book

Index 6

1921 ဗြိတိသျှ၏အကြီးဆုံးလေသင်္ဘော R-38 ပျက်ကျခြင်း

  • Author : Lucifer
  • Genres : Biography, Mystery, Science
  • Original Author : Dorix Flexner & Stuart Berg Flexner




R-38 (ZR-2) ဆိုတာလေသင်္ဘောအမျိုးအစားထဲမှာ A-class အမျိုးအစားထဲပါဝင်တဲ့လေသင်္ဘောဖြစ်ပြီး ဗြိတိသျှတော်ဝင်ရေတပ်မတော်အတွက် ပထမကမ္ဘာစစ်ပြီးဆုံးခါနီးအချိန်အတွင်း ကင်းလှည့်နိုင်ဖို့တည်ဆောက်ပေးထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၁၉ ခုနှစ်အောက်တိုဘာလမှာတော့ R-38 ကိုအမေရိကန်ရေတပ်မတော်သို့ရောင်းချခဲ့ပြီး ၁၉၂၁ ခုနှစ် ဇွန်လ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ ပထမဆုံးအကြိမ်စတင်စမ်းသပ်ပျံသန်းခဲ့ပါတယ်။ အမေရိကန်ရေတပ်မတော်ကိုရောင်းချလိုက်စဉ်က R-38 သည်စမ်းသပ်စစ်ဆေးထားခြင်းမျိုးလည်းမရှိသေးတဲ့အပြင် တည်ဆောက်မှုတောင်မပြီးသေးဘူးလို့လည်းပြောကျပါတယ်။ 


ဒုတိယအကြိမ်နဲ့တတိယအကြိမ်စမ်းသပ်ပျံသန်းမှုကိုတော့ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့မှာပြုလုပ်ခဲ့ပြီး Cardington ကနေ Howden ကိုပျံသန်းခဲ့တာဖြစ်ပါတယ်။ သြဂုတ်လ ၂၃ ရက်နေ့မနက်အစောပိုင်းမှာ စတုတ္ထအကြိမ်မြောက်ပျံသန်းဖို့ကိုစီစဉ်ခဲ့ပေမယ့်လည်း ရာသီဥတုမကောင်းတဲ့အပြင်တိမ်ထူထပ်လွန်းတာကြောင့် ပျံသန်းဖို့ကိုရွေ့ဆိုင်းခဲ့ပါတယ်။ သြဂုတ်လ ၂၄ ရက်နေ့မှာပျံသန်းခြင်းကိုပြန်လည်ပြုလုပ်ခဲ့ပြီး Hull မြို့ရဲ့ဆိပ်ကမ်းအနီးမှာပျက်ကျခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းကဆိပ်ကမ်းဘေးမှာ R-38 ၏ပျံသန်းမှုခရီးစဉ်ကိုစောင့်ကြည့်သူပေါင်းထောင်ကျော်ရှိခဲ့ပါတယ်။


ထိုပျက်ကျမှုကြောင့်အရာရှိလေးဆယ့်လေးယောက်သေဆုံးခဲ့ပြီး မျက်မြင်သက်သေတွေရဲ့ပြောကြားချက်အရ လေသင်္ဘောအရှေ့ပိုင်းကနေမီးစတင်လောင်ကျွမ်းလာခဲ့တာဖြစ်ပြီး နောက်တော့ပေါက်ကွဲမှုတစ်ခုရဲ့ပြင်းထန်လွန်းတဲ့အင်အားက လေသင်္ဘောပေါ်မှာပါရှိတဲ့ပြတင်းပေါက်တွေအကုန်လုံးကိုလွင့်စင်ထွက်သွားစေခဲ့ပါတယ်။ နောက်တော့တဖြည်းဖြည်းနဲ့ရေပြင်ထဲထိုးကျပြီး ပျက်ကျသွားခဲ့တယ်လို့ဆိုကျပါတယ်။ R-38 ပေါ်မှာပါရှိသူများအနက်မှလေးယောက်သာအသက်ရှင်ကျန်ရစ်ခဲ့ပြီး သေဆုံးသူတွေအတွက်အထိမ်းအမှတ်ကျောက်တိုင်ကို Hull မြို့မှာပဲစိုက်ထူထားခဲ့ပါတယ်။ 


rate now:

1 Reviews
  • reader Hein Nay Zaw 15.12.2019, 12:46 5

    👌👌

    reply