🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬
{ My Queen , My Angel }
•••••••••••• ♡ အခန်း [ ၃၄ ] ♡ •••••••••••
""ခစ်! ခစ်! ငါလေးဘယ်လိုတောင်ဆိုးရတာလဲ""
""ဟောဗျာ! ဘာတွေကြည့်ပြီးသဘောကျနေတာလဲ ကလေးရဲ့""
ခုတင်စွန်းလေး၌ တင်ပါးလွှဲထိုင်ကာ လက်ထဲကိုင်ထားသည့်တစ်စုံတစ်ရာအားငုံ့ကြည့်၍ ကလေးလေးလိုတခစ်ခစ်အော်ရယ်နေသည့် ချစ်ရသူနွဲ့ဆိုးကြောင့် သူလည်းအနားလေးဝင်ထိုင်ပြီး လိုက်ငုံ့ကြည့်မိလျှင် တွေ့လိုက်ရသည်က စာရွက်လေးတစ်ရွက်။ တခြားတော့မဟုတ်ပါ။နှစ်ဦးသားလက်ထပ်စဥ်က ၂လနီးပါးခွဲနေရအောင် စည်းခြားစေခဲ့သော စာရွက်။ သူမလက်ရေးလေးနဲ့ကိုယ်တိုင်ရေးခဲ့သော `ချစ်တယ် မပြောကြေး´ကတိစာချုပ်လေးပေါ့။
""ကိုကိုရယ် အဆိုးကလေ အရမ်းကလေးဆန်တာပဲနော်! ဘာတွေလျှောက်လုပ်မှန်းကိုမသိဘူး၊အိမ်ထောင်ပြုတာအဲ့လိုလုပ်လို့ရမလားလို့ တကယ်ပဲ...ခိခိ""
""ဟုတ်ပါ့ကွာ၊ ကိုကို့ဆိုးပေမလေးအခုတော့နားလည်ပြီမဟုတ်လား?အိမ်ထောင်ပြုတယ်ဆိုတာ လူနှစ်ယောက်ရဲ့ဘဝကိုတစ်သားတည်းဖြစ်စေတဲ့အရာ၊ ဖူးစာဆိုတာက ဘဝနှစ်ခုကိုချည်နှောင်တဲ့ ကြိုး...ကလေးရဲ့။ လွယ်လွယ်ဆက်သွယ်လို့မရသလို လွယ်လွယ်ဖြတ်တောက်လို့လည်းမရဘူး""
""ဒါဆို ကိုကိုအဲ့တုန်းက ဘာလို့လက်မှတ်ထိုးပေးတာလဲဟင်""
""ကလေးပဲ လက်မှတ်မရရင်မင်္ဂလာခန်းမထဲ မဝင်ဘူးဆို""
""အဆိုးအဲ့လိုလုပ်တော့ ကိုကိုစိတ်မဆိုးဘူးလား""
""မဆိုးပါဘူးကွာ၊ ကိုကိုက မင်းဘာလုပ်လုပ်ခွင့်ပြုပြီးသား""
""ဆိုးကို ဘာလို့အဲ့လောက်အလိုလိုက်ရတာလဲ ကိုကိုရယ်၊ ကိုကို့ကြောင့်ပိုဆိုးလာမှာမကြောက်ဘူးလား""
""ကြောက်မကြောက်သိချင်ရင် ပိုဆိုးကြည့်လေ""
""ဟင့်အင်းပါနော်! ဆိုးကလိလိမ္မာမ္မာလေးပဲနေတော့မှာ...ကိုကို့သူငယ်ချင်းတွေနဲ့တွေ့တိုင်း ကလေးထိန်းကြီးလို့အစခံရမှာ သနားလို့""
""ဘယ်လို!""
အသည်းအသက်လေးရဲ့စကားသံမှာ နှလုံးသားတစ်ခုလုံး ဝုန်းခနဲ။လူကလည်း လေထဲလွင့်ခနဲ။ ကြည့်စမ်း! ဒီကလေးလေးဘယ်လောက်တောင်များ စကားတွေတတ်နေလိုက်သလဲ။ ချစ်လိုက်တာ...၊ချစ်လိုက်ရတာ ကိုယ့်သည်းငယ်လေးရယ်။ အချစ်တွေဟာ ရင်နဲ့မဆံ့လို့ နှလုံးသားတစ်ခုလုံးပေါက်ထွက်လုမတတ်ပါပဲ။
""ဟယ်တော့! ငါ့ကိုကိုလိပ်ပြာလွင့်သွားပြီလား
ကိုကို့လိပ်ပြာလေးရေ...ကလူ! ကလူ! ပြန်လာခဲ့""
သူမမျက်နှာလေးဆီငေးစိုက်ကြည့်နေရင်းမှ အချိန်ခဏကြာသွားခဲ့တော့ ကိုယ့်မျက်နှာရှေ့လက်လေးတစ်ဖက်ဝှေ့ယမ်းပြကာ တစ်ဖက်ကလည်းလက်ဖျောက်တီးရင်း လိပ်ပြာခေါ်နေသေးရဲ့။ ပြုံးရွှင်ရယ်မောနေသည်မှာလည်း တကယ့်ကိုချစ်စဖွယ်။ မျက်စိရှေ့ရွှတ်နောက်နောက်လုပ်နေပုံလေးကလည်း အသည်းယားလွန်းစေတာမို့ ပါးလေးနှစ်ဖက်ကို ဖျစ်ညှစ်၍ လူတကိုယ်လုံးကိုသိမ်းကျုံးဖက်ထားပစ်လိုက်စဥ်...
""အ! အမလေး! အရိုးကျိုးပါပြီ""
""ဘာဖြစ်သွားလဲ ကလေး
ဘယ်နားထိသွားလဲ? လက်နာသွားလို့လား""
""ဟီး! ဟီး!""
ရင်ခွင်ထဲမှ အော်သံသေးသေးလေးကြောင့် ကိုယ့်မှာတော့စိုးရိမ်သွားသလောက် သူမကဖြင့် သွားလေးဖြီးပြလို့...။
""မင်းနော်! လူကြီးကိုနောက်တယ်ဟုတ်လား""
""မနောက်ပါဘူး၊ ကိုကိုကအားကြီးနဲ့ဖက်တာ အဆိုးခန္ဓာကိုယ်ကသေးသေးလေး...တော်ကြာအရိုးတွေကျိုးကြေသွားမှဖြင့်""
""အခုရော တကယ်နာသွားလား""
""လက်ကနည်းနည်းခေါက်သွားလို့ ဟဲ! ဟဲ!
ဘာမှဖြစ်ပါဘူး""
ရယ်ကျဲကျဲလေးဖြင့် ရင်ခွင်ထဲပြန်တိုးဝင်လာသည့် ငတိမလေးကို ဒီတစ်ကြိမ်မှာတော့အလျော့ပေး၍ ခပ်ပြေပြေလေးဖက်ထားရင်း သူမလက်ထဲကိုင်ထားသည့်စာရွက်လေးအား ဆတ်ခနဲဆွဲယူလိုက်ကာ...
""ကိုကို့ကို ဒီစာချုပ်အပ်တော့""
""ဘာလုပ်မို့လဲ""
""ဒါရှိနေဖို့မှမလိုတော့ဘဲ
ကိုကိုတို့က realလေ""
""ဒီစာချုပ်ကိုပဲ အငြိုးကြီးနေတာ မပြီးနိုင်ဘူး""
နှာခေါင်းလေးရှုံ့ကာပြောသော်လည်း သူမလက်လေးကတော့ စာရွက်၏တဖက်ခြမ်းအား လာကိုင်ထားပေးရဲ့။ သူကလည်း တစ်ဖက်ခြမ်းမှာ ကိုင်ထားလျက်မို့ နှစ်ယောက်သား စာရွက်လေးရဲ့ထောင့်စွန်းတစ်ဖက်စီမှပြိုင်တူကိုင်မိရကာ မျက်ဝန်းအကြည့်ချင်းဖလှယ်၍ စာရွက်လေးကို အားဖြင့်ဆွဲချလိုက်လျှင် စည်းကမ်းချက်တွေအစီအရီနှင့်ထိုစာချုပ်သည် အလယ်တည့်တည့်မှနှစ်ခြမ်းကွဲ၏။
""ကဲ! ကျေနပ်ပြီလား?""
""Copyကူးထားတာတွေဘာတွေ မရှိပါဘူးနော်""
""ဟာ! ဆိုးရဲ့ကိုကိုရယ်
ပေါက်တတ်ကရပြောရော့မယ်...ဘာcopyမှမရှိဘူး၊မူရင်း ဒီတစ်စောင်တည်း၊ သြော်!ဒါပေမဲ့ ဓာတ်ပုံရိုက်ထားတာတော့ရှိတယ်""
ပြောပြောဆိုဆိုနှင့်ပင် သူမကဖုန်းလေးထုတ်ကာ တတောက်တောက်နှိပ်လေ၏။ထို့နောက် မျက်နှာရှေ့ဖုန်းလေးလာထိုးပြတော့ သူလည်းလှမ်းယူကြည့်လိုက်ပြီး...
""ဘာလို့ရိုက်ထားတာလဲ ကလေးရာ၊ တခြားသူတွေမြင်ကုန်ရင်ဘယ်လိုလုပ်မလဲ""
""မမြင်ပါဘူး ကိုကိုရဲ့
ဆိုးရဲ့galleryက lockနဲ့""
""ဖျက်ကွာ၊ အခုဖျက်""
""အဟက်! ဟက်! ဟား! ဟား!""
မျက်နှာကြီးစူပုပ်လျက် ခါးခါးသီးသီးဖြစ်နေသည့်ကိုကို့ကြောင့် ရှင်ရှင်မရယ်ဘဲမနေနိုင်တော့ပေ။သူ့ကြည့်ရတာ ဒီစာချုပ်ကိုအမုန်းကြီးမုန်းနေပုံပါ။မြင်လိုက်တာနဲ့ကို မျက်နှာကြီးရှုံ့မဲ့နေတော့တာ။
""ဆိုးရဲ့ကိုကိုက အရမ်းချစ်ဖို့ကောင်းတာပဲ
ကလေးလေးနဲ့တူနေရော""
""တူမှာပေါ့၊ကလေးလေးရဲ့ယောကျ်ားပဲဟာ""
မျက်နှာအနားသို့ငုံ့ကပ်ပြောလာသော သူ့စကားသံကြောင့် ရင်မှာနွေးခနဲ။ချစ်ရသူကိုကိုလူချောက အဲ့သလိုလည်း စကားပြောကျင်လည်တယ်။ ငါ့နှယ်! ရင်ခုန်ရလွန်းလို့ ရူးမှာပဲ။
""ပေး...ကိုကိုဖျက်ပေးမယ်""
သည်လိုဆိုလာမှဖြင့် ရှင်ရှင်လည်းငြင်းမနေပါ။ခေါင်းလေးငြိမ့်ကာသာ သူ့လက်ထဲဖုန်းထည့်ပေးလိုက်တော့ ထိုစာချုပ်ပုံအား တန်းပြီးdeleteအမှိုက်ပုံးထဲထည့်လိုက်ပုံက မြန်မြန်ဆန်ဆန်။ ထို့နောက်ဖုန်းကိုပြန်မပေးသေးဘဲ Albumတွေထဲ ဟိုဟိုသည်သည်ဝင်ကြည့်ပြန်ရင်းမှ...
""ကလေး...ဖုန်းထဲမှာယောကျ်ားလေးပုံတွေများလှချည်လား။ဒါဘယ်သူ့ပုံတွေလဲ?""
""သြော်!အဲ့ဒါ အဆိုးရဲ့မြတ်နိုးရာအိုအေစစ်လေး Fan Fanရဲ့ပုံတွေလေ""
""ဘာ! ဘာ! နွဲ့ဆိုး မင်းအခုအဲ့ကောင်ကို ဘယ်လိုအသုံးအနှုန်းတွေသုံးလိုက်တာလဲ""
""ဟ! ကိုကို သူများမြတ်နိုးရတဲ့သူကို `ကောင်´လို့မခေါ်ပါနဲ့၊ သူ့မှာနာမည်ရှိတယ် Wu Yifanတဲ့! အသုံးများတဲ့ နာမည်ကKris Wu...EXOအဖွဲ့ပွဲဦးထွက်တုန်းကဆို...""
""တော်စမ်းကွာ! ဘယ်သူကမေးလို့လာပြောပြနေတာလဲ?ဒီပုံတွေလည်းအခုဖျက်၊မင်းကအရင်လို လူလွတ်မဟုတ်ဘူးနော်...မင်းမှာကိုကိုရှိတယ်သိရဲ့လား""
""ဘာဆိုင်လို့လဲ ကိုကိုရာ
Idolနဲ့တောင်လိုက်ပြိုင်နေတာ...ကိုကိုသဘောထားသေးတာပဲနော်၊ဆိုး ကိုကို့ကိုအမှတ်လျှော့ပြီ""
""လျှော့ကွာ၊ ကိုယ်ကတော့ဖျက်မှာပဲ""
တားချိန်လေးတောင်မရလိုက်။ မြန်ဆန်လှသည့်လက်က နာမည်အမျိုးမျိုးနဲ့ချစ်စနိုးဖွင့်ပေးထားသည့် albumတွေ၊videoတွေတိုင်းကို select allဖြင့် deleteပစ်လေ၏။ ရှင်ရှင်ဆိုသည်မှာလည်း idol sensitiveသမားမို့ ရုတ်တရက်heartထိစွာ ဆွံ့အသွားပြီးမှ အပီအပြင်ငိုချပစ်တော့ကာ...
""အဟင့်! ဟင့်! ဟင့်! ကိုကိုကချစ်ဖို့မကောင်းဘူး၊ သူများအသည်းလေးရဲ့ပုံတွေကို ဖျက်ပစ်ပြီ အီး! ဟီး!""
""......""
""အဲ့ဒါ သူများအနှစ်နှစ်အလလစုထားရတဲ့ပုံတွေ သိရဲ့လား?သူအောင်မြင်မှုရခဲ့တဲ့နေ့တွေ၊လုပ်ခဲ့သမျှactivityတွေအလိုက်dateတွေနဲ့...ပြန်ရှာရင်တောင်အကုန်ပြန်ရဖို့မလွယ်ဘူး""
""မရရင်လည်း မရှာနဲ့ပေါ့
ဝမ်းသာတယ်""
""အား!! အဟင့်! ဟင့်! စိတ်ပုပ်ကြီး""
ဝမ်းပန်းတနည်းအော်ငိုနေခြင်းကို အစမှာတော့ မချော့ဘဲနေပေမယ့် ကြာလေလေရှိုက်သံတွေက ပြင်းထန်လာသည်မို့ ကိုယ်ကပဲမနေနိုင်တော့စွာ မျက်ရည်လေးတွေအား သုတ်ဖယ်ပေးရပြန်၏။ တကယ်ဆို ကိုယ်ရောမှားလို့လား? ကိုယ့်ဇနီးရဲ့ဖုန်းထဲ တခြားသူစိမ်းယောကျ်ားပုံတွေရုတ်တရက်တွေ့တော့ စိတ်မတိုဘဲနေပါ့မလား။ ပုံကလည်းနည်းနည်းမဟုတ်၊ 5Kကျော်လို့ 6Kတောင်ပြည့်လုပြီ။ ကိုယ့်ပုံကဖြင့် 5Kမပြောနဲ့... 50တောင်မပြည့်။
ဟင်း!! နွဲ့ဆိုးရယ်...မင်းကတော့ကွာ...
စိတ်ထဲဆူပူနေပေမယ့် ငိုနိုင်လွန်းသူလေးက ခဏလေးနဲ့ကိုမျက်ရည်တွေရွှဲကာ ဆံပင်မှာလည်း ချွေးတွေပင်စိုကပ်နေချေပြီ။ ဒီကလေးဟာ တကယ်ကြီးကို ဝမ်းနည်းပက်လက်စိတ်မကောင်းဖြစ်နေတာပဲ။ idolတိုင်းမှာ fanတွေရှိမှန်း ကိုယ်လည်းသိပါတယ်။ သို့ပေမယ့် fanတစ်ယောက်ရဲ့ခံစားချက်က ဒီလောက်အထိပြင်းထန်မှန်း ကိုယ့်မှာအခုမှအံ့သြဘနန်းတွေ့ရလေတယ်။ ဒီကောင်မလေးက သူ့idolကိုသိပ်အလေးထားတာပဲကိုး။
""တိတ်ပါ တိတ်ပါ ကလေးလေးရယ်
ကိုကိုတောင်းပန်ပါတယ်ကွာ""
""တောင်းပန်လည်း ပုံတွေမရှိတော့ဘူးလေ
ပုံကနည်းနည်းမဟုတ်ဘူး...အားလုံးပေါင်း5Kကျော်တယ် သိရဲ့လား?ဒါတောင်ဖုန်းအသစ်ပြောင်းထားလို့ အဟောင်းတွေပြန်မထည့်ရသေးတာ...အဟင့်!""
""အေးပါကွာ! အေးပါ ကိုကိုပြန်ရှာပေးမယ်လေ...နော်""
""ကိုကို့အတွက်တော့ ဘာမှအရေးမကြီးပေမယ့် ဆိုးကမတူဘူး သိရဲ့လား?ဆိုးရဲ့ကြယ်လေးကအရမ်းတောက်ပတာ...ကိုကို့ကိုပြောလည်းနားလည်မှာမဟုတ်ဘူး""
""နားလည်ပါတယ်ကွာ...ပြောလေ
ကိုကိုနားထောင်နေတယ်၊ ကလေးရဲ့ကောင်လေးက ဘာလုပ်တာလဲ အဆိုတော်လား?မင်းသားလား?""
ခေါင်းလေးဖွဖွပုတ်ပေးကာ ချော့ပြောတော့မှ အရည်ကြည်လေးတွေပြည့်အိုင်နေသည့်မျက်ဝန်းတို့ ဖျတ်ခနဲဝေ့ကြည့်၍...
""အဆိုတော်...EXOအဖွဲ့ထဲကmemberဟောင်း""
""သြော်!""
""ကြားဖူးလား""
""ဟင့်အင်း""
""ဟ! ကိုကိုဘယ်ခေတ်မှာနေ,နေတာလဲ
EXOအဖွဲ့တောင်မကြားဖူးရတာ""
""သြော်! ဟိုလေ အဖွဲ့နာမည်ကိုသိပါတယ်ကလေးရဲ့၊ သီချင်းတွေတော့သိပ်ထဲထဲဝင်ဝင်မသိဘူး အဲ့ဒါပြောတာ""
""အဆိုးရဲ့idol Krisကအရမ်းတော်တယ်၊ သက်ရှိနတ်ဘုရားလိုပဲ အရှိန်အဝါအပြည့်နဲ့...၊သူ့မျက်လုံးတွေကအရမ်းတောက်ပပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတယ်၊ရဲရင့်တယ်...အရမ်းလည်းချောတယ်""
""......""
""သူဆယ်ကျော်သက်တုန်းကCanadaမှာနေခဲ့တာလေ...အသက်၁၇လောက်ရောက်တော့ SM entertainmentရဲ့ global auditionအောင်ပြီး koreaကိုလာခဲ့တာ။အဲ့ဒီမှာ ၅နှစ်trainingဝင်ပြီး 2012 FebမှာEXOအဖွဲ့နဲ့အတူ debutလုပ်တယ်""
""အင်း! ပြီးတော့ရော""
""နောက်ပိုင်း သူ့မွေးရပ်မြေကိုပြန်သွားတယ်၊အဲ့မှာရုပ်ရှင်နည်းနည်းရိုက်သေးတယ်...ဒီနေရာမှာလည်းအရမ်းအောင်မြင်တာနော်! ဒါပေမဲ့သူက အဆိုပိုင်းပဲသီးသန့်သွားချင်လို့ဆိုပြီးရုပ်ရှင်ဆက်မရိုက်တော့တာ...သူကအသံလည်းအရမ်းကောင်းတာပဲ ကိုကိုရယ် သိလား?rapရွတ်တာလည်း အရမ်းတော်တယ်...သြော်!ပြီးတော့ သူက car racingလုပ်တာ အရမ်းဝါသနာပါတာ၊ သူကားပြိုင်တဲ့ပွဲတွေ အဆိုးကြည့်ဖူးတယ်...ဆိုးရဲ့ကောင်လေးက အမြဲချန်ပီယံပဲ၊အခုဆို ကိုယ်ပိုင်Racing Clubတောင် တည်ထောင်ပြီးပြီ""
စောစောကတည်းက ပြောပြချင်နေတဲ့အကြောင်းလေးကို ခွင့်ပြုလိုက်သည်နှင့် စိတ်လိုလက်ရပြောနေပုံလေးက အားအင်အပြည့်။ တစ်ချက်တစ်ချက်မှာဆို လက်ဟန်အမူအရာလေးတွေတောင်ပါသေးရဲ့။ သူ့idolလေးဘယ်လိုတော်ကြောင်း ကြွားလုံးထုတ်ပြနေတာများ ဘေးကနားထောင်သူတောင်လွင့်ထွက်သွားမလားမှတ်ရတယ်။ မျက်ဝန်းလေးတွေကအစ တလက်လက်ကိုတောက်လို့...။ဒါကို ဘေးကတစိမ့်စိမ့်ကြည့်ကာ နားထောင်ပေးနေသူမျက်ဝန်းမှာလည်း ချစ်ခြင်းအရောင်တွေ လင်းလက်နေမှာမလွဲ။
ချစ်ရလွန်းတယ်...နွဲ့ဆိုးငယ်။ တစ်နေ့တစ်ရက်၊ တစ်စက္ကန့်တိုင်း ပိုတိုးလာရတဲ့ ကိုယ့်ချစ်ခြင်းတွေကို မင်းမြင်ရဲ့လား ကလေးရယ်...။
""သြော်! ပြီးတော့လေ သူကငါးနဲ့နံနံပင်ကိုမကြိုက်ဘူး။ vanillaရေခဲမုန့်ကြိုက်တယ် ဆိုးနဲ့အတူတူပဲ""
""ဟုတ်ပါပြီကွာ၊ အများကြီးပြောတာမောနေပြီ... ရေလေးသောက်လိုက်ဦးလေ""
""ဟင်းနော်! လူကိုရွဲ့တာလား""
""တကယ်ပြောတာပါ ကလေးရဲ့""
""......""
""ကလေးက သူ့အကြောင်းတွေအများကြီးသိတာပဲနော်..အားလုံးကိုလက်တန်းရွတ်ပြနိုင်တယ်၊ သူ့အကြောင်းတွေအဲ့လိုသိသလောက် ကိုကို့အကြောင်းရောသိရဲ့လား""
""ရှင့်လိုစိတ်ပုပ်တဲ့လူကြီးအကြောင်း သိကိုမသိချင်တော့ဘူး၊အမြင်ကပ်လွန်းလို့""
""အဟက်! ကိုကိုတောင်းပန်ပါတယ်ကွာ
စိတ်မဆိုးနဲ့တော့နော်""
""ဆိုးမှာပဲ၊ဆိုးမှာပဲ...ပြန်သတိရသွားပြီ ငါ့fanfanပုံလေးတွေမရှိတော့ဘူး...နှမြောလိုက်တာ အဟင့်!""
""ဟာကွာ! မငိုပါနဲ့တော့ သည်းပေါက်လေးရယ်...ကလေးလေးဘာလုပ်ချင်လဲ ပြော...ရေခဲမုန့်စားချင်လား?pizzaစားချင်လား? ဒါမှမဟုတ်shoppingထွက်မလား?အဝတ်အစားလှလှလေးတွေဝယ်ပေးမယ်လေ""
""ကိုကိုလိုက်ပို့မှာလား""
""ဒါပေါ့ ကလေးရဲ့""
""ပုံက 6Kဆိုတော့ ရေခဲမုန့်က 2K, pizzaက 2K,shoppingက 2K""
ဟောကြည့်! ပုံကတကယ်တော့ 6Kမရှိပါဘဲ အခုမှလိုရာဆွဲတွေး ကျန်းမာရေးတွေလုပ်နေပြန်ပါပြီ။
""မရဘူးလား ၃ခုလုံး""
""၃ခုထက်ပိုချင်လည်း ရတယ်""
""ဒါဆိုလည်း အားနာပါးနာသွားပေးရတာပေါ့""
""အဟက်! အဆိုးလေးကွာ""
ပြန်ဖြေပုံလေးကို အသည်းယားစွာဖြင့် ပါးလေးထံဖွဖွဆွဲညှစ်တော့ လူဆိုးမလေး ပေးလာသည်က မျက်စောင်းကြီးကြီး တစ်ချက်သာ...။
~~~~~~~ 🍬🍬🍬🍬 ~~~~~~~
""သမီး ချစ်ကြိုး...ဒီကိုခဏလာပါဦး""
ဧည့်ခန်းဆီမှလှမ်းခေါ်သံကြောင့် ကြိုး ခြေလှမ်းကိုရပ်ကာ မေမေ့ဆီလျှောက်သွားလိုက်ပြီး ဆိုဖာပေါ်ဝင်ထိုင်လိုက်သည်အထိ ခပ်ပြုံးပြုံးအနေအထားရှိနေသော မေမေ့မျက်နှာက ဘာကိုပြောချင်မှန်း ခန့်မှန်းမရပေ။
""မေမေ ဘာပြောစရာရှိလို့လဲ""
""သမီးကိုမေးစရာရှိလို့ပါ""
""ဟုတ်""
""မောင်ဘုန်းနေလနဲ့သမီးက အခြေအနေဘယ်လိုများရှိကြလဲ?ပါတီပွဲညက မေမေအကဲခတ်ကြည့်ရသလောက်တော့...""
""သမီးက သူ့ကိုလေ့လာတဲ့အဆင့်ပဲရှိသေးတာပါ မေမေ""
""အင်း! ဒီကောင်လေးက မေမေ့အမြင်မှာတော့အဆင်ပြေတယ်၊ အရင်ကလည်းလူကြီးချင်းပြောဆိုဖူးကြတာရှိတော့ သမီးတို့အဆင်ပြေမယ်ဆို လူကြီးတွေကနေရာချထားပေးဖို့ တိုင်ပင်ထားတယ်""
""ရှင်!""
""သမီးက လက်ထပ်ရမယ့်အရွယ်ရောက်နေပြီလေကွယ်၊ `သမီးကညာ အခါမလင့်´ဆိုတဲ့အတိုင်း မေမေတို့က စီစဥ်ပေးချင်တယ်...သမီးငယ်လေးကိုတော့ စောစောစီးစီးလွှတ်ပေးလိုက်ရတာနှမြောပေမယ့် လင်းညနဲ့ကငယ်ချစ်လည်းဖြစ်၊သားကလည်း အရမ်းဂရုစိုက်တတ်တဲ့သူဆိုတော့ စိတ်ချရတယ်၊ အခုမေမေက သမီးအတွက်ပဲပူရတာ""
""ဟုတ်! သမီးနားလည်ပါတယ်
ဒါပေမဲ့ အခုချိန်မှာလက်ထပ်ဖို့မတွေးထားသေးလို့ မေမေပြောတဲ့ကိစ္စကို လက်မခံပါရစေနဲ့""
ဤသို့မျှသာပြောလိုက်ပြီး နေရာမှခပ်မြန်မြန်ထရပ်၍ လှေကားထစ်တွေပေါ်ပြေးတက်လာခဲ့သည်။ဘာအကြောင်းပြချက်မှလည်း ပေးမနေချင်ပါ။ လင်းညရိပ်မဟုတ်တဲ့ တခြားတစ်ယောက်ကိုလက်ထပ်ဖို့ဆိုတာ ချစ်ကြိုးတစ်သက် တွေးကိုမတွေးကြည့်ခဲ့ဖူးတဲ့ အရာ။ ဒါကို...၊ဒါကို ဘုန်းနေလကတမင်ကြံစည်ပြီး မိဘတွေရဲ့အင်အားကိုသုံးလေသလား?ထားရင်ထားတဲ့နေရာမှာ မနေချင်တဲ့သူ...၊တကယ်ကို အတင့်ရဲလိုက်တာ။
""တောက်!""
~~~~~~~ 🍬🍬🍬🍬 ~~~~~~~
""ကိုကို ဟိုမှာ ဟိုမှာ...အဲ့ဒီအင်္ကျီလေးကလှတယ်နော်""
ကိုယ့်လက်မောင်းကိုတွဲခိုကာ ဘေးကနေခုန်ဆွခုန်ဆွဖြင့် လက်ညိုးလေးထိုးပြရာဆီလိုက်ကြည့်တော့ ပန်းနုရောင်ဂါဝန်လေးကိုတွေ့သည်။ အဲ့လိုပြတိုင်း ဝယ်သလားဆိုတော့လည်းမဟုတ်။ဒီအတိုင်းကျော်လာခဲ့သည်ချည်း။ Centreကိုပတ်နေတာလည်း နာရီဝက်ကျော်ပြီ။သို့သော် သူမကဖြင့်ဘာမှကိုမဝယ်ဘဲ ခုနကအတိုင်းဟိုဟိုသည်သည်လက်ညှိုးလေးထိုးလျက်ဖြင့်သာ။
""ကလေး! ကြိုက်တယ်ဆို ဝယ်လေ""
""မဝယ်ပါဘူး၊ ဆိုးက မုန့်ပဲစားချင်တာ
Shoppingကလိုက်ပို့မယ်ဆိုလို့လာတာ...ဟိုတစ်နေ့ကတင်ပဲ အင်္ကျီအသစ်တွေဝယ်ထားတာရှိတယ်""
""ဒါဆို ကိုယ့်အသည်းက ဘာဝယ်ချင်လဲ""
""မဝယ်တော့ဘူး၊ မလိုအပ်ဘဲနဲ့ ငွေကိုမဖြုန်းတီးရဘူးတဲ့!""
""ရပါတယ်ကွာ၊ လိုချင်တာ ဝယ်...ဒီမှာsugarကိုကိုရှိပါတယ်""
""အဟက်! ဒီလောက်တောင်ဝယ်ပေးချင်နေမှတော့ အားနာပါးနာလိုက်လျောလိုက်ပါမယ်လေ၊ ဘာလိုချင်လဲ မိရှင်...နင်စဥ်းစားစမ်း""
မေးစေ့လုံးလုံးလေးထံ လက်ညိုးဖြင့်ထောက်လိုက်၊နားထင်ဆီလက်ချောင်းလေးနှင့် ကုတ်ခြစ်လိုက်ဖြင့် စဥ်းစားခန်းဖွင့်နေပုံက တကယ့်ကိုဆရာမကြီးအသွင်နှင့်...။ လက်တစ်ဖက်မှာက ရေခဲမုန့်ကိုကိုင်ထား၍ အစားနဲ့ပါးစပ်ကလည်းမပြတ်ပေ။ ပေါင်လယ်ခန့်သာရှိသော ဂျင်းစကပ်အတိုလေးကို အပေါ်ကလည်းခါးတိုblouseအနက်ရောင်လေးဖြင့်တွဲဝတ်ထားတာမို့ အင်္ကျီအောက်နားလေးတွေက သူမလက်မြှောက်တိုင်းလွတ်ခါနေပြီး စကပ်အောက်မှာလည်း ဖြူဖွေးသွယ်လျသည့် ပေါင်တံ၊ခြေတံတို့က ပေါ်ပေါ်လွင်လွင်။ ပန်းရောင်နှင့်ငွေမျှင်ရောင်ရောစပ်၍ ဒီဇိုင်းဖော်ထားသော ခါးပတ်လေးလည်းပတ်ထားကာ ထိုခါးပတ်ရဲ့ကြိုးစကို ဒူးခေါင်းကျော်ကျော်အထိ တန်းလန်းချထားပုံက ဘာစတိုင်လဲမသိ။ သို့သော် လှတာတော့လှပါ၏။
ကိုယ့်အနေနဲ့က ဒီလိုဝတ်စားမှုကိုတားမြစ်ချင်ပါသော်လည်း ချာတိတ်မကဖြင့်တားလို့ရမယ်မထင်ပါ။ ပြီးတော့လည်း ကိုယ့်ချာတိတ်က ဆယ်ကျော်သက်အရွယ်လေးရှိသေးတာ။ ကိုယ်ကပဲ ချစ်လွန်းလို့သိမ်းပိုက်ခဲ့ရသူမဟုတ်လား။အရွယ်ငယ်ငယ်လေးမှာအိမ်ထောင်ပြုရပြီး လွတ်လပ်ခွင့်တွေဆုံးရှုံးခဲ့ရရှာတော့ အစစအရာရာမှာ မထိန်းချုပ်ရက်တာလည်းပါတာပေါ့။ တဖြေးဖြေးနဲ့တော့ ချော့ပြီးပြောရဦးမှာပါပဲ။
""ကိုကို""
""ဗျ!""
""လာလေ! ဘာစဥျးစားနတောလဲ
ဆိုး နှုတ်ခမ်းနီလိုချင်တယ်လို့""
""ဟုတ်ပြီ! လာ...သွားမယ်""
ပခုံးလေးမှဖက်ကာခေါ်တော့လည်း နှုတ်ခမ်းကြီးစူချိတ်လျက်ကြည့်လာ၏။
""ခုနဘာစဥ်းစားနေတာလဲ ဒီလောက်နက်နက်နဲနဲ"'
""ဆိုးလေး နောက်တစ်ခါဆိုဒီလိုစကပ်နဲ့အင်္ကျီ လေးတွေမဝတ်လို့ရမလား""
""ဘာလို့လဲဟင်?ဆိုးနဲ့မလှလို့လား""
""လှလို့ပါကွာ၊ အရမ်းလှလို့""
""လှရင်ဝတ်မှာပေါ့""
""ကိုယ့်ကလေးနော်! ပြောရဆိုရမခက်နဲ့
ဒီမှာအင်္ကျီကအရမ်းတိုတယ် ခါးတွေလည်းပေါ်လို့...စကပ်ကိုလည်းကြည့်ဦး တိုတိုလေး""
""အမလေး! ဆိုးရဲ့ကိုကိုရယ်...အကဲပိုတတ်ရန်ကော။ ဒီခေတ်မှာဒီလိုdesignဝတ်တာဆန်းသလားလို့၊ပြီးတော့ ဒါမျိုးက ငယ်တုန်းရွယ်တုန်း ဝတ်ရတာ...အသက်ကြီးလို့အဘွားကြီးဖြစ်မှဝတ်ရင် လှမလား ပြော""
""ဒါပေမဲ့လည်းကွာ ကလေးက ကိုကိုမပါဘဲအပြင်တွေသွားတယ်လေ၊ အဲ့လိုသွားတိုင်း အခုလိုဝတ်နေရင် ကိုကိုဘယ်လိုစိတ်ချရမလဲ""
""အဟင်း! ဒါက အဆိုးရဲ့ဘေးမှာကိုကိုပါလို့ဝတ်ခဲ့တာပါ...ကိုကိုမပါတဲ့အခါ ဒီလိုမဝတ်ဘူးစိတ်ချ""
""တကယ်လား""
""ဆိုးက အိမ်ထောင်ရှိတဲ့မိန်းကလေးပါ ကိုကိုရယ်...ဘယ်လိုနေထိုင်ရမယ်ဆိုတာ ကိုယ့်ကိုယ်ကိုသိပါတယ်""
လက်မောင်းပေါ်ခေါင်းလေးမီနွဲ့ကာပြောလာတော့လည်း ကိုယ့်မျက်နှာကြီးက မှိုရသလိုပြုံးလို့...။တကယ်ပါ။ ဒီချာတိတ်မကြောင့်နဲ့ အနေတည်၊ပြုံးခဲခဲ့သောမျက်နှာဟာ အခုတော့စပရိန်လိုဖြစ်နေပြီထင်ရဲ့။
""လာ! နှုတ်ခမ်းနီသွားဝယ်မယ်
အောက်ထပ်ပြန်ဆင်းရအောင်""
သည်လိုနှင့် beauty counterရောက်ခဲ့တော့ အရောင်စုံလှသည့်နှုတ်ခမ်းနီတွေကို တစ်ခုပြီးတစ်ခုကြည့်ကာ သူမနဲ့ လိုက်၊မလိုက်အကဲဖြတ်ပေးရတာလည်း ကိုယ့်အလုပ်ပါပင်။
""ဒါက ဆိုးလေးနဲ့လိုက်ပါတယ်""
""ဟင့်အင်း!မကြိုက်သေးဘူး""
လက်ကောက်ဝတ်လေးထက် စမ်းသပ်ကြည့်ထားသောအရောင်များက တံတောင်ဆစ်နားပင်ရောက်လုပြီ။ဒါကိုတောင် မကြိုက်သေးဘူးဆိုတော့ ကိုယ့်မှာဘာပြောရမည်နည်း။ ကိုယ့်အမြင်မှာတော့အရောင်တိုင်းက သူမနှုတ်ခမ်းလေးနဲ့လိုက်ဖက်နေသည်ချည်း။
""အမ်! လက်မှာစမ်းထားတာပြည့်သွားပြီ""
နှုတ်ခမ်းလေးစူကာပြောနေရင်းမှ ဒီတစ်ခါတော့testerပေးထားသည့် နှုတ်ခမ်းနီတောင့်လေးအား ဖျတ်ခနဲလှမ်းယူကာ သူမနှုတ်ခမ်းလေးပေါ်ဆိုးလိုက်လေ၏။ ထို့နောက် ကိုယ့်မျက်နှာအား မော့ကြည့်လာပြန်ကာ...
""ကိုကို ဒီနားနည်းနည်းငုံ့""
""Mwah!!""
ဘာလုပ်မယ်မှန်းတော့မသိ။အနားသို့ ငုံ့လာခိုင်းနေ၍ သူလည်း ခေါင်းလေးစောင်းငဲ့ကာ သူမအနီးသို့မျက်နှာငုံ့ချမိလျှင် ခြေဖျားလေးထောက်၍ ပါးတစ်ဖက်ကို လာနမ်း၏။ မြန်ဆန်လှသည့်လုပ်ရပ်ကြောင့် လူမှာအံ့သြခြင်းများစွာဖြင့် မတ်တပ်ပင်မေ့ချင်ချင်။ ဘေးကအရောင်ဝန်ထမ်းမလေးတွေကလည်း ပြုံးစေ့စေ့။
""အဟဲ!စိတ်မရှိပါနဲ့နော် ဆိုးက color transferဖြစ်၊မဖြစ်စမ်းကြည့်တာ""
ကဲကြည့်! အဲဒီ့လုပ်ပုံတွေကိုကြည့်...။ရင်ထဲကလိကလိနဲ့ အူတွေ၊အသည်းတွေယားစေလွန်းလို့ စိတ်ရှိလက်ရှိဆွဲနမ်းပစ်ချင်စရာ မကောင်းပေဘူးလား။ ကိုယ့်စိတ်ကိုအလိုလိုက်ပစ်ပြန်ရင်လည်း ဒီကလေးတစ်ယောက် ကျိန်းသေ အော်ငိုနေဦးမှာ...။
ဟင်း! မင်းတော့လား နွဲ့ဆိုးရယ်...
လူတွေအများကြီးရှေ့မို့ ကိုကိုစိတ်ထိန်းပေးလိုက်တယ် မှတ်!!
""နည်းနည်းပေသွားပြီ၊ဒီမှာတစ်ရှူးနဲ့သုတ်လိုက်...ဆိုး ဟိုဘက်နားသွားကြည့်ဦးမယ်""
သူမတစ်ယောက်တည်းပြောချင်ရာပြောလျက် တစ်ဖက်သို့အာရုံရောက်သွားကာ ခြေလှမ်းပြင်နေပြန်တော့ လက်ကောက်ဝတ်လေးအား ဖျတ်ခနဲလှမ်းဆွဲထားလိုက်၏။
""ကလေးရယ်! မကြည့်နဲ့တော့
ဗိုက်မဆာသေးဘူးလား?နေ့လည်တောင်ရောက်နေပြီလေ""
""ဟုတ်! ဆာတော့ဆာတယ်""
""ဒါဆို ကိုကိုတို့နေ့လည်စာသွားစားကြမယ်""
""ဟွန့်!နှုတ်ခမ်းနီကရောလို့
ဆိုးကြိုက်တာမှမတွေ့သေးတဲ့ဟာ""
""ဘယ်တွေ့မလဲ?မင်းလေးက အရမ်းဂျီးများနေတာကိုး""
""ဒါဆို မဝယ်ပေးတော့ဘူးလားလို့""
""အဟွန်း!!""
သူ့လက်တစ်ဖက်ကိုဆွဲကိုင်လှုပ်ရမ်းလျက် အလိုမကျသလိုလေးပြောမိတော့ သူကအသိခက်သော အပြုံးမျိုးဖြင့် နှုတ်ခမ်းလေးတွန့်ကွေးရုံပြုံးပြကာ ဆိုင်ဝန်ထမ်းကောင်မလေးဘက်သို့လှည့်၍...
""ဒီcounterအစကနေ ဟိုးအဆုံးအထိ တင်ထားသမျှlipstickတွေအားလုံးတစ်မျိုးမကျန် အကုန်ယူမယ်""
""ဟုတ်ကဲ့ရှင့်! အားလုံးကိုသေချာထုပ်ပိုးပေးပါမယ်...လူကြီးမင်းခဏလေးစောင့်ပါနော်""
""ဟယ်!""
အရောင်းဝန်ထမ်းလေးက ပြုံးကာရွှင်ကာထွက်သွားသလောက် ရှင်ရှင့်မှာဖြင့် `ဟယ်´တစ်လုံးသာထွက်နိုင်တော့သည့် အဖြစ်။ Counterမှာတင်ထားသမျှbrandအားလုံးဟာ တကယ့်အမြင့်စားတွေချည်း။ lipstickတစ်တောင့်ကို အနည်းဆုံး 25000အထက်မှာရှိသည်။ ပြီးတော့ brandတစ်ခုတည်းမှာတင် Matteတွေ၊Glossတွေပြန်ကွာသေးတာလေ။ color noတွေကလည်း အများကြီး။ ဘုရားရေ! သူဒါတွေသိရောသိရဲ့လား?သူလက်ညိုးထိုးလိုက်တဲ့ ဒီအစကနေ ဟိုးအဆုံးဆိုတာ နည်းတဲ့အကွာအဝေးလား?အမလေးလေး! ငါသွေးတက်သေပြီ။
""ကိုကို အဲ့လောက်အများကြီးဘာလုပ်ဖို့လဲ?lipstickဆိုတာတစ်ဗူးကိုတောင်အကြာကြီးသုံးရတယ်...တခါသုံးပြီးလွှင့်ပစ်ရတာမဟုတ်ဘူး၊ဆိုးဝယ်ရင်တောင် တစ်ခါဝယ်မှနှစ်ဗူး""
""ကိုယ့်ကလေးက အရွေးခက်နေတယ်မဟုတ်လား
အဲ့တော့ အိမ်ရောက်မှစိတ်ကြိုက်ဆက်ရွေးလို့ရအောင်လေ""
""ဟင်!အဲ့လိုမဟုတ်...""
""ပစ္စည်းတွေရပါပြီရှင့်""
""Ok! cardနဲ့ရှင်းလို့ရတယ်မလား""
""ဟုတ်ကဲ့ရှင့်""
""ကိုကို""
""ကဲ! ကိုကိုကဝယ်ပေးချင်လို့ပါဆိုနေကွာ...၊ပြီးတော့ color testerအတွက် မင်းသုံးတဲ့နည်း ကိုကိုသဘောကျတယ်...ချစ်စရာလေးကွာ!အဟက်""
အယ်! သူပဲပြောပြီး သူပဲသဘောတကျရယ်နေပြန်ပါပြီ။လက်စသတ်တော့ ဒီလူကြီးကအနမ်းခံချင်လို့ တမင်အကြောင်းရှာတာကိုး!
ဟွန့်! လူညစ်ကြီး...နည်းနည်းမှကိုအမှားမခံဘူး။အခွင့်အရေးကယူချင်တာ။
""အိမ်ရောက်ရင်လည်း အဲ့လိုလာစမ်းရမယ်နော်။မစမ်းလို့ကတော့ အတွေ့ပဲ""
""ရှင်ပြောတိုင်းလုပ်စရာလား?ဆုတောင်းလေ""
""အရောင်တွေကအများကြီးပဲ ကလေးရဲ့...ကိုကိုကfree testing serviceပေးမယ်...ဘယ်လိုလဲ?""
ပါးတစ်ဖက်ကို လက်ညိုးဖြင့်ပြန်ညွှန်ပြ၍ ပြောလိုက်တော့ ချာတိတ်မရဲ့မျက်စောင်းလှလှတို့က သူ့ထံပါးသို့ တဒိုင်းဒိုင်းလွင့်စင်လာကာ...
""အကြံသမား! ရှင့်အကြံဒါအကုန်ပဲလား?""
""အဟက်! ဖြေလေ စမ်းမှာလား၊မစမ်းဘူးလား""
""freeပေးချင်သူကပေးမှတော့လည်း စမ်းပေးရတာပေါ့။အဆိုးက နှုတ်ခမ်းနီတွေလည်းအများကြီးရတယ်...ကိုကို့ပါးကိုလည်းနမ်းရမယ်ဆိုတော့ကာ အရှုံးမရှိပါဘူး...စမ်းမယ်၊စမ်းမယ်""
""အဟွန်း! လိမ္မာလိုက်တဲ့ကလေးလေး""
""ဒါပေါ့၊ ကိုကို့ချစ်သည်းရှင်ပဲလေ""
သည်လိုနှင့် နှစ်ဦးသားပြောဆိုရယ်မောကာ ဆိုင်ထဲက ထွက်သွားခဲ့၏။ထိုအခါမှ ဝန်ထမ်းမိန်းကလေးတို့ အသံထွက်ရယ်မိရကာ...
""အဟိ! သူများတကာတွေများ ချိုလိုက်တာ""
""ကောင်မလေးက အသည်းယားစရာလေးဟယ်!သူ့လူကိုလည်းချွဲတတ်လိုက်တာမှ""
""ဟိုကလည်းအရည်မပျော်ရှာဘူး၊ဒီအစကနေ ဟိုးအဆုံးတဲ့! အမလေး...ငါအားကျ""
""သွားပြီးအားကျမနေပါနဲ့ ကိုယ့်ကုသိုလ်နဲ့ကိုယ်ပဲ။သူများက ကော်ပတ်ရုပ်လေးလိုလှပြီး ချွဲချွဲနွဲ့နွဲ့နဲ့ချစ်ဖို့ကောင်းအောင်နေတတ်တယ်၊ ဒီတော့ဂရုစိုက်ခံရတာဆန်းသလား?နင်တို့၊ငါတို့ကသာ မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးတွေမို့ ရှိတဲ့ဘဲတောင် ထွက်ပြေးပြီလေ...အဟား ဟား!""
""သြော်! ငါတို့ဘဝတွေများကျ ခါးလိုက်တာဟယ်""
(နောက်ဆုံးနားကစာသားတွေဟာ ကိုယ့်ခံစားချက်😅)
~~~~~~~ 🍬🍬🍬🍬 ~~~~~~~
အခန်း (၃၅)ဆက်ရန်
Readers/Writersလေးတွေအားလုံးက VIPပါ
Writer- WineSatt Cho(🍋Lëmoñ🍋)