book

Index 7

1930 ဟိုက်ဒရိုဂျင်ဖြည့်ဗြိတိသျှလေသင်္ဘော R-101 ပျက်ကျခြင်း

  • Author : Lucifer
  • Genres : Biography, Mystery, Science
  • Original Author : Dorix Flexner & Stuart Berg Flexner

1930 ဟိုက်ဒရိုဂျင်ဖြည့်ဗြိတိသျှလေသင်္ဘော R-101 ပျက်ကျခြင်း 


R-101 ဆိုတာကလေသင်္ဘောအမျိုးအစားထဲမှာမှ rigid airahip အမျိုးအစားထဲပါဝင်ပါတယ်။ ပုံမှန်လေသင်္ဘောတွေကလေထက်ပေါ့ပါးတဲ့ဓာတ်ငွေ့တွေကိုအသုံးပြုပြီး အပေါ်ဘက်မှာရှိတဲ့လေအိတ်တွေကိုဖောင်းလာစေပြီးပုံပေါ်အောင်ပြုလုပ်ကျတာဖြစ်ပါတယ်။ ဒါပေမယ့် rigid airship ကကျတော့လေအိတ်တွေရဲ့အောက်မှာမှ အောက်ခံဘောင်တွေတပ်ဆင်ထားပါတယ်။ ပြောရမယ်ဆိုရင်ပုံမှန်လေသင်္ဘောတွေထက်ပိုခိုင်ခံ့တဲ့အမျိုးအစားထဲပါဝင်ပါတယ်။ 




R-101 ကိုဗြိတိသျှအစိုးရ၏အစီအစဉ်အရ ဗြိတိသျှအင်ပါယာအတွင်း ခရီးဝေးသွားအများပြည်သူသုံးလေသင်္ဘောတစ်စင်းအဖြစ်အသုံးပြုဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီခေတ်အခါတုန်းက ၇၃၁ ပေရှည်လျားတဲ့ R-101 ကကမ္ဘာပေါ်မှာအကြီးမားဆုံးလေသင်္ဘောဖြစ်ခဲ့ပါတယ်…နောင်နှစ်အနည်းငယ်အတွင်း Hindenburg လေသင်္ဘောကကျော်တက်မသွားသေးခင်အထိပါပဲ။


ဒါပေမယ့်ကံဆိုးစွာနဲ့ပဲ R-101 ကအောက်တိုဘာလ ၅ ရက်နေ့ ပြင်သစ်နိုင်ငံ၏ Beauvais မုန်တိုင်းအတွင်းမှာမီးလောင်ပြီးပျက်ကျခဲ့ပါတယ်။ ထိုပျက်ကျမှုကြောင့်လူပေါင်းလေးဆယ့်ရှစ်ယောက်သေဆုံးခဲ့ရပြီး အသက်ရှင်ကျန်ရစ်သူခြောက်ယောက်ခန့်လောက်သာရှိခဲ့ပါတယ်။ R-101 ပျက်ကျခြင်းကဗြိတိသျှလေသင်္ဘောထုတ်လုပ်မှုလုပ်ငန်းအတွက် ကံဆိုးမိုးမှောင်ကျမှုတစ်ခုလို့တောင်ဆိုလို့ရနိုင်ပါတယ်။ ဒီပျက်ကျမှုကြောင့်လေသင်္ဘောထုတ်လုပ်ရေးလုပ်ငန်းများရပ်စဲသွားခဲ့ရပါတယ်။ လူပေါင်းသုံးဆယ်အထက်သေဆုံးခဲ့တာကြောင့်လည်း အဆိုးရွားဆုံးသောလေသင်္ဘောပျက်ကျမှုကြီးလို့တောင်တင်စားခေါ်ဝေါ်ခဲ့ကျပါသေးတယ်။


rate now:

1 Reviews
  • reader Hein Nay Zaw 15.12.2019, 12:48 5

    👌👌

    reply