"ရှင်ကြီးချစ်တဲ့ကျွန်မ"
သာယာတဲ့ ညနေခင်းလေးမှာ ဒေါ်သက်ထားခင်တစ်ယောက် ကော်ဖီသောက်ရင်း နေဝင်ဆည်းဆာကိုကြည့်ရှုနေသည်။ ခဏကြာတော့ ဖုန်းဝင်သံကြားလိုက်သည်။ ဒေါ်သက်ထားခင် ဖုန်းလေးအား ချက်ချင်းကိုင်လိုက်သည်။
"ဟယ်လို......"
"ဟယ်လို....ဒေါ်သက်ထားခင်တို့အိမ်ကလား"
"ဟုတ်ပါတယ် အခုပြောနေပါတယ်"
"အော်..... ရွာဉီးကျောင်းက ဘုန်းဘုန်းပါ"
"အော်......ဘုန်းဘုန်း ဘာကိစ္စ ရှိလို့လဲဘုရား"
"ကိစ္စကြီးကြီးမားမားမဟုတ်ပါဘူးကွယ်..... တစ်ပါတ်ခါ ဘုန်းဘုန်းတို့ရွာမှာ ညောင်ရေသွန်းပွဲရှိလို့ အဲ့ဒါ ဒေါ်သက်ထားခင်တို့ကို လှမ်းဖုန်းဆက်လိုက်တာ လာနိုင်မှလာနော်"
"ရပါတယ်ဘုန်းဘုန်း.... လာခဲ့ရမှာပေါ့ ကို့ရွာဘဲဟာ"
"အေးကွယ်...... ဒါနဲ့ သားလေးကောလိုက်လားမှာမလား"
"လိုက်မယ်ထင်တယ်ဘုန်းဘုန်း မလိုက်ရင်လဲအတင်းခေါ်ခဲ့မှာ"
"သူလိုက်ချင်မှလိုက်ပါစေ အတင်းမခေါ်နဲ့"
"ဟုတ်ကဲ့ပါဘုန်းဘုန်း..... ဒါနဲ့နေကောင်းတယ်မလားဘုန်းဘုန်း"
"ကောင်းပါတယ်ကွယ် ဒေါ်သက်ထားခင်တို့ကော နေကောင်းကြရဲ့လား"
"ကောင်းပါတယ်ဘုန်းဘုန်း"
"အေးကွယ် ဒါဆိုဘုန်းဘုန်း ဖုန်းချလိုက်တော့မယ် တစ်ပါတ်ခါပွဲဆိုတော့ မနက်ဖြန်ညနေလောက်လာခဲ့လိုက်ပေါ့"
"ဟုတ်ကဲ့ဘုန်းဘုန်း"
"အေးအေး......ဒါဆိုဖုန်းချပြီ"
တစ်ဖက်မှ ဖုန်းချသွားသဖြင့် ဒေါ်သက်ထားခင် လဲဖုန်းချလိုက်ပြီး သားကိုဖုန်းခေါ်ရန်ပြင်လိုက်သည်။
📱တီ.....📱
"ဟယ်လို......အမေ ဘာကိစ္စရှိလို့လဲဗျ"
"သားရေ တစ်ပါတ်ခါကြရင် အမေတို့ရွာဉီးကျောင်းက ပွဲရှိလို့ အဲ့ဒါအမေတို့ကို လာဖို့ဖိတ်ထားတာ အဲ့ဒါသားအားလားလို့ မေးကြည့်တာ"
"အားပါတယ် အမေရဲ့ဘယ်ချိန်သွားမှာလဲသာ ပြောကျွန်တော်လိုက်ပို့ပေးမယ်"
"လိုက်ပို့ရုံတင် မရဘူးနော်သားပါ လိုက်ခဲ့ရမှာ"
"အမေသာ လိုက်ခိုင်းချင်တယ်ဆိုရင် ကျွန်တော်လိုက်ခဲ့ပါ့မယ်ဗျ"
"ဟုတ်ပါပြီရှင် မနက်ဖြန်သွားမှာဆိုတော့ ဒီညကတည်းက အဝတ်အစား နှစ်စုံသုံးစုံလောက်ပြင်ထားလိုက်နော်"
"ဟုတ်......ဒါဆိုကျွန်တော် ဖုန်းချလိုက်ပြီနော်"
"အေးအေး "
မဏ္ဏိုင် ဖုန်းချလိုက်ပြီး စားရင်းတွေပြန်စစ်နေသည်။ ခဏကြာတော့ သူ့အခန်းတံခါးခေါက် သံကြားလိုက်သည်။
"ဘယ်သူလဲ"
"ဧကရီဇန် ပါရှင့်"
ချွဲချွဲနွဲ့နွဲ့အသံဖြင့် ပြောလိုက်သော သူမကြောင့် မဏ္ဏိုင် စိတ်အတော်ညစ်သွားသည်။ မိန်းကလေး ဆိုယောင်လို့တောင် လှည့်မကြည့်ချင်တဲ့ မဏ္ဏိုင်အား ဇန် အတင်းလိုက်ကပ်နေသည်။ သူမလွှဲသာလို့သာ သူမနှင့် အနှီးကပ်နေနေရတာ။ စိတ်ထဲတွင်တော့ အတော်စိတ်ပျက်မိသည်။ ဝတ်လာရင်ဖြင့် ပေါင်တို ကိုယ်ကျပ်တွေ ရင်ကလဲဟိုက်တွေနှင့် မဏ္ဏိုင် စိတ်ဝင်စားလာအောင် အမျိုးမျိုး ဆွဲဆောင်နေသူဖြစ်သည်။ အခုလဲ ပေါင်းလယ်လောက်သာ ရှိတဲ့ အနီရောင်ကိုယ်ကျပ်နှင့် မဏ္ဏိုင် အနားကပ်လာသည်။
"ဉီးခမ်းဘာတွေလုပ်နေတာလဲ "
"ငါ့ကို ဉီးခမ်းလို့လာမခေါ်နဲ့မကြိုက်ဘူး ပြီးတော့ငါ့ဆီ အရေးကြီးကိစ္စမရှိဘဲ မလာပါနဲ့ ငါကြိုတင်သတိပေးထားတာနော် နောက်မှ ငါ့အဆိုးမဆိုနဲ့ "
"ဟာ ဉီးခမ်းကလဲ"
သူမပြောလဲပြော လက်ကလဲ မဏ္ဏိုင် ၏ပခုံးနားလေးသို့ ရွှေ့လာသည်။
"မင်း......ဖယ်စမ်း "
ဆုကာ မဏ္ဏိုင်သူမလက်အား ကြမ်းတမ်းစွာ ဖယ်ပစ်လိုက်သည်။
"အား....... ရှင်ဘယ်လိုလူလဲ ဒီမှာသူများလက် အရမ်းနာသွားပြီ"
"လဲသေလိုက် "
"ဘယ်လိုပြောလိုက်တာလဲ"
"ကျစ်......အာရုံနောက်လိုက်တာ သွားတော့ကွာ စိတ်ညစ်တယ် ဘယ်လိုမိန်းမလဲမသိဘူး သွားထွက်သွားတော့"
"ဟွန့်....."
မဏ္ဏိုင်လေသံမှာမှာနှင့် ပြောလိုက်မှ သူမခြေစောင့်ကာ ထွက်သွားသည်။ မဏ္ဏိုင်ကတော့ တုတ်တုတ်မှမလှုပ်ကာ လုပ်စရာရှိတာ ပြန်လုပ်နေသည်။
""""""""""""""""""""""""""""""""""""
"အန်တီခင်လေး သမီးပြန်ရောက်ပြီ"
"ပြန်လာပြီပေါ့ ဘယ်မှာလဲ ပိုက်ဆံ"
မျက်နှာလေးညိုးကာ ပြန်လာသော အရိပ် အားဒေါ်ခင်လေး ပိုက်ဆံ တန်းတောင်းလိုက်သည်။
"ဘယ်မှာလဲလို့ပိုက်ဆံ"
"ဟိုဟာ......ပိုက်ဆံမရခဲ့ဘူး"
"ဘာ...... ညည်းတစ်နေကုန် ဘာတွေ သွားလုပ်နေတာလဲ ငါ နင့်ကိုပိုက်ဆံရှာခိုင်းခဲ့တာလေ အဲ့ဒါကို နင်ကဘယ်လင်နဲ့ သဝေထိုးနေတာလဲ ပြောစမ်း"
"ဒီနေ့က တစ်ရွာလုံး ရွာဉီးကျောင်းဘုန်းကြီးကျောင်းမှာ လုပ်အားပေးနေကြလို့ ဘယ်သူမှ လယ်ထဲမဆင်းကြဘူး အဲ့ဒါ လုပ်စရာမရှိလို့ အရိပ်လဲ ဘုန်းကြီးကျောင်း မှာဝိုင်းကူနေလိုက်တာပါ"
"ပြောလိုက်ရင် ဆင်ခြေကြီးဘဲ သွားစမ်း ငါ့အရှေ့ကအခု ချက်ချင်းသွား မဟုတ်ရင်ငါ နင့်ကိုခေါင်းခေါက်မိတော့မယ် နောက်ပြီးနင်ဒီညစာ မစားနဲ့ကြားလား"
"ဟုတ်....."
သူမ ကျဆင်းလာတဲ့မျက်ရည်တို့ကို လက်ခုံဖြင့် သုတ်ကာ အနောက်ဘက် လွယ်ကွင်းပြင်နားက သပြေပင်အောက်သို့လာခဲ့သည်။
"အဟင့်......အမေရေ သမီးကိုသာ ခေါ်သွားလိုက်ပါလားဟင် သမီးဒီမှာမနေချင်ဘူးအမေရဲ့ အဟင့်......"
သူမအမေဆုံးပြီးနောက် သူမအဖေ မိထွေး တို့နှင့်အတူတူ နေထိုင်လာခဲ့ရသည်။ မကြာပါဘူး သူမအဖေလဲ မြို့တက်အလုပ်လုပ်ပြီး အပြန်ကားမှောက်လို့ ဆုံးသွားခဲ့တာ အတော်ကြာပြီ ။ အဲ့ဒါနဲ့ သူမလဲ မိထွေးဖြစ်သူ ဒေါ်ခင်လေးနှင့် မနေချင်သော်လဲ အောင့်အိကာနေထိုင်ခဲ့ရသည်။ သူမ မိထွေးက အတော်လေးဆိုးသဖြင့် သူမမှာ သူမမိထွေး လုပ်သမျှ ပြောသမျှကို ခံနေရသည်။ သူမမှာ ငြင်းပယ်ခွင့်ဆိုတာ မရှိခဲ့ပေ။ ဒါကို တစ်ရွာလုံးက လူတွေကမသိ။ သူမ မိထွေးကို မိထွေးဖြစ်ပြီး သူမကို သားသမီးအရင်းလေးလို စောင့်ရှောက်သူဟု ထင်နေကြသည်။ ဒါကလဲ သူမမိထွေးသရုပ်ဆောင်ကောင်းလွန်းလို့ပင်။
"""""""""""""""""""""""""""""""""""
"အန်တီခင်လေး အရိပ်ကော"
"အနောက်မှာနေမှာပေါ့"
"ဟုတ်"
တစ်ရွာလုံးကဒေါ်ခင်လေးကောင်းသည်ဟုထင်နေကြသော်လဲ သူမ၏သူငယ်ချင်း စံပယ်ကတော့သူမမိထွေးမကောင်းမှန်းသိသည်။ စံပယ် အရိပ်လေးထိုင်နေမည့် နေရာကိုသိ၍အမြန်လာခဲ့သည်။
"အရိပ် ဘာဖြစ်နေတာလဲ နင့်မိထွေး နင့်ကိုဘာလုပ်လိုက်တာလဲ"
"အဟင့်....."
အရိပ် စံပယ်ကို ဖက်လိုက်ပြီး ငိုနေလိုက်သည်။
"နင့်မိထွေးနင့်ကို ဆူပြန်ပြီလား"
"ငါမနေချင်တော့ဘူဟာ ငါဘယ်လိုလုပ်ရမလဲဟင်......"
"ဘာမှအားမငယ်ပါနဲ့ ငါရှိသေးတယ်လေ"
အဟင့်......
"မငိုနဲ့တော့ မငိုနဲ့တော့....တိတ် ဘာဖြစ်လာတာလဲ ငါ့ကိုပြော"
"အန်တီခင်လေး ငါ့ကိုညစာမစားနဲ့တဲ့ ငါဒီနေ့ အလုပ်မရှိလို့ ပိုက်ဆံမရခဲ့ဘူး အဲ့ဒါကို စိတ်တိုသွားပြီး ငါ့ကို ညစာမကျွေးဘူးတဲ့"
သူမငိုလဲငိုရင်း ပြောနေသည်။
"ဘာမှမဖြစ်ဘူး ငါ့ဆီမှာလာစား လာလာ အမြန်ထ ဒီမှာထိုင်မငိုနေနဲ့တော့ လာညစာသွားစားမယ်"
စံပယ် သူမလက်ကလေးကို ကိုင်လိုက်ပြီး ထွက်လာခဲ့သည်။
"ဘယ်သွားအုံးမလို့လဲ မိအရိပ် "
ရှင်......
"ဟိုဘက်ခဏသွားမလို့ပါ "
အရိပ်အရမ်းကြောက် စံပယ်လက်ကလေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
"အဟင်း.....ပြောကိုမပြောချင်ဘူး"
"လာလာ သွားမယ်"
စံပယ်သူမကျောလေးကို ဖက်လိုက်ပြီး ညစာစားဖို့ ထွက်လာခဲ့သည်။
""""""""""""""""""""""""""""""""
မဏ္ဏိုင်မနက်ဖြန်အတွက် ကြိုတင်ပြင်ဆင်နေသည်။ ယောပုဆိုးနှစ်ထည်နှင့် တိုက်ပုံနှစ်ထည် ထည့်လိုက်သည်။ ထို့နောက် လိုအပ်တာလေးတွေ နည်းနည်းထပ်ထည့်လိုက်သည်။ သူကတော့သွားဖို့အဆင်သင့်ဖြစ်နေပြီ။
"အမေကော အဆင့်သင့် ဖြစ်ပြီးလား မသိဘူး ငါဖုန်းဆက်ကြည့်အုံးမှ"
ဆိုကာ မဏ္ဏိုင် သူအမေအားဖုန်းခေါ်လိုက်သည်။ သူတို့က ရန်ကုန်တစ်မြို့တည်းတွင် အတူနေကြသော်လဲ အိမ်ကတော့အတူမနေကြပေ။ မဏ္ဏိုင် ကအလုပ်ကိစ္စ ကြောင့် အိမ်သက်သက်ခွဲနေသည်။
"ဟယ်လို.....အမေ့"
"အော်.....သား....ပြောလေ"
"အဆင်သင့်ဖြစ်ပြီလားလို့မေးမလို့ပါ ကျွန်တော်ကတော့ ပြင်ပြီးပြီး အမေကောပြင်ပြီးပြီးလား သိချင်လို့"
"ပြင်ပြီးပါပြီ သားရဲ့"
"ဟုတ် ဒါနဲ့ မနက်ဖြန် ဘယ်ချိန်သွားမှာလဲ"
"ညနေ၃နာရီလောက်သွားရအောင်လေ "
"ဟုတ်"
"ဒါနဲ့သား ဘယ်ချိန်မိန်းမယူမှာလဲ အခုတောင် အသက်၂၉ရှိနေပြီ ၃၀တောင်ပြည့်တော့မှာ အမေမြေးချီ ချင်သေးတယ်သားရဲ့"
"ဟာ....အမေကလဲဗျာ ကျွန်တော့ဘဝမှာ အမေရှိနေရင်ရပြီဘဲဟာ"
"အမေက အမြဲတမ်းရှိမနေနိုင်ဘူးလေ သားရဲ့"
"တော်ပြီဟာ ကျွန်တေည်ဖုန်းချပြီ မနက်ဖြန် ညနေပိုင်းလောက် လာခေါ်လိုက်မယ်နော် ဂွတ်နိုက်"
ဆိုကာ မဏ္ဏိုင် ဖုန်းချလိုက်တော့သည်။
"ဟူး.....ဒီသားနဲ့လဲ ပြောကခက်လိုက်တာ အရှင်ဘုရားရေ သားချစ်တဲ့သူ မြန်မြန်တွေ့ပါစေတော့"
"""""""""""""""""""""""""""""""""""""
မနက်ခင်းနေရောင်ခြည်က ထရံပေါက်တွေကြားမှ အရိပ် လေး၏မျက်နှာပေါ်တွင် ထင်ဟပ်နေသည်။ ငိုထားတဲ့မျက်ရည်စများကလဲ သူမမျက်နှာပေါ်တွင် ကျန်ရစ်နေသည်။ သူမ အိပ်ရာအမြန်ထလိုက်ပြီး မျက်နှာသစ်ပြီး ထွက်လာခဲ့သည်။
"ဘယ်လဲမိအရိပ်"
"ဘုန်းကြီးကျောင်း ပါ"
"သွား...."
"ဟုတ်....."
အရိပ်ကို ခိုင်းချင်တာခိုင်းရအောင်မို့ ဘုန်းဘုန်းကိုယ်တိုင် သူမမိထွေးအားလာပြောထားသဖြင့် သူမမိထွေး လျှောလျှောရှူရှူသွားခိုင်းလိုက်သည်။
ဘုန်းကြီးကျောင်းရောက်ရော မနက်ဖြန်အတွက် ချက်ပြုတ်နေကြသည်။ ညနေတွင် ကျောင်းရဲ့ အလှူရှင် လာမည်ဆို၍ အရိပ် ထိုအလှူရှင်တွေ အတွက် သီးသန့်ပြင်နေသည်။အလှူရှင်တွေအတွက် နေစရာ အိပ်စရာ စားစရာ အကုန်လုံးနီးပါ သူမတစ်ယောက်တည်းကိုပင် ဘုန်းဘုန်းက တာဝန်ယူခိုင်းထားသည်။ ဒီလိုတာဝန်ယူခိုင်းတာကလဲ သူမရဲ့ ရိုးသားတဲ့စိတ် လိမ်မာပါးနပ်မှုကြောင့်ဖြစ်သည်။
""""""""""""""""""""""""""""""""""""""
"အမေ သွားမယ်"
"အေးအေး...."
မဏ္ဏိုင် ထိုရွာလေးသို့သွားမည်ကို စိတ်ထဲအတော်ပျော်နေမိသည်။ ဘာလို့လဲတော့မသိပေမဲ့ သယပျော်နေတာတော့ သူကိုယ်တိုင်အသိပေ။
""""""""""""""""""""""""""""""""""""
"ဧည့်သည်တွေရောက်ပြီတဲ့ အရိပ် သွားကြိုချေ"
"ဟုတ်ဘုန်းဘုန်း"
သူမ အလျင်အမြန်ထလိုက်ပြီး ဧည့်သည်ကားရှိရာ ပြေးလာခဲ့သည်။
"အန်တီတို့ ရောင်ပြီလားရှင့်"
"သမီးက"
"ဘုန်းဘုန်းလွှတ်လိုက်တာပါ အန်တီတို့အိပ်ဖို့ စားဖို့ အရိပ်အဆင်သင့်ပြင်ထားပါတယ်"
"အော်...... "
"ဒါနဲ့ အန်တီတို့ အဝတ်ထုတ်တွေကော"
"ကားအနောက်ခန်းမှာ သမီးရဲ့ ဘာလုပ်မလို့လဲ"
"သယ်ကူမလို့ပါ"
"ရပါတယ် အထုတ်တွေက မများပါဘူးသမီးရဲ့"
"ရပါတယ် အန်တီဘုန်းဘုန်းစောင့်နေတယ် သွားလိုက်ပါ သမီးဒီအထုတ်တွေ သယ်ထားလိုက်ပါမယ် သွားလိုက်နော်"
သူမအတင်းသွားခိုင်းနေသဖြင့် ေဒါ်သက်ထားခင်လဲ သွားဖို့ပြင်လိုက်စဉ် သူမရဲ့သားကတော့ ကားထဲကနေကိုမထွက်နိုင်သေးပင်။
"သား ထွက်လာလေ ဘာလုပ်နေတာလဲ"
"ဟုတ်ကဲ့ပါ ကျွန်တော် ကားေမာင်းလာရတာပင်ပန်းနေပြီမို့ ခဏမှေးနေတာပါ"
"အဲ့ဒါဆို သားအရင်နားနှင့်လိုက်နော် အမေ ဘုန်းဘုန်းဆီ သွားလိုက်အုံးမယ်"
"ဟုတ် ဘုန်းဘုန်း ကိုလဲသေချာပြောပြလိုက်အုံးနော် ကျွန်တော် အရမ်းပင်ပန်းနေပြီမို့ အရင်နားနှင့်တော့မယ်"
"ေအးပါ......ဒီကသမီးလေးက လိုက်ပို့ပေးလိမ့်မယ် သွားနားလိုက်"
"ဟုတ်....."
အဲ့ဒါနဲ့ ဒေါ်သက်ထားခင်ထွက်သွားသည်။
"ဟိုဟာ......ဉီးလေးရှင့် ကားတံခါးဖွင့်ပေးပါအုံး အရိပ် ပစ္စည်း တွေသယ်ကူမလို့"
မဏ္ဏိုင် ထိုကောင်မလေးအသံကြားမှ အသိဝင်လာသည်။
"ဟုတ်သားဘဲ အဝတ်ထုတ်တွေကားပေါ်မှာဘဲ"
ဆုကာ ကားတံခါးဖွင့်လိုက်သည်။ ထို့နောက် ထိုကောင်မလေးကို အမှတ်မထင်ဘဲ ကြည့်မိသွားသည်။ အမှေင်ထဲဆိုတော့ သူမရုပ်ကလေးအား ရှင်းလင်းစွာမမြင်ရပေ။ သူအဝတ်ထုတ်တွေအား တစ်ယောက်ထဲ မနည်းမယူနေသည်။
"ပေး မင်းတစ်ယောက်ထဲမ မနိုင်ဘူး"
ဆုကာမဏ္ဏိုင် သူမလက်ထဲက အဝတ်ထုတ် တ်ထုတ်ယူလိုက်သည်။ သူမလဲဘာမှ ပြန်မပြောဘဲ ဉီးဆောင်ကာ လာခဲ့သည်။
"ရောက်ပြီ"
သူမအနောက်မှာရပ်နေတဲ့ မဏ္ဏိုင် အားလှည့်ကြည့်ကာ ပြောလိုက်သည်။
မဏ္ဏိုင် ကတော့ သူမအားတစ်ချက်မျှ လှည့်မကြည့်ဘဲ ဝင်သွားသည်။
သူမကတော့ လက်မှာပါလာသည့် အထုတ်တွေအား ကုတင်တစ်ခုပေါ်သို့တင်နေသည်။
"ဒီမှာ မိန်းကလေး ငါရေအရင်ချိုးချင်တယ်"
မဏ္ဏိုင် သူ့အား ကျောပေးကာရပ်နေတဲ့ သူမအား ပြောလိုက်သည်။
"ဟုတ်...... ဒီဘက်မှာပါ အရိပ်လိုက်ပြပေးမယ်"
သူမ မဏ္ဏိုင်ဘက်လှည့်ပြီး ပြောလိုက်ချိန် သူတို့နှစ်ယောက် အကြည့်ချင်းစုံသွားသည်။ သူမမဏ္ဏိုင်၏ အကြည့်များအားမခံနိုင်ကာ သူမဘက်က အရင်အကြည့်လွှဲလိုက်ပြီး ခေါင်းလေးငုံ့ထားသည်။ မဏ္ဏိုင်ကတော့ သူမအားစူးစိုက်စွာ ကြည့်နေမိသည်။ သနပ်ခါးလေးအား ပါးပေါ်သို့ ပါးကွက်ကြားလိမ်းထားပြီး ကျောလယ်လောက်ရှိတဲ့နက်မောင်နေတဲ့ ဆံပင်များအား ဆံကျစ်နှစ်ခွ ကျစ်ကာ အရှေ့သို့ ချထားသည်။ မျက်လုံးဝိုင်းဝိုင်း နှာတံဆင်းဆင်းဖြင့် စတော်ဘယ်ရီအရောင် သူမနှုတ်ခမ်းများက မဏ္ဏိုင်အား ဆွဲဆောင်နေသည်။ အင်္ကျီ အနွမ်းအကွက်လေးနှင့် လုံချည်အနွမ်းလေးသာ ဝတ်ထားတဲ့သူမက မဏ္ဏိုင်အား ဆွဲဆောင်လွန်းကြီးမားနေသည်။ မဏ္ဏိုင် ဘယ်ဘက်ရင်အုံမှ တစ်လျှပ်လျှပ်ဖြစ်နေရသည်။ ဒါက သူများတွေပြောနေတဲ့ ရင်ခုန်တယ်ဆိုတာလား။
အပိုင်း(၁)
တင်လိုက်ပြီနော်။😊
စာဖတ်သူလေများအားလုံး ဂရုစိုက်ကြနော်။
ဝါသနာအရရေးတာမို့ အမှားပါရင်ခွင့်လွှတ်ပါရှင့်။ 🙏🏻🙏🏻
𝐴𝑢𝑡ℎ𝑜𝑟 𝑁𝑤𝑒