book

ကိုကို့ချစ်သည်းရှင်

Romance, Comedy, Drama, Fantasy

Read Book
  • Author : Wine Satt Cho
  • Genres : Romance, Comedy, Drama, Fantasy
  • Release : 19 Feb 2022
  • Language : Burmese
  • Type : Original
  • Total chapter : 72
  • Total subscriber : 0
  • Rating :
  • Status : completed

🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬

                        { My Queen , My Angel }


••••••••••••  [ lntro ]  ••••••••••••


အမြဲတမ်း သိချင်နေခဲ့တာ တစ်ခုရှိတယ်


ဆိုးသလောက် သိပ်ချစ်ဖို့ကောင်းတဲ့ကောင်မလေးတစ်ယောက်ကို ဘယ်နတ်ဘုရားကများဖန်ဆင်းခဲ့သလဲလို့...။


တစ်ချို့ကပြောတယ်

မင်းက အိမ်ထောင်ကျတာမဟုတ်ဘဲ ကလေးထိန်းဘွဲ့ရတာတဲ့!


ထပ်ပြောသေးတယ်...

သူ့မိဘတွေကတောင်ထိန်းမနိုင်လို့ မင်းလက်ထဲထိုးထည့်ပေးတာနေမှာတဲ့လေ...


ဒီစကားတွေကြားတော့ ကိုယ် ရယ်ချင်မိတယ်...

ဘာကြောင့်မှန်းလည်း ကိုယ် ကိုယ်တိုင်ပဲသိတယ်

တစ်နေ့တော့ အဆိုးလေးသိအောင် ပြောပြပါဦးမယ်...။


~~~~~~~~~~~~~~~~~


အချုပ်အနှောင်တွေကို မုန်းတယ်။


မုန်းပါတယ်ဆိုမှ ငယ်ငယ်ရွယ်ရွယ်နဲ့လှောင်အိမ်ထဲထည့်ပိတ်ခံရတာ ဘယ်လိုကံဆိုးမှုကြီးလဲ...


ထားပါလေ! လူတိုင်းအမှားနဲ့ကင်းကြတာမှမဟုတ်ဘဲ။ ဒါပေမဲ့ အဲ့လိုမှားယွင်းတယ်ဆိုတိုင်း ဖြစ်လေရာဘဝမှာ အရှုံးပေးငိုယိုနေမယ့်အထဲ `ရှင်ရှင်´မပါဘူး။ အဲ့ဒီ့လှောင်အိမ်တစ်ခုလုံးကိုဗြောင်းဆန်အောင်လုပ်ပြီး မီးပါရှို့ပစ်ခဲ့မှာ...


ဘယ်လိုလဲ ကိုကို

အဆင်ပြေပါ့မလား??😉


(အမလေး!ချိန်းခြောက်မှုတစ်သိန်းနဲ့ရှင်😁)


        🔥 Coming Soon 🔥


~~~~~ 🌸🌸🌸🌸 ~~~~~


အရင်က Lemonပြောခဲ့တဲ့အတိုင်းပါပဲ။ဒီဇာတ်လမ်းက အခါးတော်တော်လေးလျော့ပါတယ်။VIPတို့သဘောအတိုင်းရွေးခဲ့တာမို့ ဒါကိုပဲရေးမှာပါနော်။ 


`ခူး´ခြွေသူ...`စူး´စေသားက ပြီးသွားပါပြီ။Season-2လည်းဆက်ရန်လုံးဝမရှိပါဘူး။မေးနေကြလို့ပြောပြတာ😁...Lemonအဲ့နေ့ကလည်းတစ်ခါတည်းရေးထားပြီးသားပါ။ ဒီဇာတ်လမ်းအတွက် Happy Endingလေးတောင်းထားကြတာသိပါတယ်။ဒါပေမဲ့ ဒီတစ်ခါတော့ စာရေးသူကခေါင်းမာလိုက်တာ။အရင်ကဆို comလေးတွေဖတ်ပြီး စာဖတ်သူသဘောလေးနဲ့ကိုယ့်ဇာတ်ကွက်ကိုပြင်ရေးတာမျိုးရှိဖူးတယ်။အလိုလိုက်ခံရတဲ့သူလေးတွေသိပါတယ်နော်...ဒီတစ်ခါကတော့ စာရေးသူရဲ့စိတ်ဆန္ဒအမှန်၊တကယ့်အတွေးအတိုင်း ချပြလိုက်တာပါ။ ဒီဇာတ်သိမ်းကို ကြိုက်ကြတဲ့သူတွေရှိသလို ငိုသွားကြတဲ့သူတွေလည်းရှိတယ်😅


ဒီဇာတ်သိမ်းက အရင်ဇာတ်လမ်းတွေလောက်တော့ အရမ်းကျေနပ်စရာ perfect endingမဟုတ်ပေမယ့် စရေးကတည်းက စာရေးသူ ဒီလိုအဆုံးသတ်ဖို့တွေးခဲ့ပြီးသားမို့ပါ။အဲ့ဒီ့နောက်ဘဝနေရာလေးမှာကို ရပ်ချင်တာ😁😁(အကျင့်ကနော်😅)


အခုတော့ အဲ့ဒီ့အခါးတွေအစား အလျော်ပေးမယ့် `ကိုကို့ ချစ်သည်းရှင်´လေးကို VIPတို့ဆီအပ်မယ်နော်😉😉Coming Soon!


WineSatt Cho(🍋Lëmoñ🍋)

Back