"ရှင်ကြီးချစ်တဲ့ကျွန်မ"
"ကြီးသန်း ပြင်ပြီးပြီးလား"
"ပြင်ပြီးပါပြီ အရိပ်လဲ ထမင်းစားဖို့ စောင့်နေပါတယ်"
ဒီလိုနဲ့ မဏ္ဏိုင် ထမင်းစားခန်းသို့ ဝင်လာခဲ့သည်။ ထမင်းစားခန်းရောက်တော့ စားပွဲနားတွင် မတ်တပ်ရပ်နေတဲ့ ငုဝါဖူးအား မဏ္ဏိုင် စူးစိုက်စွာကြည့်လိုက်သည်။ငုဝါဖူးအမှားလုပ်ထားသဖြင့်အောက်သို့သာ ငုံ့ထားသည်။ ဒီလိုနဲ့ မဏ္ဏိုင်လဲ အရိပ်ဘက်သို့လှည့်လာခဲ့သည်။
"အရိပ်လေး စားစို့လေ"
"ဟုတ်......."
အရိပ် ထမင်းစားဖို့ ဇွန်းကိုကိုင်လိုက်သည်။ သူမလက်က အတော်နာနေသဖြင့် ထမင်းအနည်းငယ်သာ ဇွန်းဖြင့်ယူနိုင်သည်။ ခဏကြာတော့
"အရိပ်လေး ဟင်းတွေထည့်စားလေး"
ဆိုကာ မဏ္ဏိုင် သူ့ရှေ့မှာချထားတဲ့ ငါးဟင်း သူမပန်ကန်သို့ ထည့်ပေးလိုက်သည်။
"သေလိုက်တော့အရိပ်ရေ ဘာလို့ ဒီနေ့မှငါးဟင်းချက်ရတာလဲ ထမင်းတောင်မနည်း ယူစားနေရပါတယ်ဆိုမှ ဒီငါးကိုအရိုးနွှံပြီး ဘယ်လိုစားရမှာပါလိမ့်"
သူမစိတ်ညစ်ညစ်ဖြင့် စိတ်ထဲမှ ပြောလိုက်သည်။ မဏ္ဏိုင်ကတော့ ထမင်းကိုအေးဆေးစွာ စားနေပေမယ့် အရိပ်မှာတော့ တစ်ယောက်ထဲ အလုပ်တွေရှုပ်နေသည်။ ဒီလိုနဲ့ သူမလဲ ထမင်းကြီးသာစားနေလိုက်သည်။ သူမအဖြစ်ကို သိတဲ့မဏ္ဏိုင်က သူမကို တစ်ချက်ကြည့်လိုက်ပြီး သူမပန်းကန်ကို ဘာမှမပြောဘဲ ယူလိုက်သည်။
"ဉီးခမ်း ဘာလုပ်မလို့လဲ"
မဏ္ဏိုင်ဘာမှ ပြန်မပြောဘဲ သူမပန်ကန်ထဲက ငါးရိုးကို စိတ်ရှည်ရှည်ဖြင့် နွှံပေးနေသည်။ ခဏကြာတော့ ထမင်းကို ဇွန်းဖြင့်ယူလိုက်ပြီး အရိပ်ကို ခွံကျွေးဖို့ လုပ်လိုက်သည်။
"ဟ......ပါးစပ်"
"ရှင်........"
"အရိပ်လေး ကိုထမင်းခွံကျွေးမလို့လေ အဲ့ဒါကြောင့်ပါးစပ်ဟလို့"
"ရပါတယ် အရိပ် ကိုယ့်ဘာသာကိုယ် စားနိုင်ပါတယ်"
"မရပါဘူး ဇွန်းတောင် မနည်းကိုင်နေရတာ ထမင်းဘယ်လို စားမှာလဲ လာပါ ပါးစပ်ဟ ကိုယ်နောက်တစ်ခါ မပြောချင်တော့ဘူနော်"
ဆိုမှ အရိပ် အားနာနာ ဖြင့်သာ ပါးစပ်ဟလိုက်ရသည်။
"ကလေးလဲ မဟုတ်ဘဲနဲ့ သူများခွံကျွေးတာ စားနေရတဲ့ဘဝ" အရိပ်စိတ်ထဲမှ ပြောလိုက်သည်။
မဏ္ဏိုင် သူမကိုလဲ ခွံကျွေးရင်း သူလဲစားနေသည်။
မဏ္ဏိုင် အရိပ်အား ထမင်းခွံကျွေးနေသည်ကို ဘေးနားမှ ရပ်နေသူအားလုံး အံအားသင့်စွာကြည့်နေကြသည်။ သူတို့အားလုံးထဲတွင် ရင်အနာဆုံးအကြည့်တွေနှင့် ကြည့်နေေသာသူ တစ်ယောက်ရှိသည်။
"ဒီတောသူမ တော်တော် လူပါးဝလာပြီ ငါမမဇန်ကို ပြောပြမှ ဖြစ်တော့မယ် "
ဟု ငုဝါဖူးစိတ်ထဲမှပြောလိုက်ပြီး ဧကရီဇန် အား ဖုန်းဆက်ဖို့ အပြင်ခဏထွက်လာခဲ့သည်။
သူမ မရိုးသားသော ခြေလှမ်းများဖြင့် ထွက်သွားသည်ကို သိနေတဲ့ မဏ္ဏိုင်က
"အရိပ်လေး ဝပြီလား"
"ဟုတ် အရိပ်ဝပါပြီ"
"လာဒါဆို ကိုယ် အပေါ်လိုက်ပို့ပေးမယ်"
"ဟုတ်......"
"ကြီးသန်း သိမ်းလိုက်တော့နော်"
"ဟုတ်ကဲ့ပါ သခင်လေး"
ဒီလိုနဲ့ မဏ္ဏိုင် သူမကိုယ်လေးအား ပွေ့ချီလိုက်ပြီး အပေါ်ထပ်ရှိ သူမအခန်းရှိရာ လာခဲ့သည်။ ထို့နောက် မဏ္ဏိုင် သူမကိုယ်လေးအား အိပ်ရာပေါ်သို့တင်လိုက်သည်။
"အရိပ်လေး ဒီမှာနေနေအုံးနော် ကိုယ်ဆေးဘူးတွေ ပတ်တီးတွေ သွားယူလိုက်အုံးမယ်"
"ဟုတ်......"
ဒီလိုနဲ့ မဏ္ဏိုင် သူမကို အခန်းထဲထားခဲ့ပြီး အောက်သို့ ဆင်းလာသည်။
"ဒီမိဖူးတစ်ယောက်တော့ ဘယ်တွေသွားလိုက်လဲ မသိဘူး ပန်းကန်တွေဆေးရပါမယ်ဆို"
မီဖိုခန်းထဲတွင် ပြောနေသော ကြီးသန်းရဲ့ စကားကြောင့် မဏ္ဏိုင် ခြံရှေ့ဘက်သို့ ထွက်လာခဲ့သည်။
"နောက်ကျရင် သေချာသိအောင် စုံစမ်းလိုက်ပါမယ်"
"ဟုတ်.....ဟုတ်ကဲ့ပါ ဒါဆို မိဖူး ဖုန်းချလိုက်ပြီနော်"
မဏ္ဏိုင် ငုဝါဖူး၏ စကားသံ အချို့အားကြားလိုက်သည်။ ထို့နောက် သူမရဲ့ အနောက်ဘက်တွင် လက်ပိုက်ကာ ရပ်နေသည်။ ငုဝါဖူး ဖုန်းပြောပြီး လှည့်လာချိန် သူ့အားစူးစူးစိုက်စိုက် ကြည့်နေတဲ့ မဏ္ဏိုင်ကြောင့် သူမလန့်သွားသည်။
"အမလေး...... သခင်လေး......."
"အဟွန်း....... ဘာတွေခိုးကြောင်ခိုးဝှက်ပြောနေလို့ ငါ့ကိုတွေ့တာနဲ့ ဒီလောက်လန့်သွားရတာလဲ"
"ဟို...... ဟို....... ဒီတိုင်းဘဲရုတ်တရက် လန့်သွားတာပါ"
"ထားလိုက်ပါ...... ငါမင့်ကို ေမးစရာရှိတယ် အဲ့ဒါကို မင်းမှန်မှန်ဖြေရင် အလုပ်မထုတ်ဘူး ဒါမှမဟုတ် ငါမေးတာကို မင်းလိမ်ပြောရင်တော့ မင်း ဒီအိမ်ကြီးကနေ ချက်ချင်းထွက်သွားရလိမ့်မယ်"
သူမ မဏ္ဏိုင်မေးမည့် ေမးခွန်းအားကြိုသိနေ၍ လက်တွေပါတုန်နေသည်။
"ဘယ်လိုလဲ သဘောတူလား"
"ရှင်.......ဟုတ်....... သဘောတူပါတယ်"
"ဒါဆို ငါမေးမယ်...... အရိပ်လေး သရက်ပင်ပေါ်က ပြုတ်ကျတာ ဘာလို့လဲ"
"ရှင်........"
"မင်းနားမကြားဘူးလား"
"ဟို.......အဲ့ဒါက အရိပ် သခင်လေးကို ပြောပြပြီးသွားပြီလေ"
"မင်းကို ငါပြောထားတာ မကြားဘူးလား ငါ့ကိုလိမ်ရင်....... "
"ဟို.......ဟို.......ကျွန်မအမှန်တိုင်းပြောပါ့မယ် "
ငုဝါဖူး တံတွေးတစ်ချက်မြို ချကာ အားတင်းထားလိုက်ပြီး မဏ္ဏိုင်းအား ကြောက်ကြောက်ဖြင့်သာ အကြောင်းစုံပြောပြလိုက်သည်။
"အဲ့တော့ မင်း သရက်သီးစားချင်းတာကို သူကခူးပေးရတယ်ပေါ့"
"ဟို.......အဲ့ဒါက ကျွန်မ ပြောပြီးပြီလေ ကျွန်မ မိန်းကလေးတွေလစဉ်"
"ငါ့ကို ဘာအကြောင်းပြချက်မှလာမပေးနဲ့ မင်းကို ငါဒီအိမ်လာကတည်းကပြောထားတယ်လေ အရိပ်လေးကို ခိုင်းဖို့ အိမ်ခေါ်ထားတာ မဟုတ်ဘူးလို့ ပြောထားတာ မင်းနားမပါဘူးလား"
"ဟို.......အဲ့ဒါက"
"ဘာဟိုတွေမှ လာမလုပ်နေနဲ့ မင်းဒီလောက်ထိ သရက်သီးစားချင်တယ်ပေါ့ ရတယ် လာ ငါ့နောက်လိုက်ခဲ့"
မဏ္ဏိုင် အသင့်ထည့်ထားတဲ့ လက်အိတ်အား ထုတ်ဝတ်လိုက်ပြီး ငုဝါဖူးရဲ့ လက်ကောက်ဝတ်ကို တင်းကျပ်စွာ ကိုင်လိုက်ပြီး ခြံအနောက်ဘက် ခေါ်လာခဲ့သည်။
"သခင်လေး ကျွန်မတောင်းပန်ပါတယ် နောက်ဆိုမလုပ်တော့ပါဘူး"
မဏ္ဏိုင် သူမပြောတာနားမထောင်ဘဲ ခြံအနောက်သို့ သာခေါ်လာခဲ့သည်။ နောက်ဆုံးတော့ ခြံအနောက်ရှိ သရက်ပင်ရှိရာ ရောက်လာသည်။ ထိုအချိန်မှ မဏ္ဏိုင် ငုဝါဖူး လက်အားလွှတ်ပေးလိုက်သည်။
"မင်းဒီသရက်ပင်ပေါ်က သရက်သီး အားလုံးခူးထား မနက်ရောက်လို့ မှဒီသရက်ပင်ပေါ်မှာ သရက်သီးတစ်လုံးရှိနေရင် မင်းအသေဘဲ ကြားလား ငုဝါဖူး"
"ရှင်....... ကျွန်မတောင်းပန်ပါတယ် တောင်းပန်ပါတယ်နော်သခင်လေး ကျွန်မကို တစ်ခြားအပြစ်ပေးပါ ကျွန်မခံယူပါ့မယ် ဒါကြီးကတော့ ကျွန်မ မလုပ်နိုင်ဘူး အပင်ကအတော်မြှင့်လို့ပါနော် သခင်လေး"
ငုဝါဖူး လက်အုပ်ချီကာ ဒူးထောက်၍ မဏ္ဏိုင်အားတောင်းပန်နေသည်။
"မင်း အရိပ်လေးကို အပင်ပေါ် တက်ခိုင်းတုန်းက အပင်အရမ်းမြှင့်တယ်ဆိုပြီး စဉ်းစားခဲ့လား"
မဏ္ဏိုင်စကားကြောင့် ငုဝါဖူး ဘာမှပြန်မပြောနိုင် ဖြစ်သွားသည်။
"မင်းနေခဲ့လိုက်တော့ ငါပြောပြီးပြီနော် မနက်ရောက်လို့မှ ဒီသရက်ပင်ပေါ်မှာ သရက်သီးရှိနေကြည့် အဲ့အချိန်ကြရင် မင်းအသေဘဲ ငုဝါဖူး "
"အော်......ဒါနဲ့ မင်းကို ကြိုတင်သတိပေးထားအုံးမယ် ဒီအိမ်က အုတ်တံတိုင်းတွေက ညဆို လျှပ်စစ်ဓာတ်လွှတ်ထားတာနော် မင်းထွက်ပြေးဖို့ မကြံနဲ့ ပြီးတော့ ဟိုမှာတွေ့လား cctv တပ်ထားတယ်နော် မင်းမဟုတ်တာတစ်ခုခုလုပ်တော့မယ်ဆို မနက်ဖြန်အတွက် မင်းအသက်ကို ငါအာမမခံနိုင်ဘူး"
မဏ္ဏိုင်ပြောပြီးပြီးချင်း ထွက်လာခဲ့သည်။
ငုဝါဖူး တစ်ယောက်တော့ အကူအညီမဲ့ကာ သရက်ပင်နားတွင် ထိုင်ငိုနေသည်။
"တောက်....... $တောသူမ မင်းကိုငါ တစ်သက်မကြေဘူး နောက်နေ့ကစပြီး မင်းနာကျင်မှုတွေနဲ့ဘဲ အသက်ဆက်ရလိမ့်မယ် မှတ်ထားလိုက်"
ငုဝါဖူး ဒေါသအတော်လေး ထွက်နေသည်။ သူမ စိတ်တိုတိုဖြင့်သာ သစ်ပင်ပေါ်သို့ မရမက တက်လိုက်ပြီး သရက်သီးများစတင်ခူးနေသည်။
"ကျစ်....... သေနာခြင်တွေကလဲ ငါ့ကိုဘဲ လာကိုက်နေတယ် "
သူမပြောလဲပီးရော လျှပ်စီးတစ်ချက်လျှပ်သွားသည်။ ခဏကြာတော့ မိုးချိန်သံ ကြားလိုက်သည်။
"ဂျုန်း........ "
"အမလေး....... လန့်လိုက်တာ ကျစ် ဘယ်လိုလုပ်မလဲ မိုးကလဲရွာတော့မယ် "
သူမစိတ်တိုတိုနှင့် သရက်သီးတွေကို ခူးပြီး ထည့်စရာမရှိတာနှင့် ေအာက်က တစ်မံတစ်လင်းပေါ်ပစ်ချနေသည်။ မျည်ရည်များကလဲ ပါးပေါ်သို့စီးကျနေသည်။
""""""""""""""""""""""""""""""""""""""""""""
"သခင်လေး ငုဝါဖူး ဘယ်သွားလိုက်လဲမသိဘူး"
"ကျွန်တော် အပြစ်ပေးထားတယ် အဲ့ဒါကြောင့်မို့ စိတ်ပူမနေဘဲ အခန်းထဲသွားအိပ်လိုက်ပါတော့"
"ဟုတ်.......ဟုတ်ကဲ့ပါ သခင်လေး"
ဒီလိုနဲ့ မဏ္ဏိုင် ဧည့်ခန်းထဲမှ ဆေးပစ္စည်း များယူလိုက်ပြီး အပေါ်ထပ်သို့ တက်ရန်ပြင်လိုက်သည်။
"ကြီးသန်း ကျွန်တော် တစ်ခုပြောထားမယ်နော်"
"ဟုတ်ကဲ့ပါ သခင်လေး"
"ငုဝါဖူးကို တစ်ချက်မှ သွားမကြည့်ပါနဲ့"
"ဟုတ်...... ဟုတ်ကဲ့ပါ"
"ဘေးကတစ်ယောက်ကော ကြားလား"
"ဟုတ်ကြားပါတယ် သခင်လေး"
ဒီလိုနဲ့ မဏ္ဏိုင်အပေါ်ထပ်သို့တက်လာခဲ့ပြီး အရိပ်ရဲ့ အခန်းထဲသို့ ဝင်လာသည်။ အရိပ် မဏ္ဏိုင်ကိုစောင့်နေရင်း ကုတင်ထက်၌ အိပ်ပျော်သွားသည်။ ဒီလိုနဲ့ မဏ္ဏိုင်လဲ သူမလေး မသိအောင်ဆေးထည့်ပေးဖို့ လုပ်လိုက်သည်။မဏ္ဏိုင် သူမရဲ့လက်ရှည် အင်္ကျီ လေးကို ခေါက်တင်ပေးလိုက်ပြီး ဒဏ်ရာ ကိုဆေးထည်ပေးဖို့ ပြင်လိုက်သည်။
"ဒဏ်ကာကတော်တော်လေးကြီးတာဘဲ "
မဏ္ဏိုင် သူမရဲ့ ဒဏ်ရာကို ကြည့်လိုက်တိုင်း ငုဝါဖူးအား ဒေါသထွက်နေမိသည်။
မဏ္ဏိုင် သူမရဲ့ လက်ကဒဏ်ရာလေးကို ဆေးထည့် ပတ်တီးစီးပေးထားလိုက်သည်။
"အရိပ်လေး ခြေထောက်မှာကော ဒဏ်ရာရထားတယ်တဲ့ ငါကြည့်ကြည့်လိုက်ရမလား ဘာမှမဖြစ်ပါဘူး ကြည့်ကြည့်လိုက်ပါမယ်"
ဆိုကာ မဏ္ဏိုင် သူမရဲ့ ဂါဝန်ရှည်လေးကို ဒူးလောက်ထိ မလိုက်သည်။ သူမရဲ့ ဖြူဖွေးနေတဲ့ ခြေတံ သွယ်သွယ်လေးတွေက မဏ္ဏိုင်အား ဆွဲဆောင်နေသည်။
သူမရဲ့ ဒူးနားကဒဏ်ရာကို မဏ္ဏိုင် ဆေးအမြန်ထည့်ပေးလိုက်ပြီး ပတ်တီးစီးပေးလိုက်သည်။ ထို့နောက် အိပ်ရာ ကုတင်ထက်၌ ပြန့်ကျဲနေတဲ့ ဆေးဘူးများအား သိမ်းလိုက်ပြီး ကုတင်ထက်မှာ အပြစ်ကင်းစင်စွာအိပ်ပျော်နေတဲ့ သူမမျက်နှာလေးအား မဏ္ဏိုင် မြတ်နိုးစွာဖြင့် ငေးကြည့်နေသည်။ မဏ္ဏိုင် သူမ မျက်နှာလေးကို ငေးကြည့်နေရင်း သူမရဲ့ နှုတ်ခမ်းဖူးဖူးလေးရှိရာဆီ အကြည့်ရောက်သွားသည်။ မဏ္ဏိုင် သူမ မျက်နှာနား ကပ်လိုက်ပြီး သူမရဲ့ နဖူးမို့မို့လေးကို မြတ်နိုးစွာ နမ်းလိုက်သည်။ အခုချိန်က သူမရဲ့ နှုတ်ခမ်းကို နမ်းလို့မဖြစ်သေးပေ။ ဒါကြောင့် သူမ မသိအောင် နဖူးလေးကိုသာ နမ်းလိုက်ပြီး အခန်းအပြင်သို့ ထွက်လာခဲ့သည်။ ထို့နောက် cctv ရှိရာအခန်းဆီ လာခဲ့သည်။ သရက်ပင်ရှိရာ ခြံအနောက် ဘက်က cctvကို မဏ္ဏိုင်တစ်ချက်ကြည့်လိုက်သည်။
"အဟွန်း.......နောက်ဆို မင်းအရိပ်လေးကို ဒုက္ခပေးလေလေ မင်းဒီထက်ပို ကြီးတဲ့ အပြစ်ဒဏ်ကို ခံဖို့ပြင်ထားပေးတော့ ငုဝါဖူး....... ဒါနဲ့ မင်းကိုဘယ်သူ ဒီအိမ်လွှတ်လိုက်တာပါလိမ့်"
မဏ္ဏိုင် ထိုညတွင် အတွေးများစွာ သူ့ဉီးနှောက်သို့ ဝင်ရောက်လျက် အိပ်ပျော်သွားခဲ့သည်။
ဝါသနာအရရေးတာမို့အမှားပါရင်ခွင့်လွှတ်ပါရှင့်။ 🙏🏻🙏🏻