🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬
{ My Queen , My Angel }
•••••••••••• ♡ အခန်း [ ၄၁ ] ♡ •••••••••••
""Ring Ring!""
""အာ!!...ကျစ်!""
တိတ်ဆိတ်နေသောအခန်းငယ်ထဲ ရုတ်တရက်ထွက်ပေါ်လာသည့် ဖုန်းringtoneသံကခပ်ကျယ်ကျယ်မို့ သူ စိတ်မရှည်စွာစုပ်သပ်မိရင်း အမြန်ပိတ်ပစ်လိုက်၏။သို့သော်လည်း ရင်ခွင်ထဲအိပ်နေသည့်ကလေးကတော့ လန့်နိုးသွားခဲ့ကာ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် လူကိုမော့ကြည့်လာသည်မို့...
""ကိုယ့်ကလေးလန့်နိုးသွားတာလား
Sorryပါကွာ! ကိုကိုsilentလုပ်ထားဖို့မေ့နေတာ""
""ရပါတယ်၊ကိုကိုရဲ့""
ခပ်ပြုံးပြုံးလေးသာပြန်ဖြေရင်း သူ့လက်ကနာရီဆီအကြည့်ရောက်မိတော့ ညွှန်ပြသည့်အချိန်ဟာ နေ့လည်၁နာရီခွဲ။ ဗုဒ္ဓေါ! ရှင်ရှင်အကြာကြီးအိပ်ပျော်သွားတာပဲ။ ဒီတစ်ချိန်လုံး ရှင်ရှင့်ကိုသူ့လက်ပေါ်ကမချဘဲ ဒီအတိုင်းနေ,နေခဲ့တာပေါ့...အို!ဘုရားရေ...
ရင်ထဲအလန့်တကြားအားနာစွာတွေးရင်း ချက်ချင်းပင် သူ့ကိုယ်ပေါ်မှလှိမ့်ဆင်း၍ ဘေးနေရာလွတ်လေး၌ပြောင်းထိုင်လိုက်မိ၏။ဒါကိုပင် သူကအသေအချာလိုက်ကြည့်ရင်းမှ...
""ဘာဖြစ်လို့လဲ ကလေးရဲ့""
""အဆိုး ဒီလောက်အကြာကြီးအိပ်နေတာကို ဘာလို့မနှိုးတာလဲ?ပြဦး...ကိုကို့လက်တွေနာနေလားဟင်""
စိုးရိမ်မှုအပြည့်နဲ့မေးနေရင်း လက်ဖဝါးသေးသေးလေးတွေဖြင့် ကိုယ့်လက်ပေါ်ထွေးဆုပ်၍ ဖွဖွနှိပ်ပေးလေ၏။ထို့နောက် မျက်နှာလေးကိုလည်းရှုံ့ကာမဲ့ကာ နှုတ်ခမ်းလေးကလည်းစူနေပြန်သည်။သို့နှင့် တလှုပ်လှုပ်ရွေ့လျားနေသည့်လက်လေးအား ကိုယ့်လက်ထဲပြန်ဆုပ်ကိုင်လိုက်ကာ...
""ရတယ်၊ရတယ်...ကိုကိုဘာမှမဖြစ်ပါဘူး""
""မဟုတ်တာတွေက...
အဆိုးဒီလောက်အကြာကြီးတက်အိပ်နေတာကို မနာဘဲနေပါ့မလား""
""တကယ်မနာပါဘူးကွာ
ကိုကို့ဆီလာပါဦး...ပူတူးပိစိလေးရဲ့""
လာဆိုတော့လည်း ရင်ခွင်ထဲခေါင်းလေးပြန်မီကာ နှုတ်ခမ်းစူထားလျက်မှ ကိုယ့်မျက်နှာဆီမော့ငေးနေပြန်သည်။ရော်! ဒီကလေးကတော့လူကိုအသည်းယားအောင်လုပ်နေပြန်ပါပြီ။
""အိပ်ရေးမဝသေးလို့လား ကလေး
စိတ်မကြည်ဘူးဖြစ်နေတာ..ဘာတွေဂျီကျချင်လို့ပြော""
""ဟင့်အင်း""
""ခေါင်းမူးနေသေးလား""
""မမူးတော့ဘူး""
""ဒါဖြင့် ဗိုက်ဆာလို့လား?""
""မဆာပါဘူး""
""ဟုတ်လို့လားကွာ၊ ခုနအိပ်ပျော်နေတုန်းက ဒီဗိုက်လေးထဲမှာအချက်ပေးသံတွေမြည်နေတာ ကိုကိုကြားတယ်နော်""
ပြားကပ်နေသည့်ဗိုက်သားချပ်ချပ်လေးပေါ်လက်တင်ရင်း စသလိုပြောလိုက်တော့ သူမကမျက်လုံးလေးဝိုင်းစက်သွားရင်းမှ..
""တကယ်ကြားတာလား""
""အင်းပေါ့""
""ဟီး! ဟီး! နည်းနည်းတော့ဆာနေတယ်""
""ဟုတ်ပြီ၊ ကိုယ့်ကလေးလေး ဘာစားချင်လဲ ပြော""
""အင်း....!""
ဘာစားချင်လဲပြောထွက်ဖို့ `အင်း´တစ်လုံးကိုသံရှည်ဆွဲရင်း မျက်နှာလေးမော့ကာ မေးစေ့ပေါ်လက်ညှိုးလေးထောက်၍ အသေအချာစဥ်းစားခန်းဖွင့်နေပြန်သည့် ပေါက်စန။မျက်လုံးဝိုင်းဝိုင်းလေးက အငြိမ်မနေစွာ ရွေ့လျားရင်း ပါးလေးနှစ်ဖက်ကိုလည်း လေမှုတ်ဖောင်းပြီး ဆော့နေသေးတာ။တကယ်ကို အူတွေ၊အသည်းတွေယားလိုက်တာ သည်းပေါက်လေးရယ်...။ဘယ်လိုဖြစ်လို့ဒီလောက်ချစ်ဖို့ကောင်းအောင်နေတတ်တာလဲ? မင်း ဘယ်လိုကလေးလေးလဲကွာ...။
""ကိုကိုရေ""
""....""
""ကိုကိုလို့""
""ဟင်! ပြောလေ ကလေးရဲ့""
""စားချင်တာတွေ စဥ်းစားလို့ရပြီ""
""အင်း...ပြောကြည့်ပါဦး""
""အဆိုး Jelly Puddingစားချင်တယ်၊sushiစားချင်တယ်၊pizzaရယ် bubble teaရယ်...ပြီးတော့မာလာရှမ်းကောစားချင်တယ်""
""များလှချည်လား...ဒီလိုနဲ့ကိုယ့်ကလေး ဝတုတ်လေးဖြစ်တော့မှာမဟုတ်ဘူးလား""
""ဟင်!အဆိုးကအခုဝနေလို့လား""
""အခုတော့မဝပေမယ့် ဒီနှုန်းအတိုင်းသာစားရင် မကြာခင်ဝတုတ်လေးဖြစ်လိမ့်မယ်""
""အဟင့်! မဝဘူး...မဝဘူးနော်
အဆိုးက ဘာစားစားဝမလာတဲ့ခန္ဓာကိုယ်လေးဖြစ်ရပါစေလို့ မွေးနေ့တိုင်းအရှင်ဘုရားဆီမှာဆုတောင်းထားတာ""
""ဘယ်လို!
အဟက်! ဟား! ဟား! ကလေးရယ်...ပေါက်ပေါက်ရှာရှာကွာ""
""ဟမ်! သူများဆုတောင်းကိုလှောင်တာလား?""
အလိုမကျသလိုမျက်ခုံးလေးစုကျုံ့ရင်း မေးလာသည်မို့ ထပ်ပြီးစိတ်ကောက်သွားမှာစိုး၍ ကိုယ့်မှာရယ်ချင်စိတ်ကိုမနည်းထိန်းလိုက်ရ၏။ရယ်မိတာလည်း အပြစ်တော့မဟုတ်ပါလေ။ဒီပေါက်စနကိုက ဘုရားဆီသွားပြီး ပေါက်တတ်ကရဆုတွေတောင်းနေတာကိုး။
""မဟုတ်ပါဘူး ကလေးရယ်
မင်းကလေအရမ်းချစ်ဖို့ကောင်းတာပဲကွာ...ဘယ်လိုဟာလေးမှန်းကိုမသိဘူး""
""ဟင်း! အချစ်ခံရတာလည်းမလွယ်ပါဘူးလေ.
...ဘာလုပ်လုပ်အလိုလိုက်ပြီးချစ်ပေးနေတော့ ဒီကလည်း လူဆိုးမကြီးလုံးလုံးဖြစ်ရရော...ခုနကပဲကြည့်! အချစ်မခံရတဲ့သူတွေက အဆိုးကိုမနာလိုလို့အတင်းပြောနေကြတာ""
"".....""
""အစကတော့ အဆိုးသည်းခံပါသေးတယ်
သူတို့ကအရမ်းလွန်လို့ရန်ဖြစ်မိသွားတာ""
""ကိုကိုသိပါတယ်ကွာ...စကားလေးတွေကလည်းတတ်လိုက်တာ""
ကြည့်! လူကိုရှာကြံချီးမွမ်းကာ အကြင်နာမျက်ဝန်းနှင့်ကြည့်နေပြန်ပါပြီ။ ရှင်ရှင်အခုလိုဆိုးနေမိတဲ့ အဓိကအကြောင်းအရင်းဟာလေ လုပ်သမျှ၊ပြောသမျှဘာမဆိုအကုန်လိုက်ချစ်နေတဲ့ အဲ့ဒီ့လူကြီးပဲ...။သူကတရားခံပဲ။
""ဂွီ!!""
""အမ်!""
""အဟက်!""
စိတ်ထဲအတွေးများနေစဥ်မှာပင် ဗိုက်ကဟာခနဲခံစားချက်နှင့်အတူ အသံကျယ်ကြီးထွက်လာပြန်ပါသည်။သည်တစ်ခါတော့ နှစ်ယောက်လုံးရဲ့ဗိုက်ထဲမှပြိုင်တူ အချက်ပေးလာခြင်းမို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ဟက်ခနဲရယ်မိသွားရပြီး...
""ကိုကိုလည်းဗိုက်ဆာနေပြီ
ကြည့်စမ်း! အဆိုးတို့ကဗိုက်ချင်းဆက်နေတာနဲ့တူတယ်...အသံမြည်တာတောင်တစ်ချိန်တည်း""
သဘောတကျမျက်နှာလေးဖြင့်ရယ်ကာ ပြောလာပုံလေးကြောင့် လင်းညက အသည်းယားစွာပင် ပါးလေးနှစ်ဖက်အားဖျစ်ညှစ်လိုက်ပစ်လိုက်၏။သူမလေးပြောသည်က နှလုံးသားချင်းဆက်တာလည်းမဟုတ်၊ စိတ်ချင်းဆက်တာလည်းမဟုတ်...ဘယ့်နှယ်!ဗိုက်ချင်းဆက်သတဲ့...။ဒါကရော ဘယ်လိုချစ်စဖွယ်အပြောလေးလဲ။
""အဟက်! ကဲ...လာ..လာ တစ်ခုခုသွားစားရအောင်၊ တော်ကြာအဆာလွန်သွားမှဖြင့် ဗိုက်တွေအောင့်နေမယ်""
""တစ်ခုခုမဟုတ်ဘူးလေ...အဆိုးခုနကmenuပေးပြီးပြီ။အဲ့ဒါတွေပဲစားမှာ""
""ဟုတ်ပါပြီကွာ
အရင်ဆုံးဆံပင်လေးပြန်ဖြီးရအောင်...ဒီနားမှာပွနေပြီ...ပေး...ကိုကိုလုပ်ပေးမယ်""
ပါးစပ်ကပြောရင်း သူမရဲ့ကျောပိုးအိတ်လေးထဲမှ ခေါင်းဖြီးလေးထုတ်ယူကာ ပွယောင်းနေသည့်ဆံနွယ်လေးတွေထက်ညင်သာစွာဖြီးပေးလိုက်ပြီး ကလစ်ပိစိလေးတွေကိုပါ အကျအနပြန်တပ်ပေးရသေး၏။
""အား!! ဗိုက်ဆာနေပြီ
မြန်မြန်သွားမယ်""
""အေးပါကွာ..ဒါလေးတစ်ခုတပ်ပြီးရင်ရပြီ""
""စားရဦးမှာလား ဒီနေ့""
""စိတ်ရှည်ပါဦး ကလေးလေးရယ်
ရပြီ...လာ ထ""
ဗိုက်ဆာရင်လည်းဂျီကျတတ်သောကလေးမို့ ခေါင်းဖြီးပေးသည့်အလုပ်ကိုအဆုံးသတ်ကာ မုန့်ဆိုင်ဆီမြန်မြန်ပဲခေါ်သွားလိုက်ရ၏။မဟုတ်ရင် ဂျစ်တူးလေးက မုန့်ဆာလို့ငိုတော့မည်လေ...။
~~~~~ 🍬🍬🍬🍬🍬 ~~~~~
ဆူဆူညံညံmusicသံတွေကြားငြိမ်သက်လျက်ထိုင်နေရင်း အတွေးတွေများနေမိသည်က ချစ်ကြိုးသွယ်ဟူသာ မိန်းမသားပင်။အခုတော့ ခပ်ပြင်းပြင်းalcoholတို့ကို ဘာမှမမှုသလိုပင်မျိုချတတ်နေပြီမို့ ခွက်ထဲကျန်ရှိနေသည့်အရည်တချို့ကို မမှိတ်မသုန်ငေးစိုက်ကြည့်ကာ တစ်ခါတည်းမော့သောက်ပစ်လိုက်၏။ မကြာခင်ကတင် facebook Nfမှာ statusတစ်ခုတွေ့လိုက်သည်။ Moonlightရဲ့ဝန်ထမ်းတစ်ဦးကတင်ထားတာဖြစ်ပြီး ဒီနေ့သူဖြစ်ခဲ့တဲ့ပြသာနာအပါအဝင် သူဘယ်လိုနစ်နာခဲ့ရပါကြောင်းနဲ့ companyအပေါ် blameထားသည့်စာက အရှည်ကြီး။ ဒီပို့စ်က Moonlightရဲ့ ဝန်ထမ်းGroupမှာပျံ့နေပြီး company page နဲ့websiteပေါ်ပါရောက်နေခဲ့သည်။လင်းညအပေါ်လည်းအမျိုးမျိုးဝေဖန်နေကြပြီး အဆိုးရွားဆုံးကတခြားcompanyတွေရဲ့ ဝန်ထမ်းတွေကပါဒီသတင်းကိုsharingတွေလုပ်နေကြခြင်းပင်။
ဘာကိုမှဂရုစိုက်တော့ဘူးလား လင်းည...။နင်အဲ့လောက်တောင် ရူးနေပြီလား။ဝန်ထမ်းအားလုံးရဲ့ရှေ့မှာတောင် ဘာကိုမှဂရုမစိုက်နိုင်ဘဲ သူမှသူဖြစ်နေတယ်ပေါ့။ရှက်တောင်မရှက်တတ်တော့ဘူးပေါ့..အဟက်!
ကံကောင်းလိုက်တဲ့ ချစ်သည်းရှင်။နင်ဘာလုပ်လုပ် သူကအပြစ်တွေမမြင်တော့သိပ်ပျော်နေမှာပဲနော်။အချစ်ကအရာရာကိုမမြင်နိုင်လောက်အောင် ကန်းစေတယ်ထင်ပါရဲ့။ အေးလေ!ဟုတ်မှာပါ...လင်းညကလည်း နင့်ကိုချစ်လို့ကန်းနေတာ၊ငါကလည်း သူ့ကိုချစ်လို့ကန်းနေတာ။ဒါပေမဲ့နင်စိတ်ချပါ...နင့်ကိုလင်းညဘေးကနေမရရအောင်ခွာထုတ်မှာ...နင်နဲ့တန်တဲ့နေရာကိုကျိန်းသေပြန်ပို့ပေးမှာ။
""တောက်""
""Oh!""
အနားသို့လှမ်းလာရုံရှိသေး ခပ်ပြင်းပြင်းတက်ခေါက်သံကြောင့် မိုးရိပ်ရဲ့ခြေလှမ်းများရပ်တန့်သွားကာ ခြေစုံရပ်နေလိုက်၏။ဒီည၊ဒီclubမှာ သူမနဲ့ဒုတိယအကြိမ်မြောက်တွေ့ဆုံဖို့ချိန်းဖြစ်ခြင်းပင်။ထို့ကြောင့် ကိုယ့်မှာတော့ပျော်ရွှင်နေသလောက် သူမကမျက်နှာတည်တည်နဲ့မို့လန့်တောင်လန့်မိရပါသည်။
သို့သော်လည်း လက်တလုံးကြိုးသာရှိသည့်အနက်ရောင်ဂါဝန်ကို ရင်ဘတ်ခပ်ဟိုက်ဟိုက်ဖြင့်sexyကျကျဝတ်ဆင်ထားကာ ညိုရင့်ရင့်colorတင်ထားသည့်နှုတ်ခမ်းကလည်း ယစ်မူးဖွယ်အတိ။ဆံနွယ်တွေကို အပေါ်သို့စုကာခပ်မြင့်မြင့်လေးထုံးထားတာမို့ မျက်နှာလေးကပြောင်ရှင်းနေပြီး လည်တိုင်ကျော့ကျော့နဲ့ ခပ်ထင်းထင်းsexy boneတို့ကလည်း မျက်လုံးမခွာချင်လောက်အောင် နုစင်ဝင်းမွတ်နေ၏။ ထိုပုံစံကြောင့်ပင် သူ့ရင်တွေတလှပ်လှပ်လှုပ်ရှားလာကာ သူမအနားသို့ခပ်ဖြေးဖြေးတိုးကပ်၍...
""စိတ်ကြီးတဲ့အလှလေး ဘာတွေအလိုမကျပြန်တာလဲ""
""သြော်..ရှင်ရောက်လာပြီကိုး""
""ကိုယ့်ကိုစောင့်နေတာမလား""
""အင်း""
""သိပ်လှတယ်ကွာ""
""ရှင့်မျက်နှာလည်းမကောင်းပါလား
အလုပ်မှာတစ်ခုခုဖြစ်လို့လား""
တကယ်ကိုပါးနပ်လွန်းတဲ့မိန်းကလေးပါပင်။တွေ့တာမြင်တာမကြာသေးသည့်တိုင် ကိုယ့်မျက်နှာကိုမြင်ရုံနဲ့ဤမျှအထိခန့်မှန်းနိုင်သတဲ့။မင်းက အံ့သြစရာပါလား ချစ်ကြိုးသွယ်...။ကိုယ်တကယ်ငြိမိတော့မယ်ထင်တယ်။
""မဖြေချင်လည်းရပါတယ်""
""မဟုတ်ဘူး...ကိုယ်မဖြေချင်တာမဟုတ်ပါဘူးကွာ...ဒီအတိုင်းအလုပ်မှာနည်းနည်းပင်ပန်းနေလို့""
သည်လိုပြောတော့လည်းသူမကဘာမှဆက်မမေးဘဲ ခေါင်းလေးငြိမ့်ပြရုံသာ။တကယ်တော့ CEOကိုယ်တိုင်စစ်မယ့် ငွေစာရင်းကိစ္စကြောင့်ပဲသူ့စိတ်တွေမငြိမ်းချမ်းနိုင်သေးတာပါ။မနက်ဖြန်ဆို ပေးထားတဲ့အချိန်ကပြည့်နေပြီမို့ ထပ်ပြီးရှောင်လွှဲဖို့ရန်အကြောင်းပြချက်ကိုစဥ်းစားရဦးမှာ။ ကွာဟနေတဲ့ ငွေပမာဏကိုလည်းပြန်လိုက်ဖို့ ကိုယ့်လက်ထဲမှာဘာမှမရှိတော့ခက်သားပါပဲ။
""ပင်ပန်းရင်နားနေပါလား
ဘာမှအများကြီးမစဥ်းစားနဲ့၊ဟိုနားမှာကျမတို့သွားကမလား...စိတ်ပြေလက်ပျောက်ပေါ့""
""အင်း...ကောင်းသားပဲ""
သည်လိုနှင့်နှစ်ယောက်သားထိုင်နေရာမှထကာ ကခုန်နေသည့်လူအုပ်ကြားထဲရောက်သွားရ၏။ချစ်ကြိုးလည်းစိတ်ညစ်နေပြီး သူကလည်းစိတ်ညစ်နေပုံမို့ ဒီလိုအခွင့်အရေးပေးလိုက်ခြင်းပင်။
""ချစ်ကြိုး...ကိုယ်လေ မင်းကိုချစ်မိသွားပြီ""
လူကြားထဲကခုန်နေရင်းမှ နားရွက်ဖျားအနားသို့ကပ်ကာ ပြောလာသည့်ထိုစကားကြောင့် ချစ်ကြိုးခပ်လွန့်လွန့်လေးပြုံးလိုက်ကာ...
""ရှင်ကအခွင့်အရေးကိုပေးတာထက်ပိုလိုချင်တာပဲ မိုးရိပ်...ကျမနဲ့ရှင်ဆုံတာ၂ခါပဲရှိသေးတယ်နော်""
""ဒါပေမဲ့ မင်းကိုယ့်ရင်ခွင်ထဲလဲကျခဲ့တဲ့နေ့ကတည်းကကိုယ့်နှလုံးသားလေး မင်းဆီပါသွားခဲ့တာ""
""ကျမမှာချစ်သူရှိတယ်ဆိုရင်ရော""
""မင်းရဲ့အရင်ချစ်သူက sunshineကဘုန်းနေလမဟုတ်လား...လမ်းခွဲပြီးပြီ။အခုမင်းက single""
""တော်သားပဲ၊ကျမအကြောင်းstalkerလိုက်ထားတယ်ပေါ့""
""ကိုယ်ချစ်မိမှတော့...အရာရာသိထားသင့်တာပေါ့""
""Okလေ...ကျမစဥ်းစားပေးပါမယ်""
ခပ်ပေါ့ပေါ့ပင်ပြောထွက်လိုက်သောအဖြေစကားပါပဲ။သို့ပေမယ့် ချစ်ကြိုးဒီလူကိုလုံးဝမချစ်တာလည်းသေချာတယ်။ကြိုးရှည်ရှည်နဲ့ချုပ်ထားတာကတော့ တစ်ခုသောအကြောင်းကြောင့်ရယ်ပေါ့။
ရှင်ကကျမကစားကွက်ထဲက အရုပ်ကလေးတစ်ရုပ်ဖြစ်လာနိုင်တယ် မိုးရိပ်ကင်း။ဒါကြောင့်ရှင့်ကိုကျမဖမ်းဆုပ်ထားမှဖြစ်မယ်။
ရှင်ကဘုန်းနေလလို အသုံးမဝင်တဲ့သူ မဖြစ်ဖို့တော့မျှော်လင့်ပါတယ် အဟင်း!!
~~~~~ 🍬🍬🍬🍬🍬 ~~~~~
""ဒေါက် ဒေါက်""
""Come in""
""ဒါက လက်ရှိprojectရဲ့budgetငွေလည်ပတ်မှုစာရင်းပါ CEOလက်မှတ်လေးတစ်ချက်""
""Ok..ထားခဲ့လိုက်""
""ဟို! CEOအဆင်ပြေရဲ့လားရှင်""
""ဘာကိုလဲ""
""မနေ့ကကိစ္စ ဝန်ထမ်းတွေကြားထဲအရမ်းပျံ့သွားပြီး တခြားcompanyဘက်တွေအထိရောက်သွားတော့...""
""ပြသာနာမရှိပါဘူး။အဆင်ပြေတာမို့လို့ မင်းကိုယ့်အလုပ်ကိုယ်လုပ်ပါ...ဒီအကြောင်းကိုဆက်ပြီးမပျံ့အောင်ထိန်းဖို့ company teamရဲ့စီမံချက်အတိုင်းဆက်လုပ်သွား...နစ်နာကြေးအတွက်သူ့ကိုကျေနပ်သလောက်ပမာနဲ့ညှိနှိုင်းပြီး သတင်းကိုပိတ်...ပြီးတော့ငါ့ကလေးရဲ့accကိုပါ publicချပြီးမဟုတ်တာပြောရဲရင် ငါကတရားဥပဒေအတိုင်းဆက်လုပ်မယ်လို့တစ်ခါတည်းပြောလိုက်""
""ဟုတ်...ဟုတ်ကဲ့ပါရှင့်""
ခေါင်းငုံ့ကာ တရိုတသေဖြေ၍ ဝန်ထမ်းမိန်းကလေးအပြင်သို့ထွက်သွားလေမှ သက်ပြင်းဖွဖွချမိရပြန်၏။ဒီကိစ္စဟာမနေ့ညနေပိုင်းလောက်ကတည်းက ဝန်ထမ်းတွေရဲ့group chatနဲ့company home pageမှာပါ သတင်းပွသွားခဲ့သည်။ကိုယ့်အတွက်ကတော့ ဒီလောက်ကိစ္စလေးဟာ ပြသာနာမရှိပေမယ့် ဒါကိုနွဲ့ဆိုးသိရင် သူ့ကြောင့်ဆိုပြီး ဝမ်းပန်းတနည်းငိုနေဦးမှာ ကျိန်းသေပါ၏။ထို့ကြောင့်ပင် အဲ့ဒီ့အကြောင်းနဲ့ပတ်သက်ပြီး တစ်စွန်းတစ်စမှ သူမလေးမမြင်မိစေအောင် ကိုယ့်မှာလိုက်ကာနေရတာအမောပါပင်။
""Ring! Ring!""
တွေးလက်စလေးအဆုံးမှာတင် ဖုန်းမှnotiသံပေးလာ၏။Messengerမှဝင်နေခြင်းမို့ ဖုန်းကိုဖွင့်ကာကြည့်လိုက်တော့ Profileနဲ့Detailဘာတစ်ခုမှမပါဝင်သည့် fake accတစ်ခုဖြစ်ကာ ဝင်လာသည်ကဓာတ်ပုံတချို့...။ပုံထဲပါဝင်သည်ကမင်းမိန့်ပိုင်ရှင်နဲ့ ဆိုးလေးရဲ့ပုံတွေဖြစ်ပြီး ရိုက်ထားသည့်အနေအထားတွေဟာလည်း နီးနီးကပ်ကပ်ရှိလွန်းသည်။ဘယ်သွားသွားအုပ်စုလိုက်ရှိသူတွေဟာ ဒီတစ်ခါတော့တခြားသူတွေမပါဘဲ နှစ်ယောက်တည်းပါလား။
နှစ်ယောက်အတူမျက်နှာချင်းဆိုင်အနေအထားဖြင့်ရယ်မောကာစကားပြောနေပုံတွေ၊ထိုကောင်လေးရဲ့မျက်နှာဆီ နွဲ့ဆိုးကလက်တင်စမ်းနေသည့်ပုံတွေ...ပြီးတော့ ပြီးတော့...အများကြီးပါပဲ။ပုံတွေဟာ ရာနဲ့တောင်ချီတယ်။ ကိုယ့်မှာလည်းကြည့်ရင်းနဲ့ကိုမျက်လုံးတွေပြာဝေလာကာ ရင်ထဲလည်းခံစားချက်တချို့ပြင်းပြင်းပြပြရောက်ရှိလာခဲ့ရဲ့။
""Ring!""
ထိုစဥ်မှာပင် နောက်ထပ်messageတစ်ခုထပ်ဝင်လာကာ သည်တကြိမ်မှာတော့ စာသားဖြင့်...
>> မြင်ပြီလား
Youကသူ့အတွက်ဆိုဘာကိုမှဂရုမစိုက်ဘဲ ကာကွယ်ပေးပေမယ့် youမမြင်နိုင်တဲ့နောက်ကွယ်မှာ သူဘယ်လိုနေလဲ...မြင်ပြီမဟုတ်လား<<
""Ring!""
>>ဒါကြောင့်အကြံပေးမယ်
သူ့ကြောင့် ကိုယ့်ကိုကိုယ်အထိအခိုက်မခံချင်ပါနဲ့၊မရူးစမ်းပါနဲ့တော့<<
နောက်တစ်ကြိမ်ထပ်ဝင်လာသောစာသားကိုကြည့်ကာ ရင်ထဲဒေါသတို့ဂိတ်ဆုံးရောက်သွားသလိုပင်။ ဖုန်းကိုပိတ်ကာ မျက်လုံးတွေပါမှိတ်လိုက်မိသော်ငြား အာရုံမှာအထပ်ထပ်ရစ်ဝဲနေသည်က နွဲ့ဆိုးနဲ့သူစိမ်းယောကျ်ားတစ်ဦး တရင်းတနှီးရှိနေသောပုံတွေ...။
ကိုယ်အတန်တန်မှာထားလျက်နဲ့ နွဲ့ဆိုးရယ်...
ကိုယ့်မှာတော့ မင်းကိုဘယ်လောက်တောင်ကာကွယ်ပေးခဲ့ရလဲ?ဘယ်လောက်တောင်ဂရုစိုက်ခဲ့ရသလဲ?
မင်းကတော့...
မင်းကတော့ကွာ...
""တောက်!!""
~~~~~ 🍬🍬🍬🍬🍬 ~~~~~
အခန်း (၄၂)ဆက်ရန်
Readers/WritersလေးတွေအားလုံးကVIPပါ
Writer - WineSatt Cho(🍋Lëmoñ🍋)