book

Index 28

1940 -1961

  • Author : Lucifer
  • Genres : Biography, Mystery, Science
  • Original Author : Dorix Flexner & Stuart Berg Flexner

1940 Dunkrik တိုက်ပွဲ


မေလအတွင်း၌နာဇီတင့်ကားများနှင့်စစ်သားများ Belgium ကိုဖြတ်ကျော်ရှင်းလင်းခဲ့မှုကြောင့် ပြင်သစ်အနောက်ပိုင်းကိုခုခံကာကွယ်နေခဲ့သည့် ဗြိတိသျှနှင့်ပြင်သစ်တပ်ဖွဲ့များအားကွဲပြားစေခဲ့ပါတယ်။ ဂျာမန်စစ်သားများပြင်သစ်မြောက်ပိုင်းမှဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး Belgium အတွင်း၌စခန်းချနေသည့်စစ်အင်အားစုများနှင့်ပေါင်းစည်းခဲ့ပါတယ်။ ထိုကဲ့သို့ပေါင်းစည်းခဲ့မှုကြောင့် British မဟာမိတ်တပ်များကို English Channel ၌ပိတ်ဆို့ထားသကဲ့သို့ဖြစ်စေပြီး ၎င်းမှတစ်ဆင့် Dunkrik မှဆိပ်ကမ်းငယ်သို့သွားရာလမ်းတစ်လမ်းသာကျန်ရှိစေခဲ့ပါတော့တယ်။ မေလ ၂၉ ရက်နေ့၌ဗြိတိသျှအစိုးရ၏စီစဉ်မှုဖြင့်ပိတ်မိနေသောစစ်တပ်ကို Dunkrik ဘက်သို့စတင်ထွက်ခွာစေခဲ့ပါတယ်။ ရုတ်တရက်ဆိုသလိုပဲဂျာမန်လေတပ်ဟာ Dunkrik ဆိပ်ကမ်းကိုဗုံးခွဲဖျက်ဆီးခဲ့ပါတယ်။ တစ်ဖက်နှင့်တစ်ဖက်စစ်ပွဲများဖြစ်ပွားခဲ့သော်လည်းဗြိတိသျှစစ်သားများဘက်မှအားလုံးနီးပါးဗြိတိန်သို့ပြန်လည်ဝင်ရောက်လာနိုင်ခဲ့ပါတယ်။ သို့သော်လည်းစစ်သုံးပစ္စည်းအများစုကိုတော့စစ်မြေပြင်မှာပဲစွန့်ပစ်ခဲ့ရပါတယ်။


1940 The London Blitz


ဗြိတိန်အတွင်းသို့ကျူးကျော်ရန်ပြင်ဆင်နေခဲ့သည့် German Luftwaffe မှဗြိတိသျှဆိပ်ကမ်းများနှင့်စစ်တပ်စခန်းများအားတိုက်ခိုက်ခြင်းစသည်တို့ကိုပြုလုပ်ခဲ့ပါတယ်။ ၁၉၄၀ ခုနှစ်၌ဗြိတိန်သို့လေကြောင်းစစ်စတင်ဆင်နွှဲခဲ့ပြီး ပထမဆုံးအကြိမ်ဗုံးကြဲစဉ်၌လန်ဒန်မြို့၏ဆိပ်ကမ်းများ လက်နက်ကြီးများတည်ဆောက်သောအလုပ်ရုံများ တင့်ကားများနှင့်စိုက်ခင်းများတည်ရှိရာ East End သို့ဦးတည်ချက်ထားကာနေ့စဉ်ဗုံးကြဲချခဲ့ပါတယ်။ ၎င်းအချိန်တွင်း၌တညလျှင်လူပေါင်းတစ်ထောင်ခန့်သေဆုံးခဲ့သည်ဟုလည်းသိရှိရပြီး စက်တင်ဘာလလယ်ပိုင်းရောက်သည့်အချိန်၌ လန်ဒန်တစ်မြို့လုံးသို့ဦးတာ်ချက်ထားတာဗုံးကြဲချခဲ့ပါတယ်။ ထိုကဲ့သို့ပြုလုပ်ခဲ့ခြင်းကြောင့်လူပေါင်းများစွာဟာ၎င်းတို့၏နေအိမ်ကိုစွန့်ခွာ၍ဘေးလွတ်ရာနေရာသို့ပြောင်းရွှေ့ခဲ့ရပါတယ်။


1941 Pearl Harbor တိုက်ခိုက်ခံရခြင်း


ဒီဇင်ဘာ ၇ ရက် တနင်္ဂနွေနေ့၌ဟာဝိုင်အီကျွန်းစုတွေမှာတော့နေသာလျက်ရှိနေခဲ့ပါတယ်။ Pearl Harbor ၌ U.S. ရေတပ်ဖွဲ့များနေရာယူလျက်ရှိပြီး စစ်သင်္ဘော ၉၄ စင်းကဆိပ်ကမ်းအနီးအနား၌ရပ်တန့်ထားပါတယ်။ အနီးအနားရှိကွင်းပြင်၌မူစစ်လေယာဉ် ၄၀၀ ကျော်ခန့်ရပ်နားထားခဲ့ပြီး ပတ်ဝန်းကျင်ဟာငြိမ်းြိုမ်းချမ်းချမ်းရှိနေခဲ့ပါတယ်။ မနက် ၇ နာရီ ၅၅ မိနစ်၌ဂျပန်စစ်လေယာဉ်များရုတ်တရက်စီးနင်းဝင်ရောက်လာခဲ့တာကြောင့် သင်္ဘောရှစ်စင်းနှင့်တကွ သင်္ဘောသား ၂၄၀၃ ဦး ပြည်သူ ၁၀၇ ဦးခန့်သေဆုံးခဲ့ပါတယ်။ ထိုဖြစ်စဉ်ဖြစ်ပွားပြီးနောက်နေ့မှာပဲ U.S. မှ Japan သို့စစ်ကြေညာခြင်းပြုလုပ်ခဲ့ပါတယ်။


1942 Bataan တိုက်ပွဲ


ဖိလစ်ပိုင်နိုင်ငံ Bataan ကျွန်းပေါ်၌ကျန်ရှိနေသော U.S. တပ်ဖွဲ့ဝင်များအားရှင်းလင်းခဲ့ပြီးသည့်နောက် ဂျပန်စစ်တပ်မှခုနစ်သောင်းခန့်ရှိသောအမေရိကန်စစ်သားများနှင့်ဖိလစ်ပိုင်အကျဉ်းသားများအား Balanga နှင့် ၆၅ မိုင်ကွာဝေးသော Camp O' Donnell သို့ပြောင်းရွှေ့ခဲ့ပါတယ်။ ၎င်းတပ်စခန်းသည်နောက်ပိုင်း၌စစ်သုံးပန်းများထိန်းသိမ်းအကျဉ်းထောင်တစ်ခုဖြစ်လာခဲ့သည်။ ဧပြီလ ၁၉ ရက်နေ့သို့ရောက်ရှိလာချိန်၌ အကျဉ်းသားများအပေါ်အစာရေစာဖြတ်တောက်ထားမှုကြောင့် အင်အားချည့်နဲ့ခြင်း ငှသ်ဖျားဂေါနှင့်အခြားရောဂါများဖြစ်ပွားခြင်းစသည်တို့ဖြစ်ပေါ်လာခဲ့ပြီး အကျဉ်းသားများသေဆုံးခဲ့ရပါတယ်။


1942 - 1943 Stalingard သွေးချောင်းစီးတိုက်ပွဲ


သြဂုတ်လ ၂၃ ရက်နေ့ ၁၉၄၂ ခုနှစ်၌ ဂျာမန်စစ်သားလေးသိန်းခန့် Stalingard မြို့ကိုဝိုင်းရံထားခဲ့ပြီး ဗုံးကြဲလေယာဉ်ခြောက်ရာခန့်ကမြို့တွင်းသို့ဝင်ရောက်ဗုံးကြဲခဲ့ပါတယ်။ စက်တင်ဘာ ၂ ရက်နေ့၌ဂျာမန်စစ်သားများမြို့တွင်းသို့ဝင်ရောက်ခဲ့ပြီး ရုရှားစစ်တပ်ဖြင့်အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့၌ရုရှားစစ်တပ်များ၏ကွပ်ကဲမှုအောက်မြို့ကိုဆုံးရှုံးရတော့မည့်အခြေအနေသို့ဆိုက်ရောက်လာခဲ့ပါတယ်။ သို့သော်မထင်မှတ်ပဲနှင့် Soviet တပ်ဖွဲ့များအလုံးအရင်းနှင့်ပြန်လည်ရောက်ရှိခဲ့ပြီး Stalingard ကိုပြန်လည်ဝိုင်းထားခဲ့ရာမှ ဂျာမန်တို့မြို့တွင်း၌ပိတ်မိနေခဲ့ပြီး ၁၉၄၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့၌ဂျာမန်စစ်တပ်များဘက်မှလက်နက်ချအညံ့ခံခဲ့ပါတယ်။ 


1942 Dieppe Raid


သြဂုတ်လ ၁၉ ရက် ညအချိန်၌အင်အားခြောက်ထောင်ခန့်ရှိသော Allies တပ်ဖွဲကများ English Channel ကိုဖြတ်သန်းချီတက်လာခဲ့ပါတယ်။ ဒါဟာပြင်သစ်ကိုနာဇီတို့သိမ်းပိုက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ်တိုက်ခိုက်သောစစ်ပွဲတစ်ခုဖြစ်ပြီး ၎င်းတိုက်ပွဲ၏ရည်ရွယ်ချက်ဟာဂျာမန်စစ်တပ်များဘက်မှခံစစ်နည်းဗျူဟာအားသိရှိရန်သပ်သပ်သာပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့လည်းသိရှိရပါတယ်။ ကိုးနယရီကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ဆုံး၌ Allies တပ်ဖွဲ့များအားလုံးသေဆုံးခဲ့ပါတယ်။


1945 Dresden ဗုံးကြဲခံရခြင်း


ဖေဖော်ဝါရီ ၂၃ ရက်နေ့၌နာဇီဂျာမနီတို့စစ်ပွဲများရှုံးနိမ့်နေစဉ်ကာလဖြစ်ခဲ့ပြီး ၎င်းအချိန်၌သမိုင်းဝင် Dresden မြို့၌သေဆုံးခဲ့သူမျအတွက်ဆုတောင်းပွဲပြုလုပ်ချိန်ဖြစ်ပါတယ်။ ညဆယ်နာရီဆယ့်ငါးမိနစ်တွင်ဗြိတိသျှဗုံးကြဲလေယာဉ်များရောက်ရှိလာခဲ့ပြီး သုံးနာရီကျော်ကြာသည်အထိဗုံးကြဲခဲ့ပါတယ်။ ထိုဖြစ်ရပ်ကြောင့် Dresden မြို့နေရာအနှံ့အပြား၌မီးလောင်ကျွမ်းခဲ့ပြီး အပူချိန်တဖြေးဖြေးမြင့်တက်လာခဲ့ပါတယ်။ အိမ်ကိုးသောင်းကျော်ခန့်ပျက်စီးခဲ့ပြီး သေဆုံးသူတစ်သိန်းခန့်ရှိသည်ဟုသိရှိရပါတယ်။


1945 Iwo Jima တိုက်ပွဲ


Pacific theatre အတွင်း၌ဖြစ်ပွားခဲ့သည့်ကြောက်မက်ဖွယ်အကောင်းဆုံးတိုက်ပွဲတစ်ခုဖြစ်ခဲ့ပြီး ထိုစဉ်က U.S. တပ်ဖွဲကဝင်များသည် Iwo Jima ၏ကျွန်းငယ်တစ်ခု၌တပ်စွဲထားချိန်ဖြစ်ပါတယ်။ နောက်ပိုင်း၌၎င်းကျွန်းသည် U.S. လေတပ်အခြေစိုက်စခန်းဖြစ်လာခဲ့ပြီး ဂျပန်နိုင်ငံအတွင်းသို့ဗုံးကြဲရန်သွားရာလမ်းကြောင်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ Feb 19 ၌ Marines တပ်ဖွဲ့ဝင်များမှ ကုန်း ရေ နှစ်သွယ်စစ်ဆင်ရေးစတင်ခဲ့ပြီး ဂျပန်ဘက်မှခုခံသူနှစ်သောင်းကျော်ဖြင့်အကြိတ်အနယ်တိုက်ချုက်ခဲ့ရပါတယ်။ တိုက်ပွဲသည်ရက်ပေါင်းများစွာကြာမြင့်ခဲ့ပြီး နောက်ဆုံး၌ Marines တပ်ဖွဲ့ဝင်များသာအနိုင်ရရှိခဲ့ပါတယ်။


1949 လွတ်လပ်ခွင့်ရရှိရန်တိုက်ပွဲဝင်ခဲ့ကျသည့်တရုတ်ဘေးဒုက္ခသည်များ


နိုဝင်ဘာလလယ်ပိုင်း၌ တရုတ်ကွန်မြူနစ်များသည် Sinkiang ပြည်နယ် (ယခု Xinjiang) မှတစ်ဆင့် India, Himalayas သို့ဘေးဒုက္ခသည်များနှင့်အတူခြလျင်ခရီးကြမ်းချီတက်လာခဲ့ပါတယ်။ ချီတက်ရာလမ်းတစ်လျှောက်နှင်းများထူထပ်စွာကျဆင်းနေပြီး ရာသီတုဥဟာချမ်းအေးလွန်းလှပါတယ်။ ဒါ့အပြင်ဘေးဒုက္ခသည်များအားအဝတ်အစားနှင့်အခြားသောပစ္စည်းမျယးယူဆေယင်ခွင့်ပိတ်ပင်ထားခဲ့သည့်အပြင် ထောက်ပံ့ခဲ့ခြင်းလည်းမရှိတာကြောင့် ရိက္ဓာပြတ်လပ်ကာသေဆုံးသာငါးရာခန့်အထိရှိခဲ့ပါတယ်။ 


1961 Bay of Pigs ကျူးကျော်ဝင်ရောက်ခြင်း


ဧပြီလ ၁၇ ရက်နေ့၌ Fidel Castro ကွန်မြူနစ်များမှ Cuba, Bay of Pigs သို့ကျူးကျော်ဝင်ရောက်ခဲ့တာကြောင့် CIA တပ်ဖွဲ့ဝင်များနှင့်ပဍိပက္ခဖြစ်ပွားခဲ့ပါတယ်။ ၎င်းအချိန်၌ CIA တပ်ဖွဲ့သည်ကွန်မြူနစ်များအားဖြုတ်ချရန်အတွက် Cuba ပြည်နှင်ဒဏ်ခံရသူများအားထောက်ခံအားပေးကာ April 12 ၌စစ်ပွဲစတင်ခဲ့ပါတယ်။ Castro's regime ကိုဆန့်ကျင်သည့် Cuba လေယာဉ်မှူးများမောင်းနှင်သည့် B - 26 လေယာဉ်ပျံများမှ Cuban လေတပ်အခြေစိုက်စခန်းအားဗုံးခွဲချခဲ့ပါတယ်။ 



rate now: