book

Index 8

1933 New Jersey ကမ်းရိုးတန်း၌ USS Arkon လေသင်္ဘောပျက်ကျခြင်း

  • Author : Lucifer
  • Genres : Biography, Mystery, Science
  • Original Author : Dorix Flexner & Stuart Berg Flexner



1933 New Jersey ကမ်းရိုးတန်း၌ USS Arkon လေသင်္ဘောပျက်ကျခြင်း


USS Arkon လေသင်္ဘောကရှေးယခင်တုန်းက မိုးကြိုးမုန်တိုင်းအတွင်းတောင်ပျံသန်းနိုင်တဲ့လေသင်္ဘောလို့နာမည်ကြီးခဲ့ပါတယ်။ ဒါကြောင့်လည်း မုန်တိုင်းထန်တဲ့ည April လ ၄ ရက်နေ့မှာ Lakehurt, New Jersey ကနေစတင်ထွက်ခွာခဲ့ပါတယ်။ အရာရှိ ၇၇ ယောက်ပါဝင်ခဲ့ပြီး ပေပေါင်း ၇၈၅ ပေရှည်လျားတဲ့လေသင်္ဘောဟာ အမေရိကန်ရေတပ်အတွက်ဂုဏ်တက်စရာအရာတစ်ခုဖြစ်ခဲ့ပါတယ်။ 

ဒါပေမယ့်ထွက်ခွာတဲ့ညမှာပဲပြင်းထန်လွန်းတဲ့လေတိုက်နှုန်းနဲ့ မိုးကြိုးမုန်တိုင်းတွေဟာလေသင်္ဘောကိုဇီးဖြူသီးဇကောလှိမ့်သလို လှုပ်ခါနေစေခဲ့ပါတယ်။ ည ၁၂ နာရီခွဲအချိန်မှာတော့မိုးကြိုးထိမှန်ပြီး New Jersey ကမ်းရိုးတန်းနဲ့မိုင်နှစ်ဆယ်အကွာမှာမီးလောင်ပျက်ကျခဲ့ပါတယ်။ ရေဒီယိုအဆက်အသွယ်တွေပြတ်တောက်ခဲ့ပြီး ထိတ်လန့်ဖွယ်မီးတောက်တစ်ခုသာကောင်းကင်ပေါ်ကပြန်လည်ပြုတ်ကျလာတာကိုပဲမြင်ခဲ့ရပြီးလေသင်္ဘော၏အရိပ်အယောင်တောင်မတွေ့ရတော့ဘူးလို့ဆိုကျပါတယ်။ လေသင်္ဘောပေါ်မှအရာရှိများရဲ့အသက်ရှင်သန်နိုင်မှုဟာမရှိသလောက်နည်းပါးခဲ့ပြီး ပြင်းထန်စွာတိုက်ခတ်နေတဲ့လေဟာ အပျက်အစီးတွေကိုကမ်းခြေနဲ့ဝေးရာကိုမျောပါသွားခဲ့ပါတယ်။ မိုးကြိုးမုန်တိုင်းကကယ်ဆယ်ရေးဆင်းသူတွေကိုနှောင့်နှေးကြန့်ကြာမှုဖြစ်စေခဲ့ပြီး အရာရှိလေးယောက်ကိုသာမိုးလေပြင်းထန်နေတဲ့ရေထဲကနေကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဒီပျက်ကျမှုကြောင့်လူပေါင်းခုနစ်ဆယ့်လေးယောက်ခန့်သေဆုံးခဲ့ပြီး 1933 ခုနှစ်ထိတိုင်အောင်ဖြစ်ပျက်ခဲ့တဲ့လေသင်္ဘောပျက်ကျမှုများထဲမှာမှ သေကြေမှုအများဆုံးရယ်လို့သတ်မှတ်ခဲ့ပါတယ်။ ပေပေါင်း ၇၈၅ ပေရှည်လျားတဲ့ USS Arkon လေသင်္ဘောဟာ အမေရိကန်ရေတပ်မတော်အတွက်လည်ပတ်အသုံးပြုဖို့တည်ဆောက်ခဲ့တာဖြစ်ပြီး အကြီးမားဆုံးလေသင်္ဘောတွေထဲကတစ်မျိုးဆိုရင်လည်းမမှားပါဘူး။


rate now:

1 Reviews
  • reader Hein Nay Zaw 15.12.2019, 12:49 5

    👌👌👌

    reply