book

Index 3

Mediterranean ပင်လယ်ခမ်းခြောက်ခြင်း

  • Author : Lucifer
  • Genres : Biography, Mystery, Science
  • Original Author : Dorix Flexner & Stuart Berg Flexner




Mediterranean ပင်လယ်နှင့်အတ္တလန်တစ်သမုဒ္ဒတို့ပေါင်းဆုံခဲ့ကျတဲ့နေရာကို ယနေ့ခေတ်အခေါ်အဝေါ်နဲ့ဆိုရင်တော့ Gibraltar ရေလက်ကြားလို့ခေါ်ဝေါ်ကျပါတယ်။ ဒါပေမယ့်ဒီရေလက်ကြားဟာလွန်ခဲ့သောနှစ်ပေါင်းခြောက်သန်းခန့်ကပိတ်ဆို့သွားခဲ့ပြီး Mediterranean ပင်လယ်တွင်းမှရေတွေကိုတဖြေးဖြေးနဲ့အငွေ့ပျံကာခမ်းခြောက်လာစေခဲ့ပါတယ်…ဆားငန်ရေအိုင်တွေသာကျန်ရှိနေတော့တဲ့အထိပေါ့။ ထို့ကဲ့သိုပိတ်ဆို့သွားခြင်းဟာ ကမ္ဘာ့မြေမျက်နှာပြင်အောက်ကပြတ်ရွေ့များလှုပ်ရှားမှုကြောင့်ပိတ်ဆို့သွားခြင်းဖြစ်တယ်လို့ယူဆခဲ့ကျတယ်။ ဒါပေမယ့်ကံကောင်းထောက်မစွာနဲ့ပဲပိတ်ဆို့သွားတဲ့ရေလက်ကြားဟာနှစ်တစ်သန်းအကြာမှာအနည်းငယ်ပြန်လည်ပွင့်ဟလာခဲ့ပြီး အတ္တလန်တစ်သမုဒ္ဒရာရဲ့ရေတွေဟာနောက်တစ်ကြိမ် Mediterranean ပင်လယ်တွင်းသို့ပြန်လည်စီးဝင်လာခဲ့ပါတယ်။ အဲ့ဒီအချိန်ကစတင်ပြီး ရေလက်ကြားဟာနောက်တစ်ကြိမ်ပြန်လည်ပိတ်ဆို့သွားခြင်းမရှိတော့ပါဘူး။


Gibraltar ရေလက်ကြားကအတ္တလန်တစ်သမုဒ္ဒရာနဲ့ Mediterranean ပင်လယ်ကိုဆက်သွယ်ပေးထားတဲ့ကျဉ်းမြောင်းသောရေလက်ကြားလေးတစ်ခုဖြစ်ပြီးအကျယ်ကဆယ့်လေးကီလိုမီတာလောက်သာကျယ်ဝန်းပြီး အနက်ကတော့မီတာ 900 (ပေပေါင်းနှစ်ထောင့်ကိုးရာကျော်) နက်တယ်လို့ဆိုကျပါတယ်။


rate now:

1 Reviews
  • reader Hein Nay Zaw 27.11.2019, 05:00 5

    👌

    reply