ဧကြည်ဖြူ
" ချူ "
*******************
"မ မ "
ရဲရင့်သည် တုန်လှုပ်ချောက်ချားနေသော အသံတုန်တုန်ယင်ယင်ဖြင့် ငြိမ်းကို ခေါ်လိုက်သည်။
မူယာဟန်မှာ ရုတ်တရက် ငြိမ်းကို တွေ့လိုက်ရသောကြောင့် ဆိုဖာ ဆက်တီ ပေါ်မှ ဆတ်ခနဲထရပ်လိုက်လေသည်။
ငြိမ်းက ရဲရင့်နှင့် မူယာဟန်ကို စက်ဆုပ်ရွံရှာသော အကြည့် နှင့် ကြည့်လိုက်သည်။
"ဟုတ်မှဟုတ်ပါ့မလားလို့ တွေးနေတာ...ထင်တဲ့အတိုင်းပဲ ရှင်ဖြစ်နေတာကို မမူယာဟန်...ရှင်တို့က ခိုးလည်းခိုးကြသေးတယ် ...ပိုင်ရှင်ဖြစ် ဟန်နဲ့လည်း ကြွား ချင်ကြသေးတာကို ...တကယ့် အရူးတွေပဲ "
"မမ ...မောင် ရှင်းပြပါ့မယ်.."
ရဲရင့်က ပြောရင်း ငြိမ်း၏ လက်ကိုဆွဲပြီး မျက်နှာငယ်လေး တောင်းပန်လိုက်သည်။
"ဖယ်စမ်း ...ငါ့အသားကို မထိနဲ့ "
"မဟုတ်ဘူး မမ .... မောင်ရှင်းပြပါ့မယ် "
ငြိမ်းက မထိနှင့်ဟု ပြောနေသည့်ကြားမှ ရဲရင့်က ငြိမ်း၏ လက်ကို အတင်း ဆွဲယူပြီး ကောင်းပန်လိုက်သည်။
"ဖယ်စမ်း ...ငါ့အသားကို မထိပါနဲ့ဆို..ကဲဟာ "
" ဖြန်း ....ဖြန်း"
ငြိမ်းသည် သူ၏လက်ကို လာဆွဲသော ရဲရင့်ကို ဒေါသတကြီး ဆောင့်တွန်းပစ်လိုက်ရုံမက ပါးကိုပါ နှစ်ချက်ဆင့်၍ ရိုက်ချလိုက်လေသည်။
" ငါ့အသားကို လာမထိနဲ့ ရွံစရာကောင်းတဲ့ကောင် ...ဟိုမှာ သွားထိုင် ...နင့် ဟာမဘေးမှာ..."
ပြောရင်း ငြိမ်းက ရဲရင့်ကို မူယာဟန် ဘေးသို့ ဆောင့်တွန်းချလိုက်လေသည်။မူယာဟန်ကတော ဆိုဖာဆက်တီတွင် ခြေချိတ်၍ ခပ်တင်းတင်းပင်ပြန်ထိုင်နေလေသည်။
ရဲရင့်သည် ငြိမ်း၏ အေးစက် တင်းမာနေသော မျက်နှာထားကို တောင်းပန် တိုးလျှိုးသော မျက်နှာနှင့် ကြည့်နေသည်။
" ရဲရင့် မင်းကို ငါအမြဲ ပြောခဲ့တယ် သစ္စာမရှိ ဖောက်ပြန်တာကို ငါအမုန်းဆုံးပါလို့...."
"မ ... မဟုတ်ဘူး မမ...မောင် တောင်းပန်ပါတယ် ... မောင်တို့ ဘာမှ မပတ်သက်ပါဘူး....တကယ်ပြောတာပါ.."
"ဘာ...ပါးစပ်ရှိတိုင်း လျှောက်ပြောမနေနဲ့ ... အခု ဘာဆက်လုပ်ကြမလဲ ... မင်္ဂလာဖိတ်စာတွေကလဲ ဝေပြီးပြီး... ရှိသမျှ အရှက်သိက္ခာတွေ အကွဲခံပြီး မင်္ဂလာပွဲကို ဖျက်ရမလား.... ဒါမှမဟုတ် မင်္ဂလာပွဲကို အမင်္ဂလာပွဲအဖြစ် ကျင်းပရမလား ပြောပါအုံး ရှင်တို့နှစ်ယောက် "
ငြိမ်းက မူယာဟန်နှင့့်ရဲရင့်ကို ကြည့်ပြီး မေးလိုက်သည်။
" ဒါမှမဟုတ်....ပြင်ဆင်စရိတ်တွေ မဆုံးရုံးရအောင် အဲ့ဒီမင်္ဂလာပွဲကို ရှင်တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအဖြစ် ကျင်းပလိုက်ရင်ရော "
"မမ ..တော်ပါတော့ဗျာ ... မောင်မှားမိပါတယ်... ဒါပေမဲ့ မမကလွဲရင် ဘယ်သူ့ကိုမှ မချစ်ဘူးဆိုတာ ကျိန်ပြောရဲပါတယ် ...ရှေ့ဆက်ပြီး ဒီလို အမှားမျိုးကိုလည်း မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်.."
ရဲ့ရင်သည် ငြိမ်း၏ နားတွင် ဒူးတုပ်ထိုင်လျက် တောင်းပန်စကားဆိုလိုက်သည်။
ငြိမ်းက ရဲရင့်ကို မကြည့်ဘဲ ခပ်တင်းတင်းအမူအရာနှင်ထိုင်နေသော မူယာဟန်ကို ကြည့်လိုက်သည်။
" ဘယ်လိုလဲ မမူယာ ဟန် ... မင်္ဂလာပွဲကိုလုပ်မှာလား...အခုချက်ချင်းလက်မှတ်ထိုးကြမယ်ဆိုလည်း ရတယ်နော် ... ကျွန်မအသိ ရှေ့နေ့နဲ့ ရှင့််ရဲ့ စပွန်စာ ယောကျာ်းကြီးဆီကို ဖုန်းဆက်လိုက်မယ် "
ငြိမ်းက ပြောရင်း ဖုန်းကို ထုတ်ပြီး ဆက်လိုက်သည်။
"နင် ရူးနေလား " မူယာဟန် ပြောပြီး ငြိမ်း၏ ဖုန်းကို ဆွဲ လုလိုက်သည်။ငြိမ်းက ဖုန်းကိုင်ထားသော လက်ကို ရှောင်တိမ်းလိုက်ပြီး မူယာဟန်ကို ဆောင့်် တွန်းပစ်လိုက်သည်။ပြီးလျှင် မူယာဟန်ကို စက်ဆုပ်ရွံရှာစွာကြည့်ပြီး ပြောဆို လိုက်သည်။
" ရှင်တို့လို မိန်းမတွေက အခြားသူရဲ့ ခင်ပွန်း တွေ ... ချစ်သူရည်းစားတွေကို မှ လိုချင်တပ်မက်နေကြတာပဲ ....ရှင်တို့ဆီမှာ မေတ္တာတရား မရှိဘူး ...ရမ္မက်နဲ့တဏှာရယ် သူများ မိသားစု အသိုက်အမြုံကိုဖျက်ဆီးချင်စိတ်ပဲရှိတာ...လိုချင်တယ်မဟုတ်လား ယူလိုက် ... ရှင်တို့နှစ်ယောက်က လိုက်ဖက်ပါပေတယ်....သူ့ကို ခေါ်ထားလိုက် ကျွန်မဆီကို ပြန်မလာစေနဲ့နော် ...လာခဲ့ရင် သဘက်ခါ ကျင်းပမယ့် မင်္ဂလာပွဲအစား ရှင်တို့နှစ်ယောက်ရဲ အသုဘပွဲဖြစ်သွားမယ် "
" မမ...မမရယ် ...မောင်တောင်းပန်ပါတယ် ...မောင့်ကို ကြိုက်သလို လုပ်ပါ ... သတ်ချင်ရင် လဲသတ်ပါ ... မင်္ဂလာပွဲကိုတော့ မဖျက်ပါနဲ့ နော် .... တစ်သက်လုံး မမစိတ်တိုင်းကျ နေပါ့မယ် ... နောက် ဘယ်တော့မှ ထပ်မဖြစ်စေရပါဘူး... မမကို ကတိပေးပါတယ် "
ရဲရင့်က ငြိမ်း၏နားတွင်ထိုင်လျက် ငြိမ်းကို အကြိမ်ကြိမ် အခါခါ တောင်းပန်လိုက်သည်။
" မင်း အခုချက်ချင်းထစမ်း ...ပြီးရင် ဖိတ်စာဝေထားတဲ့အိမ်တိုင်းကို ကျွန်တော် ဖောက်ပြန်မိလို့ မင်္ဂလာပွဲ ပျက်သွားပါပြီလို့လိုက်ပြောပေး ... မင်းသွားရင်း မင်းရဲ့ မမမူယာဟန်ကိုပါ ခေါ်သွားပေါ့ ...ကြား လား ....."
ငြိမ်က ဒေါသတကြီး ကြိမ်းမောင်း ပြောဆိုလိုက်ပြီး ရဲရင့်၏ လက်မောင်းကိုကိုင်ကာ ဆွဲထူလိုက်သည်။ရဲရင့်သည် အံကိုကြိတ်၍ထားသည်။ငြိမ်းက ရဲရင့်၏မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။ ပြီးလျှင် ခပ်တိုးတိုးတစ်ချက် ပြောလိုက်သည်။
"မိန်းမတစ်ယောက်က ယောကျားတစ်ယောက်ကို မချစ်ပေမဲ့ ... လေးစားယုံကြည်မှုနဲ့တစ်သက်လုံး အတူနေ သွားလို့ရတယ်....ဒါပေမဲ့ ရွံရာစက်ဆုပ်သွားပြီဆိုရင်တော့ ရှိရင်းစွဲ ချစ်ခြင်း မေတ္တာတရားပါ ပျောက်ဆုံးသွားတယ် ..."
ငြိမ်းက ပြောပြီးသည် တံခါးပေါက်ဘက်သို့ လျှောက်သွားလိုက်သည် ။ တံခါးနားသို့ ရောက်လျှင် ရဲရင့်ကို တစ်ချက်လှည့်ကြည့်ပြီးပြောလိုက်သည်။
"ငါ ကျေနပ်တယ်...မင်းလိုလူမျိုးက အဲ့ဒီလို မိန်းမနဲ့ပဲ တန်တာ...ငါ ရဲ့အချိန်တွေနဲ့ ငွေတွေကို နှမြောမိလို့ ...မင်းတို့နှစ်ယောက်လက်ထပ်ရအောင် ငါကိုယ်တိုင် ကူညီပေးအုံးမှာ နေကြည့်ပေါ့ အဲ့ဒီလို မိန်းမနဲ့..."
" မမ ...မမ ... ကျွန်တော်လည်းလိုက်မယ်..."
" အရှက်မကွဲ ချင်ရင် အေးအေးဆေးဆေးနေခဲ့...နောက်တစ်ခွန်း ထပ်မပြောဘူးနော်..."
ငြိမ်းက သူ့နောက်သို့ အတင်းကပ်လိုက်လာသော ရဲရင့်ကို အသံခပ်မာမာနှင့် ပြောပြီး အပြင်သို့ ပြန်ထွက်ခဲ့သည်။အပြင်သို့ ရောက်လျှင် တက္ကစီကားပေါ်သို့တက်လိုက်လေသည်။
ကားဆရာ ကိုကျော်စိုးသည် ငြိမ်းကားပေါ်သို့ ရောက်သည်နှင့် ကားကို အမြန်ဆုံး မောင်းထွက်ခဲ့လေသည်။
ထိုမြင်ကွင်းကို စိုင်းခွန်နောင်တစ်ယောက် ကားပေါ်မှ မမှိတ်မသုန်ကြည့်နေမိပြီးနောက် ငြိမ်းတို့ကားနောက်မှလိုက်၍ သူ၏ ကားကို မောင်းခဲ့ လေသည်။
*****************
"ဘယ် ...ဘယ်လို သမီး .... မင်္ဂလာပွဲကိုဖျက်မယ် ဟုတ်လား ....မနက်ဖြန်တစ်ရက်ပဲ လိုတော့မှ မင်္ဂလာပွဲကို ဖျက်မယ်တဲ့လား .... ဘာတွေဖြစ်ကုန်တာလဲ အမေ့ကိုလဲ ပြောပါအုံးအေ...အားလုံး သမီးစိတ်တိုင်းကျချည်းပဲလုပ်နေခဲ့ပြီးမှ ... "
ဒေါ်ငြိမ်းဝေက ငြိမ်းကို အထိတ်တလန်ံ့ ကြည့်ရင်း အဖြစ်အပျက်များကို မယုံကြည် နိုင်စွာ မေးလိုက်သည်။
" ရဲရင့်နဲ့ မမူယာဟန်က ကြိုက်နေကြတယ် အမေ...အဲ့ဒါကို သိသိနဲ့ သမီးက ဘယ်လို ရှေ့ဆက်ရမလဲ "
"ဘာ ...တ ...တကယ်လား ....မောင်ရဲရင့်က မူယာဟန်နဲ့လား ....အဲ့...အဲ့ဒါဆို မင်္ဂလာပွဲကရော....."
"မတတ်နိုင်ဘူးလေ အမေ ... ဖိတ်စာ ဝေမိတဲ့သူတွေကို ပြန်တောင်းပန်လိုက်ရုံပေါ့ "
ဒေါ်ငြိမ်းဝေသည် ငြိမ်း၏ အေးတိအေးစက်နှင့် ပြောနေသော အမူအရာကို ကြည့်ပြီး အားမလိုအားမရနှင့် ဆူပူပြောဆို လိုက်သည် ။
"ပြောတာ လွယ်လှချည်းလား ငြိမ်းရဲ့ ...ကိုက့်ကိုယ်ကိုမိန်းခလေးဆိုတာကိုလည်း သတိထားအုံး ...မောင်ရဲရင့် ဘယ်မှာလဲပြော ...အမေ သူနဲ့ စကားပြောမယ် "
ဒေါ်ငြိမ်းဝေသည် စိုးရိမ်ပူပန်စွာ ပြောပြီး အောက်ထပ်သို့ဆင်းသွားသည်။
ကျန်ခဲ့သောငြိမ်းသည် မင်္ဂလာပွဲအတွက် ပြင်ဆင်ထားသော ပစ္စည်းများကို တစ်ချက်ကြည့်လိုက်ပြီး ဒေါ်ကြူကို လှမ်းခေါ်လိုက်သည်။
"ဒေါ်ကြူ ... ဒါတွေကို အိတ်နဲ့ အကုန်စုထည့်ပြီး သိမ်းပေးပါအုံး ...ဪ...ပြီးတော့ ငြိမ်း မင်္ဂလာပွဲ ပျက်သွားပြီး ...အဲ့ဒါ အမေ စိတ်ပူနေမယ် ထင်တယ် အမေ့ကို ဂရုစိုက်ပေးပါအုံးနော်..."
ဒေါ်ကြူသည် ငြိမ်းအားမယုံကြည်နိုင်သလို ငေးမောကြည့်နေသည်။ငြိမ်းကတော့ အေးအေးဆေးဆေးပင်။ အခန်းထဲဝင်ပြီး ရေမိုးချိုးရန်ပြင်လိုက်လေသည်။
*****************
" သမီး ...အောက်ထပ်မှာ မောင်ရဲရင့်ရောက်နေတယ်....ခဏလောက်တွေ့ပြီး စကားပြောလိုက်ပါ..."
ငြိမ်း ရေမိုးချိုးပြီးသည်နှင့် ခရီးထွက်ရန်အတွက် အဝတ်အစားများကို ကျောပိုးအိတ်ထဲထည့်နေစဉ်မှာပင် မိခင်၏အသံကိုကြားလိုက်ရသောကြောင့် မော့ကြည့်ပြီး ခေါင်းကိုငြိမ့်ပြလိုက်သည်။
"အခန်းထဲကိုလွှတ်လိုက်ပါ အမေ "
"ဒေါက် ..ဒေါက် "
မိခင်ဖြစ်သူ ဒေါ်ငြိမ်းဝေ ထွက်သွားပြီး မကြာမီမှာပင် အခန်းတံခါးခေါက်သံ ထွက်ပေါ်လာလေသည်။
ငြိမ်းက တံခါးဘက်သို့ တစ်ချက်လှည်ကြည့်ပြီး အသံပြုလိုက်သည်။
" ၀င်လာခဲ့ "
ရဲရင့်သည် မဝံ့မရဲနှင့် အခန်းထဲသို့ဝင်လာပြီးနောက် ငြိမ်းနှင့်မလှမ်းမကမ်းတွင် ရပ်၍နေသည်။
ငြိမ်းက ရဲရင့်ကို မော့ကြည့်ပြီးမေးလိုက်သည်။
"ဘာကိစ္စရှိလို့လဲ "
ငြိမ်းအသံသည် ပကတိ အေးစက်လျက်။ဒေါသသံ မပါ ။ သူစိမ်းတစ်ရံဆံကို တွေ့ရသကဲ့သို့ ရဲရင့်ကိုကြည့်ပြီး မေးလိုက်သည်။
ရဲရင့်သည် မတ်မတ် ရပ်နေရာမှ ငြိမ်း၏ အနားတွင် ဒူးတုပ်ထိုင်ချလိုက်ပြီး ငြိမ်းကို တောင်းပန်စကားဆိုလိုက်သည်။
" မောင့်ကို ခွင်လွှတ်ပါနော် မမ...မမ မရှိရင် မောင်သေလိမ်မယ်ထင်တယ် " ထိုသို့ ရဲ့ရင့်က ပြောလိုက်သောအခါ ငြိမ်းက ရဲရင့်ကို ကြည့်ပြိုး လှောင်ပြုံးလေးနှင့့် "ဟုတ်လား "ဟု မေးလိုက်သည်။ပြီးနောက် ရဲရင့်၏ မျက်နှာကို ကြည့်လိုက်ပြီး မဲ့ပြုံးတစ်ချက်ပြုံးပြီး ပြောလိုက်သည်။
" အဲ့ဒီလို ဖြစ်သွားရင်လဲ မင်္ဂလာပွဲဖျက်ဖို့ကိစ္စ ဖြေရှင်းရလွယ်သွားတာပေါ့ "
ရဲရင့်သည် ငြိမ်း၏ အလေးအနက်မရှိသော ဟန်ပန်ကို အံ့သြစ္စာ ကြည်နေမိပြီးနောက် မချင့်မရဲ ဝမ်းနည်းစိတ်ဖြင့်ပြောဆိုလိုက်သည်။
"မမ တစ်ခုခုပြောပါ ...မကျေနပ်ရင် မောင့်ကို သတ်လိုက်ပါ... အခုတော့ မမပုံစံက အေးစက်လွန်းတယ်.... ဒါပေမဲ့ ထူးတော့ မထူးဆန်းပါဘူး ...မမက မောင်နဲ့ ပတ်သက်ရင် အမြဲအေးစက်နေခဲ့တာပဲ ...ခုချိန်ထိ ချစ်တယ်လို့ ပါးစပ်က တစ်ခွန်းမှ မပြောခဲ့ဖူးသလို မောင့်ရင့်ထဲမှာ ဘာစိတ်ကူးတွေရှိလဲ ... ဘာတွေခံစားနေရလဲဆိုတာကို ရော မမ စိတ်ဝင်စားခဲ့ဖူးလို့လား ..."
ရဲရင့်က ငြိမ်း၏ ပခုံးများကို ကိုင်လှုပ်လျက် ပြောလေသည်။
"မင်းကို ရွံတယ် ...ခုချက်ချင်းငါ့အခန်းထဲကထွက်သွားစမ်း ... မင်းနဲ့ငါ ဘာမှမဆိုင်ဘူး...ဘာမင်္ဂလာပွဲကိုမှလဲ မျှော်လင့် မနေနဲ့...ဘာမှလဲ လာပြောမနေနဲ့တော့..."
ငြိမ်းက ပြောပြီး ရဲရင့်ကို တွန်းထုတ်ပစ်လိုက်သည်။
ရဲရင့်က တုတ်တုတ်မျှမလှုပ်ဘဲ တောင့်ခံနေပြီး အံကိုတင်းတင်းကြိတ်၍ထားသည်။ပြီးနောက် ငြိမ်း၏မျက်နာကို စူးစိုက်ကြည့်လိုက်ပြီးတစ်ခွန်းချင်း ပြောလိုက်သည်။
"မမက ရက်စက်တယ်နော်...မမမှာ ချစ်ခြင်းမေတ္တာဆိုတာမရှိဘူး ....ကျွန်တော် အမှားလုပ်မယ့်အချိန်ကို စောင့်ပြီး ကျွန်တော်ကို စွန့်ပစ်ဖို့ အမြဲပြင်ဆင်နေခဲ့တာ မဟုတ်လား....ကျွန်တော်က ယောက်ျားဗျ... ချစ်သူဆီကနွေးထွေး ယုယမှုကို လိုချင်တောင့်တမိတာ သဘာဝပဲ ...ဒါပေမဲ့ မမဆီက ဘာတွေရခဲ့လို့လဲ...မမ ကျွန်တော်နဲ့ပတ်သက်ရင် အမြဲအေးစက်ခဲ့တယ် ....ကျွန်တော့်ရဲ့မျက်လုံးတွေကို ကြည့်ပြီး မမ ဘယ်သူ့ကိုရှာနေတာလဲ .... ဘယ်သူ့အစားကျွန်တော့်ကို ကြည့်နေ့ ခဲ့တာလဲ ...ခင်ဗျားက ကျွန်တော့်ကို တကယ်မချစ်ခဲ့ပေမဲ့ ကျွန်တော်က ခင်ဗျားကို တကယ်ချစ်ခဲ့တာ ...ခင်ဗျားရဲ့စိတ်ရင်းကိုသိရဲ့နဲ့ ချစ်ခဲ့တာ...ဒါပေမဲ့ စိုင်းခွန်နောင်ဆိုတဲ့ကောင် ပေါ်လာပြီးတဲ့နောက်မှာ မမပုံစံတွေ ပြောင်းလာတာလဲ ကျွန်တော်သိတယ် ..."
"ဘာ ...မင်း ပါးစပ်ပိတ်ထားစမ်း...ပြီးတော့...မင်းက တဏှာနဲ့ ချစ်ချင်း မေတ္တာကို မခွဲခြားနိုင်တဲ့သူပဲ....တကယ်လို့ မင်းပြောသလိုသာဆို....မင်းကို မချစ်တဲ့ ငါက တောင် မင်းအပေါ် သစ္စာ စောင့်နိုင်သေးတာ ...ချစ်ပါတယ်ဆိုတဲ့ မင်းက ဘာလို့ သစ္စာမစောင့်တည်နိုင်ရတာလဲ....တော်ပါတော့ ဆင်ခြေတွေမပေးနဲ့တော့ ...မင်းက သစ္စာမဲ့တယ်...ငါက ခွင့် မလွှတ်ဘူး ...ဒါကြောင့် လမ်းခွဲကြမယ်...ဒါပဲလေ...အကြောင်းပြချက်တွေ ထပ်မပေးနဲ့တော့ ... ငါကိုယ်တိုင်း ပျိုးထောင်ခဲ့တဲ့ သူကို ...ငါကိုယ်တိုင်မဖျက်ဆီးချင်လို့ ...မင်းကို ငါ့ဆီက ထွက်သွားဖို့ပြောနေတာ...မူယာဟန်လို ငွေနဲတဏှာပဲရှိတဲ့မိန်းမ မျိုးနဲ့ မင်းဖြစ်တယ်ဆိုကတည်းက မင်းကငါ့ရင်ထဲမှာ မရှိတော့ဘူး ....ပြန်တော့... ငါ ဒေါသမထွက်ချင်ဘူး"
ငြိမ်းက ပြောပြီးသည်နှင့် ရဲရင့်ကို ကျောခိုင်းလျက် အခန်းပြင်သို့ ထွက်ခဲ့သည်။
"မမ မောင့်ကို...လက်မခံတာ သေချာရင် .. ကိုယ့်ကိုယ်ကို သတ်သေ ပစ်မှာ "
ရဲရင့်က ငြိမ်း၏ နောက်ကျောပြင်ကို ကြည့်ပြီး ဒေါသတကြီး အော်ဟစ်ပြောလိုက်သည်။ ငြိမ်းက နောက်သို့ တစ်ချက် ခပ်စိမ်းစိမ်း ပြန်လှည့်ကြည့်လိုက်ပြီး
" အဲ့ဒါ မင်းဆန္ဒပဲ ငါနဲ့မဆိုင်ဘူး "ဟု ပြောပြီး အောက်ထပ်သို့ဆင်းခဲ့လိုက်သည်။အခန်းထဲမှ ရဲရင့်၏ ငိုသံသဲ့သဲ့ကို ကြားရသည်။ရဲရင့်ငိုသံကြောင့် ငြိမ်း ရင်ထဲစူးခနဲထိုးအောင့်သွားသည်မှာတော့အမှန်ပင်။ဘာပဲဖြစ်ဖြစ်ငြိမ်းသည် ရဲရင့်အပေါ်၌ သံယောစဉ်အပြည့်ရှိခဲ့သည်လေ။
*****************
" သမီး ... ငြိမ်း ..."
ခေါ်သံကြောင့် ငြိမ်းအိပ်ပျော်နေရာမှ ဆတ်ခနဲ နိုးသွား သည် ။ နာရီကို ကြည့်လိုက်တော့ ညနှစ်နာကျော်ပင် ရှိသေးသည်။
" .. ဘာဖြစ်လို့လဲ အမေ..သမီး အစောကြီး ထွက်သွားမှာစိုးလို့ လာချောင်းတာလား .... "
ငြိမ်းက ငိုထားဟန်ပေါက်နေသော မိခင်၏မျက်နှာကို ကြည့်ပြီး ပြောလိုက်သည်။
"သမီး...ဖုန်းပိတ်ထားတာလား "
ဒေါ်ငြိမ်းဝေက ငိုသံကြီးနှင့် မေးလိုက်သည်။
"ဟုတ်ကဲ့ အမေ ''ဟု ဖြေလိုက်ပြီး ငြိမ်းက မိခင်ကို ကြည့်လိုက်သည်။မိခင်ကြီး၏မျက်နှာသည် ငိုထား၍ မို့အစ်နီရဲနေလေသည်။
"အမေ ဘာဖြစ်တာလဲ ....အမေငိုထားတာလား "
" ရဲရင့် ဆုံးသွားပြီးတဲ့ ... "
"ရှင်"
ငြိမ်းသည် မိခင်ဆီမှ ကြားလိုက်ရသော စကားကြောင့် လူမှာမိုက်ခနဲ ဖြစ်သွားပြီး ခုတင်ပေါ်တွင် တောင့်တောင့်ကြီး ငြိမ်သက်နေမိလေသည်။
@@@@@@@@@@@@@@@
အပိုင်း ၂၁ ဆက်ရန်
ဧကြည်ဖြူ