🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬
{ My Queen , My Angel }
•••••••••••• ♡ အခန်း [ ၄၂ ] ♡ ••••••••••••
""ဒီနေ့ CEOက Hotelကိုမလာဖြစ်တော့ဘူးတဲ့""
ကြားလိုက်ရသည့်သတင်းစကားဟာ တကယ်ပင်ချိုသာလွန်းပါ၏။ တိုက်ဆိုင်မှုလား?မိုးရိပ်ကင်းရဲ့ကံကပဲ အကောင်းဘက်ရောက်ခဲ့လေသလားမပြောတတ်ပေမယ့် မနေ့ကM.Light ရုံးချုပ်ဘက်မှာအရှုပ်အထွေးတစ်ခုဖြစ်သွားခဲ့သည်။ ရုံးချုပ်ကဝန်ထမ်းတွေမဟုတ်ကြသည့်တိုင် လိုင်းပေါ်မှာပျံ့လာခဲ့သောသတင်းမို့ မိုးရိပ်တို့ဘက်ကလည်းဒီသတင်းကိုကြားမိပါသည်။ CEOရဲ့ချာတိတ်မက မလွယ်ကြောလေးမှန်း သူအစကတည်းကသတိထားမိပေမယ့် အခုတော့ပိုပြီးသိလိုက်ရသည်က အဲ့ဒီ့ချာတိတ် ထင်ရာစိုင်းပြီးရမ်းကားနေခြင်းဟာ CEOရဲ့အလိုလိုက်မှုကြောင့်ပင်။
အခုလည်းပဲကြည့်! သူ့ဇနီးဘက်ကလွန်သည့်ပြသာနာကို ကြားဝင်မတောင်းပန်၊မစေ့စပ်ပေးတဲ့အပြင် ပစ်ပစ်ခါခါလုပ်ခဲ့တော့ companyရဲ့နာမည်ပဲထိခိုက်ရသည်။ သတင်းတွေအရတော့CEOရဲ့ဇနီးကဝန်ထမ်းဖြစ်သူအပေါ်နိုင်ထက်စီးနင်းလုပ်ခဲ့သတဲ့!
ဒီကိစ္စကိုဖြေရှင်းပေးနေလို့ပဲထင်ပါတယ်၊CEO ဒီကိုမလာဖြစ်တော့ဘူးဆိုတော့ ကိုယ်နဲ့ငြိနေသည့်ကိစ္စဟာလည်းလတ်တလောတော့အဆင်ပြေသွားတယ်။ တော်သေးတာပေါ့၊ဒီနေ့ကချာတိတ်မရဲ့သင်တန်းပိတ်ရက်လည်းဖြစ်နေလို့...။
""GM
CEOကိုရှာတာအရေးကြီးကိစ္စရှိလို့လား""
""ဟင်!သြော်...မဟုတ်ပါဘူး
CEOက hotelရဲ့၆လစာbudgetငွေစာရင်း Original fileကိုတောင်းထားလို့""
""သြော်! ဒါဖြင့်ရုံးချုပ်ကိုပဲသွားပေးလိုက်လေ
မနက်ဖြန်ကစပြီး နှစ်သစ်ကူးပိတ်ရက်ဆိုတော့ ကြားမှာရက်အများကြီးကြာနေလိမ့်မယ်""
""အင်း!ငါကြည့်လုပ်လိုက်မယ်""
ခပ်ပြုံးပြုံးပင်ပြောပြီးလှည့်ထွက်လာခဲ့၏။စိတ်ထဲမှာတော့ ပေါ့ပါးလန်းဆန်းခြင်းနဲ့ပြည့်စုံကာ လွတ်လွတ်လပ်လပ်ဖြစ်နေသည်။ ချာတိတ်မကိုတောင်ကျေးဇူးတင်ရပါမည်။ သူရှာတဲ့ပြသာနာကြောင့် CEOအာရုံပြောင်းသွားခဲ့တာမဟုတ်လား?
နောင်မှာထပ်ပြီးရှောင်လွှဲမရမှန်းသိပေမဲ့ အခုခဏဖြစ်ဖြစ်လွတ်မြောက်သွားလည်းအဆင်ပြေသည်။ ပြောရရင်သူကအရာရာကိုပေါ့ပေါ့တွေးကာ ပေါ့ပေါ့ပဲလုပ်တတ်သည့် လူစား။ လှည့်ဖျားမှုမှာကျင်လည်သလိုဉာဏ်နီဉာဏ်နက်လည်းမျိုးစုံရှိသည်။ အခုအချိန်မှာရသလိုနည်းနဲ့လှည့်ပတ်တိမ်းရှောင်၍ သာသလောက်နေပြီး အဆိုးရွားဆုံးအခြေအနေအထိဖြစ်လာခဲ့ပါလျှင်လည်း ဂရုမစိုက်စွာပင် အကြမ်းနည်းသုံးပစ်လိုက်နိုင်သည်။
ကြုံလာသမျှပြသာနာကို ကြုံသလိုသာဖြေရှင်းမယ့် မိုးရိပ်ကင်းမို့ သူ့ဘဝမှာ အရာရာဟာ ဘယ်သောအခါမှလေးနက်ခြင်း အလျဥ်းမရှိခဲ့ချေ။
""Ring!""
အေးအေးလူလူလမ်းလျှောက်လာစဥ်မှာပင် ရုတ်တရက်ဝင်လာသည့်ခေါ်ဆိုခြင်းကြောင့် ဖုန်းကိုထုတ်ကြည့်တော့ မမြင်လိုသောနံပါတ်။သို့သော် မကိုင်လို့လည်းမရသည်မို့...
""Hello!""
""......""
""ကျွန်တော်သိပါတယ်...နောက်တစ်ပတ်လောက်ထပ်စောင့်ပေးပါ။companyမှာလည်း ငွေလမ်းကြောင်းကအရမ်းကျပ်နေတာသိရဲ့သားနဲ့""
"".....""
""ကျစ်! ဒီဘက်မှာကျွန်တော်နည်းလမ်းထပ်ရှာကြည့်ပါ့မယ်""
သာယာနေသည့်စိတ်တောင်ဘယ်ဆီလွင့်ပြီမသိပါ။Bangkokမှာရှိသည့်casinoဝိုင်းတစ်ခုဆီမှဆက်သွယ်လာခြင်းဖြစ်ပြီး အရင်ကလက်လွယ်စွာသုံးထားခဲ့သည့်ငွေတွေအပြင် ပြန်ဆပ်ရမည့်အကြွေးတချို့လည်းရှိသည်မို့ သူတို့ဘက်ကဖိအားပေးလာခြင်းပင်။Hotelတစ်ခုလုံးရဲ့ငွေစာရင်းက ကိုယ့်လက်ထဲကစီးဆင်းချိန်ကဆို ဘာမှမှုစရာမလိုပေမယ့် အခုရက်ပိုင်းကအနည်းငယ်သတိထားနေရတာမို့ အခြေအနေကတကယ်မလွယ်တော့ပေ။
""ကျစ်! တစ်ခုပြီးတစ်ခုပါလားကွာ
စိတ်ပျက်လိုက်တာ""
ပုခုံးနှစ်ဖက်ကိုဟန်ပါပါတွန့်လိုက်ပြီး စိတ်ပြေလက်ပျောက်အနေဖြင့် ချစ်ကြိုးရဲ့wallထဲသို့ဝင်ကာ ဟိုဟိုသည်သည်ကြည့်၍ အမောဖြေလိုက်ပြီး voice callကိုနှိပ်ရန်ပြင်နေစဥ် တိုက်တိုက်ဆိုင်ဆိုင် သူမရဲ့ခေါ်ဆိုခြင်းလေးက ဖုန်းထဲဝင်လာ၏။
""Hello!""
""....""
'"ဘာလဲ?ကိုယ့်ကိုအဖြေပေးတော့မလို့လား""
"".....""
""အဟွန်း!ဟုတ်ပါပြီဗျာ
ဒါဆို ညနေကျရင်တွေ့မယ်လေ""
"".....""
""Ok! Bye!""
~~~~ 🍬🍬🍬🍬 ~~~~
ဧည့်ခန်းကျယ်ထဲဝယ် ခြေလှမ်းကျဲများဖြင့် ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိကာ လက်ကနာရီကိုလည်းတကြည့်ကြည့်။ ညွှန်ပြနေသည့်အချိန်က နည်းနည်းမဟုတ်၊ည၉နာရီကျော်နေပြီ။ ဒါကိုတောင် နွဲ့ဆိုးတစ်ယောက်အိမ်ပြန်မလာသေးတာမို့ သူ့မှာယခုကဲ့သို့ ဂနာမငြိမ်ဖြစ်နေရခြင်းပင်။ ဖုန်းဆက်ကြည့်တော့လည်း ပိတ်ထားပြီး သူငယ်ချင်းတွေဆီဆက်သွယ်တော့လည်း အဝင်callရှိပေမယ့် ဖုန်းမကိုင်ခဲ့ပေ။lineပေါ်မှာလည်းမရှိသလို စာတွေပို့လည်းမရ။ အိမ်ကအစေခံတွေပြောပုံအရတော့ သူငယ်ချင်းတွေနဲ့လျှောက်လည်မယ်လို့ပြောပြီးထွက်သွားတာတဲ့လေ!
""ကျစ်!""
တဖြေးဖြေးနဲ့ပိုပြီးနောက်ကျလာသည့်အချိန်ကြောင့်စိတ်မရှည်စွာစုပ်သပ်မိပြန်ပါပြီ။ အာရုံနောက်စရာပုံတွေမြင်ထားရသည့်ကြားထဲ အိမ်ပြန်ရောက်တော့လည်း ရှိမနေတဲ့အဲ့ဒီ့ကလေးက လူကိုဒေါသထွက်အောင်ဆွနေသလိုပါပဲ။
မဟုတ်သေးဘူး။ဒီကလေးတစ်ခုခုများဖြစ်နေတာလားကွာ...
စိတ်ပူလွန်းတဲ့စိတ်၊စိုးရိမ်စိတ်က ရင်ထဲပူလွန်းလို့မီးတွေတောက်နေသည့်နှယ်ပါပင်။တစ်ယောက်တည်းအတွေးတွေယောက်ယတ်ခတ်ကာ အပြင်ထွက်ပြီးထပ်ရှာဖို့ ခြေအလှမ်း... ခြံရှေ့သို့ထိုးရပ်လာသောကားတစ်စီးကိုတွေ့လိုက်ရသည်။ထို့နောက် ကိုယ့်ရဲ့လူဆိုးမလေးက ကားပေါ်မှဆင်းလာ၏။
""ဟူး!!""
မြင်မြင်ချင်းမှာ သူမရဲ့မျက်နှာအခြေအနေကိုကြည့်သည်။ ထို့နောက်ခေါင်းအစခြေအဆုံး စုန်ဆန်ကြည့်ကာ တစ်စုံတစ်ရာထိခိုက်မိထားတာရှိလားစစ်ဆေးလိုက်၏။ မျက်နှာလေးကကြည်ကြည်ပြုံးပြုံးရှိပြီး လက်ထဲကိုင်လာသည့်အထုပ်လေးကိုဝှေ့ယမ်းရင်း အိမ်ထဲဝင်လာပုံကြောင့် ကိုယ့်မှာအခုမှစိတ်အေးနိုင်သည်။တော်သေးတာပေါ့၊အန္တရာယ်ကင်းကင်းပြန်လာတာပဲကိုး။
""ကိုကို!""
အိမ်ထဲခြေချမိသည်နှင့် ဧည့်ခန်းဝ၌ မားမားကြီးရပ်ကာ ခပ်တည်တည်ကြည့်နေပါသည့် ကိုကို့ကြောင့် ရှင်ရှင်လည်းအလန့်တကြားဖြင့် မျက်နှာလေးငယ်သွားမိရင်း ခြေလှမ်းတို့ကိုရပ်လိုက်ပြီး အိမ်ထဲလည်းဆက်မဝင်ရဲဘဲ တံခါးဝမှာတင်ခြေစုံလေးရပ်နေမိ၏။ထိုစဥ်သူကပဲ စူးစူးစိုက်စိုက်ကြည့်လာ၍...
""ဘာလို့ရပ်နေတာလဲ...လာ ဒီကို
ကိုကို့ရှေ့ကိုလာ""
""ဟုတ်""
သည်တစ်ခါတော့သူ့စကားကို မလွန်ဆန်ဝံ့စွာပင် အနားသို့ဆက်လျှောက်သွား၍ သူ့ရှေ့၌ခြေစုံလေးရပ်ကာ ခေါင်းကိုတော့ငုံ့ထားမြဲ...။ပြောရရင်ရှင်ရှင်ရဲ့အခုပုံစံက အပြစ်လုပ်ထားသည့်ကျောင်းသူလေး ဆရာ့ဆီကနေ အဆူခံရတော့မည့်ဟန်နှင့်...။
""မင်း ဘယ်တွေသွားနေတာလဲ ဆိုး""
မေးလာသည့်လေသံတော့အေးပါသည်။သို့သော် မျက်နှာကြီးက တည်တင်းနေကာ ခပ်စူးစူးမျက်ဝန်းတွေက အလိုမကျဖြစ်နေသည့်သရုပ်ကိုထင်ရှားစွာပြနေရဲ့။
""မေးတာ ဖြေလေ
မင်း ဒီအချိန်အထိဘယ်နေရာမှာရှိနေခဲ့တာလဲ
အချိန်ကိုကြည့်စမ်း!၁၀နာရီထိုးတော့မယ်ကွ၊ဒါမင်းအပြင်မှာရှိနေရမယ့်အချိန်လား""
""ဟို...ဟို!..အဆိုး EDM showပွဲကနေပြန်လာတာ၊ အစကသွားဖို့မရည်ရွယ်ထားပါဘူး...မင်းမိန့်တို့က လက်မှတ်ပိုဝယ်ထားပေးတယ်ဆိုတာနဲ့ ရောက်ဖြစ်သွားတာ""
""ဒါဆိုလည်း ကိုယ့်ကိုပြောမှပေါ့ကွာ
အခုလိုအဆက်အသွယ်မရဘဲပျောက်နေတော့ ကိုကိုဘယ်လောက်စိတ်ပူနေရလဲသိလား?မင်းကိုကို့ကိုနည်းနည်းလေးတောင်ဂရုမစိုက်တော့ဘူးလား?""
""အဟင့်!""
ကဲ!ကြည့်...လူကိုတကယ်အနိုင်ကျင့်တဲ့ကလေးမလေးပါ။သူမမျက်ရည်ကျရင် ဒီလူသားကခံနိုင်ရည်မရှိမှန်းသိလို့ လေသံနည်းနည်းမာရုံနဲ့တင် မျက်နှာငယ်လေးဖြင့်ခေါင်းငုံ့သွားကာ အင့်ခနဲကျိတ်ရှိုက်လေပြီ။ထို့နောက် မျက်ရည်ကြည်လေးတစ်စက်က နှစ်ယောက်ကြားလွတ်နေသည့်ကြမ်းခင်းပေါ် ပေါက်ခနဲကြွေကျ၏။
""ကိုကိုက...ကိုကိုက အဆိုးလေးကိုစိတ်ဆိုးနေတာပဲ...အဟင့်!ဟင့်!ဟီး!""
ပြောရင်းမှ တကယ်ကိုငိုချလိုက်ပြီမို့ ကိုယ်ကပင်ထိတ်ထိတ်ပျာပျာဖြင့် သူမကိုယ်လေးအားရင်ခွင်ထဲဖက်လိုက်ကာ ကျောပြင်လေးအားဖွဖွပွတ်သပ်ပေး၍...
""မဟုတ်ဘူး သည်းငယ်
ကိုကိုစိတ်ဆိုးလို့ပြောတာမဟုတ်ဘူးလေ ကလေးရယ်...အရမ်းစိတ်ပူနေလို့ပါကွာ...ကိုကို့လေသံမာသွားလို့လန့်သွားတာလား...ဟုတ်လား""
""....""
""ဘာမှမဖြစ်ဘူး၊ဘာမှမဖြစ်ဘူးနော်
Sorryပါကွာ""
""ဒီမှာ ကိုကို့အတွက်မုန့်ဝယ်ခဲ့တယ်""
ချော့လိုက်တော့လည်း ချက်ချင်းပင်အငိုတိတ်ကာ ကိုယ့်မျက်နှာဆီမော့ကြည့်၍ လက်ထဲကမုန့်ထုပ်လေးအားမြှောက်ပြနေပြန်သည့်ပေါက်စန။ အခုလေးတင်ငိုချလိုက်သောမျက်ဝန်းငယ်ထဲ အရည်ကြည်ကြည်လေးတွေဖြာလဲ့နေကာ နှာသီးထိပ်ဖျားလေးနဲ့ပါးပြင်မို့မို့လေးဟာလည်း ချက်ချင်းဆိုသလိုရဲတက်လာချေပြီ။
""ထစ်ခနဲဆိုတာနဲ့ငိုဖို့ပဲ
ဘာလေးမှန်းကိုမသိဘူး""
""ဒီမှာ မုန့်လို့...""
ကြည့်!လူကို သူ့လိုကလေးများမှတ်နေလားမသိ။လုပ်ချင်ရာလုပ်ထားပြီး အဆူမခံရအောင် မုန့်ထုပ်လေးနဲ့လာဘ်ထိုးသည်။ တကယ် တတ်လည်းတတ်နိုင်လွန်းတဲ့ အဆိုးလေး။
""ဘယ်မလဲ..ပြပါဦး""
""ဒီမှာ!""
""Jelly Puddingက မင်းကြိုက်တာလေ
ကိုကိုမှမကြိုက်တာ...ကိုယ့်အတွက်ကိုယ်ဝယ်လာတာမဟုတ်ဘူးလား""
""ဟုတ်ဘူး..ကိုကိုနဲ့အတူစားမို့""
""ဖုန်းဆက်တာဘာလို့မကိုင်လဲ သည်းငယ်
ကိုကိုကတစ်ခုခုဖြစ်နေမှာစိုးလို့ စိတ်ပူလိုက်ရတာ""
""ဖုန်းက အားကုန်နေလို့ကိုကိုရဲ့
ပြီးတော့ ပွဲမှာလူအရမ်းများတယ်၊အဆိုးက ကိုကိုစိတ်ပူနေမှာစိုးလို့မြန်မြန်ပြန်လာခဲ့တာ""
""မြန်မြန်ပြန်တာတောင်အခုမှရောက်တယ်ပေါ့...နောက်တစ်ခါကိုကိုမပါဘဲ အဲ့လိုပွဲမျိုးတွေမသွားရဘူးနော်။လူတွေကအများကြီး ဒီခန္ဓာကိုယ်သေးသေးလေးနဲ့ လူတောထဲတိုးရင်းပျောက်သွားရင်ဘယ်လိုလုပ်မလဲ""
""ဟွန့်! ကိုကိုရယ်...ဆိုးလေးကိုစိတ်မဆိုးပါနဲ့။ဆိုးလေးမှားပါတယ်...နော် နော်...""
ရင်ခွင်ထဲခေါင်းလေးတိုးမီကာ ရင်ဘတ်အနားကအင်္ကျီစကို တလှုပ်လှုပ်ဆွဲရင်းကပ်ချွဲနေပြန်သည့်ကလေးကြောင့် ထပ်ပြီးလည်းမဆူရက်တော့ပါ။ငယ်ရွယ်နုနယ်တဲ့ကလေးဆိုတာ ဒီလိုပဲစိတ်ထင်ရာတွေလုပ်တတ်တာသဘာဝပါပဲ။ အခုလည်းမရည်ရွယ်ဘဲရောက်သွားသည်လို့ ကလေးကပြောခဲ့တာပဲမဟုတ်လား။
""ကဲ!ဟုတ်ပြီ...ကိုယ်ဘာမှမပြောတော့ဘူး
သွား...အပေါ်တက်တော့""
ဘယ်လိုပင်မဆူတော့ဘူးဆိုပါစေ၊ ကိုကို့မျက်နှာသိပ်မကြည်တာ ရှင်ရှင်သတိထားမိသည်။ပြန်လာတာနောက်ကျလို့စိတ်ဆိုးနေတာထက်ပိုပြီး တခြားတစ်ခုခုများရှိနေတာလား? ရှင်ရှင်ဘာအမှားများထပ်လုပ်မိလို့ပါလိမ့်!
""ဟင်!""
မျက်မှောင်လေးကျုံ့လျက်အတွေးများနေစဥ်မှာပင် သူက တစ်ဖက်သို့လှည့်ထွက် ကျောခိုင်းသွားလေတော့...
""အ! အ! နာလိုက်တာ""
ကျောခိုင်းလိုက်သည်နှင့် နောက်ပါးဆီမှခပ်သဲ့သဲ့ထွက်လာသည့်အသံလေးကြောင့် စိုးရိမ်စွာဖြင့်ချက်ချင်းလှည့်ကြည့်ရပြန်ပါသည်။ချာတိတ်မက ခြေထောက်လေးတစ်ဖက်ကိုငုံ့ကြည့်ရင်း မျက်နှာလေးရှုံ့မဲ့နေ၍ ချက်ချင်းပင် သူမရှေ့ဒူးတစ်ဖက်ထောက်ကာထိုင်ချလိုက်ပြီး ဂျင်းဘောင်းဘီစလေးကိုခပ်ဖြေးဖြေးခေါက်တင်၍...
""ဘာဖြစ်လို့လဲကလေး
ခြေထောက်ကဘာနဲ့ထိခိုက်မိခဲ့တာလဲ""
""....""
""ပြောလေ! ဘယ်လောက်တောင်နာနေတာလဲ""
စိုးရိမ်တကြီးဖြစ်နေရှာသည့် ပုံရိပ်လေးကိုငုံ့ကြည့်ရင်း ကြည်နူးလွန်းလို့မျက်ရည်တွေပါဝဲရသည်အထိ။ သူ့စိတ်ထဲမကျေနပ်စရာရှိနေတာတောင် ခံစားချက်ကိုရှေ့တန်းမတင်ဘဲ ရှင်ရှင့်ကိုသာဂရုစိုက်သည့် ဤလူသား...။ရှင်ရှင့်အတွက်ဆို အရာရာကာကွယ်ပြီး အသင့်ရှိတဲ့ဤလူသားကို တကယ်ရူးသွားမတတ်ချစ်ပါသည်။ ဘဝမှာအရာအားလုံးဆုံးရှုံးသွားသည့်တိုင် ကိုကို့တစ်ယောက်ကိုသာပိုင်ဆိုင်ထားရင် ဒီတစ်ဘဝလုံးစာနွေးထွေးပါပြီ။တကယ်ကို ပြည့်စုံတာထက်ပိုနေပြီ။
ကြည်ကြည်နူးနူးလေးတွေးရင်းမှ ရှင်ရှင်ပါသူ့အနားသို့ ထိုင်ချလိုက်ကာ လက်ဖဝါးလေးအားခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး...
""အဆိုး ဘာမှမဖြစ်ဘူး ကိုကို""
""ဟမ်! ကလေးပြောတော့နာနေလို့ဆို""
""အဲ့ဒါ ကိုကိုထားခဲ့မှာစိုးလို့ပြောတာ""
""ဟာကွာ!မင်းကတော့လေ ကိုယ့်ကိုနှလုံးရောဂါရအောင်လုပ်နေတာပဲ""
""အဆိုးကိုစိတ်မဆိုးပါနဲ့နော်
နောက်ဆိုကိုကိုမပါဘဲ ဘယ်မှမသွားတော့ဘူး...Night outလည်းမလုပ်တော့ဘူးလေနော်""
""အင်းပါကွာ...ကဲ!လာ အပေါ်တက်မယ်""
ပြောပြီးသည်နှင့်လူကိုဆတ်ခနဲပွေ့ချီလိုက်ပြန်သည်မို့...
""ရပါတယ်..ကိုကိုရဲ့
အဆိုးခြေထောက်ကတကယ်နာတာဟုတ်ဘူး""
""အခုမှတကယ်ချော်လဲမှာစိုးရိမ်လို့ ကိုကိုပဲချီသွားမယ်ဟုတ်ပြီလား""
""ကိုကို ညစာစားပြီးပြီလား""
""ဟင့်အင်း! ဆိုးလေးကိုစိတ်ပူလို့တစ်ညနေလုံးလိုက်ရှာနေတာ...စားဖို့တောင်မေ့နေတယ်""
""ဟမ်!ဒါဆို ကိုကိုဗိုက်ဆာနေမှာပေါ့
ပြန်ချ...ပြန်ချ...အဆိုးကိုအောက်ပြန်ချ""
""ဘာလို့လဲ ကလေးရဲ့""
""ကိုကို့အတွက်ထမင်းပွဲပြင်ပေးမယ်လေ""
""ရပါတယ်ကွာ၊ခိုင်းဖို့လူတွေရှိနေတာပဲ
ဆိုးလေးပင်ပန်းနေပြီမဟုတ်လား၊ရေချိုးပြီးအိပ်တော့လေ""
""မရဘူး၊မရဘူး...ကိုကိုနော်
အဟင့်! ဟင့်""
""အာ! ကဲ!..ကဲ!..ကဲ!..မငိုလိုက်ပါနဲ့ သည်းပေါက်လေးရယ်..ထမင်းပွဲပြင်ချင်တာမဟုတ်လား...ရတယ်၊လာ...ကိုကိုလိုက်ပို့မယ်""
""တကယ်စားမှာသေချာတယ်နော်""
""စားမယ်၊ကိုကိုစားမယ်ဟုတ်ပြီလား
ကောင်းကောင်းပြောရင်ရတာကို...ဘာလို့ငိုလဲ""
နှုတ်ကတဖွဖွချော့ပြောရင်း ခြေထောက်ကလည်းထမင်းစားခန်းဆီလှမ်းရသည်။ အခန်းထဲရောက်မှပွေ့ထားသည့်ခန္ဓာကိုယ်လေးကိုအောက်ချပေးလိုက်လျှင် သူမက တောက်တောက် တောက်တောက်ဖြင့်လျှောက်သွားကာ ထမင်း၊ဟင်းတွေပြင်ပေးလေ၏။ အနာဂါတ်စာဖိုမှူးအလောင်းအလျာမို့ အပြင်အဆင်ကတော့တကယ်တော်ပါသည်။ စားချင်စဖွယ်အခင်းအကျင်းကိုအသေချာစီစဥ်တတ်သည်။အရသာပိုင်းမှာသာအနည်းငယ်လေးလိုအပ်နေပေမယ့်ပေါ့။
""ရပါပြီရှင့်""
ပြင်ဆင်ပြီးစိတ်ကျေနပ်ပြီဆိုခါမှလှမ်းခေါ်လေသည်မို့ အနားသို့ဆက်လျှောက်သွားပြီး ခုံပေါ်ဝင်ထိုင်လိုက်တော့ ချာတိတ်မက ဘေးနေရာလွတ်မှာမထိုင်ဘဲ ကိုယ့်ပေါင်ပေါ်သို့တစောင်းလေးလာထိုင်ပြန်သည်။သို့နှင့် လက်တစ်ဖက်ဖြင့် အလိုက်သင့်လေးထိန်းပေးကာ...
""ဗိုက်ဆာလား
ကိုကိုနဲ့အတူစားလေ...ခွံ့ကျွေးမယ်""
""ကိုကို""
""ဗျာ""
""အဆိုးကိုစိတ်ဆိုးနေသေးလားဟင်""
""မဟုတ်တာကလေးရယ်""
""ဟင့်! ကလေးက ဟုတ်တာပဲပြောတယ်
ကိုကိုတစ်ခုခုဖြစ်နေတယ်မလား...companyမှာအဆင်မပြေတာရှိလို့လား...ပြော!အဆိုးရဲ့ကိုကိုယောကျ်ားကိုဘယ်သူစိတ်ညစ်အောင်လုပ်လဲ""
ကိုယ်ပြောနေကျစကားအတိုင်းပင် တစ်ထပ်တည်းလာပြောနေတာမို့ သဘောကျစွာပြုံးမိလိုက်ပြီး နှုတ်ခမ်းလှလှလေးအား အကြမ်းပတမ်းစုပ်ယူနမ်းရှိုက်မိရင်း ခန္ဓာကိုယ်သေးသေးလေးကိုလည်း ရင်ခွင်ထဲနစ်မြုပ်အောင်ဖက်ထားလိုက်မိသည်။ ထိုစဥ် မမြင်ချင်သည့်ပုံရိပ်တွေက အာရုံထဲတဝဲလည်လည်ပြန်ပေါ်လာသည်မို့ ရုန်းချင်နေသည့်လက်လေးတွေအား ကိုယ့်လက်ဖြင့်တင်းတင်းဖိချုပ်ထားရင်း အနမ်းတို့သည်လည်းကြမ်းကြမ်းရမ်းရမ်းဖြစ်လာသည်က ဒီကလေးငယ်ဟာကိုယ့်အပိုင်ဟူသောအတွေးကြောင့်...။
"".....""
ရှင်ရှင်သည်လည်း ပြင်းရှသောအနမ်းသင်္ကေတတို့အောက် ပိတ်မိနေသည်မှာအသက်ရှူခွင့်တောင်မရတော့သည်အထိပါပင်။ တစ်ကြိမ်တစ်ခါမှဤမျှအထိကြမ်းကြမ်းရမ်းရမ်းမနမ်းဖူးသည့်ကိုကို...၊အခုမှဘာဖြစ်တယ်မသိ...လူကို အတင်းဖက်ကာအတင်းနမ်းနေသည်။ ကြာလာတော့ရှင်ရှင်အသက်ရှူရခက်လာကာ နှုတ်ခမ်းသားလေးတွေပင်ပူထူနာကျင်လာသည်မို့ အင်အားသေးသေးလေးဖြင့်ရုန်းရင်း လက်လေးတစ်ဖက်ဆတ်ခနဲလွတ်ထွက်သွားသည့်အခိုက်...
""ခွမ်း!!""
ကျယ်လောင်သည့်ကွဲကျသံဟာ တိတ်ဆိတ်ခြင်းတစ်ခုကိုဖြိုခွင်းလိုက်ရင်း အသက်ရှူသံလေးတွေကိုပါဖုံးအုပ်သွားခဲ့၏။ထိုအသံကြားမှ တမေ့တမောစီးမျောနေသည့်အနမ်းတို့ ရပ်တန့်သွားကာ...
""ဘာဖြစ်သွားလဲကလေး
ရှမိသွားလား""
""ဟင့်အင်း!ဒါပေမဲ့အဆိုးလက်နဲ့တိုက်မိသွားတာ
အဆိုးပြန်ကောက်...""
""မဆင်းနဲ့လေ...ခြေထောက်တွေစူးမိမှာပေါ့""
""ဒါဖြင့် ကိုကိုစိတ်မဆိုးနဲ့တော့နော်
နောက်ရက်နည်းနည်းနေရင်သင်္ကြန်ကျပြီ၊နှစ်သစ်မှာ အကြာကြီးစိတ်မကောက်ရဘူး...ကိုကိုငရဲရလိမ့်မယ်""
""အဟွန်း!ဒီစကားကကိုယ်ပြောခဲ့တာလေကွာ...
ကိုယ့်ကလေးကအကုန်မှတ်ထားတာပဲလား""
""ဒါပေါ့""
""စိတ်မဆိုးစေချင်ရင် ခုနလိုနောက်တစ်ခေါက်လောက်ထပ်နမ်းမယ်...ရမလား""
""ဟင့်!မရဘူး""
""ဒါဆိုစိတ်ဆိုးမှာပဲကွာ...
နွဲ့ဆိုးလေးက ကိုကို့ကိုဂရုမစိုက်ဘူး၊မပြောဘဲနဲ့လုပ်ချင်ရာလုပ်တယ်၊စိတ်ပူရအောင်လုပ်တယ်၊အရမ်းဆိုး...""
""Mwah!!""
တမင်ကိုဆက်တိုက်ပြောနေသည့် စိတ်ဆိုးရခြင်းအကြောင်းပြချက်တို့မဆုံးမီ ချိုမြိန်စွာနှုတ်ပိတ်ခံလိုက်ရချေပြီ။
""နွဲ့ဆိုးလေးက ကိုကို့ကိုအများကြီးချစ်တယ်
အများကြီး...အများကြီးချစ်တာ...အာဘွား..mwah mwah mwah!
လက်ဖဝါးသေးသေးနှစ်ဖက်ဖြင့်ကိုယ့်ပါးပြင်ကိုအုပ်ကိုင်ရင်း နဖူးကနေ နှာတံ၊ပါးနှစ်ဖက်နဲ့နှုတ်ခမ်းအပြင် မေးဖျားလေးအထိ မျက်နှာအနှံ့အနမ်းတွေပေးသွားလေတော့ ရင်ထဲကြည်နူးစွာပြုံးမိသွားရ၏။
ထိုစဥှ
""Ring!""
ဖုန်းဆီမှပေးလာပြန်သည့်notiသံကြောင့် ဘောင်းဘီအိတ်ကပ်ထဲမှထုတ်ယူကြည့်လိုက်တော့ နေ့လည်ကaccကပဲဆက်သွယ်လာခြင်းပင်။ ကိုယ်ကြည့်နေသည်ကို ပေါင်ပေါ်ထိုင်နေသည့်ကလေးကပါ လိုက်ငုံ့ကြည့်သည်မို့ချက်ချင်းပင်ဖုန်းကိုပိတ်လိုက်ကာ...
""ကလေးလေး..အိပ်ချင်ပြီလား
ကိုကိုသိပ်မယ်လေ""
""ခုနဘယ်သူစာပို့တာလဲ""
""ဘာမှမဟုတ်ပါဘူးကလေးရဲ့
အလုပ်ကိစ္စပါ""
""ဟင့်အင်း..မဖြစ်နိုင်ဘူး
ဘာလဲဆို...အဆိုးကိုပြ""
ရော်!ခက်တာပါပဲ။အရင်ကဆိုအလုပ်ကိစ္စလို့ပြောလိုက်ရင် ဘာမှဆက်မမေးတော့သည့်ကလေးက အခုမှဘယ်စိတ်ကဘယ်လိုအချက်ပြတယ်မသိ။ဇွတ်အတင်းကိုပူဆာနေသည်မို့ ကိုယ့်မှာဖြေရခက်လာ၏။ထို့နောက် ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲပြန်ထည့်လိုက်စဥ် သူမကအလိုမကျသလိုဖြင့်ခပ်စူးစူးလေးကြည့်ကာ...
""ကိုကိုကလျှို့ဝှက်တယ်ပေါ့
ရတယ်လေ...မပြရင်လည်းနေ၊အဆိုးသွားတော့မယ်""
""ကလေး!အောက်ကိုမဆင်း...""
""အ! အားး...အဟင့်! နာတယ်၊နာတယ်""
ဖြစ်မှာကိုကြိုမြင်၍ စိုးရိမ်တကြီးတားမြစ်သံမှမဆုံးလိုက်။ စိုးရိမ်စရာကတကယ်ဖြစ်သွားခဲ့လေပြီ။စိတ်ကောက်သွားသည့်ကလေးမလေးက ကိုယ့်ပေါင်ပေါ်ကနေ ဖတ်ခနဲခုန်ဆင်းသည့်အခိုက် စောစောက ကျကွဲထားသည့်ဖန်ကွဲစတွေပေါ်ခြေချမိသည်မို့ ခြေဖဝါးနုနုလေးမှသွေးတွေဖြာထွက်လာတော့၏။
""ကလေးရယ်..ကိုကိုပြောသားနဲ့ကွာ""
""အဟင့်! ဟီး...အဲ့ဒါကိုကို့ကြောင့်ဖြစ်တာ
ပြဆိုတဲ့ဟာကိုပြလိုက်ရင်ဘာဖြစ်မှာမို့လို့လဲ""
""မမလေး...မမလေးအဆင်ပြေရဲ့လား""
""ဒါတွေလာသိမ်းလိုက်""
""ဟုတ်ကဲ့ အစ်ကိုလေး""
""ကလေးဘာမှမဖြစ်ဘူးနော် စိတ်အေးအေးထား...ဒဏ်ရာကိုမကြည့်နဲ့""
""ဟင့်! သွေးတွေအများကြီး""
""ကိုကို့ကိုကြည့်...ကိုကို့မျက်နှာကိုကြည့်""
""အ!""
ဒဏ်ရာကသွေးတွေကိုငုံ့ကြည့်ပြီးငိုနေတာကြောင့် မနည်းချော့မော့ပြောကာ အာရုံပြောင်းလိုက်ပြီး သူမမျက်လုံးလေးအရွှေ့၌ ခြေဖဝါးထဲစိုက်ဝင်နေသောဖန်ကွဲစကို ဆွဲနှုတ်ပစ်လိုက်၏။ထပ်၍စိမ့်ထွက်လာသောသွေးတွေကိုတော့ တစ်ရှူးဖြင့်အုပ်ပေးကာ ခန္ဓာကိုယ်လေးကိုပြန်ပွေ့ချီ၍...
""တစ်ယောက်က ဆေးနဲ့ပတ်တီးယူပြီးလိုက်ခဲ့""
""ဟုတ်ကဲ့ အစ်ကိုလေး""
~~~~ 🍬 ~~~~
""အဟင့်!နာတယ်""
""အင်းပါ ကလေးရယ်
ဒါကနည်းနည်းလေးတော့စပ်မယ်နော်""
""ဟုတ်""
""ကိုယ့်ကလေးလေးကသတ္တိရှိပါတယ်ကွာ
မငိုဘူးနော်...ဟုတ်တယ်မလား""
သူပြောနေသည့်ပုံစံက ကလေးပိစိလေးတွေကိုဆေးထိုးပေးခါနီးရင် ကြားနေကျလေသံလိုဖြစ်နေတာမို့ ငိုနေသည့်ကြားမှပင် ပြုံးမိသွားရပြန်သည်။ဒဏ်ရာကိုသူကိုယ်တိုင်ပဲဆေးထည့်ပေးကာ ပတ်တီးစည်းပေးနေရင်းမှ...
""တွေ့လား?စောစောကတင် လူကြီးကို ညာထားလို့
အခုတကယ်ထိပြီ""
""ကိုကို့ကြောင့်လေ...အဲ့ဒါ
ဖန်ခွက်ကွဲတာလည်းကိုကိုကြောင့်...အဆိုးထိမိတာလည်းကိုကို့ကြောင့်""
""ဟုတ်ကဲ့ပါဗျာ
ကျွန်တော်လင်းညရိပ်ရဲ့အပြစ်တွေပါ""
""ဟွန့်!""
""အရမ်းနာနေလားကလေး""
""Ring Ring""
""ကျစ်!""
နောက်တစ်ကြိမ်ထပ်ဝင်လာပြန်ပါပြီ။ဒီတစ်ခါမှာတော့ ကိုယ်တောင်မထုတ်ကြည့်ရသေးခင် သူမလေးကအရင် ဖုန်းကိုအိတ်ကပ်ထဲမှနှိုက်သွားကာဖွင့်ကြည့်လိုက်လေ၏။
'"ကလေး!""
""ဟင်! ဒါ ဒါတွေက...အဆိုးရဲ့ပုံတွေ""
တွေ့လိုက်ရသည့်ပုံတွေကြောင့် ရှင်ရှင်တကယ်ကိုအံ့သြသွားရသည်။ဒါမကြာခင်က မင်းမိန့်နဲ့တွေ့ခဲ့တဲ့ပုံတွေကိုရိုက်ထားတာပဲ...။ဒါတွေကိုဘယ်သူကရိုက်ပြီး ကိုကို့ဆီပို့တာလဲ?ရေးထားတဲ့စာသားတွေကလည်း ရှင်ရှင်ကပဲဖောက်ပြန်နေသလိုနဲ့...။
ဒါကြောင့်ကိုး!
ကိုကိုဒီနေ့စိတ်မကြည်ဘဲ ထူးဆန်းနေရသည့်အကြောင်းအရင်းက ဒါဖြစ်နေခဲ့တာကိုး။
အခြေအနေကိုမှန်းဆမိသွားခါမှ ရှင်ရှင့်ရင်ထဲတဒိတ်ဒိတ်တိုးခုန်လာကာ သူအထင်လွဲသွားမှာကြောက်သည့်စိတ်က နှလုံးအိမ်ဆီအကြီးအကျယ်ရိုက်ခတ်လာရင်း သူ့လက်ဖဝါးတစ်ဖက်အားဆုပ်ကိုင်၍...
""ကိုကို...ဒီ...ဒီစာသားကြီးကအမှန်မဟုတ်ဘူးနော် ။အဲ့ဒါဟိုနေ့က မင်းမိန့်ဘန်ကောက်ကပြန်လာတုန်းကလက်ဆောင်တွေပါတယ်ဆိုလို့ အဆိုးသွားယူခဲ့တာ...အဲ့ဒီ့ကအပြန်ကိုကို့ရုံးမှာပြသာနာတက်လို့ အဆိုးပြောပြဖို့မေ့သွားတာပါ""
"".....""
""ပြီးတော့ ဒီပုံကလေ သူနေမကောင်းဘူးဆိုလို့အဆိုးကစမ်းကြည့်မိတာ...အဆိုးတို့ကသူငယ်ချင်းတွေလိုပဲရင်းနှီးတာပါ..ကိုကိုအထင်မလွဲပါနဲ့နော်...အဆိုးကကိုကို့ကွယ်ရာမှာ အဟင့်...ဖောက်ပြန်...ဖောက်ပြန်တာမဟုတ်...""
""ဆိုးလေး!""
ပြောနေရင်းမှပင် စကားသံကလုံးဝဆက်မရတော့ဘဲ ရှိုက်သံတွေသာပြင်းထန်လာပြီး မောဟိုက်တုန်ယင်နေသည်မို့ သူမရဲ့ပခုံးလေးနှစ်ဖက်အားခပ်တင်းတင်းဆုပ်ကိုင်ထားလျက်မှ...
""စိတ်အေးအေးထားလေ ကလေးရဲ့
ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်ဘူးနော်""
""အဆိုးက ကိုကို့ကိုပဲချစ်တာနော်
သူများပြောတာတွေကိုမယုံနဲ့နော်""
""ကလေးရယ်...ကိုကိုသိတာပေါ့
ကိုယ့်ကလေးလေးကအရမ်းဖြူစင်တယ်...ကိုကို့ကိုလည်းချစ်တယ်...ပြီးတော့ဆိုးလေးချစ်တာထက် ကိုကိုကပိုချစ်တယ်..အဲ့ဒီ့အချစ်ကိုဘာမဟုတ်တဲ့ဒီဓာတ်ပုံလေးနည်းနည်းကဖြိုဖျက်နိုင်မှာလား""
""ဒါဖြင့် ကိုကိုစိတ်ဆိုးနေတာအဲ့ဒါကြောင့်မဟုတ်ဘူးလား""
""ဟုတ်တယ်၊ကိုကိုစိတ်ဆိုးနေတာ။
ကလေးကိုတော့မဟုတ်ပါဘူး...ဒီကိစ္စရဲ့နောက်ကွယ်မှာရှိနေတဲ့သူကို""
""....""
""ဒါပေမဲ့ ကလေးကတစ်ခုနားလည်!
ဒီလိုမျိုးပုံတွေကို ကိုယ့်ဆီပို့လာတယ်ဆိုကတည်းက ကိုယ်တို့နှစ်ယောက်ကိုအဆင်မပြေစေချင်တဲ့သူရှိနေပြီ၊ သူက ကလေးရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်ပြီး မှားကွက်ကိုစောင့်နေတာ""
""အဲ့ဒါ..အဲ့ဒါဘယ်သူကြီးလဲဟင် ကိုကို""
""ပို့လာတဲ့ဒီaccကနေစပြီး ကိုကိုစုံစမ်းနေတယ်၊ပြီးတော့ တခြားနည်းလမ်းတွေလည်းရှိတယ်...
ကလေးဘာမှစိတ်မပူနဲ့၊ကိုယ့်ကလေးမထိခိုက်စေရဘူး...ကိုကိုရှိတယ်""
""အဟင့်!""
စကားလေးဆုံးတော့ အင့်ခနဲရှိုက်ကာရင်ခွင်ထဲတိုးဝင်လာပြန်သည့်ကလေးမလေးကို အလိုက်သင့်လေးပြန်လည်ထွေးဖက်ထားလိုက်၏။
""ဒါကြောင့် ကိုယ့်ကလေးကလိမ္မာရမယ်နော်
ကိုကိုက မင်းကိုဘယ်လောက်အထိဂရုစိုက်လဲ၊မင်းအတွက်ဆို ဘယ်လောက်အထိကာကွယ်ပေးလိုက်ရလဲ...မင်းလေးကကျ မလိုသူတွေရဲ့အမြင်မှာ မှားကွက်ဖြစ်ရအောင်နေတာ ကောင်းသေးရဲ့လား""
""အဆိုးကလေ တကယ်ပြသာနာအိုးပဲ
အဆိုးနဲ့ပတ်သတ်ရင်ကိုကို့ဆီပြသာနာတွေပဲလာတယ်...ဘာလို့ဒီလောက်တောင်အသုံးမကျရတာလဲ...အဆိုးတကယ်သေသာသေလိုက်ချင်တာပဲ""
""ကျစ်!ဆိုးလေးကကွာ...အန္တရာယ်နိမိတ်တွေပါတဲ့စကားကိုဘာလို့ခဏခဏပြောနေတာလဲ...အဲ့လိုမပြောရဘူးလေ""
""အဟင့်""
""ကိုယ့်ကလေးလေးစိတ်ညစ်သွားပြီလား
တကယ်ဆို ကလေးစိတ်ရှုပ်မှာစိုးလို့ ကိုယ်မပြောပြဘဲနေမလို့ပါ...ကလေးကိုပေးမသိဘဲ ကိုယ်ဖြေရှင်းနိုင်ပါတယ်၊ အခုတော့ ကိုယ့်ကလေးလေးငိုရပြန်ပြီ""
""အဆိုးကိုပေးမသိလို့တော့မရဘူးလေ ကိုကိုကလည်း...။အဆိုးသိမှရှင်းပြလို့ရမှာပေါ့""
""ဖြေရှင်းချက်မလိုပါဘူး ကလေးရယ်
ကိုကိုသိပါတယ်၊ဒါကိုယ်တို့နှစ်ယောက်ကြား မီးစထည့်ပေးတာ...တစ်ယောက်ယောက်ကတမင်ရည်ရွယ်ပြီးလုပ်တာ""
"".....""
""ဒါပေမဲ့ ကိုကိုဒေါသဖြစ်တာက အဲ့ဒီ့သူကကိုကို့ကိုမကျေနပ်လို့ဆိုရင် ကိုကို့ဆီတိုက်ရိုက်ဦးတည်လို့ရလျက်နဲ့ ကလေးကိုအသုံးချပြီးတိုက်ခိုက်တာကိုပဲ""
""နောက်တစ်ဖက်ကိုလှည့်ပြီးတွေးကြည့်ပါဦးကိုကိုရဲ့...သူကကိုကို့ကိုမကျေနပ်တာမဟုတ်ဘဲ အဆိုးကိုမကျေနပ်တာဆိုရင်ရော...ဒီစာအသုံးအနှုန်းကိုကြည့်ရတာတော့ မိန်းကလေးပဲ၊ကိုကို့ကိုကျိတ်ကြိုက်ပြီးမရခဲ့တဲ့ သူဖြစ်မယ်""
""အာ! စုံထောက်မလေးပါလားကွ
ကဲ! အဲ့ဒီ့အကြောင်းကိုမတွေးတော့နဲ့
မျက်ရည်လေးတွေသုတ်ပါဦး...ဒီမှာကြည့်စမ်း!နှာရည်တွေတောင်ကျနေပြီကွာ""
""ဟင်!မဟုတ်ဘဲနဲ့...""
""ဟုတ်ပါတယ်ဆို""
""အဟင့်!မဟုတ်ပါဘူးဆိုနေ...အီး!ဟီး!""
ငိုချင်ရက်လက်တို့ဖြစ်နေသည့်ဒီအခြေအနေမှာ ဘာအကြောင်းအရာ၊ဘာခေါင်းစဥ်အောက်မဆို သူမကငိုဖို့အဆင်သင့်။ဒါကို ကိုယ်ကလည်းသိသည်မို့ တသိမ့်သိမ့်ရှိုက်ငိုနေသောခန္ဓာကိုယ်လေးအား ခပ်တင်းတင်းဖက်ထားကာ ငိုခွင့်ပေးလိုက်၏။ဒီလိုမှမဟုတ်ဘဲ မငိုဖို့ကိုယ်တားလို့ ငိုချင်စိတ်ကိုမျိုသိပ်လိုက်ရင် ပွင့်ထွက်မလာတော့တဲ့ခံစားချက်ကြောင့် ရင်ထဲမနေသာပဲဖြစ်နေတော့မှာလေ။
အခုတော့ကြည့်!ကိုယ့်ရင်ခွင်ထဲတိုးကာဝမ်းပန်းတနည်းငိုနေရင်းမှ တဖြေးဖြေးရှိုက်သံလေးတိုးတိမ်လာပြီး တစ်နာရီနီးပါးကြာလာသည့်အခါ တုန်ယင်နေသည့်ခန္ဓာကိုယ်လေးလည်းငြိမ်သက်သွားလေ၏။Showပွဲသွားကြည့်လာတာဆိုတော့ ဟိုမှာလည်းဘယ်လောက်တောင်ခုန်ပေါက်ကစားခဲ့သည်မသိပါ...။အခုတော့ပင်ပန်းသွားပြီပေါ့။
""အဟင်း! မောသွားပြီလား ကလေးရယ်
မင်းပဲငိုနိုင်လွန်းတယ်""
ရင်ခွင်ထဲငြိမ်သက်အိပ်ပျော်သွားသည့်မျက်နှာလေးကိုငုံ့ကြည့်ကာ ခပ်တိုးတိုးစကားဆိုရင်း မျက်ရည်တွေရွှဲနစ်နေသည့်ပါးပြင်လေးထက် နှာတံချွန်ချွန်တို့နစ်ဝင်သည်အထိ တိုးဝှေ့နမ်းပစ်လိုက်ပြီး မွေ့ယာပေါ်သို့ညင်ညင်သာသာ နေရာချပေး၍ ကိုယ်ပါအနားလေး၌ဝင်လှဲအိပ်လိုက်၏။
""ကိုကို!!""
ကြည့်!ကိုယ့်ရင်ခွင်အနွေးဓာတ်ခဏပျောက်သည်နှင့် လက်လေးစမ်းကာလိုက်ရှာနေပြီမို့အနားသို့ထပ်တိုးကပ်၍ ဖက်ထားပေးလိုက်ရသည်။ဒီလိုကိုယ့်အပေါ်တွယ်တာလွန်းသည့်ကလေးက တခြားသူနဲ့အထင်လွဲစရာအခြေအနေရှိမည်တဲ့လား။အခြေအမြစ်မရှိတဲ့ပုံအနည်းငယ်လောက်ကို တကူးတကရိုက်ယူပြီး ကိုယ့်ဆီပို့လာသည့်သူကိုက ဟာသပါ။
သို့သော်လည်းဒီလူကိုတော့ဖော်ထုတ်မှဖြစ်မှာ...။သူကဆိုးလေးအနားမှာအမြဲစောင့်ကြည့်နေနိုင်တာမို့ ဒီထက်ပိုတဲ့နည်းလမ်းမျိုးနဲ့ကလေးကိုအန္တရာယ်ပေးလာနိုင်သည်မဟုတ်လား။
ဘယ်သူလဲ?
ဘာရည်ရွယ်ချက်နဲ့ဒီအိမ်ထောင်ရေးကြားကိုဝင်ရှုပ်ဖို့ကြံနေတာလဲ?
ဘာပဲဖြစ်ဖြစ် မကြာခင်မှာတော့ မင်းဘယ်သူဆိုတာ ငါဆက်ဆက်ဖော်ထုတ်မယ်...။
~~~~ 🍬🍬🍬🍬 ~~~~
အခန်း (၄၃)ဆက်ရန်
Readers/WritersလေးတွေအားလုံးကVIPပါ
Writer - WineSatt Cho(🍋Lëmoñ🍋)