book

Index 3

အခန်း [ ၃ ]

  • Author : Wine Satt Cho
  • Genres : Romance, Comedy, Drama, Fantasy

🍬 ကိုကို့ ... ချစ် သည်း ရှင် 🍬

                          { My Queen , My Angel }


•••••••••••• ♡ အခန်း [ ၃ ] ♡ ••••••••••••


"" မေမေရေ...သမီးပြန်လာပြီ""


ပါးစပ်ကလှမ်းအော်လျက် စက်ဘီးလေးအားခြံထောင့်၌ကပ်ရပ်ခဲ့ကာ လက်ထဲက မုန့်ကိုဆက်စားရင်း အိမ်ထဲဘက်လှမ်းဝင်လာခဲ့တော့ ဧည့်ခန်းထဲမှာလူရိပ်လူယောင်မရှိ။ ကျူရှင်classကအိမ်နဲ့သိပ်မဝေးတာမို့ အသွားအပြန်ကိုစက်ဘီးစီးတာ လမ်းလျှောက်တာနဲ့သာပြီးသည်။မေမေတို့ကတော့ ကားနဲ့အကြိုအပို့လုပ်ပေးချင်ပေမယ့် ဒီလောက်နီးနီးလေးကို ကားကြီးနဲ့အခန့်သားလုပ်မနေချင်၍ ရှင်ရှင်ကတော့ လက်မခံဖြစ်ခဲ့ခြင်းပင်။


""မေမေ""


""သမီးလေး...မေမေမရှိဘူးလေ

သမီးမေမေနဲ့မမက တနင်္ဂနွေညနေတိုင်းဘုရားတက်တယ်လေ...မေ့နေပြီလား""


""သြော်...ဟုတ်သား

ဒီနေ့sundayပဲ...ဟီး!

ဒါဆိုဖေဖေရော""


""သမီး ဖေဖေကတော့ မိတ်ဆွေတစ်ယောက်နဲ့ချိန်းထားလို့တဲ့ အပြင်ခဏသွားတယ်""


""အမလေး...ငါ့အဖေလောက်မိတ်ဆွေများတဲ့သူမတွေ့ဖူးတော့ဘူး တကယ်!""


ခါးလေးကို လက်နှစ်ဖက်ဖြင့်ထောက်ကာ နှုတ်ခမ်းစူပြောသည်က ဆရာမကြီးလေသံနဲ့မို့ အနားမှာရပ်နေသည့် ကြီးကြီးနွယ်က ပြုံးစေ့စေ့ဖြင့်ကြည့်နေလေ၏။


""ဒါဆို ဒီနေ့လာမယ့်ဧည့်သည်မိသားစုဆိုတာရော လာပြီးသွားပြီလား""


""ဟင့်အင်း...မလာရသေးဘူးသမီးရဲ့

သူတို့က ညစာစားမှာလေ။အဲ့ဒါကြောင့် ကြီးနွယ်က သမီးအမေမှာတဲ့အတိုင်း စီစဥ်ချက်ပြုတ်နေတာ""


""ဟုတ်လား...ဒါဆို သမီးအကူအညီလိုသေးလား""


""ဟင်! မလိုပါဘူးသမီးရယ်

ကြီးနွယ်အားလုံးစီစဥ်ပြီးပါပြီ""


လက်တကာကာဖြင့်ပြောလာပုံက လူကိုလန့်စရာကြီးလိုလိုနှင့်မို့ ရှင်ရှင်စိတ်ထဲဘဝင်မကျတော့စွာ နှုတ်ခမ်းပါရွဲ့မိသွားရသည်။ တစ်ခါက အိမ်အတွက်ထမင်းပွဲလေးစီစဥ်ပေးဖူးတာကို နည်းနည်းလေးမှားယွင်းသွားရာကနေဒီလိုဇာတ်လမ်းတွေစလာတော့တာလေ။ တကယ်ပဲ...အဲ့ဒီတုန်းက သင်ခါစမို့ဟာကို...


""ပြီးတာပဲ""


ရင်ထဲမကျေနပ်သလောက် စကားကတော့သုံးလုံးသာထွက်လာပြီး ထိုနေရာမှ လှည့်ထွက်လာခဲ့၏။အနောက်က ဒေါ်နွယ်မှာတော့ အလိုမကျတိုင်းစိတ်ကောက်သည့်ပုံစံလေးကို ကြည့်၍ သဘောတကျရယ်မဆုံးတော့ပေ။ သည်လိုပါပဲ...ချစ်သည်းရှင်ဆိုတာ တစ်အိမ်လုံးရဲ့အချစ်ခံ မင်းသမီးလေးပဲလေ။


~~~~ 🍬 ~~~~


""ဟွန့်! ဒီကအကောင်းနဲ့ကူညီပေးမလို့ဟာကို""


""Ring!""


တတွတ်တွတ်ရေရွတ်ကာ ခြံထဲဘက်ထွက်လာခဲ့တော့ ခြံတံခါးဆီမှ အချက်ပေးဘဲလ်သံကိုကြားလိုက်ရသည်မို့ ခေါင်းလေးဆတ်ခနဲထောင်သွားရကာ တံခါးဘက်သို့လည်ဆန့်၍လှမ်းမျှော်ကြည့်လိုက်သည်။ ဘာမှလည်းမမြင်ရသည်နှင့် လူကိုယ်တိုင်ပဲ ထွက်သွားကာ တံခါးကိုဖွင့်ကြည့်လိုက်တော့ တွေ့ရသည်က အပြုံးချိုချိုနဲ့မိန်းမငယ်လေးတစ်ယောက်...။ကြည့်ရတာ ရှင်ရှင့်ထက်တော့အသက်ကြီးမယ့်ပုံစံပါပဲ။


""Hi မမ

ဘာကိစ္စရှိလို့လဲမသိဘူး""


""မမတို့က ဟိုဘက်ခြံကိုပြောင်းလာတဲ့လူအသစ်တွေပါ ညီမလေး။အဲ့ဒါ အိမ်သစ်တက်ပွဲလေး ဖိတ်ချင်လို့...မမရဲ့အိမ်ရှင်တွေကဖိတ်ခိုင်းလိုက်တာပါ""


တရိုတသေပြောရင်းဖြင့် လက်ထဲက ကဒ်အဖြူရောင်လေးကိုကမ်းပေးလာတော့ အလိုက်တသင့်လေးလှမ်းယူလိုက်ကာ..


""ဟုတ်ကဲ့...ရှင်ရှင် အိမ်ကလူကြီးတွေကိုပြောပြလိုက်မယ်နော်..ကျေးဇူးပါ""


""ညီမလေးကချစ်ဖို့ကောင်းလိုက်တာ""


""ဟီး! မမရောပဲ""


""အဲ့နေ့ကျလာခဲ့ပေးနော် ညီမလေး""


""ဟုတ် မမ""


ရှင်ရှင်က သူစိမ်းတွေနဲ့ပြောဆိုဆက်ဆံရေးမှာတော့ အားမနည်းတာမို့ သူငယ်ချင်းအပေါင်းအသင်းလည်းရလွယ်ပါ၏။ ကိုယ်မသိတဲ့သူနဲ့တောင် ခဏလေးစကားပြောလိုက်ရုံနဲ့ ခင်မင်သွားနိုင်တာလေ...။စောစောက မမလိုမျိုးပေါ့။လူအသစ်တွေတဲ့! အင်း...တစ်နေ့က ဘေးအိမ်ကို အသစ်တွေပြောင်းလာတာတော့ တွေ့မိသား။


""Ring!""


""ဟဲ့! အမလေး

ငါ လန့်သေပြီ""


ခြံဝ၌ ရပ်လျက်ပင် ကိုယ့်အတွေးနဲ့ကိုယ် လက်ထဲက ကဒ်လေးအားဖွင့်ကြည့်နေစဥ် အချက်ပေးဘဲလ်ကထပ်မြည်လာပြန်၏။ဒီတစ်ခါတော့ အနားကပ်ရပ်နေတာမို့ ရုတ်တရက်လန့်သွားရကာ မျက်နှာကလည်း မှုန်မှိုင်းသွားရင်းမှ...


""ဘယ်သူလဲ""


တံခါးကိုတော့ထပ်မဖွင့်ဘဲ မြင်သာသည့်သံတိုင်ကြားလေးမှ ချောင်းကြည့်ကာမေးလိုက်ခြင်းဖြစ်သည်။ တစ်ဖက်မှာတွေ့ရသည်က ယောကျ်ားလေးတစ်ယောက်ဖြစ်ပြီး သူကလည်း ကိုယ့်ကိုပြန်ပြူးကြည့်နေလေ၏။


""ဒါ Olive Construction Groupက ဦးပြည့်စုံရှင်ရဲ့အိမ်မဟုတ်လား""


""ဟုတ်တယ်လေ...အဲ့ဒါ အိုင့်အဖေ

Who are you?""


""သြော်...ကိုယ်က ဒီနေ့တွေ့ဖို့ချိန်းထားတဲ့သူပါ""


""ဧည့်သည်?

ဖေဖေပြောတော့ လာမှာကမိသားစုတဲ့

ရှင်ကတစ်ယောက်တည်းလား...ပြီးတော့လမ်းလျှောက်လာတယ်?...အိမ်နီးလို့လား?""


မေးခွန်းတွေတစ်သီတစ်တန်းကြီးကြောင့် တစ်ဖက်လူက စိတ်ညစ်စွာကြည့်လာ၏။ပြီးမှလေပူတစ်ချက်ကိုမှုတ်ထုတ်ကာ...


""အဲ့ဒါက ပြောရရင်တော့ရှည်တယ် 

ဒီကိုလာနေရင်းမှ လမ်းထိပ်မှာကိုယ့်ကားကပျက်နေတာ...အလုပ်ကတန်းလာခဲ့တာမို့ ကိုယ့်မိဘတွေကမပါလာသေးတာ ခဏနေမှလာလိမ့်မယ်...""


""ကားကပျက်နေတာ ဒီအတိုင်းထားခဲ့တာလား""


""မဟုတ်ပါဘူး သူငယ်ချင်းရဲ့workshopကိုဖုန်းဆက်ပြီး အပ်ခဲ့ပြီးပြီ...ဒါနဲ့မင်းဒီနေ့တံခါးဖွင့်ဦးမှာလား?""


သူ့စကားကိုနားထောင်ကာ သေချာအကဲခတ်ကြည့်မိသည်က အချိန်များစွာကြာပါသည်။ဟုတ်တယ်လေ...အိမ်မှာက ကြီးနွယ်နဲ့ရှင်ရှင်ပဲရှိတာ မတော်တဆ သူကလူလိမ်ဖြစ်နေရင် ဘယ့်နှယ်လုပ်မလဲ? ရှင်ရှင်လည်း ဒီနေ့လာမယ့်ဧည့်သည်ဆိုတာကို မြင်ဖူးတာမဟုတ်။ တော်ကြာကိုယ်ကျိုးနည်းကုန်မှဖြင့်...။


""ရှင့်နာမည် ဘယ်သူလဲ""


""ဘုန်းနေလ""


""ခဏလေးနော်...ဖေဖေ့ကိုဖုန်းဆက်ကြည့်လိုက်ဦးမယ်...ဒီမှာခဏစောင့်""


သူ့မျက်နှာရှုံ့မဲ့နေလည်းဂရုမစိုက်ဘဲ ပြောချင်တာပြောခဲ့ပြီး အနည်းငယ်ခပ်လှမ်းလှမ်းသို့လျှောက်လာကာ ဖေဖေ့ဆီဖုန်းခေါ်လိုက်သည်။တစ်ဖက်မှချက်ချင်းဖုန်းကိုင်လိုက်လျှင်ပဲ အသံစာစာလေးဖြင့် ပြောဆိုတိုင်တန်းရေးကစတင်လေပြီ။


""Hello! ဖေဖေ

အိမ်မှာလေ ဘုန်းနေလဆိုတဲ့သူရောက်နေတယ်

သူက ဒီနေ့လာမယ့်ဧည့်သည်ဆိုတာဟုတ်လား""


""ဟုတ်တယ်လေ...သမီး

မောင်ဘုန်းနေလက ဖေဖေ့မိတ်ဆွေရဲ့သား""


""ဒါပေမဲ့ ဖေဖေပြောတော့မိသားစုဆို သူလာတာတစ်ယောက်တည်း...ပြီးတော့ကားပျက်တယ်ဆိုပြီးလမ်းလျှောက်လာတယ်...ပုံစံကလည်း ခပ်နွမ်းနွမ်းနဲ့""


""ဟေ..ဟုတ်လား""


""ဟုတ်တယ်...ဖေဖေရဲ့

အိမ်မှာလည်း မေမေရော၊မမရောမရှိဘူး

သမီးနဲ့ကြီးနွယ်ပဲရှိတာ...အဲ့ဒါသမီးတံခါးဖွင့်ပေးလိုက်ရမလား""


"".....""


""ကြည့်ဦး..အခုတောင်မှ သံတိုင်ကြားလေးကနေအိမ်ထဲကိုချောင်းနေတာ...ဘာနဲ့တူမှန်းတောင်မသိတော့ဘူး...သမီး ဓာတ်ပုံရိုက်ပြီးပို့လိုက်ရမလား""


""ဖေဖေကားမောင်းနေတယ်လေ သမီးရယ်။ ဒါဆို တံခါးမဖွင့်ပေးနဲ့ဦး...ဖေဖေအခုပြန်လာနေပြီနော်..လမ်းမှာ

၁၅မိနစ်လောက်ပဲစောင့်""


""ဟုတ်""


ဖုန်းချပြီးတော့မှ တံခါးဘက်သို့ပြန်လျှောက်သွားကာ ခပ်တည်ဖြင့်ဖြင့်ကြည့်တော့ ထိုလူကလည်းကျေနပ်နေပုံမရသည့် မျက်နှာထားဖြင့်


""မင်းဘယ်လိုဟာလေးလဲ...ကိုယ့်အိမ်လာတဲ့ဧည့်သည်ကို ဒီလိုပဲဆက်ဆံရသလား""


""အိမ်မှာလူကြီးတွေမရှိသေးလို့ ခဏစောင့်""


""ဟင်..ငါက အလှူခံနေတာမှမဟုတ်တာ""


"".....""


""တီ..တီ!""


ခဏကြာတော့ ဦးပြည့်စုံရှင်ရဲ့ကားက ခြံဝနားမှာရပ်လာပြီး ကားပေါ်ကဆင်းလိုက်သည်နှင့် အဝမှာရပ်နေသူကိုအသေအချာ အကဲခတ်ကြည့်လိုက်ပြီးမှ ရင်းနှီးနေပုံဖြင့်  လှမ်းပြုံးပြလိုက်ကာ..


""အားနာလိုက်တာ မောင်ဘုန်းနေလအပြင်မှာအကြာကြီးစောင့်လိုက်ရလား""


""အန်ကယ့်သမီးက ကျွန်တော့်ကိုဟိုမေးဒီမေးနဲ့စစ်ဆေးပြီး တံခါးကိုတော့ဖွင့်မပေးဘူးလေ""


""သမီးရယ်...သူများကိုအားနာစရာ""


""ဟင်...ဖေဖေပဲပြောတော့ မဖွင့်ပေးနဲ့ဦးဆို""


ချက်ချင်းပြန်ထောက်လိုက်သည့်စကားကြောင့် အဖေဖြစ်သူမှာ အီလည်လည်ဖြစ်သွားရသည်။ဒီသမီးနဲ့တော့ခက်ပါ့။ ကိုယ်ကလူကြီးမို့ သူစိမ်းရှေ့မှာ ကြည့်ကောင်းအောင်ပြောလိုက်ခြင်းကို နည်းနည်းပါးပါးလေးမှ အရိပ်အခြည်မကြည့်။သူ့စိတ်ထဲရှိတိုင်းအကုန်ပြောနေတော့တာလေ...။


""အန်ကယ်...ဟိုဟာလေ အန်ကယ့်မှာသမီးနောက်တစ်ယောက်ရှိသေးတယ်မဟုတ်လား...မေမေတို့ပြောထားတဲ့တစ်ယောက်က သူတော့မဟုတ်ပါဘူးနော်""


""အမ်...သြော်..မဟုတ်ပါဘူး

ဒါက အငယ်လေးလေ...သူ့အစ်မရှိသေးတယ်""


""တော်ပါသေးရဲ့

ထင်တော့ထင်ပါတယ်...မာမီတို့ပြောတာတော့ အတော်လေးလိမ္မာရေးခြားရှိတာတဲ့..အခုသူ့ကြည့်ရတာ ကြားမိတာနဲ့လွဲနေပုံရလို့""


ဟမ်! ဒါက လူကိုတမင်သက်သက်ရွဲ့ပြောတာပေါ့လေ။ ရှင်ရှင်က လိမ္မာရေးခြားမရှိတဲ့ အရိုင်းအစိုင်းမကြီးလို့ ဆိုလိုတာပေါ့။ တယ်! ဒီလူတော့...


ဒီအတိုင်းဆို သူက မမနဲ့စကားလမ်းကြောင်းထားတဲ့သူပေါ့။ဟင်း! ငါနဲ့တောင် အမြင်မကြည်တာ ငါ့အစ်မကို ပေးစရာလား...။ဝေးသေးတယ်...ရှင်ရှင့်အကြောင်းပြရသေးတာပေါ့...ဟွန့်!


~~~~ 🍬 ~~~~


""သားတစ်ယောက်တည်းလား

ကိုအောင်နိုင်တို့ကရော""


""မာမီတို့က အိမ်ကနေလာမှာခင်ဗျ""


""သြော်...ထိုင်လေ..သား""


""ဖေဖေ...သမီး ဧည့်သည်အတွက်အအေးယူလာခဲ့မယ်နော်""


""အေး...အေး သမီး""


ချိုချိုသာသာလေးပြောခဲ့ကာ ထမင်းစားခန်းဘက်ထွက်လာတော့ ကြီးနွယ်ကအအေးကိုယူလာနှင့်လေပြီ။ထို့ကြောင့် ရှင်ရှင်က သူ့လက်ထဲမှ orange juiceခွက်ကို ပြန်လုယူလိုက်ပြီး...


""သူကလိမ္မော်ရည်မကြိုက်ဘူးတဲ့

သမီး စီစဥ်လိုက်မယ်...ပေး""


ဘာမှတောင်ပြောချိန်မရလိုက်ပါ။ရှင်ရှင်က ခွက်ကိုအတင်းဆွဲယူနေတာကြောင့် အသာတကြည်လွှတ်ပေးလိုက်မိသည်က အကြီးမားဆုံးမှားယွင်းမှုတစ်ခုပါပင်။


ရှင်ရှင်ကတော့ လက်ထဲရောက်လာသည့် အအေးခွက်ကို မော့သောက်လိုက်ပြီး ရေခဲသေတ္တာကိုဖွင့်ကာ Coca Colaပုလင်းကိုဆွဲထုတ်ယူလိုက်သည်။ကောင်းရာကောင်းကြောင်းလုပ်နေတယ် ထင်မှတ်သွားသည့် ကြီးနွယ်ကတော့ တစ်ဖက်သို့လှည့်ကာ သစ်သီးပန်းကန်တွေပြင်ဆင်နေလေ၏။ ဒီတော့မှ ရှင်ရှင် မီးဖိုခန်းဘက်သို့အသာလေးခြေဆန့်၍ မိန့်မိန့်ပြုံးလျက် လှမ်းယူလိုက်သည်က ငံပြာရည်ပုလင်း...။အဟင်းဟင်း! အရောင်ချင်းကသိပ်မကွာဘူးမဟုတ်လား... 


ကျေနပ်စွာပြုံးရင်း ဖန်ခွက်လှလှလေးထဲသို့ Coca Colaနဲ့ငံပြာရည်ကိုတစ်ဝက်စီရောထည့်လိုက်ပြီးသည့်နောက်...


~~~~ 🍬 ~~~~


""အအေးရပါပြီ...သုံးဆောင်ပါဦး""


အခုတော့လည်း လေသံလေးကပျော့ခွေလို့။စောစောက စစ်ဆေးရေးမှူးက သူမဟုတ်တဲ့အတိုင်းပဲ။


စိတ်ကမကျေမနပ်တွေးပေမယ့် သူလျှော့မှတော့ကိုယ့်ဘက်ကလည်း တင်းစရာမရှိတာမို့ ကမ်းပေးသည့်အအေးခွက်လေးကို အသာတကြည်လှမ်းယူကာ တစ်ငုံမော့သောက်လိုက်သည်ဆိုလျှင်ပဲ...


""အ! ဖွီး! ဒါ....

အဟွတ်!""


ဘယ်လိုအရသာမှန်းညွှန်းဆိုမရအောင်ဆိုးရွားနေသည့် အရည်တွေက ပါးစပ်ထဲဝင်ရောက်လာချိန် သူလည်းဟန်တောင်မဆောင်နိုင်စွာ ထွေးထုတ်ပစ်လိုက်ပြီး ထိုကောင်မလေးသို့လက်ညိုးတထိုးထိုးဖြင့်စကားကရှေ့မရောက်တော့ပေ။


""မောင်နေလ...ဘာ..ဘာဖြစ်လို့လဲ""


""အန်ကယ့်သမီးကိုမေးကြည့်ပေါ့ဗျာ""


""ဟင်..သမီး...သမီးဘာလုပ်ထားပြန်ပြီလဲ""


""ဘာမှမလုပ်ပါဘူး...သမီး ဒီအတိုင်းအအေးပဲထည့်လာတာကို...သြော်! ထည့်နေရင်းနဲ့လေCoca Colaကကုန်သွားလို့...တခြားဟာနဲ့ရောခဲ့တယ်""


""ဟေ..ဘာနဲ့ရောခဲ့တုန်း""


""သူနဲ့အရောင်ဆင်တဲ့ဟာလေ

ငံပြာရည်နဲ့""


""ဘာ!!!""


ဒီတစ်ခါအကျယ်ကြီးထအော်လိုက်သည်က ဟိုလူပါပဲ။ ရဲရဲနီနေသည့်မျက်နှာကိုကြည့်ရုံနဲ့ဒေါသတွေထွက်နေပြီမှန်းအသိသာ။သို့ပေမယ့် စိတ်ကိုတော့အတတ်နိုင်ဆုံးထိန်းထားပုံရပါ၏။မကျေမနပ်စကား တစ်ခွန်းမှထွက်မလာသေးဘူးလေ။


""Sorryပါ..အန်ကယ်

ကျွန်တော်ပြန်လိုက်ပါဦးမယ်""


""ဟင်..ပြန်တော့မလို့လားကွာ

သမီးကြောင့်တော့ ခက်တာပဲ။အန်ကယ်အားနာပါတယ် မောင်နေလရယ်""


""ဟုတ်ကဲ့..ရပါတယ်။မာမီတို့လာရင်လည်းလာပါစေ။ကျွန်တော်ပြန်နှင့်တော့မယ်...workshopမှာလည်း ကားဝင်ယူရဦးမှာမို့လို့""


""သြော်...အေး အေး""


ထိုလူက မကြည်မလင်မျက်နှာကြီးဖြင့်ထပြန်သွားလေတော့ ရှင်ရှင်က အောင်နိုင်သူလိုပြုံးနေမိစဥ် ဖေဖေက ခပ်တည်တည်ဖြင့်ကြည့်လာလေ၏။ဘယ်လိုပဲဖြစ်ဖြစ် ဖေဖေ့မိတ်ဆွေကိုကျီစားလိုက်သည့်ကိစ္စက ဖေဖေ့ကိုမျက်နှာပျက်စေမှာတော့အသေအချာလေ...။ထို့ကြောင့် အနားသို့ချက်ချင်းပြေးကပ်လိုက်ကာ မျက်နှာချိုလေးဖြင့်...


""ဟီး..ဟီး...ချစ်ဖေဖေ

သမီးကလေ...""


""အင်း...ပြော..ဘာဖြစ်လဲ""


""သူက သမီးကိုအရိုင်းအစိုင်းလို့၊ မလိမ္မာဘူးလို့ ပြောတယ်လေ""


""အဲ့ဒါနဲ့ပဲ ငံပြာရည်ပေးသောက်လိုက်တာလား""


""ဖေဖေ...ဒီကိစ္စမေမေ့ကိုပြန်မပြောပါနဲ့နော်

ဖေဖေနဲ့သမီးပဲသိ""


""သမီး ဒီလိုလုပ်တာတခြားအကြောင်းရှိသေးတယ်မလား...သူ့ကို သမီးအစ်မနဲ့မဆုံစေချင်လို့လေ""


""ဟုတ်ပေါ့...အဲ့ဒါလည်းပါတယ်

သမီးက မမကိုဘယ်သူ့မှမပေးနိုင်ဘူး""


""သမီးကလည်းကွာ...အဲ့လိုလုပ်တော့ရောဘာထူးမှာလဲ...တစ်နေ့ကျ သူသဘောကျတဲ့ကောင်လေးတွေ့လာတဲ့အခါ သမီးရဲ့ဒီလိုကလေးကလားနည်းလောက်နဲ့တားလို့ရမယ်ထင်လား? လူကြီးဆန်ဆန်တွေးပါသမီးရယ်...ကလေးဆန်တာနေရာတိုင်းမကောင်းဘူးနော်...အခုသမီးလုပ်ရပ်ကတစ်ဖက်ကိုဘယ်လောက်အားနာစရာကောင်းလဲ...ဖေဖေလည်းမျက်နှာပျက်ရတယ်""


နည်းလမ်းကျကျပြောပြလာတဲ့ဖေဖေ့စကားကြောင့် ရှင်ရှင့်မျက်နှာလေးညှိုးကျသွားရသည်။ဟုတ်ပါတယ်လေ...ရှင်ရှင်ကနေရာတကာမှာ ကလေးဆန်လွန်းလိုက်တာ။မဖြစ်ပါဘူး...နောက်ဆို တည်တည်ငြိမ်ငြိမ်နေမှ...။


~~~~ 🍬🍬🍬🍬 ~~~~


တနေ့တာ အလုပ်ကိစ္စတွေ လက်စသတ်ပြီးမှ ရေချိုးအဝတ်အစားလဲကာ ဖုန်းလေးထုတ်ကိုင်ရုံရှိသေး...မှန်စားပွဲထက်ရှိနေသည့် Laptop screenမှ Video callဝင်နေလေပြီ။ဒါကလည်း ပုံမှန်အလုပ်လို့ပဲပြောရမှာပါ။သူအလုပ်ပြီးလောက်မည့် အချိန်ကိုမှန်း၍ မေမေကအမြဲ V-callခေါ်နေကျလေ။အပ်ကြောင်းထပ်တဲ့စကားတွေပြောဦးမှာဆိုပေမယ့် အမြဲနားထောင်ပေးနေကျမို့ရိုးတောင်နေပါပြီ။


""သား...အလုပ်တွေပြီးပြီလား""


""ဟုတ်..အခုပဲရေချိုးပြီးတာ""


""သားကိုကြည့်ရတာ ပိန်သွားသလိုပဲ

အစားရောကောင်းကောင်းစားရဲ့လား""


""ပုံမှန်ပါပဲ...ဒါနဲ့ဖေဖေရော""


""ရှိပါ့...ဟိုဘက်မှာစာဖတ်နေတယ်

မင်းအဖေနဲ့နေရတာလည်း ပျင်းလိုက်တာသားရယ်

ဒီကိုမြန်မြန်ပြန်လာပြီး အမေ့အတွက်အဖော်ရမယ့် ချွေးမလေးတစ်ယောက်လောက်ရှာလှည့်ပါလား""


Screen၌မြင်နေရသည့် မေမေ့မျက်နှာက အလွန်တရာကိုအထီးကျန်နေသည့်ပုံစံနဲ့မို့ သူ ခေါင်းငြိမ့်ကာ ကျိတ်ပြုံးမိသည်။ဘယ်စကားပဲပြောပြော နောက်ဆုံးဒီကိုပဲရောက်နေတော့တာလေ။ဒီအမေတစ်ယောက်နဲ့လည်း မလွယ်ပါဘူး။


""ယူပါ့မယ်...မေမေရယ်

စိတ်တိုင်းကျသာရှာထားလိုက်...""


""ဒါနဲ့ပဲ အမေကိုဖြေသိမ့်နေ

ပြတော့လည်း တစ်ယောက်မှမကြိုက်ဘူး အင်းမလုပ်၊အဲမလုပ်နဲ့။ ပြီးတော့ မင်းပြောတဲ့ပြန်လာမယ့်အချိန်ကဘယ်နှစ်တုန်း...ငါသေမှလား""


""အဟက်! မဟုတ်ပါဘူးဗျာ

အခုတောင်ပြောတော့မလို့...သားနောက်နှစ်ပါတ်လောက်နေရင် ပြန်လာဖို့ရှိတယ်...ရန်ကုန်ရုံးချုပ်မှာလုပ်မယ့်projectအသစ်အတွက်လေ""


""ဟယ်...တကယ်လား

ကြည့်စမ်း...ဒီလောက်ဝမ်းသာစရာကိစ္စကိုမင်းအဖေကပြောလည်းမပြောဘူး""


""သားက သူကိုယ်တိုင်ပြောမယ်ဆိုလို့ပါကွာ""


ဘယ်နားကလှမ်းပြောလိုက်သလဲမသိပေမယ့် အဖေ့အသံကိုတော့ ကြားလိုက်ရ၏။


""သိပ်တော့မကြာဘူး...လနည်းနည်းပဲနေမှာ""


""သား...မေမေတို့က အိမ်အသစ်ကိုပြောင်းပြီးပြီနော်...သားကိုပုံပို့ပေးထားတယ်လေ""


""ဟုတ်..သားသိပါတယ်""


""လင်းည...သား အဲ့မှာကောင်မလေးတွေဘာတွေရနေပြီလား...အဲ့ဒီ့ဘက်ကမိန်းကလေးတွေပါမလာစေနဲ့နော်...မေမေက အလိမ္မာအိမ်ပါ မြန်မာဆန်တဲ့ချွေးမလေးပဲလိုချင်တာ""


""သားကတော့ မခေါ်လာပါဘူး

မခေါ်ဘဲနဲ့ကိုအနားမှာအများကြီးရှိနေတာတော့ သားလည်းမတတ်နိုင်ဘူး""


""ဟယ်! ဒီကောင်လေးကတော့

ကဲ...တော်ပြီ! မြန်မြန်သာပြန်လာခဲ့ စိတ်မချဘူး""


""ဟုတ်ကဲ့ပါ...ဒါပဲနော် good night!""


သားဖြစ်သူနဲ့ပြောကာ called endedလိုက်ပြီးမှ ဒေါ်ခင်လေးမွန် သက်ပြင်းလေးဖွဖွချမိသည်။တစ်နေ့တစ်နေ့ အဲ့ဒီ့သားတစ်ယောက်ကိုပဲ ပူပန်နေရတာပါ။သူတစ်ပါးနိုင်ငံမှာနေထိုင်တာမို့ ကိုယ့်ယဥ်ကျေးမှုနဲ့မအပ်စပ်သည့်မိန်းကလေးမျိုးကို ချွေးမတော်ရမှာတွေဘာတွေကို သိပ်မလိုလားပေ။အခုပြန်လာတော့မယ်ဆိုလို့ တော်သေးတာပေါ့။အလုပ်လုပ်ဖို့လောက်ပဲသိတဲ့သားကို ဒီတစ်ခါတော့ဖြင့် လက်တွဲဖော်ရအောင်ကိုရှာပေးရမည်ဟုသာ စိတ်ထဲကျိတ်ပြီးဆုံးဖြတ်ထားလိုက်မိ၏။


""သားနဲ့လည်းစကားပြောပြီးပြီ

မင်းကမအိပ်သေးဘူးလား""


""နေပါဦး...သားပြန်လာမယ့်ကိစ္စ ရှင်ကဘာလို့မပြောတာလဲ""


""သားကိုယ်တိုင်ပြောတော့ မင်းဝမ်းမသာဘူးလား..အခု""


""ထားပါတော့...ဒါနဲ့လေ သားက ဟိုကနေကောင်မလေးတွေဘာတွေမခေါ်လာလောက်ပါဘူးနော်""


""မပူပါနဲ့ကွာ...ကိုယ် လတိုင်းအဲ့ဒီ့ဘက်ကလုပ်ငန်းတွေသွားစစ်နေကျ...သားကအနေအထိုင်တအားတည်တာ...ကောင်မလေးတွေတော့ဝိုင်းနေပေမယ့် မင်းသားကလေ ကိုယ့်အတိုင်းပဲ အချေကောင်""


""ဟမ်! ရှင်ချေတတ်လို့သာပဲနော်

ဟိုအရင်ကဆို မိုးလင်းတာနဲ့ ကျမအိမ်ရှေ့ရောက်နေတာ ဘယ်သူများပါလိမ့်""


""သြော်..ချွင်းချက်ဆိုတာတော့ရှိစမြဲပဲလေမိန်းမရယ်။မင်းကသူများတွေနဲ့မှမတူပဲ""


ဒီလိုပြောလာတော့လည်း ဇနီးဖြစ်သူထံမှမျက်စောင်းတစ်ချက်ဝေ့လာလေရဲ့။


ဟုတ်ပါတယ်...အရာရာတိုင်းမှာခြွင်းချက်ဆိုတာ ရှိစမြဲပဲလေ။ဘယ်လောက်ပြည့်စုံတဲ့ ဘယ်လိုလူပဲဖြစ်ပါစေ...အနိုင်မယူဝံ့၊အထိမခံဝံ့တဲ့အားနည်းချက်လေးတော့ ရှိတတ်ကြတာပဲမဟုတ်လား...


ဘယ်လိုပင်မာကျောသည့်နှလုံးသားတို့သည်လည်း အချစ်ဟူသော ထိုအရာနှင့်ထိတွေ့မိပါလျှင်...စာတင်လောက်သည့်ပြောင်းလဲခြင်းတို့ တွင်ရစ်နိုင်သည်ပဲ...။ချစ်ခြင်းမေတ္တာဆိုတာကိုက ဆန်းကြယ်လွန်းသည့် စွမ်းအင်လေးတစ်ရပ်ရယ်လေ...။


~~~~ 🍬🍬🍬🍬 ~~~~


အခန်း - [ ၄ ]ဆက်ရန်~~


Readers/WritersလေးတွေအားလုံးကVIPပါ


Writer-WineSatt Cho(🍋Lëmoñ🍋)


rate now: