"ရှင်ကြီးချစ်တဲ့ကျွန်မ"
ခဏတာ ကားမောင်းလာပြီး ပညာစံရိပ်ကိုယ်ပိုင်အထက်တန်းကျောင်း ရှိရာရောက်လာသည်။
"ရောက် ပြီ အရိပ်လေး ဆင်းတော့"
"ဟုတ်......."
မဏ္ဏိုင် ကားတံခါး ဖွင့်ပေးလိုက်ပြီး အရိပ်ကားပေါ်မှ ဆင်းလာခဲ့သည်။
"ဉီးဘသက်ဒီမှာခဏစောင့်နေအုံးနော်ကျွန်တော် အရိပ်လေးကို အခန်းထဲထိ လိုက်ပို့လိုက်အုံးမယ်"
"ဟုတ်ကဲ့ပါ သခင်လေး"
"အော်....... ဒါနဲ့ ကျွန်တော် ကြာအုံးမှာနော် ကျွန်တော့်သူငယ်ချင်းနဲ့ စကားပြောအုံးမှာ မို့လို့"
"ဟုတ်ရပါတယ် သခင်လေး "
ဒီလိုနဲ့ မဏ္ဏိုင်နဲ့ အရိပ် ေကျာင်းထဲသို့ ဝင်လာကြသည်။
"ဝိုး...... ချောလိုက်တာ "
"ဟိတ်...... ဟိုမှာကြည့်ကြစမ်း ငါ့ရဲ့ ဉီး လာနေပြီ"
"ဘယ်ကငါ့ရဲ့ ဉီးလဲ အဲ့တာ ငါ့ရဲ့ sugar daddy ဟဲ့"
သူတို့ကျောင်းထဲဝင်လိုက်ချင်း မိန်းကလေးတွေရဲ့ တစ်ယောက်တစ်ပေါက် အမျိုးမျိုး ပြောနေသည်ကို မဏ္ဏိုင်ကြားလိုက်သည်။
"ကျစ်....... ဘယ်လို မိန်းကလေးတွေလဲ မသိဘူး "
"ဉီးခမ်းက မိန်းကလေးတွေ ပြောရင်လဲပြောချင်စရာဘဲလေ"
"ဘာလို့လဲ"
"ဘာလို့လဲဆိုတော့ဉီးခမ်းက မင်းသားတွေ အရှုံးပေးရအောင် ေချာနေတာကြီးကို"
"အဟက်........ တစ်ကယ်ကြီးလား "
"တစ်ကယ်ပေါ့..... ပြီးတော့ ခဏကမိန်းကလေးတွေပြောတာ ဘာတဲ့ ဉီးခမ်းက ငါ့ရဲ့ ဉီးတဲ့ ပြီးတော့ရှိသေးတယ် ငါ့ရဲ့ sugar daddy ကြီးတဲ့ ဟီးဟီး...... တော်တော်ပြောတက်ကြတာဘဲ"
အရိပ် စသလိုနှင့် မဏ္ဏိုင်အား ပြောနေသည်။
"ဟာ........ အရိပ်ေလးကလဲ ဘာတွေပြောနေတာလဲ "
"အမယ်....... ယောကျာ်းလေးဖြစ်ပြီး လာရှက်နေသေးတယ်........ ရှက်မနေပါနဲ့ အမှန်တော့ ဉီးခမ်းက သူတို့ရဲ့ ဉီးလဲမဟုတ်ဘူး ပြီးတော့ သူတို့ရဲ့ sugar daddy ကြီးလဲ မဟုတ်ဘူး"
"အဲ့ဒါဆို ဘာလဲ"
"ဉီးခမ်းက ဒီကအရိပ်ရဲ့ဉီးခမ်း သိလား"
"အဟွန်း....... ဟုတ်ပါပြီ ဒါနဲ့ အရိပ်ေလးကကော ဘယ်သူ့ရဲ့အရိပ်ေလးလဲ"
"အရိပ်က....... ဒီက ဉီးခမ်းရဲ့ အရိပ်ထင်တယ်"
သူမ မဏ္ဍိုင် ရဲ့ခန္ဓာကိုယ် အရိပ်ကို လက်ညိုးထိုးပြကာ ပြောလိုက်သည်။
"ဟာ....... အရိပ်လေး ဉီးခမ်းကို လူလည်ကြတာဘဲ"
"အဲ့လို လူလည်ကျလို့ မရဘူးပေါ့"
"တစ်သက်လုံး ရတယ်"
"တစ်သက်လုံး လို့ပြောကအောင် အရိပ်က ဉီးခမ်းနားမှာ တစ်သက်လုံး နေမယ်လို့ ပြောလို့လား"
အရိပ် စသလိုနှင့်မဏ္ဏိုင်အား ပြောလိုက်ချိန် မဏ္ဏိုင် မျက်နှာလေး ညိုးသွားသည်။ ထိုအချိန်မှ
"ဉီးခမ်း....... အရိပ်က စတာပါနော် စိတ်မစိုးပါနဲ့နော် "
"ကိုယ် စိတ်မစိုးပါဘူး အရိပ်လေးရဲ့ ဒါပေမယ့် ကိုယ့်ကို အဲ့လိုကြီးတော့ မစပါနဲ့နော် "
"ဟုတ်ပါပြီ ဉီးခမ်းသာ မကြိုက်ဘူးဆိုရင် အရိပ်နောက်တစ်ခါ မလုပ်ဘူး ဟုတ်ပြီလား"
"အင်း........"
"ဒါနဲ့ အခု ဘယ်သွားနေတာလဲဟင်"
"ကိုယ့် သူငယ်ချင်းဆီ အရင်သွားမလို့ ေလ"
"အော်......."
ဒီလိုနဲ့ သူတို့လက်လျှောက်လာခဲ့ရင်း မဏ္ဏိုင်ရဲ့ သူငယ်ချင်းထက်မြတ်ထွန်းရှိရာအခန်းသို့ ရောက်လာခဲ့သည်။
"ဟိတ် ငထွန်း"
"ဟာ....... မင်းတော့ နာချင်တော့တာ ထင်တယ် ဘာခမ်း"
"မင်းလဲ နာချင်တာနဲ့တူတယ်"
"ကဲပါ မင်းလာရင်း ကိစ္စ "
"ဒီမှာ အရိပ်လေးကို ကျောင်းလာပို့တာလေ"
"အော်........ ဒါဆိုလဲ သွားစို့လေ ကျောင်းတက်တော့မယ်"
"အင်း......."
ဒီလိုနဲ့ သူတို့သုံးယောက် အခန်းရှိရာ လျှောက်လာခဲ့ကြသည်။
"မင်္ဂလာပါ ဆရာ"
"မင်္ဂလာပါကွယ် "
လျှောက်လာတဲ့ လမ်းတစ်လျှောက် ထက်မြတ်ထွန်း အားကျောင်းသူအပေါင်း နှုတ်ဆက်နေကြသည်။ ပါးစပ်ကသာ ထက်မြတ်ထွန်း ကိုနှုတ်ဆက်နေပေမယ့် မျက်လုံးတွေကတော့ မဏ္ဏိုင်ထံသာ ရောက်နေကြသည်။
"ဟိတ်ကောင် ငထွန်း "
"ဘာလဲ"
"မင်းတို့ ကျောင်းကမိန်းကလေးတွေ တစ်ကယ်ကို မလွယ်တာဘဲ"
"ဘာလို့လဲ"
"ဘာလို့လဲဆိုတော့........"
မဏ္ဏိုင် ကျောင်းထဲ စစဝင်တုန်းက ဉီးတွေ sugar daddy တွေပြောခဲ့တာကို ထက်မြတ်အား ပြောချင်ပေမယ့် ထက်မြတ်လှောင်မှာကို စိုးရိမ်သဖြင့် ဘာမှ မပြောဘဲ နေနေသည်။
"ဟိတ်ကောင်....... ဘာလို့လဲလို့"
"ဒီလို ဆရာရဲ့ ကျောင်းထဲဝင်ဝင်လာချင်း မိန်းကလေးတစ်ချို့ကလေ ဉီးခမ်းကို ဉီးတဲ့ "
"ဟားဟား........ "
ထက်မြတ်ထွန်း အားရပါးရ ရီပစ်လိုက်သည်။
"ပြီးတော့ရှိသေးတယ် sugar daddy တဲ့ ခိခိ......"
"ဟားဟား......... ဟုတ်လား မဏ္ဏိုင်"
"အင်း......."
"ဟားဟား......... ငါတောင်အဲ့လို တစ်ခါမှ အခေါ်မခံဖူးဘူး မင်းကတော့ ငါ့ကျောင်းရောက်မှဘဲ စော်ကြည်ဘဲ ဖြစ်နေတယ်ပေါ့"
"မင့်ကျောင်းမရောက် ခင်ကတည်းက ငါကစော်ကြည်ပြီးသား"
"ဟုတ်ပါတယ်....... "
ဒီလိုနဲ့ အရိပ်စာသင်ရမဲ့ ၁၀တန်း အခန်းသို့ရောက်လာခဲ့သည်။
"ဟိတ်........ ထက်မြတ် ဒီမှာ ဘာလို့မိန်းကလေးတွေကြီးဘဲရှိနေတာလဲ"
"ဒါက မိန်းကလေးသီးသန့် သင်ပေးတာလေ ဟိုးဘက်က အဆောင်က ယောကျာ်းလေးကြီးဘဲ သက်သက် သင်ေပးတဲ့အဆောင်လေ"
"အော်........ ဒါနဲ့ သင်ပေးတဲ့ ဆရာတွေကကော ယောကျာ်း လေးဆရာတွေပါလား"
"ပါတယ် ငါဘဲလေ"
"မင်းကော စာသင်ပေးတယ်ပေါ့"
"ဒီလိုကြီးတော့ မသင်ပါဘူး တစ်ခါတစ်လေမှပါ"
"အော်.......အေးပါ"
ဒီလိုနဲ့ သူတို့ အခန်းထဲ ဝင်သွားကြသည်။ သူတို့လဲ အခန်းထဲရောက်ရော ကျောင်းလဲ တက်သွားသည်။ သူတို့ရဲ့ အတန်းပိုင် ဆရာမလဲ ကျောင်းတက်တာနှင့် အခန်းထဲ ချက်ချင်း ဝင်လာခဲ့သည်။
"အော်........ ဆရာထွန်းပါလား"
"ဟုတ်........ ကဲ နိုင်ငံတော် သီချင်းဆိုမှာမလား အားလုံးဆိုကြလေ.......... သမီးလဲ ဒီမှာဘဲ ရပ်ပြီးတစ်ခါတည်း ဆိုလိုက်နော်"
"ဟုတ်........"
ဒီလိုနဲ့ နိုင်ငံတော် သီချင်းဆိုပြီးသွားပြီ။
"ဆရာမ ကျွန်တော် ကိစ္စလေးရှိလို့ နည်းနည်းပြောမယ်နော်"
"ရပါတယ် ဆရာထွန်း"
"ကဲ....အားလုံးကို ဆရာပြောစရာရှိတယ်....... "
"ဟုတ်......."
"ဒီမှာ ဒါက ကျောင်းသူအသစ် ဒါနဲ့ သမီးနာမည်ကဘာတဲ့"
"မြရိပ်အလင်္ကာ ပါ"
"အော်...... ကျောင်းသူအသစ် ဒီသမီးလေးရဲ့ နာမည်က မြရိပ်အလင်္ကာတဲ့ အားလုံးမှတ်ထားကြနော် သူမ မသိတာလေးတွေရှိရင်လဲ လိုက်ပြပေးလိုက်ကြ ကြားလား အားလုံး"
"ဟုတ်........ "
"သွား....... သမီး ဘယ်မှာ ထိုင်ချင်လဲ"
"ဘယ်မှာဘဲ ဖြစ်ဖြစ် ရပါတယ်"
"ဟိုနားမှာ သွားထိုင်လိုက်နော် ဆရာတူမလေး လရိပ်မေ ခေါ်နေတယ်"
လရိပ်မေ ဆိုတာ ထက်မြတ်ရဲ့ တူမ အရင်းမဟုတ်ပေ။ ထက်မြတ် မိဘတွေရဲ့ မိတ်ဆွေ တစ်ဉီး၏ သမီးဖြစ်သည်။ နောက်ပြီး လရိပ်မေက ထက်မြတ်၏ မောင်လေး မင်းဟိန်းထက် ဆိုသူကို ကြိတ်ကြွေနေသူ တစ်ဉီးပင်။
"ဟုတ်......."
ဒီလိုနဲ့ သူမ လရိပ်မေဆိုသည့် ကောင်မလေး ဘေးနားသို့ သွားထိုင်လိုက်သည်။
"လာ ထိုင် ငါ့နာမည်က လရိပ်မေနော် ဒါနဲ့ မြရိပ်က တော်တော်ချစ်ဖို့ကောင်းတာဘဲနော်"
"ရှင်........ ဟုတ်........ ကျေးဇူးပါ"
လရိပ်မေဆိုသည့် ကောင်မလေးက အရိပ်အား ဖော်ဖော်ရွေရွေ ဆက်ဆံနေသည်ကို မဏ္ဏိုင် ကြည့်နေသည်။
"လာ သွားစို့ မဏ္ဏိုင် ဒီလောက်ဆို မင်းလဲအရိပ်ကို စိတ်ချလိုက်တော့ ပြီးတော့ ဆရာမလဲ စာသင်ရအုံးမယ်"
"အင်းပါ......."
မဏ္ဏိုင် သူမလေးရှိနေတဲ့ အခန်းထဲက ထွက်သွားရမည်ကို ကြောက်နေမိသည်။ ဖြစ်နိုင်ရင် မဏ္ဏိုင် ဒီကနေ သူမလေး စာသင်ပြီးတဲ့ အထိသာ ထိုင်စောင့်ချင်နေတော့သည်။ မဏ္ဏိုင် အခန်းထဲမှ မသွားခင် သူမလေးကို တစ်ချက်ကြည့်လိုက်သည်။
"တာ့တာ......."
အရိပ် မဏ္ဏိုင်အား ပါးချိုင့်လေး ခွက်ဝင်သွားအောင် ပြုံးပြလိုက်ပြီး တာ့တာပြလိုက်သည်။
"တာ့တာ........"
မဏ္ဏိုင်လဲ ပြုံးပြလိုက်ပြီးတာ့တာပြလိုက်သည်။
"လာပါတော့ကွာ ငါ့ကောင်ရ "
"အေးပါဟာ "
ဒီလိုနဲ့ သူတို့နှစ်ယောက် ထွက်လာခဲ့ကြပြီး ထက်မြတ်ထွန်း နေတဲ့အခန်းရှိရာ လာခဲ့ကြသည်။
"လာ ထိုင်အုံး........ ငါမင်းကို ပြောစရာရှိတယ် မဏ္ဏိုင်......"
"ပြော........"
"မင်း ဒီကောင်မလေးကို တော်တော်ဂရုစိုက်တာဘဲနော် မဟုတ်မှ မင်းသူ့ကို"
"ဟုတ်တယ် မင်းထင်သလိုဘဲ ငါသူမကို ချစ်နေမိပြီ"
"ဒါပေမယ့် မင်းတို့က အသက်တော်တော် ကွာတယ်နော်"
"အသက်ကွာတာထက် တစ်နေ့ကြရင် သူငါ့ကိုမုန်းသွားမှာ အရမ်းစိုးရိမ်မိတယ်ဟ"
"ဘာလဲဟ မင့်စကားကြီးက သူမက ဘာလို့မင့်ကို မုန်းရမှာလဲ"
"ဟူး........ မင်းမှတ်မိသေးလား င့ါကားနဲ့ တိုက်မိပြီး ဆုံးသွားတဲ့ လူလေ မှတ်မိလား ထက်မြတ် "
"မှတ်မိပြီး မှတ်မိပြီး ဒါနဲ့ အဲ့ဆုံးသွားတဲ့ လူနဲ့ မင်းရဲ့အရိပ် မုန်းသွားမှာနဲ့က ဘာဆိုင်လဲ"
"ဆိုင်တယ်ဟ ဘာလို့လဲဆိုတော့ ငါကားတိုက်လို့ ဆုံးသွားတဲ့ ဉီးမင်းရိပ်မောင် ဆိုတာ အရိပ်ရဲ့ အဖေဘဲ"
"ဘာ......"
မဏ္ဏိုင်ရဲ့ စကားကြောင့် ထက်မြတ် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
လွန်ခဲ့သော် နှစ်နှစ်ခန့်
""""""""""""""""""""""""""""""""""""""""""""""
တီ........
ဖုန်းသံကြောင့် မဏ္ဏိုင် ဖုန်းလေးအား ချက်ချင်းကိုင်လိုက်သည်။
"ဟယ်လို....."
"ဟယ်လို အန်ကယ်ပါ ဧကရီဇန် ရဲ့အဖေပါ"
"ေအာ်....... အန်ကယ် ပြောပါ ဘာကိစ္စရှိလို့လဲ "
"ဟိုဟာလေ........အန်ကယ် မောင်မဏ္ဏိုင်ကို ပြောရမှာတော့အားနာပါတယ်ကွယ်"
"ပြောသာပြောပါ အန်ကယ်"
"ဒီလို မဏ္ဏိုင်ရဲ့ ဧကရီဇန် ထိုင်နေကြ bar သိတယ်မလား"
"ဟုတ်သိပါတယ်"
"သူအဲ့မှာ မူးနေလို့တဲ့ မဏ္ဏိုင်ရဲ့ အဲ့ဒါ မောင်မဏ္ဏိုင် သွားခေါ်ပေးပါလား လို့အကူအညီတောင်းချင်လို့ပါ"
"ဟုတ်....... ကျွန်တော် အခုသွားခေါ်ခဲ့ပေးပါ့မယ်"
ဒီလိုနဲ့ မဏ္ဏိုင် ဧကရီဇန် ရှိတဲ့ bar သို့သွားလိုက်ပြီး ဧကရီဇန် အားသွားခေါ်လာခဲ့သည်။
"ကျစ်.......မိန်းကလေးဖြစ်ပြီး ဘယ်လိုတွေတောင် သောက်ထားတာလဲမသိဘူး စိတ်ညစ်ဖို့ကောင်းလိုက်တာ"
ဆိုကာ မဏ္ဏိုင် သူမကိုယ်ကို ပွေ့လိုက်ပြီး ကားနောက်ခန်းထဲ ထည့်လိုက်သည်။ ထို့နောက် သူက မောင်းသူနေရာမှာ ထိုင်နေလိုက်သည်။
"ဟင်....... မဏ္ဏိုင်လားဟင် ဟီး....... မဏ္ဏိုင်လာကြိုတယ်ပေါ့ ပျော်လိုက်တာ ဧကရီဇန် ရဲ့အချစ်လေး လာကြိုတယ်ပေါ့ "
သူမ မျက်လုံးမဖွင့်ဘဲ ပြောကာ မဏ္ဏိုင်ရဲ့ လည်ပင်းကို အနောက်မှ လာတတိုင်းဖက်လိုက်သည်။
"ဟာ....... ဖယ်စမ်း ဧကရီဇန် "
"မဖယ်ပါဘူး ဒီကရှင့်ကို သိပ်ချစ်တာ သိလား"
သူမပြောရင်း ကားစီယာတိုင်ကို ကိုင်လိုက်ပြီး မဏ္ဏိုင်ကိုနမ်းဖို့ လုပ်လိုက်သည်။
"ဟာ......ဖယ်လို့"
မဏ္ဏိုင် သူမရဲ့ အနမ်းတွေကို ရှောင်လိုက်ရင်း အရှေ့မှ ဆိုင်ကယ်စီးလာတဲ့ ဉီးလေးကြီးအား မမြင်ဘဲ ကားနှင့်တိုက်မိသွားသည်။
ဒုန်း....... ကျွီ........
"ဟာ.......သွားပြီ မင်း......မင်း...... ဘယ်လိုလုပ်လိုက်တာလဲ ဧကရီဇန် ဟိုမှာလူတိုက်မိသွားပြီ"
ထိုအချိန်မှ ဧကရီဇန် မျက်လုံးပြူးသွားကာ လန့်သွားသည်။ ဒီလိုနဲ့ သူတို့နှစ်ယောက် ကားပေါ်ကဆင်းပြီး ထိုလူကိုဆင်းပြီး သွားကြည့်ကြသည်။ ခေါင်းကနေ သွေးများစီးကြနေသည်။
"အသက်ရှိသေးရဲ့လား မသိဘူး"
ဧကရီဇန် မဏ္ဏိုင်အနောက်မှနေ၍ ပြောလိုက်သည်။ မဏ္ဏိုင် ထိုတိုက်မိသွားသော လူရဲ့အိတ်ထဲက မှတ်ပုံတင်ကတ်နှင့် ပုံတစ်ပုံ ထုတ်ကြည့်လိုက်သည်။
"နာမည်က ဉီးမင်းရိပ်မောင် တဲ့ပုံထဲက ကောင်မလေးကသူ့သမီးဘဲ ဖြစ်မယ် ထင်တယ်"
မဏ္ဏိုင် ပြောလိုက်ပြီး ဆေးရုံကားအား အမြန်ခေါ်လိုက်သည်။
"ဒီကိစ္စမှာ မင်းမှားတယ်ဆိုတာ မင်းသိမှာဘဲနော် ဧကရီဇန် "
"ကျွန်မတောင်းပန်ပါတယ်"
"တောက်...... မင်း......"
ဒီလိုနဲ့ ခဏကြာတော့ ဆေးရုံကားတွေ ထိလူအား ခေါ်သွားကြသည်။ ထိုလူလဲ ဆေးရုံရောက်တော့ သွေးထွက်လွန်ပြီး ဆုံးသွားသည်။
"တောက်....... ဘယ်လိုလုပ်ကြမှာလဲ"
"မဏ္ဏိုင်ရယ် အန်ကယ် ဒီကိစ္စအားလုံးကို တာဝန်ယူပါ့မယ် အဲ့ဒါကြောင့် အန်ကယ်သမီးကို စိတ်မစိုးပါနဲ့တော့နော်"
မဏ္ဏိုင်ကတော့ ထိုကိစ္စ ကိုလုံးဝမမေ့နိုင်ေပ ။သုံးလေးရက်လောက်ကြာတော့ ဧကရီဇံ အဖေကြောင့် ဒီကိစ္စ ကအားလုံးပြီးသွားပြီ။ ဒါပေမယ့်လဲ မဏ္ဏိုင်ကတော့ ကိုယ့်ကိုကိုယ်အပြစ်တင်လို့မဆုံးနိုင်ဖြစ်နေသည်။
""""""""""""""""""""""""""""""""""""""""""""""""
"ဟုတ်တယ် အဲ့ဒါကြောင့် အရိပ်သာ ဒီကိစ္စသိသွားရင် သူမငါ့ကို မုန်းသွားမှာသေချာတယ်"
"နေပါအုံး ဒီကားတိုက်မှုမှာ မင်းမှားတာမှ မဟုတ်တာ ဧကရီဇန် မှားတာလို့ ပြောပြီးပြီလေ"
"ဒါပေမယ့် မောင်းသူနေရာမှာ ငါထိုင်နေတာလေ"
"မောင်းသူနေရာမှာ မင်းဆိုပေမယ့် ဧကရီဇန် သာမင်းနား ပူးကပ်ပူးကပ်မလုပ်နေရင် ဘာမှ မဖြစ်ဘူးလေ"
"ဒါပေမယ့်လဲ.......... "
"ဒါပေမယ့်တွေ လုပ်မနေနဲ့ ကားတိုက်မှု ကိစ္စမှာ မင်းအမှားတစ်ခုမှ မပါဘူး အဲ့တာကြောင့်မို့ ကိုယ့်ကိုကိုယ် အပြစ်ရှိတယ် ထင်မနေနဲ့ ကြားလား သူငယ်ချင်း"
မဏ္ဏိုင် ဘာမှမပြောဘဲ ဒီတိုင်းသာ ငုတ်တုတ်ထိုင်နေသည်။
"လာထ မင်း ကမ္ပဏီ သွားရအုံးမှာမလား လာငါမင်းကို ကျောင်းဂိတ်ပေါက်ထိ လိုက်ပို့ပေးမယ် လာ......"
ဒီလိုနဲ့ မဏ္ဏိုင်လဲ စိတ်ညစ်ညစ်ဖြင့်သာ ကမ္ပဏီ သို့ ပြန်သွားလိုက်သည်။ ကမ္ပဏီ ရောက်တော့လဲ အလုပ်မလုပ်ချင်တာနှင့် စီးကရက် တစ်လိပ်ထုတ်ဖွာနေလိုက်သည်။
ဝါသနာအရရေးတာမို့အမှားပါရင်ခွင့်လွှတ်ပါရှင့်။ 🙏🏻🙏🏻