book

Index 27

1520 - 1916

  • Author : Lucifer
  • Genres : Biography, Mystery, Science
  • Original Author : Dorix Flexner & Stuart Berg Flexner

1520 Tenochtitlán ၌ဖြစ်ပွားခဲ့သောဝမ်းနည်းဖွယ်ရာည


ခမ်းနားလှသော Tenochtitlán မြို့တော် Aztec သို့ နိုဝင်ဘာလ ၁၅ ရက်နေ့၌ Cortes ရောက်ရှိလာခဲ့ပါတယ်။ (Tenochtitlán ဆိုတာကအခုခေတ်အခေါ်အဝေါ်အရဆို Mexico ပါ) သူရောက်ရှိစဉ်မှာ Aztec ၏အုပ်ချုပ်သူ Montezuma ကလာရောက်ကြိုဆိုခဲ့ပြီး ထိုစဉ်က၎င်းဟာ Cortes ကိုကြီးမြတ်လှသောမြွေနတ်ဘုရား၏မျိုးရိုးမှဆင်းသက်လာသူဖြစ်ပြီးထီးနန်းကိုပြန်လည်သိမ်းပိုက်ဖို့ရောက်ရှိလာတယ်လို့ထင်မှတ်ခဲ့ပါတယ်။ နောက်တော့ Montezuma ဟာ Cortes ၏အကြံကိုရိပ်မိခဲ့ပါတယ်။ ထိုအရာကကျောက်မြတ်ရတနာတွေထူထပ်ပေါများလှတဲ့ Aztecsကိုလက်ဝါးကြီးအုပ်ဖို့နဲ့သိမ်းပိုက်ဖို့ဆိုတာပါပဲ။ Cortes ဘက်တော်သားအမြောက်အမြားဟာလက်နက်မဲ့တော်ဝင်မျိုးရိုးများကိုသတ်ခဲ့တာကြောင့် Aztecs ကပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ Tenochtitlan ကဘေးပတ်လည်မှရေဝန်းရံနေတဲ့မြို့ဖြစ်တာကြောင့် မြို့တွင်းမှထွက်သွားရန်ဆိုလျှင်တံတားတွေကိုသာအသုံးပြုပြီးထွက်ခွာရတာဖြစ်တယ်။ ဒါကြောင့် Aztecs စစ်သားတွေဟာတံတားတွေကိုဖျက်ဆီးခဲ့ပြီး Cortes ရဲ့လူတွေကိုဖမ်းဆီးခဲ့ပါတယ်။ Cortes စစ်သည်တော်တွေကရွှေတွေ ရတနာတွေသယ်ဆောင်ထားပြီး ချပ်ဝတ်တန်ဆာတွေကလည်းလေးလံလွန်းလှတာကြောင့်အမှောင်ထဲ၌နှေးကွေးစွာသာလှုပ်ရှားသွားလာနိုင်ခဲ့တယ်။ ဒီလိုအကြောင်းအရင်းဟာ Aztecs စစ်သားတွေဘက်အခွင့်ပိုသာစေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲရေပြင်ဟာသွေးရောင်လွှမ်းလာခဲ့ပြီး လူသေအလောင်းများကတောင်လိုပုံနေခဲ့တဲ့အပြင် ရွှေငွေရတနာတွေလည်းပြန့်ကြဲနေခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ Cortes အရေးနိမ့်ခဲ့ပေမယ့် သူနှင့်တကွရဲမက်တစ်ဝက်ခန့်ဟာ Aztecs မှအောင်မြင်စွာထွက်ခွာနိုင်ခဲ့ပါတယ်။


1521 Tenochtitlan ကိုပြန်လည်သိမ်းပိုက်ခြင်း


1520 ၌ Cortes ဦးဆောင်သည့်စစ်သားများကိုအင်ပါဟာအတွင်းမှ တိုက်ထုတ်နိုင်ခဲ့ပြီးနောက် Tenochtitlan ဟာတိုက်ခိုက်မှုတစ်ခုနဲ့လည်းထပ်မံကြုံတွေံခဲ့ရပါတယ်။ smallpox လို့ခေါ်ဝေါ်တဲ့တပ်စုများမှလာရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ကံမကောင်းစွာနဲ့ပဲ Tenochtitlan စစ်သားများထဲမှတစ်ယောက်ဟာ ၎င်းတို့ဆီမှရောဂါပိုးကူးစက်ခြင်းခံခဲ့ရပါတယ်။ ဘာရောဂါရယ်လို့အမည်မတပ်နိုင်သေးတဲ့ထိုရောဂါဆန်းဟာအင်ပါယာအတွင်းတဖြေးဖြေးပျံ့နှံ့လာခဲ့ပါတယ်။ နှစ်ပတ်အတွင်းမှာပဲအိန္ဒိလူမျိုးနှစ်ယောက်သေဆုံးခဲ့ပြီး ထိုရောဂါကို "အနာကြီးရောဂါ" လို့အမည်ပေးခဲ့ပါတယ်။ ၎င်းရောဂါဖြစ်ပွားပါကအဖျားတက်ခြင်းအပြင် အရေပြားများအပေါ်၌ပြည်တည်နာများပေါက်ခြင်းတို့ဖြစ်ပေါ်လာတတ်ပါတယ်။ ရောဂါကူးစက်ခံရလူတွေဟာအားအင်ချည့်နဲ့လာပြီး လမ်းမလျှောက်နိုင်တော့သည်အထိဖြစ်လာခဲ့ပါတယ်။ နာကျင်မှုကြောင့်သေဆုံးခဲ့သူများလည်းရှိသလို အသက်ရှင်ကျန်ရစ်သူတွေဟာလည်းအနာပေါက်သောနေရာများ၌ အမာရွတ်များကျန်ရစ်ခြင်းအပြင် မျက်စိကွယ်ခြင်းတို့ကိုကြုံတွေ့ရတယ်။ ကူးစက်ရောဂါကြောင့် Aztecs မှလူပေါင်းမြောက်မြားစွာသေဆုံးခဲ့ပြီး အင်အားလျော့နည်းလာခဲ့ပါတယ်။ ဒီလိုအချိန်မှာပဲ Cortes မှာတော့စစ်အင်အားတိုးချဲ့မှုတွေကိုအားသွန်ခွန်စိုက်ပြုလုပ်နေခဲ့ပြီး Tenochtitlan ကိုနောက်တစ်ကြိမ်ထပ်မံသိမ်းပိုက်ဖို့ကြံစည်နေချိန်ဖြစ်ပါတယ်။ Aztecs ၌ဖြစ်ပွားနေသောရောဂါပိုးမွှားနှင့်ပတ်သက်၍ Cortes တွေဟာစိုးရိမ်ပူပန်ဖို့မလိုခဲ့ပါဘူး…ဥရောပတိုက်သားအများစုလို exposure များခဲ့တာကြောင့်အရေပြားရောဂါများနှင့်ပတ်သက်၍ သိပ်ပြီးကြောက်ရွံ့စရာမလိုပါဘူး။ စစ်အင်အားတွေကိုအသေအချာပြင်ဆင်ပြီးနောက် Cortes ဟာ Tenochtitlan ကိုသိမ်းပိုက်ဖို့ထွက်ခွာလာခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားစဉ်မှာ Aztecs ဘက်မှရောဂါပိုးကူးစက်ခံနေရတဲ့စစ်သားတွေကရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့ကျပြီး စစ်ပွဲဟာအသေအကျေများခဲ့ပါတယ်။ 


1527 Roman အင်ပါယာပျက်စီးခြင်း


ပြင်သစ်လူမျိုး Bourbon မြို့စားကြီးဆိုသူက ပြင်သစ်ဘုရင်ဖြစ်တဲ့ Francis I နှင့်ပတ်သက်ပြီး သဘောမကျမှုတွေရှိနေခဲ့ပါတယ်။ ထို့ကြောင့်ရောမအင်ပါယာ၏ဧကရစ်နှင့်တကွ အင်္ဂလန်ဘုရင် Henry VIII တို့နှင့်အတူပြင်သစ်ကိုခွဲထွက်နိုင်စေရန်ပြုလုပ်ပေးဖို့ပြောကြားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Francis I ဟာမြို့စားကြီး၏သဘောထားကိုသိရှိခဲ့ပြီးမျှော်မှန်းထားသည့်အတိုင်းပင် အမျက်ချောင်းချောင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့်ထွက်ပြေးသွားပြီဖြစ်တဲ့မြို့စားကိုတော့ဖမ်းမမိခဲ့ပါဘူး။ တဖက်နှင့်တဖက်သဘောထားကွဲလွဲမှုကြောင့်အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးနောက်ဆုံးမှာတော့ ဘုရင် Francis I ကိုဖမ်းဆီးနိုင်ခဲ့ပါသော်လည်း ဘုရင် Francis I က၎င်းတို့၏ပြင်သစ်နိုင်ငံကိုလွတ်မြောက်အောင်ပြုလုပ်ပြီး ရာထူးများပေးမည်ဟုကတိပေးခဲ့သောကြောင့်ပြန်လွှတ်ပေးခဲ့ပါတယ်။  သို့သော်လည်းဘုရင်တစ်ပါးအနေနဲ့ကတိပျက်ခဲ့ပါတယ်။ ဒါကြောင့် ရောမဧကရဇ်ဟာမြို့စားကို Milan ကိုအုပ်ချုပ်ရန်ပေးအပ်ခဲ့ပါတယ်…ထိုသို့ပေးအပ်ခဲ့သော်လည်းစစ်ရေးထောက်ပံ့ငွေများမပေးအပ်ခဲ့တာကြောင့် မြို့စားကရောမကိုဖျက်ဆီးဖို့ကြံစည်ခဲ့ပါတယ်။ မေလ ၆ ရက်နေ့၌မြို့စားဦးဆောင်သည့်စစ်တပ်တွေကရောမမြို့တွင်းအလုံးအရင်းလိုက်ဝင်ရောက်လာခဲ့ပြီး မီးရှို့ဖျက်ဆီးခြင်း သတ်ဖြတ်ခြင်းတွေကိုရက်စက်စွာပြုလုပ်ခဲ့ပါတယ်။ 


1687 Parthenon ဖျက်ဆီးခံရခြင်း


၁၆၇၈ ခုနှစ်ရောက်ရှိလာသည့်အချိန် စကျင်ကျောက်များဖြင့်ပြုလုပ်ထားသောရုပ်တုများအရောင်တဖြေးဖြေးနှင့်လွင့်ပြယ်လာခဲ့ကျပါတယ်။ ဒါပေမယ့် Parthenon ၏ အရှေ့မျက်နှာစာမှကျောက်ပန်းချီ Phidias ကတော့အသိအမှတ်ပြုခံရလျက်ရှိနေတုန်းပါပဲ။ ထိုစဉ်က Athens ကိုထိန်းချုပ်လျက်ရှိသော Turkish စစ်သားများက Parthenon ကိုဗလကျောင်းတစ်ခုအနေဖြင့်အသုံးပြုခဲ့ပြီး ၁၆၇၈ ခုနှစ် Venetian မှ Athens ကိုသိမ်းပိုက်လိုက်ချိန်၌ စစ်ပွဲများဖြစ်ပွားခဲ့ပါတယ်။ ၎င်းစစ်ပွဲအတွင်း၌ပေါက်ကွဲလွယ်သောပစ္စည်းတစ်ခုဟာကျောက်ပန်းချီ၏ထိပ်ပိုင်းသို့ထိမှန်ခဲ့ပြီး အချိန်ခဏလေးအတွင်းမှာပဲအစိတ်စိတ်အမွှာမွှာကွဲကျေကာပြိုကျပျက်စီးခဲ့ရပါတယ်။


1836 Alamo ကျဆုံးခြင်း


၁၈၃၅ ခုနှစ်အတွင်းအမေရိကန်အခြေချနေထိုင်သူများလာရောက်နေထိုင်သောနေရာကို Texas ပြည်နယ်ဟုခေါ်ဝေါ်ကျပြီး နောက်ပိုင်းမှာတော့၎င်းဟာ Mexican အစိုးရကိုပုန်ကန်ခဲ့ပါတယ်။  ထို့နောက် Sam Huston ဦးဆောင်သည့်အင်အားသေးငယ်လှသည့်တပ်ဖွဲ့ဟာ လွတ်လပ်ရေးအတွက် Mexican တပ်ဖွဲ့များနှင့်ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ပါတယ်။ ၎င်းနောက် Texas သည်အမေရိကန်များအတွက်လွတ်လပ်ရေးရရန်ကြိုးပမ်းဖို့ဦးတည်ချက်တစ်ခုဖြစ်လာခဲ့ပါတဟ်။ Feb 23 ရက်နေ့၌ Mexican တပ်ဖွဲ့များ Alamo ကိုဝိုင်းရံထားခဲ့ပြီး မတ်လ ၅ ရက်နေ့၌စစ်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။ Alamo ဘက်မှခုခံမှုကိုနှစ်ကြိမ်တိုင်တိုင်အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ မတ်လ ၆ ရက်နေ့၌ Mexican တပ်ဖွဲ့များအနိုင်ရရှိခဲ့ပါတယ်။ ထိုကဲ့သို့အနိုင်ရရှိခဲ့သော်လည်းဆုံးရှုံးမှုအတော်များပြားခဲ့ပါတယ်။


1854 Light Brigade


Crimean စစ်ပွဲ၌ Sebastopol ကိုသိမ်းပိုက်စဉ်ကာလအတွင်း အလုပ်ကြိုးစား၍လုံ့လကောင်းသောဗြိတိသျှ captain တစ်ဦးဟာ ၎င်းဆီသို့ရောက်ရှိလာသည့်အမိန့်အားမှားယွင်းစွာဖြင့်အဓိပ္ပာယကောက်နုတ်ခဲ့ပါတယ်။ ထိုဖြစ်စဉ်ကြောင့် အောက်တိုဘာ ၂၅ ရက်နေ့၌ Britsih Light Brigade အဖွဲ့ဝင်များဟာ ၎င်းတို့ထက်အင်အားကြီးမားသာလွန်သည့်ရုရှားတပ်ဖွဲ့ကိုတိုက်ခိုက်ရန်ထွက်ခွာလာခဲ့ပါတယ်။ ရန်သူနှင့်တဖြေးဖြေးနီးကပ်လာတာနဲ့အမျှ Light Brigade တပ်ဖွဲ့ဝင်များဟာတုန့်ဆိုင်းခြင်းအလျင်းမရှိပဲ တရှိန်ထိုးချီတက်ခဲ့ပါတယ်။ စစ်ပွဲပြီးဆုံးသွားချိန်မှာတော့အဖွဲ့ဝင် ၆၀၇ ဦးပါရှိသည့် Light Brigade ၌ ၁၉၈ ယောက်သာပြန်လည်ရောက်ရှိခဲ့ပါတယ်။ 


1862 Antietam တိုက်ပွဲ


စက်တင်ဘာလ ၁၇ ရက်နေ့ Antietam Creek အနီးရှိ Maryland ကွင်းပြင် Sharpsburg မြို့၏မြောက်ဘက်၌ စစ်အင်အားလေးသောင်းခန့်ရှိသော Confederate စစ်သားများနှင့် ၎င်းတို့ထက်အင်အားနှစ်ဆသာလွန်သည့် Union စစ်သားများရင်ဆိုင်နေကျပါတယ်။ မနက်အရုဏ်တက်ချိန်၌စစ်ပွဲစတင်ခဲ့ပြီး ခုနစ်နာရီဝန်းကျင်၌ Confederate စစ်သားများဘက်မှစစ်ကူမျာရောက်ရှိလာခဲ့တာကြောင့် အသာစီးပြန်လည်ရရှိကာ Union တပ်ဖွဲ့များအားနှင်ထုတ်နိုင်ခဲ့ပါတယ်။


1885 Khartoum တိုက်ပွဲ


၁၈၈၅ ခုနှစ်နှစ်လယ်ပိုင်း Sudan ရှိ Khartoum ၌ Muhammad Ahmed ဦးဆောင်သည့် Sudanese သူပုန်တပ်ဖွဲ့များ၏ဝန်းရံထားခြင်းကိုခံခဲ့ရပါတယ်။ ဗြိတိသျှအုပ်ချုပ်ရေးဝန် Charles Gorden ၏ဦးဆောင်မှုအောက်မှအီဂျစ်စစ်သားအနည်းငယ်ဖြင့်ပြန်လည်ခုခံခဲ့ပြီး အစိုးရဘက်မှ Khartoum သို့စစ်ကူပို့ပေးရန်တောင်းဆိုခဲ့သော်လည်း စစ်ကူပို့ပေးရန်ငြင်းဆိုခံခဲ့ရမှုကြောင့် Khartoum ဟာသူပုန်များလက်အောက်သို့ကျရောက်ခဲ့ရပါတယ်။ 


1915 ပထမဆုံးအကြိမ်အဖြစ်အဆိပ်ဓာတ်ငွေ့အားဂျာမန်စစ်တပ်မှအသုံးပြုခြင်း


ဧပြီလ ၁၄ ရက်နေ့ ပထမကမ္ဘာစစ်အတွင်း၌ဒုတိယအကြိမ်စစ်ပွဲဖြစ်ပွားခဲ့သည့် Ypres တိုက်ပွဲ၌ ဂျာမန်စစ်တပ်ဘက်မှကလိုရင်းဓာတ်ငွေ့များအပြည့်ပါဝင်သည့် အမြောက်ဆံများကိုပြင်သစ်များဘက်သို့ပစ်ခတ်ခဲ့ပါတယ်။ တဖြေးဖြေးနှင့်နှစ်ဖက်စလုံးမှပိုမိုပြင်းထန်သောဓာတ်ငွေ့များကိုအသုံးပြုလာခဲ့ပြီး စစ်သားအများစာသေကြေခဲ့ကျရပါတယ်။


1916 Verdun တိုက်ပွဲ


ပြင်သစ်နိုင်ငံအရှေ့မြောက်ပိုင်း Meuse မြစ်ကမ်းဘေး၌ Verdum ခံတပ်ကြီးတည်ရှိပြီး ၎င်းခံတပ်ဟာပထမကမ္ဘာစစ်အတွင်း အဓိကကျသောခံတပ်တစ်ခုဖြစ်ခဲ့ပါတယ်။ Verdun ကိုခံတပ်ပေါင်းခြောက်ဆယ်ဖြင့်ဝန်းရံထားခဲ့ပြီး ၎င်းတို့အတက်မှနှစ်ဆယ်ခန့်ဟာအားဖြည့်ကွန်ကရစ်မျဟးဖြင့်ဆောက်လုပ်ထားခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အရုဏ်ဦးအချိန်၌အကြာမြင့်ဆုံးနှင့်သွေးချောင်းစီးမှုအများဆုံးဖြစ်သည့် Verdun စစ်ပွဲစတင်ခဲ့ပါတယ်။ လပေါင်းများစွာကြာသည်အထိဂျာမန်နှင့်ပြင်သစ်ခြေလျင်တပ်သားများဟာယမ်းမှုန့်များကြားရှင်သန်ခဲ့ရပြီး အဆိပ်ဓာတ်ငွေ့များအသုံးပြု၍တိုက်ခိုက်ခြင်းများကြောင့်ဒဏ်ရာအများအပြားရရှိခဲ့ပြီး နေရာအနှံ့လူသေအလောင်းများဖြင့်ပြည့်နှက်နေခဲ့ပါတယ်။ ဒီဇင်ဘာလသို့ကူးပြောင်းလာသည့်အချိန်၌ တိုက်ခိုက်မှုများတဖြေးဖြေးလျော့ကျလာခဲ့ပြီး နှစ်ဖက်စလုံးမှစစ်သားအများအပြားကျဆုံးခဲ့ရပါတယ်။



rate now: