book

Index 15

အပိုင်း(၁၅)

"ရှင်ကြီးချစ်တဲ့ကျွန်မ"

"ဉီးခမ်း ၁၀နာရီတောင် ထိုးနေပြီနော်"

ဟုတ်တယ်လေ အရိပ်လေးရဲ့ ဘာဖြစ်လို့လဲ

"ဟိုဟာ......... အရိပ်အိပ်ချင်နေပြီလေ ေနာက်ထပ် စာလုပ်ခိုင်းနေရင် အရိပ်အဲ့စာ ထဲမှာ စိတ်မရောက်တော့ဘူနော်"

"ဟုတ်ပါပြီ ဒါဆိုလဲ သွားအိပ်တော့ စာအုပ်တွေ ကိုယ်ဘဲ သိမ်းပေးလိုက်မယ်"

"ဟုတ်....... ကျေးဇူးဘဲနော် ဉီးခမ်း"

"မလိုပါဘူး အရိပ်လေးရဲ့"

ဒီလိုနဲ့ အရိပ်စာကြည့်ခန်းမှ ထွက်ဖို့ လုပ်လိုက်စဉ် မဏ္ဏိုင်အိပ်ကတ်ထဲမှ စီးကရက် ဘူးအားတွေ့သွားသည်။

"ဟင်....... ဉီးခမ်း ဆေးလိပ်တွေသောက်တယ်ပေါ့"

"စိတ်ညစ်တဲ့ အချိန်မှ နည်းနည်းသောက်တာပါ"

"ဘာလို့ဒီဟာ​ေတွ သောက်တာလဲ ဉီးခမ်းရဲ့ ဒါတွေသောက်တာက ပိုက်ဆံကို မီးရှို့တာနဲ့ အတူတူဘဲ သိလား"
သူမ နှုတ်ခမ်းလေးစူကာ စိတ်စိုးသည့်ပုံဖြင့် မဏ္ဏိုင်အား ပြောလိုက်သည်။

"အရိပ်လေးက စီးကရက် တွေသောက်တာ မကြိုက်ဘူးပေါ့"

"အွန်း......."

"ဒါဆို ကိုယ်နောက်တစ်ခါ မသောက်တော့ဘူ ဟုတ်ပြီလား"

"တစ်ကယ်ပြောနေတာလား ဉီးခမ်း "

"တစ်ကယ်ပေါ့ ကိုယ်အရိပ်လေး မကြိုက်တာ ဘာမဆိုမလုပ်ဘူး ဟုတ်ပြီလား"

မဏ္ဏိုင် အရိပ်အား ပြောရင်း သူ့အိတ်ကပ်ထဲမှ စီးကရက် ဘူးအား အမိုက်ပုံးထဲသို့ ပစ်လိုက်သည်။

"ဟီး....... ဟုတ်ပါပြီ"

"အရိပ်လေး လဲကိုယ်မကြိုက်တာကို မလုပ်ရဘူးနော်"

"ဟုတ်......."

"ဒါဆိုရင် သွားအိပ်တော့လေ အရိပ်လေးဘဲ ခဏကအိပ်ချင်နေပြီဆို"

"ဟုတ်......... ဒါဆိုအရိပ်သွားအိပ်ပြီနော် "

"ဟုတ်ပါပြီ"

"ဂွတ်နိုက်နော် ဉီးခမ်း"

"ဂွတ်နိုက်"
ဒီလိုနဲ့ အရိပ် သူမအခန်းရှိရာသို့ ထွက်သွားသည်။ မဏ္ဏိုင်ကတော့ သူမလေး ချန်ထားခဲ့တဲ့ စာအုပ်တွေ သိမ်းရင်း ကျန်ခဲ့သည်။

​​ "ေဆးလိပ် ကို ဘယ်လိုဖြတ်ရမှာပါလိမ့်......... အရိပ်လေးရယ် ကိုယ်မင်းကြောင့်သာ ဆေးလိပ်ဖြတ်ရတာ တစ်ကယ်တော့ ကိုယ်ဆေးလိပ်ကို မဖြတ်ချင်ဘူး သိလား .......... မင်းလေးကို မတွေ့ရရင်မနေနိုင်သလို ဆေးလိပ်ကိုလဲ မသောက်ရင် မနေနိုင်ဘူးကွယ် ဒါပေမယ့်လဲ မင်းလေးမကြိုက်မှတော့ ဖြတ်ပေးရမှာပေါ့ "
ဆိုကာ ပြောလိုက်ပြီး စာအုပ်တွေသိမ်းကာ စာကြည့်ခန်းမှ သူ့အခန်းရှိရာသို့ ထွက်သွားသည်။

ဒီလိုနဲ့ ရက်တွေကုန်လာရင်း မဏ္ဏိုင်ရဲ့မွေးနေ့ရက်သို့ ရောက်လာခဲ့သည်။ အရိပ် ကျောင်းတက်လာတာ တစ်ပတ်ပြည့်ခဲ့ပေမယ့် ကျောင်းစဖွင့်တုန်းက တွေ့ခဲ့သည့် မင်းထက်အား တစ်ရက်မှ မတွေ့ရ​ေတာ့ပေ။

"ဒေါက် ဒေါက်........"

"အရိပ်လေး ကိုယ်ပါ"

"ေအာ်......... ဉီးခမ်း အရိပ် အဝတ်အစား လဲနေတုန်းမို့လို့ အောက်မှာ ခဏစောင့်နေအုံးနော်"

"ဟုတ်ပါပြီ ဒါနဲ့ ကိုယ်မနေ့ကဝယ်ပေးထားတဲ့ နီညိုရောင် ဝမ်းစက်လေး ဝတ်နော်"

"သိပါတယ် ဉီးခမ်းရဲ့ အောက်မှာသာ စောင့်နေပါ အရိပ်အဝတ်အစား လဲပြီးတာနဲ့ ဆင်းလာပါ့မယ်"

"ဟုတ်ပါပြီဗျာ ဒါဆိုကိုယ် အောက်မှာစောင့်နေပါ့မယ်"

"ဟုတ်........."

အရိပ် မနေ့ကမှ မဏ္ဏိုင်ဝယ်ပေးထားတဲ့ နီညိုရောင်ဝမ်းစက်လေး ကိုဝတ်လိုက်သည်။ ထို့နောက် မညှပ်ဘဲ ထားထားတဲ့ ကျော်လယ်လောက်ရှိတဲ့ ဆံပင်တွေအား နှစ်ဖက်ခွဲကာ ဆံကျစ်ကျစ်လိုက်သည်။ ပါးမို့မို့ပေါ်သို့ သနပ်ခါးလေး လူးလိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ ထို့နောက် မဏ္ဏိုင်ရှိရာ အောက်ထပ်က ဧည့်ခံသို့ လာခဲ့သည်။ သူမ ဧည့်ခံထဲသို့ ရောက်တော့ ယောပုဆိုး နီညိုရောင်လေးနှင့် တိုက်ပုံ အဖြူလေးကို လိုက်ဖက်စွာ ဝတ်ဆင်ထားသော မဏ္ဏိုင်။ ဖြူဖွေးနေတဲ့ သူအသားအရည်က နီညိုရောင် ယောပုဆိုးလေးနှင့် အတော့်ကိုလိုက်ဖက်နေသည်။ အရိပ် မဏ္ဏိုင်ရဲ့ ချောမောနေမှုကြီးကို မျက်တောင်မခက်တမ်း​ေငး​ကြည့်နေသည်။ သူမ ဘယ်လောက်ထိ ငေးကြည့်နေသလဲဆို မဏ္ဏိုင် သူမအားခေါ်နေသည်ကို ပင်မကြားချေ။

"အရိပ်လေး အရိပ်လေး"

မဏ္ဏိုင် သူမနာမည်လေးအား အသံမြှင့်မြှင့်ဖြင့် အော်ခေါ်လိုက်မှ သူမအသိဝင်လာသည်။

"အော်........ ရှင်......... ဉီးခမ်း"

"ဘာတွေ ဒီလောက်ထိ ငေးနေတာတုန်း အရိပ်လေးရဲ့"

"ဟို....... ဘာမှမငေးပါဘူး ဉီးခမ်းရဲ့ "

"ဟုတ်ပါပြီ ဒါဆိုလဲ သွားရအောင်လေ ကိုယ့်အမေကို ဝင်ခေါ်အုံးမှာဆိုတော့ နောက်ကျနေလိမ့်မယ်"

"ဟုတ်........."

သူတို့နှစ်ယောက် အိမ်ကြီးထဲမှ ထွက်လာကြသည်။

"ဉီးဘသက် ဒီနေ့တော့ ကျွန်တော့်ဘာသာ ကျွန်တော်ကားမောင်းသွားတော့မယ် ခဗျား အိမ်မှာလုပ်စရာရှိတာ လုပ်ထားလိုက်ပါ "

"ဟုတ်ကဲ့ပါ သခင်လေး"

"အော်........ ဒါနဲ့ ကြီးသန်းတို့ကိုပြောပေးလိုက်ပါအုံး ကျွန်တော်တို့က ညနေမှ ပြန်ရောက်မှာ ပြီးတော့ ညစာကို မချက်ထားနဲ့လို့ ပြောလိုက်ပါအုံး"

"ဟုတ်ကဲ့ပါ သခင်လေး"

ဒီလိုနဲ့မဏ္ဏိုင်တို့ကားလေး အိမ်ကြီးထဲမှ ထွက်လာခဲ့သည်။ ထိုနေရာတွင် မကျေနပ်ဘဲ ကျန်ရစ်ခဲ့သူက

" နင်လူပါးတော်တော်ဝလာပြီနော် အရိပ် တောက်......... ငါဘယ်လိုလုပ်ရမှာပါလိမ့် ငါမမဇန်နဲ့ ပူးပေါင်းလိုက်ရမလား"

ငုဝါဖူး ထွက်သွားပြီနောက် ဧကရီဇန် ဝတ်ရည်သန့်အား သူတို့နှင့်ပူးပေါင်းဖို့ ဖုန်းထဲမှ လာပြောခဲ့သည်။ ဝတ်ရည်သန့် မဏ္ဏိုင်ကို ဘာမှမလုပ်ဘူးဆိုရင် သူတို့နှင့် ပူးပေါင်းမည်ဟု ပြောခဲ့သည်။ တစ်ကယ်တော့ ဝတ်ရည်သန့်က မဏ္ဏိုင်ကို တစ်ဖက်သက်ချစ်နေသည့် ကောင်မလေးတစ်ယောက်ပေ။ သူမနှင့် မဏ္ဏိုင် ဆိုတာမဖြစ်နိုင်မှန်းသိသိရက်နဲ့ကို သူမလိုက်ကြိုက်နေသည်။

"ငါသူတို့နှစ်ယောက် ဒီလိုပျော်ရွှင် နေတာကိုမကြည့်နိုင်ဘူး ဟုတ်ပြီ ငါ ဧကရီဇန် နဲ့ပူးပေါင်းရမယ်"
ဆိုကာ သူမဖုန်းထုတ်လိုက်ပြီး ဧကရီဇန် ၏ဖုန်းနံပါတ်အား ခေါ်လိုက်သည်။

"ဟယ်လို ဧကရီဇန် ပြောနေပါတယ်"

"ဟယ်လို ကျွန်မပါ မဏ္ဏိုင်ဉီးခမ်းရဲ့ အိမ်က အိမ်အကူ ဝတ်ရည်သန့်ပါ"

"အော်........ ဝတ်ရည်သန့် ပြောပါအုံး ဘယ်လိုလဲ ငါနဲ့ပူးပေါင်းဖို့ သဘောတူလား"

"ဟုတ်......တူပါတယ် ဒါပေမယ့် ကျွန်မတစ်ခုလောက်တောင်းဆို ချင်ပါတယ်"

"ငါသိတယ် မင်း ဟိုတောသူမနဲ့ မဏ္ဏိုင် ဘယ်လိုပတ်သက်လဲ ဆိုတာကိုသာ ရအောင်စုံစမ်းပေး မင်းလိုချင်တဲ့ဟာကို ငါချက်ချင်းပို့ပေးလိုက်မယ် တစ်ကယ်လို့ မင်းငါ့ကို မယံုဘူးဆိုရင် ငါစရံအဖြစ် သုံးသိန်း အရင်လာပေးမယ် အဲ့ဒါဆို ဘယ်လိုလဲ"

"ဟို........ ဟို......... ကျွန်မတောင်းဆိုမဲ့ဟာက ပိုက်ဆံတွေ မဟုတ်ပါဘူး"

"အဲ့ဒါဆိုဘာလဲ"

"ကျွန်မတောင်းဆိုမဲ့ဟာက သခင်လေးကို ဘာမှမလုပ်ပါနဲ့ ကျွန်မဒါဘဲ တောင်းဆိုတာပါ ပိုက်ဆံလဲမလိုပါဘူး "

"အဟွန်း......... လက်စသတ်တော့ မင်းက မဏ္ဏိုင်ကို တစ်ဖက်သတ်ချစ်နေတာထင်တယ်"

"ရှင်........."

"ကဲ ထားလိုက်ပါ မင်းငါပြောတဲ့ ကိစ္စကိုသာ ရအောင်စုံစမ်းပေး ဒါဆိုရင် မင်းရဲ့ သခင်လေး ဘာမှမဖြစ်စေရဘူး ငါတို့ရဲ့ ဉီးတည်ချက်က မဏ္ဏိုင်ရဲ့ဘေးမှာ ကပ်နေတဲ့ ဟိုတောသူမကို ဖယ်ဖို့ဘဲ ကြားလား"

"ဟုတ်........ "

"ဒါဆိုရင် ငါဖုန်းချတော့မယ် "

"ဟုတ်........"

ဒီလိုနဲ့ ဧကရီဇန် ဖုန်းချလိုက်သည်။ ဒီနေ့က မဏ္ဏိုင်ရဲ့ မွေးနေ့ဖြစ်သဖြင့် သူ သူ့အမေနှင့်ဘုရား သွားမည်ကိုသိသည်။ ဒါကြောင့် ဧကရီဇန် ပြင်ဆင်ပြီး လိုက်သွားဖို့လုပ်နေသည်။

""""""""""""""""""""""""""""""""""""""""""""""

ခန့်ညားစွာဖြင့် ကားမောင်းနေသော မဏ္ဏိုင်အား အရိပ်ခိုးခိုးကြည့်နေသည်။ အရိပ်ခိုးကြည့်နေသည်ကို မဏ္ဏိုင် ရိပ်မိကာ

"အရိပ်လေး ကိုယ်ကအဲ့လောက်ထိချောတာလား"

"ရှင်......... ဘာလို့လဲ"



" အရိပ်လေးဘဲ ကိုယ့်ကို ခဏခဏခိုးခိုးကြည့်နေတာလေ "

"ရှင်......... အဲ့ဒါက ......... အရိပ်ခိုးကြည့်နေတာမဟုတ်ပါဘူး ကျောင်းက အရိပ်သူငယ်ချင်းတွေကပြောတယ် ဉီးခမ်းက အရိပ်ရဲ့ အဖေလားတဲ့ အဲ့ဒါကြောင့် ဉီးခမ်းနဲ့အရိပ် ရုပ်တူလား ကြည်နေတာပါ"

တစ်ကယ်တော့ ကျောင်းကလူတွေက သူတို့နှစ်ယောက်ကို ဘာမှမပြောပေ။ ဒါပေမယ့် ဉီးခမ်းရဲ့ ချောမောမှုကိုတော့ မိန်းကလေး အများစုပြောကြပေ။

"ဘာ........ တစ်ကယ်ဘဲ အဲ့လိုပြော​ြကတာလား"

"ဟုတ်တယ် ဉီးခမ်းရဲ့"

"ကိုယ်တို့နှစ်ယောက်က သားအဖနဲ့တူလို့လား........ တူမဲ့တူ အတွဲလောက်တော့ လုပ်​ြကတာမဟုတ်ဘူး"

"ဘာပြောလိုက်တယ် ဉီးခမ်း"
အရိပ် မဏ္ဏိုင်ရဲ့ စကားကြောင့် မျက်လုံးလေးပြူးကာ လန့်သွားရသည်။

"အော်....... ကိုယ်ကစတာပါ အရိပ်​လေးရဲ့ ဒါပေမယ့် ကိုယ်ပြောတာလဲ မှန်တာဘဲ မဟုတ်လား ကိုယ်တို့နှစ်ယောက်က သားအဖနဲ့မတူပါဘူး တစ်ကယ်တော့အတွဲတွေနဲ့တူတာဘဲလေ မဟုတ်လို့လား"

"မတူပါဘူး ဉီးခမ်းနော် အရိပ်ကို ဘာလို့ ဒီလိုတွေပြောနေတာလဲ "
သးမလေး ရှက်သွားကာ ခေါင်းလေးငုံ့ကာ ပြောလိုက်သည်။

"စတာစတာ စိတ်မစိုးနဲ့နော်"

"မစိုးပါဘူး အရိပ်မှာ ဉီးခမ်းကိုစိတ်စိုး ပိုင်ခွင့်မရှိပါဘူး"

"စိတ်စိုးပိုင်ခွင့်လဲရှိသလို.......... ချစ်ပိုင်ခွင့်လဲရှိပါတယ်"

မဏ္ဏိုင် အသံတိုးတိုးဖြင့်သာပြောလိုက်သဖြင့် အရိပ်သိပ်မကြားလိုက်ပေ။

"ဘာပြောလိုက်တာလဲဟင်...... ဉီးခမ်း"

"ဘာမှမဟုတ်ပါဘူး "

ဒီလိုနဲ့ မဏ္ဏိုင်အမေ အိမ်ရှိရာရောက်လာခဲ့သည်။

"သားနဲ့သမီး ရောက်လာပြီလား လာလာ အိမ်ထဲဝင်ကြအုံး"

"မဝင်ပါနဲ့တော့အမေရယ်"

"ဘာလို့လဲသားရဲ့"

"ဘုရားသွားတာ နောက်ကျနေလိမ့်မယ် အမေရဲ့"

"ဟုတ်ပါပြီ ကဲ လာသွားစို့"

အရိပ် အလိုက်သိစွာဖြင့် မဏ္ဏိုင်အမေအား ရှေ့ခန်းက ကားတံခါးအား ဖွင့်ပေးလိုက်သည်။

"အမေက ကားနောက်ခန်းမှာထိုင်မှာ သမီးရဲ့"
ဆိုကာ ကားနောက်ခန်းသို့ တက်သွားသည်။

"ရှင်......."
အရိပ် အမေဟူသော နာမ်စားနှင့် သမီးဟု သုံးလိုက်သော ဒေါ်သက်ထားခင် ကြောင့် အရိပ် အနည်းငယ် အံဩမိသွားသည်။

"သမီး ဘာလုပ်နေတာလဲ တက်လေ"

"ရှင်....... အော်....... ဟုတ်......."
သူမ ကားရှေ့ခန်း မဏ္ဏိုင်ရဲ့ဘေးတွင် ထိုင်လိုက်သည်။ ဒေါ်သက်ထားခင်ကတော့ သူ့သားနှင့် အရိပ်ကို ကြည့်နေသည်။

"အမေ ကျွန်တော်တို့ နှစ်ယောက်ကို ဘာတွေကြည့်နေတာလဲ"

"သားနဲ့သမီးက မသိတဲ့လူတွေဆို လင်မယားတွေချစ်သူတွေလို့တောင်ထင်နိုင်တယ် သိလား"

"ရှင်"

"ဗျာ"

"ဟုတ်တယ်လေ သားရဲ့ တစ်ယောက်နဲ့တစ်ယောက် ပြန်ကြည့်လိုက်ကြအုံး ဝတ်ထားတာတွေ ကအရောင်အတူတူနဲ့"

"ဗျာ"
မဏ္ဏိုင် အရောင် အတူတူဖြစ်အောင်တစ်မင် လုပ်ထားတာကို သူ့ရဲ့အမေက လိုက်ဖော်နေသဖြင့် သူရှက်သွားသည်။ အရိပ်လဲရှက်ကာ ခေါင်းလေးငုံ့ထားသည်။

"ဘာတွေရှောက်ပြောနေတာတုန်း အမေရဲ့ ဒီမှာ အရိပ်လေးပါတယ်နော်"

"အမေက စတာပါ"

"ကျွန်တော်က ဘာမှမဖြစ်ဘူး အရိပ်လေးက ရှက်နေမှာပေါ့"

"အမလေး အရိပ်လေးက အမေစတာကို သိပါတယ် မင်းဘဲစတာမှန်းမသိဘဲ ရှက်ပြီး ခေါင်းကုတ်ရမှန်းမသိ ဖင်ကုတ်ရမှန်းမသိနဲ့"

"ဟာ....... အမေကတော့ တော်ပြီတော်ပြီ ကျွန်တော်ဆက်မပြောတော့ဘူ"

"မပြောလဲနေပေါ့"

အရိပ်ကတော့ ပြုံးလျက်သာလေး ထိုင်နေသည်။
ဒီလိုနဲ့ သုံးယောက်သား ဘုရားသို့ လာခဲ့ကြသည်။ ဘုရားသို့ရောက်တော့

"သား မင်းတို့နှစ်ယောက် သွားနှင့် ဘိုက်ကြအုံး အမေဒီနားမှာ ပုတီးစိပ်ရင်း တရားထိုင်အုံးမယ် နောက်တစ်နာရီမှလာခေါ်လိုက် ကြားလား"

"ဟုတ်....... ဒါဆိုကျွန်တော်တို့သွားပြီနော်"

"အေးအေး "
ဒီလိုနဲ့ ဒေါ်သက်ထားခင် ဘုရားတစ်ဆူရှေ့တွင် ပုတီးစိပ်ရင်း တရားထိုင်နေသည်။ မဏ္ဏိုင်နှင့် အရိပ်ကတော့ လျှောက်ပတ်ကြည့်နေကြသည်။

ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။ 🙏🏻🙏🏻


rate now: