"ရှင်ကြီးချစ်တဲ့ကျွန်မ"
မနက်ခင်းနေရောင်ခြည် နှင့်အတူ အရိပ် အိပ်ရာပေါ်မှ ထလိုက်သည်။
"အား.....ကျွတ်......"
သူမ ဒဏ်ရာတွေက နာနေသေးသည်။
"ဟင်...... ဒီပတ်တီးတွေက ဘယ်သူစီးပေးထားတာပါလိမ့် "
သူမခဏငြိမ်နေလိုက်ပြီးစဉ်းစားနေသည်။
"ငါ....... မနေ့ညက ဉီးခမ်းကိုစောင့်ရင်းအိပ်ပျော်သွားတာဘဲ....... ဒါဆို ဉီးခမ်းက ငါ့ဒဏ်ရာတွေကိုပတ်တီးစီးပေးသွားတာ နေမယ်...... ဟင်...... ဒါဆိုဉီးခမ်းကငါ့ရဲ့ ဂါဝန်ကိုလှမ်ပြီးစီးပေးသွားတာပေါ့...... ရှက်စရာကောင်းလိုက်တာ"
သူမပြောနေတုန်း သူမအခန်းတံခါးခေါက်သံ ကြားလိုက်သည်။
"ဒေါက် ဒေါက်........ အရိပ်လေး နိုးပြီလား "
"ဟင်........ ဉီးခမ်းဘဲ"
သူမအိပ်ရာပေါ်မှ ထလိုက်ပြီး ခြေထောက်လျှောတိုက်ကာ တံခါးလာဖွင့်ပေးလိုက်သည်။
"ဉီးခမ်း....... ဘာကိစ္စရှိလို့လဲဟင်"
"ဘာကိစ္စ မှမရှိပါဘူး အရိပ်လေး နိုးပြီလားလို့ လာကြည့်တာ "
"အော်......."
"ဒါနဲ့ ခြေထောက်နာတာ သက်သာသွားပြီလား"
"ရှင်....... ဟုတ် နည်းနည်းတော့ သက်သာသွားပါပြီ"
"အင်း....... ဒါနဲ့မနေ့က အရိပ်လေး ကိုယ် ဆေးထည့်ပေးမှာကို မစောင့်ဘဲ ဘာလို့အိပ်ပျော်သွားတာလဲ"
"ရှင်....... ဟို........ အဲ့ဒါက"
"ကဲ ထားလိုက်ပါ တစ်ကယ်တော့ ကိုယ် အရိပ်လေးအခန်းထဲ ကိုလာတာ ကိစ္စရှိလို့ "
"ဟုတ်....... ဘာကိစ္စ ရှိလို့လဲ ပြောလေ"
"ကိုယ်က ဒီမှာ မတ်တပ်ရပ်ပြီး ပြောရမှာလား"
"ရှင်...... ေအာ်....... ဝင်လာခဲ့လေ"
ထိုအခါမှ အရိပ် မဏ္ဏိုင်အား အခန်းထဲ ဝင်ခိုင်းလိုက်သည်။ မဏ္ဏိုင် အိပ်ရာဘေးမှ ထိုင်ခုံတွင် ထိုင်လိုက်သည်။ အရိပ်ကတော့ အိပ်ရာပေါ်တွင် ထိုင်လိုက်သည်။
"ကိုယ်ပြောထားမယ်နော် ငုဝါဖူး ဆိုတဲ့ မိန်းမနဲ့ အကြောင်းမရှိဘဲ မပတ်သက်နဲ့နော်"
"ရှင်....... ဘာလို့လဲ"
"အရိပ်လေး အခုလို ဒဏ်ရာ ရတာဘာလို့လဲဆိုတာ ကိုယ်သိတယ်"
"ရှင်........"
"ဘာလို့ ကိုယ့်ကို လိမ်တာလဲ အရိပ်လေး အရိပ်လေး သရက်သီးစားချင်တာ မဟုတ်ဘဲ ဘာလို့ ငုဝါဖူးအတွက်နဲ့ ကိုယ်မတက်နိုင်တဲ့ သရက်ပင်ပေါ် ဘာလို့ သွားတက်ရတာလဲ"
"ရှင်....... ဟို........ ဟို....... အဲ့ဒါက"
"နောက်ဆို ဒီလိုမဖြစ်စေနဲ့နော် အရိပ်လေး ......... ဒီအိမ်မှာ ကိုယ်ကလွှဲပြီး ကျန်တဲ့လူ ခိုင်းတာမှန်သမျှ ဘာမှ လုပ်စရာမလိုဘူး ကြားလား"
"ဟုတ်........ ဒါနဲ့ဉီးခမ်း မမဖူးကော"
"ငုဝါဖူး လားအဲ့မိန်းမကို ကိုယ်အပြစ်ပေးထားတယ် "
"ရှင်........ ဘာအပြစ်ပေးလိုက်တာလဲဟင်...... "
အရိပ် မျက်လုံးလေး ပြူးကာ မေးလိုက်သည်။ မဏ္ဏိုင်ဖြေ ဖို့ပြင်လိုက်စဉ် အောက်ထပ်မှ အသံကျယ်ကျယ်ဖြင့် အော်လိုက်တဲ့ ဝတ်ရည်သန့်အသံ ကြောင့် မဏ္ဏိုင် အရိပ်အခန်းထဲမှ ထွက်လာပြီး အောက်ဆင်းလာသည်။ အရိပ်ကတော့ အခန်းထဲတွင် ကျန်ခဲ့သည်။
"သခင်လေး........ သခင်လေး......."
"ဘာဖြစ်ေနတာလဲ ဝတ်ရည်သန့်"
"ဟိုဟာ....... ခြံအနောက်က သရက်ပင်အောက်မှာ ငုဝါဖူး မေ့လဲနေလို့"
"အဲ့ဒါကို ငါကဘာလုပ်ရမှာလဲ"
"ရှင်........"
မဏ္ဏိုင်ရဲ့ အဖြေကြောင့် ဝတ်ရည်သန့် အနည်းငယ် အံဩသွားသည်။
"ဘယ်လိုလူပါလိမ့် သူအပြစ်ပေးလို့ မေ့လဲသွားတဲ့လူကို သူကဘာလုပ် ရမှာလဲတဲ့"ဝတ်ရည်သန့် ထုတ်မပြောရဲ သဖြင့် စိတ်ထဲမှသာပြောလိုက်သည်။
"ငါ ကိစ္စ ရှိသေးတယ် အဲ့ဒါကြောင့် အပေါ်တက်တော့မယ် မင်း ငုဝါဖူးကို ဆရာဝန်ခေါ်ပြချင်ရင် ပြလိုက် မခေါ်ပြချင်ရင်လဲ ဆေးရုံပို့လိုက် မင်းတို့ကြိုက်သလိုလုပ်လိုက်တော့ ငါသွားပြီ"
ဒီလိုနဲ့မဏ္ဏိုင်လဲ အပေါ်သို့ တက်သွားသည်။ ဝတ်ရည်သန့်ကတော့ ငုတ်တုတ်လေး မတ်တပ်ရပ်နေသည်။ ခဏကြာမှ ဝတ်ရည်သန့် ခြံနောက်ဘက်သို့ ပြေးလာခဲ့သည်။
"ကြီးသန်း........ ကြီးသန်း......."
"ဘာတဲ့လဲ သခင်လေးက"
"သခင်လေးက ငုဝါဖူးကို ဆရာဝန်ခေါ်ပြချင်ရင် ခေါ်ပြလိုက်တဲ့ ဒါမှမဟုတ် ဆေးရုံပို့် ချင်ရင် ပို့လိုက်တဲ့ "
"ဟုတ်လား....... ဒါဆိုလဲ အမြန်လာမကူအုံလေ မိသန့်ရဲ့"
"အော်....... ဟုတ်....... ဟုတ်......."
ဒီလိုနဲ့ ငုဝါဖူးအား မလိုက်ကြပြီး သူမအခန်းရှိရာသို့ လာခဲ့ကြသည်။
"မိသန့် ဒီမှာနေခဲ့အုံး ငါဆရာဝန်ကို သွားဖုန်းဆက်လိုက်အုံးမယ်"
"ဟုတ်......"
ကြီးသန်း အခန်းပြင်သို့ ထွက်လာခဲ့ပြီး ဆရာဝန်အားဖုန်းခေါ်လိုက်သည်။
"ဉီးခမ်း အောက်မှာ ဘာဖြစ်နေကြတာလဲဟင်"
"ဘာမှ မဖြစ်ပါဘူး ငုဝါဖူးနေမကောင်းလို့တဲ့ လာပါအရိပ်လေး မျက်နှာသစ်လိုက်အုံး ကိုယ် ဒီမှာထိုင် စောင့်နေမယ်"
"ဟုတ်....... "
အရိပ် မျက်နှာသစ်သွားတိုက်ပြီး ထွက်လာခဲ့သည်။
"လာ...... ထိုင် ကိုယ် အရိပ်လေး ဒဏ်ရာတွေကို ဆေးထည့်ပေးမယ်"
"ရပါတယ် ဉီးခမ်းရဲ့ အရိပ် ကိုယ့်ဘာသာကိုယ် ထည့်နိုင်ပါတယ်"
"မရဘူး ကိုယ်ထည့်ပေးမယ်"
"ဟို......"
"ဘာမှ ဟိုမနေနဲ့တော့ ကိုယ်စိတ်မရှည်လာဘူးနော် အရိပ်လေး"
ထိုအခါမှအရိပ် လက်လေးထုတ်ပေးလိုက်သည်။ မဏ္ဏိုင်သူမ လက်ကဒဏ်ရာကို ဆေးထည့် ဖို့ ပြင်လိုက်သည်။
"ဆေးက စပ်မယ်နော်"
"အား....... စပ်တယ်...... စပ်တယ် "
"အရမ်းစပ်သွားလား"
"ဟုတ်...... "
"လာလာ...... အရမ်းစပ်သွားရင် ကိုယ့်ကို ဖက်ထား"
အရိပ်လဲ ယောင်သွားကာ မဏ္ဏိုင်အား ဖက်လိုက်သည်။ မဏ္ဏိုင်လဲ သူမကိုယ်လေးအား ပြန်ဖက်ထားလိုက်သည်။ ခဏကြာမှ သူမအသိပြန်ဝင်လာကာ
"ဉီးခမ်း ဖယ်အုံး...... "
"မဖယ်ပါဘူး အရိပ်ဘဲ လာဖတ်တာလေ"
"ဟိုဟာ အရိပ်ယောင်သွားလို့ပါ"
"ယောင်ရင်လဲ မရဘူး အရင်လာဖတ်မှတော့ ကိုယ်က ဘာလို့ လွှတ်ပေးရမှာလဲ"
"အရိပ် တောင်းပန်ပါတယ်နော် ဉီးခမ်း အရိပ်ကို လွှတ်ပေးပါနော်"
သူမ အနူးညွှတ် တောင်းပန်လိုက်မှ မဏ္ဏိုင် သူမကိုယ်လေးအား လွှတ်ပေးလိုက်သည်။ အရိပ် မျက်နှာလေးကို အောက်သို့ ငေါက်စိုက်ချထားသည်။
"ကိုယ်ကစတာပါ စိတ်မစိုးနဲ့နော် အရိပ်လေး"
"မစိုးပါဘူး ဒါပေမယ့် နောက်ဆို ဒီလိုမလုပ်ပါနဲ့နော်"
"ဟုတ်ပါပြီဗျာ နောက်ဆို အရိပ်လေး မကြိုက်ဘူးဆိုရင် ကိုယ်မလုပ်ဘူး ကြားလား"
"ဟုတ်......"
"ဒါဆိုလဲ ဆေးထည့်ရအောင်နော် "
"ဟုတ်........"
မဏ္ဏိုင် သူမလက်လေးအား ဆေးထည့်ပြီး ပတ်တီးစီးပေးလိုက်သည်။ သူမခြေထောက်ကို ဆေးထည့်ပေးဖို့သာကျန်တော့သည်။
"အရိပ်လေး ဂါဝန် နည်းနည်းမလိုက်နော်"
"ရှင်......."
"ဘာလို့လဲ ရှက်နေတာလား မရှက်ပါနဲ့ အရိပ်ေလးရဲ့ ကိုယ်က ဆေးထည့်ပေးမှာကို မဟုတ်တာ လုပ်မှ မလုပ်တာ....... ကဲ အရိပ်လေးကိုယ်တိုင် မမှာလား ကိုယ်မပေးရမှာလား"
"အရိပ်ကိုယ်တိုင်ဘဲ မလိုက်ပါမယ်"
ဆိုကာ အရိပ် ဂါဝန်စလေးကို ဒူးလောက်ထိ မလိုက်သည်။
မဏ္ဏိုင် သူမဒူးခေါင်းနားက အနာကို ဆေးထည့်ပေးပြီး ပတ်တီးစီးပေးနေသည်။ ခဏကြာတော့ အရိပ်လေး၏ဒဏ်ရာအားလုံးကို ဆေးထည့်ပြီးသွားပြီ။
"အရိပ်လေး အဝတ်အစားလဲ လိုက်အုံးနော် ကိုယ် ဒီကနေဘဲ ထိုင်စောင့်နေမယ်"
"ရှင်...... ဉီးခမ်း အပြင်ထွက်ပေးပါလား"
"ဘာလို့လဲ အရိပ်လေးရဲ့ အရိပ်လေးအဝတ်အစား ကိုဒီမှာလဲမှာ မို့လား"
"ဒီမှာတော့ မဟုတ်ပေမယ့်........ "
"ဒီမှာမဟုတ်ရင် ပြီးတာဘဲ ဟာကို အရိပ်လေးကလဲ သွားသွား....... အဝတ်အစားအမြန်လဲခဲ့"
သူမ မသွားဘဲ မဏ္ဏိုင်အား ရပ်ကြည့်နေသေးသည်။
"ဘာလဲ ကိုယ်ကိုတိုင် အဝတ်အစားလာလဲ ပေးရမှာလား"
"ရှင်...... မလဲပေးရပါဘူး....... အရိပ်အခုသွားတော့မှာပါ"
ဆိုကာ အရိပ် ဂါဝန် တစ်ထည် ကောက်ယူလိုက်ပြီး ရေချိုးခန်းဘက် ထွက်လာခဲ့သည်။ မဏ္ဏိုင်ကတော့ ပြုံးရက်သား ကျန်ခဲ့သည်။
"အရိပ်ေလးရယ် ကိုယ်လဲမင်းနဲ့တွေ့မှဘဲ ပြုံးနေရသာကြီးဘဲ ဒါပေမယ့် ကိုယ်စိုးရိမ်သာ တစ်ခုတော့ရှိတယ် အရိပ်လေးရဲ့ မင်းသာ အဲ့အကြောင်းတွေ အားလုံးသိသွားရင် မင်း ကိုယ့်ကိုမုန်းသွားမလား အရိပ်လေးရယ် ကိုယ်အကြောက်ဆုံးအရာက မင်းကိုယ့်ကို မုန်းသွားမှာကိုဘဲ သိလားအရိပ်လေး ဟူး......."
မဏ္ဏိုင် လေပူတစ်ချက်မှုတ် ထုတ်လိုက်ပြီး အိပ်ရာထက်၌ အရိပ်လေး ထွက်လာမည့် အချိန်ကို ထိုင်စောင့်နေသည်။ ခဏကြာတော့ ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။
"ဟိုဟာ...... ဉီးခမ်း......"
"ပြောလေ အရိပ်လေးရဲ့"
"ဟိုဟာလေ....... ကျစ်....... ဘယ်လိုပြောရမှာပါလိမ့်"
အရိပ် သူမရဲ့ နောက်ကျောလေးကို ကိုင်လျက်ပြောနေသည်။
"ဘာလဲ အရိပ်လေး အင်္ကျီဇစ် မတွယ်နိုင်လို့မလား"
"ဟင်....... ဉီးခမ်းက ဘယ်လိုသိတာလဲ ဒါမှမဟုတ် ဉီးခမ်း......."
"ဟာ......အရိပ်လေး ထင်သလိုမဟုက်ပါဘူး အရိပ်လေး ရေချိုးခန်းကနေ ထွက်လာတုန်းက အရိပ်လေးရဲ့ ကျောနောက်ကို ကိုင်ထားလို့လေ"
"အော်....... "
" အရိပ်လေးကို ကိုယ် ဇစ်တွယ်ပေးရအုံးမှာလား"
"ဟုတ်....... အရိပ် ဉီးခမ်းကို အားနာပေမယ့်လဲ ဒီအင်္ကျီ ဇစ်က တွယ်လို့မရလို့ပါ"
"ကိုယ်ကလဲ ဘာပြောနေလို့လဲ အရိပ်လေးကို မတွယ်ပေးဘူးလို့လဲ ပြောနေတာမဟုတ်"
"မဟုတ်ပါဘူး အရိပ်က ကြိုပြောပြတာပါ တစ်ချို့က အခုလိုမျိုးလုပ်ရင် အထာပေးတာတို့ ဘာတို့လုပ်တယ်ဆိုပြီး ပြောကြလို့ပါ"
"ကိုယ် အရိပ်လေး အကြောင်းကို သိပါတယ် အရိပ်လေးက အဲ့လိုလုပ် မဲ့လူမျိုး မဟုတ်ပါဘူး ကဲ လာပါ....... ကိုယ် ဗိုက်ဆာနေပြီ"
"ဟုတ်......."
ဒီလိုနဲ့ မဏ္ဏိုင် သူမ အင်္ကျီဇစ်လေးကို တွယ်ပေးလိုက်ပြီး သူမကိုယ်လေးကို ပွေ့လိုက်သည်။
"ဟင်...... ဉီးခမ်း ဘာလုပ်တာလဲ ချပေးပါ"
"အရိပ်လေး ခြေထောက်မှ မကောင်းသေးတာ ဘာလို့ လမ်းလျှောက်ချင်နေတာလဲ"
"ကောင်းပါပြီ ဉီးခမ်းရဲ့ "
"မကောင်းသေးပါဘူး "
ဆိုကာ မဏ္ဏိုင် သူမကိုယ်လေးကို ပွေ့လျက်သား အောက်သို့ မနက်စာစားရန်ဆင်းလာခဲ့သည်။
"ကြီးသန်း....... မနက်စာ မပြင်သေးဘူးလား"
"ေအာ်....... ဟုတ်....... ကြီးသန်း အခုပြင်လိုက်ပါမယ် သခင်လေး"
"ဘာတွေ လုပ်နေကြမှန်းကို မသိဘူး ကျစ်........"
မဏ္ဏိုင် ကျစ်တစ်ချက်သက်လိုက်ပြီး ထိုင်လိုက်သည်။ ခဏနေတော့ ကြီးသန်း မုန့်များ လာပို့ပေးသည်။
"ဟ အရိပ်လေး ကိုယ်ခွံကျွေးမယ်"
"ရပါတယ် ဉီးခမ်းရဲ့ အရိပ်လက်လဲ ဒီလောက်မနာတော့ပါဘူး"
"လာပြန်ပြီ မနာဘူး ကြီးဘဲ ပြောနေတယ် ပြီးကြရင် လက်ကနာနာနဲ့ ကော်ဖီခွက် ကိုင်လိုက်မှဖြင့် ကွဲသွားရင်တော့ ရော်ပေးရမှာနော် အရိပ်လေး"
အဲ့ဒီလိုနဲ့ အရိပ်လဲ မဏ္ဏိုင်ခွံကျွေးတာ စားဖို့ လက်ခံလိုက်ရသည်။
ဒီလိုနဲ့ ရက်အနည်းငယ်ကြာသွားပြီ။ ဒီကြားထဲတွင် ရွာကသတင်းအနည်းငယ် ရသည်။ ရွာက အရိပ်၏မိထွေးဖြစ်တဲ့ ဒေါ်ခင်လေးက သူမကို ရန်ကုန်တက်ပြီး လိုက်ရှာနေသေးသည်ဟု မဏ္ဏိုင်မှတစ်ဆင့် အရိ်ပ် သတင်းရထားသည်။ ငုဝါဖူးကတော့ သူကိုယ်တိုင် အလုပ်ထွက်သွားပြီ။ အရိပ် ဒီနေ့ ကျောင်းစတက်ရမည့်နေ့ဖြစ်သည်။အိမ်ကြီးထဲ ရက်အနည်းငယ် နေပြီးပြီဖြစ်၍ အရိပ် မဏ္ဏိုင်နှင့် အတော်ရင်းနှီးနေပြီဖြစ်သည်။
"ဉီးခမ်း ပြီးပြီလား အရိပ်ကတော့ သွားဖို့ အဆင်သင့်ဘဲနော်"
"ပြီးပါပြီ လာသွားစို့"
"ဉီးဘသက် ေမာင်းတော့"
"ဟုတ်......."
"ကြီးသန်း သွားပြီနော်"
"အေးအေး......."
ဒီလိုနဲ့ ကားလေး ခြံထဲမှထွက်သွားပြီး သူမလေးတက်မဲ့ ကျောင်းကြီးရှိရာ မောင်းလာခဲ့သည်။
"အရိပ်လေး ညနေကြရင် ကိုယ်လာကြိုမယ်နော်"
"ဟုတ်........ အရိပ်စောင့်နေပါ့မယ်"
"ဟုတ်ပါပြီဗျာ နောက်ပြီး ယောကျာ်းလေးတွေနဲ့ စကားမပြောနဲ့နော် "
"မပြောပါဘူး ဉီးခမ်းရဲ့ ဆရာတွေနဲ့ဘဲ ပြောမှာ"
"ဘာ...... အရိပ်လေးနော် ကိုယ့်ကို လာနောက်နေတယ်"
"ဟီး...... စတာပါ ဉီးခမ်းရဲ့ ယောကျာ်းလေးဆို ယောင်လို့တောင် လှည့်မကြည့်မိစေရဘူး ဟုတ်ပြီလား"
"အဟွန်း....... တော်တယ် ဒီလိုမှပေါ့"
မဏ္ဏိုင်ပြောရင်း သူမခေါင်းလေးအား ဖွဖွလေး ပွတ်ပေးလိုက်သည်။
စာဖတ်သူလေးများအားလုံး ဂရုစိုက်ကြပါ။