book

Index 10

အပိုင်း(၁၀)

ရှင်ကြီးချစ်တဲ့ကျွန်မ"

နေ့လယ်ခင်း ရောက်နေပြီမို့ မိုးကတိတ်သွားပြီ။ အုံ့မှိုင်းနေတဲ့ တိမ်ညိုတွေ ကင်းစင် သွားပြီး ပြာလဲ့နေတဲ့ ကောင်းကင်ကြီးက နေလုံးကြီးနှင့်အပြိုင် လှပနေသည်။ မိုးရွာထားတဲ့ အစိုဓာတ်ကလဲ ယခုအချိန်ထိ မခြောက်သေးပေ။

"ဉီးဘသက်ရေ....... ကျွန်မတို့သွားပြီနော်"

"ခဏလေး ငါလိုက်ပို့ပေးမယ်"

"အေးအေး......ဒါဆိုလဲ အမြန်လာ"

ဒီနေ့ ဝတ်ရည်သန့် ၏အဒေါ် ရက်လည်ရှိ၍ ကြီးသန်းနှင့် ဝတ်ရည်သန့် တို့ရက်လည်အိမ်သို့ သွားကြရမည်။ ညနေ ၃နာရီခွဲလောက် ပြန်လာခဲ့မည်ဟုလည်း ပြောသွားသည်။ မနေ့ညကတည်းက မဏ္ဏိုင်အား ပြောထားပြီးပြီဖြစ်၍ သူတို့သွားဖို့လုပ်လိုက်သည်။

"မိဖူး....... အရိပ်လေးကို ဂရုစိုက်နော် သူသာတစ်ခုခုဖြစ်ရင် သခင်လေးက နင့်ကိုဘဲ အပြစ်ပေးမှာနော် ကြားလား"

"ကြားပါတယ် ကြီးသန်းရဲ့ ကြီးသန်းတို့ကလဲ ဘယ်နှစ်ရက်တောင် ကြာမှာကြလို့ နာရီပိုင်းလေးဘဲဟာကို"

"နာရီ ပိုင်းလေးဘဲ ဖြစ်ဖြစ် ဘာဘဲဖြစ်ဖြစ် ဂရုစိုက်ရမှာက နင့်တာဝန်ဘဲ ကြားလား"

"အင်းပါ........ သွားတော့ သွားတော့....
.. ဝတ်ရည်သန့် ဖြည်းဖြည်းသွားနော် "

"ငါ ငါ့အဒေါ် ရက်လည်အိမ်သွားမှာနော်......."

"သိပါတယ် သွားတော့ သွားတော့"
ဒီလိုနဲ့ ဉီးဘသက်ရယ် ကြီးသန်းရယ် ဝတ်ရည်သန့်ရယ် အိမ်ကြီးထဲမှ ထွက်သွားကြသည်။ အိမ်ကြီးထဲတွင် အရိပ်ရယ် ငုဝါဖူးရယ် ဉီးကြည်ထွန်း ရယ်သာ ကျန်ခဲ့သည်။ ဉီးကြည်ထွန်း ကတော့ သူ့ဘာသာသူ ခြံထဲဆင်းကာ အလုပ်လုပ်နေသည်။ ငုဝါဖူးကတော့ အရိပ် နေ့လယ်စာ စားနေသည့်ဘေးတွင် ရစ်သီရစ်သီလာလုပ်နေသည်။ခဏကြာတော့

"အရိပ်......"

"ရှင်......... မမဖူး"

"ဟိုဟာလေ...... ​​ြခံအနောက်က သရက်ပင်ပေါ်မှာလေ သရက်သီးတွေ အများကြီး သီးနေပြီ အရိပ်ရဲ့....... အဲ့ဒါ သွားခူးစားရအောင် လိုက်ခဲ့ပါလား"

"ဟိုဟာ အရိပ်က မခူးတက်ဘူးနော် မမဖူး"

"ရတယ် ငါခူးမယ် အရိပ်က အောက်ကနေ သရက်သီးတွေဘဲ ကောက်ပေး"

"ဟုတ်....... "
ဒီလိုနဲ့ သူတို့နှစ်ယောက် ​ြခံ၏အနောက်ဘက် သရက်သီးပင်ရှိရာ ဆီသို့ လာခဲ့ကြသည်။

"ရောက်ပြီ အရိပ် "

"ဟုတ်......"

"ဟိုဟာလေ အစ်မ မေ့နေတာ အစ်မလေ မိန်းကလေးတွေ လစဉ် ဖြစ်တဲ့ဟာလေ အဲ့ဒါလာနေလို့ တက်လို့မရဘူး အရိပ်ရဲ့"

"အဲ့ဒါဆို ဘယ်လိုလုပ်မှာလဲဟင်....."

"အရိပ် အပင်ပေါ်တက်ခူးတက်ခူးတက်လား"
ထိုအချိန် သူမအပင်ကြီးအား တစ်ချက်ကြည့်လိုက်သည်။ သရက်ပင်ကြီးက တော်တော်လေးမြှင့်သည်။ သူမရွာတုန်းက တက်ဖူးသည့် မာလကာပင်တို့ဆိုတာ ဒီသရက်ပင်၏ တစ်ဝက်သာသာ ရှိသည်။

"ဘယ်လိုလဲ ဟင်.....တက်ခူးပေးမှာလား မမအရမ်းစာချင်လို့ပါနော်......"

"မမဖူး အခုလို ဖြစ်နေရင် အချဉ်စားလို့မရဘူးမလား"

"ဘာလဲ အရိပ်က မမကို ဒါလေးတောင်မလုပ်ပေးချင်ဘူးပေါ့ ဟုတ်လား မမကတော့ အရိပ်လေးကို အများကြီး လုပ်ပေးထားရတာ"
ငုဝါဖူး မျက်နှာလေး မကောင်းသလို လုပ်ကာ အရိပ်အားပြောနေသည်။

"ဟိုဟာ......အရိပ်မလုပ်ပေးချင်လို့မဟုတ်ပါဘူး ဒီသရက်ပင်က အရမ်းမြှင့်လို့ပါ"

"ဘာမှမဖြစ်ဘူး မမ ဒီကနေ ဘယ်လို တက်ရမလဲဆိုတာ ပြောပြမယ် ဟုက်ပြီလား"

"ဟုတ် "
သူမလဲ မငြင်းသာကာ တက်ဖို့ ဆုံးဖြတ်လိုက်သည်။

" အရိပ် ဒီဘက် ကအကိုင်းပေါ်တက် ပြီးတော့ အဲ့နားက အသီးလေး ခူးလိုက်"
ဆိုကာ ငုဝါဖူး ေအာက်ကနေ အရိပ်အား ပြောနေသည်။
အချိန်အနည်းငယ် ခူးပြီးနောက် အရိပ်သရက်ပင် ၏အမြင့်ဆုံးအနား ရောက်နေပြီ။

"မမဖူး အရိပ်ဘယ်လိုဆင်းခဲ့ရမှာလဲဟင်......"

"ဒီတိုင်းဘဲ ဆင်းခဲ့လိုက် အရိပ် "

တက်တုန်းက လွယ်ပေမယ့် ဆင်းဖို့ကြတော့သူမအတွက် အတော်ခက်သည်။ အဲ့ဒါနဲ့ သူမလဲ အပေါ်ကနေ ဖြည်းဖြည်းချင်းဆင်းလာခဲ့သည်။ မိုးကရွာထားတာမို့ သစ်ကိုင်များက ချောနေသည်။ သူမဆင်းလာရင်း သစ်ကိုင်းတစ်ကိုင်းပေါ် ခြေထောက်ထောက်လိုက်ချိန် ခြေချော်ကာ ေအာက်သို့ မှောက်လျက်ကျသွားသည်။

"ဗုတ်......အမလေး....."
လက်က မှောက်လျက်နှင့် ပြုတ်ကျသွားသည်မို့ သူမလက်နှစ်ဖက်လုံး အကြောလွှဲကာ နာနေသည်။ ခြေထောက်ကလဲ အုတ်ခင်းထားသော တစ်မံတစ်လင်းပေါ် ပြုတ်ကျသွားသည်မို့ သူမဝတ်ထားသော စပန့်ပေါင်းဘီ လေးကနေ ဗြဲသွားကာ အတွင်းထဲက သူမဒဏ်ရာ ကသွေးများနှင့် အထင်းသားပေါ်နေသည်။ လက်မောင်းစနားမှာလဲ ဒဏ်ရာကရကာ သွေးများက ထွက်နေလျက်။

"အဟွန်း.....နောက်ဆုံးတော့ အကြံအောင်ပြီ"
ငုဝါဖူး ကောက်ကျစ်စွာပြုံးလိုက်ပြီး စိတ်ထဲမှ ပြောလိုက်သည်။ပြီးမှ

"အမလေး.......အရိပ်ရယ် ဘယ်လိုတွေတောင်ဖြစ်သွားရတာလဲ လာလာထ မမကူပေးမယ်"

"ဟုတ်......"
ငုဝါဖူး သူမလက်မောင်လေးကို ကိုင်ကာ ထူပေးနေသည်။

"အမလေး ဒူးခေါင်းနားမှာ သွေးတွေအများကြီးပါလား"

"ဟုတ်တယ် မမ အရိပ် တစ်ကိုယ်လုံး နာနေပြီ"

"အဟွန်း......ကောင်းတာပေါ့"
အနာတွေကိုသာ စိုက်ကြည့်နေတဲ့ အရိပ်လေးအား မျက်စောင်းထိုးကာ စိတ်ထဲမှပြောလိုက်သည်။

"လာလာ...... မမဆေးထည့်ပေးမယ်နော်"
ဆိုကာ အိမ်ကြီးထဲ ဝင်သွားလိုက်ပြီး ဒဏ်ရာကို ရေဆေးပေးကာ ဆေးထည့်ပေးနေသည်။

"မမဖူး အရိပ်လက်ကျိုးသွားပြီထင်တယ် "

"ဟင်....... ဘာလို့လဲ"

"လက်အရမ်းနာနေလို့ ပြီးတော့ မတ်တပ်မရပ်ချင်လောက်အောင် ခြေထောက်တွေလဲ နာနေတယ်မမဖူး"

"ဘာမှမဖြစ်ဘူး......မမဆေးထည့်ပေးနေတာဘဲ ပြီးရင်ပျောက်သွားမှာ ဟုတ်ပြီလား"

"ဟုတ်.......ဒါနဲ့ ဉီးခမ်း​​​ပြန်လာရင် ဘယ်လိုလုပ်မလဲဟင်......"
ထိုအချိန်မှ ငုဝါဖူး အလန့်တစ်ကြားဖြစ်သွားသည်။

"ဟင်........ဟုတ်သားဘဲ ဘယ်လိုလုပ်ကြမလဲဟင်...... အဟင့်..... မမတော့ သခင်လေး အပြစ်ပေးတာခံရတော့မှာဘဲ"
ငုဝါဖူး ငိုသလိုနှင့် သူမအား လုပ်ပြနေသည်။

"ဘာမှ မဖြစ်ဘူး မမဖူး စိတ်မပူနဲ့နော် အရိပ်ကြည့်ပြောလိုက်မယ် မမဖူးကို ဉီးခမ်း လုံးဝမဆူစေရဘူး"

"တစ်ကယ်လားဟင်....."

"တစ်ကယ်ပေါ့ မမဖူးရဲ့........ ဒါနဲ့ ခဏကသရက်သီးတွေကော"

"အော်.......မေ့နေတာ အဲ့သရက်သီးတွေက တစ်ချို့တစ်လေက မကောင်းတော့လို့ ပြစ်လိုက်ပြီ အရိပ်ရဲ့ အရိပ်အပင်ပေါ်ကနေ ပစ်ချလိုက်တာဆိုတော့ သရက်သီးတွေက အနာတွေဖြစ်ကုန်တာလေ"

"အော်.......ရပါတယ် အဲ့ဒါဆို မမဖူး လုပ်စရာရှိတာသွားလုပ်တော့လေ "

"အရိပ်လေး တစ်ယောက်ထဲ ဆေးထည့်လို့ အဆင်ပြေလို့လား"

"အဆင်ပြေပါတယ် မမဖူးရဲ့ မမဖူးသာ လုပ်စရာရှိတာ သွားလုပ်တော့နော် "

"အေးအေး......"
ဒီလိုနဲ့ ငုဝါဖူး အရိပ်နားလေးမှ ထွက်သွားသည်။ သူမလေးကတော့ အင်္ကျီ လဲဖို့ ေလှကားထစ်ပေါင်းများစွာကို သူမခြေထောက်နာနာနှင့် အပေါ်သို့ တက်သွားရသည်။

"အား...... နာလိုက်တာ.......ကျစ်.....ဒီလောက်လှေကား အများကြီး ဘယ်လိုတက်ရမှာပါလိမ့်"
ဒီလိုနဲ့ဘဲ သူမအပေါ်ရောက်သွားပြီ။ အပေါ်လဲ ရောက်ရော သူမခြေထောက်ပိုပြီး နာလာခဲ့သည်။ နာနေပေမယ့်လဲ သူမ အဝတ်အစားအမြန်လဲလိုက်ပြီး အောက်သို့ ပြန်ဆင်းရန် ပြင်လိုက်သည်။ မဏ္ဏိုင်အိမ်ပြန်ရောက်လို့ သူမလေးမရှိနေရင် စိတ်စိုးနေမည်စိုး၍ အရိပ် အောက်သို့ ဆင်းလာခဲ့ရသည်။ အောက်လဲရောက်ရော သူမ ဧည့်ခံထဲက ဆိုဖာပေါ်သို့ လှဲနေလိုက်သည်။

"ဘယ်လိုလုပ်ရမှာပါလိမ့် ဉီးခမ်းသာ ဒီကိစ္စကို သိရင်မမဖူးကို အလုပ်တောင် ထုတ်ချင်ထုတ်လိုက်မှာ........ ဟူး....... ဉီးခမ်းပြန်လာရင် ဘယ်လိုပြောရမလဲ စဉ်းစားစမ်း....."
ဒီလိုနဲ့ သူမဆိုဖာပေါ်တွင် အိပ်ပျော်သွားသည်။ ခဏကြာတော့ ကြီးသန်းတို့ ပြန်လာကြသည်။ အိမ်ထဲဝင်လိုက်ချင်း ဆိုဖာပေါ်တွင် အိပ်ပျော်နေသော အရိပ်အား နိုးဖို့ပြင်လိုက်သည်။

"အရိပ်......အရိပ်ရေ......"
ကြီးသန်း ခေါ်သံကြောင့် သူမအိပ်ပျော်နေရာမှ နိုးလာသည်။

"ရှင်.......ကြီးသန်း "

"ဒီမှာ ဘာလို့အိပ်နေတာလဲ အရိပ်ရဲ့ အပေါ်က အခန်းထဲမှာ သွားအိပ်လေ "

"ဟိုဟာ.......အဲ့ဒါက....."

"ကဲပါ....... ထလိုက်ပါတော့ ခဏနေရင် သခင်လေးပြန်လာတော့မှာ ဆက်မအိပ်နေနဲ့တော့ ကြားလား အရိပ်"

"အေးအေး........ဒါဆို ငါညစာချက်ဖို့ မီးဖိုခန်းထဲ သွားလိုက်အုံးမယ်"

"ဟုတ်......."
ဒီလိုနဲ့ ကြီးသန်း ထွက်သွားသည်။ သူမကတော့ မဏ္ဏိုင်ပြန်လာမည်ကို ရင်တစ်ထိပ်ထိပ်နဲ့ စောင့်နေရသည်။
အချိန်အနည်းငယ်ကြာတော့ ခြံရှေ့မှ ကားဟွန်းတီးသံကြားလိုက်သည်။

"ဉီးခမ်း ပြန်လာပြီ ထင်တယ်"
ဆိုကာ သူမအိမ်ရှေ့သို့ ထွက်၍စောင့်ရန် ပြင်လိုက်သည်။ သူမနံရံကိုသာ အားကိုးပြီး အိမ်ရှေ့သို့ ရောက်အောင်လာခဲ့ရသည်။

"အရိပ်လေး....... အဝတ်အစားလဲထားတာလား"

"ဟုတ်.......

"လာအထဲဝင် ရအောင်လေ......"


"ဟုတ်....... "
သူမ မဏ္ဏိုင် လက်မှာပါလာ တဲ့ အိတ်လေးကို ယူလိုက်သည်။

ဗုတ်........
သူမ လက် အတော်နာနေသည်ဖြစ်၍ ထိုအိတ်လေးကိုပင် မမနိုင်ဖြစ်နေသည်။ တစ်ခုခု ကျသွားသော အသံကြောင့် မဏ္ဏိုင် သူမဘက်လှည့်ကြည့်လိုက်သည်။

"အရိပ်လေးရယ် မမနိုင်ရင် ကိုယ့်ကိုပြောပေါ့ ကိုယ်မခဲ့မှာပေါ့ "
ဆိုကာ ကျနေတဲ့ အိတ်လေးအား မဏ္ဏိုင် ကောက်ယူလိုက်သည်။ ထို့နောက် မဏ္ဏိုင် အိမ်ထဲသို့ ဝင်သွားသည်။ သူမကတော့မဏ္ဏိုင် မရိပ်မိအောင် နံရံများကို အားကိုးကာ အထဲသို့ ဝင်လာခဲ့သည်။

"ဟင်........ ဉီးခမ်းက အပေါ်ကိုတက်မလို့လား ဒုက္ခဘဲ ငါဒီတိုင်းတောင်မှ မနည်းလျှောက်နေရပါတယ်ဆို အပေါ်ကို ဘယ်လို တက်ရမှာပါလိမ့် ခဏကတက်တာတောင် နာရီဝက်နီးပါးကြာတာ ဘယ်လိုတက်ရမှာပါလိမ့်........."
သူမ စိတ်ထဲကနေပြောနေသည်။ ခဏက အပေါ်သို့တက်ထားတဲ့ အရှိန်ကြောင့် ဒဏ်ရာ ကပို၍ နာနေသည်။ ထိုအချိန်

"အရိပ်လေး အဲ့မှာ ဘာရပ်လုပ်နေတာလဲ အပေါ်တက်ခဲ့လေ"
မဏ္ဏိုင်လှေကား ငါးထစ်လောက်မှာ နေ၍ အရိပ်အား လှမ်းခေါ်လိုက်သည်။

"ရှင်.......ဟုတ်......."
ဒီလိုနဲ့ သူမအပေါ်သို့ တက်ဖို့ ပြင်လိုက်သည်။ မဏ္ဏိုင် ဒီနေ့ သူမလေး ထူးခြားနေသည်ဆို၍ လှေကားငါးထစ်လောက်ကနေ သူမအား လှည့်ကြည့်နေသည်။ သူမ လှေကား လက်ရန်းတန်းကို ကိုင်လိုက်ပြီး ခြေထောက်တစ်ဖက်ကို အရင် အပေါ်သို့တင်လိုက်သည်။ ခဏကြာမှ ကျန်တဲ့ တစ်ဖက်ကို ပြန်တင်လိုက်သည်။ မဏ္ဏိုင် သူမအား မျက်မှောင်ကြုံ့ကာ ကြည့်နေသည်။ ထို့နောက် သူအရိပ်ရှိရာဆီ ပြန်ဆင်းလာပြီး

"ခြေထောက်က ဘာဖြစ်တာလဲ အရိပ်လေး"

"ရှင်...... ခြေ.......ခြေထောက်ကဘာမှ မဖြစ်ပါဘူး"
မျက်မှောင်ကြုံ့ကာ မေးနေသည့် မဏ္ဏိုင်အားသူမ ကြောက်ကြောက်ဖြင့် ပြန်ဖြေလိုက်သည်။

"ကိုယ်က လိမ်တာအမုန်းဆုံးဘဲနော် ကိုယ့်ကို မှန်မှန်ပြောစမ်း ခြေထောက်က ဘာဖြစ်တာလဲ "

"ဟိုဟာ........ ဟို....... အရိပ်ချော်လဲသွားလို့ပါ အဲ့ဒါခြေထောက် ခေါက်သွားလို့ နည်းနည်းနာနေတာ"

"ဘယ်နားမှာလဲတာလဲ"

"ဟို.......ဟို......"

"ကိုယ့်ကို မှန်မှန်ပြောနော် အရိပ်လေး ကိုယ်လိမ်တာမကြိုက်ဘူးလို့ ပြောပြီးပြီးနော်"

"ဟို....... တစ်ကယ်တော့ အရိပ် ခြံအနောက်က သရက်ပင်ပေါ်က ပြုတ်ကျတာပါ"

"ဘာ......"
သူ့ရဲ့ ဘာ ဆိုသည့် အသံကြီးက တစ်အိမ်လုံးရှိ လူများအားလန့်သွား​ေစသည်။ ဒီလိုနဲ့ အိမ်ထဲရှိ လူအားလုံး အသံလာရာ လှေကားနားသို့ ပြေးလာခဲ့ကြသည်။

"ဘာဖြစ်တာလဲဟင်.......သခင်လေး......."
ဉီးဘသက် သူတို့အနား ရောက်တော့မေးလိုက်သည်။

"ဉီးဘသက် ဒီနေ့ အိမ်မှာဘယ်သူတွေ ကျန်ခဲ့လဲ"

"ဉီးကြည်ထွန်းရယ် ငုဝါဖူးရယ် အရိပ်ရယ် အိမ်မှာကျန်ခဲ့ပါတယ် သခင်လေး"

"ငုဝါဖူး "

"ရှင်......"

"မင်းနေ့လယ်က ဘာလုပ်နေလဲ"

"ဟို.......ဟို....... ဧည့်ခန်းထဲမှာသန့်ရှင်းရေးလုပ်နေပါတယ်"

"ဉီးကြည်ထွန်းကကော"

"ကျွန်တော်က ခြံထဲမှာဘဲ နေနေတာပါ"

"အရိပ်လေး....."

"ရှင်......."

"အရိပ်လေးက ဘာဖြစ်လို့ ခြံနောက်က သရက်ပင်ပေါ် ဘာသွားလုပ်လို့ ပြုတ်ကျလာရတာလဲ"

"ဟိုဟာ.......အရိပ် သရက်သီးစားချင်လို့ ​သွားခူးလိုက်မိတာပါ"

"တစ်ခြားလူကို ခူးခိုင်းလို့မရဘူးလား အရိပ်လေး"

"အဲ့ဒါက........ တစ်ခြားလူတွေမအားလို့ပါ ဒါကြောင့်မို့ အရိပ် ကိုယ့်ဟာကိုယ်ဘဲ သွားခူးလိုက်တာပါ"

"မခူးနိုင်ရင် ကိုယ်ပြန်လာတဲ့အထိစောင့်ပေါ့ ကိုယ်ပြန်လာတော့ ခူးပေးမှာပေါ့........ ပြ......ဘယ်မှာ ဒဏ်ရာရသွားတာလဲ"

သူမ အင်္ကျီ လက်ကလေးကို ခေါက်တင်ပြလိုက်သည်။ ထို့နောက် ဒူးခေါင်းနားက ဒဏ်ရာကိုလဲ ပြပေးလိုက်သည်။

"ဟင်........ သရက်သီးလေးစားဖို့ ဒီလောက်ထိဖြစ်အောင်လုပ်တယ်ပေါ့ ရတယ်....... လာခဲ့"
ဆိုကာ မဏ္ဏိုင်သူမကိုယ်လေးအား ပွေ့လိုက်သည်။

"ဟင်...... ဉီးခမ်း ဘာလုပ်တာလဲ ချပေးပါ"

မဏ္ဏိုင် သူမရဲ့စကားကို နားမထောင်ဘဲ ဉီးဘသက်ဘက် လှည့်လာခဲ့သည်။

"ဉီးဘသက် ခြံအနောက်က မီးဖွင့်ထားပေး"

"ဟုတ်...."
ဒီလိုနဲ့ ဉီးဘသက်လဲ ခြံအနောက်ကမီး သွားဖွင့်ပေးလိုက်သည်။ မဏ္ဏိုင် သူမကိုယ်လေးကို ပွေ့ကာ ခြံအနောက်ဘက် သရက်ပင်ရှိရာ လာခဲ့သည်။ ကျန်ခဲ့တဲ့လူတွေမှာတော့ ပါးစပ်အဟောင်းသားနှင့် ကျန်ခဲ့သည်။
သရက်ပင်ရှေ့ရောက်တော့ မဏ္ဏိုင်သူမကိုယ်လေးကို ချပေးလိုက်ပြီး သရက်ပင်ပေါ်သို့ တက်ရန်ပြင်လိုက်သည်။

"ဉီးခမ်း ဘာလုပ်မလို့လဲ ပြန်ဆင်းလာပါ တစ်ခုခုဖြစ်သွားလိမ့်မယ်"

"အရိပ်လေးဘဲ သရက်သီးစားချင်တယ်ဆို ခဏတုန်းက အရိပ်လေး ခူးတုန်းက သရက်သီးမရဘဲ ပြုတ်ကျလာတာမလား အဲ့ဒါကြောင့်မို့ ကိုယ် ပြန်ခူးပေးမလို့"
ဆိုကာ မဏ္ဏိုင် သရက်သီးများခူးနေသည်။

"တော်ပြီ အရိပ် သရက်သီးမစားချင်တော့ဘူး ပြန်ဆင်းလာခဲ့ပါတော့နော်"
သူမ မျက်ရည်များဝဲကာ ပြောလာမှ မဏ္ဏိုင် သရက်သီးခူးနေတာ ရပ်လိုက်ပြီး ဆင်းလာခဲ့သည်။ လက်ထဲတွင်လဲ သရက်သီး နှစ်လုံးသုံးလုံးလောက်ပါလာသည်။
သူလဲ အောက်ရောက်တော့ သူမလေးငိုနေပြီ။

"ကိုယ်တောင်းပန်ပါတယ်နော် အရိပ်လေး ကိုယ်က အရိပ်လေး ကိုယ့်ဟာကို ဒဏ်ရာရအောင်လုပ်တော့ ကိုယ်ကမခံချင်လို့ အရိပ်လေးကို သရက်သီး ခူးပေးဖို့လုပ်လိုက်တာပါ ကိုယ်တောင်းပန်ပါတယ်"
ဆိုကာမဏ္ဏိုင် သရက်သီးတွေကို ဘေးချထားလိုက်ပြီး သူမကိုယ်လေးအား ဖက်ထားလိုက်သည်။ သူမလေးကတော့ ငိုလျက်။

"မငိုပါနဲ့တော့ ကိုယ်တစ်ကယ်တောင်းပန်ပါတယ်"

"ဉီးခမ်း တောင်းပန်စရာမလိုပါဘူး အရိပ်မှားတာပါ အရိပ်အခု အဲ့ဒါကြောင့် ဉီးခမ်း အသရက်သီးမစားချင်တော့ပါဘူးပင်ပေါ်တက်စရာမလိုတော့ပါဘူး"

"ဟုတ်ပါပြီ ကိုယ်အပင်ပေါ်လဲမတက်တော့ဘူ အဲ့ဒါကြောင့်မငိုနဲ့တော့နော်"

"အင်း........"

"လာဒါဆို အထဲသွားရအောင် မိုးချုပ်နေပြီ ညစာလဲစားရတော့မယ်"

"ဟုတ်......."
ဒီလိုနဲ့ မဏ္ဏိုင် သူမကိုယ်လေးကို ပွေ့ကာအိမ်ကြီးထဲဝင်လာခဲ့သည်။ ငုဝါဖူးကတော့ အရိပ် အမှန်တိုင်းပြောလိုက်မှီကို စိုးရိမ်နေသည်။ ခဏကြာတော့ သူတို့နှစ်ယောက် အိမ်ကြီးထဲဝင်လာခဲ့သည်။

ကြီးသန်း......

"ရှင် သခင်လေး"

"ညစာအဆင်သင့်လုပ်ထားလိုက်ပါ"

"ဟုတ်......"
ဒီလိုနဲ့ ကြီးသန်းကောဝတ်ရည်သန့်ကော ငုဝါဖူးပါ မီးဖိုခန်းထဲဝင်သွားကြသည်။

"ဒီမှာ ထိုင်နေအုံးနော် ကိုယ်အပေါ်ခဏ သွားလိုက်အုံးမယ် "

"ဟုတ်........ "
ဒီလိုနဲ့ မဏ္ဏိုင် သူမလေးအား ထမင်းစားခန်းထဲ ထားခဲ့ ပြီး သူကတော့ ဒတိယအထပ်က cctv အခန်းသို့ ဝင်လာခဲ့သည်။

"အရိပ်လေးကတော့ သရက်သီး ကိုစားချင်ရင်တောင် ခူးစားမှာမဟုတ်ဘူး ဒါတစ်ယောက်ယောက်ခိုင်းတာဘဲနေမှာ အဟွန်း....... မိလို့ကတော့ အသေပါဘဲ"
မဏ္ဏိုင် သရက်ပင်ရှိတဲ့ခြံအနောက်ဘက်က cctv ကိုကြည့်လိုက်သည်။

ဟင်........
သူတွေ့လိုက်တာက အရိပ်နှင့်အတူ ရပ်နေသောငုဝါဖူး။ ဘာတွေပြောနေကြမှန်းမသိ ။ ခဏကြာတော့ အရိပ်သစ်ပင်ပေါ်သို့ တက်သွားသည်။ မကြာပါဘူး သူမလေး အပေါ်က အဆင်း ခြေချောပြီး ပြုတ်ကျသွားသည်။ ငုဝါဖူး ချက်ချင်း မကူဘဲ ရပ်ကြည့်နေသည်။

"တောက်...... ငုဝါဖူး.....မင်းတော့သေဖို့သာ ပြင်ထားလိုက်တော့ လာကတည်းကပြောထားတာကို အရိပ်လေးကို ခိုင်းဖို့ အိမ်ခေါ်လာတာမဟုတ်ဘူးလို့......... ပြောထားရဲ့သားနဲ့ မင်း......တောက်........"
မဏ္ဏိုင် ဒေါသအတော်ထွက်နေသည်။



စာဖတ်သူလေးများအားလုံး ဂရုစိုက်ကြပါ။

ဝါသနာအရရေးတာမို့အမှားပါရင်ခွင့်လွှတ်ပါရှင့်။ 🙏🏻🙏🏻




rate now: