ရှင်ကြီးချစ်တဲ့ကျွန်မ"
"လရိပ်မေ"
ထက်မြတ်ထွန်း အရိပ်တို့ရှိရာ အခန်းစီလာခဲ့ပြီး လရိပ်မေအားခေါ်လိုက်သည်။
"ရှင်...... "
"ဒီမှာ........ မင်းဟိန်းထက် စာအုပ်မေ့ကျန်ခဲ့လို့ အဲ့ဒါသူ ပန်းရုံနားမှာ စောင့်နေမယ်တဲ့ လရိပ်မေကို လာပေးခိုင်းလိုက်တဲ့"
"ဟုတ်ကဲ့ ဆရာ လရိပ်အခုသွားပေးလိုက်ပါမယ်"
"အေးအေး........ ဒါဆိုဆရာသွားပြီ"
"ဟုတ်......"
ဒီလိုနဲ့ ထက်မြတ်ထွန်း အခန်းထဲမှ ထွက်သွားသည်။
"မြရိပ် ငါစာအုပ် သွားပေးမှာ လိုက်ခဲ့ပေးပါနော်"
"နင်စာအုပ်သွားပေးမဲ့ နေရာကဘယ်နားမှာလဲဟင်"
"ဟိုဘက်အဆောင်"
"ဟိုဘက်အဆောင်ဆိုရင် ငါမလိုက်ဘူးနော်"
အရိပ် ယောကျာ်းလေးအဆောင်ဘက် သွားရမည်ဆို၍ လရိပ်မေ၏ စကားမဆုံးခင် အရိပ်အရင်ငြင်းလိုက်သည်။
"နင်ကလဲ ငါပြောမယ့်စကားကို ပြီးအောင်နားထောင်ပါအုံး"
"အေးပါ...... နားထောင်ပါ့မယ် ဒါပေမယ့် ယောကျာ်းလေးအဆောင်ဘက်ဆိုရင်တော့ ငါမလိုက်ဘူးနော်"
"သိပါတယ် ငါပြောမှာက ယောကျာ်းလေး အဆောင်မရောက်ခင် ပန်းရုံဘက်မှာလို့ ပြောမလို့ဟာ"
"အော်....... ဒါဆိုရင်သွားရအောင်လေ ခဏနေရင် ကျောင်းတက်တော့မှာ"
"အင်း........"
ဒီလိုနဲ့ သူတို့နှစ်ယောက် ပန်းရုံရှိရာဘက်သို့ ထွက်လာခဲ့ကြသည်။
"နင်သိလား မြရိပ်"
"ဘာကိုလဲ"
"အခုငါ စာအုပ်သွားပေးမဲ့ လူကိုလေ"
"ဘယ်သိမလဲ ငါအခုမှ ဒီကျောင်းရောက်တာကို"
"အေးပါ...... နင်မသိသေးဘူးဆိုရင် ငါပြောပြမယ် သူက ဆရာထက်မြတ်ထွန်းရဲ့ ညီလေ ပြီးတော့ဒီကျောင်းရဲ့ kingလို့လဲ ပြောရမှာပေါ့ ပြီးတော့ သူတွဲတဲ့ မိန်းကလေးတွေကလဲ တစ်ကယ့် အချောတွေဘဲ ငါတို့ကျောင်းက မိန်းကလေးတော်တော်များများဆို သူနဲ့တွေ့ချင်လွန်းလို့ ဒီဘက်အဆောင်ကို ခဏခဏလာချောင်းကြတာ ပြီးတော့ သူ့ကိုကြိုက်နေတဲ့ မိန်းကလေးတွေကလဲ အပုံကြီးဘဲ "
"အဲ့ထဲမှာလဲ လရိပ်မေ ဆိုတဲ့မိန်းကလေးပါနေတယ်မလား "
"ဟင်......... နင်ကငါသူ့ကို ကြိုက်နေပါတယ်လို့ နင်ဘယ်လိုသိတာလဲ မြရိပ်"
"ပြောနေတဲ့ပုံစံက မရိပ်မိဘူးဆိုတော့"
"နင့်လို အခုမှ ကျောင်းစတက်တဲ့လူတောင် ငါ့မင်းဟိန်းထက်ကို ကြိုက်နေမှန်းသိတယ် အဲ့ခွေးကောင် မင်းဟိန်းထက်ကတော့ ငါနဲ့ ငယ်ငယ်ကတည်းကပေါင်းလာပြီ သူ့ကိုကြိတ်ကြိုက်နေခဲ့တာတောင်သူမရိပ်မိဘူး"
"ဟူး...... အဲ့လိုမရိပ်မိတာလဲ ကောင်းပါတယ် ငါသာသူ့ကို ကြိုက်နေတဲ့အကြောင်းသာ အခန်းထဲက မိန်းကလေး တွေသိသွားရင် ငါ့ကိုအရင်ကထက်မုန်းသွားကြမလား မသိဘူး"
"ဟင်........ ဘာလို့လဲ လရိပ် "
"ဘာလို့လဲဆိုတော့ ငါနဲ့သူနဲ့က အရမ်းခင်ကြတာလေ အဲ့တော့သူတစ်ခုခုလိုတာရှိရင် ငါကဘဲ လုပ်ပေးခဲ့ရတာလေ အဲ့တော့ တစ်ချို့မိန်းကလေးတွေက ငါ့ကိုသူနဲ့အရမ်း ရင်းရင်းနှီးနှီး နေလို့ ကြည်မရကြဘူး အဲ့တာကြောင့်မို့ "
"အော်......."
ဒီလိုနဲ့ ပန်းရုံရှိရာ ရောက်လာခဲ့သည်။
"ဟိတ်........ မင်းထက်"
"ဘယ်မှာလဲ ငါ့ရဲ့စာအုပ် "
"ကျေးဇူးဘဲ"
"ရပါတယ်"
မင်းထက် လရိပ်မေ အနောက်က ကောင်မေလးအား စူးစိုက်ကြည့်နေသည်။
"ဒါနဲ့ သူက"
ထက်မြတ် မျက်လုံးလေး ပင့်ကာမေးလိုက်သည်။
"အော်........ သူကငါ့ရဲ့ သူငယ်ချင်းအသစ်လေ နာမည်က မြရိပ်အလင်္ကာ တဲ့"
"အော်......... ဟိတ် ငါ့နာမည်က မင်းဟိန်းထက်နော် မှတ်ထားကြားလား အရိပ်လေး"
"အောင်မှာဉီးခမ်း တစ်ယောက်ဘဲ ခေါ်တဲ့နာမည်ကိုများ လာခေါ်ရတယ်လို့ ........"
"ဒီမှာ အရိပ်လေး ဆိုပြီး လာမခေါ်ပါနဲ့ အဲ့နာမည်က လူတစ်ယောက်ဘဲ ခေါ်လို့ရတာမို့လို့ နောက်ဆိုမခေါ်ပါနဲ့"
"အရိပ်လေးဆိုပြီး ဘယ်သူဘဲခေါ်ခွင့်ရှိတာလဲ"
"ဒီနာမည်က ဉီးခမ်း ဘဲခေါ်တာ အဲ့ဒါကြောင့်မို့ နောက်ဆိုလာမခေါ်ပါနဲ့ "
"အဟွန်း........"
သူမ မင်းထက်အား စိတ်စိုးသလိုနှင့် အော်ပြောလိုက်ပေမယ့် မင်းထက်ကတော့ သွားတက်လေးပေါ်အောင် ရီပစ်လိုက်သည်။
"ငါအရင် သွားပြီ လရိပ် "
အရိပ် စိတ်တိုကာထိုနေရာမှ အရင်ထွက်သွားလိုက်သည်။
"ဟဲ့ နေအုံးလေ ဟာ........ မင်းထက် နင်ကတော့ မိန်းကလေးတွေ တွေ့ရင် မနေနိုင် တဲ့ရောဂါများ ရှိနေတော့တာလားမသိဘူး"
ဆိုကာ လရိပ်ပြောလိုက်ပြီး အရိပ်နောက်မှ လိုက်သွားသည်။ မင်းထက်ကတော့ ပြုံးလျက်သား ကျန်ခဲ့သည်။
"ဘယ်လို မိန်းကလေးပါလိမ့် ဘယ်သူမှ မအော်ဖူးတဲ့ ငါ့ကိုများ လာအော်သွားရတယ်လို့ အဟွန်း......... စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ........ ဒါနဲ့ မင်းခဏကပြောလိုက်တဲ့ ဉီးခမ်းဆိုတာကြီးက ဘယ်သူပါလိမ့် "
မင်းထက်ကတော့ အတွေးတွေနှင့် တစ်ေယာက်ထဲ ကျန်ခဲ့သည်။ သေချာတာကတော့ သူမလေးကို သူအရမ်းချစ်မိသွားသည်။ သူမိန်းကလေးအများကြီးနှင့် တွဲဖူးပေမယ့် တစ်ခါမှ အခုလိုရင်မခုန်ခဲ့ဖူးပေ။ ဒါပေမယ့် သူမနဲ့တွေ့မှ သူ့ရင်ထဲ အမည်မသိတဲ့ ခံစားချက်တစ်ခု သူရဲ့ဘယ်ဘက် ရင်ထဲတွင်ဖြတ်သန်းသွားသည်။ ဒါပေမယ့် သူမသိသေးတာက မြရိပ်အလင်္ကာ ဆိုတာ သူ့အစ်ကိုရဲ့ အချစ်ဆုံးသူငယ်ရဲ့ တန်းဖိုးထားသိပ်ချစ်ရတဲ့သူ တစ်ဉီးဆိုတာပင်။
ဒီလိုနဲ့ ညနေကျောင်းဆင်းချိန် ရောက်လာခဲ့သည်။
"သွားရအောင် မြရိပ်"
"အင်း........."
ဒီလိုနဲ့ သူတို့နှစ်ယောက် အတူတူ ကျောင်းပေါက်ဝသို့ ထွက်လာခဲ့ကြချိန် အနောက်မှ လိုက်ပါလာသူက။
"ဟိတ် ခဏနေအုံးလေ"
"ဟင်........."
လရိပ်ကော အရိပ်ပါ အသံလာရာ အနောက်သို့ လှည့်ကြည့်လိုက်ကြသည်။
"ဟင်........ မင်းထက် ဘာလာလုပ်တာလဲ ဒါမိန်းကလေးအဆောင် ထွက်ပေါက်နော်"
"သိပါတယ် ငါသူနဲ့တွေ့ချင်လို့"
ဆိုကာ မင်းထက် အရိပ်အား လက်ညိုးထိုးပြလိုက်သည်။
"လရိပ်မေ နင့်ကို ဟိုမှာလာကြိုနေပြီ သွားတော့လေ "
လရိပ် အပေါက်ဝနားသို့ တစ်ချက်ကြည့်လိုက်သည်။
"ဟုတ်သားဘဲ ဒါဆို ငါအရင်သွားပြီနော် မြရိပ် "
"ဟင်........ နေအုံးလေ ငါနဲ့အတူတူသွားမယ်လေ"
သူမ လရိပ်မေ အားပြောနေပေမဲ့ လရိပ်မေကတော့ တစ်ချက်မှ လှည့်မကြည့်ဘဲ ထွက်သွားသည်။
"ဟိတ်........ အရိပ် ကိုယ်ပြောစရာလေးရှိလို့"
"ဘာပြောမှာလဲ အမြန်ပြော"
"ဟိုဟာ........ ကိုယ်မနက်က ကိစ္စအတွက်တောင်းပန်ပါတယ်နော် "
"မလိုပါဘူး"
သူမ ထက်မြတ်အား မကြည့်ဘဲ ကျောင်းဂိတ်ပေါက်ဝနားတွင် မဏ္ဏိုင်များရှိနေမလားဟုတွေးကာ အပေါက်ဝသို့သာ ကြည့်နေသည်။
"ဘယ်တွေ ကြည့်နေတာလဲ ပြောနေတဲ့လူက ဒီမှာလေ"
ဆိုကာ မင်းထက် သူမပုခုံးလေးနှစ်ကို ကိုင်လိုက်ပြီး သူ့ဘက်လှည့်ခိုင်းလိုက်သည်။
"ဖယ်........ ဖယ်စမ်းပါ ဘာလုပ်တာလဲ"
သူမအလန့်တကြားအော် လိုက်သည်မို့ ဘေးနားမှ ကျောင်းသူများ သူတို့အားလှည့်ကြည့်သွားကြသည်။
"မင်းမှကိုယ်ပြောနေတာမှ နားမထောင်တာ"
"နားထောင်နေတာလေ မမြင်ဘူးလား ကျစ်......."
သူမစိတ်အရမ်းတိုကာ ကျစ်တစ်ချက် သက်လိုက်ပြီး မင်းထက်အား မျက်စောင်းထိုးလိုက်သည်။
"အဟွန်း........"
"ရီမနေနဲ့ အခုချက်ချင်း ပခုံးပေါ်က နင့်လက်ကို အမြန်လွှတ်ပေး "
"မလွှတ်ပါဘူး"
"မလွှတ်ဘူးပေါ့ ကဲဟာ..... ခွပ်........"
"ဟင်........ ဉီးခမ်း........"
မဏ္ဏိုင် အရိပ်နားရောက်လာပြီး အရိပ်အား နှောင့်ရှက်နေသည့် မင်းထက်အား တစ်ချက်ထိုးလိုက်သည်။ မင်းထက် မဏ္ဏိုင်ရဲ့ လက်သီး ကြောင့်အနောက်ဘက်သို့ ယိုင်လဲကျသွားသည်။ ထိုအချိန် ဘေးနားမှာ ရုတ်ရုတ်သဲသဲဖြစ်သွားရသည်။
"ဟိတ်သွား ဆရာထက်မြတ်ထွန်း ကိုသွားခေါ်ကြစမ်း"
ဆရာမတစ်ယောက်ရဲ့ အပြောကြောင့် ကျောင်းသူနှစ်ဉီး ဆရာထက်မြတ်ထွန်းရှိရာသို့ လာခဲ့ကြသည်။
"ဆရာ ဆရာ"
"ဘာကိစ္စရှိလို့လဲ "
"ဆရာ့ရဲ့ညီလေး မင်းဟိန်းထက် မိန်းကလေးအဆောင် ဂိတ်ပေါက်ဝရှေ့မှာ ရန်ဖြစ်နေလို့"
"ဘာ........"
ထက်မြတ်ထွန်း လန့်သွားပြီး သူ့ရဲ့ညီရှိရာ အပေါက်ဝဆီသို့ အပြေးလာခဲ့သည်။ ဟိုရောက်တော့ မင်းထက် မဏ္ဏိုင်အားထိုးဖို့ရွယ်နေချိန်
"မင်းထက် မင်းအခုချက်ချင်း ရပ်လိုက်စမ်း"
ထက်မြတ်၏ အသံစူးစူးကြောင့် မင်းထက် မဏ္ဏိုင်အား ထိုးဖို့ ရွယ်နေတဲ့ လက်သူ့အလိုလို ရှုတ်သိမ်းသွားသည်။
"မင်းထက် မင်းဒါဘာလုပ်တာလဲ"
မင်းထက် ဘာမှပြန်မပြောဘဲ ရိပ်နေသည်။
"ဒီက အစ်ကို ကျွန်တော် တောင်းပန်ပါတယ် "
ထက်မြတ် မဏ္ဏိုင်အား မကြည့်ဘဲ ခေါင်းလေးငုံ့ကာ တောင်းပန်နေသည်။