🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬
{ My Queen , My Angel }
•••••••••••• ♡ အခန်း [ ၃၅ ] ♡ ••••••••••••
""ကျမတို့လမ်းခွဲမယ် ဘုန်းနေလ""
ရုတ်တရက်ကြီးပြောထွက်လာသောစကားကြောင့် နေလရင်ထဲဆွံအသွားရ၏။ တစ်ခါမှတွေ့မယ်ပြောပြီး စတင်ချိန်းဆိုခြင်းမပြုဖူးတဲ့ ချစ်ကြိုးက တွေ့ချင်တယ်ပြောလာ၍ ပျော်ရွှင်စွာရောက်လာခဲ့ရသည့် `သူ´ ...ဒီနေရာတင်သေပွဲဝင်လိုက်ရသည့်နှယ်။ နှလုံးသားတစ်ခုလုံး ဝုန်းခနဲပြိုလဲသွားရသလို၊ ရင်တစ်ခုလုံး ဟာခနဲ။ ထိုစကားကြားလိုက်ရသည့် အခိုက်အတန့်မှာ အသက်ရှူပင်ခေတ္တရပ်တန့်သွားခဲ့တယ်ဆိုတာ ဝန်ခံချင်ရဲ့။
မင်းကတော့ ကိုယ့်ကိုရက်စက်ပြန်ပါပြီ မိန်းကလေးရယ်...။
ရင်မှာဆတ်ဆတ်ခါနာကျင်လာရပေမယ့် အကြောင်းပြချက်ကိုလည်းမေးမနေချင်ပါ။ သူမရင်ထဲမှာ အစကတည်းက `ကိုယ်´ဆိုတာမရှိခဲ့မှန်း သိနေတာပဲမဟုတ်လား။ သိသိလျက်နဲ့ရူးမိုက်စွာပေကပ်တိုးဝင်နေမိတဲ့ လိုသုံးဘဝကို သူမကအခုအဆုံးသတ်ပေးတော့မည်တဲ့!
ဒီတော့ ကိုယ်ကပျော်ရမှာလား?
အသည်းပဲကွဲရတော့မလား?
နာကျင်စွာတွေးရင်းမှ မဲ့ပြုံးတစ်ချက်ပြုံးမိစဥ် သူမကလည်း မျက်နှာချင်းဆိုင်တည့်တည့်၌လာရပ်၍...
""ဒါနဲ့ တစ်ခုမေးပါဦးမယ်၊ ကျမစိတ်ထဲဘယ်သူရှိမှန်းရှင်သိလျက်နဲ့ ဘာလို့ရှင့်သဘောအတိုင်းတွေလျှောက်လုပ်နေတာလဲ?""
""မင်းဘာကိုဆိုလိုလဲ...ကိုယ်မသိဘူး""
""မိဘတွေသဘောတူတဲ့ကိစ္စဘာကြောင့်အသစ်ပြန်ဖြစ်လာတာလဲ? လက်ထပ်ပေးချင်တယ်ဆိုတဲ့ကမ်းလှမ်းမှုဘာကြောင့်ထပ်ထွက်လာတာလဲ""
သွားပြီ။ဒီကိစ္စကို သူလုံးဝမသိခဲ့မိဘူးပဲ။ ကျစ်!မာမီတို့က မပြောမဆိုနဲ့ဘာတွေဘယ်လိုလုပ်ပြန်တာပါလိမ့်!
""Sorry! ကိုယ်အဲ့ကိစ္စလုံးဝမသိခဲ့ဘူး""
""ဒါကြောင့်ပဲ၊ကျမရှင်နဲ့လမ်းခွဲချင်တာ
ရှင်နဲ့ဆက်တွဲနေရင် အဲ့လိုစိတ်ပျက်စရာကိစ္စတွေကပြီးမှာမဟုတ်ဘူး၊အာရုံနောက်တယ်""
""ဒါဆိုမင်းက ကိုယ့်ဆီမလာဘူး၊လုံးဝအလျှော့မပေးနိုင်ဘူးဆိုတဲ့သဘောလား ချစ်ကြိုးသွယ်...ကာမပိုင်ဇနီးမယားရှိတဲ့ယောကျာ်းတစ်ယောက်ကို မင်းမို့လို့မက်မောနေသေးတယ်""
""ကာမပိုင်ဇနီးမယားတစ်ယောက်မကလို့ဘယ်နှယောက်ပဲရှိရှိ...ကျမချစ်တဲ့လင်းညရိပ်က လင်းညရိပ်ပဲ...ဘာမှမပြောင်းလဲဘူး""
""ဟုတ်ပြီ၊ထားလိုက်...မင်းဘာသာမင်းသေလောက်အောင်ချစ်နေလိုက် ရတယ် ကိစ္စမရှိဘူး၊ဒါကမင်းအပိုင်း...အေး!ဒါပေမဲ့ သာသာယာယာတည်ဆောက်ထားတဲ့သူတို့အိမ်ထောင်ရေးအပေါ် မထိခိုက်စေနဲ့၊ မင်းရင်ထဲကမှောင်မိုက်နေတဲ့စိတ်ဓာတ်တွေအပြင်ကို ဆွဲထုတ်မလာနဲ့...နောက်ထပ်တစ်ခေါက်တော့ ကိုယ်မင်းကိုကာကွယ်နေမှာမဟုတ်ဘူး""
""အဟက်!ဂရုမစိုက်ပါဘူး
ကျမရဲ့ခြေရင်းမှာ ခစားချင်တဲ့ယောကျ်ားမရှားဘူး""
""ဒါပေမဲ့ မင်းကိုချစ်တဲ့ယောကျ်ားကတော့ ရှားလိမ့်မယ် ချစ်ကြိုးသွယ်""
""....""
""မှတ်ထား! ဒီလောကမှာ အစစ်အမှန်တွေကရှားပါးတယ်။ မင်းကိုယ်တိုင်ကမစစ်မှန်ဘဲ မင်းဆီကိုလည်းသူတို့ရောက်လာဖို့ မမျှော်လင့်နဲ့...Good Luck!!""
ထိုစကားကိုပြောပြီးနောက် လေးပင်သောသူ့ခြေလှမ်းတို့ နောက်ပြန်လှည့်ခဲ့သည်။
ကျောခိုင်းလိုက်ပါပြီ။ရင်နင့်အောင်ချစ်ခဲ့သော်လည်း ရက်စက်တဲ့လမ်းခွဲစကားရှေ့သွေးပျက်စွာ ဒူးမထောက်ခဲ့ခြင်းက ယောကျ်ားတစ်ယောက်ရဲ့နောက်ဆုံးသော မာနနဲ့။ ကိုယ်ဘယ်လောက်ချစ်မှန်း သူ မသိတာမှမဟုတ်ဘဲ...၊ရင်ကိုရိုက်ချိုးရက်သော ထိုစကားအတွက် ဘာအကြောင်းပြချက်ကိုထပ်ရှာနေရဦးမလဲ။ ဘာအတွက် အရှက်မဲ့စွာ တောင်းပန်တိုးလျှိုးနေရဦးမလဲ?
မင်း နိုင်ပါတယ် ချစ်ကြိုးသွယ်။
ဒါပေမဲ့ အပြီးတိုင်ဝေးပြီလို့တော့ မသတ်မှတ်ခဲ့တာလည်း သေချာတယ်။တစ်နေ့မှာ အလိုရှိရင်၊ပြန်လာချင်ခဲ့ရင် ဒီရင်ခွင်တံခါးကို တစ်သက်လုံးဖွင့်ထားပေးလိုက်မယ်။
အခုတော့ ဒါဟာ အဆုံးသတ်ပါလို့ မင်းသတ်မှတ်တဲ့နေရာမှာ ကိုယ်ရပ်နေလိုက်ပါတယ်။
`ကိုယ်´ဆိုတာ မင်းနဲ့မှချစ်တတ်ခဲ့ရသူမို့ပါ မိန်းကလေးရယ်...။
~~~~~ 🍬 ~~~~
ခပ်ငိုင်ငိုင်မျက်ဝန်းများဖြင့် ချစ်ကြိုးရှေ့မှလှည့်ထွက်သွားလေတဲ့ `သူ´။ တွေဝေခြင်းမရှိ၊ တောင်းပန်ခြင်းမရှိဘဲ စိမ်းသက်စွာကျောခိုင်းသွားခဲ့ခြင်းက ထူးဆန်းလှချည်လား။ ဘာလို့လမ်းခွဲရသလဲဆိုတဲ့အကြောင်းပြချက်ကိုတောင် သူထုတ်မမေးခဲ့တာ ဘာကြောင့်များလဲ?ချစ်တယ်လို့ တဖွဖွပြောပြီး အနားမှာနေခွင့်ပေးဖို့ ရှင်တစ်ခါလေးတောင် မတောင်းဆိုတော့ဘူးနော်။
အဟင်း! နောက်ဆုံးတော့ ရှင်လည်းကျမကိုကျောခိုင်းခဲ့တာပဲ။ ဒါပေါ့၊လူတစ်ယောက်ရဲ့ darksideဖြစ်ဖို့ဆိုတာ ရှင်ထင်နေသလောက်ဘယ်လွယ်ပါ့မလဲ။
နှုတ်ဆက်ပါတယ်။
ကျမလိုမိန်းကလေးဆီ နောက်ထပ်ပြန်မလာနဲ့။
သူ့ကျောပြင်ကိုလှမ်းငေးကြည့်ကာ ခပ်ယဲ့ယဲ့ပြုံးနေလိုက်ပေမယ့် ရင်ထဲဝမ်းနည်းသလိုစိတ်ကလှိုက်ခနဲဆို့နင့်သွား၏။ ဒါဟာ ဘုန်းနေလကြောင့် ချစ်ကြိုးရင်ထဲ နက်နက်နဲနဲခံစားရတဲ့ ပထမဆုံးခံစားချက်ပါပဲ။
ဘာလဲ?နှမြောနေတာလား ချစ်ကြိုးသွယ်
အနားမှာရှိတော့ရော နင်သူ့ကိုပြန်ချစ်နိုင်လို့လား?
သူ...သွားပါစေတော့လေ။
သည်လိုနှင့်ပဲ ချစ်ကြိုးတို့ရဲ့အချစ်ရေးဟာ တစ်ခန်းရပ်...။ဟင့်အင်း!အတိအကျဆို ဆက်ရန်မရှိတော့ပါပေါ့။
Not to be continued.
~~~~~ 🍬🍬🍬🍬 ~~~~~
""Ring Ring!""
""Hello! ကိုကိုရေ...ဘာလုပ်နေလဲ""
သာယာချွဲ့နွဲ့သည့်အသံလေးကိုကြားရစဥ်အခိုက် ရင်ထဲစမ်းချောင်းအေးအေးလေးစီးဆင်းသွားသလိုပင်။လွန်ခဲ့သည့် မိနစ်နှစ်ဆယ်ကမှဖုန်းပြောခဲ့သေးတာကို အခုပဲဖုန်းထပ်ဆက်နေပြန်သည့် ငချွဲမလေး။ လူကိုရှိသမျှနည်းမျိုးစုံနဲ့တီတီတာတာချွဲလွန်းလို့ ချစ်ရတာလည်းထားစရာမရှိအောင်ပါပဲ။ဖြစ်နိုင်ရင် သွားလေရာပါအောင် အိပ်ကပ်ထဲထည့်ခေါ်ခဲ့ချင်ရဲ့။
အဟင်း!Gentlemanဆန်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယာက်ဟာလည်း အချစ်နဲ့ပတ်သက်ရင် ဒီလိုပေါက်တတ်ကရတွေ တွေးတတ်တာပဲကိုး။
""ကိုကို မအားဘူးလား
ဒါဆို အဆိုးဖုန်းချပြီနော်""
""တီ! တီ!""
""ဟင်!ကားသံတွေနဲ့ပါလား
ကလေးအခုအပြင်မှာလား""
""ဟုတ်! အဆိုးက ကိုကို့ဆီလာနေတာလေ
နေ့လည်စာdelievery""
""အဟက်! ချစ်သည်းရှင်လေးကလိမ္မာလိုက်တာကွာ...ဘယ်သူ့ကလေးလေးမို့ဒီလောက်လိမ္မာရတာလဲ""
""Wu Yifanရဲ့ကလေးလေး""
""ဘာပြောတယ်!""
""အဟဲ! မှားသွားလို့...အဆိုးက ကိုကို့ရဲ့ချစ်သည်းရှင်လေး""
""လိမ္မာတယ်၊ လမ်းမှာဂရုစိုက်ပြီးလာနော်
ကိုကိုစောင့်နေမယ်""
""ဟုတ်ကဲ့၊အခုမှအိမ်ကထွက်ရုံပဲရှိသေးလို့ နည်းနည်းကြာဦးမယ်၊ ဒါပဲနော်...ကိုကို...mwah mwah!!""
စကားအဆုံး၌ တမွမွဖြင့်အနမ်းတွေပေးနေပြန်တော့ ဒီဘက်ကလူမှာလည်း စတော်ဘယ်ရီရောင်နှုတ်ခမ်းပါးလေးဆီ လှမ်း၍မြင်ယောင်ကာဖြင့် ပြုံးမိသောနှုတ်ခမ်းတစ်စုံကိုဖုန်းscreenဆီထိကပ်လျက်သား။
""Mwah!!""
""ဒါပဲနော် ကလေးလေး
ကိုကိုဖုန်းချပြီ""
""ဒေါက် ဒေါက်!""
ဖုန်းလေးချလိုက်ပြီးသည်နှင့် တံခါးခေါက်သံနှစ်ချက်ထွက်လာခြင်းက တစ်ပြိုင်နက်။ထို့နောက် secretaryဖြစ်သူက အခန်းထဲဝင်လာကာ...
""CEOရှင့်...ဧည့်သည်ရောက်နေပါတယ်""
""ဘယ်သူလဲ?""
""CEOရဲ့မိတ်ဆွေဟောင်းလို့ပြောပါတယ်
အရင်တစ်ခါကလည်းလာဖူးတဲ့ Mrs.Scarletပါ""
""သြော်! အင်း...ဝင်ခိုင်းလိုက်""
ဝင်ခွင့်ပြုလိုက်သည်နှင့် ခပ်ဟဟပွင့်သွားသည့်တံခါးအနောက်မှ ကျော့ရှင်းသောဟန်ပန်ဖြင့် မိန်းကလေးတစ်ဦးထွက်ပေါ်လာပြီး သူရှိရာဆီလှမ်းကြည့်ကာ ခပ်ရဲရဲပြုံးပြ၏။ သို့သော်သူကတော့ အသိအမှတ်ပြုရုံလေးသာခေါင်းငြိမ့်ပြ၍...
""ဘာကိစ္စရှိလို့လဲ""
""Scarlet ဟိုကိုပြန်တော့မယ်
အရင်ပါတီပွဲမှာတုန်းကပြောခဲ့တယ်လေ...ပြန်ခါနီးရင်လာနှုတ်ဆက်မယ်လို့""
""အင်း! သာယာတဲ့ခရီးစဥ်ဖြစ်ပါစေ""
မေးတစ်ခွန်းပြောတစ်ခွန်းဖြင့် ခပ်တည်တည်ကြီးလုပ်နေသူကြောင့် ဧည့်သည်ဖြစ်သူက ဆက်ပဲဝင်ရမလို၊ယခုပဲလှည့်ပြန်ရမလိုနှင့်...။ တခြားသူတွေနဲ့ပတ်သက်ရင် လင်းညရိပ်ရဲ့အပြုအမူတွေက အဲ့သလိုတည်တံ့လွန်းတာပါ။ ဟိုလူဆိုးမလေးအနားရှိရင်သာ နို့ဆီပေါ် သကြားဖြူးပြီး၊ သကာပေါ် ပျားရည်လောင်းသည့်အမူအရာတွေဖြစ်,ဖြစ်ကုန်ရတာ။ အင်းလေ! အရာရာတိုင်းမှာ ချွင်းချက်ကတော့ရှိစမြဲပဲမဟုတ်လား။
""ထိုင်လေ""
ဧည့်သည်ဆိုတော့လည်း ဒီအတိုင်းကြီးရပ်ခိုင်းလို့မကောင်း၍ ထိုင်ခိုင်းကာ ဧည့်ခံရ၏။ ဘာမှရေရေရာရာမရှိလည်းဘဲ အတော်ကြာအောင်စကားပြောနိုင်သည့် မိန်းကလေးက နာရီဝက်ကျော်လာသည့်အထိ မပြီးနိုင်သောစကားများကို တရစပ်ပြောနေသလောက်လင်းညကဖြင့် အလိုက်သင့်ခေါင်းငြိမ့်၊ခေါင်းခါပြရုံသာ။
ဟင်း! ဒီစကားတွေက ဒီနေ့ပြောလို့မှကုန်ပါ့မလား။
~~~~~~~ 🍬🍬🍬🍬 ~~~~~~~
""အင်း...ကျမနောက်ထပ်၁၀မိနစ်နေရင် ရောက်ပါပြီ""
"".....""
""Ok! ဒါပဲနော်""
ဖုန်းပြောပြီးသည်နှင့် ကားကိုခပ်မှန်မှန်လေးမောင်းထွက်လာခဲ့၏။နေ့စဥ်ဘဝမှာ ဘယ်လိုပင်အဆင်မပြေမှုတွေရှိနေပါစေ၊ ချစ်ကြိုးသွယ်က အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို ကောင်းစွာခွဲခြားတတ်ပါသည်။ အရာရာမှာအောင်မြင်သူ၊အများထက်သာလွန်သူဖြစ်ချင်တာမို့ smartကျသည့်လုပ်ငန်းရှင်အမျိုးသမီးတစ်ယောက်ဘဝကိုလည်း မမှေးမှိန်စေရအောင် ကြိုးစားရမည်လေ။
""အ! အဟွတ်!""
ကားမောင်းနေရင်းမှပင် ရင်ထဲပျို့တက်ကာအန်ချင်သလိုဖြစ်လာပြီး လည်ချောင်းတစ်လျှောက်ယားကျိကျိနဲ့ ပူစပ်စပ်ခံစားချက်ကတစ်မျိုးကြီး။ အသက်ရှုလည်းခက်လာကာ ခေါင်းတွေလည်းမူးလာသည်။စောကတည်းကသိပေမယ့် ဘာမှသိပ်မဖြစ်လောက်ဘူးထင်ခဲ့သမျှ အခုမှပိုပြီးခံရခက်လာသလိုလိုနှင့်...။
ဒါ allergicလက္ခဏာပဲ။ သွားပြီ၊ စောစောက customerတစ်ယောက်နဲ့အတူစားခဲ့တဲ့နေ့လည်စာထဲ ပင်လယ်စာတွေပါနေခဲ့တာ ချစ်ကြိုးမေ့သွားတယ်။ အလုပ်ကိစ္စဆွေးနွေးနေရင်းမို့ သူမှာပေးသည့်အတိုင်းလက်ခံလိုက်မိခြင်းက တကယ်ကိုအမှားကြီးပဲ။ ချစ်ကြိုးမှာ ငယ်ကတည်းက ပင်လယ်စာဓာတ်မတည့်မှုရှိပေမယ့် သိသာလောက်အောင်မပြင်းထန်ခဲ့တာမို့ ကိုယ့်ကိုယ်ကိုတောင်မေ့နေခဲ့ရသည့်အဖြစ်ပါပင်။
""ကျစ်!""
အလုပ်ကိစ္စသွားရမည်ဆိုကာမှ နှောင့်နှေးစေသောအခြေအနေကြောင့်အလိုမကျမိစွာ စုတ်သပ်ရင်း ကားကိုတော့ခပ်ဖြေးဖြေးဆက်မောင်းလာခဲ့၏။ ချိန်းဆိုထားသည့်နေရာကိုတော့ ကောင်းစွာရောက်ပါသည်။ Coffee barတစ်ခုရဲ့အတွင်းပိုင်း Decorationကိုလာကြည့်ပေးခြင်းမို့ အချိန်တော့ပေးရမည်သာ။
~~~~~~ 🍬 ~~~~~~
""ဒါဆို ငါပြန်တော့မယ်
ညနေကျရင် ဟိုကောင်တွေကိုပါလာခဲ့ဖို့ခေါ်လိုက်နော်...အားလုံးကိုငါပြုစုမယ်""
""ဟုတ်ပါပြီကွာ၊မင်းကမြန်မာနိုင်ငံရဲ့levelအမြင့်ဆုံးHotelက GMဆိုတော့လည်း ငါတို့လိုဆင်းရဲသားလေးတွေကကပ်စားရမှာပေါ့""
သူငယ်ချင်းတွေက ရယ်မောစနောက်နေတော့ သူကနှုတ်ခမ်းလေးတွန့်ကွေးရုံပြုံးလိုက်၏။
""မင်းရောအဆင်ပြေရဲ့လား
ဆိုင်ကအသစ်ဆိုတော့""
""အင်း၊ပြေပါတယ်
အတွင်းပိုင်းdecorationတွေထပ်ပြီးဆင်ဖို့ရှိသေးတယ်။ companyတစ်ခုနဲ့ချိတ်ထားပြီးသား...ခဏနေရောက်လာတော့မှာ""
""ဒါဆို ငါပြန်တော့မယ်
ဒီမှာနော် ရှင်းခဲ့ပြီ""
""ပေးမနေနဲ့၊ ငါကဆိုင်တောင်ဖွင့်ရသေးတာမဟုတ်ဘူး""
""ရပါတယ်၊ယူလိုက်
လက်ရှိ ငါ့မှာ အပေါဆုံးကငွေပဲ""
""အေးပါကွာ!မင်းကတော့ အမြဲကိုရေလျှံနေတာပဲနော်၊အားကျတယ်""
ထိုအပြောကြောင့် ကျေနပ်သလိုလေးပြုံးကာ လှည့်ထွက်ခဲ့၏။ပြေပြစ်ကြည့်ကောင်းသောမျက်နှာထက် အနက်ရောင်မျက်မှန်လေးတပ်လိုက်ပုံက ဝံ့ကြွားမှုအပြည့်နှင့်...`သူ´။
စတိုင်ကျကျခြေလှမ်းအနည်းငယ်ဆက်လှမ်းခဲ့စဥ် မှန်ချပ်တံခါးလေးရဲ့ရှေ့သို့အရောက်၌ ရုတ်တရက်ဖွင့်ဝင်လာသောလူရိပ်ကြောင့် ခဏရပ်နေပေးလိုက်သည်။သို့သော် ထိုလူရိပ်ကအတွင်းဘက်သို့ဝင်မသွားဘဲ သူရပ်နေသည့်ဘက်သို့ယိမ်းလာတာကြောင့် အလိုက်သင့်ဖမ်းထိန်းပေးလိုက်ရ၏။
""ဟင်! မိုးရိပ်...ဘာဖြစ်တာလဲ""
""ငါဘယ်လိုလုပ်သိမှာလဲ?
သူ့ဘာသာလဲကျတာ""
ရင်ခွင်ထဲရောက်လာသည်က မိန်းကလေးတစ်ဦး။ရိုးရိုးမိန်းကလေးမဟုတ်ဘဲ နတ်သမီးတမျှချောမောခြင်းနှင့်မိန်းကလေး...။ပြီးတော့ သူမက...
""ငါ...ငါ သူ့ကိုမြင်ဖူးသလိုပဲ""
""ဟေ!ဟုတ်လား""
""အေး! ဒါပေမဲ့သူကမင်းဆိုင်ကိုလာတာထင်တယ်""
""ငါ့ဆိုင်ကဖွင့်မှမဖွင့်ရသေးဘဲ""
""ဟာကွာ! ဒီနေ့အလုပ်ကိစ္စဆွေးနွေးဖို့မင်းဆီလာမယ့်ဧည့်သည်ရှိတယ်မလား?အဲ့ဒါ သူလားမှမသိတာ""
""သြော်! အေး""
ယောင်လည်လည်ပြောနေသောသူငယ်ချင်းကို သူဆက်ပြောမနေတော့ဘဲ လျင်မြန်သည့်လက်က သူမရဲ့ဘေးတွင်ကျနေသည့် အိတ်ကိုလှမ်းယူကြည့်လိုက်သည်။ဖုန်းကတော့pwဖွင့်မရသည်နှင့် အတွင်းအိတ်ကပ်ထဲရှိနေသော cardတချို့ထဲမှတစ်ခုကိုထုတ်ကြည့်လိုက်စဥ်...
""Chit Kyoe Thwal
Olive Construction & Decoration Company Group""
""တွေ့လား...မင်းနဲ့ချိန်းထားတဲ့တစ်ယောက်""
""သူ့ကဒ်ရောဟုတ်ရဲ့လား""
""မဟုတ်ဘဲနဲ့ နာမည်တူကဒ်တွေဒီလောက်အများကြီးထည့်ထားမလား?တခြားလုပ်ငန်းကပေးတယ်ဆိုလည်း တစ်ခုနှစ်ခုပေါ့""
""အေး!ဟုတ်သားနော်
ငါနဲ့ချိန်းထားတဲ့နာမည်ကလည်း Oliveက ချစ်ကြိုးသွယ်ပဲ""
""သြော်! အေး..အခုမှသိနေလိုက်""
""ဘာဖြစ်တာလဲ မသိဘူး""
"'ကျစ်! ငါ့ကိုရေနည်းနည်းပေး""
ပြောလိုက်သည့်အတိုင်းရေဖန်ခွက်လက်ထဲရောက်လာစဥ် သတိလစ်နေသောမျက်နှာလေးပေါ် ရေဖြင့်ပက်လိုက်ရန်ကြံရွယ်သော်လည်း လက်တွေ့မှာမလုပ်ရက်။အသေအချာကြည့်မိတော့ လည်ပင်းတဝိုက်နှင့်လက်တွေမှာ အနီရောင်အဖုလေးတွေရှိနေသည်ကိုမြင်လိုက်ရ၏။ သို့နှင့်ရင်ခွင်ထဲမှေးစက် ပျော့ခွေနေသော ခန္ဓာကိုယ်လေးကိုသာ ဆတ်ခနဲပွေ့ချီလိုက်ရင်းမှ...
""ငါ့ကားတံခါးကို တစ်ချက်လိုက်ဖွင့်ပေး""
""မင်းဘာလုပ်မလို့လဲ""
""ကြည့်ရတာ...allergyလက္ခဏာပဲ
ဒီနားကဆေးခန်းနဲ့နီးတယ်လေ၊ငါသွားပို့ပေးမှဖြစ်မယ်""
""အင်း အင်း! ငါလိုက်ခဲ့ရဦးမလား""
""ရတယ်၊နေခဲ့""
သည်လိုနှင့် ထိုမိန်းကလေးကိုခေါ်ကာ အနီးဆုံးဆေးခန်းသို့မောင်းထွက်လာခဲ့သည်။
ဖြူသွယ်ဖျော့တော့ကာ သတိမလည်သေးသော မျက်နှာလှလှလေးထံ မကြာခဏလည်း လှမ်းကြည့်မိပါ၏။
ချစ်ကြိုးသွယ်တဲ့လား။
မင်းကို ကိုယ် သိနေပါတယ်။မြင်ဖူးနေတယ်...
ဘယ်နေရာမှာ ကိုယ်တို့ဆုံဖူးခဲ့တာလဲ???
~~~~~~~ 🍬🍬🍬🍬 ~~~~~~~
""ပြန်တော့မယ်ကွာ
Scarletပျင်းလာပြီ""
""အင်း! ပြန်သင့်တာကြာပါပြီ""
""Youနော် သိပ်စိမ်းကားတာပဲ
Scarletကအခုပြန်ပြီးရင် နောက်တစ်ခေါက်ထပ်ရောက်ဖို့မလွယ်ဘူး သိရဲ့လား""
""အင်း! ကိုယ် meetingတက်ဖို့ရှိသေးလို့ ပြန်မယ်ဆိုလည်း ပြန်...လိုက်မပို့တော့ဘူး bye bye""
ဇွတ်အတင်းကိုနှင်လွှတ်နေသူကြောင့် scarletရဲ့မျက်နှာက စူပုပ်ပုပ်လေးဖြစ်လာရသည်။ထို့နောက် သူပြန်စေချင်လို့ကို တမင်ညစ်သည့်သဘောဖြင့် ခုံ၌ပြန်ထိုင်နေလိုက်ကာ...
""မပြန်တော့ဘူး
Darlingက meetingသွားချင်သွားလေ၊scarletဒီမှာစောင့်နေမယ်""
""ဟေ့! မင်းအဓိပ္ပာယ်မရှိတာမလုပ်နဲ့""
""မလုပ်ပါဘူး Darlingရဲ့""
""မင်းငါ့ကိုအဲ့လိုထပ်မခေါ်နဲ့
ငါမကြိုက်ဘူး""
""ok!""
ပခုံးနှစ်ဖက်ကိုဟန်ပါပါတွန့်ပြ၍ ခေါင်းငြိမ့်သော်လည်း ထိုင်နေရာမှ မထ။ ဟူး!!ဒီမိန်းကလေးကြောင့်နဲ့တော့ အကြီးအကျယ်ကိုစိတ်ညစ်နေရပါပြီ။
""ကဲပါ! အဲ့လောက်ထိလည်းဖြစ်ပျက်မနေပါနဲ့
ဒီက စ,နေတာ၊အခုပဲပြန်တော့မှာ""
""......""
""သြော်!ခဏ...Juiceလေးတော့ကုန်အောင်သောက်ပါရစေဦး""
ပါးစပ်ကပြောရင်းပင် juiceခွက်ကိုကောက်ကိုင်ကာ နေရာမှထရပ်၍ အခန်းတစ်ပတ်လှည့်ကာ ဟိုကြည့်သည်ကြည့်လုပ်နေပြန်သည်။ ထို့နောက်အနားသို့ပြန်လျှောက်လာစဥ် ဘာကဘယ်လိုမှားယွင်းတယ်မသိ ရုတ်တရက်သူမရဲ့ခန္ဓာကိုယ်က လင်းညဘက်ယိမ်းကာခွေကျလာပြီး လက်ထဲကအအေးတွေလည်း ကိုယ်ပေါ်ဗွမ်းခနဲစင်ကုန်၏။
""ဟာ!""
""Oh! So so sorry""
'"ရတယ်၊မင်းဖယ်...""
""ရှင့်ရုံးခန်းက အရမ်းလှလို့လိုက်ငေးနေရင်း ခြေထောက်က လည်ကျသွားတာ၊တမင်လုပ်တာမဟုတ်ဘူးနော်""
ဟုတ်တော့လည်းဟုတ်ပါသည်။သူမက အောက်ကိုမကြည့်ဘဲ ဘေးဘီကိုပဲငေးကြည့်နေခဲ့တာကိုး။ဒေါက်အမြင့်ကြီးစီးထားသည့်ခြေထောက်မို့ သူမလည်းအထိနာသွားပုံဖြင့် မျက်နှာကရှုံ့မဲ့မဲ့။ သို့သော် သူ့နှုတ်ကဖြင့်`အဆင်ပြေလား´ဟူသည့် မေးခွန်းတစ်ခုတောင်ထွက်မလာဘဲ ခပ်ချေချေငြိမ်လျက်သားပင်။
ထို့နောက်မှမှန်စားပွဲထက်ရှိ tissue boxကိုလှမ်းယူကာ သုတ်ရန်ပြင်တော့ သူမက ဖျတ်ခနဲဆွဲလုသွား၏။
""Scarletလုပ်ပေးမယ်နော်""
""ရတယ်၊ရတယ်...မင်းပြန်လိုက်တော့
ငါဒေါသမထွက်ခင် မင်းပြန်လိုက်တာကောင်းမယ်""
""ကျစ်! ရှင်ကလည်း မတော်တဆဖြစ်တာပါဆို
စိတ်ဆိုးနေပြန်ပြီ""
ပြောရင်းဆိုရင်းဖြင့် tissueတွေထုတ်ကာ လင်းညရဲ့ရင်ဘတ်ပေါ်လာသုတ်ပေးနေ၏။နွဲ့ဆိုးတစ်ယောက်ကလွဲရင် ဘယ်သူစိမ်းမိန်းကလေးရဲ့အထိအတွေ့ကိုမှ သည်းမခံတတ်သူမို့ လင်းညက ရင်ဘတ်ဆီလာထိနေသည့် လက်တွေအားဆတ်ခနဲတွန်းဖယ်ကာ နေရာမှချက်ချင်းထရပ်လျှင် အနားသို့အတင်းငုံ့ကပ်ထားသည့် ခန္ဓာကိုယ်နှင့်နီးနီးကပ်ကပ်ဖြစ်သွားရသည်။
ထိုစဥ်မှာပဲ အခန်းရဲ့တံခါးလေးချပ်ခနဲပွင့်သွားခြင်းက တပြိုင်နက်။
""ကိုကို""
""ဟင်! ကလေး""
တံခါးပေါက်ဘက်ကိုမျက်နှာမူလျက်ရှိနေသည်မို့ လင်းညက ဆိုးလေးဝင်လာမှန်းချက်ချင်းမြင်လိုက်သည်။
ထမင်းဗူးအိတ်လေးဆွဲကာ ပြုံးရွှင်သောမျက်နှာဖြင့် ပြေးဝင်လာသည့်ကလေးလေးက အခန်းထဲရှိအခြေအနေကိုမြင်လျှင်ပဲ တံခါးဝ၌ကြောင်ကြောင်လေးရပ်သွားပြီး မျက်လုံးဝိုင်းလေးဖြင့်ကြည့်နေ၏။ထို့နောက်မှ မျက်ဝန်းထဲအရည်ကြည်လေးတွေပြည့်အိုင်လျက် ငိုမဲ့မဲ့လေးဖြစ်လာကာ...
""ကိုကို အဲ့ဒါဘာလုပ်နေတာလဲ""
~~~~~~~ 🍬🍬🍬🍬 ~~~~~~~
အခန်း (၃၆)ဆက်ရန်
Readers/WritersလေးတွေအားလုံးကVIPပါ
Writer - WineSatt Cho(🍋Lëmoñ🍋)