိုတော့ ကျွန်မ စိတ်ရှိရင် ရှိသလို ထုတ်ပြောလိုက်မှာမို့ နောက်မှနောင်တမရပါနဲ့နော် မဏ္ဏိုင်ဉီးခမ်း"

"တောက်......... မင်း.......... "

ဧကရီဇန် ပြောလဲပီးရော သူတို့အနား မှထွက်သွားသည်။ မဏ္ဏိုင်ကတော့ ဧကရီဇန် ရဲ့စကားတွေကို ဒေါသထွက်ကာ ကျန်ရစ်ခဲ့သည်။ မဏ္ဏိုင်စိတ်တိုတိုနှင့် လက်ထဲမှာ ကိုင်ထားတဲ့ရေခဲမုန့် အားပစ်လိုက်သည်။

"ဉီးခမ်းရယ် စိတ်လျော့ပါနော် ဒီနေ့က ဉီးခမ်းရဲ့မွေးနေ့လေ အဲ့ဒါကြော့င်မို့ စိတ်ကို ကြည်ကြည်လင်လင်ထား ဘာမဟုတ်တဲ့ ကိစ္စလေးကို စိတ်ထဲလိုက်ထားမနေနဲ့နော်........... ရော့ ဉီးခမ်း ရေခဲမုန့် ပစ်လိုက်တာဆိုတော့ အရိပ်ရဲ့ ေရခဲမုန့်ဘဲ စားလိုက်တော့နော် ရော့ရော့ ဟ"

အရိပ် မဏ္ဏိုင်ရဲ့ ပါးစပ်ထဲသို့ သူမရဲ့ရေခဲမုန့်အား ထိုးထည့်ပေးနေသည်။

"အေးတယ် အရိပ်လေးရဲ့"

"အော်......... ဟုတ်လား ဆောရီး ဆောရီး အရိပ်တောင်းပန်တယ်နော်"

"ရပါတယ်ဗျာ......... လာသွားစို့ အမေ့စောင့်နေတော့မယ် "

"ဟုတ်သားဘဲ"



နှစ်ယောက်သား ဒေါ်သက်ထားခင်ရှိရာသို့ လာခဲ့ကြသည်။

"အမေ့ စောင့်နေရတာ ကြာသွားပြီလား"

"မကြာသေးပါဘူး ဒါနဲ့ အခုဘယ်သွားမှာလဲ"

"အရိပ်လေး ဘယ်သွားချင်လဲ "

"ရှင်.......... ဒီနေ့က ဉီးခမ်းမွေးနေ့ဆိုတော့ ဉီးခမ်းသွားချင်တဲ့နေရာ သွားလေ ဉီးခမ်း သွားတဲ့နောက် အရိပ်လိုက်ခဲ့မှာပေါ့"

"အဟွန်း.......... ဟုတ်ပါပြီ "

ဒီလိုနဲ့ ဒေါ်သက်ထားခင်နဲ့ အရိပ်မဏ္ဏိုင် ခေါ်ရာနောက် လိုက်သွားလိုက်ကြသည်။ မဏ္ဏိုင် အရိပ်မရောက်ဖူးသေးသည့် နေရာအစုံလိုက်ပို့ပေးခဲ့သည်။ သူရဲ့ မွေးနေ့တွေထဲတွင် ဒီအသက်၃၀ပြည့်တဲ့ မွေးနေ့ဟာ အပျော်ဆုံးဖြစ်လေသည်။ ဒီလိုနဲ့တစ်နေကုန် လျှောက်ပတ်လာရင်း ညနေစောင်းလောက်ရောက်တော့ စူပါမားကတ် တစ်ခုရှေ့သို့ မဏ္ဏိုင်ကားလေး ရပ်လိုက်သည်။

"ဘာလုပ်မလို့လဲ သားရဲ့"

"ဒီနေ့ ညစာကို အရိပ်လေးက ချက်ကျွေးမှာတဲ့ အဲ့ဒါ​ကြောင့်မို့ လိုအပ်တာလေးတွေ ဝယ်ဖို့အတွက် ဒီကိုမောင်းလာတာအမေရဲ့"

"အော်......... ဟုတ်လား သမီး"

"ဟုတ်"

"ကောင်းသားဘဲ အဲ့ဒါဆိုလဲ ဆင်းကြလေ ဘာလုပ်နေကြတာတုန်း ညနေကစောင်းနေပြီ"

"အော်........ ဟုတ်သားဘဲ လာအရိပ်လေး"

"ဟုတ်"

နှစ်ယောက်လုံး စူးပါမားကတ်ထဲသို့ ဝင်သွားကြသည်။

"ဘာချက်ရင်ကောင်းမလဲ"
အရိပ် ဆိုင်ထဲတွင် လျှောက်ကြည့်နေသည်။
ခဏကြာတော့ ပုစွန်တုတ်အကြီးကြီးတွေကို အရိပ် တွေ့သွားသည်။

"ဟုတ်ပြီ ပုစွန်တုတ်အကြီးကြီးတွေ ချက်ရမယ်"
ဆိုကာ အရိပ် ပုစွန်တုတ်ကြီးတွေရှိရာ သွားလိုက်သည်။ မဏ္ဏိုင်ကတော့ အနောက်မှ လိုက်သွားသည်။

"ဉီးခမ်းတို့အိမ်က ချမ်းသာရဲ့သားနဲ့ ဒီပုစွန်တုတ်တွေ တစ်ခါမှမစားကြဘူး ဒီနေ့တော့ အရိပ်ချက်ကျွေးမယ်သိလား"

"ဟင်.......... အရိက်က ပုစွန်တုတ်မစားဖူးဘူးလား"

"စားတော့စားဖူးပါတယ် ဒါပေမယ့် ဒီလိုအကြီးကြီးတွေတော့ မစားဖူးဘူး"

"အော်.......... အဲ့ဒါဆိုလဲ ယူလိုက်လေ"

"ဟုတ်"

အရိပ် ပုစွန်တုတ် သုံးကောင်ယူလိုက်သည်။ နောက်ပြီး လိုအပ်တာလေးတွေ ဝယ်ယူလိုက်ပြီး အိမ်သို့ပြန်လာခဲ့သည်။ အိမ်သို့ရောက်တော့ အရိပ် ပစ္စည်း တွေယူလိုက်ပြီး မီးဖိုခန်းထဲ ဝင်သွားကာ စတင်ချက်ပြုတ်နေသည်။

"ဝတ်ရည်သန့်"

"ရှင်.......... သခင်လေး"

"သွား အရိပ်လေးကို သွားကူပေးလိုက်"

"ဟုတ် သခင်လေး"

ဝတ်ရည်သန့် မီးဖိုခန်းထဲသို့ အရိပ်အားကူရန် ဝင်သွားသည်။

"အရိပ် ဘာကူညီပေးရမလဲ"

"ဟိုဟာ ဒီပုစွန်တုတ်ကိုလေ အခွံတွေခွာပေးပါလား"

"အော်......... ရတယ်လေ"
"သခင်လေးက ပုစွန်တုတ်နဲ့ မတည့်ဘူးလို့ပြောထားပါတယ် ဒါကို အရိပ်က ပုစွန်တုတ်တွေချက်ကျွေးမလိုပေါ့ အဟွန်း......... အရိပ်ရယ် မင်းအတွက်တော့ ငါစိတ်မကောင်းဘူး"
ဝတ်ရည်သန့် မဲ့ပြုံးပြုံးလိုက်ပြီး စိတ်ထဲမှပြောလိုက်သည်။
ခဏကြာတော့ အရိပ် ညစာအတွက် အားလုံး အဆင်သင့်ဖြစ်နေပြီ။ အရိပ် မဏ္ဏိုင်နှင့် ဒေါ်သက်ထားခင် တို့အား ညစာစားဖို့ သွားခေါ်လိုက်သည်။

"အန်တီနဲ့ ဉီးခမ်း ညစာစားလို့ရပြီနော်"

"ဟုတ်လား "

"ဟုတ်"

"ဒါဆို သွားရအောင်လေ သားရဲ့"

"ဟုတ်"

သုံးယောက်လုံး ညစာစားဖို့ ထမင်းစားခန်းထဲ ဝင်လာခဲ့သည်။

"ဟင်းတွေက အစုံပါဘဲလား သမီးရယ်"

"ဟုတ်တယ် အန်တီ"

"ပင်ပန်းနေရောပေါ့"

"မပင်ပန်းပါဘူးအန်တီရဲ့"

"ဟုတ်ပါပြီ လာအဲ့ဒါဆို စားရအောင်လေ"

"ဟုတ်"

သုံးယောက်လုံး ထမင်းဝိုင်းတွင်နေရာယူလိုက်သည်။

"ဟင်.......... သမီး ဒီဟင်းကဘာဟင်းတုန်း"

"ပုစွန်တုတ်လေ အသားတွေကြီးဘဲ သက်သက်ချက်ထားတာ"

"အော်........ ဒါပေမယ့် ဒါက"

"ရတယ်အမေ"

ဒေါ်သက်ထားခင် ပုစွန်တုတ်က မဏ္ဏိုင်နှင့် မတည့်ကြောင်းပြောဖို့ ပြင်လိုက်စဉ် မဏ္ဏိုင် သူ့အမေလက်ကို ကိုင်လိုက်ပြီး မပြောဖို့တားလိုက်သည်။

" ဘာဖြစ်လို့လဲဟင် အန်တီ"

"အော် ဘာမှ မဖြစ်ပါဘူး သမီးရယ် ကဲစားစို့လေ"

"ဟုတ်......... ရော့အန်တီလဲ ထည့်စားနော် ဉီးခမ်းလဲထည့်စား"

အရိပ် ပုစွန်ထုတ်တွေချည်း မဏ္ဏိုင်ရဲ့ ပုကန်ထဲအားထည့်ပေးနေသည်။ မဏ္ဏိုင်လဲအားနာနာဖြင့် ဘာမှမပြောဘဲ စားနေသည်။ ခဏကြာတော့ သူတို့အားလုံးစားလို့ပြီးသွားပြီ။

"အရိပ်လေး ကိုယ်အပေါ်အရင်တက်နှင့်တော့မယ်နော်"

"အော်........ ဟုတ်"

"အမေ ဒီညဒီမှာဘဲ အိပ်လိုက်တော့နော်"

"အေးပါ ဒါနဲ့ သားအဆင်ပြေတယ်မလား"

"ဗျာ........ ဟုတ် အဆင်ပြေပါတယ် "

"အေးပါ"

မဏ္ဏိုင် အပေါ်ထပ်ကို အမြန်တက်သွားလိုက်ပြီး သူရဲ့အခန်းထဲဝင်ကာ သောက်ဆေးတွေကော လိမ်းဆေးတွေကော လိမ်းနေသည်။ အချိန်အနည်းငယ်ကြာတော့ သူတစ်ကိုယ်လုံး ယားလာပြီး အဖုလေးတွေလဲ ထွက်လာသည်။ ဒါကိုသိတဲ့ သူ့ရဲ့အမေက မဏ္ဏိုင်ရဲ့ အခန်းသို့ လာခဲ့သည်။

"သားအဆင်ပြေလား"

"ရပါတယ် ဆေးလိမ်းပြီး ဆေးသောက်လိုက်ရင် ရပါပြီ"

"အေးပါ အဆင်ပြေရင်ပြီးသာပါဘဲ သမီးလေးသိရင်တော့ ဘယ်လိုဖြစ်နေမလဲတော့မသိဘူး"

"ထားလိုက်ပါ အမေ အရိပ်လေးကို သွားမပြောပြနဲ့နော်"

"အေးပါ"

"ဟုတ်"

ဒီလိုနဲ့မဏ္ဏိုင်ရဲ့အမေလဲအခန်းထဲသို့ ဝင်သွားသည်။
အရိပ် အားလုံး သိမ်းဆည်းပြီး မဏ္ဏိုင်ရဲ့ အခန်းသို့သွားဖို့ပြင်လိုက်သည်။

"သခင်လေးက မတည့်တာသိရဲ့သားနဲ့များ ဘာလို့စားလိုက်တာပါလိမ့် ပြီးတော့ သူတို့နှစ်ယောက်က ဘယ်လိုပတ်သက်တာပါလိမ့်"
ဝတ်ရည်သန့် အတွေးများနှင့်ကျန်ရစ်ခဲ့သည်။

ဒီနေ့နောက်ကျသွားလို့တောင်းပန်ပါတယ်နော်။

စာဖတ်သူလေးများအားလုံး ရောဂါဘေး လက်နက်ဘေးမှ ကင်းဝေးကြပါစေ။

ဝါသနာအရရေးတာမို့ အမှားပါရင်ခွင့်လွှတ်ပါရှင့်။🙏🏻🙏🏻


rate now: