book

Index 44

အခန်း [ ၄၄ ]

  • Author : Wine Satt Cho
  • Genres : Romance, Comedy, Drama, Fantasy

🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬

                          { My Queen , My Angel }


••••••••••• ♡ အခန်း [ ၄၄ ] ♡ ••••••••••••


""ကိုကို!""


""ဗျာ!""


""အဆိုးဗိုက်ဆာလာပြီ""


""အဟွန်း! ဆာမှာပေါ့၊ မနက်က breakfastကိုသေချာမှမစားထားတာ...အပြင်ထွက်လည်ဖို့ပဲလောနေတာကိုး""


""နည်းနည်းပဲဆာတာပါ

ဟိုနားလေးထိသွားကြည့်ပြီးမှ ထမင်းစားတော့မယ်""


""မရဘူးလေကွာ

အကြာကြီးအဆာခံရင်ဗိုက်အောင့်လိမ့်မယ်

လာ...ထမင်းအရင်ကျွေးမယ်၊ပြီးမှ ကစားတော့""


ခေါင်းလေးကိုဖွဖွပုတ်၍ချော့ပြောကာ ကြင်ကြင်နာနာပြုံးပြနေသည့် ထိုအပြုံးကြောင့် ရှင်ရှင့်နှလုံးသားထဲနွေးခနဲ။လူကလည်း သူ့ရင်ခွင်ထဲအရောက်တိုးဝင်မီနွဲ့ကာ လက်လေးတွေကလည်းသူ့ကျောပြင်ဆီ သိုင်းဖက်တွယ်ချိတ်ထားရင်းမှ ခပ်လှမ်းလှမ်းတစ်နေရာဆီအကြည့်ရောက်မိခိုက်...


""ကိုကို! ဟိုမှာ စတုဒီသာ မဏ္ဏပ်ရှိတယ်၊သင်္ကြန်ထမင်းတဲ့ သွားစားရအောင်""


ဝမ်းသာအားရလေသံလေးဖြင့် ခုန်ပေါက်ကာ ပူဆာပြန်သည့်နွဲ့ဆိုးကြောင့် လင်းညတစ်ယောက်အတွေးခက်ရပါပြီ။ ရေကစားပြီးခဏနားသည့်အချိန်ကို ကားပေါ်မလိုက်ဘဲ သင်္ကြန်ထမင်းက သွားစားဦးမတဲ့။ ပြီးတော့ နေ့လည်ခင်းနားချိန်မို့ သူမ,ပြသည့်နေရာမှာ လူတွေက ရေစိုဝတ်ကိုယ်စီနှင့် ကျပ်ကျပ်သိပ်သိပ်တိုးဝှေ့ရင်း စတုဒီသာစားနေကြတာလေ...ဒါကို ဒီကလေးကဝင်တိုးမယ်လို့ဆိုလိုတာလား? မဖြစ်ပါ။ ကိုယ်တစ်ယောက်လုံးရှိနေတာပဲဆိုပေမယ့် အဲ့လိုလူအုပ်ထဲကိုဖြင့် ဝင်မတိုးစေချင်တာအမှန်။ ဒါဟာတစ်သက်နဲ့တစ်ကိုယ်တစ်ခါမှလည်း မလုပ်ဖူးတဲ့အရာပင်။


ဟင်း! နွဲ့ဆိုးရယ်...မင်းကတော့ ရှာရှာကြံကြံလုပ်ပြီကွာ။


""နော်လို့ ကိုကို""


""ကလေးရယ် အဲ့မှာလူတွေတအားကျပ်နေတယ်လေ၊ ပြီးတော့ဒီမှာရေတွေလည်းစိုနေတာ..အကြာကြီးနေရင် ကိုယ့်ကလေးဖျားသွားလိမ့်မယ်၊ကားထဲမှာအဝတ်အစားအရင်လဲလိုက်...နော်""


""အာ! မရဘူး မရဘူး

စားမယ်ဆို စားမယ်ပဲ...ကိုကိုနော်!အဆိုး အော်ငိုလိုက်မှာ""


""ဟာကွာ! အဲ့လိုမဆိုးရဘူးလေ""


""အဟင့်! ဟင့်!""


ကဲ! ဒီကလေးမလုပ်ရဲတာဘာမှကိုမရှိပါလား။လူတွေကြားထဲလည်း အော်ငိုဂျီကျပြီး လမ်းပေါ်သို့ဆောင့်ကြောင့်ထိုင်ချကာ ဒူးလေးနှစ်ဖက်ကိုပိုက်လျက် တရှုံ့ရှုံ့ငိုနေပြန်သည်မို့...


""ကျစ်! နွဲ့ဆိုးရာ မင်းကတော့ တအားဂျီကျတာပဲ

လာ...လာ မငိုနဲ့တော့ တိတ်!""


ဘယ်လိုပင်စိတ်ကိုမာထားပါစေ။ဒီကလေးရဲ့မျက်ရည်တွေ့သည်နှင့် အလိုလိုပျော့ညံ့တတ်သောနှလုံးသားမို့ အခုလည်းပဲ တင်းမခံနိုင်စွာ ချော့မိပြန်ပါပြီ။သူမအနားသို့ ကိုယ်ပါအတူထိုင်ချရင်း မျက်ရည်စလေးတွေ တယုတယသုတ်ပေးခါမှ ရောင့်တက်သည့်ကလေးက ခေါင်းလေးငုံ့ကာ ကျိတ်ရှိုက်နေ၍ ကိုယ့်မှာဘာမှဆက်မပြောနိုင်တော့သည့်အဖြစ်။


""မငိုနဲ့တော့ လိမ္မာတယ်၊ ကိုကိုက မင်းနေမကောင်းဖြစ်မှာစိုးရိမ်လို့ပြောနေတာ""


""ကိုကို့ကိုအကြာကြီး ပူဆာနေရတာနဲ့တင် အဆိုးဖျားတော့မှာ...အခုနေမြန်မြန်စားလိုက်ရင်နှစ်ပွဲလောက်ကုန်နေပြီ""


""ကဲ! သွားစေ သွားစေ၊မင်းသဘောပဲဟုတ်ပြီလား""


""ယေး!! ဒါမှအဆိုးရဲ့ကိုကို""


ကြည့်! သူ့အလိုလိုက်တော့ အသံလေးကချက်ချင်းကိုစွာစူးလို့။ ထိုနေရာမှာ လူတွေကများနေ၍ ကိုယ့်ချာတိတ်ရဲ့ခန္ဓာကိုယ်သေးသေးလေး လူအုပ်ကြားထဲညပ်ပြီး ပိနေမှာစိုးကာ လက်ကိုမလွှတ်စတမ်းဆွဲရင်း ကိုယ့်မှာအရိပ်တကြည့်ကြည့်။ သည်လိုကိုယ်ကစိုးရိမ်သလောက် သူမကဖြင့် ထမင်းပန်းကန်တွေပင် လှမ်းယူနေချေပြီ။


""ဒီမှာထိုင်မယ်လေ ကိုကို""


""ဟိုဘက်အရမ်းမတိုးနဲ့ကလေး...ပြုတ်ကျမယ်""


ကံကောင်း၍ ခုံတန်းရှည်တွေရဲ့အစွန်းဘက်မှာ နှစ်ယောက်ထိုင်လောက်သည့်နေရာရသည်။ စားပွဲပေါ်မှာတော့ သရက်သီးသုပ်၊ငါးခြောက်ထောင်းကြော်၊ငရုတ်သီးတောင့်ကြော်တွေစုံနေကာ ဖျော်ရည်တွေလည်း ဝေပေးသေးရဲ့။ ဒါကိုလည်း ငတိမကလက်မြန်မြန်ဖြင့် သုံးလေးခွက်ကောက်သောက်ပစ်လေတော့ ကိုယ့်မှာတအံ့တသြ။ သို့သော်သူများရဲ့စေတနာအလှူမို့ မသောက်ဖို့တားလို့ကလည်းမရပေ။ ဟင်း! နွဲ့ဆိုးတစ်ယောက်နဲ့တော့ ခက်လိုက်တာနော်။


""ကိုကို စားလေ""


""အင်း! စားနေပါတယ် ကလေးရဲ့

ဒါပေမဲ့ကိုကိုသိပ်မကြိုက်ဘူး၊ ငယ်ငယ်ကတည်းက မကြိုက်တာ""


""သြော်! ကိုကိုက ဖယောင်းအနံ့ကိုမခံနိုင်တာလား

ဒါဆို အအေးသောက်မလား""


""ရတယ် ရတယ် မသောက်တော့ဘူး၊ ကလေးမြန်မြန်စားနော်...ပြန်ရအောင်""


""ဟုတ်""


ခေါင်းလေးငြိမ့်ကာဖြေသွားပြီး စားလက်စထမင်းကိုဆက်စားနေစဥ် လင်းညကတော့ ဘေးတိုက်အနေအထားရှိနေသည့် သူမမျက်နှာလေးအား ထိုင်ငေးမိရသည်။ ကြည့်နေရင်းမှပင် ခဏတိုင်းလိုလို သရက်သီးသုပ်ပန်းကန်ဆီပဲ သွားနေသည့်လက်လေးကြောင့် သူ့မှာအလိုမကျတော့ပြန်ကာ...


""ကလေး...အဲ့ဒါတွေအများကြီးမစားပါနဲ့ကွာ

ဗိုက်အောင့်လိမ့်မယ်""


""အဟီး! နည်းနည်းလေးပါ ကိုကိုရဲ့""


စပ်ဖြီးဖြီးလေးလုပ်ပြနေပေမယ့် အစားကတော့တစ်စက်မလျော့။ အနားမှာကိုကိုရှိမှဝတ်ပါမယ်ဆိုတဲ့ 

အတိုအပြတ်က ဒီတစ်ခါမှာလည်း ခါးပေါ်ဗိုက်ပေါ်နှင့်။အောက်ကတော့ ဂျင်းဘောင်းဘီအရှည်မို့တော်သေးရဲ့။သို့သော်လည်း ပေါင်နဲ့ဒူးဆစ်တွေမှာ အပေါက်အပြဲက ပါသေးတာ။ နှစ်ယောက်သားက ကားလမ်းဘက်ကိုကျောပေးထိုင်ရသည်မို့ လမ်းသွားလမ်းလာတွေမြင်သာနေကာ crop topအင်္ကျီခါးတိုလေးအောက်မှ ဗိုက်သားဖွေးဖွေးလေးက အထင်းသားပေါ်လွင်နေ၏။ 


သို့နှင့် သူလည်း နှစ်ယောက်ကြားအနည်းငယ်လစ်ဟနေသည့် အကွာအဝေးကို နီးကပ်သွားစေရန် သူမရဲ့ခါးသိမ်သိမ်လေးမှ စွေ့ခနဲလှမ်းဆွဲကာ ရင်ခွင်ထဲသိမ်းဖက်ထားလိုက်၏။ ထို့နောက်ကိုယ်ပေါ်မှ အပေါ်ထပ်ဂျာကင်အားချွတ်ယူ၍...


""ကလေး! ချမ်းနေလား? ကိုကို့အင်္ကျီခဏဝတ်ထား""


""ဟင့်အင်း! ဝတ်ချင်ဘူး ရှိုးပဲ့တယ်""


""ဒါဆို ခါးမှာချည်ထားလိုက်...""


""ဆိုးမှလက်မအားတာ ကိုကိုချည်ပေး""


ပြောရင်းမှပင် ခါးလေးဆန့်ပေးတာကြောင့် ထိုဂျာကင်လေးအား သူကိုယ်တိုင်ပဲ ခါးပေါ်ခပ်လျော့လျော့ချည်ပေးလိုက်ရ၏။သူမကတော့ နံဘေးကလူဘာလုပ်လုပ် လှည့်ကိုမကြည့်ဘဲ အစားတစ်ခုကိုသာ အာရုံစိုက်နေလျက်...။


~~~~~ 🍬🍬🍬🍬 ~~~~~


နေ့လည်ခင်းမှာ မုန့်စားပြီးသည်နှင့် မျိုးစုံလှည့်ပတ်ပူဆာနေတာကြောင့် တစ်နေ့ခင်းလုံးအိမ်ပြန်မရောက်ခဲ့ပေ။ အဝတ်အစားအပိုတွေကတော့ ကားပေါ်ရှိပြီးသားမို့ လဲဝတ်ထားစေ၏။ တစ်နေကုန်ရေကစားပြီးတာနဲ့ ညဘက်ဖျော်ဖြေတဲ့showပွဲတွေအထိလိုက်ပို့ခိုင်းလေတော့ အိမ်ပြန်ချိန်ဟာအတော်လေးညနက်ရသည်။


အခုလည်း အိမ်ပြန်ရောက်သည့်အချိန်ဟာ ၉နာရီတောင်ကျော်နေပြီ။


""ကလေး! ဖုန်းကိုအကြာကြီးမသုံးနဲ့တော့လေ

လာ အိမ်ထဲဝင်ရအောင်""


""ဟယ် အိမ်တောင်ရောက်ပြီလား

မြန်လိုက်တာ""


""ဟင်း! မင်းဟာလေ...ဆော့ဖို့ကလွဲရင်ဘာမှစိတ်မဝင်စားဘူး၊ တနေကုန်ဆော့ပြီးပင်ပန်းတာတောင် အခုကြည့်! တစ်လမ်းလုံးဂိမ်းကဆော့လာသေးတယ်...ကြာရင်မျက်လုံးလေးတွေထိခိုက်လိမ့်မယ် ကလေးရဲ့""


""အဲ့ကိုကိုကလည်း လူကိုဆူပြန်ပြီ""


""ဆူတယ်ပဲမပြောနဲ့ သည်းငယ်

ကိုကိုမင်းအတွက်ပြောတယ်ဆိုတာ သိရက်နဲ့""


""ဟုတ်ကဲ့ပါ ကိုကိုယောကျ်ားရယ်

သည်းငယ်မဆော့တော့ဘူးဟုတ်ပြီလား""


တကယ်ကိုကြွေချင်စရာအပြောလေးနဲ့ခြွေနေပြန်သည့်ကလေးမကြောင့်ကိုယ့်မှာအသက်ရှူတွေပင်မှားချင်သည်။ လူလေးကလည်းချစ်ဖို့ကောင်း၊စကားကလည်းသိပ်တတ်တော့ ဒီကလေးမျိုးကိုမှသည်းသည်းမလှုပ်ရင် မလှုပ်ဘဲနေနိုင်တဲ့သူဟာ ရူးနေလို့ပဲဖြစ်လိမ့်မည်။


""Ring! Ring!""


""ခဏလေး...မေမေဖုန်းဆက်နေတယ်

Hello မေမေ""


"".....""


""ဟုတ်""


""....""


""လာဘူး...သမီးကမဏ္ဏပ်မှာဆော့တဲ့ဟာ

မနက်ဖြန်ကအတက်နေ့လေ...မနက်ပိုင်းမေမေ့အိမ်လာနေရင်သမီးဆော့ရမယ့်အချိန်လျော့တာပေါ့လို့ ""


""....""


""ဟုတ်!ဒါပဲနော်မေမေ""


""ဘာတဲ့လဲ ကလေးရဲ့""


""မနက်ဖြန်မနက်ပိုင်း အိမ်မှာမုန့်လုံးရေပေါ်လုပ်မလို့တဲ့...လာစားခိုင်းတာ""


""ကလေးကြိုက်တယ်မဟုတ်ဘူးလား

ဘာလို့မသွားချင်တာလဲ""


""မနက်ဖြန်ကသင်္ကြန်နောက်ဆုံးရက်လေးလေ

မနက်ရော၊နေ့လည်ရော ညနေရောဆော့ရမှာ...""


နောက်ဆုံးရက်ကိုအပီအပြင်ဆော့ဖို့သာကြံရွယ်နေပေမယ့် လူကတော့အတော်လေးပင်ပန်းနေတာသိသာသည်။အခုစကားပြောနေတာတောင် မျက်လုံးလေးတွေစင်းကာ မျက်နှာလေးကလည်းခပ်ရဲရဲဖြစ်နေသည်မို့ စိတ်မှာထင့်ခနဲဖြင့်နဖူးလေးဆီလက်ဖဝါးကပ်စမ်းကြည့်လိုက်၏။ကိုယ်ကတော့ပူမနေသည့်တိုင် ဒီမျက်နှာလေးကိုပင် ကိုယ့်မှာအလိုမကျမိပြန်၍...


""ကလေးလေး နေကောင်းရဲ့လား

မျက်လုံးတွေကစင်းနေတာပဲ...ဘယ်နေရာမနေသာလဲသည်းငယ် ကိုယ့်ကိုပြောပါဦး""


""နေကောင်းပါတယ် ကိုကိုရဲ့

မျက်လုံးကဒီလိုဖြစ်နေတာ အိပ်ချင်လို့""


""ဒါဆို အဝတ်အစားလဲပြီးနားတော့နော်

ပေး..ဖုန်းကကိုကိုယူထားမယ်""


"''ဟုတ်""


""ဆေးတော့သောက်ရမယ်နော် သည်းငယ်

တော်ကြာနေမကောင်းဖြစ်နေမှဖြင့်""


""သောက်ချင်ပါဘူး..ဆေးကခါးတယ်""


""ဖျားသွားရင်မနက်ဖြန်လည်ခွင့်ပိတ်မှာနော်""


""ဟွန့်!""


""ကဲ!လမ်းလျှောက်တာကလည်းနှေးလိုက်တာလိပ်မလေးရယ်...လာခဲ့ ကိုကို့ဆီ""


ဘယ်ကတည်းကအခေါ်စောင့်နေသည်မသိတဲ့ကလေးမက ကိုယ့်စကားဆုံးသည်နှင့်နောက်ကျောဘက်မှ ဖတ်ခနဲခုန်တက်ပြီးသားပင်။ သို့နှင့်ခန္ဓာကိုယ်လေးကိုအလိုက်သင့်ထိန်းကာ ကျောပိုးပြီးမှလှေကားထစ်တွေပေါ်ဆက်တက်ခဲ့ရသည်။


""အဟက်! ငါလေးကိုရီးယားမင်းသမီးဖြစ်ပြီ

အိုပါး! ဆာရန်းငဲ့ရော်""


ကြည့်ဦး! ကျောပေါ်ရောက်တာတောင်ငြိမ်ငြိမ်မနေဘဲ ရှာကြံဆော့နေပြန်သည့်ကလေးပေါက်စကို တကယ်အသည်းယားလွန်းလို့ဘယ်လိုလုပ်ရပါ့။


ဟူး!တစ်နေ့တစ်နေ့ကိုယ်လည်း ဒီစိတ်နဲ့ရူးမှာ။


~~~~~ 🍬🍬🍬🍬 ~~~~~


""အင်း! ဟင့်!""


ညသန်းခေါင်ရောက်ခါမှ ခပ်သဲ့သဲ့ညည်းနေသံလေးနားထဲတိုးဝင်လာ၍ စိုးရိမ်စိတ်နှင့်အတူ သူ့မျက်လုံးတို့ဖျတ်ခနဲဖွင့်ကြည့်မိ၏။ ထင်သည့်အတိုင်းပင် ရင်ခွင်ထဲအိပ်ပျော်နေသည့်ကလေးက မျက်လုံးများမပွင့်ဘဲ အသံသဲ့သဲ့လေးထွက်ကာ တငွေ့ငွေ့ရှိန်းနေသောအပူငွေ့က တကိုယ်လုံး ခြစ်ခြစ်တောက်နေသည်မို့ ကိုယ့်မှာစိုးရိမ်တကြီးဖြင့်ချက်ချင်းထထိုင်လျက်..


""ကလေး! ကလေးရေ

သတိထားဦးလေ၊ ကိုကို့အသံကြားရလား""


ခန္ဓာကိုယ်လေးကိုပွေ့ထူကာ ရင်ခွင်ထဲထည့်ဖက်လိုက်ပြီး ပါးလေးထံဖွဖွပုတ်၍ ခေါ်နှိုးသော်လည်း ဖြေသံမကြားရတော့ လူမှာရူးချင်သွားရသည်။ တစ်ကိုယ်လုံးပူခြစ်၍ နှာသီးဖျားလေးတွေအထိရဲရဲနီနေသည်က  ဘယ်လောက်တောင်အဖျားတက်နေမှန်း အသိသာ။မျက်နှာလေးကလည်းဖြူဖျော့လျက် သွေ့ခြောက်နေသည့်နှုတ်ခမ်းလွှာလေးကို ခပ်ဟဟသာဖွင့်၍ သဲ့သဲ့မျှသာညည်းညူရင်းမှ...


""ဟင့်!...ကိုကို""


""အင်း! ဒီမှာကိုကိုရှိတယ်နော်

ကလေးရယ်...ကိုယ်တွေအရမ်းပူနေပြီကွာ""


""အဟွတ်! 

အဆိုး ရေသောက်ချင်တယ်""


""ဟုတ်ပြီ၊ ကိုကိုယူပေးမယ်

ခဏလေး ထလိုက်!""


ရေဖန်ခွက်လေးလက်ထဲထည့်ပေး၍ နှုတ်ခမ်းဝအနားထိတေ့ကာရေတိုက်ပြီးမှ အဝတ်ဗီရိုဆီလျှောက်သွားပြီး cottonသားအင်္ကျီတစ်ထည်ကို ရှာရ၏။ လက်ရှိဝတ်ထားသည့်အင်္ကျီမှာက ချွေးလေးအနည်းငယ်စို့နေချေပြီ။ ပြီးတော့ ဒီလိုအချိန်မှာက သက်သာချောင်ချိမည့်အဝတ်အစားကို ဝတ်ပေးရမည်လေ။ ထို့နောက် ရေပတ်ဝတ်တိုက်ပေးရန် ရေဇလုံနဲ့မွေးပွတဘတ်နုနုတစ်ထည်ကိုပါ ယူလာခဲ့တော့ ချာတိတ်မက မပွင့်တပွင့်မျက်လုံးလေးဖြင့်ငေးကြည့်လာ၏။


""ကိုကို အဲ့ဒါဘာလုပ်မို့လဲ""


""ဆိုးလေးကို ရေပတ်ဝတ်ကပ်ပေးမလို့လေ

အဖျားတွေအရမ်းတက်နေတာကို""


""ဟင့်အင်း! ဒါကြီးလုပ်ရတာကြာတယ်

အဆိုး မြန်မြန်လေးရေချိုးလိုက်မယ်လေ၊ ရေချိုးခန်းကိုလိုက်ပို့ပေး""


""Oh God! ကိုယ့်ကလေးဘယ်လိုတွေပြောလိုက်တာလဲကွာ၊ဒီလောက်ညနက်နေပြီ...ရေချိုးလို့ဖြစ်မလား""


""ဖြစ်ပါတယ် ကိုကိုကလည်း""


ကလေးလေးလိုပင် လက်လေးနှစ်ဖက်ကိုယ့်ဘက်ဆန့်တန်း၍ ချီခိုင်းနေပုံက တကယ်ကိုရိုက်ချင်စရာ။ အခုချိန်မှာ ဒီလိုတောင်းဆိုမှုကမဖြစ်နိုင်မှန်း သူမ,မသိလေရော့သလား။ နေရာတကာအလိုလိုက်ပေးတာနဲ့ပဲ ဟုတ်တာတွေရော၊မဟုတ်တာတွေပါ အကုန်ပူဆာနေတော့တာ။ ဟင်း!နွဲ့ဆိုးတစ်ယောက်နဲ့ကတော့လေ...

..


""ကိုကို...ပူတယ်လို့""


""အင်းပါ၊ကိုကိုသိတယ်...ဒါပေမဲ့ရေချိုးလို့တော့မရဘူး။ကလေးပဲပြောခဲ့တယ်လေ ကိုကို့စကားနားထောင်တော့မယ်ဆို""


""ဟွန့်!""


""ကလေးလေး နားထောင်!...အခုမင်းလုပ်ချင်တာကို ကိုယ်ခွင့်ပြုလိုက်မယ်...ဟုတ်ပြီ၊ရတယ်နော်...ဒါပေမဲ့ အဲ့လိုမဆင်မခြင်လုပ်ရင် ဆိုးလေးအခုထက်ပိုပြီးနေမကောင်းဖြစ်သွားမယ်၊ဆေးခန်းသွားရမယ်၊ခါးတဲ့ဆေးတွေ ထပ်သောက်ရမယ်...အခန့်မသင့်ရင်ဆေးလည်းထိုးရမယ်...လုပ်ချင်လား အဲ့လိုတွေ""


ညင်သာလွန်းသည့်လေသံဖြင့် ဆုံးမသလိုလေးပြောလာစဥ် ရှင်ရှင်ခေါင်းလေး ခပ်ဖြေးဖြေးယမ်းပြမိ၏။သူက အမြဲဒီလိုပါပဲ။ အစစအရာရာမှာအလိုလိုက်ပေမယ့် မလုပ်သင့်တဲ့အရာ၊ သူမလုပ်စေချင်တဲ့အရာကို အကြမ်းနည်းမသုံးဘဲ ချော့ပြောတတ်လေတော့ အလိုလိုကိုနာခံချင်မိသွားရတာလေ။


အဟင်း! ဆိုးရဲ့ကိုကိုက သိပ်ကိုလူကြီးဆန်တာပဲ။ 


စိတ်ထဲကျိတ်ကျေနပ်လိုက်ရပေမယ့် လက်တွေ့မှာတော့လူက လှုပ်တောင်မလှုပ်နိုင်ပါ။ရေသွားချိုးမယ်ပြောတာတောင် သူ့ကိုလိုက်ပို့ခိုင်းရမှာ။ သို့သော်လက်ရှိမှာတော့ သူ့သဘောကိုမလွန်ဆန်၊ ပြန်ခံမပြောဘဲငြိမ်နေလိုက်လျှင် သူ့လက်တစ်ဖက်က ရှင်ရှင့်အင်္ကျီမှကြယ်သီးလေးများအား ခပ်မြန်မြန်ဆွဲဖြုတ်လိုက်ကာ အငွေ့ပျံတော့မည့်အလား ပူနေသည့်ခန္ဓာကိုယ်ပေါ်သို့ ရေပတ်တိုက်၍ အဝတ်အစားလဲဝတ်ပေးလေ၏။ထို့နောက် နဖူးပေါ်သို့cooling padလေးထပ်ကပ်ပေးရင်းမှ...


""ရပြီ...ကိုကို အောက်မှာမုန့်တစ်ခုခုသွားယူပေးမယ်နော်၊ဆေးသောက်ရမယ်""


""ဟင့်! ဆေးကြီးမသောက်ချင်ဘူး""


""ပြောစကားကနားမထောင်ချင်ပြန်ဘူး...အခုပဲကြည့်! ဖြစ်မှာစိုးလို့ဒီလောက်ဂရုစိုက်နေတဲ့ကြားထဲက ဖျားဖြစ်အောင်ဖျားရတယ်လို့...ဒီလိုပုံစံအတိုင်းဆို မနက်ဖြန်အပြင်မထွက်ရတော့ဘူးနော်""


""ဟမ်! ကိုကိုအဲ့လိုမလုပ်နဲ့လေ

မနက်ဖြန်က...""


""သိတယ်...မနက်ဖြန်သင်္ကြန်နောက်ဆုံးရက်မကလို့ ဘာရက်ပဲဖြစ်ဖြစ်...မင်းအပြင်ထွက်ဖို့ကိုကိုခွင့်မပြုတော့ဘူး""


""အဟင့်! ကိုကိုအကျင့်မကောင်းဘူး

အဲ့လိုမလုပ်နဲ့...မလုပ်နဲ့...အီး! ဟီး!""


ပြောရင်းပြောရင်းမှဝမ်းပမ်းတနည်းငိုချလေတော့ အဖျားရှိန်ကြောင့်ခပ်ရဲရဲဖြစ်နေသည့်မျက်နှာလေးက ပိုလို့ပင် နီလာ၏။ကလေးဒီလောက်ထိငိုနေတာကို ကိုယ့်မှာလည်းစိတ်မကောင်းဖြစ်ရပေမယ့် ဒီလိုဖျားနေပုံနဲ့တော့လုံးဝအပြင်ထွက်ခိုင်းဖို့မဖြစ်နိုင်တာလည်းအသေအချာ။ သို့သော် အခုခဏမှာတော့ဆေးလေးဝင်အောင်တိုက်ရမည်မို့ ခန္ဓာကိုယ်နွေးနွေးလေးအား ရင်ခွင်ထဲဆွဲဖက်ထားလိုက်ပြီး...


""တိတ်ပါဦး ကလေးရယ်...နေမကောင်းဘဲနဲ့ဘာလို့အများကြီးငိုလဲ...ခေါင်းတွေကိုက်လိမ့်မယ်လေ""


""မနက်ဖြန်အပြင်သွားမှာနော်...

နော်လို့ ကိုကို...အဟင့်!""


""ဟုတ်ပြီ၊ မနက်ဖြန်အပြင်ထွက်ချင်ရင် အခုဆေးသောက်ရမယ် ok!""


""အင်း အင်း သောက်မယ်

မြန်မြန်ပေးတော့အဲ့ဆေးကြီးကို""


အပြင်ထွက်လည်ချင်၍ ဆေးကခါးတယ်ဆိုပြီးလည်းဆင်ခြေမတက်ရှာတော့သည့်ကလေးကို ကိုယ့်မှာလက်ကမချနိုင်၍ ဆေးနဲ့မုန့်ယူဖို့အရေး အောက်ထပ်ကmaidတွေဆီဖုန်းဆက်နှိုး၍ ယူခိုင်းရသည်။ထို့နောက်မှ အစာနည်းနည်းကျွေးကာဆေးတိုက်ပြီးပြန်သိပ်လိုက်ရ၏။ဒါတောင် အိပ်မပျော်ခင်အထိတဖွဖွပြောနေသည်က မနက်ဖြန်ရေကစားမှာပဲဆိုတာပင်။


~~~~ 🍬 ~~~~


""Ring Ring!""


လူမမာလေးအတွက်မနက်စာပြင်ပေးကာ အခန်းထဲယူလာခဲ့ပြီး အိပ်ပျော်နေဆဲဖြစ်သည့်သူမလေးအနားဝင်ထိုင်လိုက်သည်နှင့်တပြိုင်နက် ဖုန်းringtoneလေးမြည်လာ၏။ကိုယ့်ဖုန်းကမဟုတ်ဘဲ သိမ်းယူထားသည့် သူမဖုန်းလေးကမြည်နေခြင်းပင်။သူငယ်ချင်းတွေခေါ်နေတာဆိုတော့ ရေကစားမယ့်စုရပ်ကိုချိန်းကြမလို့ပဲထင်ပါရဲ့။


""Hello!""


"".....""


""ဟုတ်တယ်၊ကလေးကအိပ်ပျော်နေတုန်းပဲ""


""....""


""နေပါစေ၊ဒီနေ့ကိုယ့်ကလေးကို လာမပို့တော့ဘူး""


"".....""


""ညကတည်းကဖျားနေတာ

ဒါကြောင့်အပြင်ပေးမထွက်ဘူး""


"".....""


""ok!""


""ဟင်! ""


မပွင့်တပွင့်ဖြင့်မျက်လုံးလေးဖွင့်ကြည့်မိခိုက် အနားမှာကိုကို့အရိပ်ကိုမြင်နေရပြီး အပြင်ပေးမထွက်ဘူးဆိုသည့်အသံကိုပါ ကြားလိုက်ရတာကြောင့် ရှင်ရှင်ချက်ချင်းပင်အိပ်ရာထက်မှထကာ ဖုန်းကိုဆွဲလုတော့ကိုကိုက အနောက်ဘက်သို့တိမ်းရှောင်လိုက်လေ၏။ အိပ်ရာနိုးနိုးချင်းမို့ အာရုံကမကြည်လင်သေးသလို အဖျားရှိန်ကြောင့်ခေါင်းထဲမူးဝေနေတော့ လူကအနောက်ပြန်လဲကျမလိုဖြစ်သွားစဥ် သူကပဲကျောပြင်လေးမှအသာထိန်းပွေ့ပေးကာ...


""ကလေးရယ် အရမ်းမထလိုက်နဲ့လေကွာ

မူးသွားလား...ဘယ်လိုနေသေးလဲ""


""ဟင့်!သူငယ်ချင်းတွေခေါ်နေတဲ့ဟာကို

မလာဘူးလို့ကိုကိုဘာလို့ပြောလိုက်တာလဲ""


""လူကဖြင့်ဒီလောက်အားနည်းနေပြီ

ဒီခန္ဓာကိုယ်နဲ့အပြင်ကိုသွားချင်သေးတာလား""


""ကိုကိုပဲညကပြောတော့ ဆေးသောက်ရင်သွားရမယ်ဆို""


""အဲ့ဒါက...""


""လူကိုကလေးဆိုပြီးလိမ်တယ်ပေါ့ ဟုတ်လား""


""ကလေးရယ်...လိမ္မာပါတယ်ကွာ

ကိုကိုတို့၃ရက်တောင်လျှောက်လည်ပြီးပြီပဲ...ဒီတစ်ရက်တော့အိမ်မှာပဲနေတော့နော်...ကိုယ့်ကလေးကလိမ္မာတယ်""


ဆက်ပြီးပြောလည်းခွင့်ပြုပေးဖို့အလားအလာမမြင်တာကြောင့်ခေါင်းကိုသာငြိမ့်ပြလိုက်တော့သည်။လူကလည်းတော်တော်လေးနေမကောင်းတာအမှန်ပါ။သို့သော်မလျှော့လိုတဲ့စိတ်ကလည်း အပြင်သွားကိုသွားရမှကျေနပ်မှာ။


""ဒေါက်တာ့ဆီဖုန်းဆက်ထားပြီးပြီ

ခဏနေရင်လာကြည့်ပေးလိမ့်မယ်...အခုမျက်နှာသစ်ပြီး မနက်စာစားရအောင် လာ ထ!""


သူ့စကားကိုဘာမှအထွန့်မတက်တော့ဘဲငြိမ်နေလိုက်သည်ကအကြောင်းမဲ့တော့မဟုတ်ခဲ့ပါ။သို့သော်မရိပ်စားမိသူကဖြင့် လိမ္မာတယ်လို့သာတဖွဖွချီးကျူးနေလေရဲ့။


""အင်း! ကိုယ်ပူတော့နည်းနည်းကျသွားတာပဲ

ညကအရမ်းပူနေလို့ကိုကို့မှာစိုးရိမ်လိုက်ရတာ""


""ဆေးသောက်ထားတယ်လေကိုကိုရဲ့""


 ""Ring Ring!""


""အာ! ကလေးလေး...ခဏနော်

ဒါ Singaporeရုံးခွဲကဆက်လာတာပဲ၊အရေးကြီးလို့ထင်တယ်""


""သြော်..ဟုတ်..သွားလေ

အေးဆေးပြော...အဆိုးဒီမှာရှိတယ်""


ဧည့်ခန်းဆိုဖာလေးထက်လိလိမ္မာမ္မာထိုင်ကာ ဂိမ်းဆော့နေရင်း လှမ်းပြောလေတော့သူကစိတ်ချလက်ချဖြင့် ခေါင်းလေးဖွဖွပုတ်ပေးကာ ထွက်သွားလေ၏။တစ်ဖက်ကဘာတွေပြောသည်မသိ အလေးအနက်သေချာနားထောင်ကာ အလုပ်ခန်းထဲသို့ခဏဝင်သွားသည့်အခါ သူ့အလစ်ကိုစောင့်နေသည့်ရှင်ရှင်လည်းနေရာမှဖျတ်ခနဲထ၍အိမ်အပြင်သို့လစ်ထွက်လာခဲ့သည်။


""ဆိုး..ကလေးရေ""


အလုပ်ကိစ္စဖုန်းပြောပြီးပြန်ထွက်လာတော့ ဧည့်ခန်းမှာသူမကိုမတွေ့ရ။သို့နှင့်အပေါ်ထပ်ကိုပြေးတက်ကြည့်တော့လည်းမရှိ။ခြံထဲမှာလည်းမရှိ ။ပြောရရင်တစ်အိမ်လုံးဘယ်နားမှာမှအရိပ်အယောင်မမြင်ရတော့ပေ။ဖုန်းဆက်တော့လည်း မကိုင်ဘဲနေပြန်သည့်အဲ့ဒီ့ကလေးဟာ လူကိုရင်ပူရအောင်လုပ်ပြန်ပါပြီ။နေမကောင်းဘဲနဲ့ ဘယ်ကိုထွက်သွားရတာပါလိမ့်ကွာ...


""ကျစ်!""


စိတ်ပူစွာတွေးရင်း သူ့ခြေလှမ်းများကအိမ်အပြင်ကိုရောက်ခဲ့ရချေပြီ။ အခုလေးတင်ထွက်သွားလိုက်တာဆိုရင်တော့ သိပ်ဝေးဝေးရောက်ဦးမည်မဟုတ်ပါ။


ဟင်း!တွေ့ကြသေးတာပေါ့ နွဲ့ဆိုးငယ်...။

မင်းကိုပြန်ရှာတွေ့လို့ကတော့ ကောင်းကောင်းကြီးကိုဆူငေါက်ပစ်ရမယ်~


~~~~ 🍬🍬🍬🍬 ~~~~


အခန်း (၄၅)ဆက်ရန်


Readers/WritersလေးတွေအားလုံးကVIPပါ


Writer - WineSatt Cho(🍋Lëmoñ🍋)


rate now: