book

Index 29

1967 -2003

  • Author : Lucifer
  • Genres : Biography, Mystery, Science
  • Original Author : Dorix Flexner & Stuart Berg Flexner

1967 လေယာဉ်သယ်ဆောင်သည့် USS Forrestal လောင်ကျွမ်းခြင်း


U.S. ၏တတိယမြောက်အကြီးမားဆုံးလေယာဉ်တင်သင်္ဘော USS Forrestal သည် ဇူလိုင်လ ၂၉ ရက်နေ့မနက်ဆယ်နာရီဝန်းကျင်၌ ဗီယက်နမ်နိုင်ငံတွင်ဝန်ဆောင်မှုများပေးနေခဲ့သည်မှာ ငါးရက်မြောက်နေ့ဖြစ်ခဲ့ပါပြီ။ A-4E Skyraider မောင်းနှင်သူနေ့လည်စာပြင်ဆင်နေခိုက် ဆီတိုင်ကီပြုတ်ကျခဲ့ပြီး ဂါလံ ၂၅၀ ခန့်ရှိသောဆီများကုန်းပတ်ပေါ်တွင်ပျံ့နှံ့သွားခဲ့ပါတယ်။ ထိုမှတစ်ဆင့်မီးလောင်မှုစတင်ခဲ့ပြီး ဗုံးပေါက်ကွဲခြင်းနှင့်အခြားသောဆီတိုင်ကီများပေါက်ကွဲခြင်းတို့ဖြစ်ပေါ်ခဲ့ပါတယ်။ ဆယ်နာရီခန့်အကြာ၌မီးငြိမ်းသွားခဲ့ပြီး သေဆုံးသူ ၁၃၄ ယောက်ရှိကာ လေယာဉ် ၂၆ စင်းပျက်စီးခဲ့ရပါတယ်။ 


1968 ဗီယက်နမ်စစ်ပွဲ


ကွန်မြူနစ်ပြောက်ကျားတပ်သားများသည် ဗီယက်နမ်နိုင်ငံနှစ်ကူးအတွက်စီစဉ်ထားခဲ့သော တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုစာချုပ်အား ချိုးဖောက်ခဲ့ပြီး Mekong Delta မှတစ်ဆင့် တောင်ဘက်ရှိဗီယက်နမ်ကုန်းမြင့်ဒေသများအား ဦးတည်ချက်ထားကာ မြို့ပေါင်းတစ်ရာကျော်ခန့်ကိုတိုက်ခိုက်ခဲ့ပါတယ်။


1982 Afghan Tunnel ၌ပေါက်ကွဲမှုဖြစ်ပွားခြင်း


နိုဝင်ဘာလ ၂ ရက်နေ့၌ Kabul, Afghanistan သို့ချီတက်လာသည့် Soviet တပ်ဖွဲ့ဝင်များသေကြေပျက်စီးခဲ့ရပါတယ်။ အကြောင်းအရင်းကတော့ကြီးမားသောယာဉ်တစ်စီးမှ လောင်စာတင်ဆောက်လာသောတင့်ကားအား ၁.၇ မိုင်ခန့်ရှည်လျားသော SalungTunnel ၌ဝင်တိုက်မိခဲ့ပြီး ပေါက်ကွဲခဲ့တာကြောင့်ဖြစ်ပါတယ်။ ၎င်းဖြစ်စဉ်၌သေဆုံးသူတစ်ထောင်ကျော်ခန်ရှိခဲ့ပါတယ်။


1983 Beirut ၌တင့်ကားဗုံးပေါက်ကွဲခြင်း


Lebanon, Israeli အားအောင်မြင်စွာကျူးကျော်ခဲ့ပြီးသည့်နောက် U.S., ပြင်သစ်နှင့်အီတလီတပ်သားများအား Lebanon Beirut သို့ပို့ဆောင်ခဲ့ပါတယ်။ ၎င်းတို့အားငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့များအနေဖြင့်ပို့ဆောင်ခဲ့ခြင်းဖြစ်သော်လည်း အောက်တိုဘာလ ၂၃ ရက်နေ့၌ Islamic အကြမ်းဖက်သမားတစ်ဦးမှ dynamite နှစ်သောင်းငါးထောင်ကျော်ခန့်တင်ဆောင်ထားသည့်တင့်ကားအား U.S. အခြေစိုက်စခန်းညက်သို့မောင်းနှင်ခဲ့ပါတယ်။ ၎င်းမောင်းနှင်လာသည့်အချိန်ဟာအိပ်စက်ချိန်ဖြစ်နေခဲ့တာကြောင့်စစ်သားအများစုအိပ်မောကျနေခဲ့ပါတယ်။ တင့်ကားဟာသဲအိတ်များအားဖြတ်ကျော်လာခဲ့ပြီး လေးထပ်ခန့်ရှိသောအဆောက်အဦးနှင့်ဝင်ဆောင့်မိကာပေါက်ကွဲခဲ့ပါတယ်။ ၎င်းအဖြစ်အပျက်၌စစ်သား ၂၄၀ ခန့်ကျဆုံးခဲ့ပါတယ်။


1991 U.S. Barracks သို့ထိမှန်ခဲ့သည့် Iraqi Scud ဒုံးကျည်


ပါရှန်ပင်လယ်ကွေ့စစ်ပွဲ၌ Patriot missile စနစ်အသုံးပြုမှုအား ပထမဆုံးစတင်ခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၌ Patriot စနစ်သည်လုံးဝပြီးပြည့်စုံနီးပါးကိုဖြစ်နေခဲ့ပါပြီ။ သို့သော်လည်း ညရှစ်နာရီနှစ်ဆယ့်သုံးမိနစ်အချိန်၌ Saudi Arabia, Dhahran ရှိ U.S. ယာယီတပ်စခန်းတွင်စစ်သားတစ်ရာကျော်ခန့်စခန်းချနေခဲ့သည့်နေရာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ၎င်းပေါက်ကွဲမှုသည် Patriot missile ၏ကြယးဖြတ်တိုက်ခိုက်မှုကြောင့်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး စစ်သား ၂၈ ဦးကျဆုံးကာ ၈၉ ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။


1991 စစ်အေးတိုက်ပွဲ Thaws အဆုံးသတ်ခြင်း


စက်တင်ဘာ ၂၇ ရက်နေ့၌ သမ္မတ George Bush မှနျူကလီးယားလက်နက်ထုတ်လုပ်မှုအားလျှော့ချရန်အဆိုပြုခဲ့ရာ Soviet များဘက်မှလက်ခံခဲ့သဖြင့်နှစ်ပေါင်းများစွာကြာမြင့်ခဲ့သည့် စစ်အေးတိုက်ပွဲ Thaws လည်းအဆုံးသတ်သွားခဲ့ပါတယ်။ 


2000 USS Cole ဗုံးပေါက်ကွဲခြင်း


အောက်တိုဘာ ၁၂ ရက်၌ USS Cole သင်္ဘောသည်လောင်စာပြန်လည်ဖြည့်တင်းရန်အတွက် Aden, Yemei ဆိပ်ကမ်း၌ဆိုက်ကပ်ခဲ့ပြီး ဆိုက်ကပ်ချိန်နှစ်နာရီမပြည့်ခင်၌ အသေခံဗုံးခွဲသမားများသည်ဖောက်ခွဲရေးပစ္စည်းအပြည့်ပါဝင်သည့် လှေဖြင့်သင်္ဘောနားသို့ချဉ်းကပ်လာခဲ့ပြီး ဖောက်ခွဲမှုပြုလုပ်ခဲ့ပါတယ်။ ၎င်းတို့၏လုပ်ဆောင်ချက်အောင်မြင်ခဲ့ပြီး သင်္ဘောသား ၁၇ ယောက်သေဆုံးကာ ၃၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ 


2001 Afghanistan သို့ကျူးကျော်ဝင်ရောက်ခြင်း


အောက်တိုဘာ ၇ ရက်နေ့၌ U.S. တပ်ဖွဲ့ဝင်များသည် Osama Bin Laden အားဖမ်းဆီးရန်အတွက် Afghanistan တွင်းသို့ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။


2003 Iraq ကိုကျူးကျော်ခဲ့သည့် U.S.


မတ်လ ၂၀ ရက်နေ့၌ သမ္မတ George Bush သည် Iraq အတွင်းသို့အမေရိကန် ဗြိတိသျှနှင့်အခြားသောမဟာမိတ်တပ်ဖွဲ့များ ကျူးကျော်ဝင်ရောက်လာခဲ့ကြောင်းအားထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထို့ကြောင့်အမေရိကန်နှင့်၎င်း၏မဟာမိတ်တပ်များအား အန္တရာယ်ဟုသတ်မှတ်ခြင်းပြုလုပ်ခဲ့ပြီး ဖျက်ဆီးနိုင်စွမ်းကြီးမားသည့် အင်အားပြင်းလက်နက်များအားစတင်စုဆောင်းမှုများပြုလုပ်ခဲ့ပါတယ်။ Iraqi President Saddam Hussein ပြုလုပ်ပေးခဲ့သည့် ၂၄ နှစ်ကြာသံတမန်ဆက်ဆံရေးစာချုပ်လည်းပျက်ပြားခဲ့ပြီး Osama Bin Laden အားလိုက်လံဖမ်းဆီးခြင်းသည် ကျူးကျော်ဝင်ရောက်ခြင်း၏ အကြောင်းပြချက်ဖြစ်ခဲ့ပါတယ်။



rate now: