538 B.C. Babylon ၌မီးလောင်မှုဖြစ်ပွားခြင်း
Persian ဘုရင် Cyrus the Great မှ Babylon ကိုသိမ်းပိုက်ပြီးသည့်နောက် အကြီးအကျယ်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ ၎င်းမီးလောင်ကျွမ်းမှုအတွင်း၌ပြည်သူများစွာသေဆုံးခဲ့ရပြီး မြို့၏ဂုဏ်ကျက်သရေဆောင် ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါးအနက်မှတစ်ခုအပါအဝင်သည့် Hanging Garden လည်းပျက်စီးခဲ့ပါတယ်။
390 B.C. Rome ကိုလောင်ကျွမ်းစေခဲ့သည့် Gaul များ
လွန်ခဲ့သောနှစ်ပေါင်း ၃၆၀ ထိတိုင်မည်သူမျှနှိမ်နင်းနိုင်ခဲ့ခြင်းမရှိသည့် ရောမတပ်ဖွဲ့အား Brennus ဦးဆောင်သည့် Gaul တပ်ဖွဲ့မှရောမအပြင်ဘက်၌အနိုင်ရရှိခဲ့ပါတယ်။ ရှုံးနိမ့်ခဲ့သူများအနက်အချို့ဟာအနီးအနားရှိ Veii သို့ခိုဝင်ခဲ့ပြီး စစ်သားအချို့နှင့်ပြည်သူများက ရောမခံတပ်၌ကိုယ်ကိုတိုင်ပိတ်ဆို့ခဲ့ပါတယ်။ Gaul များမြို့တွင်းသို့ရောက်ရှိချိန်၌ မြို့ဟာကန္တာရတစ်ခုကဲ့သို့ခြောက်သွေ့လျက်ရှိပြီး မိမိတို့၏ကိုယ်ပိုင်စည်းစိအ်ဥစ္စာများအပေါ်ထိုင်နေကျသည့် patrician များကိုသာတွေ့ရှိရပါတယ်။
817 အကြီးအကျယ်မီးလောင်မှုဖြစ်ပွားခဲ့သည့်ရောမမြို့
ရောမမြို့၏လူဦးရေထူထပ်သောအလယ်ပိုင်း၌ ရုတ်တရက်မီးထလောင်ခဲ့ပြီး ၎င်းမီးဟာခြောက်ရက်ကြာသည်ထိငြိမ်းသတ်ခဲ့ရပါတယ်။ အနီးအနားရှိသစ်သားများဖြင့်ဆောက်လုပ်ထားသောအရာများအားဝါးမျိုခဲ့ပြီးနောက် ဒုတိယအကြိမ်ထပ်မံ၍မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြန်ပါတယ်။ ဒုတိယအကြိမ်လောင်ကျွမ်းမှုသည်သုံးရက်ကြာသည်အထိငြိမ်းသတ်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများပြားခဲ့ပါတယ်။
1106 Venice မြို့ကံဆိုးမိုးမှောင်ကျသောနှစ်
၁၁၀၆ ခုနှစ်သည် Venice မြို့အတွက်တော့ကပ်ဘေးဒုက္ခများပြားသည့်နှစ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဇန်နဝါရီလတွင်း၌မိုးလေပြင်းထန်ခြင်း ဒီရေတက်ခြင်းတို့ဖြစ်ပေါ်ခဲ့ပြီးမြို့တွင်း၌ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပါတယ်။ ထိုကဲ့သို့ရေကြီးရေလျှံမှုဖြစ်ပွားနေစဉ်အတွင်းမှာပဲ Venice မြို့၏နယ်ပယ်ခြောက်ခုထိတိုင်ပျံ့နှံ့ခဲ့သည့်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။ သစ်သားဖြင့်ဆောက်လုပ်ထားသောအိမ်များ ဘုရားကျောင်းများအားလုံးပျက်စီးခဲ့ပြီး ကျောက်တုံးများဖြင့်တည်ဆောက်ထားသော Basilica of San Marco နှင့် Doges Palace ကတော့မီးဘေးမှကင်းလွတ်ခဲ့ပါတယ်။
1212 လန်ဒန်မြို့မီးလောင်ကျွမ်းမှု
Saint Mary Southwark မှစတင်ခဲ့သည့်မီးလောင်ကျွမ်းမှုသည် လန်ဒန်မြို့အနှံ့အပြားသို့ပျံ့နှံ့ခဲ့ပြီး မြို့အတော်များများအားပျက်စီးစေခဲ့ပါတယ်။ ထိုမီးလောင်မှုအတွင်း၌သေဆုံးသူသုံးထောင်ခန့်ရှိခဲ့ပါတယ်။
1608 Jamestown မြို့မှမီးလောင်ကျွမ်းမှု
ဇန်နဝါရီလ ၇ ရက်နေ့ Jamestwon မြို့၌မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ၎င်းဖြစ်စဉ်ကြောင့် colonist များ၏အစားအသောက်များ အဝတ်အစားများနှင့်နေထိုင်ရာအိမ်များပျက်စီးခဲ့ပါတယ်။ ထိုစဉ်ကဗြိတိသျှများ Jamestown မြို့တွင်း၌အခြေချခဲ့သည်မှာနှစ်ဝက်ခန့်ပင်ရှိပါသေးတယ်။
1645 Boston ၌ပေါက်ကွဲမှုဖြစ်ပွား
Boston မြို့၏ Massachusetts Bay ၌ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၎င်းပေါက်ကွဲမှုဟာထိုနေရာ၌သိမ်းဆည်းထားသောယမ်းမှုန့်များမှစတင်ခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်။
1657 တိုကျိုမြို့မီးလောင်ကျွမ်းမှု
မီးလောင်လွယ်သောသစ်သားများဖြင့်ဆောက်လုပ်ထားသည့်အိမ်များနှင့် မိုးခေါင်ခြင်းတို့မှတစ်ဆင့်တိုကျိုမြို့၌ကြီးမားသောမီးလောင်ကျွမ်းမှုဖြစ်ပေါ်စေခဲ့ပါတယ်။ ဒဏ္ဌာရီများအရနတ်ဆရာဟာမကောင်းသောနမိတ်များဖြင့်ပြည့်နှက်နေသည့်ကီမိုနိုအားမီးရှို့ခြင်းကြောင့် မီးစတင်လောင်ကျွမ်းခဲ့သည်ဟုအယူရှိခဲ့ပါတယ်။ မီးပွားများဟာတစ်အိမ်ပြီးတစ်အိမ်ကူးစက်ခဲ့ပြီး နှစ်ရက်ကျော်ကြာငြိမ်းသတ်ခဲ့ရပါတယ်။
1687 Parthenon ကိုပျက်စီးစေခဲ့သည့်မီးပေါက်ကွဲမှု
၁၆၇၈ ခုနှစ်ရောက်ရှိလာသည့်အချိန် စကျင်ကျောက်များဖြင့်ပြုလုပ်ထားသောရုပ်တုများအရောင်တဖြေးဖြေးနှင့်လွင့်ပြယ်လာခဲ့ကျပါတယ်။ ဒါပေမယ့် Parthenon ၏ အရှေ့မျက်နှာစာမှကျောက်ပန်းချီ Phidias ကတော့အသိအမှတ်ပြုခံရလျက်ရှိနေတုန်းပါပဲ။ ထိုစဉ်က Athens ကိုထိန်းချုပ်လျက်ရှိသော Turkish စစ်သားများက Parthenon ကိုဗလကျောင်းတစ်ခုအနေဖြင့်အသုံးပြုခဲ့ပြီး ၁၆၇၈ ခုနှစ် Venetian မှ Athens ကိုသိမ်းပိုက်လိုက်ချိန်၌ စစ်ပွဲများဖြစ်ပွားခဲ့ပါတယ်။ ၎င်းစစ်ပွဲအတွင်း၌ပေါက်ကွဲလွယ်သောပစ္စည်းတစ်ခုဟာကျောက်ပန်းချီ၏ထိပ်ပိုင်းသို့ထိမှန်ခဲ့ပြီး အချိန်ခဏလေးအတွင်းမှာပဲအစိတ်စိတ်အမွှာမွှာကွဲကျေကာပြိုကျပျက်စီးခဲ့ရပါတယ်။
1729 Constantinople မီးလောင်ကျွမ်းမှု
Ottoman Empire ၏မြို့တော်ဖြစ်သည့် Constantinople ၌ဖြစ်ပွားခဲ့သည့်မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူခုနစ်ထောင်ခန့်ရှိကာ အဆောက်အအုံများစွာပျက်စီးခဲ့ရပါတယ်။
1751 Stockholm မီးလောင်ကျွမ်းမှု
ဇူလိုင်လ ၃၁ ရက်နေ့မွန်းလဲပိုင်း၌ သံသယဖြစ်ဖွယ်မီးလောင်ကျွမ်းမှုများဖြစ်ပေါ်ခဲ့ပြီး တစ်ရက်အတွင်းအချိန်မှီငြိမ်းသတ်နိုင်ခဲ့သော်လည်း အဆောက်အဦးတစ်ထောင်ခန့်ပျက်စီးခဲ့ပါတယ်။
1752 Moscow ၌ဖြစ်ပွားခဲ့သည့်မီးလောင်ခြင်း
မေလ ၂၃ ရက်နေ့၌ဖြစ်ပွားခဲ့သောမီးလောင်ကျွမ်းမှုကြောင့်ပြည်သူများအလန့်တကြားဖြစ်နေခဲ့စဉ်မှာပဲ ဇွန်လ ၃ ရက်နေ့၌နောက်တစ်ကြိမ်ထပ်မံ၍မီးလောင်ခြင်းဖြစ်ပေါ်ခဲ့ပါတယ်။ ဒုတိယအကြိမ်ဖြစ်ပေါ်ခဲ့သည့်မီးသည်ဖျက်ဆီးမှုအားပြင်းထန်ကာ နေ့မှညသို့ကူးပြောင်းချိန်ထိဆက်လက်လောင်ကျွမ်းနေခဲ့ပါတယ်။
1769 Saint Nazaire ပေါက်ကွဲခြင်း
Italian မြောက်ပိုင်းရှိ Brescia မြို့ Saint Nazaire ဘုရားကျောင်း၌ယမ်းမှုန့်အများအပြားသိုလှောင်ထားပါတယ်။ သြဂုတ်လ ၁၈ ရက်နေ့၌မိုးကြိုးဟာဘုရားကျောင်းပေါ်သို့ကျရောက်ခဲ့ပြီး သိုလှောင်ထားသောယမ်းမှုန့်များပေါက်ကွဲခဲ့ပါတယ်။ ထိုဖြစ်စဉ်ကြောင့်သေဆုံးသူသုံးထောင်ခန့်ရှိကာအနီးအနားပတ်ဝန်းကျင်မှအဆောက်အဦးများအားလည်းပျက်စီးစေခဲ့ပါတယ်။
1795 Copenhagen လောင်ကျွမ်းခြင်း
ဇွန်လ ၆ ရက်နေ့ Denmark, Copenhagen သင်္ဘောကျင်း၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မကြာခင်မှာပဲလေပြင်းနှင့်အတူမီးပွားများဟာလူဦးရေထူထပ်ရာမြို့တွင်းပိုင်းသို့ရောက်ရှိသွားခဲ့ပါတယ်။ လေးဆယ့်ရှစ်နာရီကြာလောင်ကျွမ်းခဲ့ပြီး မြို့တော်ခန်းမ ဆိုင်ခန်းများနှင့်အိမ်များကိုဝါးမျိုဖျက်ဆီးခဲ့ပါတယ်။ မီးငြိမ်းသွားချိန်မှာတော့မြို့၏သုံးပုံတစ်ပုံခန့်ဟာပြာပုံအတိသို့ရောက်ရှိနေခဲ့ပါပြီ။
1800 ဗြိတိသျှစစ်သင်္ဘောမီးလောင်ကျွမ်း၍နစ်မြုပ်ခြင်း
စစ်သင်္ဘော Queen Charlotte သည်မတ်လ ၁၇ ရက်နေ့၌ ကုန်းပတ်ပေါ်တွင်တင်ဆောင်ထားသောကောက်ရိုးခြောက်များမှစတင်မီးလောင်ကျွမ်းခဲ့ပြီး သင်္ဘောသားခုနစ်ရာဖြင့်ပင်မီးလောင်ကျွမ်းမှုအားတားဆီးခြင်းမပြုနိုင်ခဲ့တာကြောင့် သင်္ဘောမှထွက်ခွာရန်ပြင်ဆင်ခဲ့ရပါတယ်။ သို့သော်စစ်သင်္ဘောနစ်မြုပ်သွားချိန်၌အားလုံးသောသင်္ဘောသားများဟာရေနစ်မြုပ်ခဲ့ကျပါတယ်။
1807 Luxembourg ပေါက်ကွဲမှု
ဇွန်လ ၂၆ ရက်နေ့မုန်တိုင်းကာလအတွင်း၌ ယမ်းမှုန်းများထားရှိရာ Luxembourg ခံတပ်သို့မိုးကြိုးထိမှန်ခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။